← Chapters

အခန်း (၂၄၇)

Vol. 25 Ch. 247

အခန်း (၂၄၇)

Vol. 25 Ch. 247

သူမ၏ ဘေးပတ်ဝန်းကျင်ရှိလူများ၏ ပြောဆိုကြသည့်စကားများကိုကြားလျှင် ရှီအဖွားကြီးလည်း ခေါင်းကိုက်သွားရပြီး ဆေးဖက်ဝင်မှိုကို သူမ၏လက်နှင့် ဖုံးအုပ်လိုက်ပြီး တခြာစလူများကို ထိတွေ့ရန် ခွင့်မပြုတော့ပေ။

“ငါ့ရဲ့ဆေးဖက်ဝင်မှို ကျိုးသွားရင် ဘယ်လိုလုပ်မလဲ”

ချက်ချင်းဆိုသကဲ့သို့ ရှီအဖွားကြီး၏ ခမည်းခမက်သည်လည်း ရယ်မောချင်စွာနှင့်ပြောလိုက်သည်။

“ဒီလောက်ကြီးတဲ့မှိုကြီးက မြေကြီးပေါ် ပြုတ်ကျရင်တောင် မပျက်စီးလောက်ပါဘူး၊ ထိခွင့်တောင် မပြုဘူးဆိုတော့ အတော်လေးကပ်စေးနဲတာပဲ”

ရှီအဖွားကြီးသည် သူ့ကို မာနကြီးစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကပ်စေးနဲရမှာ‌ပေါ့၊ ဒါက ငါ့ရဲ့ အနာဂတ်မြေးချွေးမလေး ပေးထားတာပဲ”

“အိုး၊ အစ်မရဲ့မြေးချွေးမဘက်က တကယ်ကို အံ့မခန်းပဲ”

လူအုပ်စုကား ပြုံးရယ်လျက် နေရာမှ ခွဲခွာသွားကြကာ သူတို့၏၏နဂိုနေရာသို့ ပြန်သွားခဲ့ကြလေသည်။ အဖွားရှီက ကျန်းကျန်းအား ကြည့်၍ အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။

“သမီးလေး၊ မင်းက အိမ်ကို ပထမဆုံးအကြိမ် လာတာဆိုတော့ အဘွားကလည်း ဘာမှ မပြင်ဆင်ထားလိုက်ရဘူး၊

အခုလို တန်ဖိုးကြီးလက်ဆောင်ကို ပေးတာ မကောင်းပါဘူး၊ ပြန်ယူသွားပြီး သမီးရဲ့ အဖိုးအဖွားတွေ အတွက် ထားခိုင်းလိုက်ပါဦး”

“ကျွန်မတို့မိသားစုအတွက် အိမ်မှာ ရှိပါသေးတယ် အဘွား”

ကျန်းကျန်းက လက်အား အလျင်အမြန် ဝှေ့ယမ်းပြသည်။

“ဒါက ထူးထူးခြားခြား မဟုတ်ပါဘူး၊ ကျွန်မတို့ ပေရှားဒေသမှာ နေတုန်းက ဒီပစ္စည်းမျိုးကို အများကြီး မြင်ဖူးပါတယ်၊ ကျွန်မတို့ရဲ့အဖွားက ဒါကို နေ့တိုင်း ရေသောက်ဖို့အတွက် ရေနွေးတည်တဲ့နေရာမှာ သုံးတတ်တယ်လေ၊ အဘွားလည်း ရေနွေးတည်ချင်ရင် မှိုကို တူနဲ့ တစ်စစီထုရိုက်ပြီး ထည့် သောက်လို့ရပါတယ်။”

အဖွားရှီ၏ ပါးစပ်ကား တွန့်သွားခဲ့ရသည်။

“အဘွား ဒါကို ရေနွေးတည်ဖို့တော့ မဝံ့ရဲပါဘူး၊ဘဒါကို မိသားစုအမွေအဖြစ် ထိန်းသိမ်းထားချင်တယ်”

“ဒါဆိုလဲ သိမ်းထားလို့ရပါတယ်”

ကျန်းကျန်းက ပြုံး၍ သစ်သားသေတ္တာတစ်လုံးအား ထပ်မံကမ်းပေးသည်။

“ဒီတစ်ခုကလည်း အတူတူပဲ၊ အဘွား အလိုရှိသလိုသုံးဖို့ သိမ်းထားလိုက်ပါ”

