အခန်း (၂၄၆)
Vol. 25 Ch. 246
“ဒါက အဘွားနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရတာပါ၊ အဘွားအတွက် ကျွန်မတို့ဒေသက ဒေသထွက်ပစ္စည်းလေးတွေနဲ့ ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားလေးတွေ ယူလာခဲ့ပါတယ်”
ရှီအဖွားကြီး စကားမပြောမီ ရှီစူးမေ့က ရယ်မောလိုက်သည်။
“တောတောင်ချိုင့်ဝှမ်းဘက်ကဆိုတော့ လက်ဆောင်တွေကလည်း မြေကြီးတွေပဲ ဖြစ်မှာပေါ့”
ရှီစူးမေ့က ကျန်းကျန်းကို မထီမဲ့မြင်ကြည့်လိုက်ပြီး သူမက အနည်းငယ်မာနတက်၍ ကြွားဝါစွာ ထပ်မံပြောလိုက်လေသည်။
“ကျွန်မတို့ မိသားစုကတော့ အမေ့ကို သိုးမွေးစောင်တစ်ထည် လက်ဆောင်ပေးထားတယ်၊ အရည်အသွေးကောင်းတယ်၊ သိုးမွေးစစ်စစ်ပါ”
ကျန်းကျန်းက ခဏတာ ကြောင်သွားပြီး ရှီကျွင့်ကျဲကို ကြည့်လိုက်သည်။
ရှီကျွင့်ကျဲက သူမ၏နားအနီးသို့ ကပ်၍ လျင်မြန်စွာ ပြောလိုက်သည်။
“ကိုယ့်ရဲ့အဒေါ်”
ကျန်းကျန်းလည်း ချက်ချင်းပင် ပျိုနီပန်းကို အေးခဲ၍ သေစေလုနီးပါး ဖြစ်ခဲ့သည့် တရားခံမှန်း သိလိုက်သည်။
သူမ၏လုပ်ရပ်များကို စဉ်းစားလိုက်သော် ကျန်းကျန်းတစ်ယောက် သူမက တုံးအကာ ရူးမိုသည်ဖြစ်ကြောင်းကို သိသွားခဲ့ကာ သူမကို အာရုံမစိုက်ဘဲ သူမ(ကျန်းကျန်း)၏လက်ထဲက ပစ္စည်းများကို ဘေးချလိုက်သည်။
ရှီမိသားစု၏ မွေးနေ့ပွဲသို့ လာကြသည့်သူများကား ရှီစူးမေ့ကို အနည်းငယ်ဖြစ်စေ သိကျွမ်းကြသည့် ရင်းနှီးသည့် ဆွေမျိုးမိတ်ဆွေများပင် ဖြစ်သည်။
သို့သော်လည်း ရှီအဖွားကြီးကား မျက်နှာပေါ်၌ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေဆဲပင်။ သူမက ရှီစူးမေ့ကို လှည့်၍ပင် မကြည့်ဘဲ ကျန်းကျန်းကို ပြုံး၍ မေးသည်။
“မင်းရဲ့ဇာတိမြို့က ဟေးခရိုင်က လင်းချန်မြို့လို့ မင်းရဲ့အန်တီလင်းဆီကနေ ကြားခဲ့ရတယ်၊ အဲ့ဒီနေရာက တကယ်ကိုကောင်းမွန်တဲ့နေရာပဲ၊ ထူးချွန်တဲ့သူတွေရှိပြီး ချောမောတဲ့သမီးတွေလည်း ရှိတယ်”
“အဲဒီလိုပဲ မဟုတ်ဘူးလား”
ရှီကျွင့်ကျဲ၏ အကြီးဆုံးအဒေါ်က ရယ်မော၍ပြောလိုက်သည်။
“ကျွင့်ကျဲက မျက်စိကောင်းလွန်းတယ်လို့ ခုနကပဲ ပြောနေခဲ့တာ၊ သူသဘောကျတဲ့ မိန်းကလေးကလည်း တကယ်ကို မဆိုးလှဘူး”
