အခန်း (၂၄၈)
Vol. 25 Ch. 248
အဖွားရှီက ကျန်းကျန်း၏ လက်အား ကိုင်ထားပြီး မလွှတ်တော့ပေ။ သူမက ပျော်ရွှင်၍ မျက်လုံးပင် ပိတ်ဆို့တော့မတတ် ပြုံးရယ်နေခဲ့သည်။
“ဒီတစ်ခါ အဘွားကို သမီးက ကူညီလိုက်တာပဲ”
ဤစကားများအား ကြားရသည့်အချိန်တွင် ဤနေရာ၌ ရှိသည့်လူအများက မနာလိုဖြစ်သွားကြသည်။
မည်သို့ပင်ဖြစ်စေ အသက်ကြီးလာလျှင် ဤသို့အဆင်မပြေမှုများ ရှိမြဲပင်။ အစွမ်းထက်သည့် ဆရာဝန်နှင့် တွေ့၍ ခန္ဓာကိုယ်အား ဂရုစိုက်ပေးနိုင်ပါက နောက်ထပ် နှစ်အနည်းငယ် ပိုနေနိုင်ပေသည်။
သို့သော်လည်း ဤလူများက ကျန်းကျန်း၏ စကား၏ အဓိပ္ပာယ်အား နားထောင်၍ လက်ရှိအခြေအနေအား ကောင်းစွာသိနေကြသည်။
ဤသည်ကား ကောင်မလေးက အဖွားကြီး၏ သွေးခုန်နှုန်းအား သမားတော်ကျန်းမှ စစ်ဆေးပေးရန်အတွက် ကူညီကာ အခွင့်အရေးပေးခြင်းပင် ဖြစ်သည်။
ရှီကျင့်ကျဲက အဖွားရှီနှင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းမှ ထိတွေ့ဖူးသော်လည်း အစဉ်အမြဲ ပြုံးနေတတ်သည့် ဤအဖွားအိုအား သူ အလွန်နှစ်သက်လှသည်။
ကျန်းကျန်းက အဖွားဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေသည်ကို မြင်ရသည့်အချိန်တွင် သူက ချက်ချင်း ပြုံး၍ ပြောလိုက်သည်။
“ဒီည ပြန်ရောက်ရင် ကိုယ် ဟင်းကို ချက်ချင်း လုပ်ပေးပါ့မယ်၊ မင်းရဲသအဘွားလဲ စားချင်နေတယ် ထင်ပါတယ်၊ သူတို့အတွက်လဲ တစ်အိုးချက်ပေးလိုက်ဦးမယ်”
“ဒါဆို ကျွန်မတို့အဖွားက ရှင့်ကို နောက်ထပ် တစ်လခွဲလောက် ချီးကျူးနေမှာ သေချာတယ်။”
ကျန်းကျန်းက စနောက်သလိုဟန်ပန်ဖြင့် မျက်လုံးမှိတ်ပြသည့်အချိန်တွင် ပတ်ဝန်းကျင်မှ လူအများက သဘောကျစွာဖြင့် ရယ်မောလိုက်ကြသည်။
အဖွားရှီ၏ မှတ်ဉာဏ်များ၌ ရှီကျင့်ကျဲသည်ကား မည်သည့်အခါကမှ စကားပြောသည်၊ ရယ်မောသည်ကို မနှစ်သက်ခဲ့ပေ။
ငယ်ငယ်တုန်းကဆို မျက်နှာအား တန်းတန်းထား၍ နေတတ်သည်။ ယခု ကျန်းကျန်းနှင့် ပျော်ရွှင်နေသည်ကို မြင်ရသည့်အခါ အဖွားရှီ စိတ်သက်သာရာ ရသွားသည်။
သူမ၏မြေးမြစ်များ ဘေးကင်း၍ ပျော်ရွှင်နေရန်သာ သူမ လိုချင်ခဲ့ခြင်း ဖြစ်ပေသည်။
“ဒါဆို သဘက်ခါမနက်စောစော ကျွန်တော် အဘွားကို လာကြိုလိုက်ရမလား”
ရှီကျင့်ကျဲက မေးလိုက်သည်။
