← Chapters

သခင်လေးလင်းက ကျိုးဟိုင်မှာပဲ ဗိုလ်ကျလို့ရမယ်

Vol. 139 Ch. 2076

သခင်လေးလင်းက ကျိုးဟိုင်မှာပဲ ဗိုလ်ကျလို့ရမယ်

Vol. 139 Ch. 2076

" ဘော့စ် တွေးနေတာ သူတို့က ဝေရိဟွာကို ပစ်မှတ်ထားသင့်တယ်ပေါ့ ဟုတ်လား.... " ‌ဝေကျန်းလုံ မေးလိုက်သည်။

" အင်း ... အဲ့လိုပဲ... "

" ကျုပ် ဝေရိဟွာ အကြောင်း နည်းနည်းတော့ သိတယ်... ရဲတွေ သူ့ကို လွှတ်ပေးထားတာက အနားယူတော့မှာမို့လို့ .... သူ့ဘက်က သန့်ရှင်းရေး အစီအစဉ်ကို စတင်နေတာ အတော်ကြာပြီ... ဒီအကြောင်းပြချက်ကြောင့် ဖြစ်မယ်... "

" ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်တွေကို သန့်ရှင်းချင်တယ်ဆိုဦးတော့ သူ အတိတ်မှာ လုပ်ခဲ့တာတွေက ကြေပျက်သွားမှာမှ မဟုတ်တာ ... ရဲတွေက သူ့ဆီ တစ်ချိန်ချိန် ရောက်လာခဲ့ဦးမှာပဲ... "

" အင်း ... အဲ့တာကမှ ပြဿနာ ... " ဝေကျန်းလုံ ပြောလိုက်ပြီး " ငါကတော့ ပိုင်ရုံရှိုကို ဖမ်းဆီးချင်တဲ့လူတွေက ရဲတွေဖြစ်မယ်လို့ မထင်ဘူး... "

" ဘော့စ်ဆိုလိုချင်တာက ..... "

" ဝေရိဟွာက ကျိုးဟိုင် လူမိုက်လောကရဲ့ ဘော့စ်ဆိုပေမယ့် တကယ့်တကယ် အာဏာရှိတာက သခင်လေးလင်းလို့ ဆိုတဲ့ တစ်ယောက်ပဲ .... "

ဝေကျန်းလုံ ပုတီးစိပ်ရင်း ပြောလိုက်ပြီး " ငါ ကြားတာ သူ့ရဲ့ ဩဇာလွှမ်းမိုးမှုက ကျိုးဟိုင်တစ်မြို့လုံးကို လွှမ်းမိုးထားနိုင်တယ်ဆိုပဲ ... ကျိုးဟိုင်မှာ သူကြံတိုင်း မဖြစ်တဲ့အရာဆိုတာ မရှိဘူး.. ငါ့အထင် ပိုင်ရုံရှိုက သူ့ကို တစ်နည်းနည်းနဲ့ ကန့်လန့်တိုက်မိလို့ အရှင်းခံလိုက်ရတာပဲ …”

“ သခင်လေးလင်း …..”

ကျောက်တုံးဟိုင် ရေရွတ်လိုက်သည်။ “ နာမည်က နားယဉ်နေသလိုပဲ … တစ်ယောက်ယောက် ကျုပ်ရှေ့မှာ တစ်ခါပြောခဲ့ဖူးတယ်နဲ့တူတယ်… ဒါပေမယ့် သူ့အကြောင်းတော့ ဘာမှ မသိထားဘူး …”

“ ငါကြားထားတာတော့ သူ့မှာ အထောက်အထားက သုံးလေးခုလောက်ရှိတယ် … ဒါတွေက သူ့ရဲ့ တကယ့် အထောက်အထား အစစ်အမှန်ကို ဖုံးကွယ်ပေးထားတာပဲ … ငါ များများ စားစား မသိဘူးဆိုရင်တောင် သူ့လက်ထဲမှာ အာဏာတချို့ ရှိနေတာကတော့ ငြင်းလို့မရဘူး …”

