← Chapters

လွှမ်းမိုးနိုင်သော အင်ပါယာနန်းတော်

Vol. 157 Ch. 2235

လွှမ်းမိုးနိုင်သော အင်ပါယာနန်းတော်

Vol. 157 Ch. 2235

ကြယ်ကောင်းကင်လောကအတွင်း ရီဖူရှင်းသည် ကောင်းကင်၌ ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ကြည့်လိုက်သည်။ သူ ထင်ထားသလိုပင် စီဝေ့မဟာအင်ပါယာ၏ လက်ထဲမှ ကောင်းကင်စာလိပ်က ကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် သော့ချက် ဖြစ်ပေသည်။

ယခု သော့ချက်ကို ရှာဖွေတွေ့ရှိပြီ ဖြစ်သည်။

ကောင်းကင်မှ ထိုးဖောက်လာသော နတ်အလင်းကို ခံစားမိပြီး ရီဖူရှင်းသည် စီဝေ့မဟာအင်ပါယာ၏ စွမ်းအားများက ရှင်သန်လာသည်ကို ခံစားမိခဲ့ပေသည်။

ကြယ်ကောင်းကင်အောက်တွင် အလွန် လွှမ်းမိုးနိုင်သော အရှိန်အဝါကို ခံစားမိပေသည်။ ရီဖူရှင်းက ခေါင်းကို ငုံ့ကာ တောက်ပသည့် ကြယ်အလင်းများကို ကြည့်လိုက်သည်။ စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်သည် သူ၏ ကျင့်ကြံသူများကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး ထိုနေရာသို့ ရောက်လာသည်။ ထိုအခိုက်အတန့်တွင် သူတို့က ကြယ်ကောင်းကင်အောက်သို့ ရောက်ရှိလာပြီး ထိုနတ်ပုံရိပ်ကို မော့ကြည့်လိုက်ကြသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး အပြင်ဘက်လောကမှ ကျင့်ကြံသူများက သိမ့်သိမ့်တုန်သွားလေသည်။ သို့သော် သူတို့သည်လည်း တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားခဲ့ပေသည်။

စီဝေ့အင်ပါယာနန်းတော်က သူတို့ကို အသုံးပြုနေသည်မှာ အမှန်ဖြစ်ပုံရသည်။ နှစ်ပေါင်းများစွာအတွင်း စီဝေ့အင်ပါယာနန်းတော်သည် ကြယ်ကောင်းကင်၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်ရန် ဤသော့ချက်အား ရှာဖွေမတွေ့ရှိနိုင်ခဲ့ပေ။ ယခု စီဝေ့မဟာအင်ပါယာနှင့် စီဝေ့ကြယ်ကမ္ဘာ၏ ပြင်ပကမ္ဘာဖြင့် ပတ်သတ်မှုကို ကန့်သတ်ထားသည့် သတ်မှတ်ချက်က ပျက်ပြယ်သွားပြီး ပြင်ပကမ္ဘာမှ ကျင့်ကြံသူများကို ​ဤနေရာသို့ လာခွင့်ပြုထားကာ စီဝေ့မဟာအင်ပါယာ၏ ချန်ရစ်ခဲ့သော အမွေအနှစ်ကို ရှာဖွေစေခဲ့သည်။

ထို့ကြောင့် သူတို့က ဤပြင်ပမှ ကျင့်ကြံသူများကို စီဝေ့မဟာအင်ပါယာ၏ ကျင့်ကြံရာမြေဖြစ်သည့် ဤကြယ်ကောင်းကင်သို့ ဝင်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် ထိပ်ဆုံးမှ ပုဂ္ဂိုလ်များကို ထိုနေရာသို့ ဝင်ရောက်ခြင်းမှ ကန့်သတ်ထားရခြင်းမှာ ထိုထိပ်သီးပုဂ္ဂိုလ်များက အရှုပ်အထွေးအတွင်းသို့ ပါဝင်လာသည့်အခါ ကြယ်ကောင်းကင်၏ လျှို့ဝှက်ဆန်းကြယ်မှုက စီဝေ့အင်ပါယာနန်းတော်သည်ပင် အခြေအနေကို ထိန်းချုပ်ရန် ခက်ခဲပေလိမ့်မည်။

