အခန်း (၂၅၃)
Vol. 26 Ch. 253
ကျန်းရန်ကျယ်အိမ်သည်ကား ဟုန်ရန်ရပ်ကွက်၏ မလှမ်းမကမ်းအတွင်း၌ တည်ရှိလေ၏။ မကြာခင်မှာပင် လင်းရှို့လန်၊ ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့က မဒမ်ရှီကို သွားကြိုခဲ့ကြပြီး ဟုန်ရန်အပြင်ဘက်ရှိ ကျန်းရန်ကျယ်၏အိမ်အပြင်ဘက်ရှိ တိုက်ရိုက် ကားမောင်းသွားခဲ့ကြသည်။
ကျန်းကျန်းမှ ကျန်းရန်ကျယ်ကို ကြိုတင်စကားခံထားပြီးဖြစ်၍ ကျန်းရန်ကျယ်က ယနေ့ မနက်စောစောတွင် ဟင်းသီးဟင်းရွက်များသွားဝယ်ပြီးနောက်တွင် အပြင်သို့ မထွက်တော့ဘဲ နွေးထွေးသည့် အရှေ့ခန်းအတွင်း၌ ဆေးစာအုပ်ကို ဖတ်နေသည်။
“ရှစ်ဖူ၊ ကျွန်မတို့ ရောက်ပါပြီ”
ကျန်းကျန်းက အိမ်ဝင်းအတွင်းသိုး ဝင်လိုက်ရင်းနှင့် အော်ပြောလိုက်သည်။ ကျန်းရန်ကျယ်က ပြတင်းပေါက်ဆီမှ ၎င်းတို့ကို လက်ဝှေ့ရမ်းပြလိုက်သည်။
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အခန်းအတွင်းမှ နွေးထွေးသည့် ဆေးနံ့သင်းသင်းလေးတို့က ထွက်လာခဲ့လေ၏။
မဒမ်ရှီက သူမ၏ အရှေ့မှလူက ကျန်းရန်ကျယ်မှန်း သေသေချာချာသိလိုက်သော် စိတ်လှုပ်ရှားစွာဖြင့် လက်ဆန့်တန်းလိုက်သည်။
“ဆရာကို ဒုက္ခပေးမိပြီ”
“အဘွား၊ ထိုင်ပါဦး”
ကျန်းရန်ကျယ်က ၎င်းတို့ကို ဆိုဖာပေါ်၌ ထိုင်ခိုင်းခဲသသည်။ ခဏတာမျှ လမ်းလျှောက်ခဲ့ရသည့်အတွက် အဘွားအိုက အသက်ရှူမဝနိုင်သေးချေ။
ကျန်းရန်ကျယ်က ဆီးသီးနှင့် ကွေ့ဟွားလက်ဖက်ရည်တစ်အိုးကို ကျိုချက်ပြီး လူတိုင်းကို တစ်ပန်းကန်စီ ငှဲ့ပေးလိုက်သည်။
“ကျွန်မက အမြဲတမ်း ဆရာ့ဆီကို လာလည်ဖို့ စိတ်ကူးနေခဲ့မိတာ၊ အိမ်က ဒီလောက်နီးနေလိမ့်မယ်လို့ မထင်ခဲ့ဘူး”
လင်းရှို့လန်သည်လည်း ရိုးသားစွာ ပြုံးလိုက်ကာ နှုတ်ဆက်ခဲ့သည်။
“ဒီတစ်ကြိမ် ကျေးဇူးပြုပြီး ကျွန်မရဲ့ယောက္ခမကို ကြည့်ပေးပြီး အားဖြည့်ဆေးညွှန်းလေး ပေးဖို့ ဆရာကို အကူအညီတောင်းပါရစေ”
“ဒီလောက်ထိ ယဉ်ကျေးစရာ မလိုပါဘူး”
ကျန်းရန်ကျယ်သည်ကား အနည်းငယ်ပြုံး၍ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
