← Chapters

အခန်း (၂၅၁)

Vol. 26 Ch. 251

အခန်း (၂၅၁)

Vol. 26 Ch. 251

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် အဖိုးရှီက ရုတ်တရက် ထရပ်လိုက်သည်။

“မင်း အမေ ပြောတာမှန်တယ်၊ မင်း ပြန်သွားပြီး စဉ်းစားလိုက်ဦး၊ ဒီခဏတော့ အိမ်ကို ပြန်မလာခဲ့နဲ့”

ရှုပ်ပွနေသည့် အခန်းကို ကြည့်ပြီး အဖိုးရှီ၏ လက်သီးသည် သွေးကြောများ ထောင်လာအောင် ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။

“ဒီနေ့အတွက် အကြီးမားဆုံး အမှားက မင်းကို မင်းအမေရဲ့မွေးနေ့ လာရောက်ကျင်းပဖို့ ခွင့်ပြုပေးလိုက်တာပဲ၊ နောက်ဆိုရင် မင်း မင်းအမေ့မွေးနေ့နဲ့ နှစ်သစ်ကူးပွဲတော်တွေမှာ ပြန်မလာတော့နဲ့။”

မစ္စတာရှီနှင့် မဒမ်ရှီတို့ လှည့်ထွက်သွားပြီး ကျန်ရှိသည့်သူများလည်း နေရာမှ ခွဲခွာသွားခဲ့ကြသည်။ အိမ်တော်ထိန်းမှ စားပွဲရှင်းရန် လာသည့်အချိမ်တွင် ရှီစူးမေ့သည်ကား မျက်ရည်များဖြင့် ကြမ်းပြင်ပေါ်သို့ ပုံ့လျက်ကျသွားကာ အော်ငိုနေခဲ့လေသည်။

“ဘာလို့ ကျွန်မကို မကူညီကြတာလဲ။ ကျွန်မက ရှင်တို့ရဲ့ သမီးလေ”

“တီ တီ...”

ကားက ဟုန်ယန်ဧရိယာအတွင်းသို့ ချိုးကွေ့ ဝင်လာခဲ့သည်။

ကျန်းကျန်းလည်း အသိစိတ်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ရှီကျွင့်ကျဲနှင့်အတူ ကားပေါ်မှ ဆင်းလိုက်လေသည်။

သူတို့နှစ်ယောက်က အိမ်သို့ အရင် မပြန်ခဲ့ကြဘဲ ရေကန်ဘေးရှိ ခုံတန်းရှည်ပေါ်၌ ဝင်ထိုင်လိုက်ကြသည်။

ကျန်းကျန်းက သူမ၏ လက်ကို သူမ၏ အိတ်ကပ်ထဲ ထည့်ရင်း ရှီကျွင့်ကျဲကို လှည့်ကြည့်လိုက်သည်။

“ကျွင့်ကျဲ၊ ရှင့်ရဲ့အဒေါ်နှင့်ဝမ်းကွဲညီမရဲ့ မင်းသမီးရောဂါနဲ့ မျက်လုံးအမြင်မကြည်လင်တဲ့ရောဂါကက နည်းနည်းလောက် ပြင်းထန်တယ်လို့ ကျွန်မထင်တယ်”

ရှီကျွင့်ကျဲသည်ကား ဤကဲ့သိုးစကားလုံးကို ပထမဆုံးအကြိမ် ကြားဖူးခဲ့ခြင်းဖြစ်သော်လည်း ချက်ချင်းပင် စကား၏ အဓိပ္ပာယ်ကို နားလည်လိုက်လေသည်။

သူက ညင်သာစွာ သက်ပြင်းချလိုက်ပြီး ပြန်ပြောလာခဲ့သည်။

“အဖေပြောတာတော့ မိသားစုထဲမှာ ဘယ်သူကမှ သူမကို မကူညီပေးခဲ့တဲ့ သူမရှိဘူးတဲ့၊ ဒါပေမဲ့ သူမက ကျေးဇူးတင်ရမယ့်အစား ပိုပြီးတော့တောင် အပြစ်ရှာလာတတ်တယ်၊