​ထို့ပြင် ဤနေရာရှိ ကျင့်ကြံသူများကြားတွင် ထိပ်သီးပုဂ္ဂိုလ်ကြီးများ မရှိသည့်အတွက် အခြေအ​နေက ထိန်းချုပ်ရန် လွယ်ကူပြီး မည်သူကမှ အမှန်တကယ် စိန်ခေါ်မှု ပြုလုပ်လိမ့်မည် မဟုတ်ပေ။

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ ရောက်လာပြီးနောက် သူတို့က ထိုနေရာ၌ ရပ်ကာ ကြယ်ကောင်းကင်မှ အပြောင်းအလဲများကို စောင့်ကြည့်နေခဲ့သည်။ နန်းတော်သခင်က တည်ငြိမ်စွာ ကြည့်လိုက်ပြီး ကောင်းကင်မှ စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်ကို အရိုအသေပေးလိုက်သည်။ သူသာလျှင် မဟုတ်ဘဲ စီဝေ့အင်ပါယာနန်းတော်မှ လူတိုင်းသည်လည်း အတူတူပင် ဖြစ်၏။ ဤသည်မှာ သူတို့ ကြည်ညိုလေးစားသော နတ်ဘုရား​ဖြစ်ပြီး စီဝေ့ကြယ်ကမ္ဘာ၏ အရှင်သခင် ဖြစ်သည်။

စီဝေ့အင်ပါယာနန်းတော်သခင်သည် ကြယ်ကောင်းကင်ရှိ ကျင့်ကြံသူများကို ကြည့်လိုက်ပြီး မဟာအင်ပါယာ၏ နတ်ရောင်ဝါကို ဆက်ခံထားသည့် ရှစ်ယောက်အား မြင်သည့်အခါ သူက ကျယ်လောင်စွာ ပြောလိုက်သည်။ "ဒီကြယ်ကောင်းကင်က စီဝေ့မဟာအင်ပါယာ ကျင့်ကြံခဲ့တဲ့ နေရာတစ်ခုပဲ။ ကြည့်ရတာ လူတိုင်းပဲ တချို့တလေ ရခဲ့ကြပုံပေါ်ပြီး တချို့ဆို မဟာအင်ပါယာတွေရဲ့ စွမ်းအားကိုတောင် ဆက်ခံနိုင်ခဲ့တယ်။ ဒါက စိတ်ကျေနပ်စရာ အကောင်းဆုံး အဆုံးသတ် ဖြစ်လိမ့်မယ်။ ကျုပ်တို့ ဒီနေရာမှာ ရှိတဲ့ ကိစ္စတွေကို ဖြေရှင်းရဦးမှာမို့လို့ လူတိုင်း ကျေးဇူးပြုပြီး ပြန်ပေးကြပါ။"

ကြယ်ကောင်းကင်၏ လျှို့ဝှက်ဆန်းကြယ်မှုက ဖြေရှင်းပြီးသွားပုံရတာကြောင့် သူတို့က အပြင်လူများကို ဤနေရာ၌ မရှိစေချင်တော့ဘဲ ပြန်ရန် တောင်းဆိုလိုက်ကြပေသည်။

ဤနေရာသို့ အပြင်လူအားလုံး ရောက်မလာကြပေ။ သိသာစွာပင် ဤနေရာက သူတို့ အလွယ်တကူ သွားနိုင်သော နေရာမဟုတ်ဘဲ စီဝေ့အင်ပါယာနန်းတော်က ဤကြယ်လေဟာနယ်အတွင်း ဝင်ရောက်သည့် လမ်းကြောင်းကို အလွယ်တကူ ဖြတ်သန်းခွင့်ပြုလိမ့်မည် မဟုတ်ပါချေ။