“ကျန်းကျန်းက ကျွန်တော့်ရဲ့ တပည့်တစ်ဝက်ပါပဲ၊ ရှီကျွင့်ကျဲကလည်း ကောင်းမွန်လိမ္မာတဲ့ကလေးတစ်ယောက်ပဲလေ၊ ကျွန်တော်က တစ်ယောက်တည်းနေရတဲ့အတွက် ပျင်းတတ်လို့ သူတို့ လာရင် ပိုပြီး ပျော်ရွှင်ရတဲ့အတွက် သူတို့ကို လာစေချင်တာပါ”
ရှီကျွင့်ကျဲက အိုးတစ်လုံးကို ယူဆောင်လာ၍ မေးမြန်းခဲ့သည်။
“ဆရာ၊ ကျွန်တော် ‘ဗုဒ္ဓနံရံပေါ်က ခုန်ချ’ ဟင်းကို ချက်လာခဲ့ပါတယ်၊ အခုပဲ တစ်ပန်းကန် စားလိုက်မလား၊ ဒါမှမဟုတ် မီးဖိုပေါ်မှာ တင်ပြီး နွှေးထားလိုက်ရမလား”
“တစ်ပန်းကန် အရင်ပေးပါ”
ကျန်းရန်ကျယ်က သူ၏ အင်္ကျီလက်စကို လက်မောင်းပေါ်သို့ ခေါက်တင်လျက် ပြောဆိုလာသည်။
“ငါ မနက်စာတောင် ကောင်းကောင်းမစားရသေးဘူး၊ မင်းရဲ့ ‘ဗုဒ္ဓနံရံပေါ်က ခုန်ချဟင်း’ ကို စောင့်နေတာ”
ရှီအဘွားကြီးနှင့် လင်းရှို့လန်တို့သည်လည်း တရုတ်တိုင်းရင်းဆေးသမားတော်၏ စေတနာကို မြင်သော် များစွာ စိတ်သက်သာရာရသွားကြသည်။
ရှီကျွင့်ကျဲမှ ကြာရွက်ကို ဖယ်ရှားလိုက်သည်နှင့် မွှေးပျံ့သည့်ရနံ့ရ ချက်ချင်းပင် ထွက်ပေါ်လာခဲ့၏။ ထိုရနံ့ကြောင့် ကျန်းရန်ကျယ်၏ မျက်လုံးများက ချက်ချင်းပင် တောက်ပလာ၍ပြောလာလေသည်။
“ဒါက ‘တက္ကသိုလ်ကန်တင်း’ မှာ စားခဲ့တာထက်တောင် ပိုမွှေးတာပဲ”
“သေချာတာပေါ့၊ ကျွင့်ကျဲရဲ့ ပါဝင်ပစ္စည်းတွေက ပိုပြီးစုံလင်တယ်လေ”
ကျန်းကျန်းက ပန်းကန်ငါးလုံးကို တန်းစီယူလာလျက်ပြောလေသည်။
“ဆရာ၊ ဆရာတစ်ယောက်တည်း စားရင် မကောင်းပါဘူး၊ ဖြုန်းရာရောက်လွန်းတယ်လေ၊ ကျွန်မတို့ပါ အတူစားပါ့မယ်၊ ဆရာတစ်ယောက်တည်းဆိုရင် စားရမှာ ခံတွင်းမတွေ့မှာကို စိတ်ပူရတယ်”
“မင်းက လောဘကြီးပြီး စားချင်နေတာကို ဆင်ခြေတွေ ပေးနေသေးတယ်”
ကျန်းရန်ကျယ်က ကျန်းကျန်း၏ နဖူးကို သူ၏ လက်ချောင်းများဖြင့် အသာခေါက်လိုက်သည်။
ထို့နောက် ပန်းကန်ကို ယူ၍ ဟင်းရည်တစ်ငုံ သောက်ပြီးနောက် ကျန်းရန်ကျယ်က ချက်ချင်းဆိုသလိုပင် နောင်တရ၍ ပြောလာချေသည်။
