မဟာအင်ပါယာ၏ စွမ်းအား
Vol. 157 Ch. 2236
အထင်အရှားပင် ဤကြယ်ကောင်းကင်အောက်ရှိ အစွမ်းထက် ကျင့်ကြံသူများ အားလုံးက ရီဖူရှင်း၏ လုပ်ဆောင်မှုက မှန်ကန်သည်ဟု ခံစားမိကြသည်။ သူက စီဝေ့မဟာအင်ပါယာ၏ စွမ်းအား အမွေအနှစ်ကို ဆက်ခံပိုင်ခွင့် ရှိလေသည်။
အဆုံးမှာတော့ ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ရီဖူရှင်း ကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် ရလဒ်ဖြစ်ပေသည်။
ထို့ကြောင့် ရီဖူရှင်းက ရှေ့ဆက်သွားသည်ကို သူတို့ မြင်သောအခါ နေရာအနှံ့မှ အစွမ်းထက်ပုဂ္ဂိုလ်များက ဤကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်များကို ရှာဖွေခြင်းနှင့် မဟာအင်ပါယာ၏ အမွေအနှစ်စွမ်းအားကို ရှာဖွေရန်ဟူသော ယခင် ရည်မှန်းချက်အား ဆက်လက် လုပ်ဆောင်လိုပေသည်။
ယခု ကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်က ဖော်ထုတ်ခံလိုက်ရပြီး စီဝေ့မဟာအင်ပါယာ အမွေအနှစ်က ထွက်ပေါ်လာပြီ ဖြစ်သည်။ သူတို့သည် ထိုသို့သော အချိန်အခါ၌ ရင်းနှီးမှုဟူ၍ ကျန်ရှိနေမည် မဟုတ်ပေ။ အမွေအနှစ်သာ အမှန်တကယ် ရှိခဲ့လျှင် သူတို့က ၎င်းအတွက် ကျိန်းသေ တိုက်ခိုက်ကြရပေလိမ့်မည်။
မျက်လုံးများစွာက ရီဖူရှင်းကို စိုက်ကြည့်နေကြသည်။ ရီဖူရှင်းက ကြယ်ခုနစ်လုံး စုစည်းသည့်နေရာဖြစ်သော ကောင်းကင်စာလိပ်ထံသို့ ဦးတည်သွားသည်ကို မြင်သည့်အခါ ကျန်သည့် အစွမ်းထက် ပုဂ္ဂိုလ်များသည်လည်း တွေဝေခြင်းမရှိ ပြေးထွက်သွားကြပေသည်။ သို့သော် ရီဖူရှင်းက အလျင် ထွက်ခွာသွားသည့်အတွက် သူက အမြန်ဆုံး ဖြစ်ကာ အရင်ဆုံး ရောက်မည့်သူ ဖြစ်ပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ် အမှောင်စွမ်းအား အလင်းတန်းက လေဟာနယ်ကို ဖြတ်သန်း ထိုးဖောက်လာပေသည်။ အစွန်းကိုပင် မမြင်နိုင်အောင် ကြီးမားသော အမှောင်လက်ကြီးတစ်ဖက်က ကြယ်ကောင်းကင်တွင် ပေါ်ပေါက်လာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်လာသည်။ တစ်ချိန်တည်းတွင် အခြားနေရာမှ တိုက်ခိုက်မှုများ ပေါ်ပေါက်လာပြီး ရီဖူရှင်း အရင်ဆုံး ရောက်ရှိသွားခြင်းမှ တားဆီးရန် အဆက်မပြတ် တိုက်ခိုက်လာကြသည်။ ကြယ်ကောင်းကင်နှင့် ပတ်သတ်သော ရီဖူရှင်း၏ ဝိညာဥ်ရေးရာ နားလည်သဘောပေါက်နိုင်စွမ်းက အလွန် ထူးချွန်လှသည်။ သူတို့သည် ရီဖူရှင်းက စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ကို ချက်ချင်း ဆက်ခံနိုင်သွားမည်အား စိုးရိမ်နေကြသည်။ ဖြစ်နိုင်သည်က သူတို့အတွက် အလွန် နောက်ကျသွားပေလိမ့်မည်။