သူများတွေက သူမကို အကုန်ပေးရပြီး ကူညီပေးရမယ်ဆိုတာမျိုးအထိကိုတောင် သူမက တောင်းဆိုတတ်တယ်၊ သူမ လိုအပ်တာကို မဖြည့်ဆည်းပေးနိုင်ရင် ငိုယိုပြီး ဆူပူကြိမ်းမောင်းတတ်တယ်။

သူမအတွက် ကောင်းကောင်းမွန်မွန်လုပ်ပေးရင်တောင် ကျေးဇူးတင်ပါတယ်လို့ မပြောခဲ့ဘူး၊ သူမက အဲဒီလိုလုပပေးတတ်မျိုးက ပုံမှန်ဖြစ်သင့်တဲ့အရာလိုပဲ သဘောထားခဲ့တယ်၊

နောက်ပိုင်းမှာ ရှန်မိသားစုက ပြောင်းရွှေ့ခံရတော့ အဖေနှင့် ဦးလေးနှစ်ယောက်က သူတို့ရဲ့ပြဿနာနဲ့ သူတို့ရှုပ်နေခဲ့ပြီး သူတို့နဲ့လည်း အဖွဲ့အစည်း မတူတော့ ထိန်းချုပ်လို့မရခဲ့ဘူး၊

ဒါကို သူမက တစ်မိသားစုလုံးက သူ့ကို အကြွေးတင်နေသလို ခံစားရနေခဲ့ရတယ်၊ အခု သူမ အဆင်မပြေတာကလည်း မိသားစုက သူမကို ကောင်းကောင်း မကူညီခဲ့လို့ဆိုပြီး တွေးနေခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ကို လုံးဝ မတွေးခဲ့ဘူး”

ရှီကျွင့်ကျဲက စကားကို ရှည်လျားစွာ ပြောလာခဲ့သည်။ သူ၏ ဝမ်းကွဲညီမဖြစ်သူကို သတိရကာ ရှီကျွင်းကျဲသည် မျက်မှောင်ကြုတ်လိုက်ပြီးထပ်ပြောလိုက်ပြန်သည်။

“ကိုယ့်အထင်တော့ သူမက သူမရဲ့သမီးကိုလည်း ဒီလို မကောင်းတဲ့ ပုံစံအတိုင်း သင်ပြထားခဲ့တယ်ထင်တယ်”

ကျန်းကျန်း၌ ရှန်ချင်းရန်အပေါ် မကောင်းသော အမြင်တို့ရှိနေခဲ့သည်။

“ဒီကလေးမလေးရဲ့ လူတွေကို ကြည့်ပုံက အရမ်းဆိုးတယ်၊ ကျွန်မ သူ့ကိုမကြိုက်ဘူး”

ရှီကျွင်းကျဲက ကျန်းကျန်း၏ လက်ကိုဆွဲ၍ နားအနီးသို့ကပ်ကာ တီးတိုးပြောလိုက်သည်။

“ဟုတ်တယ်၊ မင်းက ကိုယ့်ကို ကြိုက်နေသရွေ့ လုံလောက်ပြီ၊ တခြားလူတွေကို ကြိုက်စရာမလိုဘူး”

ကျန်းကျန်း အိမ်ရောက်သည်နှင့် အခန်းထဲသို့ ဝင်၍ အဝတ်မလဲရသေးမီ မဒမ်လီက သူမကို ဧည့်ခန်းမကြီးထဲ ခေါ်သွားပြီး စိတ်ပူစွာ မေးသည်။

“ဘယ်လိုလဲ သူ့ရဲ့မိသားစုနဲ့ အဆင်ပြေရဲ့လား၊ သူ့အဘွားက ပေါင်ပေ့ကို သဘောကျရဲ့လား”

ကျန်းကျန်းက သူမ၏ကိုယ်ပေါ်မှ သိုးမွှေးကုတ်အင်္ကျီကို ချွတ်၍ ချိတ်ပေါ်တွက် ချိတ်လိုက်ရင်း လက်၌ လက်ဖက်ရည်ပူခွက်ကို ကိုင်၍ လက်များအေးသည်ကို သက်သာအောင် အရင်ဆောင်ရွက်လိုက်သည်။

“ရှီကျွင့်ကျဲရဲ့ အဘွားက ကျွန်မကို အရမ်းချစ်တယ်၊ သူမက သူမရဲ့ ဘဝတစ်လျှောက်လုံး ဝတ်ဆင်ခဲ့တဲ့ လက်ကောက်ကိုတောင် ပေးလိုက်သေးတယ်”