“တကယ်တော့ ငါတစ်ယောက်တည်း စားတာလည်း ကောင်းပါတယ်”
ကျန်းကျန်းက ချက်ချင်းပင် သမင်အရွတ်တစ်တုံးကို ကိုင်လျက် တစ်ကိုက် ကိုက်လိုက်ကာ ပြောလေသည်။
“ရှစ်ဖူ ခုနတုန်းက သဘောတူတယ်လို့ ပြောပြီးပြီ၊ ပြန်ပြင်ဖို့ မဖြစ်နိုင်တော့ဘူးနော်”
သူတို့နှစ်ဦးက အချင်းချင်း နောက်ပြောင်နေကြပြီး ပတ်ဝန်းကျင်၏လေထုသည်ကား ရုတ်တရက် များစွာ ပိုမို တက်ကြွလာ၏။
တစ်ဦးကို တစ်ပန်းကန် သုံးဆောင်ပြီးသည်နှင့် လူတိုင်းက ခန္ဓာကိုယ်အတွင်း နွေးထွေးမှုကို ခံစားလိုက်ရလေသည်။
ရှီအဘွားကြီးသည်ကား အစပိုင်းကတည်းက ကြီးကြီးမားမား ဖျားနာနေခြင်း မဟုတ်ခဲ့ပေ။ သို့သော်လည်း အသက်ကြီးလာသည်နှင့်အမျှ ဟိုနားသည်နားက အမြဲတမ်း မသက်မသာ ဖြစ်နေတတ်ကြသည်ပင်။
လင်းရှို့လန်တစ်ယောက် အဘွားရှီ၏ မတိုင်ခင်က ဆေးစာများအားလုံးကို သမားတော်ကျန်း ကြည့်ရှု ရည်ညွှန်းနိုင်ရန်အတွက် ဘေးနားတွင် ချထားလိုက်သည်။
ကျန်းရန်ကျယ်သည်ကား မဒမ်ရှီကို သွေးခုန်နှုန်း စမ်းပေးပြီးသည်နှင့် လက်ဖက်ရည်တစ်ငုံ သောက်လိုက်၍ ပြောလိုက်လေသည်။
“တကယ်တော့ အစ်မကြီးရဲသ ခန္ဓာကိုယ်က ပုံမှန်ပဲ၊ သူမရဲ့ခန္ဓာကိုယ်ပေါ်က ပြဿနာသေးသေးလေးတွေက မပြင်းထန်ပါဘူး၊ ဒါပေမယ့် ဒီဆေးစာတွေပေါ်က ရက်စွဲတွေကို ကြည့်ရတာ၊ အစ်မကြီးက ဆေးသောက်တာ ၆ လတောင်ကြာနေပြီ၊ မရပ်သေးဘူး၊
အခု ဒီဆေးစာကို ရပ်လိုက်လို့ရပြီလို့ ထင်တယ်၊ ကျွန်တော် အားဖြည့်ဆေးနည်း နည်းနည်းလောက် ရေးပေးလိုက်မယ်၊ အစ်မကြီး ပြန်ယူသွားပြီး အဲဒီအတိုင်း စားပေါ့၊ တစ်လနေရင် ပြန်လာခဲ့၊ ကျွန်တော် ထပ်ကြည့်ပေးမယ်”
သမားတော်ကျန်းက သွေးခုန်နှုန်း စမ်းသပ်၍ ဆေးမှတ်တမ်းကို ရေးမှတ်ပြီးနောက် ကျန်းကျန်းဆီငို့ ပေးလိုက်၍ ပြောလိုက်သည်။
“အခု မင်းလေ့လာထားသမျှကို စမ်းသပ်မယ်၊ ဒီဆေးမှတ်တမ်းအတွက် အားဖြည့်စားသောက်နည်းလေးတွေ ရေးပေးလိုက်”
ကျန်းကျန်းသည်ကား ပြီးခဲ့သည့် ခြောက်လအတွင်း သင်ယူလေ့လာနေခဲ့သည်။ ထို့ကြောင့် သွေးခုန်နှုန်းမှတ်တမ်းကို ဖတ်ပြီးသည်နောက်တွင် အားဖြည့်ဓာတ်စာ စားသောက်နည်း ဆယ်မျိုးခန့်ကို ချရေးပေးခဲ့လေသည်။
