အခန်း (၂၄၄)
Vol. 25 Ch. 244
ရှီမိသားစု၏ အိမ်ဟောင်းသည်ကား ယနေ့ မွေးနေ့ပွဲသို့လာသည့် ဆွေမျိုးမိတ်ဆွေများကို ဧည့်ခံရမည်ဖြစ်၍ ရှီချန်ပေါ်နှင့် လင်းရှို့လန်တို့က ပျိုနီပန်းများနှင့်အတူ မနက်စောစော ကတည်းက ရောက်ရှိလာခဲ့ကြသည်။
မင်္ဂလာရှိသည့် ပျိုနီပန်းအိုးများကို အိမ်ထဲသို့ ရွှေ့လိုက်သည့်နောက်တွင် မဒမ်ရှီက မျက်မှန်ကိုတပ်ဆင်ပြီး ထွက်လာသည်။ သူမ၏မျက်နှာ၌ အံ့ဩမှုများကို ဖုံးကွယ်မထားနိုင်ဘဲပြောလိုက်လေသည်။
“ဒါကို တကယ်ကြီးစိုက်ထားနိုင်ခဲ့တာလား”
သူမ ပြောရင်းနှင့် နေရာကို လျင်မြန်စွာ ဖယ်ပေးသည်။
“အိမ်ထဲကို မြန်မြန်ရွှေ့လိုက်ကြ၊ ငါ့ပန်းတွေကို အေးခဲမသွားစေနဲ့”
လင်းရှို့လန်သည်လည်း ပျိုနီပန်းများ ထပ်၍ အေးခဲလျှင် တစ်ခုခုဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့် လူများကို အထဲသို့ အမြန်ပင်ရွှေ့ခိုင်းလိုက်သည်။
မဒမ်ရှိက မနက်စာကိုဖို့ကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ရှီချန်ပေါ်ကို ပန်းအိုးတစ်လုံး တင်ခိုင်းခဲ့ပြီး သူမ ကျေနပ်သည်အထိ သုံးလေးကြိမ် ရွှေ့ခိုင်းခဲ့သည်။
ရှီချန်ပေါ်က ပျိုနီပန်းများ၏ အနား၌ ရပ်နေပြီး နေရာ မရွှေ့ချင်တော့သည့် အဘွားအိုကို ကြည့်ကာ လျင်မြန်စွာ ပြောလိုက်လေသည်။
“အမေ၊ မနက်စာမြန်မြန်စားပြီး အဝတ်အစားလဲတော့လေ၊ ခဏနေရင် ဧည့်သည်တွေ ရောက်လာတော့မယ်”
“အင်းအင်း”
မဒမ်ရှီက အပေါ်ယံ၌ ခေါင်းညိတ်လာခဲ့သည်။ တကယ်တမ်းတွင် သူမ ၏မျက်တောင်ပိုပင် ခတ်ရန် ဝန်လေးနေခဲ့လေသည်။ ရှီချန်ပေါ်မှ မဒမ်ရှီက ဆင်းလာရန် အတင်းခေါ်မှသာလျှင် မဒမ်ရှီက စိတ်မပါ့တပါဖြင့် သူမ၏အခန်းသို့ ပြန်သွားသည်။
သူမက မနက်စာကို လျင်မြန်စွာစားသောက်ခဲ့သည်၊ အဝတ်အစားကိုလည်း လျှင်မြန်စွာလဲကာ ဆံပင်ဖီးခဲ့သည်။
ထို့နောက်တွင် အဘွားအိုသည်ကား ခန်းမသို့ လျင်မြန်စွာ ပြန်ပြီး ထိုင်လိုက်သည်။ ဒီဇင်ဘာလ၌ အေးခဲနေသည့် ပျိုနီပန်းနုနုများကို မြင်ရဖို့အတွက်ဆိုသည်မှာ အလွန်အမင်းပင် ခက်ခဲလှသည်။ ထို့အတွက် မည်သူမျှ မဖျက်ဆီးနိုင်စေရန် သေချာစွာ ဂရုစိုက်ရပေမည်။
၈ နာရီခွဲကျော်ပြီးသည့်နောက်တွင် ရှီချန်ပေါ်၏ မောင်နှမများက သူတို့၏ ကလေးများနှင့်အတူ ရောက်လာခဲ့ကြသည်။
