← Chapters

ဗိုလ်မှူး

Vol. 139 Ch. 2077

ဗိုလ်မှူး

Vol. 139 Ch. 2077

ညကန့်လန့်ကာ၏ ဖုံးကွယ်ပေးမှုအောက်တွင် လင်းရီ၏ ခန္ဓာကိုယ်သည် အလင်းတမျှ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် အယောက် နှစ်ဆယ်ကျော် လူအုပ်ကြီးထံ ပြေးဝင်လာခဲ့ပြီး ၎င်းတို့အား တုံ့ပြန်ရန် အချိန်အနည်းငယ်သာ ပေးလိုက်၏။

လင်းရီ ပြေးလာနေသည်ကို မြင်တော့ ဝေကျန်းလုံ အော်ဟစ် အမိန့်ပေးလိုက်သည်။

“ သူ့ကို အရင်သတ် … သူ အသက်ရှင်နေရင် ငါတို့ ထွက်ပြေးဖို့ အခွင့်အရေး ရှိမှာမဟုတ်ဘူး …”

သူ အမိန့်ပေးလိုက်သည်နှင့် လက်အောက်ငယ်သားများက စတင်တိုက်ခိုက်ကြသည်။ ကျောက်တုံဟိုင်၏ ကာကွယ်ပေးမှုအောက်တွင် ဝေကျန်းလုံမှာ ဖြည်းဖြည်းချင်း နောက်သို့ ပြန်ဆုတ်နေသည်။

ရွာထဲတွင် သူတို့ပိုင်ဆိုင်သည့် ကားများ သိမ်းဆည်းထားပြီး အကယ်၍ ထိုနေရာသို့ ရောက်အောင် သွားနိုင်မည်ဆိုပါက လက်ရှိ အန္တရာယ်မှ လွတ်မြောက်နိုင်ကိန်း ရှိသည်။

ဘန်း ဘန်း ဘန်း …

နင်ချဲ့ အကြိမ်ရေ အနည်းငယ် ပစ်ခတ်လိုက်ရင်း ဝေကျန်းလုံတို့ ထွက်ပြေးမည့် လမ်းကြောင်းအား ကြိုတင် တားဆီးလိုက်သည်။

ဝေကျန်းလုံက ဉာဏ်ကောင်းသည့် လူစားမျိုး ပင်။ အခြေအနေက ပရမ်းပတာ ဖြစ်နေသော်လည်းပဲ မြေပြင်အခြေအနေအား အလျင်အမြန် ချင့်တွယ်ကြည့်လိုက်သည်။

ကြည့်ရသည်မှာ ရဲဘက်က ၎င်းတို့၏ အင်အားစုများကို ခွဲပြီး လှုပ်ရှားလာခဲ့ပုံပင်။ အဓိက အင်အားစုက ပင်လယ်ပြင်တွင် ရှိနေပြီး ကမ်းခြေတွင်တော့ စောင့်ကြည့်ရန်အလို့ငှာ ရဲအရာရှိ နှစ်ယောက်သာလျှင် ချန်ထားရစ်ခဲ့သည်။

၎င်းတို့ဘက်က သူ ဤနေရာသို့ ရောက်ရှိလာမည်ကို မျှော်လင့်မထားသည့်ပုံပင်။ ဤအချက်ကို သတိပြုမိလိုက်သည်က သူ့အတွက် ကိစ္စများစွာကို လွယ်ကူသွားစေခဲ့သည်။

သူ လုပ်ဖို့ လိုအပ်သည်က ဤရဲနှစ်ယောက်ကို ရှင်းပစ်ရုံသာ ဖြစ်ပြီး ယင်းကလည်း များများစားစား အားစိုက်ထုတ်ဖို့ မလိုချေ။

သူ ထိုသို့ တွေးတောလိုက်၏။

မည်သို့ပင်ဆိုစေ အရည်အချင်းရှိသည့် အရာရှိများအား နောက်တွင် စောင့်ကြည့်ရန် ချန်ထားရစ်ခဲ့မှာ မဟုတ်ချေ။

“ ဘော့စ် … အခြေအနေ သိပ်မဟန်ဘူး … ကျုပ်တို့ ရွာထဲ ပြန်ဆုတ်မှ ဖြစ်တော့မှာ …” ကျောက်တုံဟိုင် အော်ဟစ်လိုက်သည်။

