← Chapters

အင်အားကြီး အသင်း

Vol. 139 Ch. 2080

အင်အားကြီး အသင်း

Vol. 139 Ch. 2080

“ ငါ လာပြီး ကူညီပေးဖို့ လိုလား ..”

“ ပစ္စည်းလေး နည်းနည်းပါးပါး ယူဖို့ပဲကို ငါတစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ် ငါ့ကောင်ရာ … မင်း စိုးရိမ်ဖို့ မလိုပါဘူး…”

“ ဟောင်ကောင်နဲ့ ဂျပန်မစ်ရှင် ကျဆုံးတာက အကြီးအကဲကို တော်တော်လေး စိတ်ပျက်စေနေပြီ .. ဒီစစ်ဆင်ရေးလည်း ကျဆုံးသွားလို့ကတော့ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာ မင်းတစ်ယောက်တည်း မဟုတ်ဘူး … ငါရောပါတယ်…”

“ ငါ သဘောပေါက်တယ်… ဒါကြောင့်မို့ ငါ ဒီကိစ္စကို သေချာ အလေးအနက်ထားနေရတာပဲ …”

“ ဒါပေမယ့် ငါသိချင်တာက မင်း ဘာလို့ ငါ ဟွာရှလိုက်မှာကို တားတာ … ငါ့ကို တခြား ခိုင်းစရာရှိလို့လား …”

“ အဲ့လို မဟုတ်ဘူး … ဒီတိုင်း ငါတစ်ယောက်တည်းနဲ့လည်း အဆင်ပြေတယ်ထင်လို့ … မင်းက မင်းကိစ္စမင်းသာ အာရုံစိုက် .. ပြီးတော့ လူများရင် သတိပြုခံရမယ့် အခွင့်အရေးလည်း များတယ်…”

“ ကောင်းပြီလေ… မင်းလုပ်ချင်သလိုသာလုပ် .. ဒါပေမယ့် သေချာ ဂရုစိုက် .. မင်း သွားမယ့်နေရာ ရန်ကျင်းဆိုတာက ဘယ်လိုနေရာလဲ မင်းသိတယ်မလား … “

“ မင်း စိတ်ချထားစမ်းပါ … ငါလည်း အလကားနေရင်း အသက်ကို အသေမခံပါဘူး …” အနက်ရောင် ပုံရိပ်က ပေါ့ပါးစွာ ခွန်းတုံ့ပြန်လိုက်သည်။

“ ဒီတစ်ခေါက် သူ(မ) ငါ့ကို ဆက်သွယ်လာတယ် … သူ့ဘက်က အဆင်သင့်ဖြစ်နေလို့ဆိုတာ သေချာတယ်… မဟုတ်ရင် ငါ့ကို ဆက်သွယ်လာမှာ မဟုတ်ဘူး …”

“ ဒါပေမယ့် ငါတော့ စိတ်ပူနေတုန်းပဲ … မင်းရဲ့ အဲ့လူက လိုလိုချင်ချင်နဲ့ ကူညီပေးမယ်ဆိုတာ သေချာလား … ငါတို့ ဒီမစ်ရှင်မှာ ကွန်မန်ဒါတွေ ဆိုရင်တောင် ဘာအမှားမှ လုပ်မိလို့ မရဘူးနော်.. “

“ မင်း ငါ့အကြောင်း နားလည်ပါတယ် … ငါတော့ ပိုက်ဆံက ကမ္ဘာကြီးကို ဝယ်နိုင်တယ်လို့ ယုံတယ်…” အနက်ရောင် ပုံရိပ်က ပြောလိုက်ပြီး “ ကမ္ဘာကြီးရဲ့ ၉၉ ရာခိုင်နှုန်းသော ပြဿနာကို ငွေနဲ့ ဖြေရှင်းလို့ ရတယ် … အဲ့ မိန်းမ အပါအဝင်ပေါ့ ….”