ကလန်....... သို့သော် ထိုအခိုက်အတန့်တွင် ခမ်းနားထည်ဝါသည့် ကု့ချင်းတေးသံတစ်ခု ထွက်ပေါ်လာပေသည်။ ၎င်းက စွမ်းအားများနှင့် ပြည့်နေခဲ့၏။ မမြင်နိုင်သော တေးသွားက တုန်ခါနေပြီး ကြယ်ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားသည်။ ထိုအသံလှိုင်းစွမ်းအားက ကောင်းကင်အထက် အင်ပါယာကြယ်မှ ကျဆင်းလာကာ နတ်အလင်းတို့ ပေါက်ကွဲထွက်လာပေသည်။ ၎င်းက ရီဖူရှင်း၏ ခန္ဓာကိုယ်အနီးတွင် လှည့်ပတ်နေပြီး စက္ကန့်ပိုင်းအတွင်း၌ သူထံသို့ လာနေသော တိုက်ခိုက်ရေးစွမ်းအားများက ပြာအဖြစ် ပြောင်းလဲသွားပေသည်။
တိုက်ခိုက်မှုတိုင်းက ပျက်စီးသွားပေသည်။
လူအများက တစ်နေရာသို့ ကြည့်လိုက်သည့်အခါ နတ်အလင်းများနှင့် လွှမ်းခြုံခံထားရသော လော့ဆုကိုသာ မြင်တွေ့ရပေသည်။ သူမကလည်း သူတို့ကို ဆွဲဆောင်မှုရှိသည့် မျက်လုံးများနှင့် ကြည့်နေခဲ့သည်။ ရီဖူရှင်းထံ ရောက်လာသော တိုက်ခိုက်မှုများ အားလုံးကို ဖျက်ဆီးပစ်လိုက်သူမှာ သူမပင် ဖြစ်လေသည်။
"သွား။" လော့ဆုက သူမ ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ အရှိန်တင်လိုက်သည်။
အချို့က လော့ဆုကို အေးစက်သော အကြည့်တို့နှင့် ကြည့်နေကြ၏။ ကြည့်ရသည်မှာ သူမက ရီဖူရှင်း၏ ကြင်နာမှုကို ပြန်ပေးဆပ်ချင်ပုံရလေသည်။ ယခင်က ရီဖူရှင်းသည် သူမကို အင်ပါယာကြယ်တစ်ခုအား ဆက်ခံရန် ခွင့်ပြုခဲ့ပြီး မဟာအင်ပါယာ တစ်ယောက်၏ အမွေအနှစ်အား ဆက်ခံစေခဲ့သည်။ ယခု သူမက စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ကို လိုချင်တပ်မက်ခြင်း မရှိပေ။ သူမက မဟာအင်ပါယာတစ်ပါး၏ စွမ်းအားကို ဆက်ခံနိုင်ရုံနှင့် စိတ်ကျေနပ်ပြီး ဖြစ်သည်။
သူမ၏ အပြုအမူက သေချာပေါက် ဉာဏ်ရှိလှသည်။ လော့ဆုက စီဝေ့မဟာအင်ပါယာ၏ စွမ်းအားကို ဆက်ခံနိုင်လျှင်ပင် သူမ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူမ၏ ရီဖူရှင်းနှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော ရည်ရွယ်ချက်မှာ သူတို့ကြားတွင် မိတ်ဆွေ ဆက်ဆံရေးကို တည်ဆောက်ရန် ဖြစ်သည်။ သူမက စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ကို ရရှိနိုင်ရန် ရီဖူရှင်းနှင့် ရင်ဆိုင်ခဲ့ပါက ၎င်းက သူမအတွက် မကောင်းသော ကိစ္စသာလျှင် ဖြစ်ပေလိမ့်မည်။
အနာဂတ်တွင် သူမ၏ ပြင်ပခရမ်းရင့်ကောင်းကင်က အစွမ်းထက် မိတ်ဆွေတစ်ယောက် ရှိလာပေလိမ့်မည်။
