← Chapters

အခန်း (၂၄၃)

Vol. 25 Ch. 243

အခန်း (၂၄၃)

Vol. 25 Ch. 243

မနက်လည်ခင်း သကြားမုန့်လုံးက ကျန်းကျန်းကို နေ့လည်စာ စားရန် လာခေါ်မှ ကျန်းကျန်းက အိပ်ရာထဲ ပြန်ဝင်သွားသည်။

ကျန်းကျန်းက ပျင်းရိတတ်သည့် ကလေးမျိုးမဟုတ်ချေ။

ထို့ကြောင့် တစ်ခါတစ်ရံ အိပ်ရေးပျက်သည့်အချိန်မျိုးတွင် နောက်ကျသည်အထိ အိပ်စက်သည့်အတွက်ကို မည်သူမျှ ပြောဆိုခြင်း လာရောက်နှိုးခြင်းမရှိခဲ့ချေ။

နေ့လည်စာစားပြီးနောက်တွင် ကျန်းကျန်းက အသားမုန့်လုံး၏ အခန်းသို့ ခွန်းခွန်း၏အဖြေများကို စစ်ရန် သွားသည်။

အသားမုန့်လုံးသည်ကား ကျောင်းစာတွင် အခြေခံမှာ အတော်ခိုင်မာသော်လည်း ထောင်ချောက်ရှိသည့် စာနှစ်ပုဒ်လုံးကို မှားသွားခဲ့သည်။

ကျန်းကျန်းက အမေးအဖြေစာရွက်ပေါ်၌ အဓိကအချက်များကို မင်နီဖြင့် မှတ်သားလိုက်သောအချိန့တွင် အသားမုန့်လုံး၏ မျက်နှာက စိမ်းဖန့်သွားခဲ့သည်။

မေးခွန်းမဖြေခင်အချိန်က သူ ကိုယ့်ကိုယ်ကို မေးခွန်းအား သေသေချာချာ ဖတ်ရန် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း အလျင်လိုသည့်အခါ မည်သို့ မေ့သွားရသည်နည်း။

“ကိုယ့်ကိုယ်ကို မှတ်ဉာဏ်မရှိတာကို အပြစ်တင်နေတာလား”

ကျန်းကျန်းက အသားမုန့်လုံးကို ပြုံး၍ ကြည့်သည်။

“ကိစ္စမရှိပါဘူး၊ မင်း ထိုင်ထလုပ်ပြီးရင် မှတ်မိသွားလိမ့်မယ်”

ကျန်းကျန်းက မေးခွန်းမေးစဉ်ကတည်းက အဖြေကို သိပြီးသားဖြစ်၍ စာမေးပွဲစာရွက်များအားလုံးကို တစ်နာရီမပြည့်ခင် စစ်ဆေးခဲ့သည်။

“မေးခွန်းတွေကို ပြန်လည်စစ်ဆေးပြီးတော့ မင်း မှားယွင်းသွားတဲ့ မေးခွန်းငါးခုရှိတယ်၊ ဒါတွေက မင်း တကယ်မလုပ်နိုင်တဲ့ မေးခွန်းအတိုင်းအတာထဲမှာ မပါဘူး၊ ဒီတော့ ထိုင်ထအကြိမ်ငါးရာ၊ မင်း ဘယ်နှစ်ရက်နဲ့ ပြီးလောက်မယ်လို့ထင်လဲ”

“ငါးရက်လား”

အသားမုန့်လုံးက မျက်မှောင်ကြုတ်၍ သူမကို ကြည့်သည်။

“ကောင်းပြီ”

ကျန်းကျန်းက အလွယ်တကူ သဘောတူလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါးရက်အတွင်းမှာ နောက်ထပ် မေးခွန်းစာရွက်အစုံလိုက်ကို ထပ်ဖြေရမှာပဲလေ”

ထို့ကြောင့် ရှီကျွင့်ကျဲတစ်ယောက် မနက်ဖြန် မွေးနေ့ကျင်းပရန်နေရာသို့ သွားရန်အတွက် ကျန်းကျန်းနှင့် ဆွေးနွေးရန် လီမိသားစုအိမ်သို့ ရောက်လာသောအချိန်တွင် လီမင်ပေက သူ့ကို ပန်းခြံထဲသို့ လျှို့ဝှက်စွာ ခေါ်သွားသည်။