“ အလျင်မလိုနဲ့ …” ဝေကျန်းလုံ အသက်အားမောဟိုက်စွာ ရှူရှိုက်နေရင်း ပြန်ပြောလိုက်သည်။

“ ငါတို့ရှေ့မှာက ရဲအစုတ်ပလုတ် နှစ်ယောက်လေးပဲ ရှိတာ … မသွားခင် သူတို့ကို အရင်ရှင်းသွားမယ် … သူတို့ကို အချိန်ဆွဲခွင့် ပြုလိုက်ရင် ငါတို့ အချိန်ကုန်တာပဲ အဖတ်တင်မယ် … တကယ်လို့ တပ်ကူတွေ ရောက်လာရင် ငါတို့ ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး …”

ကျောက်တုံဟိုင် သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လက်နက်ကိုင်ထားသည့် လူများထံသို့ အမိန့်ပေးလိုက်၏။

“ အဲ့ ကောင်မကို အရင်သတ် … ငါတို့ မြန်မြန် ကိစ္စဖြတ်ဖို့ လိုတယ်….”

“နားလည်ပါပြီ ..”

သေနတ်ကိုင်ထားသည့် လူများက နင်ချဲ့ထံသို့ ချိန်ရွယ်လိုက်ကြသည်။

ထိုအချိန်တွင် ကျန်သည့် လက်နက်အမျိုးမျိုး ကိုင်ဆောင်ထားသည့် အယောက်နှစ်ဆယ်ကျော်သော လူအုပ်ကြီးမှာ လင်းရီထံသို့ ချီတက်လာလေသည်။

သူတို့၏ တာဝန်ခွဲဝေမှုက လင်းရီနှင့် နင်ချဲ့တို့ လိုချင်သည့်အတိုင်းပင်။

ဝေကျန်းလုံ၏ ဗျူဟာ ပြောင်းလဲလိုက်သည်နှင့် လင်းရီအပေါ် သက်ရောက်နေသည့် ဖိအားကလည်း သိသိသာသာကို လျော့ပါးသွားခဲ့သည်။

နင်ချဲ့မှာ ယခုအချိန်တွင် အစုလိုက် အပြုံလိုက် တိုက်ခိုက်ခံနေရသော်လည်းပဲ ဤလူများ၏ ခြိမ်းခြောက်ခြင်းကို ခံရမည်ဆိုပါက ကျုံးဝေ့တပ်ဖွဲ့၏ အသင်းတစ်သင်းကို ဦးဆောင်ဖို့ အရည်အချင်း ပြည့်မီမှာ မဟုတ်ချေ။

စက္ကန့်အနည်းငယ် အတွင်းမှာပဲ လင်းရီသည် လူအုပ်ကြီးထဲသို့ ရောက်ရှိသွားခဲ့ကြသည်။

ဝေကျန်းလုံ၏ လူအယောက် နှစ်ဆယ်ကျော်က မျက်ဝန်းတို့ နီစွေးလျက် ၎င်းတို့၏ အသက်ကို ပဓာန မထားဘဲ သူတို့၏ လက်နက်များကို လင်းရီထံသို့ ဝှေ့ယမ်းလာကြသည်။

လင်းရီ၏ လက်က နောက်ကျောသို့ ရောက်ရှိသွားခဲ့ပြီး ကာကွယ်ရေး ဓားမြောင်ကို ထုတ်ယူ၍ ၎င်းတို့၏ ရင်ဆိုင်ထိပ်တိုက်တွေ့ဆုံလိုက်သည်။

တောခုတ်ဓားက အရင်ဦးဆုံး သူ့ထံသို့ ခုတ်ပိုင်းလာသည်။ လင်းရီ ဓားမြောင်နှင့် ပြန်ပြီး ခုခံလိုက်၏။