“ဒါက ဘာလဲ”

ရှီကျင့်ကျဲ၏ အဒေါ်က မနေနိုင်ဘဲ မေးလိုက်သည်။

“ထပာပြီးဒေသထွက် အထူးအဆန်းပဲ မဟုတ်ပြန်ဘူးလား”

“ဒါက တကယ်ပဲတောင်ပေါ်က တူးလာတာပါ”

ကျန်းကျန်းက ပြုံး၍ သေတ္တာအဖုံးအား ဖွင့်ပြလိုက်သည်။

“အရှေ့မြောက်ပိုင်းမှာ ရတနာသုံးမျိုး ရှိတယ်လေ၊ ဂျင်ဆင်း၊ ဒရယ်ချိုနဲ့ ဥလာမြက်”

သေတ္တာအတွင်း၌ ခုနစ်အောင်စ၊ ရှစ်အောင်စခန့် ရှိသည့်ဂျင်ဆင်းကို မြင်ရသည့်အခါတွင် လူအများက အံ့သြတကြီး တွေးလိုက်ကြသည်။

မည်သည့်နေရာတွင် ဤသို့ တန်ဖိုးကြီးသည်ဆေးဖက်ဝင်အပင်အမျိုးအစားပေါကြွယ်ဝပါသနည်း။ သူတို့ကိုလည်း ပြောပြပေးသင့်ပေသည်။ သူတို့သည်လည်း တူးဖော်လိုသည်လေ။

ဤခေတ်အခါ၌ ဂျင်ဆင်းစိုက်ပျိုးသူ ဆိုသည်က မရှိသေးပါချေ။ အများစုသော ဂျင်ဆင်းတူးဖော်သူများကလည်း မျိုးဆက်အလိုက် တောင်ပေါ်သို့တက်၍ ဂျင်ဆင်းတူးဖော်ကြခြင်း ဖြစ်ပေသည်။ သို့သော်လည်း ဂျင်ဆင်းတူးဖော်ခြင်းက အချိန်ကုန်၍ ပင်ပန်းလှသည်။

ဂျင်ဆင်းဆိုသည်က အစဉ်အမြဲ ကြုံတွေ့ရသည့်ဆေးပင်မျိုး မဟုတ်ပါချေ။ ထို့ကြောင့် ပေရှားဒေသ၌ ပရော်ဖက်ရှင်နယ် ဂျင်ဆင်းတူးဖော်သူ နည်းပါးလှသည်။

သူတို့က ဂျင်ဆင်းရှိနေသည့်နေရာအား အမှတ်မထင်တွေ့ရှိခဲ့လျှင်ပင် သတိလက်လွတ်ဖြင့် တုတ်ဖြင့် တူးဖော်နိုင်သော် ဂျင်ဆင်း၏ အမြစ်များအား ထိခိုက်စေနိုင်ပေသည်။

ချန်ပိုင်တောင်မျိုးဆက်ကဲ့သို့ ဂျင်းဆင်းတူးဖော်ခြင်းကို လုပ်ခဲ့သည့် ဘိုးဘွားများ များစွာ ရှိကြနေခဲ့သည်။ သူတို့က နေ့စဉ် ပရော်ဖက်ရှင်နယ် ကိရိယာများနှင့် တောင်ပေါ်တက်ကြ၍ မတူးဖော်မီတွင် သင့်တော်သည့် အခမ်းအနားများလည်း ပြလုပ်ကြလေ့ရှိသည်။

မြေကြီးအား နည်းနည်းချင်းစီ စူးစမ်းကြရပြီး နာရီအနည်းငယ် သို့မဟုတ် တစ်နေကုန်ပင် ကြာနိုင်သည်။ သို့မှသာ တူးဖော်ရရှိသည့် ဂျင်ဆင်းက လုံးဝ မပျက်စီးပဲ အကောင်းပကတိရရှိနိုင်ပေလိမ့်မည်။

