← Chapters

အခန်း (၂၅၀)

Vol. 25 Ch. 250

အခန်း (၂၅၀)

Vol. 25 Ch. 250

မူလကမူ ရှန်မိသားစုသည် ရှီစူးမေ့အားအမှီပြု၍ ရှီမိသားစု၏ ကြီးမားသည့် သင်္ဘောပေါ်သို့ တက်လိုခဲ့သော်လည်း သူတို့က ဆက်ဆံရေးကို ဖြတ်တောက်နိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။

မည်သည့်အရာပင် ဖြစ်စေ၊ အငယ်ဆုံး ကလေးသည်ကား အိမ်၌ အချစ်ဆုံး ဖြစ်ခဲ့သည်။

သို့သော် ရှီမိသားစုသည်ကား ဤ၉ို့ ထည့်သွင်းစဥ်းစားခြင်း မပြုခဲ့ပါဘဲ သူမအား ဆယ်နှစ်ကြာအောင် တစ်ယောက်တည်း ထားခဲ့မည်ဟု မထင်ခဲ့ပေ။

ရှန်မိသားစုက ဤချွေးမကို အလဟာသ သက်သက် လက်ထပ်ခဲ့ရသည်ဟု ခံစားခဲ့ကြရပြီး သူမအား အချိန်တိုင်း ဆူပူကြိမ်းမောင်းခဲ့လေ့ရှိသည်။

ရှီစူးမေ့သည်ကား ရှန်မိသားစု၌ ဆူပူကြိမ်းမောင်းခံရသည့်အချိန်တွင် သူမ၏ ခေါင်းကိုပင် မထောင်နိုင်ဘဲ အသံပင် မထွက်ရဲခဲ့ပါပေ။

သူမက တစ်နေကုန် ဤမနှစ်မြို့ဖွယ်၊ ရွံ့ရှာဖွယ် ကောင်းသည့် ပုံစံကို ကြည့်နေရသည်။ ထို့အပြင် အမှန်စင်စစ် သူမသည်ကား ထိုစဉ်အခါက အမှန်တကယ်ပင် အချစ်ခံရသည့် အငယ်ဆုံးသမီးဟု ထင်နေခဲ့သည်။

မွေးနေ့ပွဲစတင်လာခဲ့ပြီးနောက် မဒမ်ရှီ၏ ဘေး၌ လူအုပ်စုတစ်စု ထိုင်နေခဲ့ကြသည်။

လူများအားလုံးက ဤသို့ မွေးနေ့ဆုတောင်းစကားများနှင့် မင်္ဂလာစကားများကို ပြောဆိုပြီးသည့်နောက် နေ့လည်စာ စားချိန်နီးပါးပင် ဖြစ်နေခဲ့ပြီ။

စားသောက် စားပွဲကြီးများစွာကို ပြင်ဆင်ထားပြီး ပျော်ပျော်ရွှင်ရွှင် စားသောက်ပြီးနောက်တွင် တချို့လူများသည် တစ်ယောက်ပြီးတစ်ယောက် စတင်ထွက်ခွာသွားကြသည်။

အဖွားကြီးရှီ၏ မျက်နှာသည်က အလွန်ပျော်ရွှင်နေပုံရသည်ကို မြင်သည့်အခါတွင် ရှီစူးမေ့က အမေဖြစ်သူ၏အနားသို့ ထပ်၍ တိုးကပ်လိုက်သည်။

“အမေ၊ ရှန်ချင်းရန်က အမေ့အတွက် ပေးလိုက်တဲ့ သိုးမွေးစောင်ကို ကြည့်ပါဦး၊ အရမ်းထူတယ်လေ၊ အမေ ညကျရင် စမ်းခြုံကြည့်လို့ရတယ်”

မဒမ်ရှီတစ်ယောက် ခဏမျှ စကားမပြောနိုင်ဘဲ သူမအား ကြည့်လိုက်သည်။

“ဆောင်းတွင်းမှာ ငါ့ကို ဒီစောင်ကိုခြုံခိုင်းနေတယ်၊ မင်းက ငါ့ကို အအေးမိပြီး သေစေချင်တာလား”

