အခန်း (၂၄၅)
Vol. 25 Ch. 245
ရှန်ချင်းရန်က သူ့အမေ၏ မျက်လုံးများကို သတိပြုမိပြီး လင်းရှို့လန် ရှိရာဘက်ဆီသို့ အကြည့်လိုက်သွားခဲ့သည်။
လင်းရှို့လန်က သူမကို အနည်း ငယ်လောက်မျက်မှောင်ကြုတ်လျက်ကြည့်နေသည်ကို မြင်သောအခါတွင် သူမက ပေါ့ပေါ့ပါးပါးလေးသာ ပြုံး၍ ခေါင်းလှည့်သွားသည်။
သူမ၏ အမူအရာသည်ကား ဤကဲ့သို့ သဘောဖြစ်နေခဲ့သည်။
“အိုး၊ ဒါဆို ရှင် မှန်းဆမိသွားခဲ့ပြီပဲ”
သူမ၏မျက်နှာထက်၌ မည်သည့်တောင်းပန်လိုမှုအမူအရာမျှ၊ မည်သည့်အပြစ်ရှိသည့်အရာမျှ မရှိနေခဲ့ပါချေ ။ ထိုအတူကြောက်ရွံ့မှုအရိပ်အယောင်သည်လည်း အနည်းငယ်မျှတောင် မရှိနေခဲ့။
လင်းရှို့လန်တစ်ယောက် စိတ်ထဲ၌ ချမ်းစိမ့်စိမ့်ဖြစ်သွားခဲ့ရပြီး ရှီချန်ပေါ်ကို ဆုတ်ကိုင်ထားသည့်လက်က တဖြည်းဖြည်း တင်းကျပ်လာသည်။
သူ့ဇနီးဖြစ်သူ၏ စိတ်အခြေအနေ မမှန်သည်ကို သိသောအခါတွင် ရှီချန်ပေါ်က ခေါင်းလှည့်ပြီး လင်းရှို့လန်၏ မျက်လုံးများအတိုင်း ရှန်ချင်ရန်ကို ကြည့်လိုက်သည်။
နှစ်ပေါင်းများစွာ အတွေ့အကြုံများက ဤနေရာ၌ ရှိနေခဲ့ပေသည်။ ရှန်ချင်းရန်က သူ တစ်ချက်ကြည့်လိုက်သည်နှင့် အနည်းငယ်ခန့် အပြစ်ရှိသကဲ့သို့ ဖြစ်သွားခဲ့ပြီး ခေါင်းကိုလှည့်ကာ မဒမ်ရှီဆီသို့ ပြေးသွားခဲ့တော့သည်။
ရှီချန်ပေါ်သည်လည်း သူ၏ဇနီး၏ ပြိုနီပန်းများ ညှိုးနွမ်းရခြင်းသည်ကား သူ၏ညီမနှင့် တူမတို့ကြောင့်ဖြစ်သည်ကို သိထားခဲ့သည်။ သို့သော်လည်း သက်သေမရှိဘဲ ယင်းကိစ္စမျိုးကို အပြင်၌ ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်ပေ။
ပြောဆိုမိပါက သူ၏မိသားစုသည်က အနေရ ခက်ခဲသွားမည်ဖြစ်သည်။ ရှီချန်ပေါ်က လင်းရှို့လန်၏ လက်ကိုဆုပ်ကိုင်၍ နားအနီးသိုးကပ်ကာ ခပာတိုးတိုးလေး ပြောလိုက်သည်။
“ကိစ္စမရှိဘူး၊ ကိုယ် ရှိတယ်၊ နောက်ဆို သူတို့တွေ ကိုယ်တို့ရဲ့အိမ်ကို မလာဖို့ ပြောထားလိုက်မယ်”
စိတ်ချရသည့် ခင်ပွန်းရှိနေ၍ လင်းရှို့လန်သည်လည်း စိတ်အေးချမ်းသွားရသည်။ သူမက သူမ၏ယောက်မဖြစ်သူအကြောင်းကို ဆက်လက်တွေးတောခြင်းမပြုတော့ဘဲ လူအနည်းငယ်သာ ရှိသည့်အခိုက်အတန့်၌ ကျန်းကျန်းအကြောင်းကို အဖွားကြီးနှင့် တိတ်တဆိတ် ပြောဆိုရန် စီစဉ်လိုက်သည်။
သူမက ထရပ်လိုက်၍ ပန်းများကိုကြည့်ကာ ပျော်ရွှင်နေသည့် ရှီအဖွားကြီးဆီသို့ လျှောက်သွားကာ မေးမြန်းလိုက်သည်။
“အမေ၊ မောနေပြီလား၊ ကျွန်မ ပျားရည်ရေတစ်ခွက် လာငှဲ့ပေးရမလား”
“မသောက်တော့ဘူး”