ကျန်းကျန်းအတွက်ကမူ ဤနည်းလမ်းနှစ်ခုလုံးအား မသုံးပါချေ။ သူမက မြေကြီးပေါ်သို့ ခြေဖျားဖြင့် ထိလိုက်ရုံဖြင့် တောင်မြေက သူ့အလိုလို နူးညံ့သွားတတ်ပြီး ဂျင်ဆင်းရွက်နှစ်ရွက်က အထက်သို့ ပေါ်ထွက်လာတတ်ကာ အမြစ်ပေါ်မှ အမွေးသေးသေးလေးများပင် မကျန်ဘဲ ဂျင်ဆင်းတစ်ပင်လုံး မြေကြီးထဲမှ ထွက်လာလိမ့်မည်။

တရုတ်လူမျိုးများက ဂျင်ဆင်းနှင့် မှိုနီ ကဲ့သို့ ပစ္စည်းမျိုးများအား အယူသည်းကြလေ့ရှိသည်။

အဖွားရှီသည်လည်း ထိုအထဲတွင်အပါအဝင်ပင်ဖြစ်ပေသည်။ သူမက ဆေးဖက်ဝင် လင်ဇီးမှိုနီအား မြင်ရသည့်အချိန်တွင် ပျော်ရွှင်ရလွန်းပြီး ပါးစပ်ပိတ်မထားနိုင်ခဲ့ပေ။

ဤတောဂျင်ဆင်းအား မြင်ရသည့်အခါတွင်တော့ စိတ်လှုပ်ရှား၍ မျက်နှာတစ်ခုလုံးပင် နီရဲသွားခဲ့သည်။

အဖွားရှီ၏ အကြီးဆုံးသမီး ရှီစူးယွီက ပို၍ အနီးကပ်ကြည့်ရန် ကိုင်းညွှတ်လိုက်ပြီး အဖွားရှီအတွက် ဤကဲ့သို့ မွေးနေ့လက်ဆောင်မျိုး ရရှိသည့်အတွက် စိတ်ရင်းမှန်ဖြင့် ပျော်ရွှင်ခဲ့သည်။

“အမေ၊ ဒါက ကောင်းတဲ့အရာပဲ၊ ဒါကို အမေ နေ့တိုင်းစားနေတဲ့ အားဆေးထဲမှာ ထည့်လို့ရမလားဆိုတာ ဆရာဝန်ကို ခေါ်ပြီး မေးခိုင်းလိုက်မယ်”

“ဒီလိုကောင်းတဲ့ ဂျင်ဆင်းကို ဆေးထဲမှာထည့်ဖို့ဆိုတာ နှမျောစရာကောင်းလွန်းတယ်”

အဖွားရှီက အနည်းငယ် နှမြောတုန်းပင် ။

“ဆေးဆိုင်မှာ ရောင်းတဲ့ တုတ်ချောင်းလောက်ထူတဲ့ တောဂျင်ဆင်းလောက်ဆိုရင်ပဲ လုံလောက်ပါတယ်၊ ဒါကို မိသားစုအမွေအဖြစ်ပဲ ထားချင်တယ်”

ဤစကားအား ကြားရသည့်အခါ ရှီစူးယွီက အကူအညီမဲ့စွာ ပြုံးလိုက်သည်။

“ဒီဂျင်ဆင်းက တခြားအရာတွေထက် ပိုကောင်းတာ မဟုတ်ပါဘူး၊ နှစ်ပေါင်းရာချီ ဂျင်ဆင်းတောင်မှ ကြာရှည်ထားရင် ဆေးဖက်ဝင်မှု အာနိသင်ကို ထိခိုက်နိုင်တယ်လေ။

အမေသာ ဒီလိုရှားပါးပစ္စည်းကို သိုဆည်းသိမ်းလှောင်နေမယ်ဆိုရင် ဒါဟာ တကယ်ကို နှမြောစရာပါပဲ”

ရှီကျင့်ကျဲ၏ အဒေါ် ချန်လဲ့ချင်းကလည်း ခေါင်းညိတ်၍ သဘောတူလိုက်သည်။

“အစ်မကြီး ပြောတာ မှန်ပါတယ်၊ ဒါကို အရင်သိမ်းထားလိုက်ပါ၊ ပြီးတော့ ဆရာဝန်ကို ခေါ်ပြီး စမ်းသပ်ကြည့်လေ၊ သွေးခုန်နှုန်းစမ်းတာကောင်းတဲ့အကြောင်းကို ပြောမယ်ဆိုရင် တရုတ်တိုင်းရင်သမားတော် ကျန်းရန်ကျယ်ပဲ အကောင်းဆုံးဖြစ်မှာပဲ၊