“ကျွန်မက ရန်ရန် မိသားစုကို ချစ်တတ်ကြောင်း ပြောချင်တာပါ”

ရှီစူးမေ့က ရယ်မော၍ ပြောလိုက်သည်။

“အမေ၊ အခု ရှန်ချင်းရန်က ဆောင်းရာသီကျောင်းပိတ်ထားတာကို သိတယ်မလား? အဲဒါ သူ့ကို လာပြီး အမေနဲ့ အဖော်ရအောင် ခဏလောက် နေခိုင်းပါလား”

“မလိုဘူး၊ ငါက အသက်ကြီးနေပြီဆိုတော့ ဆူညံတာတွေကို မကြိုက်ဘူး။ ပုံမှန်အားဖြင့် ငါက မင်းရဲ့အကြီးဆုံးယောက်မနှင့် အိမ်မှာ အတူနေရတာ ပိုပြီးအဆင်ပြေတယ်”

မဒမ်ရှီသည်ကား ရှီစူးမေ့ မည်သည်အရာကို တွေးနေတောသည်ကို ကောင်းစွာသိနေခဲ့သည်ပင်။

သူမက လက်ရှိ သူမ နေထိုင်ရသည့် အိမ်က မကောင်းဟု ခံစားနေရပြီး ဤခြံဝင်းသို့ ပြန်လည်ဝင်ရောက်လိုနေခြင်းဖြစ်သည်။

သူမက မတိုင်ခင်က ပြောခဲ့သည့်အချိန်တွင် မစ္စတာရှီက ငြင်းဆန်ခဲ့သည်။

ထို့အတွက် သူမက သူမ၏ ကလေးကို ဤနေရာ၌ ဦးစွာ နေခိုင်းပြီး ရက်အနည်းငယ်ကြာသည့်အချိန်တွင် ကလေးကို အကြောင်းပြ၍ သူမ ကိုယ်တိုင်ပါ အတူ နေထိုင်ရန် ပြောလာလိမ့်မည်ဟု ခန့်မှန်းရသည်။

သူတို့က ဆယ်ရက်ခွဲခန့်သာ စောင့်လောက်ပြီး ရှန်ကျစ်ချန်လည်း တရားဝင်ပင် သူမ၏ တံခါးသို့ ရောက်လာနိုင်သည်။

ယခုအလျိန်တွင်တေား သူတို့၏ ထိာကဲ့သို့ ကောက်ကျစ်သည့်အတွေးများအတွက် မဒမ်ရှီတစ်ယောက် အလွန်ပသ် စိတ်ပျက်နေခဲ့ရပြီ။

“ကျွန်မတို့မိသားစုရဲ့ ရန် ရန်က အနှောင့်အယှက်မပေးတတ်ဘူး”

ရှီစူးမေ့သည်ကား ရှန်ချင်းရန်ကို မဒမ်ရှီ၏ ဘေးသို့ အမြန်တွန်းပို့ပေးလိုက်သည်။

“သူမက တခြားသူတွေနဲ့လည်း စကားပြောဖို့ အဖော်နိုင်သေးတယ်လေ၊ သူမ ရှိနေမယ်ဆိုရင် အမေနဲ့ အဖေတို့ အထီးမကျန်တော့ဘူးပေါ့”

“အခုလည်း ငါတို့တွေ အထီးမကျန်ပါဘူး”

မဒမ်ရှီက မျက်ခုံးပင့်မ,၍ ပြောလိုက်သည်။

“ငါ့ရဲ့မြေးတွေက ဘာမှားနေလို့လဲ၊ ရှန်ချင်းရန်မှာ အချိန်ရှိရင် သူမရဲ့(အဖေဘက်က)အဘိုးအဘွားတွေနဲ့ အတူနေခိုင်းလိုက်ပါ၊ ဒီကို လာပြီး ပြေးလွှားမနေစေနဲ့”

ရှီစူးမေ့၏ ဒေါသထွက်နေသည့် မျက်နှာက ကြည့်ရသည်မှာ သူမကို ဆွဲဖြဲချင်နေပုံရသည်။ ထို့ကြောင့်ကျန်းကျန်းလည်း အလျင်အမြန် ထရပ်ပြီး ပြုံး၍ ပြောလိုက်လေသည်။