သူမက ရှီစူးမေ့ကို တစ်ချက်ကြည့်၍ သက်ပြင်းချလိုက်သည်။ လူများစွာက ကျန်းကျန်း၏ ဖြူဖွေးနူးညံ့သည့် အသားအရေ၊ ရှည်လျားနက်မှောင်တောက်ပြောင်သည့် ဆံပင်၊ ကွေးညွှတ်နေသည့် မျက်လုံးတစ်စုံနှင့် ချိုမြိန်သည့် အပြုံးကို ကြည့်ပြီး ရှီစူးမေ့ကို ကြည့်မိကြသည်။
မတိုင်မီပင် သူမသည် ရှီကျွင့်ကျဲ၏ ချစ်သူက ရွာသူရွာသားတစ်ယောက်ဟု ပြော၍ လှောင်ပြောင်ခဲ့သည်။
သို့သော်လည်း တစ်ဖက်မှမိန်းကလေးမှ နတ်သမီးလေးကဲ့သို့ လှပသည့်မိန်းကလေးတစ်ယောက်ဖြစ်နေလေ၏။ သူမ၏မျက်နှာကို နာနေသည်လားကို မသိနိုင်ပေ။
ရှီအဖွားကြီးသည်ကား စိုးရိမ်ပူပန်ချင်းများကို အလျင်စမသိရှိသည့် သူမ၏သမီးဖြစ်သူက ဤမိန်းကလေး၏ လက်ဆောင်ပေးခြင်းကို နုံချာလှသည်ဟု ပြောသည်ကို သတိရမိသည်။
ထို့ကြောင့် လူများစွာရှေ့၌ သူမက ဤကလေးကို ချီးကျူးရမည်ဟု တွေးတောခဲ့သည်။
သူမ၏မြေးအတွက် ဤကဲ့သို့လှပသည့်မိန်းကလေးမျိုးက အလွန်လိုက်ဖက်လှသည်ပင်။
ရှီကျွင့်ကျဲအတွက်ဆိုလျှင် ရှီအဖွားကြီးက ကောင်းကောင်းသိပြီး သူ၏ အမြင်အာရုံသည်လည်း အလွန်အမင်း မြင့်မားကြောင်းကို သိထားခဲ့သည်။
“ဒီတော့ မင်း ငါ့အတွက် ဘယ်လိုပန်းချီကားမျိုး ရေးဆွဲပေးခဲ့တာလဲ”
ရှီအဖွားကြီးက ကြင်နာစွာ ပြုံး၍ မေးလိုက်သည်။
“အဘွားကို ပြလို့ရမလား”
ကျွင့်ကျဲသည်ကား ကျန်းကျန်း၏ ပန်းချီကားများကို ကြာရှည်စွာ ချီးကျူးခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် အဘွားဖြစ်သူ၏စကားကိုကြားလိုက်ရချိန်တွင် သူက ကြွားဝါဖို့ရန်အတွက် အလွန်ပင် စိတ်မရှည်တော့ဘဲ ပုံလိပ်ကိုဖွင့်၍ ရှီအဖွားကြီးအား ပြသလိုက်သည်။
အံ့ဩစွာနှင့် သက်ပြင်းရှိုက်သံတို့ကိုကြားလိုက်ရသော် ရှီကျွင့်ကျဲက အဖွားလီနှင့် လီမူဝူတို့ အဘယ်ကြောင့် သူတို့ ကျန်းကျန်းအကြောင်းကို ကြွားဝါရသည်ကို သဘောကျသရည်လဲဟူသောအကြောင်းပြချက်အား သူနောက်ဆုံး၌ သိသွားခဲ့ရသည်။
အခြားသူများစွာ၏ အံ့ဩတုန်လှုပ်နေသည့် ပုံစံများသည်ကား အမှန်တကယ်ကြီးမားသည့် အောင်မြင်မှုကို ခံစားရနိုင်သည့် ခံစားချက်မျိုး ဖြစ်စေသည်ပင်။
ကျန်းကျန်းရေးဆွဲထားသည့် “လိပ်၊ ကြိုးကြာနှင့် ပျိုနီ” ပန်းချီကားကို ကြည့်ရင်း ရှီအဖွားကြီးသည်က သုံးကြိမ်ဆက်တိုက် “ကောင်းလိုက်တာ” ဟု ပြောကြားခဲ့ပြီး နံရံကို ပြန်ကြည့်ကာ နံရံ၌ မူလက ချိတ်ဆွဲထားသည့် ပန်းချီကားကို ညွှန်ပြပြီးပြောလိုက်သည်။