စီဝေ့အင်ပါယာနန်းတော်သခင်၏ စကားများကို ကြားသည့်အခါ လူအများက ထူးဆန်းသော အမူအရာတို့ကို ပြသလာသည်။ အမှန်တကယ်ပင် စီဝေ့အင်ပါယာနန်းတော်က သဘောကောင်းသော အိမ်ရှင် မဟုတ်ပေ။ သူတို့က ကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်ကို ဖြေရှင်းရန် အပြင်လူများကို အသုံးပြုခဲ့ပြီး ယခု ဖြေရှင်းပြီးသည့်အခါ သူတို့က အပြင်လူများကို မောင်းထုတ်ချင်နေသည်။ သို့မှသာ ဤကြယ်ကောင်းကင်ကမ္ဘာကို သူတို့ကိုယ်တိုင် သိမ်းပိုက်ချင်နေပေသည်။

သူတို့က ထိုသို့ အသုံးချပြီး သစ္စာဖောက်သော လုပ်ရပ်ကို လုပ်ဆောင်ခဲ့ကြပေသည်။

သို့သော် မည်သူကမှ မလှုပ်ရှားကြပေ။ အထူးသဖြင့် နတ်စွမ်းအားကို ဆက်ခံနေဆဲ ဖြစ်သည့် ရှစ်ယောက်က မည်သို့ ထွက်သွားနိုင်ပါမည်နည်း။ သိသာစွာပင် သူတို့က ထိုသို့လုပ်ဆောင်ရန် ဆန္ဒမရှိကြပေ။ အခြားသော ကျင့်ကြံသူများအတွက်လည်း အတူတူပင် ဖြစ်သည်။ နောက်ဆုံး၌ ကြယ်ကောင်းကင်မှ အပြောင်းအလဲများကို မြင်လိုက်ရပြီးနောက် စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်က ပေါ်ပေါက်လာနေကာ လူတိုင်းက မျှော်လင့်စောင့်စားနေကြသည်။ သူတို့က ယခု အခြေအနေရောက်မှ မည်သို့ ထွက်သွားချင်ပါလိမ့်မည်နည်း။

မည်သူကမှ ထွက်မသွားချင်ကြပေ။

ထိုသည်မှာ ရီဖူရှင်းအတွက်လည်း အတူတူပင် ဖြစ်သည်။ ရှင်းလင်းစွာပင် သူက အရာအားလုံးကို နားလည်ပေသည်။ ဤလျှို့ဝှက်ဆန်းကြယ်မှုက သူ့ကြောင့် အရာအားလုံး ဖြေရှင်းပြီးလုနီးပါး ဖြစ်သွားခဲ့ရသည်ဟု ပြောနိုင်သော်လည်း ယခု သူတို့က သူ့ကို ဖယ်ထုတ်ပစ်ချင်နေသည်လား။

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ရှေ့သို့ လျှောက်လာကြပြီး နန်းတော်သခင်က တောင်ဝှေးတစ်ခုကို ကိုင်ထားကာ လွှမ်းမိုးနိုင်စွမ်းသော အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။ ထို့ပြင် သူ့နောက်မှ ကျင့်ကြံသူများက ဖိနှိပ်ခြင်း မဟာလမ်းစဥ်ကို ထုတ်လွှတ်ထားကြပေသည်။

ထိုအချိန်၌ ကြယ်ကောင်းကင်အောက်တွင် အားလုံးသော ကျင့်ကြံသူများက အလွန် အစွမ်းထက်လှသော ဖိနှိပ်ခြင်းကို ခံစားမိခဲ့ပေသည်။ အချို့က လှုပ်ရှားချင်သော်လည်း မဟာလမ်းစဥ်ဖိအားအောက်တွင် သူတို့က အသက်ရှုရန်ပင် ခက်ခဲလာခဲ့သည်။