ရှီချန်ပေါ်၏ ညီမ ရှီစူးမေကလည်း တံခါးဝရောက်ပြီး အခန်းထဲမှ ပျိုနီပန်းများကို မြင်သောအခါတွင် သူမ၏မျက်နှာသည်ကားအလွန်ပင် မလှမပ ဖြစ်နေခဲ့သည်။
လင်းရှို့လန်ကလည်း စိတ်ထဲ၌ အမြဲသံသယရှိနေသည့်အတွက် သူမ၏အမူအရာကို စိုက်ကြည့်နေခဲ့သည်။ သူမ၏အမူအရာ ပြောင်းသွားသည်ကို မြင်သောအခါတွင် သူမ၏အထင်မြင်ယူဆချက်များက အမှန်ပင်ဖြစ်သည်ကို သေချာသွားခဲ့ရသည်။
လင်းရှို့လန်သည်ကား တစ်သက်လုံး ရိုးသားဖြောင့်မတ်ခဲ့သူဖြစ်ပြီး ထိုသို့သော ပရိယာယ်ကြွယ်ဝသည့် ကိစ္စများကို အမုန်းဆုံးပင်။
သူမက တကယ်ကို နားမလည်ခဲ့ပါချေ။ သူမ၏ယောက်မက သူမကို မကျေနပ်လျှင် တည့်ပြောလိုက်ရုံပင်၊ အဘယ်ကြောင့် သူမ၏မိခင်ဖြစ်သူ အဖွားရှီအတွက် ပေးထားသည့်ပန်းများနှင့် လာပတ်သက်ရသည်လဲ။
သူမ၏ယောက္ခမဖနစ်သူက တစ်သက်လုံး ပျိုနီပန်းများကို ချစ်မြတ်နိုးလာခဲ့သည်။ သူမ၏မွေးနေ့၌ ပန်းပွင့်များပွလာင့်ခြင်းက အဖားရှီကို ပျော်ရွှင်စေလိမ့်မည်။
သူမအမေ၏ မွေးနေ့၌ သူမက ပြဿနာရှာချင်နေခဲ့သည်။ လင်းရှို့လန်က သူမဦးနှောက်ကို ခွဲပြီး ကော်များနှင့်ပြည့်နေသည်လားဟု တကယ်ကို သိချင်စိတ်ပြင်းစွာ ကြည့်ချင်နေခဲ့သည်။
ယနေ့သည်ကား သူမ၏ယောက္ခမဖြစ်သူအတွက် ကောင်းမွန်သည့်နေ့ဖြစ်၍ လင်းရှို့လန်က ဤသို့သော ပြသနာဖြစ်စေသည့်ကိစ္စများကို မပြောချင်ပေ။
သူမက တစ်ဖက်လူကို ပေါ့ပေါ့ပါးပါးလေး ကြည့်လိုက်ပြီး ခေါင်းလှည့်၍ လစ်လျူရှုလိုက်သည်။ သူမယောက်မ၏ အကြည့်ကို ခံစားမိသောအခါ လင်းစူးမေက မျက်မှောင်ကြုတ်၍ အလိုအလျောက် မျက်လုံးကို လွှဲလိုက်သည်။
သို့သော် ခဏအကြာတွင် မည်သည့်အရာကို တွေးမိသည်မသိ၊ ယုံကြည်စိတ်ချစွာ ပြန်ကြည့်လိုက်လေသည်။
ဤသို့သောလူမျိုးအတွက် လင်းရှို့လန်၌ စကားတစ်ခွန်းသာ ရှိသည်။
ဦးနှောက်က ဖျားနာနေသည်။
သူ့ဇနီး၏ အသက်ရှူသံက နည်းနည်းလောက်တမ်းကြမ်းနေသည်ကို ခံစားမိသောအခါ ရှီချန်ပေါ်က သူမကို လှည့်ကြည့်ပြီး သူ့၏နားအနီးသို့ ကပ်၍ ညင်သာစွာ ပြောလိုက်သည်။
လင်းရှို့လန်က ခေါင်းခါရမ်းလိုက်ပြီး နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ပြုံးပြ၍ မဒမ်ရှီနှင့် စကားပြောရန် လှည့်ထွက်သွားကြလေသည်။
တတိယမြောက်အကိုက သူမကို တစ်ချက်တောင် မကြည့်သည်ကို မြင်သောအခါ ရှီစူးမေက နာကျဉ်းမှုနှင့် ဒေါသတို့ နှစ်ခုလုံး ဖြစ်ပေါ်လာပြီး လင်းရှို့လန်မှ သူမ၏နောက်ကွယ်၌ သူမ၏အကြောင်းကို မကောင်းပြောနေမည်ဟု ထင်လိုက်သည်။
