← Chapters

အခန်း (၂၀၈၃)

Vol. 139 Ch. 2083

အခန်း (၂၀၈၃)

Vol. 139 Ch. 2083

“ ငါစဉ်းစားတာကတော့ အကုန်လုံး တစ်ယောက်ချင်း လက်ရည်စမ်းကြည့်သင့်တယ်လို့ ထင်တာပဲ .. ဥပမာ ထိပ်တန်းသုံးယောက်က အသင်း ၁ ထဲ ဝင်နိုင်မှာမျိုးပေါ့ ….”

“ မင်းက ယိုပေါက်တွေကို တကယ်ရှာနိုင်တဲ့ကောင်ပဲ …” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါတို့သာ အဲ့လို လုပ်နေရင် လူရွေးပွဲ လုပ်တိုင်း လူသစ်တွေ အမြဲ ခေါ်နေရတော့မှာ မဟုတ်ဘူးလား … အဲ့တာက အသင်း ၁ ရဲ့ မူလရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေတယ်…”

“ ဒါပေမယ့် အဲ့လို မလုပ်ရင် ငါတို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ အစွမ်းအစတွေကို ပြည့်ပြည့်ဝဝ မစမ်းသပ်နိုင်ဘူးလို့ ဆိုလိုတာပဲမလား … အသင်း ၁ အတွက် အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ယောက်ကလို လက်လွှတ်ပေးမိသလို ဖြစ်မှာကို ခေါင်းဆောင်က မစိုးရိမ်ဘူးလား …”

“ ကျွန်တော်ကတော့ သူပြောတာ အဓိပ္ပာယ် ရှိတယ်လို့ ထင်တယ်….” တစ်စုံတစ်ယောက်ကလည်း ဝင်ပြီး ထောက်ခံလာသည်။

အသင်းခေါင်းဆောင်လေးယောက်မှာ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်ရင်း ဤအုပ်စုမှာ သတ္တိကောင်းသည်ထက် ရယ်စရာကောင်းသည်ဟု ခံစားနေကြရ၏။

ဤ တစ်ခေါက် လူရွေးပွဲ၌ ပါဝင်သူတို့က ယခင်တစ်ခေါက်ကကဲ့သို့ အထင်ကြီးစရာ မကောင်းသော်ငြားလည်း လုပ်ရဲကိုင်ရဲသည့် စိတ်ဓာတ်ကတော့ ချီးကျူးဖို့ ကောင်းပါသည်။

ယခင် မည်သည့် လူရွေးပွဲ ပြိုင်ပွဲဝင်ကမျှ ယခုလို အကြံပြုလာသည်မျိုး မရှိခဲ့‌ချေ။

“ သူတို့က နင့်ရဲ့ လူခေါ်တဲ့ စံချိန်စံနှုန်းကို မေးခွန်းထုတ်နေကြတာပဲ … အသင်းခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ နင်က သင့်တင့်လျောက်ပတ်တဲ့ တုံပြန်မှုကို ပေးသင့်တယ် မထင်ဘူးလား …” နင်ချဲ့ စနောက်လိုက်သည်။

“ မင်းပြောတာ မှန်တယ်….”

လင်းရီ ပြောရင်းဖြင့် အုပ်စုအား သိမ်းကျုံးကြည့်လိုက်သည်။

“ မင်းတို့အားလုံးမှာ အသင်း ၁ ရဲ့ လူခေါ်မယ့် တောင်းဆိုချက်နဲ့ ပတ်သက်ပြီး အတွန့်တက်ချင်နေတာတွေ ရှိတယ်ဆိုမှတော့ ငါ ပြန်ပြင်လိုက်မယ်…”

ထိုနေရာတွင် လင်းရီ စကားကို ခေတ္တရပ်ပြီး ဆက်ပြောသည်။

“ မင်းတို့ အကုန်လုံး အတူတက်လာခဲ့ကြ .. ဘယ်သူ ဘယ်နှယောက် ကိစ္စမရှိဘူး … မင်းတို့ထဲ တစ်ယောက်ကများ ငါ့ကို ထိနိုင်ရင် အဲ့လူကို ငါ့ရဲ့ အသင်း ၁ ထဲ ပေးဝင်မယ်…”

“ ဘာပြောတယ် ….”

