← Chapters

အခန်း (၂၄၉)

Vol. 25 Ch. 249

အခန်း (၂၄၉)

Vol. 25 Ch. 249

အသက်ရှည်စာလုံးပါဝင်သည့် ဆေးဖက်ဝင် မှိုနက်နှင့် နှစ်တစ်ရာ သက်တမ်းရှိဂျင်ဆင်းတို့ကို မြင်သည့်အခါတွင် မဒမ်ရှီက ရှီစူးမေ့ကို လုံးလုံးလျားလျား လျစ်လျူရှုလိုက်တေားသည်။

သူမအနေဖြင့် ရှီစူးမေ့ကဲ့သို့ အကြွေးလာတောင်းသူ သမီးတစ်ဦးကို မွေးဖွားရခြင်းမှာ ကံမကောင်းသက်သက်သာဖြစ်သည်ဟု တွေးမိရသည်။

သို့သော် သမီးကြီးများနှင့် သားများသည်ကား သူမအပေါ် မည်သည့် အကျိုးကျေးဇူးကိုမျှ မတင်ထားခဲ့ကြပါချေ။ အဘယ်ကြောင့် သူမဆီသို့ တစ်လကို ဆယ်ယွမ် ပေးရမည်နည်း။

ဤသည်မှာ လူများကို စိတ်ပျက်မှုနှင့် ဒေါသကိုသာ ခံစားရစေသည်။

မဒမ်ရှီက ဂျင်ဆင်းထည့်ထားသော သေတ္တာကို ချန်လဲ့ချင်းအား ပေးလိုက်ပြီး သူမ၏ တန်ဖိုးကြီးသော ဆေးဖက်ဝင်မှိုကို ပွတ်သပ်ရင်းပြောလိုက်လေသည် ။

“သမီးကြီး၊ မင်းရဲ့သားလေးကို ခေါ်ပြီး ဒီအးမိသားစုဘဏ္ဍာပစ္စည်းနှစ်ခုကို အိမ်ထဲမှာ သွားထားပေးပါဦး”

ချန်လဲ့ချင်းသည်လည်း ဂျင်ဆင်းကို အပြုံးတစ်ခုနှင့် ယူလိုက်ပြီး သားဖြစ်သူနှင့်အတူ ထွက်ခွာမည့်အပြု၌ မဒမ်ရှီက ရှီစူးမေ့ကို ကြည့်ကာ စိုးရိမ်တကြီး လှမ်းမှာလိုက်ပြန်သည်။

“ဗီဒိုထဲမှာထည့်ထားနော်၊ ငါ့အတွက် သော့ခတ်ဖို့ မမေ့နဲ့ဦး”

“ကောင်းပါပြီ၊ စိတ်မပူပါနဲ့ အမေ”

ချန်လဲ့ချင်းသည်ကား ယောက္ခမဖြစ်သူ၏စကားကြောင့် ရယ်ချင်စိတ်ကို ထိန်းချုပ်ရင်း သစ်သားသေတ္တာကို သယ်ဆောင်သွားပြီး သူမ၏ သားကို ဆေးဖက်ဝင်မှိုနက်သယ်ခိုင်းလိုက်ကာ အဖွားကြီးရှီ၏ အိမ်သို့ သွားခဲ့ကြသည်။

အဖွားကြီးသည်လည်း နံရံပေါ်ရှိ ပန်းချီကားကို ပြန်လှည့်ကြည့်ပြီး ပြောလိုက်ပြနာသည်။

“အခု မွေးနေ့ပြီးရင် ဒီပန်းချီကားကိုလည်း ငါ့အိမ်မှာပဲ ထပ်ချိတ်မယ်”

ပတ်ဝန်းကျင်မှ လူများသည်ကား လည်ပင်းများကို ဆန့်ကာ သက်ရှည်မှိုနက်နှင့် နှစ်တစ်ရာ ဂျင်ဆင်းတို့ သူတို့၏ အမြင်မှ ကွယ်သွားခြင်းကို ကြည့်နေကြပြီး မလိုလားစွာနှင့် သက်ပြင်းချလိုက်ကြသည်။