သမားတော်ကျန်းသည်လည်း စိတ်ကျေနပ်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။
“မင်း ပြီးခဲ့တဲ့ ခြောက်လအတွင်း အလုပ်မကြိုးစားခဲ့ဘဲ နေခဲ့တာတော့ မဟုတ်ဘူးပဲ၊ မင်းရဲ့ ကျွမ်းကျင်မှုတွေက မြန်မြန်ဆန်ဆန် တိုးတက်လာပြီး သင်ယူနိုင်ခဲ့တယ်၊ ဒီတော့ မင်း ငါ့ကို ကျူရှင်ကြေး ပေးသင့်ပြီလား”
ကျန်းကျန်းသည်ကား ရှုပ်ထွေးစွာ ကြည့်၍ မေးလိုက်မိသည်။
“ ဘာလဲ”
သမားတော်ကျန်းက တည်ကြည်လေးနက်သောမျက်နှာနှင့် သက်ပြင်းချ၍ ပြောလာလေ၏။
“ငါတို့တွေက အချင်းချင်းင်း ရင်းနှီးတယ်ဆိုတော့ မင်းဆီက ပိုက်ဆံတောင်းဖို့ ရှက်မိတယ်၊ ဒီတော့ မင်း...”
သူက ပြောရင်း ရှီကျွင့်ကျဲကို လက်ညှိုးထိုးပြ၍ များစွာ ပျော်ရွှင်စွာ ရယ်လိုက်သည်။
“သူ့ကို ချက်ပြုတ်ပြီး အကြွေးဆပ်ခိုင်းလိုက်”
ကျန်းကျန်းတစ်ယောက် သူ့အား မျက်လုံးပြူးကျယ်စွာဖြင့် စိုက်ကြည့်နေသည်ကို မြင်သော် ကျန်းရန်ကျယ်သည် တစ်ဖက်သိုးလှည့်၍ ရှီကျွင့်ကျဲကို မေးလိုက်သည်။
“မင်း သူမအတွက် အကြွေးဆပ်ပေးမလား”
ရှီကျွင့်ကျဲက သူ၏ နှာခေါင်းကို အသာတို့ထိရင်း ပြောလိုက်လေသည်။
“ကျန်းကျန်းရဲ့ အကြွေးဆိုတော့ သေချာပေါက် ရပါတယ်”
ကျန်းကျန်းတစ်ယောက် နောက်ဆုံးတွင် သတိပြန်ဝင်လာ၍ ခေါင်းခါရင်း ပြောလိုက်သည်။
“ရှစ်ဖူ၊ ရှစ်ဖူက အရမ်းကို ကောက်ကျစ်တာပဲ”
“ဘာဖြစ်လို့လဲ၊ ဒီနှစ်တွေမှာ ငါ့လိုမျိုး ရက်ရောတဲ့လူ သိပ်မများတော့ဘူး”
ကျန်းရန်ကျယ်က အိုးတွင်းရှိ ‘ဗုဒ္ဓပင်နံရံကိုကျော်တက်’သည့် ဟင်းကို လက်ညှိုးထိုးပြ၍ မေးလိုက်သည်။
“ငါ အများကြီး မတောင်းဆိုပါဘူး၊ မင်း ငါ့အိမ်ကို နှစ်ပတ်တစ်ခါ လာပြီး ‘ဗုဒ္ဓနံရံပေါ်က ခုန်ကျော်’ တစ်အိုး ချက်ပေးရုံပါပဲ? ပါဝင်ပစ္စည်းတွေ အကုန် ငါ့ဆီမှာ ရှိတယ်၊ မင်းက မင်းရဲ့ လက်ရာကိုပဲ သုံးပြီး ချက်ရုံပါပဲ။ ရမလား”
ရှီကျွင့်ကျဲ ပြုံး၍ ပြောလိုက်သည်။