လာရောက်ယှဉ်ပြိုင်သူတို့မှာ လင်းရီကို မျက်လုံးပြူး၊ မျက်ဆံပြူးများဖြင့် ကြည့်လာခဲ့ကြပြီး သူတို့ နားကြားမှားလေသလောဟု တွေးမိသွားခဲ့ကြသည်။

“ ခေါင်းဆောင်လင်း … ငါတို့ အယောက် ရှစ်ဆယ်ကျော် လူအားလုံး အတူတက်လာခဲ့လို့ရတယ်လို့ မင်းပြောလိုက်တာလား … တကယ်လို့ ငါတို့က မင်းကို ထိနိုင်ရင် အသင်း ၁ ထဲ ဝင်နိုင်မယ်ပေါ့ ….” ဝမ်ချုံ သေချာအောင် ထပ်ပြီး မေးလိုက်သည်။

“ ဟုတ်တယ်…” လင်းရီ ယုံကြည်ချက် အပြည့်ဖြင့် တုံ့ပြန်လိုက်သည်။

လူအုပ်ကြီးမှာ စိတ်လှုပ်ရှားမှုကြောင့် ဆူဆူညံညံ ဖြစ်လာသည်။ ကြည့်ရသည်မှာ ဤသည်က သူတို့အတွက် မယုံကြည်နိုင်စရာကောင်းသည့် အခွင့်အရေး တစ်ရပ် ဖြစ်နေခဲ့ဟန်ပင်။

“ ခေါင်းဆောင်လင်း … ရှင်က အသင်း ၁ ရဲ့ ခေါင်းဆောင်ပဲ … ရှင် ကိုယ့်စကားကိုယ်တော့ တည်မယ်မလား … တကယ်လို့ ကျွန်မတို့ လူအယောက် ၄၀ ကျော်လောက်က ရှင့်ကို ထိနိုင်ပါပြီရဲ့ … ရှင် ကျွန်မတို့ အားလုံးကို အသင်း ၁ ထဲ ပေးဝင်မှာလား …”

“ အင်း ….” လင်းရီ တည်ငြိမ်စွာ ဖြေဆိုလိုက်သည်။ “ တကယ်လို့ မင်းတို့ ငါ့ကို အနိုင်ယူနိုင်ရင် မင်းတို့ အကုန်လုံး ၊ မင်းတို့ တစ်ယောက်ချင်းစီတိုင်းက အသင်း ၁ ထဲ ဝင်ဖို့ အရည်အချင်းမီမယ်….”

“ ဝါး …. ဒါကြီးက စောက်ရမ်းပဲဟ …..”

ရှိသမျှ လူအားလုံး ကြက်သီးဖြန်းကုန်ကြသည်။

တစ်ယောက်ချင်း ယှဉ်မည်ဆိုပါက သူတို့အားလုံး လင်းရီနှင့် မယှဉ်နိုင်ကြောင်းကို သိသည်။ သို့သော် သူတို့အားလုံး စုပေါင်းအားဖြင့်ဆိုပါက လင်းရီအပေါ်တွင် အလစ်ငိုက် နည်းပရိယာယ်တို့ အသုံးချနိုင်မည်။

ထို့ပြင် လင်းရီကို ထိနိုင်သရွေ့ မစ်ရှင် ပြီးမြောက်မှာဖြစ်ပြီး လုံးဝ ခက်ခဲခြင်းလည်း မမြင်ရချေ။

လင်းရီ နာရီကို ငုံ့ကြည့်လိုက်ပြီး “ အချိန်သတ်မှတ်လိုက်ကြတာပေါ့ … ငါးမိနစ် အတွင်းစမယ်… အသင့်ပြင်ထားကြ …”

“ ဟုတ်ကဲ့ ….”

ယှဉ်ပြိုင်သူတိုင်းက အားတက်သရောဖြင့် ပြင်ဆင်နေသည်ကို ကြည့်ရင်း လင်းရီ ခေါင်းယမ်းလိုက်ကာ အဖြူထည်ဆန်လွန်းသည့် ၎င်းတို့၏ စိတ်ဓာတ်လေးကို သဘောကျနေမိသည်။

“ မင်းသေချာလား လင်းရီ …” ထောက်ချိန် မေးလာခဲ့သည်။

“ သူတို့ အကုန်လုံးက E အဆင့်တွေနော် … မင်း အလွန်အကျွံတွေ မလုပ်နဲ့….”