မတိုင်မီက မွေးနေ့ပွဲအတွင်းအခြေအနေ မကောင်းသည်ကို မြင်သည့်အချိန်တွင် မဒမ်ရှီ၏ ခမည်းခမက်သည်လည်း အခြေအနေကိုပြန်ထိန်းရန်အတွက် တမင်ပင် မကျေနပ်ဟန်ဆောင်ပြီး မျက်လုံးပြူးကာ ပြောလိုက်သည်။

“အစ်မ ၊ ကျွန်မတို့ကို နည်းနည်းလောက် ပိုပြီး မကြည့်ခိုင်းတော့ဘူးလား၊ ဘာလို့ ဒီလောက်တောင် နှမြောနေရတာလဲ၊ ကျွန်မတို့က တစ်ခုခုလုပ်မှာ ဒါမှမဟုတ် မကောင်းတာတွေဘာတွေ လုပ်မှာကို ကြောက်နေတာလား”

ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည့် မဒမ်ရှီသည်ကာ့ သူမနှင့် နောက်ပြောင်ရခြင်းကို ပျော်ရွှင်နေပြီဖြစ်ပြီးပြန်ပြောလိုက်လေသည်။

“မင်းရဲ့မြေးအကြောင်းကိုလည်း ငါတွေးနေတာ၊ မင်းပြောကြည့်လိုက်၊ တကယ်လို့ မင်းက မနာလိုဖြစ်ပြီး အိမ်ပြန်ရောက်လို့ အိပ်လို့မရဘူးဆိုရင် မင်းရဲ့မြေးကိုလည်း ငါ့ရဲ့ ကျန်းကျန်းလိုမျိုးကောင်းမွန်ပြီး သိတတ်တဲ့ ချွေးမကို ရှာခိုင်းလိုက်လေ၊ သူတို့ဘယ်မှာရှာနိုင်မလဲ ကြည့်ရအောင်”

အဖွားကြီးက ဘေးကို လှည့်ကြည့်သည့်အခိုက်တွင် သူမ၏ မြေးလေးသည်ကား ချက်ချင်းပင် ခေါင်းငုံ့သွားခဲ့လေသည်။ သူမလည်း မကျေနပ်ဟန်ဖြင့် ဆူပူလိုက်သည်။

“မင်းက မင်္ဂလာဆောင်သေးဘူးလား”

ထို့နောက် သူမက ပြုံးပြီး ကျန်းကျန်းကို ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။

“ကျန်းကျန်း၊ တကယ်တော့ မင်းတွဲနေတဲ့လူက နောက်ဆုံး လက်ထပ်ရမဲ့သူအဖြစ် သတ်မှတ်လို့ရတာ မဟုတ်သေးဘူးနော် ၊ သင့်တော်တဲ့လူရှိရင် မင်းပြောင်းလဲရမယ်”

သူမက ပြောလိုက်ပြီး ဘေးကိုလှည့်ကည လှည့်လိုက်ပြီး သူမအနီး၌ ရပ်နေသည့် မြေးများ၏ ဘက်ကို လက်ညှိုးထိုးပြကာ ရွှင်လန်းသည့် မျက်နှာဖြင့် ကျန်းကျန်းအား အကြံပြုလိုက်သည်။

“ဒါတွေက ငါ့မြေးတွေပဲ ၊ မင်းကြိုက်တဲ့သူကို ရွေးလို့ရတယ်”

သူမက ရှီကျွင်းကျဲ၏ မှောင်မိုက်နေသည့် မျက်နှာကို ကြည့်ပြီး သူမ၏ မြေးများသည်က ရုပ်ရည်အရ ယှဉ်ပြိုင်နိုင်မည်ဟု မထင်သဖြင့် နှုတ်ခမ်းကို ကိုက်ကာပြောလိုက်သည်။

“တကယ်လို့ မဖြစ်နိုင်ရင် နှစ်ယောက်ရွေးလို့ရတယ်”

လူအများအပြားသည်ကား ဤစကားကို ကြားသည့်အခါ တဟားဟား ရယ်မောလာကြသည်။ ကျန်းကျန်းသည်လည်း ရယ်မောချင်လှ၍ ခါးကိုတောင် မတ်မတ် မနေနိုင်တော့ပေ။