“ ဒါဆိုလည်း ကောင်းပြီလေ … မင်းအောင်မြင်ပါစေလို့ ငါဆုတောင်းပေးတယ် … တကယ်လို့ ပြဿနာ တစ်ခုခု တက်ရင် ငါ့ဆီ ဖုန်းဆက်ဖို့ မမေ့နဲ့ …”

“ မပူနဲ့ … ငါ လုပ်မှာ…”

ပြောပြီးသည်နှင့် အနက်ရောင်ပုံရိပ်က ဖုန်းချကာ အနက်ရောင် ဟူဒီကို နောက်သို့ လှန်လိုက်ပြီး ပြာလဲ့သည့် မျက်ဝန်းနှင့် လူအာရုံစိုက်မိချင်စရာ ရွှေရောင် ဆံသားတို့အား လှစ်ဟာပြလာသည်။

ဤလူကတော့ ဝေါ်ကာမှလွဲ၍ အခြားလူ မဟုတ်ပေ။

ဝေါ်ကာ၏ ယခု ဟွာရှသို့ လာရင်း အဓိက ရည်ရွယ်ချက်မှာ ကျုံးဝေ့တပ်ဖွဲ့၏ လက်တွေ့စမ်းသပ်ချက် အစီရင်ခံစာတို့အား ခိုးယူရန်အတွက် ဖြစ်သည်။

သို့သော် ၎င်းအပြင်ကို သူ့တွင် အရေးကြီးသည့် မစ်ရှင် တစ်ခုလည်း ရှိနေခဲ့သေး၏။

“ ဟွာရှသား … အရင်တစ်ခေါက်က ငါတို့ကြား တိုက်ပွဲ မပြီးလိုက်ဘူး … ဒီတစ်ခါတော့ ငါ မင်းကို မင်းရဲ့ဖန်ဆင်းရှင်ဆီ ပို့ဖို့ ရောက်လာပြီ …”

………..

နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီနှင့် နင်ချဲ့တို့နှစ်ဦး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ်တွင် ကျယ်လောင်သည့် တံခါးခေါက်သံကြောင့် အတင်းအကြပ် အိပ်ရာထလိုက်ရ၏။

ခန့်မှန်းနေစရာ မလိုချေ။ ချိုးယွီလော့သာလျှင် ဖြစ်နေနိုင်သည်။

နင်ချဲ့ ယိုင်နဲ့နဲ့နှင့် အိပ်ရာထဲက ထွက်၍ တံခါးသွားဖွင့်ပေးလိုက်သည်။

“ သပလိုပဲ … နင်တို့လူတွေက ဘဝကို ဘယ်လိုဇိမ်ခံရမလဲ မသိတဲ့ဟာတွေ .. ဒီလောက် အိပ်ကောင်းတဲ့ မနက်ခင်း အစောကြီး .... ခြောက်နာရီတောင် မထိုးသေးတာကို ဘာလုပ်ဖို့ ထလာတာလဲ …”

ချိုးယွီလော့ မျက်လုံးလှန်လိုက်မိ၏။

“ နင်တို့နှစ်ယောက် ကိုယ့်တာဝန်အပေါ် တစ်ကြိမ်လောက် လေးလေးနက်နက်လေး သဘောထားလို့ မရဘူးလား … ဒီနေ့က ကျုံးဝေ့တပ်ဖွဲ့ လူရွေးပွဲ ကျင်းပနေ့လေ .. နင်တို့နှစ်ယောက်က အသင်းခေါင်းဆောင်တွေ .. ဒီတော့ ကျေးဇူးပြုပြီး ကိုယ့်တာဝန်ကိုယ် သိပေးဦး အစ်မရဲ့ …”

နင်ချဲ့ ရှုပ်ပွနေသည့် သူမဆံပင်ကို ပွတ်သပ်လိုက်မိသည်။

“ အာ .. ငါ အဲ့ကိစ္စကို ဘယ်လိုလုပ် မေ့နေမိပါလိမ့် …”

လုပ်စရာ အလုပ် ရှိသည်ကို အမှတ်ရသွားတော့ နှစ်ယောက်လုံး အိပ်ရာသို့ ပြန်မသွားကြတော့ချေ။

မနက်ခင်းပိုင်း ပုံမှန် ပူးတွဲ လေ့ကျင့်ရေးကိုပါ ကျော်လိုက်ပြီး အလျင်အမြန် အဝတ်လဲလိုက်ကြ၏။

ရေမိုးချိုး အဝတ်စားလဲပြီးသည့်နောက် မနက်စာအတူစားကာ သုံးဦးမှာ ကျုံးဝေ့တပ်ဖွဲ့ အခြေစိုက်စခန်းသို့ မောင်းထွက်လာသည်။

ထိုအချိန်တွင် ကျုံးဝေ့တပ်ဖွဲ့ လေ့ကျင့်ရေး ကွင်းပြင်၌ လူ အယောက် ရှစ်ဆယ်ခန့်မှာ တကွဲတပြားစီ ပြန့်ကျဲနေလျက် ရှိသည်။ ၎င်းတို့က စမ်းသပ်လေ့ကျင့်ရေးတွင် ပါဝင်မည့် လူများ ဖြစ်၏။ လူက အတော်လေးများသည်ဟု ထင်ရသော်လည်းပဲ ယခင်တစ်ခေါက် လူရွေးပွဲထက်တော့ အနည်းငယ် လျော့နည်းနေပေသည်။