“ ဟက် …” ကျောက်တုံဟိုင် နှာမှုတ်လိုက်ပြီး “ ကျုပ် အမြင်ကတော့ ဘော့စ် … သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းက ကျိုးဟိုင်မှာပဲ ရှိတယ်… တကယ်လို့ ရန်ကျင်းရောက်လာမယ်ဆိုရင် သူလည်း တခြားလူတွေလိုမျိုး ခေါင်းငုံ့ ဦးညွှတ်ရမှာပဲ …”

“ အတိအကျပဲ … ရန်ကျင်းက လူတိုင်း ကိုင်တွယ်နိုင်တဲ့ နေရာမဟုတ်ဘူး … သခင်လေးလင်းဆိုတဲ့ကောင်ကလည်း ကျိုးဟိုင်မှာပဲ ဂယက်ထအောင် လုပ်လို့ရမယ်….”

“ ဒါပေမယ့် ပိုင်ရုံရှို ဖမ်းမိသွားတာကတော့ နှမြောဖို့ကောင်းတယ် …” ဝေကျန်းလုံ အေးစက်စွာ ဆိုလိုက်ပြီး “ တကယ်လို့ ဒီလိုမျိုး ဆက်ဖြစ်နေမယ်ဆိုရင် ငါတို့ရဲ့ အနာဂတ် ကမ်းရိုးတန်းတစ်လျှောက် စစ်ဆင်ရေးအတွက်လည်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်…”

“ ဒါပေမယ့် အဲ့ဒီ သခင်လေးလင်းက သိုသိပ်ပြီးနေတာပါ … ကျုပ် ကြားမိသလောက်တော့ ဒီလိုကိစ္စမျိုးတွေမှာ ဝင်ပတ်သက်လေ့ မရှိဘူး … သူနဲ့ လက်တွဲပူးပေါင်းလုပ်ဖို့က နည်းနည်းတော့ ခက်ခဲနိုင်တယ်…”

“ ပြောဖို့ အရမ်းစောလွန်းနေသေးတယ်… ဒီတစ်ခေါက် အပေးအယူ အောင်မြင်တာနဲ့ ငါ ကျိုးဟိုင်ကို တစ်ခေါက်သွားပြီး သူနဲ့ စကားကောင်းကောင်းပြောဖို့ စဉ်းစားထားတယ်…” ဝေကျန်းလုံ ပြောလိုက်ပြီး “ သူ့ကို ငါတို့ရဲ့ ကျိုးဟိုင် ကိုယ်စားလှယ် လုပ်လို့ ရမရ ကြည့်ကြည့်တာပေါ့ …”

“ တကယ်လို့ သူက ငြင်းမယ်ဆိုရင်ကော ….”

“ အဲ့တော့လည်း သူ့ကို ဖယ်ရှားပြီး တခြား တစ်ယောက် ရှာရမှာပေါ့ …” ဝေကျန်းလုံ အပြုံးလေးဖြင့် တုံ့ပြန်လိုက်ပြီး “ ဒီနေ့ခေတ်မှာ လူသားအရင်းအမြစ်တွေက မရှားပါးပါဘူးကွာ ….”

“ အတိအကျပါပဲ ဘော့စ် …”

မကြာမီ ယာဉ်နှစ်စင်းက ဆိပ်ကမ်းသို့ ရောက်လာခဲ့ပြီး လင်းရီတို့ ပုန်းအောင်းနေသည့် နေရာနှင့် မီတာ သုံးဆယ်ခန့်အကွာတွင် စက်သတ်လိုက်သည်။

ကျောက်တုံဟိုင် သူ့နာရီကို တစ်ချက် ကြည့်လိုက်ပြီး “ ဒီကောင်တွေ နောက် မိနစ် နှစ်ဆယ်လောက်ဆို ရောက်လာသင့်ပြီ …”

ဝေကျန်းလုံ ပင်လယ်ပြင်ကြီးဘက်သို့ ငေးကြည့်လိုက်၏။

“ ဒီနေ့ လှိုင်းတွေက တော်တော်လေး ထန်တယ်… နည်းနည်း ကြန့်ကြာတာမျိုးလည်း ဖြစ်နိုင်တယ်…”