“ကောင်းပြီလေ၊ မနက်ဖြန် မနက်ဈေးကို သူနဲ့အတူ သွားတဲ့ပြီးတော့ သမားတော်ကျန်းကို ပြောလိုက်မယ်။”
ကျန်းကျန်းက ဘေး၌ထိုင်နေသည့် မစ္စတာရှီအား ကြည့်လိုက်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။
“အဖိုးလဲ လိုက်သွားချင်လား”
“ငါ မလိုက်ဘူး၊ ငါ့ကိုယ်ခန္ဓာက အကောင်းအတိုင်း ရှိိနေသေးတယ်။”
မစ္စတာရှီသည်ကား လေသံထဲ၌ ဒေါသများ ပြည့်နေခဲ့သည်။ သူ၏ လက်တစ်ဖက်က လက်ဖက်ရည်ခွက်အား ကိုင်ထားပြီး နောက်တစ်ဖက်က သစ်ကြားသီးများအား လှည့်နေလေသည်။
“ငါ့ဘဝမှာ ဆေးဆိုတာကို ဘယ်တော့မှ မသောက်ဖူးဘူး”
“သူ့ကို ဂရုမစိုက်နဲ့”
အဖွားရှီက လက်ဝှေ့ယမ်း၍ မစ္စတာရှီအား တစ်ချက်ကြည့်လိုက်သည်။
“သူ့ဘဝတစ်လျှောက်လုံး ခေါင်းမာခဲ့တာလေ၊ တကယ်တော့ သူက ဆေးဝါးတွေသောက်ရတာရဲ့နာကျင်မှုကို ကြောက်လို့ပဲ”
အဘို့ရှီက လည်ချောင်းရှင်းသလို ချောင်းဟန့်ပြီး မာနကြီးစွာ ခေါင်းကို တစ်ဖက်သို့လှည့်လိုက်လေသည်။ သူက အဖွားရှီ ပြောသည်ကို မကြားချင်ယောင် ဆောင်လိုက်သည်။
ခဏခန့် ပစ်ထားခြင်းကိုခံခဲ့ရသည့် ရှီစူးမေ့က နောက်ဆုံး၌ မနေနိုင်တော့ဘဲ လာ၍ ပြောလိုက်သည် ။
“အမေ၊ အဖေ မသွားဘူးဆိုရင် ကျွန်မ သဘက်ခါ အမေနဲ့ လိုက်သွားပေးမယ်လေ၊ ကျွန်မ အမေနဲ့အတူ အဖော်ပြုပြီး သွားလို့ရတာပေါ့”
“မင်းက ဘာလုပ်မလို့လဲ”
အဖွားရှီက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
“မလိုပါဘူး၊ အဲဒီအခါကျရင် မင်းရဲ့ တတိယယောက်မက ငါ့ကို လိုက်ပို့ပေးပါလိမ့်မယ်”
အဖွားရှီက သူမ၏ ရင်တွင်း၌ မှန်တစ်ချပ်ရှိနေသကဲ့သို့ပင် ခံစားနေရသည်။
သူမ၏ သမီးအငယ်ဆုံးနှင့် လင်းရှို့လန်က ပထမဆုံးအကြိမ် တွေ့တုန်းက အဆင်မပြေခဲ့ပေ။
လင်းရှို့လန်က သူမ၏ မျက်နှာအား ကြည့်၍ သူမ(အဖွားရှီ)အား ပြဿနာမရှာလိုသော်လည်း သူမအား စကားတစ်ခွန်း ပြောလိုနေတုန်းပင်။
ရှီစူးမေ့အား ဆရာဝန်ထံသို့ခေါ်သွားမည်ဆိုလျှင် လင်းရှို့လန်က အလွန်စိတ်ဆိုးပေလိမ့်မည်။
“အမေ”
ရှီစူးမေ့က မျက်နှာရှုံ့မဲ့စွာနှင့် ခြေထောက်အား ဆောင့်နင်းကာ နွဲ့ဆိုးဆိုး၍ ပြောလိုက်သည်။
“ချွေးမတစ်ယောက်က ဘယ်လိုလုပ်ပြီး အမေ့ကို ဂရုစိုက်တတ်မှာလဲ”