ထိုကျင့်ကြံသူများက သူတို့အားလုံးကို ချက်ချင်း မောင်းထုတ်ပစ်ချင်နေသ​ည်လား။

စီဝေ့အင်ပါယာနန်းတော်က အမှန်တကယ် စိတ်ပိုင်းဖြတ်ပြီးသား ​ဖြစ်ပုံရသည်။

"လူတိုင်းပဲ နန်းတော်သခင်က မင်းတို့ကို ရက်အများကြီး နေပြီး ကျင့်ကြံဖို့ ခွင့်ပြုထားခဲ့တယ်။ အခု လူတော်တော်များများ မဟာလမ်းစဥ် အခွင့်အလမ်းတွေကို လက်ခံရရထားပြီး မဟာအင်ပါယာရဲ့ စွမ်းအားတွေကိုတောင် ဆက်ခံခဲ့ကြပြီးပြီဆိုတော့ အခု ထွက်သွားဖို့ အချိန်ရောက်ပြီ။ လောဘမကြီးကြနဲ့။" စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။

"စီဝေ့အင်ပါယာနန်းတော်က ကျုပ်တို့ကို ဒီကို ပို့ပေးခဲ့တယ်။ အခု ကြယ်ကောင်းကင်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုက ဖြေရှင်းပြီးသွားတော့ ခင်ဗျားတို့က ကျုပ်တို့ ဖြေရှင်းထားသမျှ အရာအားလုံးကို ယူသွားချင်တာလား။ အတော်လေး ကျိုးကြောင်း မဆီလျော်တာပဲ။" မဟာအင်ပါယာ၏ စွမ်းအားကို ဆက်ခံနေရသည့် နတ်အလင်းများဖြင့် လွှမ်းခြုံခံထားရသော ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ သူ့အပေါ်တွင် နတ်အလင်းက ဖြာကျနေပြီး သူ၏ အရှိန်အဝါက ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ထွက်ပေါ်လာနေသည်။ သူက ဖိနှိပ်ခြင်းကို လုံးဝမခံရသလိုပင် ဖြစ်၏။

လူတိုင်းက ထိုနေရာကို ကြည့်လိုက်သောအခါ ၎င်းတို့က အင်ပါယာကြယ်စွမ်းအားကို ဆက်ခံထားသ​ည်အား မှတ်မိလိုက်ကြပြီး သူတို့ထဲမှ အချို့က အဆင့်ရှစ် ကျင့်ကြံသူများဖြစ်ကြောင်း သိလိုက်ကြသည်။ သို့သော် သူတို့က စီဝေ့အင်ပါယာနန်းတော်၏ ကျင့်ကြံသူများနှင့် ယှဥ်နိုင်ရန် အခွင့်အရေး ရှိပါမည်လား။

စီဝေ့အင်ပါယာနန်းတော်မှ လူများက စကားပြောလာသည့် ကျင့်ကြံသူကို ကြည့်လိုက်သည်။ သူတို့သည် ထိူလူများက အင်ပါယာကြယ်၏ စွမ်းအားအမွေအနှစ်ကို ဆက်ခံခဲ့ကြပြီး တိုက်ပွဲတွင် ၎င်း၏ မဟာလမ်းစဥ်စွမ်းအားကို အသုံးပြုနိုင်သည့်အတွက်ကြောင့် ရဲတင်းစွာနှင့် တိုက်ရိုက်စိန်ခေါ်ရဲခြင်း ဖြစ်ကြောင်း သိရှိပေသည်။

ထိုလူများက အပြင်ဘက်လောကမှ ထူးခြားဆန်းကြယ်သော အရည်အချင်းရှိ ပါရမီရှင်များ ဖြစ်ကြသည်။ ထိုသူများက အထွတ်အထိပ်တွင် ရပ်နေသူများ ဖြစ်ကြသောကြောင့် သူတို့က အကြောက်အလန့်မရှိကြခြင်း ဖြစ်ပေသည်။