ဂျစ် ဂျရစ် …

ထိုအချိန်မှာပဲ ဝေါ်ကီတော်ကီစက်က အသံပြန်မြည်လာခဲ့ပြီး “ ဘော့စ် … ကျုပ်တို့ ပြဿနာ တက်ပြီ … ဒီကို ရဲတွေ ရောက်နေတယ်…”

ဝေကျန်းလုံနှင့် ကျောက်တုံဟိုင်တို့၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားခဲ့ကြသည်။ “ ပစ္စည်းကို ရေထဲ ပစ်ချလိုက် … ဘာ သက်သေအထောက်အထားမှ မကျန်စေနဲ့ …”

“ ဟုတ်ကဲ့ …”

ဘွန်း ဘွန်း ဘွန်း ….

တစ်ချိန်တည်းတွင် ကျောက်တုံဟိုင် ကားစက်နှိုးလိုက်သည်။ အကယ်၍ ပင်လယ်ပြင်တွင် ခြုံခိုတိုက်ခိုက်မှု ရှိလာသည်ဆိုပါက ကမ်းခြေဘက်တွင်လည်း လူတစ်ချို့ ချန်ထားရစ်ခဲ့မည်မှာ ကျိန်းသေသည်။

သူတို့ အလျင်အမြန် ထွက်ပြေးဖို့ လိုအပ်၏။

ထိုအချိန်တွင် လင်းရီသည် ဆိပ်ကမ်းအနီးနားတွင် ထိုးရပ်လာသည့် Range Rover နှင့် လန်ခရူဇာကို လှမ်း သတိပြမိသည်။

တိတ်ဆိတ်စွာဖြင့် … သူ၏ မှန်ဘီလူးကို ထပ်မံကောက်ကိုင်လိုက်ပြီး Range Rover ကားထံသို့ အာရုံစိုက်လိုက်ကာ သူ့စိတ်ထဲရှိ ဝေကျန်းလုံ၏ မျက်နှာနှင့် တိုက်စစ်ကြည့်နေသည်။

ညမှောင်ရိပ်ကြောင့် မြင်ကွင်းက အနည်းငယ် မှုန်ဝါးဝါး နိုင်သော်လည်းပဲ ခရီးသည် ထိုင်ခုံတွင် ထိုင်နေသည့် လူက ဝေကျန်းလုံ ဖြစ်မည်ကိုတော့ လင်းရီ ယုံကြည်ချက် ရှိသည်။

“ လှုပ်ရှားဖို့ အချိန်ကျပြီ …” လင်းရီ တီးတိုးပြောလိုက်သည်။

“ ကားထဲက လူက ဝေကျန်းလုံဆိုတာ နင်သေချာလား …”

နင်ချဲ့၏ မျက်စိအမြင်က လင်းရီကဲ့သို့ ထက်ရှခြင်း မရှိသဖြင့် မေးမြန်းလာသည်။

မှန်ဘီလူးဖြင့် ကြည့်နေလျှင်ပင် လင်းရီမြင်ရသကဲ့သို့ သူမမှာ ကောင်းမွန်စွာ မမြင်နိုင်ခဲ့ချေ။

“ အတော်လေး သေချာတယ် … စကြတာပေါ့ …”

လင်းရီ၏ လက်က နောက်ကျောတွင် ထိုးထားသည့် သေနတ်ပေါ်သို့ ရောက်သွားခဲ့ပြီး ဖမ်းဆီးရန် အဆင်သင့်ဖြစ်နေခဲ့သည်။ သို့သော် ထိုအချိန်မှာပဲ ယာဉ်နှစ်စင်းက ရုတ်ချည်းဆိုသလို အသက်ပြန်ဝင်လာသည်။ အင်ဂျင်သံတို့က မာန်ဖီနေသည့် သားရိုင်းကောင်းကြီးကဲ့သို့ အော်မြည်လာခဲ့၏။ လင်းရီနှင့် နင်ချဲ့တို့နှစ်ဦးလုံး အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။ ဘာတွေ ဖြစ်နေလဲဆိုတာကို သူမတို့ နားမလည်ချေ။