လင်းရှို့လန်က စကား ဝင်မပြောသေးသော်လည်း ချန်လဲ့ချင်းကမူ ယခု စိတ်မပျော်တော့ပေ။ သူမက ရှီစူးမေ့အား တစ်ဝက်လောက်ပြုံး၍ စိုက်ကြည့်ကာ လှောင်ပြောင်သရော်လိုက်သည်။
“ဒီနှစ်တွေအတွင်း မင်းရဲ့မိဘတွေကို မင်းကပဲ ဂရုစိုက်ခဲ့တာပဲ ထင်ပါရဲ့”
ရှီစူးမေ့က အသက်ရှူကျပ်သွားသော်လည်း သူမက ရန်တွေ့ရန် သိပ်မရဲရဲပါပေ။
ပထမအချက်မှာ သူ၏ခင်ပွန်း၏ အလုပ်အား သူမ၏တတိယအစ်ကိုက စီစဉ်ပေးခဲ့သည့်အတွက်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ဤနှစ်များအတွင်း ဤအဘိုးကြီးနှင့် အဘွားကြီးအား ဂရုစိုက်ရာ၌ အလုပ်များခဲ့သည့် သူက အမှန်တကယ်ပင် တတိယယောက်မ ဖြစ်နေသည့်အတွက်ပင်။
“ကောင်းပြီ၊ လက်ထပ်ထားတဲ့ သမီးက ဖိတ်စင်တဲ့ရေလိုပဲ သတ်မှတ်လိုက်ကျတာမလား၊ ကျွန်မ ဂရုစိုက်ရတာ မသင့်တော်ဘူးလို့ ထင်ပါတယ်”
ရှီစူးမေ့က လှောင်ပြောင်၍ ထပ်မံပြောလာခဲ့ပြန်သည်။
“အမေ၊ သဘက်ခါ ကျွန်မ အမေနဲ့အတူ လိုက်သွားပါရစေ၊ ကျွန်မ ရန်ရန်ကို မွေးတုန်းက သေသေချာချာ မနေခဲ့ရဘူး၊ အခုဆို ခါးက အမြဲနာနေပြီး လက်တွေကလဲ အေးနေတယ်၊ ဒါကြောင့် အဲဒီသမားတော်ကျန်းကို ကျွန်မကိုပါ ကြည့်ခိုင်းလိုက်မလို့”
ဘေး၌ရပ်နေသည့် ကျန်းကျန်းအား ကြည့်လိုက်မိပြီးအဖွားရှီ၏ အိုမင်းနေသည့် မျက်နှာက သူမ၏သမီးငယ်ကြောင့် နီရဲသွားသည်။
“မင်းက ဘာလို့ ဒီလောက် မျက်နှာကြီးနေရတာလဲ ၊ မင်းအတွက် ဆရာဝန်ကို ကိုယ်တိုင် သွားရှာချေ”
“ကြည့်ပါဦး၊ အမေ ဘာလို့ စိတ်ပူနေရတာလဲ”
ရှီစူးမေ့က သူမ၏အမေ အဘယ်ကြောင့် ဒေါသထွက်နေသည်ကို အမှန်တကယ် နားမလည်ခဲ့ပေ။
“အဲဒီ သမားတော်ကျန်းက အရမ်းတော်တာပဲမလား ၊ ကျွန်မ တခြားသူတွေကို မယုံဘူးလေ၊ ပြီးတော့ ဒါက လမ်းကြုံလိုက်ပြီး အဆင်ပြေတဲ့ ကိစ္စပဲကို၊
ကျွန်မ အဲဒီကို သွားရင် သူက ကျွန်မကို သွေးခုန်နှုန်း စစ်ပေးမှာ မဟုတ်ဘူးလား”
ကျန်းကျန်းက ပထမဆုံးအကြိမ် အိမ်သို့ လာခြင်းဖြစ်၍ စကားပြောရန် အဆင်မပြေပေ။ ရှီကျင့်ကျဲက သူမ၏လက်အား ဆုပ်ကိုင်၍ နူးညံ့စွာ ပြုံးပြလိုက်သည်။
“စိတ်မကောင်းပါဘူး အဒေါ်၊ သမားတော်ကျန်းက အဒေါ့်ရဲ့ကို သွေးခုန်နှုန်း စစ်ပေးမှာ မဟုတ်ဘူးလို့ ထင်ပါတယ်”
ရှီစူးမေ့က စိုက်ကြည့်နေသည်ကို မြင်ရသည့်အခါ ရှီကျင့်ကျဲက လှောင်ပြောင်သလို ပြုံးလိုက်သည်။