“ အဆင်ပြေတယ်… သူတို့အကုန်လုံးကို အမှောက်သိပ်ဖို့ ငါးမိနစ်တောင် မလိုပါဘူး …”

“ သူတို့ကို မင်း အထင်မသေးလိုက်နဲ့ … မှတ်ထား … သူတို့က နင့်ကို ထိလိုက်နိုင်ပြီဆိုတာနဲ့ နိုင်မှာနော်…” နင်ချဲ့ သတိပေးလိုက်သည်။

“ မပူနဲ့ … အကုန်လုံး ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ်…”

အချိန်ငါးမိနစ်က မသိလိုက်ခင်အတွင်းမှာပဲ ကုန်ဆုံးသွားခဲ့ပြီး ယှဉ်ပြိုင်သူများအားလုံးက အဆင်သင့် ဖြစ်နေကြကာ လင်းရီထံသို့ ပြေးလာရန် စိတ်အားထက်သန်နေကြသည်။

တစ်ဦးတစ်ယောက်ချင်းစီတိုင်းတွင် စိတ်ပိုင်းဖြတ်ထားမှုကို အထင်းသား မြင်တွေ့နိုင်မှာ ဖြစ်ပြီး ၎င်းတို့၏ အရာအားလုံးကို ပုံအောထားဟန်ပင်။

လင်းရီ လက်ဆစ်များ ချိုးပြီး အုပ်စုအား လက်ညှိုးညွှန်လိုက်သည်။

“ မင်းတို့ကောင်တွေ ရယ်ဒီဖြစ်ပြီဆို တက်လာခဲ့တော့ …”

“ ညီကိုမောင်နှမတို့ … တက် … ခေါင်းဆောင်လင်း ငါတို့ကို အထင်မသေးစေနဲ့ကွ …..”

“ တက် ……”

ဝမ်ချုံ၏ ဟစ်ကြွေးမှုအောက်တွင် ရှစ်ဆယ်ကျော်သော ပါဝင်ယှဉ်ပြိုင်သူတို့မှာ အရပ်မျက်နှာ ပေါင်းစုံမှတဆင့် လင်းရီထံသို့ ပြေးဝင်လာခဲ့ကြသည်။

ထိုအချိန် လင်းရီသည်လည်း တည်ငြိမ်စွာ ရပ်တန့်မနေချေ။

သူ၏ သွင်ပြင်က သိုးအုပ်ထဲသို့ ဝင်လုံးမည့် တောဘုရင် ခြင်္သေ့ကြီးကဲ့သို့ ဖြစ်နေခဲ့သည်။

ဘန်း …

အနီးကပ်ဆုံးလူကို လင်းရီ သူ့လက်သီးနှင့် မိတ်ဆက်ပေးလိုက်ပြီး မြေပြင်သို့ မှောက်သွားစေလိုက်သည်။ တစ်ဖက်သူမှာ ပြန်ပင် မထနိုင်သည်အထိ အီစိမ့်သွားခဲ့၏။

အရင်ဦးဆုံး ရောက်လာသည့် တစ်ယောက်ကို အမှောက်သိပ်ပြီးသည်နှင့် အခြားနောက်တစ်ဦးထံသို့ ပြေးဝင်သွားခဲ့ကာ ယခင်နည်းအတိုင်း အမှောက်သိပ်ပေးလိုက်သ်ည။

တစ်မိနစ် အတွင်းမှာပဲ လူဆယ်ယောက်ကျော်မှာ မြေပြင်တွင် လဲလျောင်းရင်း ပြန်မရပ်နိုင်ဘဲဖြစ်ကာ ညည်းညူနေကြရ၏။

အချိန်အခါကောင်းကို စောင့်ဆိုင်းနေသည့် လင်းဟန်သည် လင်းရီ အနောက်သို့ တိတ်တိတ်လေး ချဉ်းကပ်လာခဲ့သည်။

သူမ၏ အင်အားအလုံးစုံကို စုစည်းပြီး သူ့ထံသို့ ခုန်အုပ်လာသည်။

အခြားသူများကို ကိုင်တွယ်ရင်း အာရုံများနေသည့် လင်းရီသည် နောက်ကျောမှ တိုက်ခိုက်လာသည့်ပုံရိပ်ကို ချက်ချင်း သတိပြုမိသွားခဲ့သည်။

သူ့အား ထိတွေ့နိုင်တော့မည့် အချိန်မှာပဲ လင်းရီ၏ ခန္ဓာကိုယ်က ရွေ့လျားသွားခဲ့ကာ သူမ၏ တိုက်ခိုက်မှုကို ပြီးပြည့်စုံစွာ တိမ်းရှောင်လိုက်သည်။ လင်းဟန် ချက်ချင်းပဲ ကိုယ်ဟန်ကို ပြန်ညှိ၍ နောက်တစ်ကြိမ် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သော်လည်းပဲ လင်းရီက ရုတ်ချည်း သူမ နောက်ကျောသို့ ရောက်လာသည်ကို ခံစားမိလိုက်သည်။