“ကျွင့်ကျဲ၊ အဖွားအတွက် အဲဒီပန်းချီကို ချပေးစမ်းပါ၊ ပြီးရင် အဲဒီနေရာမှာကျန်းကျန်းဆွဲထားတဲ့ “လိပ်၊ ကြိုးကြာနှင့် ပျိုနီ” ပန်းချီကားကို ချိတ်လိုက်၊ ဒီပန်းချီကားကို အဘွား သဘောကျတယ်”
မူလကတည်းက ကျန်းကျန်းကား ထိုပန်းချီကားကို အလွန်ကောင်းမွန်စွာ ဆွဲထားခြင်းပင်ဖြစ်ချေသည်။
သို့သော်လည်း ရှီအဖွားကြီးက ကျန်းကျန်း၏ ပန်းချီကားများကို အလွတ်သဘောကျသည်ဟု ရှင်းရှင်းလင်းလင်း ပြောကြားလိုက်သည့် ခဏတာအတွင်း အခန်းထဲ၌ ချီးကျူးသံများ ပြည့်နှက်သွားပြီး ရှီကျွင့်ကျဲမှ ပန်းချီကားကို ချိတ်ဆွဲပြီးသည်အထိ အချိန်အတန်ကြာအောင် ချီးကျူးနေကြဆဲပင် ဖြစ်နေခဲ့သည်။
ရှီစူးမေ့၏ အသိဉာဏ်နည်းပါးမှုသည်ကား သူမသည် မကောင်းသည့်အချက်ပင်ဖြစ်ပေသည်။ အထူးသဖြင့် လင်းရှို့လန်၏ အနာဂတ်ချွေးမကို သူမ၏မျက်လုံးထဲ၌ ရန်သူအဖြစ် မုန်းတီးနေခြင်းပင်။
“ဒါက ပိုက်ဆံနဲ့ ဝယ်ထားတာမှ မဟုတ်တာ၊ ဘာများ ကောင်းလို့လဲ”
သူမက မကျေမနပ် ရေရွတ်လိုက်လေ၏။ ထို့နောက် ရှီစူးမေ့သည်ကား ရှီကျွင့်ကျဲ ကိုင်ထားသည့် အနီရောင်အိတ်ကို တစ်ချက်ကြည့်လိုက်သည်။
အိတ်ကို ကိုင်ထားသည့်အတွက် လုံးဝန်းနေသည်ကိုသာတွေ့ရပြီး မည်သည်မှ မမြင်ရပေ။
ရှီစူးမေ့သည်ကား လှောင်ပြောင်ရယ်မောလိုက်ပြီး အနီရောင်အိတ်ကို ညွှန်ပြ၍ မေးလိုက်သည်။
“ဒါဘာလဲ အိုး မဟုတ်ဘူးလား”
ကျန်းကျန်းတစ်ယောက် စိတ်ပျက်သွားရပြီး ရှီစူးမေ့ကို တစ်ချက်ကြည့်လိုက်သည်။
ထိုအမျိုးသမီးက မည်သည်များကို စဉ်းစားနေသည်ကို သူမ မတွေးနိုင်တော့ပေ။ ဤသည်ကား သူမ၏အမေဖြစ်သူ၏ မွေးနေ့ပွဲပင်ဖြစ်ချေသည်။သူမက ဤပွဲကို ဖြတ်နေခြင်းမှာ စိတ်ရောဂါပင်လား။
ရှီအဖွားကြီးသည်ကား အနီရောင်အိတ်ကို ကြည့်ပြီး မည်သည်ကိုမှ မခန့်မှန်းနိုင်တော့သဖြင့် လျင်မြန်စွာပြောလိုက်သည်။
“ဘာပဲပေးပါစေ၊ ဒါတွေက ကလေးရဲ့ စေတနာပဲ၊ ငါ သဘောကျတယ်”
ရှီစူးမေ့၏ ရွဲ့စောင့်သည့်စရိုက်ကို မြင်သော် ကျန်းကျန်းသည်လည်း လင်းရှို့လန်အတွက် သူမ၏မျက်နှာကို ရိုက်ပစ်လိုစိတ် ပြင်းပြနေခဲ့ရပေပြီ။
ထို့ကြောင့် သူမလည်း ပြုံး၍ ပြောလိုက်သည်။
“ဒါတွေက ကျွန်မက ဇာတိမြို့မှာတုန်းက တောင်ပေါ်ကိုတက်ပြီး မြေကြီးတချို့ ကောက်လာခဲ့တာ...”