အမှောင်ထုထဲတွင် သတ္တုချင်း ထိခိုက်ပွတ်တိုက်သံတို့ မြည်ဟည်းသွားခဲ့၏။

အလွန်လျင်မြန်စွာ ရွေ့လျားရင်း လင်းရီသည် တောခုတ်ဓားနှင့်လူ၏ ရင်ဘက်ကို ကန်ကျောက်၍ မြေပြင်သို့ လှဲသိပ်ပေးလိုက်၏။ တစ်ဖက်သူမှာ လှုပ်ပင် မလှုပ်ရှားနိုင်တော့ဘဲ သတိလစ်သွားခဲ့လေသည်။

တစ်ယောက် ကျသွားသည်နှင့် လင်းရီ အခြား တစ်ဦးထံသို့ ချက်ချင်း ဦးတည်လိုက်သည်။

လင်းရီအဖို့ .. ဤလူများနှင့် တိုက်ခိုက်ရသည်က အရုပ်သေနတ်များ ကိုင်ထားသည့် သုံးနှစ်အရွယ် ကလေးများအား တိုက်ခိုက်နေရသလိုပါပင်။ ဖိအားအနည်းငယ်မျှ ခံစားရခြင်း မရှိပေ။

ဘန်း ဘန်း ဘန်း ..

လင်းရီ လက်သီးနှင့် ခြေထောက်များအား အသုံးပြုကာ တစ်ယောက်လျှင် တစ်ချက်ထက် ပို၍ လှုပ်ရှားခဲ့ရခြင်း မရှိပေ။ မိနစ်ဝက်အတွင်းမှာပဲ ဝေကျန်းလုံ၏ လူများအားလုံး သူ့လက်ချက်ဖြင့် အကုန် မြေပေါ် မှောက်သွားခဲ့ကြ၏။

ထိုအချိန်တွင် တစ်ဖက်ခြမ်းရှိ သေနတ်သံတို့ကလည်း စတင်၍ အသံလျော့နည်းလာသည်။

လင်းရီ နောက်လှည့်ကြည့်လိုက်သောအခါ ဝေကျန်းလုံ၏ သေနတ်ကိုင်သူများက သွေးအိုင်ထဲ လဲကျနေပြီ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

ပင်လယ်ဘက်ခြမ်းတွင် တစ်ဖန်ပြန်ပြီး ငြိမ်သက်သွားခဲ့၏။ ကမ်းခြေသို့ လှိုင်းပုတ်ခတ်သံများသာလျှင် ရံဖန်ရံခါ ထွက်ပေါ်နေသည်။

သူ့လူများ အနိုင်ယူခံလိုက်ရသည်ကို မြင်တော့ ဝေကျန်းလုံ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားခဲ့တော့သည်။ တိုက်ပွဲစတင်သည်မှာ အချိန် တစ်မိနစ်ပင် မပြည့်သေးသော်ငြားလည်း သူ့လူ အယောက်သုံးဆယ်လုံး အနိုင်ယူခြင်း ခံလိုက်ရသည်။

ဤမြင်ကွင်းက သူ့အတွက် အင်မတန် ရုတ်တရက် ဆန်လွန်းလိုက်၏။

ဘာတွေ ဖြစ်နေလဲဆိုတာကို နားမလည်နိုင်ခင် အချိန်အတွင်းမှာပဲ သူ့လူများအားလုံး မြေပြင်သို့ အသီးသီး မှောက်လျက်သား ဖြစ်သွားခဲ့သည်။

ယင်းက အိပ်မက်မက်နေသလိုပါပင်။

“ မင်း … မင်းတို့ ဒီလောက်တော်နေတာ ဘာလို့ …….”

“ အထင်ကြီးဖို့‌ကောင်းတယ်ဟုတ် ..” နင်ချဲ့ လှမ်းပြောလိုက်၏။ “ ငါတို့ မင်းကို ချန်ထားတယ်ဆိုတာ မင်းဘက်က ဘာကြီးလေးတဲ့ ပြစ်မှုမှ ကျူးလွန်ထားတာ မရှိလို့ပဲ .. တကယ်လို့ မင်းတို့ အကုန်လုံးကို သတ်လိုက်ရင် အချိန်တစ်ဝက်တောင် သက်သာသွားဦးမယ်…”

ဝေကျန်းလုံ၏ အမူအရာမှာ တုန်လှုပ်ခြင်းနှင့် ဝေခွဲရခက်မှုကြားတွင် ရှိနေသည်။ နင်ချဲ့ ဆိုလိုချင်သည်အား သူ သဘောမပေါက်ခဲ့ချေ။