ဒါပေမယ့် သူက အခု လူတွေကိာ လက်မခံချင်တော့ဘူး၊ သွေးခုန်နှုန်းလာစမ်းပေးတာမျိုးလည်း မရှိတော့ဘူး၊ လွန်ခဲ့တဲ့ တစ်ခေါက်က ကျွန်မ မိဘတွေအတွက်တောင် ဖိတ်ဖို့သွားခဲ့သေးတယ်၊ ဒါပေမယ့် မဖိတ်နိုင်ခဲ့ဘူး။”

အဘိုးကြီးရှီ၏ အဆင့်အတန်းက မနိမ့်ကျပါချေ။ သူ၏ အကြီးဆုံးသား ရှီချန်ရှန်း က ယခုဆို မြို့တော်၏ မြို့တော်ဝန်ဖြစ်နေပြီ ဖြစ်သည်။

သို့သော်လည်း သူဖြစ်နေလျှင်ပင် တရုတ်တိုင်းရင်းဆေးဆရာကြီး၏ ရှေ့တွင် ကြွားဝါမ‌နေရဲပေ။

လင်းရှို့လန်က အလျင်အမြန် ပြောလိုက်သည်။

“ဒါဆို တခြားသူကို မေးကြည့်လို့ရတာပေါ့၊ ကျွန်မ ကြားတာ ဆရာချန်ရွှယ်ဝူရဲ့ သွေးခုန်နှုန်း စမ်းသပ်တာကလည်း ကောင်းတယ်တဲ့၊ ဒါပေမယ့် သူက တစ်နေ့ကို လူနာဆယ်ယောက်ပဲ ကြည့်တာလေ၊

ဘယ်သူပဲဖြစ်ဖြစ် နံပါတ်ယူရမယ်လို့ကြားတယ်၊ ကျွင့်ကျဲကို ပြန်သွားကြည့်ခိုင်းပြီး နံပါတ် ဘယ်တော့ ရနိုင်မလဲဆိုတာ ကြည့်ခိုင်းလိုက်မယ်”

ချန်လဲ့ချင်းက ခေါင်းညိတ်သည်။

“ရပါတယ်၊ ဘာပဲဖြစ်ဖြစ် အမေက အနားယူဖို့ပဲလိုတာဆိုတော့ သိပ်အရေးမကြီးပါဘူး”

ရှီကျင့်ကျဲက နားထောင်ရင်း နားထောင်ရင်း တစ်ခုခု မှားနေသည်ဟု ပို၍ ခံစားလာရသည်။

သူက ပြင်သစ်၌ ကြီးပြင်းလာခဲ့ခြင်းဖြစ်ပြီး ပြန်ရောက်လာသည့်အခါတွင်လည်း ပညာသင်ကြားရေး၌သာ အာရုံစိုက်ခဲ့သည့်အတွက် တရုတ်တိုင်းရင်းဆေးပညာအကြောင်းနွင့်ပတ်သက်၍ မည်သည်ကိုမှ မသိခဲ့ပါပေ။

တစ်ခါတစ်ရံ အိမ်ဟောင်းသို့ ပြန်ရောက်သည့်အချိန်တွင် ဆေးနံ့များ ရသည့်အချိန်၌ မေးကြည့်သည့်အခါတွင်လည်း အဘိုးအိုက သူ၏ ကျန်းမာရေးအား ဂရုစိုက်နေသည်ဟုသာ သိရသည်။

ဤနာမည်ကြီး သမားတော်များအကြောင်းကား ဤသည် ပထမဆုံး ကြားဖူးခြင်းပင်။

“သမားတော် ကျန်းရန်ကျယ်၊ သမားတော်ချန်ရွှယ်ဝူ…”

ရှီကျင့်ကျဲက ကျန်းကျန်းအား ငုံ့ကြည့်သည်။

“ဒီနာမည်နှစ်ခုကို ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ၊ ကျွန်တော် အတော်လေးကြားဖူးတယ်လို့ ဘာလို့ ထင်နေတာလဲမသိဘူး”

ရှီစူးယွီက ထိုစကားကို ကြားရသည့်အချိန်တွင် ပြုံးလိုက်ကာ ရှီကျင့်ကျဲအား တစ်ချက်ကြည့်လိုက်သည်။