“သမားတော်က ဘယ်ကြောင်၊ ဘယ်ခွေးကိုမှ ပေါ့ပေါ့တန်တန် မကုဘူးလို့ တစ်ခါက ပြောဖူးပါတယ်”
တကယ်တမ်းတွင်တော့ ကျန်းရန်ကျယ်က ပုံမှန်အားဖြင့် လမ်းလျှောက်ထွက်သည့်အခါ လူနာ၏ မျက်နှာအား ကြည့်၍ ဖျားနာနေသည်လောဟူ၍ သိနိုင်ပါသည်။
အခြေအနေဆိုး သို့မဟုတ် အရေးပေါ်အခြေအနေမျိုး ကြုံလာလျှင် အဘိုးကြီးက သူ့အား အသိအမှတ်ပြုမပြု ဂရုမစိုက်ပါပေ။
ငှက်လှောင်အိမ်အား ချ၍ သွေးခုန်နှုန်းအား စမ်းသပ်ပေးပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖျားနာသူ များစွာက နံနက်စောစော ပေရှားဒေသ၌ လှည့်ပတ်၍ ဒဏ္ဍာရီလာ တရုတ်ဆရာဝန်နှင့် တွေ့ရန် အခွင့်အရေး ရမလားဟူ၍ ကြည့်လိုကြသည့်အတွက်ပင်။
သို့သော်လည်း ရှီစူးမေ့ကဲ့သို့ လူမျိုးအတွက်ကမူ မျက်နှာအား တိုက်ရိုက် ရိုက်ခြင်းကပင် ပိုမိုကောင်းမွန်သည်ဟု ဆိုနိုင်လိမ့်မည်။
ရှီစူးမေ့၏ မျက်လုံးများက တွန့်သွားခဲ့ရသည်။
“နင့်ရဲ့အဒေါ်ကို ဘာလို့ ဒီလိုမျိုးပြောနိုင်ရတာလဲ”
ရှီကျင့်ကျဲက တောင်းပန်သလို ပြုံးလိုက်သည်။
“စိတ်မကောင်းပါဘူး အဒေါ်၊ ဒါက ဆရာကြီးရဲ့ မူရင်းစကားတွေပါ၊ ကျွန်တော် ပြန်ပြောပြရုံပါပဲ”
ရှီစူးမေ့က လည်ပင်းတွင် ဆို့နင်၍ စကားမပြောနိုင်ဖြစ်သွားသည့်အခါ ဘေးနားမှ တစ်ဦးက ချက်ချင်း ရယ်မောလိုက်သည်။
“စူးမေ့၊ မင်းရဲ့ပြသနာက အရေးကြီးကိစ္စ မဟုတ်ပါဘူး၊ ဆေးဆိုင်ကိုသွားပြီး ဆရာဝန်တစ်ယောက်ကို သွားပြကြည့်လို့ရပါတယ်၊
သမားတော်ကျန်းရဲ့ စိတ်နေစိတ်ထားက တကယ်ကို ထူးဆန်းလွန်းတယ်၊ မင်းက ငယ်သေးပြီး ဘာမှအရေစတကြီး မဖြစ်သေးပါဘူး၊ အပြင်းအထန် ဖျားနာနေတာ မဟုတ်ဘူးဆိုရင် သူ့ရဲသတံခါးဝကို သွားခဲ့ရင်တောင် သူက မင်းကို သွေးခုန်နှုန်း စစ်ပေးမှာ မဟုတ်ဘူး”
“မှန်တယ်”
တစ်ဦးက ထပ်မံပြောလိုက်သည်။
“မင်းအတွက် သမားတော်ကျန်းကို ပြဖို့က သမားတော်ကျန်းရဲ့ အချိန်ကို ဖြုန်းတီးတာ မဟုတ်ဘူးလား”
ရှီစူးမေ့က ရှက်ရွံ့စွာဖြင့် နှုတ်ခမ်းအား ကိုက်လိုက်သည်။
ဤသည်က သူမ၏ယောက္ခမနှင့် သူမ၏ခင်ပွန်းက အရည်အချင်းမရှိ၍ ဖြစ်ရမည်ဟု သူမ ခံစားလိုက်ရသည်။
တစ်ဦးက မလုံလောက်သည့် ပင်စင်လစာသာ ရရှိပြီး နောက်တစ်ဦးက အလုပ်သမားဖြစ်နေသည်။
ထို့ကြောင့် လူအများက သူမအား ဆန့်ကျင်နေခြင်းပင်။