ပန်းခြံထဲ၌ အပိန်ပါးဆုံးသစ်ပင်များသည်ကား နှစ်တစ်ရာကျော်ပြီဖြစ်၍ အားလုံးက မိုးမျှော်လောက်အောင်မြင့်မားနေခဲ့သည်။

ရှီကျွင့်ကျဲက လီမင်ပေ သူ့ကို ဆောင်းရာသီ၌ ဤနေရာသို့ မည်သည့်အကြောင်းကြောင့် ခေါ်လာသည်ဟု တွေးနေစဉ် တုန်ရီနေသည့်အသံတစ်သံက အော်ဟစ်နေသည်ကို ကြားလိုက်ရချေသည်။

“ငါးဆယ့်ရှစ်၊ ငါးဆယ့်ကိုး၊ ခြောက်ဆယ်...”

ရှီကျွင့်ကျဲက ထိုအသံ၏နောက်သို့ လိုက်သွား၍ကြည့်သောအခါတွင် ကျန်းကျန်းကို သစ်ပင်မြင့်ကြီးပေါ်၌ ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။

သူမ၏ဘေး၌ ခိုင်ခံ့သည့် သစ်ကိုင်းပေါ်တွင်တော့ လူတစ်ယောက် ငစ်ကိုင်းတွင်တွင်ရပ်ပြီး ထိုင်ထလုပ်နေခဲ့ကာ ငိုယိုကာ ဆီးသွားလုမတတ်ဖြစ်နေခဲ့သည်။

ရှီကျွင့်ကျဲ၏ မျက်နှာက ကြောက်လန့်တကြားဖြင့် စိမ်းသွားရသည်။ သူက သစ်ပင်ကို ဖက်ပြီး လည်ပင်းကို မြှောက်ကာ အော်ဟစ်သည်။

“ကျန်းကျန်း၊ အမြန်ဆင်းလာခဲ့တော့၊ အပင်ပေါ်က ပြုတ်ကျတာက ရယ်စရာမဟုတ်ဘူးနော်”

သစ်ပင်ပေါ်၌ ထိုင်ထလုပ်နေခဲ့သည့် အသားမုန့်လုံးက ငိုတော့မလို ဖြစ်နေရသည်။

“အငယ်ဆုံး ဦးလေးက ဘယ်နေရာကို ကြည့်နေတာလဲ၊ အလွယ်တကူပြုတ်ကျနိုင်တဲ့သူက ကျွန်တော်ဆိုတာ မသိသာဘူးလား”

သူ့ကို သစ်ပင်ပေါ်၌ ချိတ်ထားသည့်သူက မည်သူဖြစ်သည်ကို သူ မသိသော်လည်း “အငယ်ဆုံးဦးလေး” ဟု ခေါ်လိုက်သည်က ရှီကျွင့်ကျဲကို စိတ်ကျေနပ်ကာ လန်းဆန်းသွားစေသည်။

“ဒါဆို ထိုင်ထလုပ်တဲ့အခါ သတိထားလိုက်ဦး၊ ပြုတ်မကျစေနဲ့”

အသားမုန့်လုံးက ထိန်းမထားနိုင်တော့။ ရှီကျွင့်ကျဲ၏ စကားကြောင့် ငိုတော့မလိုဖြစ်နေပြီ။

ကျန်းကျန်းမှာတော့ သစ်ပင်ပေါ်၌ ပျော်ရွှင်စွာ ထိုင်နေပြီး အသားမုန့်လုံး အကြိမ် ၁၀၀ ပြည့်သည်အထိ စောင့်နေပြီးမှ လက်ဆန့်၍ ဆွဲချလိုက်သည်။

အန်တီနှင့်တူတို့နှစ်ဦးသည်ကား သုံးလေးမီတာမြင့်သည့် သစ်ပင်ပေါ်၌ အန္တရာယ်များသည့် လုပ်ရပ်များကို လုပ်နေသည်ကို မြင်သောအခါ ရှီကျွင်းကျဲ၏ ပျော်ရွှင်ကျေနပ်နေသော စိတ်ဓာတ်များက ကြောက်လန့်တကြား ဖြစ်မှုများအကြားတွင် ပျောက်ကွယ်သွားမလို ဖြစ်သွားခဲ့ရသည်။