“ဒါဆို အဘွား ၊ အဘွားလည်း တစ်နေကုန် ပင်ပန်းနေပြီးပြီပဲ၊ စောစောနားလိုက်ပါတော့၊ ကျွန်မ အခု ပြန်လိုက်တော့မယ်”

အဖွားကြီးရှီသည်လည်း ခေါင်းညိတ်လိုက်လေသည်။

“ကောင်းပြီ၊ မင်းမှာ အချိန်ရရင် အိမ်ကို လာလည်ပါဦး”

သူမက ရှီကျွင််ကျဲကို တစ်ခါ ထပ်မော့ကြည့်ပြီး ပြောလိုက်ပြန်သည်။

“ကျန်းကျန်းကို အိမ်ပြန်ပို့ပြီးတာနှင့် မြန်မြန်လေး ဗူဒ္ဓနံရံပေါ်က ခုန်ချဟင်းလျာ ချက်လိုက်ပါဦး”

ရှီကျွင့်ကျဲက ကျန်းကျန်းကို ရှီမိသားစုအိမ်ဟောင်းမှ ပြန်လည်းခေါ်ဆောင်သွားခဲ့လေသည်။

သို့သော်လည်း ကျန်းကျန်း၏ အသိစိတ်သည်ကား ပြသနာရှာချင်နေသည့် နေရာ၌ ကျန်ရှိနေခဲ့သည်။

သူမက ကားထဲ၌ ထိုင်ပြီး အိပ်ချင်ယောင်ဆောင်နေခဲ့ကာ သူမ၏ အသိစိတ်ကမူ ရှီမိသားစု အိမ်ဟောင်းသို့ ပြန်ရောက်နေခဲ့သည်။

“အမေ၊ အမေ ကျွန်မရဲ့သမီးကို အသိအမှတ်မပြုတော့ဘူးလား”

ရှီစူးမေ့သည်ကား ခြေထောက်ကို တဘုန်းဘုန်း ဆောင့်ပြီး မြေပြင်တွင်ပင် လှိမ့်တော့မလို အမူအရာမျိုးဖြစ်နေခဲ့လေသည်။

ရှီစူးယွီ၏ မျက်နှာက မည်းမှောင်သွားပြီး သူမ ရှီစူးမေ့ကို နောက်ဆုတ်သွားစေရန် တွန်းလိုက်သည်။

“မင်း အမေ့မွေးနေ့မှာ ဆူဆူပူပူမလုပ်လို့မရဘူးလား၊ ဒီမှာ အမေ့ရဲ့မွေးနေ့ကို လာပြီး ဆုတောင်းပေးကြတဲ့လူတွေ အများကြီးရှိတယ်၊ မင်း ခဏခဏ ဆူပူနေရင် အရှက်ရစေမယ်ဆိုတာကို မသိဘူးလား”

“ကျွန်မက ရှက်စရာ ဘာရှိလို့လဲ”

ရှီစူးမေ့က ရှီစူးယွီအား လည်ပင်းကိုစောင်းလျက်ကြည့်ကာ ပြောလိုက်လေ၏။

“အမေတောင် ရှက်ဖို့မတွေးတာ ကျွန်မက ဘာကိုရှက်ရမှာလဲ? ကျွန်မတို့မိသားစုမှာ မောင်နှမ ၅ ယောက်ရှိတယ်၊ အစ်မတို့ ၄ ယောက်က ဒီလောက်ထိ ကောင်းကောင်းမွန်မွန်နေနိုင်ပြီး ကျွန်မတစ်ယောက်တည်းကပဲ ဘာလို့ ဒီလောက်တောင် ဆိုးဆိုးရွားရွား နေနေရတာလဲ”