နောက်တစ်နေရာတွင်လည်း အလားတူပင် ကြီးမားသည့် စစ်ပွဲတစ်ခု ဖြစ်ပေါ်နေသည်။ ကြယ်များ၏ အလင်းရောင်က စီဝေ့အင်ပါယာနန်းတော်သခင်အနီး လေဟာနယ်တွင် ထွက်ပေါ်လာပြီး အဆုံးမဲ့ ကြယ်နယ်မြေကြီးတစ်ခုကဲ့သို့ တိမ်တိုက်အမြင့်များဆီ ရောက်ရှိသွားသည်။ မျက်မမြင်ထျယ်က သူ့ကို တစ်ခါထပ်ကာ တိုက်ခိုက်ခဲ့သော်လည်း ထိုအကာအကွယ်အား မချိုးဖျက်နိုင်ခဲ့ပေ။ သူက အထက်သို့ ရွေ့လျားနေသည်အား ရပ်တန့်နိုင်ရုံသာ လုပ်ဆောင်နိုင်ပေသည်။
"သူတို့ကို တား။" မျက်မမြင်ထျယ်က ပြောလိုက်သည်။ သို့သော် ကျင့်ကြံသူအနည်းငယ်က ဤတစ်ကြိမ်၌ မည်သည်မှ မလုပ်ဘဲ စောင့်ကြည့်ရန်သာ ရွေးချယ်လိုက်ကြသည်။
ရီဖူရှင်းက စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ကို ရှာဖွေတွေ့ရှိသွားခဲ့သည့်အတွက် စီဝေ့အင်ပါယာနန်းတော်မှ အစွမ်းထက်ကျင့်ကြံသူများ အားလုံးက သူ့ကို အာရုံစိုက်နေကြသည်။ ထို့ကြောင့် ရီဖူရှင်းက စီဝေ့အင်ပါယာနန်းတော်၏ အာရုံအားလုံးကို ဆွဲယူသွားသည့်အခါ သူတို့က အမွေအနှစ်စွမ်းအားကို ရယူရန် အချိန် ပိုရသွားပေလိမ့်မည်။
လော့ဆုက ရီဖူရှင်းကို ကူညီပေးခဲ့သော်လည်း ဂူတုံးလျှိုနှင့် မျက်မမြင်ထျယ်တို့က သူတို့နေရာနား၌ ရှိနေသော လူများကိုသာလျှင် တိုက်ခိုက်နိုင်ပေသည်။
ကောင်းကင်ထက်တွင် ပို၍ ပြိုင်ဘက်ကင်းကာ အစွမ်းထက်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ကောင်းကင်၌ ပေါ်ပေါက်လာသော ထိုပုံရိပ်က တူတစ်ချောင်းနှင့် ကခုန်နေသည့် အစစ်အမှန် နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။ အင်ပါယာကြယ်အလင်းနှင့် တူက နတ်ဘုရားခန္ဓာဆီသို့ တိုက်ခိုက်ထွင်းဖောက်သွားလေသည်။
ထို့ပြင် ထောင်ချီသော နတ်ဆိုးများ၏ ခမ်းနားထည်ဝါလှသည့် ပန်းချီက လေဟာနယ်အတွင်း ပေါ်ပေါက်လာသည်။ ကြောက်မက်ဖွယ် နတ်ဝင်္ကပါ အစီအရင်ကဲ့သို့ ၎င်းအထဲတွင် မိစ္ဆာနတ်ဘုရားပေါင်းများစွာ ရှိလေသည်။ အင်ပါယာကြယ်မှ နတ်အလင်းက ၎င်းပေါ်ကို ကျဆင်းလာပြီး ထောင်ချီသည့် နတ်ဆိုးများက ထိုနေရာသို့ တိုးဝင်လာသည်။
စီဝေ့အင်ပါယာနန်းတော်သခင်၏ မျက်လုံးများက ဂရုမစိုက်ဘဲ ရှိနေဆဲ ဖြစ်သည်။ သူက နှောင့်နှေးအောင် တားဆီးခံရသည့်အတွက် အလွန် စိတ်မကျေမနပ် ဖြစ်သွားခဲ့သော်လည်း ပြိုင်ဘက်က သူ့မျက်လုံးအောက်၌ပင် မဟာအင်ပါယာ၏ စွမ်းအားကို ခိုးယူရန် စဥ်းစားနေဆဲ ဖြစ်သည်လား။
သူက လက်ထဲတွင် ကိုင်ထားသည့် တောင်ဝှေးကို မြှောက်ကာ ကောင်းကင်သို့ ညွှန်လိုက်သည်။ ကြယ်အလင်းလွှာက အဆက်မပြတ် တက်လိုက်ကျလိုက် ဖြစ်နေပြီး ကြယ်များဖြင့် ဖွဲ့စည်းထားသော ဓားတစ်လက်သဏ္ဌာန် ဖြစ်တည်လာသည်။
ဘုန်း...