ရှီအဖွားကြီးက ပြုံး၍ပြောကြားလိုက်သည်။
“နင်တို့ကို ပြောထားတယ်လေ၊ ဒီလောက်ကောင်းတဲ့ပန်းတွေ မြင်ရင် ငါ ဘာမှမစားနိုင်ဘူး၊ ဘာမှလည်း မသောက်နိုင်ဘူး၊ ငါ အရမ်းကို စိတ်လှုပ်ရှားနေတာ၊ ရှို့လန်၊ နင်က ဘယ်လိုလုပ် ဒီလို တော်ရတာလဲ၊
အခုက ဆောင်းရာသီကြီးလေ၊ ဒီလိုကောင်းမွန်တဲ့ပန်းတွေကို ဖူးပြင့်လာအောင် စိုက်နိုင်တာက တော်တော်လေးကို ပင်ပန်းတဲ့အလုပ်ပဲ”
လင်းရှို့လန်သည်လည်း ပြုံး၍ ပြန်လည်ပြောလိုက်သည်။
“အို၊ မပြောပါနဲ့တော့၊ ကျွန်မ အမေ့ကို မျက်နှာပျက်ရလုနီးပါးဖြစ်ခဲ့ရတယ်”
“ဘာဖြစ်လို့လဲ”
အဖွားကြီးက ပန်းဆီမှ အကြည့်လွှဲ၍ လင်းရှို့လန်ကို ကြည့်လိုက်သည်။
“လွန်ခဲ့တဲ့ လဝက်လောက်က ဒီပျိုနီပန်းပင်တွေက ပန်းဖူးတွေ အများကြီး ထွက်လာပြီး ပွင့်ခါနီးဆဲဆဲဖြစ်နေသလိုပဲ၊ ဒါပေမဲ့ တစ်ရက်ကျတော့ တစ်ညတည်းနှင့် ပန်းဖူးတွေ ညှိုးနွမ်းပြီး မဲသွားတယ်လေ၊ ဒါတွေက အသက်ဆက်ရှင်ဖို့တောင် မခံနိုင်လောက်တော့ဘူး၊
တော်သေးတာက ရှီကျွင့်ကျဲရဲ့ ချစ်သူကောင်မလေးက ပန်းတွေကိုသုတေသနအဖြစ် အများကြီး လေ့လာထားတဲ့သူလည်း ဖြစ်တော့ သူမက ဒီပန်းအိုး ရှစ်အိုးကို သူမရဲ့အိမ်ကို ယူသွားပြီး ပြန်ကူစားပေးခားတာ
သူမ ဆယ်ရက်လောက် ဂရုစိုက်ပေးပြီးမှ ဒီလိုလှပတဲ့ပန်းတွေ ဖြစ်လာတခဲ့ာ။ အမှန်အတိုင်းပြောရရင် ဒီပန်းတွေက မနေ့ညကမှ သူမဆီက ပြန်ယူလာတာခဲ့တာလေ”
လင်းရှို့လန်၏ ယောက္ခမသည်လည်း အံ့ဩစွာ မေးမြန်းလိုက်သည်။
“ရှီကျွင့်ကျဲမှာ ချစ်သူရှိနေပြီလား၊ ဘယ်သူ့ရဲ့သမီးလေးတဲ့လဲ၊ ဒီကလေးက အမြဲတမ်း မာနကြီးနေတာ၊ သူက ဘယ်လိုမိန်းကလေးမျိုးကို သဘောကျသွားတာလဲ။ အဲဒီမိန်းကလေးက ဘယ်လိုပုံစံမျိုးလဲ၊ သူမ ဒီနေ့ လာမှာလား”
လင်းရှို့လန်က ပွင့်ပွင့်လင်းလင်း ပြုံး၍ဖြေလိုက်သည်။
“ရှီကျွင့်ကျဲရဲ့ ကျောင်းနေဖက်လေးပါ၊ ရှီကျွင့်ကျဲ ကိုယ်တိုင် ချစ်မိသွားတာလေ”
“ကျောင်းနေဖက်! သူမက ဒီက ဒေသခံလား”
ရှီစူးမေ့က သူမ၏အချောဆုံး တူကလေး၌ ချစ်သူရှိသည်ဟု ကြားလိုက်ရသော် သူမ၏စိတ်ထဲ၌ ရှီချန်ပေါ်နှင့် လင်းရှို့လန် ချစ်သူဖြစ်စဉ်ကကဲ့သို့ မကောင်းသည့် ခံစားချက်မျိုး ဖြစ်ပေါ်သွားခဲ့ရသည်။
အထူးသဖြင့် လင်းရှို့လန်ပြောသည့်စကားကို ကြားလိုက်ရသော် သူမ၏မျက်လုံးများသည် သေလုနီးပါးဖြစ်သွားခဲ့ပြီးမှ ပြန်ရှကာလာသည့်ပန်းပင်များကို ကြည့်လိုက်သည်။