သူ လုပ်ခဲ့သည့် ပြစ်မှုတို့က ထောင်ဒဏ် ဆယ်သက်လောက် ကျဖို့သင့်သည်။ သို့တိုင် တစ်ဖက်က သူ့အား မည်သည့် ကြီးလေးသည့် ပြစ်မှုမျှ ကျူးလွန်ထားခြင်း မရှိဟု ပြောဆိုလာနေသည်။

ထို့ပြင် သူတို့အားလုံးကို သတ်လိုက်မည်ဆိုပါက အချိန်ကုန် သက်သာသွားဦးမည်ဟုပင် ပြောနေခဲ့သေးသည်။ ဤလူများက တကယ်ကြီး ရဲအရာရှိရော ဟုတ်၏လော။

“ မင်းတို့ ဘယ်သူတွေလဲ … မင်းတို့သာ ဒီလောက် အစွမ်းထက်နေရင် ပင်လယ်ထဲ မသွားဘဲ ဘာလို့ ဒီမှာ စောင့်နေလဲ …”

“ အဲ့ ပင်လယ်ထဲက သောက်ရူးတွေအကြောင်း မပြောစမ်းနဲ့ .. အဲ့လိုလုပ်ဖို့ ဘယ်သူစီစဉ်လဲ သိရင် အဲ့ကောင်ကို နားဗန်ကျင်းပေးလိုက်တယ်…” လင်းရီ မြည်တွန်တောက်တီးလိုက်သည။

ဝီးဝေါ် ဝီးဝေါ် ဝီးဝေါ် …

ထိုအချိန်မှာပဲ ရဲကား ဥဩစွဲသံများ ထွက်ပေါ်လာသည်။

“ ဘာတွေ ဖြစ်နေတာ .. ရဲတွေ ဘယ်နားက ရောက်လာတာလဲ…” လင်းရီ ရေရွတ်လိုက်သည်။

“ မသိဘူးလေ… ဘာတွေ ဖြစ်နေလဲ စောင့်ကြည့်ကြတာပေါ့ …” နင်ချဲ့ သာမန်လျှံကာ တုံ့ပြန်လိုက်၏။ “ ဒါပေမယ့် အသံနားထောင်ရတာတော့ ကားအစင်းရေ တော်တော်များမယ့်ပုံပဲ …”

မကြာမီ ရဲကား တစ်ဒါဇင်ခန့် ထိုးရပ်လာပြီး လင်းရီ ၊ နင်ချဲ့နှင့် ကျန်သူများအားလုံးကို ဝန်းရံလိုက်ကြသည်။

ကားထဲမှ ရဲအရာရှိများ လျင်မြန်စွာ ထွက်လာခဲ့ပြီး လင်းရီနှင့် နင်ချဲ့တို့ နှစ်ဦးကို သေနတ်များဖြင့် ချိန်ရွယ်ထားကြလေသည်။

“ မလှုပ်နဲ့ … လက်တွေ လေပေါ်မြှောက်ထား …”

၎င်းတို့၏ စကားပြောလေသံမှတဆင့် ဘာတွေ ဖြစ်နေလဲဆိုတာကို လင်းရီနှင့် နင်ချဲ့တို့ အကြမ်းဖျင်း ခန့်မှန်းနိုင်လိုက်သည်။

သူတို့က ထျန်းကျင်း ရဲတပ်ဖွဲ့မှ ဖြစ်၏။

ကြည့်ရသည်မှာ ခန်ကျန်း ရွာသားများက သေနတ်ဖောက်သံများ ကြားသဖြင့် ရဲစခန်းသို့ တိုင်ကြားလိုက်ပုံပင်။

“ စိတ်အေးအေးထားပါ … ကျွန်မတို့က တစ်ဖွဲ့တည်းသားချင်းတွေပဲ …” နင်ချဲ့ ပြောလိုက်သည်။

“ အဲ့စာသား လာမသုံးနဲ့ … လက်တွေ လေပေါ်မြှောက်ထား … မဟုတ်ရင် ပစ်ခတ်ရလိမ့်မယ်…”