"အရာအားလုံးကို မင်း ဖြေရှင်းထားတာလား။" စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က စကားပြောလာသူကို ကြည့်လိုက်သည်။ သူ့ အမူအရာက တည်ငြိမ်နေပြီး သူ၏ နက်ရှိုင်းသော မျက်လုံးများထဲ၌ ဂရုမစိုက်မှုတို့ ရှိနေခဲ့သည်။ "ဒီ​နေရာက စီဝေ့ကြယ်ကမ္ဘာဖြစ်ပြီး မင်းတို့က စီဝေ့အင်ပါယာနန်းတော်ရဲ့ ဖြတ်လမ်းကြောင်းကနေ လာခဲ့ကြတာ။ မင်းတို့ကို အခွင့်အရေးပေးခဲ့တာ ကျုပ်တို့ပဲ။ ဒါပေမယ့် အခု ဒီနေရာက မင်းတို့နဲ့ သက်ဆိုင်တယ်လို့ ထင်နေတာလား။"

ကြယ်ကောင်းကင်က ဖိနှိပ်မှုများနှင့် ပြည့်နှက်နေပြီး နှစ်ဖက်လုံးက မတူညီသော အမြင်များကို ဇွတ်တရွတ် ပြောဆိုနေကြသည်။ သို့သော် အစကတည်းက ကျိုးကြောင်းဆီလျော်မှုဟူ၍ မရှိပေ။

"အခု ထွက်သွားကြပါ။ ကျုပ် စွမ်းအားကို ခင်ဗျားတို့အပေါ် မသုံးချင်ဘူး။" စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က လက်ထဲတွင် တောင်ဝှေးကို ကိုင်ထားကာ ကောင်းကင်၌ ရပ်နေခဲ့သည်။ ကြယ်ရောင်များက လှည့်ပတ်နေပြီး ကြောက်မက်ဖွယ် မဟာလမ်းစဥ် စွမ်းအားများက ပြည့်နှက်လာသည်။ အင်ပါယာကြယ်၏ ကောင်းချီးကို ရရှိထားသူများပင် လွှမ်းမိုးချုပ်ကိုင်မှုကို ခံစားမိပေသည်။

သူတို့ခုနစ်ယောက်ထဲမှ တစ်ယောက်က နန်းတော်သခင်ကို မတုံ့ပြန်ကြပေ။ မဟာလမ်းစဥ်အရှိန်အဝါက သူတို့ပေါ်၌ လှည့်ပတ်လာသည့်အခါ သူတို့၏ အမူအရာက မည်းမှောင်လာသည်။ အင်ပါယာကြယ်၏ စွမ်းအားအကူအညီဖြင့် ကြောက်မက်ဖွယ် အလင်းတန်းများ ထိုးထွက်လာလေသည်။ သူတို့က အမွေအနှစ်ကို အပြည့်အဝ မဆက်ခံရသေးသည့်အတွက်ကြောင့် နန်းတော်သခင်က သူတို့၏ အသီးအပွင့်များကို လုယူရန် သူတို့အား ရပ်တန့်ဖို့ရာ ကြိုးစားလျှင်ပင် သူက ၎င်းကို ပြီးမြောက်အောက် လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သူတို့ထဲက မည်သူကမှ တိုက်ရိုက်ရန် တွေဝေနေမည် မဟုတ်ပါချေ။

ဤခုနစ်ယောက်ကြားတွင် အနည်းငယ်ကသာ အဆင့်ရှစ်ရန်​ဟောင်များ ဖြစ်ကြသည်။ အင်ပါယာကြယ်၏ စွမ်းအားအကူအညီနှင့် သူတို့က ရန်ဟောင် အထွတ်အထိပ်အဆင့်မှ ပုဂ္ဂိုလ်ကြီးများနှင့် ရင်ဆိုင်ရသည့်အခါ၌ပင် သူတို့က နောက်ဆုတ်ရန်  မလုပ်ဘဲ ယှဥ်ပြိုင်နိုင်စွမ်းရှိလိမ့်မည်ဟု သေချာနေသည်။ ထိုအချိန်၌ သူတို့က ကိုယ်ပိုင်ခွန်အားကို ဆန်းစစ်နိုင်ပေသည်။