ကြောက်မက်ဖွယ် နတ်အလင်းတန်းက လောကတစ်ခုလုံးကို တုန်ခါသွားစေသည်။ ကြယ်ရောင်နတ်ဓားမှ ပြိုင်ဘက်ကင်းသော ပျက်သုဥ်းခြင်းနတ်အလင်းကို ထုတ်လွှတ်ကာ ကြယ်ကောင်းကင်ကို ထိုးဖောက်လာသည်။ ထောင်ချီသော နတ်ဆိုးများက အပိုင်းပိုင်း ပျက်စီးသွားလေသည်။ ဂူတုံးလျှိုတွင် အားနည်းသော ကျင့်ကြံခြင်း ရှိနေသည်။ အင်ပါယာကြယ် စွမ်းအားများနှင့်ပင် သူက စီဝေ့အင်ပါယာနန်းတော်သခင်အား ရပ်တန့်ရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။
နတ်အလင်းက လေထဲမှ နတ်ဘုရားပုံရိပ်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ ထိုကြယ်ဓားက ဖျက်ဆီး၍ မရနိုင်အောင် ဖြစ်ပြီး နတ်ဘုရားတူကို အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာစေပြီးနောက် ပြိုကျပျက်စီးသွားစေခဲ့လေသည်။
နတ်အလင်းက ကောင်းကင်နှင့် မြေကြီးကို တိုက်ရိုက်ထိုးဖောက်လာပြီး အားလုံးသော တည်ရှိမှုများကို ပြိုကွဲသွားစေခဲ့သည်။
စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က လေဟာနယ်ကို ဖြတ်ကာ ကောင်းကင်ထက်သို့ အရှိန်နှင့် ထိုးတက်သွားပေသည်။
မျက်မမြင်ထျယ် အင်ပါယာကြယ်မှ ချေးငှားယူနိုင်သည့် စွမ်းအားက အကန့်အသတ်ရှိပြီး စီဝေ့အင်ပါယာနန်းတော်သခင်က စစ်မှန်သော စွမ်းအားများနှင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ကောင်းကင်ဒေသတစ်ခွင်လုံး၌ပင် အနည်းငယ်သော ကျင့်ကြံသူများသည်သာ သူ့ရှေ့၌ ရပ်တည်နိုင်ကြပေသည်။
သို့သော် သူတို့ တိုက်ခိုက်ကြသည့်အခါ ရီဖူရှင်းက ဦးတည်သည့်နေရာဖြစ်သော ကြယ်ခုနစ်လုံး စုစည်းနေရာ ကောင်းကင်စာလိပ်အထက်သို့ ရောက်ရှိနေပြီး ဖြစ်သည်။
သူ့ခန္ဓာကိုယ်ပေါ်သို့ အနန္တအလင်းတန်းများက ကျဆင်းလာပြီး သူ့ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်လာပေသည်။ ကြယ်ကောင်းကင်အထက်တွင် ကြယ်အလင်းများက သူ့ခန္ဓာကိုယ်ပေါ် အဆုံးမရှိ ကျဆင်းလာသည်ကို မြင်နိုင်သည်။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းက သူ့ ခန္ဓာကိုယ်က ကွဲထွက်လာသလို ထင်မှတ်ရပြီး သူ၏ အနက်ရှိုင်းဆုံး စိတ်ဝိညာဥ်မှ မြစ်ဖျားခံလာသော ခံစားမှုပင် ဖြစ်သည်။
ရီဖူရှင်းက အရင်ဆုံး ရောက်ရှိလာနေဆဲ ဖြစ်သည်။