ဘေးပတ်ဝန်းကျင်၌ လူပေါင်းများစွာက လဲလျောင်းနေပြီး တချို့တလေမှာ အသက်ပင် ရှိသေးရဲ့လား မသိရချေ။ ထိုမြင်ကွင်းနှင့် ရင်ဆိုင်ရတော့ ထျန်းကျင်း ရဲအရာရှိများအားလုံး မပေါ့ဆဝံ့ကြချေ။

ဤ အမျိုးသားနှင့် အမျိုးသမီးက နှစ်ယောက်တည်း ဆိုသော်လည်း လူ အယောက်နှစ်ဆယ်ကျော်မည့် အုပ်စုကြီးကို မှဲ့တစ်ပေါက် မစွန်းဘဲ အမှောက်သိပ်လိုက်နိုင်သည်။

၎င်းတို့က အန္တရာယ်ရှိပြီး သတိထားရမည့် လူများပင်။

နင်ချဲ့ မျက်လုံးလှန်မိလိုက်၏။ ထို့နောက် သူမ၏ ဂျက်ကတ်ထဲက အိုင်ဒီကို ထုတ်ပြ၍ ခေါင်းဆောင် ရဲအရာရှိထံ လှမ်းပစ်ပေးလိုက်သည်။

“ အဲ့မှာ တစ်ချက်ကြည့်လိုက် …”

“ ဒါက ……..”

အိုင်ဒီကို မြင်ပြီးသည့်နောက် ခေါင်းဆောင် ရဲအရာရှိ၏ မျက်ဝန်းတို့ လင်ကွင်းပမာ ပြူးကျယ်သွားခဲ့သည်။ ထို့နောက် ကျန်သူများအား ဆော်ဩလိုက်၏။

“ ရပ် … ကိုယ့်လူအချင်းချင်းပဲ … မင်းတို့လက်နက်တွေ ချထား …”

အမိန့်ပေးပြီးနောက် ခေါင်းဆောင် ရဲအရာရှိက နင်ချဲ့ထံသို့ သွားရောက်ကာ အလေးပြုလိုက်သည်။

“ ခေါင်းဆောင်ကို အလေးပြုပါတယ် …”

“ ခေါင်းဆောင်လား …”

ဝေကျန်းလုံ အံ့အားသင့်သွားခဲ့သည်။

ဘာတွေ ဖြစ်နေတာလဲဟ …

ဒါဆို ဒီလူတွေက စစ်တပ်ကပေါ့ …

စစ်တပ်က သူ့ကို ဖမ်းဖို့ ရောက်လာတယ်ပေါ့ …

နင်ချဲ့ လက်ဝှေ့ယမ်းလိုက်ပြီး “ အခု နင်တို့ ရောက်လာပြီဆိုတော့ ငါလည်း တကူးတက လှမ်းခေါ်စရာ မလိုတော့ဘူးပေါ့ … ဒီလူတွေကို ရန်ကျင်း‌ ခေါ်သွားလိုက် … ဒီ စစ်ဆင်ရေးအတွက် အကျိုးမှတ်ကို နင်တို့လည်း ဝေခွဲလို့ရတယ်…”

“ ဟုတ်ကဲ့ … ကျေးဇူးတင်ပါတယ်ခင်ဗျ …”

တာဝန်ပြီးဆုံးသည်နှင့် လင်းရီနှင့် နင်ချဲ့တို့ ကားထဲဝင်လိုက်ကြပြီး ဝေကျန်းလုံနှင့် အခြားသူများကိုတော့ ထျန်းကျင်း ရဲတပ်ဖွဲ့က ကိုင်တွယ်နိုင်ရန် ချန်ထားခဲ့ပေးလိုက်သ်ည။

“ ခေါင်းဆောင် .. အဲ့နှစ်ယောက်က ဘယ်သူတွေလဲ …”

“ သူတို့က မေဂျာ(ဗိုလ်မှူး) …”

ဝေကျန်းလုံ …. “ ???? “

ဗိုလ်မှူးနှစ်ယောက်က သူ့ လာဖမ်းကြတယ်ပေါ့ …

မင်းတို့ တအား မလွန်လွန်းဘူးလားကွ …

All Chapters