ရှီချန်ပေါ်၌ အစ်ကိုကြီးနှစ်ဦး၊ အစ်မကြီးတစ်ဦးနှင့် ညီမငယ်လေးတစ်ဦး ရှိသည်။ မောင်နှမများထဲ၌ ရှီချန်ပေါ်က အချောဆုံးဖြစ်ပြီး အမူအရာလည်း ကောင်းမွန်သည်။
ရှီစူးမေ ငယ်ငယ်လေးကတည်းက သူ့ကို တွယ်ကပ်ချင်ခဲ့သည်။
နောက်ဆုံးတွင် ဤသို့ ထင်ရှားသည့်အစ်ကိုတစ်ဦးရှိသောအခါတွင် တူညီသည့်အသက်အရွယ် မိန်းကလေးများစွာက သူမကို လာရောက်ဖားယားကြသည်မဟုတ်လား။ ဤသည်က ရှီစူးမေကို အလွန်မျက်နှာရစေခဲ့သည်။
ရှီချန်ပေါ်မှာမူ သူ၏မောင်နှမများနှင့် အဆင်ပြေအောင် နေထိုင်ရသည်ကို ပို၍သဘောကျသည်။ မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ မည်သည့်အရာကို လုပ်သည်ဖြစ်စေ ညှိနှိုင်းတိုင်ပင်၍ရနိုင်သည်။
တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသော်လည်း ယဉ်ကျေးသည့်အဆင့်ကိုသာ ထိန်းထားသည်။ ခက်ခဲသည့်အခါ တစ်ယောက်ကိုတစ်ယောက် ကူညီနိုင်သည်။ ရှီစူးမေမှာမူ ဤမိသားစုနှင့် မတူဟု ခန့်မှန်းရသည်။
အငယ်ဆုံးကလေးအနေဖြင့် သူမ၏မောင်နှမများက သူ့ကို ငယ်ငယ်တုန်းက ပို၍ လွတ်လပ်ခွင့်ပေးခဲ့သည်။ သို့သော် သတိရှိပြီး နှိမ့်ချရမည့်အချိန်၌ သူမက မလုပ်ချင်တော့ပေ။
အခြားသူများသည်က သူမကို ကောင်းစွာဆက်ဆံခြင်းကိုသာ သူမလိုချင်သည်။ သို့သော် အခြားသူများ၏အတွက်ကိုမူ မည်သည့်အရာမျှ မစဉ်းစားတော့ပေ။
မိသားစုက သူမပြဿနာကို သိသွားသောအခါတွင်မူ မျက်စိမှိတ်၍ မကာကွယ်နိုင်တော့။ အဆုံးအမများ၊ လမ်းညွှန်မှုများ များစွာပေးခဲ့သော်လည်း မည်သို့ပင် လုပ်သည်ဖြစ်စေ သူမက နားမလည်သကဲ့သို့ ဖြစ်နေခဲ့သည်။
ထိုစဉ်က ငယ်ရွယ်သည့် ရှီချန်ပေါ်မှာ ထူးဆန်းသကဲ့သို့ ခံစားခဲ့ရသည်။ အစ်ကိုများအားလုံးသည်ကား ဤသို့ပင် ကောင်းမွန်စွာ ကြီးပြင်းလာခဲ့ကြသည်။ အဘယ်ကြောင့် သူ၏ ညီမက ဤမျှလောက်ပင် အသိဉာဏ်မဲ့ရသည်လဲ။
ရှီစူးမေက ၁၈၊ ၁၉ နှစ်အရွယ်ရောက်သောအခါ ရှီချန်ပေါ်က သူ့အသက် ၂၀ ကျော်လေးသာ ရှိသေးသည်။
သူ့ထံတွင် ကျောက်စိမ်းပင်ကဲ့သို့ ခံ့ညားပြီး ထူးခြားသည့် ခန့်ညားမှုများ ရှိသည်။ ရှီစူးမေက အားလပာလျှင် ရှီချန်ပေါ်နှင့် လျှောက်သွားရသည်ကို အလွန် ကြိုက်ခဲ့သည်။
သူက သူ၏နောက်လိုက်ညီမငယ်များကို အိမ်သို့ မကြာခဏ ခေါ်လာခဲ့ပြီး သူ့အစ်ကို၏ ခန့်ညားမှုကို ကြွားလုံးထုတ်ကာ သူ၏ညီမငယ်များကြား၌ သူမ၏အဆင့်အတန်းကို မြှင့်တင်တတ်သည်။