သို့သော် သူတို့က စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်ကို ရင်ဆိုင်ရန် အတော်လေး သေချာမှု မရှိကြပေ။ သူတို့၏ ထင်မြင်ယူဆချက်အရ စီဝေ့ကြယ်ကမ္ဘာ၏ နန်းတော်သခင်သည် မဟာလမ်းစဥ် ဒုတိယအဆင့် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီးသော ကြောက်မက်ဖွယ် တည်ရှိမှု ဖြစ်ပေသည်။ ထိုအဆင့်မှ မည်သူမဆို အင်ပါယာကြယ်၏ စွမ်းအားအကူအညီနှင့်ပင် သူ့ကို ရှုံးနိမ့်စေနိုင်မည်ဟု မသေချာပေ။

ထို့ကြောင့် သူတို့က သတိအနေအထားနှင့် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ အင်ပါယာကြယ်၏ နတ်ရောင်ဝါနှင့် လွှမ်းခြုံခံထားရပြီး သူတို့က ကြီးမားသော စွမ်းရည်တို့နှင့် ပြည့်နှက်နေကာ လာမည့်တိုက်ပွဲအတွက် အသင့်ဖြစ်နေကြသည်။

ကောင်းကင်ထက်တွင် ရီဖူရှင်းက အောက်ဘက်ရှိ အခြေအနေကို တစ်ချက်မျှသာ ကြည့်လိုက်ကာ သူ၏ အာရုံကို ကြယ်ကောင်းကင်၏ အပြောင်းအလဲများထံ ပြန်လည် ပို့ဆောင်လိုက်သည်။ ထို့နောက် သူက နေရာတစ်ခုသို့ လွင့်မျောသွားပေသည်။

"သူ့ကို တားစမ်း။ သူက ကောင်းကင်စာလိပ်ရဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းခဲ့တဲ့ သူပဲ။" စီဝေ့အင်ပါယာနန်းတော်၏ ကျင့်ကြံသူများကြားမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ရုတ်တရက် နန်းတော်သခင်က သူ့မျက်လုံးများကို ရီဖူရှင်းထံသို့ ပို့ကာ လက်ထဲမှ တောင်ဝှေးကို မြှောက်လိုက်သည်။ သူက ကောင်းကင်၌ ရီဖူရှင်း ရှိနေသော နေရာသို့ လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ "ရပ်စမ်း။"

သို့သော် သူက တောင်ဝှေးကို မြှောက်လိုက်သည့် အခိုက်အတန့်တွင် နတ်ဘုရားကဲ့သို့ ပုံရိပ်က အခြားတစ်နေရာမှ ပေါ်ပေါက်လာသည်။ ကြီးမားလှသည့် ကောင်းကင်တူကို ကိုင်ဆောင်ထားသော ရှေးဟောင်းနတ်ဘုရားတစ်ပါးက ပေါ်ပေါက်လာကာ စီဝေ့အင်ပါယာနန်းတော်သခင်ရှိရာ ဘက်သို့ ကြည့်လိုက်သည်။

ကောင်းကင် ထိပ်ဖျားမှ အောက်ခြေအထိ ကြောက်မက်ဖွယ် နတ်အလင်းတို့က အဝေးတစ်နေရာသို့ တိုက်ရိုက် တိုးဝင်သွားကာ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထိုကြောက်မက်ဖွယ် အင်အားကြောင့် ကြယ်ကောင်းကင်က တုန်ခါသွားခဲ့သည်။

သို့သော် စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က နေရာတွင် ခိုင်မြဲစွာ ရပ်နေပြီး သူ့လက်ထဲမှ တောင်ဝှေးကို မြှောက်လိုက်သည်။ ရုတ်တရက် ကြယ်အလင်းလွှာက သူ့အနီးတွင် ပေါ်ပေါက်လာပြီး ကြယ်များက သူ့ကို စောင့်ကြပ်နေသကဲ့သို့ သူတို့အနီးမှ နေရာကို ပိတ်ဆို့တားဆီးထားသည်။

ဘုန်း...