ရှီကျွင်းကျဲက အနည်းငယ်နစ်နာသည့် အမူအရာဖြင့် သူမအား ကြည့်နေပြီး သူ၏ ကိုယ်ပေါ်မှ မှိုင်တွေနေသည့် အမူအရာများသည်ကား အမှန်စင်စစ် ရှင်းလင်းစွာ ပေါ်လွင်နေသည်ပင်။

ကျန်းကျန်းက ရှီကျွင်းကျဲ၏ လက်ကို ခပ်တင်းတင်းစွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏ ကွေးညွတ်နေသည့် မျက်လုံးများကြောင့် ပတ်ဝန်းကျင်မှ လူများလည်း သူမနှင့်အတူ လိုက်ပါရယ်မောမိကြသည်။

“အဘွား၊ ကျွန်မက လက်တွဲဖော်ပြောင်းဖို့ စိတ်ကူးမရှိသေးဘူး၊ စိတ်ကူးရှိလာရင်တော့ အဘွားကို ပြောပြပါ့မယ်”

ရှီကျွင်းကျဲသည်င်း ချက်ချင်းပင် ကျန်းကျန်း၏ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ခိုင်မာစွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ မင်းကို အဲဒီလို စိတ်ကူးတွေ မရှိစေရဘူး”

ရှီကျွင်းကျဲ၏ စကားများသည်ကား မဒမ်ရှီကို နောက်ထပ် ကြင်နာသည့် အပြုံးကို ဖြစ်ပေါ်စေပြီး အလျင်အမြန် ပြောလိုက်သည်။

“ကလေးကို လက်ဆောင်မပေးမိသေးဘူးပဲ၊ ငါ့ရဲ့ မေ့တတ်တဲ့ဦးနှောက်ကို ကြည့်ပါဦး”

သူမသည်ကာ ကျန်းကျန်း၏လက်ကို ဆွဲယူလိုက်ပြီး သူမ၏ လက်ထဲမှ ပျော့ပျောင်းပုံပေါ်ကာ၊ ပြည့်ဝသည့် မြစိမ်းရောင် ကျောက်စိမ်းလက်ကောက် တစ်စုံကို ချွတ်လိုက်ပြီး ကျန်းကျန်း၏ လက်ကောက်ဝတ်၌ ဝတ်ပေးလိုက်လေသည်။

“သမီးလေး၊ ဒါက အဖွားရဲ့ လက်ဆောင်ပဲ”

ကျန်းကျန်းသည်ကား သူမ၏ ယခင်ဘဝ၌ ကျောက်စိမ်းပစ္စရ်းများစွာ မြင်ဖူးခဲ့သည်။

ရုပ်မြင်သံကြား၌လည်း ကျောက်စိမ်းအကြောင်း ပြောဆိုသည်ကို ကြားဖူးပြီး ဝက်သား မစားဖူးသော်လည်း ဝက်ပြေးသည်ကိုမူ မြင်ဖူးသည့်အလား ဖြစ်နေသည်။

ထို့အပြင် ကျန်းကျန်းက နှစ်များစွာ သင်ယူလေ့လာပြီးသည့်နောက် ကျောက်စိမ်းအကြောင်းကိုလည်း များစွာ သင်ယူခဲ့ရသည်။

မဒမ်ရှီ၏ ကျောက်စိမ်းလက်ကောက် တစ်စုံသည်ကား အရေအသွေးကို ကြည့်ပါက အရည်အသွေးမြင့်မားပြီး နူးညံ့သည့် ထိတွေ့မှုက ဤလက်ကောက်များမှာ နှစ်များစွာ ရှိနေပြီဖြစ်သည်ကို ဖော်ပြနေသည်။

“အဖွား၊ ဒါက အရမ်းတန်ဖိုးရှိလွန်းတယ်၊ ကျွန်မ လက်မခံနိုင်ပါဘူး”

ကျန်းကျန်းက လက်ကောက်ကို အလျင်အမြန်ချွတ်ပြီး မဒမ်ရှီအား ပြန်ပေးလိုက်သည်။

သို့သော် မဒမ်ရှီသည်က သူမ၏ လက်ကို ဆုပ်ကိုင်ရင်း မကျေနပ်ဟန်ဖြင့် ပြောလာလေ၏။

“မင်း ငါ့ကိုပေးတဲ့ ဆေးဖက်ဝင်မှိုနက်နဲ့ နှစ်တစ်ရာဂျင်ဆင်းက တန်ဖိုးမရှိဘူးလို့ မင်းပြောချင်တာလား၊ သက်ရှည်အမှတ်အသားပါတဲ့ မှိုနက်လိုမျိုးက နှစ်ရာချီကြာမှ တစ်ခုရှိနိုင်မလားဆိုတာတောင် မသေချာဘူး၊ အဖိုးတန်ရုံသာမက ရှားပါးလည်း ရှားပါးလွန်းတယ်”