သူမက ပြောရင်းနှင့် လက်ကောက်ဝတ်ရှိ ကျောက်စိမ်းလက်ကောက်ကို မဒမ်လီကို ပြလိုက်သည်။

မဒမ်လီသည်ကား ၎င်းလက်ကောက်ကို ကျောက်စိမ်းမှန်းသာ သိနေခဲ့သည်။ အမျိုးအစားနှင့် အသွင်အပြင်ကိုမူ မခွဲခြားတတ်ပါချေ။

သူမက ပို၍ နီးနီးကပ်ကပ် ကြည့်ပြီး ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။

“ဒါက မင်းကို သူမရဲ့မြေးမဝချွေးမအဖြစ် အသိအမှတ်ပြုလိုက်တာပဲ”

“ဘယ်သူက အဖွားရဲ့မြေးမလေးကို ဒီလောက် ဆွဲဆောင်မှုရှိအောင် လုပ်ထားလို့လဲ၊ လူတိုင်း သမီးကို ချစ်ကြတယ်လေ၊ ပန်းတွေတောင်မှ သမီးအနားမှာဆိုရင် ပွင့်လာကြတယ်”

ကျန်းကျန်းက ခုံပေါ်၌ ခြေချိတ်ထိုင်၍ ရယ်မောရင်းဖြင့် ပြောလိုက်သည်။

“ဒါနဲ့ သတိရတယ်၊ ပေရှားဒေသမှာတုန်းကလည်း သမီး ရတနာသေတ္တာတစ်လုံး တူးဖော်ခဲ့ဖူးတယ်၊ အဲဒီသေတ္တာထဲမှာလည်း ကျောက်စိမ်းလက်ကောက်တွေ ပါတယ်၊

ဒီတစ်ခုလောက် အရည်အသွေးမကောင်းပေမဲ့ မဆိုးပါဘူး၊ အဖွားနဲ့ အမေကို ဝတ်ဖို့အတွက် တစ်ခုစီ ထုတ်ပေးလိုက်မယ်”

ကျန်းကျန်းသည်ကား ပေရှားဒေသတွင်ရှိစဉ်က အချိန်တိုင်း ပစ္စည်းများကို တူးဖော်လာတတ်သည်။

မတိုင်မီကမူ မဒမ်လီသည်ကား သူမ၏ မြေးမလေး ယူလာသည့်အရာထဲတွင် မည်သည်များပါသည်ကို သိချင်ခဲ့သော်လည်း နောက်ပိုင်းတွင် လုံးဝ မကြည့်တော့ပါချေ။

သို့သော်လည်း ဤတစ်ခါ မြို့တော်တွင်ရှိလျှင် သူမ၏ ပစ္စည်းများသည် များစွာ ရှိလိမ့်မည်။ တစ်အိတ်လုံး ပြန်သယ်ရခြင်းဖြစ်၍ အခက်အခဲများ ရှိလာနိုင်။

“ငါ အဲဒီလို ပစ္စည်းတွေ မဝတ်ချင်ဘူး”

ဝမ်စုဖန်းက ဟင်းသီးဟင်းရွက်မျုး ရွေးရင်း ခေါင်းထောင်၍ ကျန်းကျန်းကို ကြည့်ကာ ပြောလိုက်သည်။

“အါဒါက အလုပ်လုပ်တဲ့အချိန်တွေမှာ တွန်းမိတိုက်မိပြီး ကွဲကြေသွားရင် ဘယ်လောက်တောင်ဖြုန်းတီးရာရောက်လိုက်မလဲ”

မဒမ်လီက ခန်ပေါ်၌ ခြေထောက်ချိတ်ထိုင်လိုက်သည်။

“ငါလည်း ကျောက်စိမ်းတွေကို မကြိုက်ဘူး၊ ရွှေဝတ်တာကမှ ပိုကောင်းသေးတယ်”