အမှန်တကယ်အားဖြင့် ရှီစူးမေ့၏ လှောင်ပြောင်သံကား ကျန်းကျန်း၏ စကားမဆုံးမီကတည်းက ထွက်ပေါ်လာခဲ့ပြီ။
“ဒီမြေကြီးကို မိုင်ပေါင်းထောင်ချီကနေ သယ်လာတာလား၊ လွှင့်ပစ်လိုက်စမ်းပါ၊ ငါတို့မိသားစုအိမ်ရဲ့မြေကြီးကို မညစ်ပတ်စေနဲ့”
“ဒေါ်လေးက ဒီနေရာက ရှီမိသားစုဆိုတာ မေ့နေပုံရတယ်၊ ကျန်းကျန်းက ကျွန်တော်နှင့် လက်ထပ်ပြီးရင် သူမလည်း ဒီမိသားစုဝင်တစ်ယောက် ဖြစ်လာမှာပဲ”
ရှီကျွင့်ကျဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ ပြောလာခဲ့သော် ရှီစူးမေ့၏ မျက်နှာမှာ ဖြူဖျော့သွားရသည်။
ရှီစူးမေ့သည်ကား သူမ၏မိသားစုမှ ကန့်ကွက်မှုများကို ဂရုမစိုက်ဘဲ ရှန်မိသားစုနှင့် လက်ထပ်ခဲ့ခြင်းဖြစ်ပေသည်။
လက်ထပ်စဉ်က သူမသည်ကား အလွန်ပင် ဂုဏ်ယူခဲ့လေ၏။ ထိုခဏ၌ သူမက ရှီမိသားစုဝင် မဟုတ်တော့ဟုပင် ပြောခဲ့သေးသည်ပင်။
သို့သော်လည်း ရှန်မိသားစုသည်ကား သူမ ထင်ထားသည့်ကဲ့သို့ သြဇာအာဏာ မရှိခဲ့ဘဲ နေရာတိုင်း၌ မြှောက်ပင့်ပြီး နှစ်သက်မှုကိုရရှိစေရန် ကြိုးးစားနေခဲ့ရသည့်မိသားစုဖြစ်နေလိမ့်မည်ကို သူမ မမျှော်လင့်ခဲ့ပေ။
ထို့ကြောင့် ရှီအဘိုးကြီးက ရှန်ချန်ကျိ၏ အဖေကို လုံးဝ အထင်မကြီးခဲ့ခြင်းသာဖြစ်ပေသည်။
အရေးအခင်း လှုပ်ရှားမှုများအတွင်း၌ အခွင့်အရေးသမားကဲ့သို့ဖြစ်နေသည့် ရှန်မိသားစုကို မည်သူမျှ မကာကွယ်လိုခဲ့ပေ။
ရှန်ကျစ်ချန်သည်လည်း သူ၏ဇနီးနှင့် ကလေးများကို နယ်စပ်သို့ ခေါ်ဆောင်သွားသည်။
ယခုသော် သူ ပြန်လာသော် စက်ရုံ၌ အလုပ်သမားတစ်ယောက်သာ ဖြစ်နေခဲ့သည်။ ရှီစူးမေ့၏ မောင်နှမများနှင့် နှိုင်းယှဉ်လိုက်လျှင် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားနေခဲ့သည်။
ရှီကျွင့်ကျဲ၏ စကားများသည်ကား ရှီစူးမေ့ တင်းတင်းကျပ်ကျပ် ဖုံးအုပ်ထားသည့် အမာရွတ်ကို တိုက်ရိုက် ထိမှန်သွားလေသည်။ သူမက ရုတ်တရက် မျက်နှာဖြူဖျော့သွားပြီး တစ်လှမ်းနောက်ဆုတ်လိုက်သည်။
ရှန်ချင်းရန်က သူမကို အနည်းငယ် တွန်းထုတ်လိုက်သည့်အချိန်မှသာ ရှီစူးမေ့သည် ရုတ်တရက် တိုက်ခိုက်လိုသည့်စိတ်တို့ ပြန်တက်လာခဲ့သည်။