ရှီစူးယွီသည် သူမအား ကြည့်ကာ ဒေါသတကြီး ရယ်မောလိုက်လေသည်။

“နင် အဆင်မပြေရင် နင့်ယောက်ျားဆီကို သွားလေ၊ နင့်ရဲ့ မိဘတွေနဲ့ ဘာဆိုင်လို့လဲ၊ နင့်ရဲ့ ယောက်မတွေကတော့ပြောရမှာ နင့်ကို ပြောရမှာကိုရှက်နေကြတာ၊ မျက်နှာတွေကို ထောက်ထားနေကြတာ၊

ငါ့မှာတော့ ဘာမှပူစရာမရှိဘူး၊ ရှီစူးမေ့ ၊ အိမ်ကို ပြန်လာတာနဲ့ နင်လုပ်တဲ့ အရာက ပြသနာများအောင် ရှုပ်ထွေးမှုတွေလုပ်နေတာပဲ၊ အသိစိတ်ရှိရင် လုံးဝပြန်မလာနဲ့တော့၊ နင့်ကို မြင်ရင် အမေ စိတ်ဆိုးနေရလိမ့်မယ်”

အဖွားကြီးရှီသည်လည်း ရှီစူးမေ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ မျက်နှာအမူအရာက ငြိမ်သက်နေခဲ့သည်။

“ငါ ဒီနေ့ပဲ ပြောလိုက်မယ်၊ နင့်တို့တွေ ဒီကို ပြောင်းရွှေ့နေထိုင်ဖို့ဆိုတ်က လုံးဝ မဖြစ်နိုင်ဘူး၊ ရှန်ချင်းရန် လည်း မဖြစ်နိုင်ဘူး”

ရှန်ချင်းရန်၏ မျက်နှာသည်ကား နီရဲလာခဲ့ပြီး မဒမ်ရှီအား ဒေါသတကြီးဖြင့် တစ်ချက်ကြည့်ကာ ထရပ်ပြီး နောက်သို့လှည့် ထွက်သွားခဲ့သည်။

“ရှန်ချင်းရန်!”

ရှီစူးမေ့က ထရပ်ပြီး သမီးဖြစ်သူကို နှစ်ခါ အော်ခေါ်လိုက်သည်။

ရှန်ချင်းရန်က သူမ၏ ခေါင်းကို ပြန်မလှည့်တော့ဘဲ ခြံထဲမှ ထွက်သွားသည်ကို မြင်သည့်အခါ သူမက မဒမ်ရှီအား အလွန်ဒေါသတကြီး ကြည့်လိုက်လေသည်။

“ကောင်းပြီ၊ အိမ်ထောင်ကျသွားတဲ့ သမီးကို ပြန်လာနေဖို့ လက်မခံနိုင်ရင်လည်း ရတယ်၊ ထားလိုက်ဦး၊ ဒါပေမဲ့ ခုနက လက်ကောက်အတွက်တော့ ရှင်းပြချက် ပေးရမယ်။”

“လက်ကောက်..”

မဒမ်ရှီသည် တအံ့တဩ ဖြစ်သွားခဲ့ရသည်။

“ငါ့လက်ကောက်အတွက် ငါက ဘာလို့ နင့်ကို ပြောနေရမှာလဲ”

“ဒါဆို လက်ကောက်ကို ဘာလို့ ခုမှတွေ့တဲ့ အဲဒီမြေးချွေးမလောင်းကို ပေးသင့်တာလဲ၊ နောင်ပိုင်းမှာ ဘာတွေဖြစ်လာမယ်ဆိုတာ မသိသေးတဲ့ မြေးချွေးမကို ဘာလို့ ပေးလိုက်ရတာလဲ၊ အမေ ..တခြားမြေးတွေ စိတ်ဆိုးမှာ မကြောက်ဘူးလား”

အဖွားကြီးရှီ၏ မိသားစုဝင်များအားလုံးတွင် ရှီကျွင့်ကျဲမှလွဲ၍ တခြားသူများ အားလုံး နေရာတွင် ရှိနေခဲ့သည်။

မြေးများသည်ကား ရှီစူးမေ့ ဤသို့ ပြုမူသည်ကို မြင်သည့်အခါ ဒေါသထွက်နေခဲ့ကြပြီး သူမက သူတို့ကိုပါ ထပ်၍ ဆွဲသည်ကို မြင်သည့်အခါ အားလုံးက ခေါင်းကို ခါရမ်းပြီး ပြောလိုက်ကြသည်။