ကျန်းကျန်းက သူမ၏ နှာခေါင်းကို အပြစ်ရှိသကဲ့သို့ ထိလိုက်သည်။

သူမ၏ စိတ်ထဲတွင်သာ ပြောလိုက်မိသည်။

“တကယ်တော့ ဒါက မခက်ပါဘူး၊ သက်ရှည်အမှတ်အသားတင်မကဘူး၊ နတ်ရှစ်ပါး ပင်လယ်ဖြတ်ကျော်တဲ့အမှတ်အသားပါလိုချင်ရင်တောင် ကျွန်မ ရှာပေးနိုင်တယ်”

“ဒါ့အပြင် ဒါက အဘွာားရဲ့စေတနာပဲ၊ မင်းမလိုချင်ရင် အဘွားစိတ်ဆိုးရလိမ့်မယ်”

အဖွားကြီးရှီသည်က ခိုင်မာစွာ ပြောလိုက်ပြီးဖြစ်၍ ကျန်းကျန်းလည်း ခေါင်းညိတ်လိုက်သည်။

“အဖွား ကျေးဇူးတင်ပါတယ်”

အဖွားကြီးရှီက ကျန်းကျန်းမှ လက်ကောက်ကို ဝတ်ဆင်ထားသည်ကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ကျောက်စိမ်းလှလှလေးက မိန်းမလှလေးနဲ့ လိုက်ဖက်တယ်လို့ ပြောကြတယ်၊ ငါက အသက်ကြီးပြီ၊ ဒီလက်ကောက်နဲ့ မထိုက်တန်တော့ဘူး၊ ဒီလက်ကောက်တစ်စုံက မင်းလို ပိုင်ရှင်အသစ်ရလို့ ပျော်ရွှင်နေလိမ့်မယ်လို့ ငါထင်တယ်”

အနီးအနားရှိ လူများအားလုံးသည်ကား ဤသည်မှာ မြေး၏ ချွေးမကို အဖွားရှီက အသိအမှတ်ပြုလိုက်ခြင်းဖြစ်ကြောင်း သိမြင်ခဲ့ကြပြီး ချက်ချင်းပင် ရယ်မောကာ လက်ခုပ်တီးလိုက်ကြသည်။

ရှီစူးမေ့ တစ်ဦးတည်းကသာ လက်ကောက်ကို ကြည့်ပြီး မျက်လုံးများ နီရဲလာသည်။

ကလေးဘဝ၌ သူမ၏ မိခင်လက်ထံရှိ လက်ကောက်တစ်စုံကို သူမ အလွန်နှစ်သက်၍ တောင်းဖူးသော်လည်း အဖွားကြီးကမူ လေလံပွဲမှ ဈေးကြီးပေး၍ ပြန်လည် ဝယ်ယူလာခြင်းဖြစ်ပြီး မင်္ဂလာလက်ထပ်ပစ္စည်းဖြစ်သည့်အတွက် သူမအား ပေး၍မရဟုသာ ပြောခဲ့သည်။

ဤမျှ နှစ်များစွာကြာအောင် ရှီစူးမေ့မှာ အပြင်၌ ရှိနေခဲ့ပြီး မိခင်၏ လက်ကောက်တစ်စုံကို အထူးတလည် တွေးတောနေခဲ့သည်။ သူမက သူမ၏ ယောက်မများအား ပေးလိုက်မည်ကိုလည်း ကြောက်ရွံ့နေခဲ့သည်။

ရှီစူးမေ့သည်ကား အဖွားကြီးတွင် ချွေးမသုံးယောက်ရှိသည်ဖြစ်၍ ထိုသုံးယောက်ကိုစိတ်ပူရလိမ့်မည်ဟု ထင်ခဲ့သည်။ သူမက မည်သူကိုမဆို ပေးလိုက်နိုင်ပေသည်။