သူမသမီး၏ အနာဂတ်အတွက် သူတို့များစွာကို နှိမ့်ချရမည်။ ရန်ရန်သည်ကား အဖွားရှီ၏ အချစ်ဆုံးကလေး ဖြစ်လာရမည်။ ထိုသို့ဖြစ်လာသည့်အချိန်တွင် ရှီမုသာစုအိမ်သို့ ပြန်လည်ပြောင်းလာရန်အတွက် ဆင်ခြေတစ်ခု ရလာလိမ့်မည်။
ကျန်းကျန်းကတော့ ရှီစူးမေ့ မည်သည်တွေးနေသည်ကို အာရုံမစိုက်ဘဲ ချည်နှောင်ထားသည့် ကြိုးများကို ဖြေလိုက်လေသည်။
ထို့နောက်တွင် အထည်အိတ်က လျှောကျသွားပြီး ပန်းကန်လုံးထက် ပိုကြီးသည့် ဆေးဖက်ဝင်မှိုတစ်မျိုးက လူများစွာ၏ရှေ့၌ ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလို လူပေါင်းများစွာက သူတို့၏ တံတွေးမျိုချသံကို ကြားလိုက်ရသည်။
ကျန်းကျန်းက အနည်းငယ် ရှက်ရွံ့စွာပြုံး၍ ပြောလိုက်သည်။
“ဒါက သမီး တောင်ပေါ်ကနေ ကောက်လာတာပါ၊ မကြိုက်ဘူးလို့တော့ မပြောပါနဲ့”
“ဟားဟား၊ ဒီကလေးက စကားပြောတတ်လွန်းတယ်၊ ဘယ်သူကများ ဒါကို မကြိုက်ဘဲနေနိုင်ရမှာလဲ၊ မင်းကငါ့ကို ရှက်ရွံ့အောင်လုပ်နေတာဘဲ မဟုတ်ဘူးလား”
လူအုပ်ကြီးက တစ်ယောက်ကိုတစ်ယောက် မျက်စိမှိတ်ပြကြပြီး သူတို့၏မျက်လုံးများထဲ၌ လှောင်ပြောင်မှုများ ပြည့်နေခဲ့သည်။
ကျန်းကျန်းသည်ကား ဆေးဖက်ဝင်မှိုများကို လှည့်၍ ရှီအဖွားကြီး၏ရှေ့၌ ကိုင်ထားလိုက်လေသည်။
“ရာစုနှစ်ချီတဲ့ ဆေးဖက်ဝင်မှိုက တောင်ပေါ်မှာ အတော်လေး အဖြစ်များပါတယ်၊ ဒီထက်ပိုပြီး ရှားပါးတာက ဒီဆေးဖက်ဝင်မှိုမှာ သက်ရှည်ကျန်းမာခြင်းအတွက် အက္ခရာလို ပုံစံပါနေတာပါ”
ထိုစကားကိုကြားလိုက်သည်နှင့် ရှီအဖွားကြီးသည်လည်း လျင်မြန်စွာ သူမ၏စာဖတ်မျက်မှန်ကို တပ်ပြီး ပို၍ အသေအချာကြည့်လိုက်သည်။
အမှန်တကယ်ပင်ဖြစ်ပေသည်။ ထိုမှို၏အပေါ်၌ စာလုံးများပါသည်ကို တစ်ချက်ကြည့်လိုက်သည်နှင့် မြင်လိုက်ရပြီး သူမ ရုတ်တရက် အံ့ဩစွာ အော်လိုက်မိသည်။
“စာလုံးတွေက တကယ်ပါတာပဲ၊ လာကြည့်စမ်းပါဦး”
လူများစွာက သိလိုစိတ်ပြင်းစွာ ဝိုင်းအုံလာပြီး စကားများစွာ ပြောလာကြသည်။
“တကယ်ကြီးပဲ”
“ဒါကဘယ်လိုပုံစံနဲ့ တူတယ် ထင်လဲ”
“ဒါက အရမ်းအံ့ဩဖို့ကောင်းတယ်”
“ရှီကျွင့်ကျဲ၊ မင်းရဲ့ချစ်သူက ဘယ်ကလဲ၊ ငါလည်း အဲဒီနေရာကို သွားကြည့်ချင်တယ်၊ ဆေးဖက်ဝင်မှို ဒါမှမဟုတ် တစ်ခုခု ပြန်ယူလာနိုင်လောက်မလားပဲ၊ သူမက သူတို့ရဲ့အရပ်မှာ အဖြစ်များတယ်လို့ ပြောတာ မဟုတ်ဘူးလား”
*