“ဒီဆရာကြီးနှစ်ယောက်က တကယ်ပဲ ကောင်းတယ်ထင်တယ်၊ တရုတ်ကို ပြန်လာတာ နှစ်အနည်းငယ်ပဲ ရှိသေးတဲ့ ရှီကျွင့်ကျဲတောင် နာမည်ကို ကြားဖူးနေပြီကိုး”

ရှီကျင့်ကျဲက ကျန်းကျန်းအား ကြည့်လိုက်သော်လည်း မည်သည်မှ မပြောခဲ့ပေ။ သို့သော်လည်း ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။

“မကြာသေးခင်က ဆောင်းရာသီကျောင်းပိတ်ရက်မှာ ကျွန်မ အားလပ်ချိန် ပိုရခဲ့တယ်လေ၊ ဒါကြောင့် ရှီကျွင့်ကျဲက တခါတလေ ကျွန်မနဲ့အတူ သမားတော်ကျန်းဆီကို ဧည့်သည်အဖြစ် လိုက်သွားခဲ့ပြီး အဲဒီမှာ သမားတော်ချန်နဲ့ တွေ့ခဲ့တယ်”

ကျန်းကျန်းက ရှီကျင့်ကျဲအား တစ်ချက်ကြည့်လိုက်ပြီး ချိုချိုသာသာ ပြုံးလိုက်သည်။

“သမားတော်ကျန်းက ရှီကျွင့်ကျဲရဲ့ ဟင်းလျာတွေကို အရမ်းကြိုက်တယ်၊ အဘွားက ဆရာကျန်းကို သွေးခုန်နှုန်းစစ်ခိုင်းချင်တယ်ဆိုရင် နည်းလမ်းမရှိတာ မဟုတ်ပါဘူး၊

ရှီကျွင့်ကျဲကို ‘ဗုဒ္ဓနံရံပေါ်ကခုန်ကျော်’ တစ်အိုး ယူသွားခိုင်းလိုက်ပါ၊ ပြီးသွားရင် အဘွားကိုသာ တိုက်ရိုက်ခေါ်သွားခိုင်းလိုက်ရင် သူက အပြင်မှာဘဲနေဆိုပြီး ပယ်ချမှာ မဟုတ်ဘူးလို့ ကျွန်မ အာမခံပါတယ်”

ဤတစ်ကြိမ်၌မူ မိသားစုဝင်များသာမက လင်းရှို့လန်ပါ ပါးစပ်အဟောင်းသားဖြင့် ဤလူငယ်စုံတွဲအား ကြည့်နေခဲ့မိသည်။

ရှီကျင့်ကျဲက တရုတ်တိုင်းရင်းဆေးဆရာကြီးနှင့် မည်သည့်အခါက သိကျွမ်းခဲ့သည်နည်း။ သူမ အဘယ်ကြောင့် မသိရသည်နည်း။

ရှီကျင့်ကျဲက အနည်းငယ် စိတ်မကောင်းဖြစ်နေပုံဖြင့် ကျန်းကျန်းအား ကြည့်သည်။

“ကိုယ့်ကြောင့် သမားတော်ကျန်းကို ပြသနာဖြစ်စေမှာလား”

ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။

“တကယ်တော့ သမားတော်ကျန်းက သွေးခုန်နှုန်းစစ်ရတာကို မကြိုက်တာ မဟုတ်ပါဘူး၊ သူ ကျွန်မအိမ်ကို သုံးလေးရက်တစ်ခါ လာတာ မမြင်ဘူးလား၊ တစ်ယောက်နှင့် တစ်ယောက် ခင်မင်ရင်းနီးပြီး ပျော်စရာကောင်းပါတယ်၊ ဒါပေမယ့် သူက လူမှုရေးပြသနာတွေနှင့် အရှုပ်အထွေးတွေလုပ်တာကိုတော့ မကြိုက်ဘူး”

သူမက အဖွားရှီအား အလွန်ချိုသာစွာ ကြည့်လိုက်သည်။

“အဘွားက ပြင်ပလူ မဟုတ်ဘူးလေ၊ မဟုတ်ရင် ကျွန်မ ဒီလိုလုပ်ရဲမှာ မဟုတ်ဘူး”

“ဒီလိုဆိုရင်တော့ မင်းကို ကျေးဇူးတင်ပါတယ်ကွယ်”

*

All Chapters