“ကျွန်တော်တို့တွေ ဘာမှ မပြောပါဘူး၊ သူမက တွေ့ဆုံဖတဲ့လက်ဆောင်အဖြစ်အဲဒီလိုမျိုး တန်ဖိုးရှိတဲ့လက်ဆောင်ကို ပေးတာ၊ သူမကို အဲဒီ လက်ကောက်ပြန်ပေးတာက ပြန်လည်လက်ဆောင်လို့ သတ်မှတ်နိုင်တဲ့အတွက် ဘာမှမမှားပါဘူး”

ရှီစူးမေ့က သူတို့အား မယုံကြည်နိုင်စွာ ကြည့်လိုက်လေသည်။

“နင်တို့ ရူးနေတာလား”

သူမက စကားမပြောနိုင်စွာဖြင့် ခေါင်းကို ခါရမ်းပြီး အကြီးဆုံးယောက်မနှင့် တခြားသောယောက်မတို့ကို လက်ညှိုးထိုးလိုက်သည်။

ချန်လဲ့ချင်းသည်လည်း ချက်ချင်းပင် ပြောလိုက်လေသည်။

“ငါကတော့ ဘာမှ ပြောစရာမရှိပါဘူး၊ အကုန် အဆင်ပြေပါတယ်”

ဒုတိယချွေးမသည်လည်း ခေါင်းညိတ်လိုက်သည်။

“ဒီကောင်မလေးက အရမ်းလှပတယ်”

ရှီစူးယွီက လှောင်ပြောင်လိုက်လေသည်။

“နင်က တခြားသူတွေကို နင့်လိုမျိုး ဆက်နွယ်မှုတွေကို မတွေးဘဲ လိုချင်တာတစ်ခုကိုပဲ တွေ့နေတယ်လို့ ထင်နေတာလား၊

နေ့တိုင်း နေ့တိုင်း နင့်ရဲ့ မျက်လုံးထဲမှာပဲ ပိုက်ဆံတွေကို တွက်ချက်တာကလွဲရင် တခြားဘာတွေရှိနေသေးလဲ၊

ရှီစူးမေ့၊ ငါပြောလိုက်မယ်၊ နင် ဒီနေ့ဖြစ်နေတဲ့ အခြေအနေကို နင် ဘယ်သူ့ကိုမှ အပြစ်တင်နေစရာမလိုဘူး၊ ဒါတွေအတွက် နင်ကိုယ်တိုင်ပဲ ရွေးချယ်ခဲ့တာ”

မဒမ်ရှီသည်ကား သက်ပြင်း မချဘဲ မနေနိုင်တော့ပေ။

“တခြားမိသားစုတွေက လစာတစ်ခုတည်းနဲ့ တစ်မိသားစုလုံး ထောက်ပံ့နိုင်တယ်၊ နင်တို့နှစ်ယောက်က နှစ်ယောက်စာတောင် လစာရနေတဲ့သူတွေပဲ၊ အဲဒီလစာက နင်တို့နေထိုင်ဖို့ လုံလောက်တယ်”

ရှီစူးမေ့ကိုယ်ပေါ်ရှိ ခေတ်ဆန်သည့် အဝတ်အစားများကို ကြည့်ပြီး မဒမ်ရှီတစ်ယောကင ခေါင်းကို ခါရမ်းလိုက်မိသည်။

“နင် စားချင်သလောက်စားနေလို့ရတယ်၊ တခြားသူတွေရဲ့ ဘဝတွေကိုတော့ တစ်နေကုန်လိုက်ပြီး မနှိုင်းယှဉ်နဲ့၊ တခြားသူတွေ ရတာက သူတို့ရဲ့ ကိစ္စပဲ၊

သူများကို မနာလိုဖြစ်နေမယ့်အစား နင်ကိုယ်တိုင် ဘယ်လိုကောင်းမွန်အောင် နေရမလဲဆိုတာ စဉ်းစားသင့်တယ်”

All Chapters