“ဆရာက ကျွန်တော့်ရဲ့လက်ရာကို စားရတာကြိုက်တယ်ဆိုမှတော့ ကျွန်တော် ဝမ်းမြောက်ဝမ်းသာနှင့်မကြာခဏ လာချက်ပေးပါ့မယ်”
ကျန်းကျန်းတစ်ယောက် ကျန်းရန်ကျယ်၏ အောင်ပွဲခံနေသည့် အပြုံးကို ကြည့်၍ မညည်းညူဘဲ မနေနိုင်ဘဲပြောလိုက်သည်။
“ကျန်းမာရေးအတွက် နေ့တိုင်း အစားသောက်ကို တစ်ဝက်လောက်ပြည့်အောင်ပဲ စားသင့်တယ်၊ အသားကို နည်းနည်းပဲစားမယ်ဆိုရင် နှစ်တစ်ရာလောက် ပိုနေရမယ်လို့ ဘယ်သူပြောတာလဲ”
ကျန်းရန်ကျယ်က အပြစ်ကင်းသည့်ပုံစံနှင့်ပြောလာခဲ့သည်။
“အသားနည်းနည်းစားတယ်ဆိုတာ မစားတာကို ပြောတာ မဟုတ်ဘူး၊ရာပုံမှန်အားဖြင့် ဆေးဘက်ဝင် အစားအစာတွေမှာလည်း အသားနဲ့ ဟင်းရည်တွေ အများကြီးပါဝင်တယ်။ အရေးအကြီးဆုံးကတော့ ဆေးဘက်ဝင် အစားအစာတွေကို မစားတော့ဘဲ ဒါပဲ စားတော့တာမှမဟုတ်တာ”
“ရှစ်ဖူက အခု သမားတော်တစ်ယောက်နှင့်တောင် မတူတော့ဘူး”
ကျန်းကျန်းက ခေါင်းကိုခါရမ်း၍ သက်ပြင်းချလျက် မေးလိုက်သည်။
“အစာစားချင်စိတ်က ဒီလောက် အရေးကြီးလို့လား”
“ဒီမေးခွန်းကို မင်း ကိုယ့်ကိုယ်ကို မေးသင့်တယ် မဟုတ်ဘူးလား၊ ယုန်နဲ့ ငှက်တွေကို ငါ့အိမ်ကို ဘယ်သူ ယူလာပြီး အကင်တွေ လုပ်စားတာနေလဲ”
ကျန်းရန်ကျယ်က အပြင်းအထန် ပြန်ပြောဆိုလိုက်ပြီး ကျန်းကျန်း ပျော့ခွေသွားသည်ကို ကြည့်ပြီးမှ အောင်ပွဲခံ၍ သူမအား လွှတ်ပေးလိုက်ကာ တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် ရှီကျွင့်ကျဲအား လှမ်းပြေ်လိုက်လေသည်။
“ဒီအပတ် တနင်္ဂနွေနေ့မှာ မိတ်ဆွေဟောင်းတချို့ကို ညစာအတွက် ဖိတ်မယ်၊ မင်း ငါ့အတွပ် ‘ဗုဒ္ဓနံရံပေါ်က ခုန်ချ’ ကို ကြိုချက်ပေးထားဦး”
ထို့နောက် စားပွဲပေါ်မှ ဘောပင်နှင့် စာရွက်ကို ပေးလိုက်သည်။
“ချက်ပြုတ်ဖို့အတွက် လိုအပ်တာတွေရှိရင် အကုန်ရေးထားလိုက်၊ ငါ ကြည့်ပေးမယ်၊ မရှိတာတွေဆို မြန်မြန် သွာ့ဝယ်ရမယ်၊ အစာစားတာကို နှောင့်နှေးလို့ မရဘူး”
ရှီကျွင့်ကျဲသည်လည်း ချက်ချင်း ဘောပင်နှင့် စာရွက်ကို ယူ၍ သုံးစွဲရမည့် ပါဝင်ပစ္စည်းများအားလုံးကို ချရေးလိုက်သည်။