အားးးး

လင်းရီ သူမအား ကန်ကျောက်လိုက်ကာ လင်းဟန်သည် သူမ၏ တင်ပါးက စပ်ဖျင်းဖျင်း ဖြစ်သွားခဲ့သည်ကို ခံစားမိလိုက်ပြီး ရှေ့သို့ ဆယ်လှမ်းခန့် လွင့်သွားခဲ့ကာ အကျမနာစေရန်အတွက် ပန်ဒါကဲ့သို့ ကျွမ်းနှစ်ပတ်ခန့် လှိမ့်လိုက်ရသည်။

သူမ၏ နောက်ကျောသည်ပင် အတော်လေး နာကျင်သွားခဲ့ရ၏။

နောက်ဆုံး မတ်တပ်ပြန်ရပ်နိုင်သည့် အခါ၌ အခြား လူဒါဇင်ကျော်ခန့်မှာ အမှောက်သိပ်ခံလိုက်ရပြီး သူတို့အားလုံး၏ အခြေအနေက သူမထက် များစွာ ဆိုးရွားနေသည်ကို မြင်တွေ့လိုက်ရသည်။ မည်သူကမျှ ပြန်မထနိုင်ခဲ့ကြချေ။

သူ ငါ့ကို လျော့ပေါ့ပေးခဲ့တာလား ….

အချိန်တိုအတွင်းမှာပဲ ငါးမိနစ် ကုန်ဆုံးသွားခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူ အယောက် ၈၀ ကျော်လုံးမှာ မြေပြင်တွင် လဲလျောင်းနေလျက် လင်းရီ၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။

ရလဒ်ကတော့ ထင်သာမြင်သာ ရှိနေသည်။ မည်သူကမျှ လင်းရီကို ထိတွေ့နိုင်ခဲ့ခြင်း မရှိခဲ့ချေ။

“ ရလဒ်က မင်းတို့ မြင်တဲ့အတိုင်းပဲ … မင်းတို့ ပိုပြီး လေ့ကျင့်ဖို့ လိုသေးတယ်…”

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် နင်ချဲ့ အနားသို့ ရောက်လာခဲ့ပြီး “ တကယ်လို့ ငါသာ နင့်ကို ဓားမြောင်ပေးထားခဲ့မယ်ဆိုရင် သူတို့ကို ရှင်းပစ်ဖို့ ဘယ်လောက်ကြာမယ် ထင်လဲ ….”

“ သုံးမိနစ်လောက်ပေါ့ …” လင်းရီ ပြန်ဖြေလိုက်သည်။

ပါဝင်ယှဉ်ပြိုင်သူများမှာ လင်းရီ မည်မျှ ဖြုံချင်စရာကောင်းသည်ကို သတိပြုမိရင်း တစ်ဖန် ထပ်ပြီး ရှော့ခ်ရသွားခဲ့ရပြန်သည်။

“ ခေါင်းဆောင်လင်းရဲ့ အစွမ်းအစ ဘယ်လို ရှိတယ်ဆိုတာကို မင်းတို့အားလုံး မြင်ပြီပဲ … ဒီတော့ အသင်း ၁ ထဲ ဝင်ဖို့ အိပ်မက်မက်နေတာတွေ တော်လိုက်တော့ ….” ထောက်ချိန် ပြောလိုက်သည်။ “ အခုက နေ့လည်စာ အချိန်ပဲ … လူတိုင်း နားကြ … စမ်းသပ်ပွဲကို မွန်းလွဲပိုင်းမှာ ဆက်ပြီး ကျင်းပမယ်…”

“ ဟုတ်ကဲ့ …”

ယှဉ်ပြိုင်သူများအားလုံး လူစုခွဲသွားခဲ့ကြပြီး လင်းရီနှင့် ကျန်သူများလည်း ကျုံးဝေ့တပ်ဖွဲ့ ကန်သင်းသို့ ဦးတည်လိုက်ကြသည်။

နင်ချဲ့ မေးမြန်းလာသည်။

“ နင် မိန်းကလေး တစ်ယောက်ကို သက်ညှာပေးလိုက်တာ ငါမြင်တယ် … သူ့ကို သာသာလေး တစ်ချက်ပဲ ကန်ပေးလိုက်တာက ဘာလဲ … ဇာတ်လမ်းလေးတွေ ရှိနေတာလား… နင် သူ့ကို စိတ်ဝင်စားနေတာလား ….”