သူမ ပြောနေရင်းဖြင့် ရုတ်တရက် တစ်ခုခုကို သတိရသွား၍ ထရပ်လိုက်ကာ ဗီရိုဆီသွားသည်။

“ကျန်းကျန်းက ငါ့ကို အရင်တုန်းက ရွှေနားဆွဲတစ်ရံ ပေးခဲ့ဖူးတယ်၊ အဲဒီတုန်းကတော့ ငါ မဝတ်ရဲခဲ့ဘူး၊ ဒါပေမဲ့ အခု လမ်းပေါ်မှာ နားကပ်တွေဝတ်တဲ့လူတွေ အများကြီးတွေ့နေရပြီဆိုတော့ ငါလည်း ပြန်ရှာပြီး ဝတ်ရမယ်”

သူမ၏ ဘဝ၌ တစ်ခုတည်းသော ရွှေထည်ပစ္စည်းအတွက် မဒမ်လီတစ်ယောက် ပြန်ရှာရန်အတွက် စိတ်အားထက်သန်နေခဲ့ကာ အိပ်ရာထဲမှ ချက်ချင်းထ၍ လှုပ်ရှားလာခဲ့သည်။

သူမက ဗီရိုကိုဖွင့်၍ သစ်သားသေတ္တာလေးတစ်ခုကို ထုတ်လိုက်သည်။ ထိုသေတ္တာလေးကို ဖွင့်လိုက်သော် အထဲတွင် လက်ကိုင်ပဝါအထပ်များ ရှိနေပြီး နားဆွဲလေးတစ်ရံက အောက်ဆုံး၌ ရှိနေလေသည်။

မဒမ်လီက သူမ၏ နားရှိ ထိုးထာစလျက်ရှိသော လက်ဖက်ခြောက်အရိုးကို ချွတ်လိုက်ပြီး မှန်ကြည့်စရာမလိုဘဲ သုံးလေးချက်လောက်လှည့်ကာ နာစဆွဲကို ဝတ်ဆင်လိုက်သည်။

နားပေါ်ရှိ အလေးချိန်ကို ခံစားလိုက်ရသော် သူမ အလွန်ပင် ပျော်ရွှင်သွားခဲ့လေသည်။

မဒမ်လီက မှန်ကို အမြန်ယူပြီး ကျန်းကျန်း၏ အမေကို လှမ်းမေးလိုက်သည်။

“ဘယ်လိုနေလဲ၊ လှရဲ့လား”

“အရမ်း လှတယ်”

ဝမ်စုဖန်းသည်လည်း မနာလိုဖြစ်စွာ ခေါင်းညိတ်သည်။

မဒမ်လီ လက်ထပ်စဉ်က ငွေနားဆွဲများ ရှိခဲ့သော်လည်း ဝမ်စုဖန်း လက်ထပ်စဉ်ကမူ အနီရောင်ချည်ကြိုးကိုသာ ဝတ်ခဲ့ရသည်။

အနှစ်များစွာ ကြာလာသော်လည်း သူမ၌ လက်ဝတ်ရတနာဟူ၍ တစ်ခုမှ မရှိခဲ့ပါချေ။

ဝမ်စုဖန်း၏ မျက်နှာကို သတိထားမိသောကြောင့် ကျန်းကျန်းတစ်ယောက် သူမကိုယ်သူမ ပေါ့ဆကြောင်း ဆူပူလိုက်မိသည်။

သူမ ထရပ်၍ အဝတ်ပင် မလဲနိုင်တော့ဘဲ သူမ၏အိမ်ထဲသို့ အမြန်ပြန်ဝင်သွားခဲ့သည်။ ဝမ်စုဖန်းက ကျန်းကျန်း၏ လှုပ်ရှားမှုကိုမြင်လျှင် ခေါင်းထောင်၍ ကြည့်လိုက်ကာ ပြုံးလိုက်ပြီး ခေါင်းကိုအသာခါလိုက်သည်။

“ဒီကလေးကတော့ ကလေးဘဝကအတိုင်းပဲ၊ အခုထိ စိတ်မထန်လက်မြန်ရှိနေတုန်း”

ကျန်းကျန်း အခန်းထဲသို့ ပြေးဝင်သွားပြီး ချက်ချင်းဆိုသလို သူမ၏ နေရာလွတ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ထို့နောက် ရွှေငါးပုတ်သင်ကြီးနှင့် ခေါင်းမာသည့် အမျိုးသမီးထံမှ ဖလှယ်ထားသည့် ရတနာသေတ္တာကို ထုတ်လိုက်လေသည်။