ကျန်းကျန်းက သစ်ပင်ကို ကိုင်၍ ခဏအတွင်း ဆင်းလာပြီး မြေပြင်မှ နှစ်မီတာတောင် မဝေးတော့သည်ကို မြင်သောအခါ ပေါ့ပါးစွာ လှည့်၍ သစ်ပင်ပေါ်မှ ခုန်ဆင်းလာခဲ့ပြီး ရှီကျွင်းကျဲရှေ့သို့ အသံပင် မထွက်အောင် ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။

ထို့တောက် သူမ၏ မျက်နှာကို ပြန်လှည့်လိုက်သောအချိန်တွင် ကျန်းကျန်းတစ်ယောက် ရှီကျွင့်ကျဲ၏ မျက်နှာက ဖြူဖျော့နေသည်ကို သတိထားမိပြီး သူအနည်းငယ် ကြောက်လန့်နေခဲ့သည်ကို သိသွားခဲ့လေသည်။

ကျန်းကျန်းက ပြုံး၍ ရှီကျွင်းကျဲ၏လက်ကို ဆုပ်ကိုင်ကာ ညင်သာစွာ လှုပ်ခါလိုက်သည်။

“ကျွန်မရဲ့ဇာတိက တောင်ဘက်မှာရှိတယ်ဆိုတာ သိတယ်မလား၊ ကျွန်မ ငယ်ငယ်လေးကတည်းက ဒီလိုပဲ တောင်တက်ပြီး သစ်ပင်တွေပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေခဲ့တာ၊ တကယ်တော့ ဒါက ကျွန်မအတွက် လုံးဝ အန္တရာယ်မရှိပါဘူး”

ရှီကျွင်းကျဲက လက်ဆန့်၍ ကျန်းကျန်းကို သူ့၏လက်မောင်းထဲသို့ ဆွဲသွင်းပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

“ဒါပေမယ့် မင်းက ပြုတ်ကျတော့မလို ဖြစ်နေတာကို ကိုယ်ကြည့်နေရတာလေ”

ရှီကျွင့်ကျဲ၏ ခန္ဓာကိုယ်က ကြောက်လန့်စွာတုန်ယင်နေသည်ကို ခံစားမိသောကြောင့် ကျန်းကျန်းက သူ့၏ခန္ဓာကိုယ်ကို ပြန်လည်ပွေ့ဖက်ပြီး သူ့၏လက်မောင်းထဲ၌ သူမမျက်နှာလေးကို ပွတ်သပ်လိုက်သည်။

“ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး”

အသားမုန့်လုံးက အောက်သို့ တွားဆင်းနေဆဲပင်ဖြစ်လေ၏။ သူ့ခြေထောက်များက မြေကြီးနှင့် ထိမိရန်ပင် အလွန်အမင်း ခက်ခဲနေခဲ့ရသည်။

သူ အောက်သို့ရောက်၍ လှည့်ကြည့်လိုက်သောအခါ လူနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်ကို မြင်လိုက်ရသည်။

လီမင်ပေက ခေါင်းယမ်း၍ သူ့ကို ဆွဲထူလိုက်သည်။

“မင်း ထိုင်ထအကြိမ်တစ်ရာလုပ်ပြီး ငါး မိနှစ်တောင် မကြာသေးဘူး၊ မင်းရဲ့ခြေထောက်တွေ အားနည်းနေပြီ၊ မင်းက လေ့ကျင့်ခန်းတွေလုပ်တာ နည်းလွန်းတယ်”

“သူတို့ကြောင့် ကျွန်တော် ကြောက်သွားတာလေ”

အသားမုန့်လုံးက ကျန်းကျန်းကို လက်ညှိုးထိုး၍ အသံကျယ်ကျယ် မပြောရဲချေ။

“သူတို့တွေ အဘွားက သူတို့ကို မြင်မှာ မကြောက်ဘူးလား”

လီမင်ပေက သူ့မေးစေ့ကို ပွတ်သပ်ပြီး သင့်တော်သလို ပြောသည်။

“မင်းရဲ့ အန်တီ‌လေးအတွက်က ရပါတယ်၊ ရှီကျွင့်ကျဲအတွက်ကတော့ ပြောဖို့ခက်တယ်”