ကောင်းကင်တူက ပြုတ်ကျလာသည့်အခါ ကြယ်အလင်းလွှာက အက်ကွဲသွားသော်လည်း ၎င်းက ကျိုးပျက်သွားခြင်း မရှိပေ။ ၎င်း၏ ကာကွယ်ခြင်းစွမ်းအားက မှန်းဆဖို့ရာပင် ကြောက်မက်ဖွယ် ဖြစ်သည်။

ရှင်းလင်းစွာပင် မျက်မမြင်ထျယ်က ၎င်းကြယ်များ၏ ကြောက်မက်ဖွယ် ကာကွယ်ခြင်းစွမ်းအားကို ခံစားမိပြီး ကြယ်ကောင်းကင်ရှိ ကျင့်ကြံသူများကလည်း အံ့သြထိတ်လန့်မှုကို ခံစားမိကြပေသည်။ ၎င်းက အလွန် အစွမ်းထက်လှသည်။

သူတို့သည် ထိုတိုက်ခိုက်မှုက မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိကြသော်လည်း ၎င်းတို့က အကာအကွယ်ကို မချိုးဖျက်နိုင်ခဲ့ပေ။ နတ်ဘုရားကပ်ဘေး အဆင့်နှစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ပြီးသူ၏ ခွန်အားက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။

ကြယ်များ ဝန်းရံနေသည့် မဟာလမ်းစဥ်နယ်မြေသည် ပြိုင်ဘက်ကင်း အခြေအနေတွင် ရှိလုနီးပါးပင် ​ဖြစ်သည်။

ထို့ပြင် အက်ကြောင်းများက ကြောက်မက်ဖွယ် ကြယ်အလင်းလွှာပေါ်တွင် ပေါ်ပေါက်လာလျှင်ပင် လျင်မြန်စွာ ပြန်လည် ကောင်းမွန်သွားပေသည်။ အချိန်တခဏအတွင်း ၎င်းက ယခင်ကထက် ကောင်းမွန် ပြည့်စုံလာသည်။

စီဝေ့အင်ပါယာနန်းတော်သခင်က ကောင်းကင်အမြင့်သို့ တက်သွားခဲ့သည်။ ရုတ်တရက် ထိုတောက်ပသော ကြယ်အလင်းလွှာက သူနှင့်အတူ လိုက်၍ မြင့်တက်လာသည်။

"သူ့ကို ရပ်တန့်ဖို့ မဖြစ်နိုင်ဘူး ထင်တယ်။" ကြယ်ကောင်းကင်တွင် ရှိနေသည့် ကျင့်ကြံသူများက တွေးလိုက်ကြသည်။ သူတို့က ရီဖူရှင်း ရှိရာဘက်သို့ ကြည့်လိုက်ကြပြီး သူက လေဟာနယ်အတွင်းတွင် အလွန် လျင်မြန်လှသော အရှိန်နှင့် ကြယ်ခုနစ်လုံး စုစည်းရာနေရာသို့ သွားနေသည်ကို ကြည့်လိုက်ကြသ​ည်။ ၎င်းက ကောင်းကင်စာလိပ် ရှိရာ နေရာလည်း ဖြစ်သည်။

ဤမြင်ကွင်းသည် ကျင့်ကြံသူများအားလုံး၏ နှလုံးသားကို ပြင်းထန်စွာ ခုန်လှုပ်လာစေပြီး လူအများကလည်း ခြေလှမ်းလိုက်ကာ တူညီသော နေရာသို့ ဦးတည်လိုက်ကြသည်။ သူတို့က ရီဖူရှင်းကို ယုံကြည်ကြစေသည်။

***

All Chapters