ယောက္ခမက တစ်နှစ်တာလုံး ရာထူးအား ဆက်ထိန်းထားနိုင်ခဲ့လျှင် သူတို့က ယခုကဲ့သို့ တစ်နေ့လုံး လှောင်ပြောင်သည့် အကြည့်များဖြင့် ကြည့်ရန် သေချာပေါက် လုပ်ရဲမည် မဟုတ်ပေ။
ရှီစူးမေ့က တခြားသူများနှင့် အဆင်မပြေသည်က တခြားသူများ၏ အမှားဟုသာ အစဉ်အမြဲ ခံစားခဲ့ရသည်။
သို့သော်လည်း သူမ၏ စကား၊ အပြုအမူ၊ လုပ်ရပ်များက မည်မျှ စက်ဆုပ်ဖွယ်ကောင်းသည်ဟူ၍ သူမ မစဉ်းစားမိခဲ့ပေ။
ရှီမိသားစု၏ ဆွေမျိုးမိတ်ဆွေများနှင့် ရှီစူးမေ့၏ အစ်မဝမ်းကွဲများက အဘိုးကြီး၏ မျက်နှာအား ကြည့်၍ သူမအား မျက်နှာချင်းဆိုင် လှောင်ပြောင်ကြပြီး သူမ၏အကြောင်းကို နောက်ကွယ်မှ ပြောခဲ့ကာကာ သူတို့အားလုံးက ငြီးငွေ့နေသည့်ပုံစံဖြင့် ကြည့်နေခဲ့ကြသည်။
အဖွားရှီက ဤအရာအားလုံးအား ကောင်းစွာသိနေခဲ့သည်။ သူမ၏သမီးက အလားအလာရှိမည်ဟု သူမ မမျှော်လင့်ပါပေ။
သူမ အသက်ရှင်နေတုန်း သူမကို ပိတ်ဆို့မထားရန်သာ လိုလားရုံဖြစ်ခဲ့သည်။
သူတို့အဘိုးအဖွားများ သေဆုံးသွားလျှင်မူ ရှီစူးမေ့၏ ချစ်ခြင်းမေတ္တာရရှိမှုသည်ကား သူမ အလိုရှိသကဲ့သို့သာ လုပ်ဆောင်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ သူမ မြင်နိုင်ျော့မည် မဟုတ်သည်မဟုတ်လော။
ရှီစူးမေ့က သမားတော်ကျန်းထံသို့ သူမနှင့်အတူ သွားရန် စီစဉ်နေသည်ကို မြင်ရသည့်အခါ အဖွားရှီက သူမ၏အတွေးများအား ဖြတ်တောက်လိုက်သည်။
“မင်းရဲ့အလုပ်ကိုသာ သွားလုပ်လိုက်ပါ၊ မင်း သူ့ဆီမှာပြသချင်ရင် အလှည့်ကျခွင့်ပြုချက်တင်ထားလိုက်၊ မင်း မစောင့်နိုင်လောက်အောင် နေလို့မကောင်းဘူးဆိုရင် ဆေးရုံကိုသွား၊
သဘက်ခါ မင်းရဲ့တတိယယောက်မက ငါနဲ့အတူ လိုက်သွားပေးလိမ့်မယ်၊ ငါ တစ်ယောက်တည်းပဲ သွားမယ် မင်း စိတ်မပူနဲ့။”
ရှီစူးမေ့က မကျေမနပ်ဖြင့် ညည်းညူလိုက်သည်။
“ကျွန်မတို့ မိသားစုက ရတဲ့လစာတွေဆိုတာက ဘယ်လိုလုပ်ပြီး ဆရာဝန်ပြဖို့ ပိုက်ဆံရှိမှာလဲ ၊ ကျွန်မက လွဲပြီး ကျွန်မတို့ မိသားစုမှာ ဘယ်သူမှ ပိုက်ဆံ မပြတ်လပ်ဘူး၊
ဒါကိုတောင် ဘယ်သူမှ ကျွန်မကို မကူညီချင်ကြဘူး၊ အားလုံးက ကျွန်မကို တစ်လမှာ ဆယ်ယွမ်စီလောက် ပေးရင်တောင် ကျွန်မက အခုထက် ပိုကောင်းတဲ့ နေ့ရက်တွေကို ရနေလောက်လိမ့်မယ်”