စကားဆုံးသည်နှင့် လူနှစ်ဦးသည်ကား ကျန်းကျန်းမှ ရုတ်တရက် ခေါင်းထောင်၍ ရှီကျွင့်ကျဲ၏ လည်ပင်းကို ဖက်လိုက်သည်ကို မြင်လိုက်ရသည်။

ဤရင်းနှီးသည့်ဟန်ပန်ကြောင့် လီမင်ပေက ကျန်းကျန်း မည်သည့်အရာကို လုပ်ချင်သည်ကို ချက်ချင်း နားလည်သွားခဲ့လေသည်။

သို့နှင့် သူက အသားမုန့်လုံး၏ မျက်လုံးများကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့လိုက်ပြီး လူနှစ်ဦး၏ လှုပ်ရှားမှုများကို စိုးရိမ်တကြီး စောင့်ကြည့်နေသည်။

ကံကောင်းစွာဖြင့် ကျန်းကျန်းက ဘေး၌ လူတစ်ဦးရှိနေသည်ကို စိုးရိမ်ခြင်းကြောင့် ရှီကျွင်းကျဲ၏ နှုတ်ခမ်းထောင့်ကို ညင်သာစွာ နမ်းပြီးသည်နှင့် လွှတ်လိုက်သည်။

“အခု ရှင့်ရဲ့စိတ်ဓာတ်တွေ ပြန်လာပြီလို့ ခံစားရလား”

ရှီကျွင်းကျဲ မဖြေနိုင်မီ လီမင်ပေက ရယ်မော၍ ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်တော့ ပြန်လာပြီ၊ ဒါပေမယ့် ငါ့ရဲ့စိတ်ဓာတ်တွေက မင်းတို့ကြောင့် ကြောက်ပြီး ထွက်ပြေးသွားပြီ”

အသားမုန့်လုံးက လီမင်ပေ၏လက်ကို သူ၏မျက်လုံးပေါ်မှ ဖယ်ရှားလိုက်ပြီးနောက် မတူညီသည့်အမူအရာများနှင့် လူသုံးဦးကို ကြည့်နေရင်း နည်းနည်းလောက် ရှုပ်ထွေးနေသည်။

ရှီကျွင့်ကျဲ၏ အဘွား၏ နှစ် ၈၀ ပြည့် မွေးနေ့၌ ကျန်းကျန်းက ဒူးအထိရောက်သည့် သိုးမွှေးစကတ်နှင့် ခြေသလုံးအထိရောက်သည့် သိုးမွှေးကုတ်အင်္ကျီကို တွဲဖက်ဝတ်ဆင်ထားခဲ့သည်။

ဤခေတ်၌ ဘောင်းဘီရှည်များ မရှိခြင်းကြောင့် ကျန်းကျန်းက အောက်ခံအဖြစ် ဘောင်းဘီရှည်ကိုသာ ဝတ်ဆင်ခဲ့ရသည်။

ထို့နောက့ ဆိုင်မှဝယ်ယူထားသည့် ခြေသလုံးအထိရောက်သည့် သားရေဘွတ်ဖိနပ်တစ်ရံနှင့် တွဲ၍ဝတ်ဆင်ထားခဲ့သည်။ ဤဝတ်စုံမှာ အနာဂတ်၌ ခေတ်မကုန်သကဲ့သို့ ယခုခေတ်၌လည်း ပြောစရာမလိုအောင် လှပနေခဲ့သည်။

ရှီမိသားစု၏ အဘွားအတွက် ကျန်းကျန်း ပြင်ဆင်ထားသည့် မွေးနေ့လက်ဆောင်မှာ “ဥဒေါင်းနှင့် ဇီးကွက်” ပန်းချီကား၊ နှစ် ၁၀၀ သက်တမ်းရှိ ဂျင်ဆင်းပင် နှင့် နှစ် ၁၀၀ သက်တမ်းရှိ လင်ဇီးမှိုများဖြစ်ပြီး ဤအရာများသည်ကား မွေးနေ့ပွဲအတွက် အလွန်ကောင်းမွန်သည့် ပစ္စည်းများပင်။