ကောင်းကင်ထက်တွင် ကြယ်များက တောက်ပနေပြီး နတ်ဘုရားစွမ်းအားများက ကျဆင်းလာသည်။ စီဝေ့မဟာအင်ပါယာ၏ ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းသည့် ကောင်းကင်အာဏာစက်က ပြန်လည်အသက်ဝင်လာသည်နှင့်ပင် ယှဥ်နိုင်ပေသည်။ ဖိအားက အလွန် ပြင်းထန်လှပြီး ထိုနေရာ၌ ရှိနေသော ကျင့်ကြံသူတိုင်း မွန်းကြပ်ဖွယ် ခံစားချက်ကို ခံစားလိုက်ကြရပေသည်။
လော့ဆုက တိုက်ခိုက်မှုကို ရပ်လိုက်ပြီးနောက် ရီဖူရှင်းက ဦးတည်ရာသို့ ရောက်ရှိသွားပေသည်။ နောက်ပိုင်းတွင် အခြားကျင့်ကြံသူများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာသည်။ သို့သော် သူတို့က ရီဖူရှင်းကို မတိုက်ခိုက်ခဲ့ကြပေ။ သူက နောက်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်ရာ ထပ်မံတိုက်ခိုက်နေရန် အဓိပ္ပါယ်မရှိတော့ချေ။
သူတို့က ရီဖူရှင်း၏ နယ်မြေအတွင်း ရောက်လာသည့်အခါ သူတို့က ကြောက်မက်ဖွယ် ကြယ်များ၏ နတ်အလင်းဖြင့် လွှမ်းခြုံခံလိုက်ရသည်။ လူအများသည် သည်းမခံနိုင်လောက်အောင် နာကျင်ခြင်းကို ခံစားလိုက်ကြရသည်။
ဤသည်က မည်သို့သော စွမ်းအား ဖြစ်သနည်း။
ကြည့်ရသည်မှာ အရင်ဆုံး ရောက်ရှိသည့်သူအတွက်ဟူ၍ အကျိုးအမြတ် မရှိသည့်ပုံပင်။ သူတို့က ဤနေရာသို့ လာရောက်နိုင်နေဆဲ ဖြစ်သည်။ သို့သော် သူတို့ ရောက်လာပြီးနောက် မည်သို့ ဖြစ်လိမ့်မည်နည်း။
မည်သည့်ကိစ္စတို့ ဖြစ်လိမ့်မည်နည်း။
နောက်ထပ် မည်သည့်ကိစ္စတို့ ဖြစ်လာမည်ကို မည်သူမှ မသိကြပေ။
စီဝေ့အင်ပါယာနန်းတော်၏ အစွမ်းထက်ပုဂ္ဂိုလ်များလည်း ရောက်ရှိလာကြသည်။ နန်းတော်သခင်က ကောင်းကင်သို့ မော့ကြည့်လိုက်၏။ သူသည် ဒူးထောက်ကာ ခယဝပ်တွားလိုသော ဆန္ဒများ ထွက်လာသည်ကိုသာ ခံစားမိပြီး သူ့ခန္ဓာကိုယ်က တုန်ယင်လာပေသည်။ သူ၏ ကျင့်ကြံခြင်းက လုံလောက်အောင် အစွမ်းထက်သောကြောင့် သူ ခံစားမိသော စွမ်းအားက ပို၍ ပြင်းထန်ပေသည်။
ထိုအခိုက်အတန့်တွင် သူသည် စီဝေ့မဟာအင်ပါယာ၏ ပြန်လည်ရှင်သန်လာမှုကို ခံစားမိပြီး မဟာအင်ပါယာက ကြယ်ကောင်းကင်ထက်မှ သူ့ကို စိုက်ကြည့်နေခဲ့သည်။
"မဟာအင်ပါယာ။" စီဝေ့အင်ပါယာနန်းတော်သခင်က လေးစားစွာဖြင့် အရိုအသေပြုလိုက်သည်။ ကျန်သည့် အခြားကျင့်ကြံသူများက ထိတ်လန့်တုန်လှုပ်နေသော အမူအရာနှင့် ရှိနေခဲ့သည်။
မဟာအင်ပါယာ၏ စွမ်းအားက ပြန်လည်ရှင်သန်လာသည်လား။
***