“ သူ့အပေါ် ခံစားချက်ကောင်းလို့ ….”

“ ငါ့ထက်ပိုကောင်းလား …”

“ အဲ့တာတော့ ဘယ်ဟုတ်မှာ …..”

ချိုးယွီလော့ “ ….. “

“ နင်တို့နှစ်ယောက် တခဏလေးပဲ ဖြစ်ဖြစ် လေးလေးနက်နက် နေပေးလို့မရဘူးလား ….”

“ ငါတို့က ဒီစကားကို ကိုယ်တုံးလုံးနဲ့ ပြောနေတာလည်း မဟုတ် … ဘာလေးနက်စရာလိုလို့ ….”

“ နင်တို့နှစ်ယောက်ကိုတော့ ငါတကယ် လက်လန်တယ်….”

နေ့လည်စာ စားပြီးသည့်နောက် လီဟန်က ဆက်သွယ်လာသည်။

စက်ကိရိယာများက အသင့် ပြင်ထားပြီး ဖြစ်ပြီး စမ်းသပ်မှုကို အချိန်မရွေး ပြုလုပ်နိုင်ပြီ ဟူ၍ပင်။

စကားအနည်းငယ် ပြောဆိုပြီးနောက် လင်းရီနှင့် နင်ချဲတို့ သုတေသန အဆောက်အဦးသို့ ထွက်လာခဲ့ပြီး ရုံးခန်းထဲတွင် လီဟန်နှင့် ဆုံသည်။

“ ခေါင်းဆောင်လင်း …. မင်းဘက်က သေချာ ပြင်ဆင်ထားပြီလား ….”

“ အင်း … သွားဖို့ ရယ်ဒီပဲ ….”

လီဟန်သည် နင်ချဲ့အား တစ်ချက်ကြည့်လိုက်သည်။

“ စိတ်တော့ မရှိပါနဲ့ ခေါင်းဆောင်နင် … ဒါပေမယ့် ဒီရဲ့ စမ်းသပ်မှုက အတော်လေး လျှို့ဝှက်တော့ ခေါင်းဆောင်လင်း တစ်ယောက်တည်းပဲ ဝင်လို့ရမယ် … ဒီတော့ ………”

“ ဘာလဲ … ကျွန်မရော ဝင်လို့မရဘူးပေါ့ ….” နင်ချဲ့ အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။ “ ငါက အသင်း ၃ ရဲ့ ခေါင်းဆောင်လေ … ဒါတောင် နင်တို့က မယုံကြည်နိုင်ဘူးပေါ့ ….”

ဤတစ်ကြိမ် စမ်းသပ်မှုက အတော်လေး တင်းကြပ်သည့်အတွက် လင်းရီ အံ့အားသင့်သွားခဲ့ရသည်။ နင်ချဲ့ပင် ဝင်ရောက်ခွင့် ပိတ်ပင်ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။

“ ဒါက ခေါင်းဆောင်လျန် ချမှတ်ထားတဲ့ စည်းမျဉ်းမို့ပါ … ငါကလည်း ဒီတိုင်း စည်းကမ်းလိုက်နာနေရုံပဲ …” လီဟန် ရှင်းပြလိုက်၏။ သူသည်လည်း အနည်းငယ် အားတောင့်အားနာ ဖြစ်နေမိသည်။

“ စည်းကမ်းကို နည်းနည်းလေး ချိုးဖောက်ပေးလို့ မရဘူးလား … ဒါရိုက်တာလျန်လည်း သိတာမှတ်လို့ …”

ယခင် တစ်ကြိမ် စမ်းသပ်မှု ပြုလုပ်ကတည်းက နင်ချဲ့မှာ အနည်းငယ် ကြောက်ရွံမှုတချို့ ရှိနေပြီး ဖြစ်သည်။ ထို့ကြောင့် လင်းရီ အထဲသို့ ဝင်သည့် အချိန်၌ သူမ အဖော်ပြုပေးချင်သည်။

အန္တရာယ်မရှိမှန်း သူမ သိပေမယ့် … သူ့ဘေးနားတွင် သူမ ရှိနေချင်ခဲ့သည်။

ဤဿည်က လင်းရီအပေါ် သူမ၏ ဂရုစိုက်မှုအား ပြသပေးချင်း ဖြစ်လေသည်။

All Chapters