ထိုအခိုက်တွင် ကျန်းကျန်းက သူမ၏ လက်ကို ဆန့်၍ ကျန်းရန်ကျယ်အား တို့ရင်း ပြောလိုက်လေသည်။
“အရင်ဆုံး ပြောထားရအောင်၊ ကျွင့်ကျဲက ရှစ်ဖူကို ကူညီပြီး ချက်ပြုတ်ပေးနိုင်တယ်၊ ဒါပေမဲ့ ရှစ်ဖူအနေနဲ့ ရှစ်ဖူဝမ်မင်၊ ရှစ်ဖူစုဝမ်ရန်နှင့်ရှစ်ဖူရှဲ့ရှူရန်တို့အားလုံးကို ကျွင့်ကျဲက ဒီဟင်းကို ချက်ပေးတယ်လို့ မပြောပါနဲ့၊
မဟုတ်ရင် ကျွင့်ကျဲက နေ့တိုင်းမနားရဘဲ အိမ်တိုင်းကို အကြွေးဆပ်ဖို့ သွားနေရမှာကို ကြောက်ရတယ်”
ကျန်းကျန်း၏ ပါးစပ်မှ ထွက်လာသည့် နာမည်များကို ကြားသော် ရှီအဘွားကြီးနှင့် လင်းရှို့လန်နှစ်ဦးလုံး အနည်းငယ် အံ့အားသင့်သွားကြသည်။
သူတို့သည်ကား နယ်ဘက်မှ ရောက်လာသည့် ကောင်မလေးတစ်ဦးမှ မည်သို့အကြောင်းကြောင့် သာမန်အရာရှိများကပင် ချီးကျူးဂုဏ်ပြု၍ ပင့်ဆောင်ရန် ခက်ခဲသည့် ကျန်းရန်ကျယ်ကဲ့သို့ တရုတ်တိုင်းရင်းဆေးဆရာနှင့် အဆက်အသွယ်ရှိနိုင်မည်နည်းဟု တွေးနေကြသည်။
သို့သော် ကျန်းကျန်း ပြောသည်ကို နားထောင်ကြည့်သော် တရုတ်နိုင်ငံ၏ ပထမဆုံး စာပေနိုဘယ်ဆုရှင်၊ တရုတ်ပန်းချီဆရာကြီး၊ ပေကျင်းအော်ပရာဆရာကြီးများ အပါအဝင် ထိုလုပ်ငန်း၌ ထိပ်တန်းခေါင်းဆောင်များ အားလုံး ပါဝင်နေသည်ပင်။
သို့သော် ကျန်းကျန်း ပြောလာသည်ကို နားထောင်ကြည့်သော် ထိုသူများမှာ သူမနှင့် ပို၍ပင် ရင်းနှီးပုံရသည်။
“ငါ သေချာပေါက်ဆက်ပြီး ထိန်းထားရမယ်”
ကျန်းရန်ကျယ်သည် ပြုံးစိစိနှင့် ပြောဆိုလိုက်သည်။
“ဒါပေမယ့် သူတို့တွေ စားပြီးရင် ငါ့ဆီက ‘ဗုဒ္ဓနံရပေါ်က ခုန်ကျော်’ ဟင်းကို ထပ်လုစားဖို့ ငါ့အိမ်ကို လာကြလိမ့်မယ်၊ ဒီတော့ ကျွင့်ကျဲက ငါ့အတွက် နှစ်နပ်စာ ပိုချက်ပေးရလိမ့်မယ်”
ကျန်းကျန်းတစ်ယောက် သူ့အား စကားမပြောနိုင်စွာ ကြည့်၍ ပြော လိုက်မိသည်။
“ကောက်ကျစ်တာပဲ”
ကျန်းရန်ကျယ်က တိုက်ရိုက်ပင်ရယ်မောလိုက်၍ ပြောလိုက်လေသည်။
“ဒီလိုသာ မဟုတ်ရင် ငါက ဘယ်လိုလုပ်ပြီး မင်းရဲ့ဆရာဖြစ်လာမလဲ”
*