ဤ ၂ နှစ်တွင် ကျုံးဝေ့တပ်ဖွဲ့က နိုင်ငံအနှံ့ လူရွေးပွဲကို ဆက်တိုက် ပြုလုပ်နေခဲ့ပြီး ယင်းကလည်း မိသားစု တော်တော်များများကို စိုးရိမ်ပူပန်စိတ်တို့ ဖြစ်ပေါ်လာစေသည်။

မကြာခဏ လူရွေးပွဲ ကျင်းပနေသည်က ကျုံးဝေ့တပ်ဖွဲ့၏ အသေအပျောက်စာရင်းတို့မှာ မီးနီအမှတ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို ညွှန်ပြနေသည်။ မဟုတ်ပါက အသင်းတိုင်းက အင်အားပြည့်တင်းနေချိန်တွင် ယခုကဲ့သို့ မကြာခဏ လူရွေးပွဲ ကျင်းပနေမှာ မဟုတ်ချေ။

ထို့ကြောင့် .. ယခု တစ်ကြိမ်၌ လူအနည်းငယ်မျှသာရောက်လာခဲ့ခြင်း ဖြစ်သည်။

လူ အယောက် ရှစ်ဆယ်ကျော်ခန့်မှာ လေ့ကျင့်ရေး ကွင်းပြင်တွင် အုပ်စုငယ်လေးများကိုယ်စီနှင့် စုဝေးနေကြပြီး အကြောင်းအရာအမျိုးမျိုးအား ဆွေးနွေးနေကြသည်။

“ မင်းတို့ ကြားပြီးပြီလား … ဒီတစ်ကြိမ် ကျုံးဝေ့တပ်ဖွဲ့ လူရွေးပွဲ ကျင်းပတာက အသင်း ၄ အတွက်တဲ့ကွ … ငါကြားတာ အဲ့အသင်းက ဝါရင့် အဖွဲ့အဝင်တွေ တစ်ယောက်မှ မရှိတဲ့ လူသစ် အသင်းတဲ့နော် .. ငါတို့က အသစ်ဆုံး တစ်သုတ်ပဲ …”

ဝမ်ချုံ အမည်ရသည့် လူငယ်လေးက ပြောလိုက်သည်။ သူ့အသက်က ၂၇/၂၈ ခန့် ရှိပုံပေါ်သည်။

“ ဒီတော့ … တကယ်လို့ ငါတို့ လူရွေးပွဲမှာ အောင်မြင်သွားခဲ့ရင် အသင်း ၄ ထဲ တိုက်ရိုက်ဝင်ရမယ်လို့ ပြောချင်တာလား ဟုတ်လား …”

ရန်ရှောင်ရှန်း အမည်ရသည့် မိန်းကလေး တစ်ယောက်က မေးလိုက်သည်။ သူမက ဝမ်ချုံနှင့် ရွယ်တူပင်။ သူမ၏ သွင်ပြင်ကလည်း သာမန်သာ ဖြစ်ပြီး လူအုပ်ကြီးထဲ အလွယ်တကူ ဝင်ရော၍ လွယ်သည့် လူစားမျိုးပင်။

“ အင်း … အဲ့လိုပဲ …”

“ တကယ်လို့ အဲ့လိုသာဆိုရင် ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ပြီးရင် တပ်ဖွဲ့က ငါတို့ကို အချိန်တချို့ အထိတော့ ဘာမစ်ရှင်မှ ပေးဦးမှာ မဟုတ်လောက်ဘူး …” လင်းဟန်က ဘေးမှနေပြီး မှတ်ချက်ပြုလိုက်၏။

“ အဲ့တာကတော့ ကျိန်းသေပေါက်ပဲပေါ့ .. ငါတို့က အတွေ့အကြုံမရှိတဲ့ လူသစ်တွေလေ … ဒီတော့ လေ့ကျင့်ရေးမှာ ခဏလောက် အာရုံစိုက်ရလောက်တယ်…” ရန်ရှောင်ရှန်း ပြောလိုက်သည်။ “ ငါ့ ဝမ်းကွဲ ပြောတာတော့ အရင် အသင်း ၄ က အတော်လေး အင်အားကြီးတယ်တဲ့ .. ဒါပေမယ့် အကြောင်းအရင်း တချို့ကြောင့် အသင်းက ဖျက်သိမ်းခံလိုက်ရပြီး အသစ် ပြန်ဖွဲ့စည်းခံလိုက်ရတယ် … ဒီတစ်ကြိမ်တော့ ငါတို့အတွက် အခွင့်အရေးကောင်းပဲ …”