နောက်တခဏ၌ ကားနှစ်စင်းလုံးက ယူ ပုံစံလှည့်ပြီး လာရာလမ်းသို့ အလျင်အမြန် ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

“ ချီးပဲ … ဒါ ဘာတွေ ဖြစ်နေတာလဲ …” နင်ချဲ့ ကျိန်ဆဲလိုက်၏။

“ သတင်းပေါက်ကြားသွားခဲ့တာ ဖြစ်မယ်…”

အခြေအနေက ပြောင်းလဲသွားသည်ကို မြင်တော့ လင်းရီ တုံ့ဆိုင်းမနေခဲ့ချေ။ သူ ချက်ချင်း ခုန်ချ၍ Range Rover ၏ ကားတာယာထံသို့ ကျည်ဆံများ ဆက်တိုက်ပစ်ခတ်လိုက်သည်။

နားပင်းမတတ် ကျယ်လောင်သည့် သေနတ်ပစ်ခွင်းသံက တိတ်ဆိတ်သည့် ညအချိန်အခါတွင် အရပ်ဘက်ပေါင်းစုံသို့ ပျံ့နှံ့သွားခဲ့ပြီး အပေါ်ယံရှိ တိမ်စိုင်များကိုပင် အပေါက်ဖြစ်သွားစေခဲ့သည်။

ခိုင်ကျန်းရွာရှိ ရွာသားများအားလုံး အလန့်တကြားနှင့် အိပ်ယာနိုးကြကာ အပြင်၌ မည်သည့်အရာတို့ ဖြစ်ပျက်နေလဲဆိုတာကို သိချင်စိတ် ပြင်းပြလာခဲ့ကြသည်။

“ ကံကောင်းလို့ ဒါလေးဆောင်ခဲ့မိတာ တော်သေးတာပေါ့ …”

နင်ချဲ့ ရေရွတ်ပြီး သူမ၏ နောက်ကျောဘက်မှ Beretta 92F ကို ဆွဲထုတ်လာသည်။ ထို့နောက် Range Rover ၏ ကားတာယာထံသို့ ချိန်ရွယ်ပြီး ဆက်တိုက် ပစ်ခတ်လိုက်သည်။

သေနတ်မှာ မူလတုန်းက ရန်ကွမ်းရှမှ လင်းရီထံသို့ ငှားပေးထားခြင်း ဖြစ်သည်။ သို့သော် နင်ချဲ့က သဘောကျသွားသဖြင့် လင်းရီလည်း သူမထံသို့ ပေးပစ်လိုက်တော့သည်။

ယခုလို အရေးကြီးသည့် အချိန်အခိုက်အတန့်၌ Beretta 92F သည် သူ့ထိုက်တန်သည့် တန်ဖိုးကို ပြသလာသည်။

ကမ္ဘာပေါ်ရှိ အင်အားအကြီးဆုံးသော လက်ကိုင်သေနတ်များထဲက တစ်ခု ဖြစ်သည်နှင့် လျော်ညီစွာ Beretta ၏ ကျည်ဆံတို့က Range Rover ၏ တာယာများထံ ခွင်းဖောက်သွားခဲ့ပြီး ယာဉ်ကို မှောက်ခုန်လှန်လုနီးပါး ဖြစ်သွားစေခဲ့လေသည်။

ဝေကျန်းလုံ၏ ကားက ပြဿနာ တက်နေသည်ကို မြင်တော့ အနောက်တွင် ရှိနေသည့် လန်ခရူဇာသည် ထွက်ပြေးရန် မကြိုးစားဘဲ ထိုအစား ကူညီပေးရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်းပဲ ထွေထူး အကျိုးသက်ရောက်သွားခြင်းတော့ မရှိလိုက်ပေ။