ထိုပန်းပင်များကို ထိုမိန်းကလေးက ကယ်တင်ခဲ့သည်ဆိုသည်ပိုကြားလိုက်ရသော် ရှီစူးမေ့၏ မျက်နှာ၌ ရွံရှာသည့်အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။
လင်းရှို့လန်သည် အစကတည်းက သူမကို အာရုံမစိုက်လိုသော်လည်း ရှီအဖွားကြီးမျက်နှာပေါ်က စပ်စုသည့်အမူအရာကို မြင်သော်မှစတင်ပြောလိုက်သည်။
“သူမရဲ့ဇာတိမြို့က ဟေးပြည်နယ်က သစ်တောမြို့လေးမှာပါ၊ ဒါပေမဲ့ ဒီကလေးရဲ့ ဦးလေးကတော့ မြို့တော်မှာပါပဲ၊အခု မိသားစုတစ်ခုလုံးလည်း ဒီမှာပါပဲ...”
သူမ၏စကားမဆုံးမီ ရှီစူးမေ့က ရယ်မော၍ သူမ၏ပါးစပ်ကို ပိတ်လိုက်သည်။
“အိုး ၊ ချစ်ကြိုက်သွားတယ်ဆိုလို့ နတ်သမီးလေးတစ်ပါးလားလို့ ထင်ခဲ့တာ၊ ချိုင့်ဝှမ်းက ရွာသူရွာသားတစ်ယောက်ပဲ ဖြစ်နေတာကိုး၊
အို၊ ကျွန်မရဲ့အစ်မကြီး၊ ကျွန်မ အစ်ကို ချစ်သူရှာတုန်းက ကျွန်မစိတ်ရှုပ်သွားတာကို မေ့လိုက်ပါဦး၊ ဒါပေမဲ့ ရှီကျွင့်ကျဲကတော့ ကျွန်မတို့ ရှီမိသားစုရဲ့ အလားအလာအကောင်းဆုံးကလေးပဲ၊ သူ့ကို ကျွန်မရဲသအစ်ကိုလိုမျိုး မျက်စိအကန်းမခံနိုင်ဘူးနော်”
စကားတစ်ခွန်းတည်းနှင့် မိသားစုဝင်များစွာ၏ မျက်နှာများသည် ပြောင်းလဲသွားသည်။ ရှီစူးမေ့သည်ကား လင်းရှို့လန်ကို လှောင်ပြောင်လိုသော်လည်း သူသည် ဦးနှောက်မရှိသဖြင့် စကားတစ်ခွန်းတည်းနှင့် မိသားစုများစွာကို စော်ကားလိုက်ခြင်းပင်ဖြစ်သည်။
အထူးသဖြင့် လင်းရှို့လန်၏ ယောက်မနှစ်ယောက်သည်ကား ရှီစူးမေ့၏ မတိုင်ခင်က စကားများကြောင့် သူတို့၏ကလေးများကို အထင်သေးခံလိုက်ရခြင်းကြောင့် သူ့မကို ဒေါသတကြီး ကြည့်နေကြသည်။
ရှီကျွင့်ကျဲ၏ ဝမ်းကွဲအစ်ကိုများကား ပညာသင်ကြားရေး၏ ရွှေခေတ်ကို လွဲချော်ခဲ့ကြသည်။ တက္ကသိုလ် မတက်ခဲ့ကြသော်လည်း သူတို့သည်လည်း နယ်ပယ်အသီးသီး၌ ကောင်းကောင်းမွန်မွန် လုပ်ကိုင်နေခဲ့ကြသည်။
ရှီစူးမေ့၏ စကားများကား သူမ၏ မောင်နှမမိသားစုများစွာကို စော်ကားလိုက်ခြင်းပင်ဖြစ်သည်။
သို့သော်လည်း ရှီစူးမေ့ကား ဤသည်ကို မသိသေးပေ။ သူမက လင်းရှို့လန်ကို ကျေနပ်စွာ ကြည့်နေသည်။
အဘယ်ကြောင့် ဤမျှပင် ဂုဏ်ယူနေရသည်ကိုလည်း မသိပေ။
လင်းရှို့လန် မည်သည့်စကားကိုမျှ မပြောမီ အဖွားရှီက ဒေါသထွက်လာခဲ့ရသည်။ သူမ၏မျက်နှာက အလွန်ပင် တည်သွားသည်ကိုမြင်သော် ရှီစူးမေ့က သူမ၏အမေသည် ရှီကျွင့်ကျဲက တောရွာကျေးလက်ဒေသမှ ကောင်မလေးနှင့် ချစ်ကြိုက်နေ၍ ဒေါသထွက်နေသည်ဟု ထင်ပြီး သူမကို ငုံ့၍ လင်းရှို့လန်ကို မျက်စောင်းထိုးလိုက်သည်။
“အမေ၊ သူမကို ကြည့်ပါဦး...”