ရန်ရှောင်ရန်း ပြောနေသည့် ဝမ်းကွဲက အသင်း ၁ အဖွဲ့ဝင် ယွီစီယင်ကလွဲ၍ အခြားလူ မဟုတ်ပေ။

“ ဒါဆိုလည်း များများစားစား တွေးမနေနဲ့တော့ … ငါတို့သာ ကောင်းကောင်းလုပ်ရင် အသင်း ၄ ထဲ ဝင်နိုင်မှာပဲ …” ဝမ်ချုံ ပြောလိုက်သည်။

လင်းဟန် ခေါင်းညိတ်လိုက်၏။

သူမကတော့ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်နိုင်သည်ကပင် လုံလောက်နေပြီး ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရွေးချယ်နိုင်သည့် အခြား အသင်းကလည်း ရှိမနေချေ။

“ ဒါပေမယ့် ငါ့ဝမ်းကွဲပြောသေးတာ တကယ်လို့ တစ်ယောက်ယောက်ကများ ထူးထူးချွန်ချွန် စွမ်းဆောင်ပြနိုင်ရင် အသင်း ၁ ထဲ လွှဲပြောင်းခံရနိုင်တယ်တဲ့နော် … ဒါပေမယ့် နင်တို့က တကယ်တော်တဲ့လူတွေ ဖြစ်နေမှ ရမှာ … မဟုတ်ရင် အခွင့်အရေး မရှိဘူး …” ရန်ရှောင်ရှန်း ထပ်ပေါင်း ပြောလိုက်သည်။

“ နင့်ဝမ်းကွဲက ဘယ်သူတုန်း … သူက ဘာလို့ ဒီလောက်တောင် သိနေရတာ … သူရော ကျုံးဝေ့တပ်ဖွဲ့ဝင်ပဲလား …” ဝမ်ချုံ မေးမြန်းလိုက်၏။

“ အမှန်အတိုင်း ဝန်ခံရရင် ငါ့ဝမ်းကွဲက အသင်း ၁ အဖွဲ့ဝင်ပဲ … ပြီးတော့ သူတို့ အသင်းထဲမှာ အသင်းဝင်က ခုနစ်ယောက်တည်း ရှိတာ… လူအရေအတွက်နည်းပေမယ့် လက်ရွေးစင်တွေချည်း စုဝေးနေတဲ့ အသင်းပေါ့ … တကယ်လို့ ငါမှတ်မိတာ မှန်မယ်ဆိုရင် ငါ့ဝမ်းကွဲ အရင်တစ်ခေါက် လူရွေးပွဲထဲ ဝင်တုန်းက ဒီ-အဆင့် ထင်တယ်… ပြီးတော့ အဲ့တာတောင် အသင်း ၁ ထဲ ဝင်နိုင်ရုံလေးတဲ့နော် …”

“ မဖြစ်နိုင်တာ … ဒီ - အဆင့်ကတောင် အသင်း ၁ ထဲ ဝင်နိုင်ရုံလေးပဲပေါ့ .. တကယ်လို့ ဒီ- အဆင့် မဟုတ်ရင် အသင်းထဲတောင် မဝင်နိုင်ဘူးပေါ့ … အဲ့လိုလား …”

“ အမ် … တကယ်တော့ အဲ့လိုချည်းပဲလည်း မဟုတ်ဘူး .. နင်က D – class မဟုတ်ရင် D – Cup ဖြစ်ရင် ရတယ်…” ရန်ရှောင်ရှန်း ရင်ကို ဆတ်ခနဲ ကော့ပြီး ပြောလိုက်သည်။

“ အဲ့တာက ဘယ်လိုထူးဆန်းတဲ့ လိုအပ်ချက်ကြီးလဲတဲ့ … ဒါ ကျုံးဝေ့တပ်ဖွဲ့တော့ ဟုတ်ပါတယ်နော်….”

B cup သာလျှင် ရှိသည့် လင်းဟန်က ပြောလိုက်သည်။

“ ဒီလို အဆင့်အတန်းမြင့်တဲ့ နေရာမျိုးမှာ အဲ့လို ခန္ဓာကိုယ် အတိုင်းအတာနဲ့ လူရွေးတာမျိုးလည်း ရှိနေတယ်ပေါ့ … မဖြစ်နိုင်တာ ….”