နင်ချဲ့က လျင်မြန်စွာဖြင့် လန်ခရူဇာ၏ ကားတာယာများအား ပစ်ခတ်လိုက်ပြီး ၎င်းတို့ကို ထွက်ပြေးလို့ မလွတ်အောင် ပြုလုပ်လိုက်၏။

“ သူတို့ ဘယ်နှစ်ယောက်လဲ …” ဝေကျန်းလုံ ကားထဲက လှမ်းမေးလိုက်၏။ သူ၏ လေသံက တင်းမာမှုတို့ ပြည့်နှက်နေသည်။

“ ဝေးတယ် … ကျုပ် နှစ်ယောက်ပဲ မြင်တယ်…” ကျောက်တုံဟိုင် ပြန်လည် ခွန်းတုံ့ပြန်လိုက်သည်။

“ နှစ်ယောက်လား …”

ဝေကျန်းလုံ မျက်မှောင်ကြုတ်သွားခဲ့၏။ ဤသည်က သူမျှော်မှန်းထားသည်နှင့် ကိုက်ညီ မနေချေ။

ယခုအချိန်၌ အာဏာပိုင်များဘက်မှ အင်အားအလုံးစုံကို ထုတ်ပြလာခဲ့သင့်သည်။ အဘယ်ကြောင့် လူနှစ်ယောက်ပဲ လွှတ်လာခဲ့ရသနည်း။

ဘာတွေဖြစ်နေလဲ သူ နားမလည်တော့ချေ။

သူတို့က တကယ်ပဲ ကမ်းခြေမှာ လူနှစ်ယောက်ပဲ ချန်ထားခဲ့တာလား ..

ဒါပေမယ့် မဖြစ်နိုင်ဘူးနော်….

“ သူတို့ ဘယ်နှစ်ယောက်ရှိရှိ ကိစ္စ မရှိဘူး …. ထွက်ပြီး ရှင်းလိုက် …” ဝေကျန်းလုံ အမိန့်ပေးလိုက်သည်။

“ ဟုတ်ကဲ့ ဘော့စ် …”

ယာဉ်နှစ်စင်းထဲရှိ လူများကတော့ ထို အချိန်ကို အခွင့်ကောင်းယူ၍ ကားထဲက ထွက်လာခဲ့ကြသည်။

ထိုအချိန်မှာပဲ ဧရိယာ တစ်ဝိုက်တွင် ဓာတ်မီးအလင်းရောင်တို့ ထွက်ပေါ်လာခဲ့ပြီး လူအယောက်နှစ်ဆယ်ကျော်က မတူညီသည့် ဦးတည်ရာဘက်ခြမ်းမှ သူတို့ရှိရာထံသို့ ပြေးလာခဲ့ကြသည်။

သို့သော် သူတို့ထဲ မည်သူကမျှ သေနတ်များ ကိုင်ဆောင်ထားခြင်း မရှိဘဲ တောခုတ်ဓားနှင့် တံစဉ်းကဲ့သို့သော လက်နက်အသေးစားလေးများကိုသာ ယူဆောင်လာခဲ့ကြသည်။

“ ကားထဲက ကောင်တွေကို ငါ ဂရုစိုက်လိုက်မယ်… နင်က ပြေးလာတဲ့ကောင်တွေကို ရှင်းလိုက် .."

လင်းရီ ခေါင်းညိတ်ပြီး ကျည်ဆံမကုန်သွားစေဖို့ သေနတ်နှစ်လက်ကို နင်ချဲ့ လက်ထဲသို့ ထည့်ပေးလိုက်သည်။

" သတိထားဦး ... "

“ အင်းပါ …” နင်ချဲ့ အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။

လင်းရီ လှေပေါ်က ခုန်ချလိုက်ပြီး နင်ချဲ့ကတော့ အနောက်မှ နေ၍ သူ့အား ကာပစ်ပေးနေသည်။

“ ဝေကျန်းလုံ ... မင်း ဘယ်လိုလူစားမျိုးလဲ ကြည့်ကြသေးတာပေါ့ကွာ …” လင်းရီ ပြေးရင်းဖြင့် ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။

All Chapters