“ပါးစပ်ပိတ်လိုက်စမ်း “
အဖွားကြီးရှီက ရှီစူးမေ့ကို မျက်နှာမည်းမှောင်၀ွာနှင့် စိုက်ကြည့်လိုက်သည်။
“အမေ...”
ရှီစူးမေ့က လန့်၍ တစ်လှမ်းနောက်ဆုတ်လိုက်သည်။ အဖွားကြီးရှီ အမှန်တကယ် မည်သည်ကို ဒေါသထွက်နေသည်ကို သူမ မသေချာပေ။
အဖွားကြီးရှီသည်လည်း သူမ၏သမီးငယ်ဖြစ်သူ၏မျက်နှာအမူအရာကို မြင်သော် စိတ်မကောင်းဖြစ်၍ ဝမ်းနည်းသွားသည်။
သူမ၏ သမီးသည်ကား ငယ်စဉ်က အနည်းငယ် လှည့်စားတတ်သော်လည်း ကောင်းမွန်သည့်စိတ်ဓာတ်က ရှိနေခဲ့သေးသည်။
သို့သော် ကြီးလာသော် ပို၍ ကိုယ်ကျိုးရှာတတ်လာပြီး ဆင်ခြင်တုံတရား ကင်းမဲ့လာသည်။ နောက်ပိုင်း၌ အိမ်ထောင်ကျပြီး နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ပြီးနောက် ပြန်လာသော် အလွန် စရိုက်ကြမ်းသည့် မိန်းမတစ်ယောက် ဖြစ်လာခဲ့သည်။
အဖွားရှီက ဤနေ့ကား သူမ၏ ၈၀ ပြည့်မွေးနေ့ဖြစ်သည့်အတွက် ဒေါသထွက်၍ မကောင်းနိုင်ဟု တွေးလိုက်သည်။ ထို့ကြောင့် အဖွားရှီ သူမ၏ မျက်လုံးကိုမှိတ်၍ သူ၏ဒေါသကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
“ငါ့ကို ပျော်ရွှင်စေချင်ရင် မင်းရဲ့ပါးစပ်ကိုပိတ်ပြီး စကားကို နည်းနည်းပဲပြော”
လင်းရှို့လန်ကား တစ်ချက်လေးမျှပင် မကြည့်ဘဲ ငြိမ်သက်နေခဲ့သည်။
မိနစ်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ဆွေမျိုးမိတ်ဆွေများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
မိသားစုသည်လည်း မတိုင်ခင်က အဆင်မပြေမှုများကို လျင်မြန်စွာ ဖုံးကွယ်လိုက်ပြီး ရောက်ရှိလာသူများကို ပြုံး၍ နှုတ်ဆက်ကြသည်။
ရောက်ရှိလာသူများ ထိုင်လိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရသည်မှာ ဧည့်ခန်းထဲက ခမ်းနားထည်ဝါသည့် ပျိုနီပန်းများပင်ဖြစ်သည်။ တချို့များက အတုဟု ထင်ကြသော်လည်း နီးကပ်လာသော်မှ အမှန်တကယ် နူးညံ့သည့်ပန်းများမှန်း သိသွားကြသည်။
“အို၊ ဒီအချိန်မှာ ကောင်းကင်ကြီးက နှင်းတွေကျပြီး ဒီလို အေးတဲ့အချိန်မှာ ပျိုနီပန်းတွေကို ဘယ်က ရတာလဲ”
ရှီအဖွားကြီးက လင်းရှို့လန်ကို ပြုံး၍ ညွှန်ပြလိုက်သည်။