အသက် ၂၀ ကျော် ရှီချန်ပေါ်မှာမူ သူမ၏လှည့်ကွက်လေးများကို တစ်ချက်ကြည့်လိုက်သည်နှင့် သိခဲ့သည်။ တစ်ကြိမ်နှစ်ကြိမ် မျက်နှာသာပေးပြီးသည်နှင့် သူက ပို၍မကြာခဏတွေ့ရသောကြောင့် အခြေခံအားဖြင့် ရှောင်တိမ်းသွားတော့သည်။
ဤအချိန်၌ပင် လင်းရှို့လန်က ရှီချန်ပေါ်၏ မျက်စိရှေ့သို့ ရောက်လာခဲ့သည်။ ရှီချန်ပေါ်က သူမကို ပထမဆုံးအကြိမ် တွေ့သည်နှင့် ချစ်မိသွားပြီး ရူးသွပ်စွာ လိုက်ခဲ့လေသည်။
ရှီစူးမေ၏ သူငယ်ချင်းများသည်လည်း အိမ်သို့ အကြိမ်အနည်းငယ် ရောက်လာပြီးနောက် ရှီချန်ပေါ်ကို မတွေ့ရသောကြောင့် သိပ်မပျော်ကြတော့ပေ။
မျက်နှာပြောင်တိုက်သည့် ရှီစူးမေက ညဘက် အိမ်ပြန်လာသည့် ရှီချန်ပေါ်ကို ငိုယိုပြီး ဒုက္ခပေးသည်။
ထို့ကြောင့် စနေ၊ တနင်္ဂနွေ၌ သူမ၏သူငယ်ချင်းများနှင့်အတူ ဈေးဝယ်ထွက်ရန် ရှီချန်ပေါ် ပြုလုပ်ရန်အကွက်ချခံရတော့သည်။
ရှီချန်ပေါ်က ဒေါသတကြီးဖြင့် ရှီစူးမေကို ဆူပူကြိမ်းမောင်းသည်။
သူ့၏မိဘများပင် ဤအကြောင်းကို သတင်းကြားသောအခါ ဆူပူကြိမ်းမောင်းခဲ့သည်။
ထိုသို့ဖြစ်ပြီး ရက်အနည်းငယ်အကြာ၌ ရှီစူးမေ၏ သူငယ်ချင်းများသည်ကား ပန်းခြံထဲ၌ ရှီချန်ပေါ်နှင့် လင်းရှို့လန်တို့ အတူရှိနေသည်ကို မြင်ခဲ့ပြီး ပြန်ပြောသောအခါ ရှီစူးမေ ဒေါသထွက်၍ ပြဿနာရှာခဲ့သည်။
ပထမတစ်ချက်ကြည့်လိုက်လျှင် ဤအကြောင်းပြချက်သည်ကား ဦးနှောက်သေနေသည့် ကောင်မလေးတစ်ဦး၏ အတွေးပင်။
လင်းရှို့လန်က ရှီမိသားစုအိမ်သို့ ပထမဆုံးရောက်စဉ်က သူ့ရှေ့၌ ငိုယိုပြီး ပြဿနာရှာနေသည့် ဤကောင်မလေးကို မြင်သောအခါ သူ့ကို ဦးနှောက်မမှန်သည့်သူအဖြစ် သတ်မှတ်လိုက်သည်။
ရှီချန်ပေါ်က ရှီစူးမေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ပြီး လင်းရှို့လန်နှင့် လက်ထပ်တော့မည်ဖြစ်၍ အိမ်တစ်လုံးဝယ်ပြီး အဝေးသို့သာ ပြောင်းရွှေ့နေထိုင်လိုက်တော့သည်။
လက်ထပ်ပွဲကျင်းပစဉ်ကလည်စ ရှီစူးမေက ထပ်မံ၍ မြင်ကွင်းကို နှောင့်ယှက်သောကြောင့် သူမ၏မောင်နှမများက ပါးစပ်ကိုပိတ်ဆို့ပြီး တိုက်ရိုက်သာ သယ်ထုတ်သွားခဲ့ကြရသည်။