ထိုထဲမှ ကြုံရာသေတ္တာတစ်လုံးကို ထုတ်လိုက်ပြီး ဖွင့်ကြည့်လိုက်သော် အထဲတွင် ရွှေလက်ကောက်များ၊ ရွှေနားဆွဲများ၊ ကျောက်မျက်ရတနာများ နှင့် ဆွဲကြိုးများ အပြည့်ရှိနေခဲ်သည်။

ကျန်းကျန်း အိမ်တွင် ဝတ်သည့် အင်္ကျီအသေးလေးကိုအရင်ဆုံး ဝတ်လိုက်ပြီး ကျန်းကျန်းသ ထိုသေတ္တာကို ဧည့်ခန်းမကြီးဆီသို့ ပြန်ယူလာပြီး စားပွဲပေါ်တွင် တင်လိုက်သည်။

“အဘွား၊ အမေ၊ ကြိုက်တာကို ရွေးလို့ရပါတယ်။”

“ဒါက ဘာတွေလဲ”

မဒမ်လီက သူမ၏ လက်ထဲရှိ လိမ္မော်ခွံကို ဘေးသို့ဖယ်ချလိုက်ပြီး အနားသို့ လျှောက်လာကာ သေတ္တာကို ပေါ့ပေါ့ပါးပါးလေး မြှောက်ကြည့်လိုက်လေသည်။

သူမ ထိုသေတ္တာလေးကို ဖွင့်ကြည့်လိုက်လျှင် ထိုအတွင်းမှ ရတနာပုံများကြောင့် ချက်ချင်းပင် အံ့အားသင့်ထိတ်လန့်သွားရသည်။

“အိုး ဘုရားရေ!”

ဝမ်စုဖန်းသည်လည်း သူမ၏ လက်ထဲမှ ဟင်းသီးဟင်းရွက်များ ပြုတ်ကျသွားမှန်းကိုပင် မသိတော့ပေ။ သူမက တုန်လှုပ်စွာဖြင့် အနားကို ရွေ့လာပြီး ကြည့်နေခဲ့သော်လည်း ထိုအထဲကို လက်ပင် မလှမ်းရဲခဲ့ပါချေ။

“ကျန်းကျန်း၊ မင်း မိသားစုကြီးတစ်စုဆီကနေ လုယူဖို့ ကြိုးစားခဲ့တာလား”

“ဓားပြတိုက်တာက ဥပဒေနဲ့ မကင်းလွတ်ဘူး၊သမီး အဲလိုအရာတွေကို လုပာမှာမဟုတ်ဘူး”

ကျန်းကျန်းက လိမ္မော်သီးတစ်လုံးကို ကောက်ယူ၍ အခွံခွာလိုက်သည်။

“ဒါတွေက သမီး အရင်တုန်းက တောင်ပေါ်ကနေ တူးယူလာတာတွေပဲ၊ အမေတို့ ကြိုက်တာကို ရွေးပြီး ယူလို့ရတယ်”

“မဟုတ်ဘူး၊ မင်း တောင်ပေါ်ကနေ ရတနာတွေ အကုန်လုံးကို တူးယူခဲ့တာလား”

ဝမ်စုဖန်းသည်ကား သူမ၏ မျက်လုံးများကို မရွှေ့နိုင်ဖြစ်၍ မေးလာခဲ့သည်။

“ဒါတွေကို ဝတ်ရင် ပိုင်ရှင်တွေ ရှာတွေ့သွားမှာ မဟုတ်ဘူးလား”

“စိတ်မပူပါနဲ့၊ ဒါတွေက ပိုင်ရှင်မရှိပါဘူး၊ အမေကြိုက်ရင် ဝတ်လိုက်ရုံပါပဲ”

ကျန်းကျန်းက အနားသို့ လျှောက်လာပြီး အပေါ်ဆုံးတွင်ရှိနေသော နဂါးနှင့်ဖီးနစ်ရွှေလက်ကောက်တစ်ရံကို ကောက်ယူပြီး ဝမ်စုဖန်းကို ပေးလိုက်သည်။

“အမေ၊ ဒါလေး ဝတ်ကြည့်ပါလား”

“အိုး၊ ငါ လက်တောင် မဆေးရသေးဘူးလေ”

**

All Chapters