သမီးနှစ်ယောက်တည်းရှိသည်က ပိုကောင်းမွန်ပေသည်။ အဖွားကြီးက သူမ အသက်ရှင်နေစဉ်၌ မပြောလျှင်ပင် တစ်နေ့နေ့၌ သူမ အနောက်ဘက်သို့ ရောက်သွားပါက ဤလက်ကောက်ကို အမှတ်တရအနည်းငယ်အတွက်အဖြစ် လိုချင်သည်ဟု ပြောဆိုနိုင်သည်။

ထိုအခါ သူမအား မည်သူမှ မကန့်ကွက်ရဲလေောက်ပေ။ သို့သော် နောက်ဆုံး၌ မဒမ်ရှီက ဤဆံပင်ဝါမလေးအား ပေးလိမ့်မည်ဟု သူမ မည်သည့်အခါမျှ မထင်ခဲ့ပေ။

ရှီစူးမေ့တစ်ယောက် ဒေါသထွက်၍ ရုတ်တရက် ထရပ်လိုက်သော်လည်း သူမ၏နောက်မှ လက်တစ်ဖက်က သူမ၏ ပခုံးကို ဆုပ်ကိုင်ထားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

ရှီစူးမေ့သည် သူမ၏သမီးကို လှည့်ကြည့်ပြီး ဒေါသကို ထိန်းချုပ်ကာ ပြောလိုက်လေသည်။

“ဒါက ငါ့လက်ကောက်”

ရှန်ချင်းရန်က သူမ၏ ခေါင်းကို အနည်းငယ် ရမ်းခါပြလိုက်ပြီး အမေဖြစ်သူ၏ နားရွက်ထဲ တိုးတိုးလေး ပြောလိုက်လေသည်။

“သူတို့ထွက်သွားတာကို စောင့်လိုက်ပါဦး၊ ဒါမှမဟုတ် အဖွားရဲ့မျက်နှာက အမေ့ဘက်ကို ပြန်လှည့်လာမှာမဟုတ်ဘူး ၊ အမေအခုသွားရင်တောင် အမေ့ကို ပေးမှာမဟုတ်ဘူး”

ရှန်ချင်းရန်က လက်ကောက်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများ၌ တုံ့ဆိုင်းမှုအရိပ်အယောင်လေး ပေါ်လာခဲ့သည်။

“မဟုတ်ရင် သမီးတို့ ပြန်ပြောင်းနေဖို့ကိစ္စက နှောင့်နှေးသွားရလိမ့်မယ်၊ အခု အရေးကြီးတဲ့ အဲဒီကိစ္စကိုပဲ အာရုံစိုက်သင့်တယ်၊ လက်ကောက်ကို မလိုချင်တာမျိုးမဟုတ်ဘူး ၊ ဒါပေမယ့် ကိစ္စ သေးသေးလေးကြောင့် ကြီးမားတဲ့အရာကို မဆုံးရှုံးပါစေနဲ့ဦး”

ရှီစူးမေ့၏ မျက်နှာသည်ကား ရုတ်တရက် ရုပ်ဆိုးသွားသော်လည်း သူမသမီးဖြစ်သူ၏ အကြံကို နာခံ၍ ထိုင်ခုံ၌ မလှုပ်မယှက် ထိုင်နေခဲ့သည်။

ရှီစူးမေ့သည်ကား ငယ်စဉ်ကတည်းက စိတ်ထဲ၌ မည်သည့်အရာမျှ မရှိခဲ့ပေ။

သူမ၏ မာနကြီးသည့်အကြောင်းကိုမူ ဖော်ပြရန်ပင် မလိုပါချေ။ သို့မဟုတ် သူမသည်ကား ထိုစဉ်အခါက ဤမျှလောက် မဆင်မခြင် ပြုမူမှုများကို ပြုခဲ့မည် မဟုတ်ပေ။

ရှန်မိသားစုမှသား ရှန်ကျစ်ချန်က သူမ၏ နောက်သို့လိုက်ကာ သူမကို မြှူဆွယ်ခဲ့သော်လည်း မိသားစုဝင်များသည်က ဆက်ဆံရေး ဖြတ်တောက်ခဲ့ကြသည်။

*

All Chapters