ကားက ကျန်းကျန်း၏အိမ်ရှေ့သို့ မနက်ကိုးနာရီ၌ အချိန်မှန်စွာ ရောက်လာခဲ့သည်။ ကျန်းကျန်းက ပန်းချီကားကို တစ်ဖက်၊ ဂျင်ဆင်းပါသည့် သေတ္တာကို တစ်ဖက် ကိုင်ထားပြီး လီမင်ပေက သူမကို ပိုးနီဖြင့်ပတ်ထားသည့် လင်ဇီးမှိုကို ကူညီပို့ပေးလိုက်သည်။

ဤမှိုကို ကျန်းကျန်းက ပေရှားဒေသတောင်ပေါ်၌ အထူးစိုက်ပျိုးထားခြင်းဖြစ်သည်။ ပထမဦးဆုံး၊ လက်သီးအရွယ် မှိုတစ်လုံးကို ရှာပြီး သက်တမ်းရှည်ခြင်းကို ကိုယ်စားပြုသည့် တရုတ်စာလုံး ဖြင့် ပုံစံခွက်တစ်ခုနှင့် ဖုံးအုပ်ထားသည်။ ထို့နောက် ပုံစံခွက်ပြည့်သွားသည်အထိ ချက်ချင်း ရင့်မှည့်အောင် ပြုလုပ်လိုက်သည်။

ပုံစံခွက်ကို ဖယ်လိုက်သောအခါ “ရှို့” စာလုံးသည်ကား အလွန်ပင် ရှင်းလင်းပြတ်သားနေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် ကျန်းကျန်းက မှိုကို ပို၍ကြီးအောင် ပြုလုပ်လိုက်ပြီး ပုံစံများသည်ကား ပို၍သဘာဝကျလာသကဲ့သို့ “ရှို့” စာလုံးများသည်လည်း သဘာဝအတိုင်း ဖြစ်ပေါ်လာသကဲ့သို့ ဖြစ်သွားခဲ့သည်။

ရှီကျွင့်ကျဲ ကားထဲသို့ဝင်လာပြီးနောက် ကျန်းကျန်း၏ ပစ္စည်းများကို နေရာတကျဖြစ်အောင် ကူညီပေးသည်။ ထို့နောက် ကျန်းကျန်းကို ကားထဲသို့ ဝင်ရန်ကူညီပေးခဲ့လေသည်။

ဤခေတ်ကာလ၏ မြို့တော်သည်ကား နောက်ပိုင်းခေတ်များကဲ့သို့ မကြီးမားပါချေ။ အထူးသဖြင့် မိသားစု၏နောက်ခံ အဆင့်အတန်းရှိသည့်သူများသည်ကား အခြေခံအားဖြင့် အဝေးကြီး၌ မနေကြပေ။

သို့နှင့် ဆယ်မိနစ်ခန့် မောင်းပြီးသည်နှင့် ကားသည်ကား ခြံဝင်းကျယ်အိမ်တစ်အိမ်၏ ဂိတ်ဝသို့ ရောက်လာသည်။ ဂိတ်ဝ၌ ရပ်ထားသည့် ကားများစွာနှင့် အတွင်းမှ လာနေသည့် သဲ့သဲ့အသံများကို ကြည့်၍ လူများစွာ ရောက်နေပြီဟု ခန့်မှန်း၍ရသည်။

ကျန်းကျန်း စိတ်လှုပ်ရှားမည်ကို စိုးရိမ်သကဲ့သို့ ရှီကျွင့်ကျဲက ကျန်းကျန်းကို ကားထဲမှ ထွက်အောင် ကူညီပေးရင်း သူမလက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ ပြောလာခဲ့သည်။

“စိတ်မပူပါနဲ့၊ အရာအားလုံးကို ကိုယ့်တာဝန်အဖြစ် ထားလိုကငပါ”

လင်းရှို့လန်၏ ပျိုနီပန်းများကို ကျန်းကျန်းက တစ်လခွဲခန့် “ဂရုတစိုက်” ပြုစုစောင့်ရှောက်ခဲ့ပြီး အားလုံးက လှပသည့်ပန်းပွင့်များအဖြစ် ပွင့်လန်းနေခဲ့လေပြီ။

ခရမ်းရောင်အစက်အပြောက်ရှိသည့် ပျိုနီပန်းများသာမက အနီ၊ အဝါ၊ ခရမ်း၊ အပြာနှင့် အခြား ရှုပ်ထွေးသည့် အရောင်များရှိသည့် ပျိုနီပန်းများလည်း ပွင့်နေခဲ့သည်။

*

All Chapters