သူတို့လက်ထပ်ပြီးနောက် ရှီချန်ပေါ်နှင့် လင်းရှို့လန်တို့က နှစ်ဦးတည်း နေထိုင်ခဲ့သည်။ လအနည်းငယ်အကြာတွင် ရှီချန်ပေါ်က ပြင်သစ်သို့ အလုပ်သွားလုပ်ရန်ဖြစ်လာသောအခါတွင် ရှီစူးမေနှင့် ဝေးကွာသွားသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က ရှီချန်ပေါ်ကို နုတ်ထွက်ပြီး တရုတ်ပြည်သို့ ပြန်လာရန် ဖိအားပေးခံရစဉ်က ရှီစူးမေက လက်ထပ်ပြီးသားဖြစ်နေခဲ့ပြီ။
သူမက သူမ၏ ခင်ပွန်းနှင့်အတူ ထွက်သွားခဲ့ရသည်။ အရေးအခင်း ပြီးစီးသွားသောအခါတွင် ရှီစူးမေက နောက်ဆုံးတွင် သူ့ခင်ပွန်းနှင့်အတူ နယ်စပ်မှ မြို့တော်သို့ ပြန်လာခဲ့ရသည်။
နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ကာနေထိုင်ခဲ့ရခဲ့သော်လည်း သူမ၏စိတ်ဓာတ်က ရင့်ကျက်မလာဘဲ ပို၍နာကျဉ်းမှုများ၊ ခါးသီးမှုများနှင့် ပြဿနာရှာချင်စိတ်များသာ ရှိလာသည်။
လင်းရှို့လန် နေထိုင်သည့်အိမ်က ခြံဝင်းအိမ်ဖြစ်နေသည်ကို သူမမြင်သောအခါ သူ၏စကားထဲ၌ သူမနှင့် ထိုက်တန်သည့် အိမ်ကို ပေးရမည်ကဲ့သို့ ဖြစ်နေသည်။ သူမ၏နာကျဉ်းသည့်ပုံက လင်းရှို့လန်ကို သူမအား ဂရုမစိုက်ချင်အောင် လုပ်နေခဲ့သည်။
လွန်ခဲ့သည့်တစ်လခွဲခန့်က ရှီစူးမေက သူမ၏သမီးဖြစ်သူနှငာ့ တံခါးဝသို့ မမျှော်လင့်ဘဲ ရောက်ရှိလာပြီး ဈေးဝယ်ထွက်ရင်း နားချင်လာသည်ဟု ပြောသည်။
အဘွားအို၏ မွေးနေ့နီးနေပြီဖြစ်၍ လင်းရှို့လန်က သူမကို နှင်ထုတ်ပစ်ရန် တော်တော်ကို မတတ်သာခဲ့ချေ။ သူမက ထွက်သွားခဲ့သည့်အတွင်တွင်လည်း သူမ၏သမီး ရှန်ချင်းရန် က စကားကို နည်းမျိုးစုံနှင့် လှည့်ပတ်ပြောပြီး နေထိုင်ရန် အတင်းအကျပ် တောင်းဆိုသည်။
သို့သော် သူမသည်ကား ရှီစူးမေ ငယ်ငယ်တုန်းကနှင့် တစ်ထပ်တည်းတူညီခဲ့သည်။
၁၆၊ ၁၇ နှစ်အရွယ် ကလေးမတစ်ဦးကို လင်းရှို့လန်က သိပ်၍ သတိမထားခဲ့ချေ။ ညစာစားပြီးသောအခါ သူမကို ရှောင်လုံသို့ ပို့ပြီး ပြန်လာခဲ့သည်။
ထို့နောက်တွင် ရှစ်အိုးသော ပျိုနီပန်းများ ညှိုးနွမ်းနေသည့်ပုံကို တွေးပြီး ရှီစူးမေ၏ဘေးနားမှ အပြစ်ကင်းသည့်ပုံရသည့် ကောင်မလေးကို ကြည့်လိုက်သောအခါ လင်းရှို့လန် အနည်းငယ်လောက် ကြောက်လာခဲ့ရသည်။
ညသန်းခေါင်၌ ကောင်မလေးတစ်ဦးက အမှောင်ထဲ၌ ဤသည်ကို လုပ်ရန်အတွက် ထွက်သွားနိုင်သည်။
သို့သော် မနက်မိုးလင်းသောအခါ သူ မ၏ အမူအရာများက လုံးဝ မမြင်နိုင်ပါချေ။ အမူအရာက ဖြူစင်ရိုးသားစွာရှိအောင် ဟန်ဆောင်နိုင်ပြီး ဤဉာဏ်နီဉာဏ်နက်က သူမ၏ အမေဖြစ်သူထက် အများစွာ ပို၍အားကောင်းသည်။
**