“ တခြားအသင်းတွေကတော့ အဲ့လို လိုအပ်ချက်မျိုး မရှိဘူး .. ဒါပေမယ့် အသင်း ၁ မှာက ရှိတယ်… ငါ့ဝမ်းကွဲ ပြောတာ သူတို့ အသင်းခေါင်းဆောင်က D cup အောက် မိန်းကလေးတွေဆို စိတ်မဝင်စားဘူးတဲ့ … အဲ့ကနေစပြီး အဲ့လို လိုအပ်ချက်မျိုး ဖြစ်ပေါ်လာတာပဲ …” ရန်ရှောင်ရှန်း တခစ်ခစ် ရယ်ရင်း ပြောလိုက်သည်။ “ ဒါပေမယ့် အဲ့တာက ဟာသ သပ်သပ်ပဲ နေမှာပါ … ဒီတိုင်း သူတို့က ခိုင်မာတဲ့ ဆက်ဆံရေးနဲ့ အသင်းကောင်းတစ်ခုလို့ ဆိုလိုချင်လားမှ မသိတာ …”

လင်းဟန် ခေါင်းညိတ်လိုက်သည်။ သူမလည်း ထိုအချင်းအရာက ရယ်စရာ ပြက်လုံး တစ်ခုလို့သာ ထင်သည်။

“ ဒီတော့ အသင်း ၁ က ကျုံးဝေ့တပ်ဖွဲ့ရဲ့ လက်ရွေးစင် အသင်းပေါ့ ဟုတ်လား …” ဝမ်ချုံ ထပ်မေးလာသည်။

“ ဒါပေါ့ … အဲ့တာကတော့ ပြောစရာတောင် လိုနေသေးလို့လား …” ရန်ရှောင်ရှန်း တုံ့ပြန်လိုက်ပြီး “ ငါ့ဝမ်းကွဲပြောတာ အသင်း ၁ က သံသယဝင်စရာ မလိုအပ်အောင်ကို တော်တဲ့ လက်ရွေးစင် အသင်းတဲ့ … အထူးသဖြင့် သူတို့ရဲ့ အသင်းခေါင်းဆောင်ပဲ … မယုံကြည်နိုင်စရာကောင်းလောက်အောင် သန်မာတယ်… ငါ ကြားတာ သူက စီ အဆင့်ကိုတောင် ရောက်နေပြီဆိုပဲ … ဝမ်းကွဲ ပြောတဲ့အတိုင်းဆိုရင် သူတို့ အသင်းခေါင်းဆောင်က တကယ့်ကို မွန်းစတားပဲ … သူနဲ့ ရွယ်တူမှာ ဘယ်သူမှ သူ့ပြိုင်ဘက် မဟုတ်ဘူး …”

“ ဒါပေမယ့် ငါကြားဖူးတာတော့ ကျုံးဝေ့တပ်ဖွဲ့ တိုက်ခိုက်ရေး အသင်း ၄ သင်းရဲ့ အသင်းခေါင်းဆောင်တွေက အသက် ငယ်ငယ်လေးတွေတဲ့နော် … အသက်အကြီးဆုံးကတောင် သုံးဆယ်ကျော်ပဲ ရှိသေးတယ် .. ဒါကို အသင်း ၁ ရဲ့ ခေါင်းဆောင်က စီ အဆင့်ဆိုတော့ … သူ့ပါရမီက အရမ်း ခြွင်းချက် ဖြစ်မနေလွန်းဘူးလား …”

“ ငါ့ဝမ်းကွဲရဲ့ ပြောပုံအရတော့ အဲ့တာက အမှန် ဖြစ်လောက်တယ် … ပြီးတော့ အသင်း ၁ ရဲ့ ခေါင်းဆောင်က အသက် နှစ်ဆယ်ကျော်ပဲ ရှိသေးတယ် … ငါတို့ စိတ်ကူးယဉ်ထားတာထက်တောင် ငယ်နေလောက်တယ် … မဟုတ်ရင် ပုံမှန် တည်တည်ငြိမ်ငြိမ်နဲ့ ရှိတဲ့ ငါ့ဝမ်းကွဲက သူ့အကြောင်း အဲ့လောက်ထိ ချီးမွမ်းနေမှာ မဟုတ်ဘူး …”

“ အသင်း ၁ ထဲဝင်ဖို့ လိုအပ်တဲ့ မှတ်ကျောက်တွေက ဘာလဲရော နင်သိလား ..” လင်းဟန် သူမသိချင်သည်အား မေးလိုက်သည်။

All Chapters