“ငါ့ရဲ့ ချွေးမက အထူးတလည်စိုက်ပျိုးထားတာလေ”
ခဏအကြာတွင် ရောက်ရှိလာကြသည့် သူငယ်ချင်းများစွာက လင်းရှို့လန်၏ သားသမီးဝတ္တရားကျေပွန်ပုံနှင့် အာရုံစိုက်ပုံကို ချီးကျူးကြသော် လင်းရှို့လန်သည်လည်း ပြုံးရယ်ရင်း နံရံပေါ်က နာရီကို ကြည့်နေမိသည်။
အဘယ်ကြောင့် ရှီကျွင့်ကျဲနှင့် ကျန်းကျန်းက ယခုတိုင် မရောက်သေးသည်နည်း။
ဤအကြောင်း စဉ်းစားနေစဉ် ဆွေမျိုးတစ်ဦး၏ ကလေးက အော်ပြောလာခဲ့သည်။
“အစ်ကိုကျွင့်ကျဲ လာပြီ”
လင်းရှို့လန်သည်လည်း လျင်မြန်စွာ လှည့်ကြည့်လိုက်သော် တောက်ပသည့် မှန်ပြတင်းပေါက်ကနေ ရှီကျွင့်ကျဲက ပန်းကန်လုံးပုံစံကဲ့သို့ အနီရောင်အိတ်တစ်အိတ်ကို ကိုင်ထားပြီး ကျန်းကျန်းကား ပုံလိပ်တစ်ခုနှင့် သစ်သားသေတ္တာတစ်လုံးကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
သူတို့လက်ထဲ၌ ပစ္စည်းများ ပြည့်ပြည့်စုံစုံရှိသည့်အတွက် တစ်စုံတစ်ဦးက လျင်မြန်စွာ တံခါးဖွင့်ပေးလိုက်သည်။
ရှီကျွင့်ကျဲသည်လည်း ပစ္စည်းများကို ရင်ခွင်ထဲသို့ထည့်ပြီး ဝင်လာခဲ့ကာအဖွားရှီကို မျက်နှာ၌ အပြုံးနှင့် ခါးညွှတ်ဦးညွှတ်၍ဆုတောင်းလိုက်သည်။
“အဖွား ကျန်းမာပါစေ၊ အရှေ့အရပ်ရဲ့ပင်လယ်လို သက်တမ်းရှည်ပါစေ၊ နန်ရှန်တောင်လို ကျန်းမာပါစေ”
ကျန်းကျန်းကလည်း ချက်ချင်းဝင်ပြောခဲ့သည်။
“နေနဲ့လလို ထွန်းတောက်ပါစေ၊ ထင်းရှူးပင်နဲ့ ကြိုးကြာငှက်လို နွေဦးရာသီမှာ အမြဲတမ်းရှိပါစေ”
အဖွားကြီးရှီသည်ကား ဝမ်းသာလွန်း၍ ပါးစပ်ပင် မပိတ်နိုင်ပေ။ သူမက စာဖတ်မျက်မှန်ကို ယူ၍ တပ်ကာ ကျန်းကျန်းကို ကြည့်လိုက်သည်။
“ရှီကျွင့်ကျဲ၊ ဒါ မင်းရဲ့ချစ်သူလား၊ နာမည်ဘယ်လိုခေါ်လဲ”
ရှီကျွင့်ကျဲက ကျန်းကျန်းကို ပြုံးပြ၍ တစ်ချက်ကြည့်လိုက်ပြီး လျင်မြန်စွာ မိတ်ဆက်ပေးသည်။
“အဘွား ၊သူ့မရဲ့နာမည်က လီမင်ကျန်းပါ၊ အိမ်ခေါ်နာမည်ကတော့ ကျန်းကျန်းတဲ့”
“ကျန်းကျန်း၊ နာမည်ကောင်းပဲ”
အဖွားကြီးရှီက ပြုံးရွှင်စွာ ခေါင်းညိတ်လိုက်လေ၏။ ကျန်းကျန်းသည်လည်း သူမ၏ပစ္စည်းများကို ဘေးချ၍ ချိုချိုသာသာ ပြုံးပြလိုက်သည်။
*