← Chapters

အခန်း (၂၅၄)

Vol. 26 Ch. 254

အခန်း (၂၅၄)

Vol. 26 Ch. 254

ရှီအဘွားကြီးက သူမ၏ လက်တွင်းရှိ လက်ဖက်ရည်ခွက်ကို ချ၍ အပြုံးလေးဖြင့် မေးလိုက်သည်။

“ကျန်းကျန်းက ဆရာစုဝမ်ရန်ဆီက ပန်းချီသင်ကြားမှုတွေ ရခဲ့သေးတာလား၊ ဒါကြောင့်မို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုး ကောင်းမွန်တဲ့လက်ရာတွေကို ဖန်တီးနိုင်တာကိုး၊ အံ့သြစရာမရှိပါဘူး”

“ဆရာစုက ကျွန်မကို လမ်းညွှန်ပြသခဲ့ပါတယ်”

ကျန်းကျန်း ပြုံး၍ ပြောဆိုလိုက်သည်။ သူမ၏ အရည်အချင်းနှင့် ဤမျှ အဆင့်အတန့်မြင့်မားသည့်လူများစွာနှင့် ရင်းနှီးနေသည်များက လူများအား သိချင်စိတ်ဖြစ်စေမည်ကို သူမသိသည်။

သူမက မျက်လုံးများကို ကျန်းရန်ကျယ်ထံသို့ လှည့်၍ အကူအညီတောင်းခံလိုက်လျှင် သမားတော်ကျန်းက သူတို့လူကြီးများ အချင်းခြင်း လွန်ခဲ့သည့် အချိန်များကတည်းက ဆွေးနွေးထားသည့် အကြောင်းပြချက်ကောင်းကောင်းကို ချက်ချင်းထုတ်ဖော် ပြောပြလို့သည်။

“အရင်တုန်းက ကျွန်တော်တို့ လူအိုတွေထဲက တချို့က ဆင်ခြေဖုံးက တောအိုင်ထဲမှာ ရေကစားဖို့ သွားခဲ့ကြသေးတယ်၊ အဲဒီမှာ အသက်ကြီးပြီး အားနည်းနေတော့ အိုင်အလယ်ကို ရောက်တာနဲ့ ခြေသလုံးကြွက်တက်ကြတာလေ၊

ကျန်းကျန်းက အဲဒီအနားကနေ မတော်တဆ ဖြတ်သွားရင်း အော်ဟစ်အကူအညီတောင်းသံကို ကြားပြီး ငါတို့အားလုံးကို ကယ်ခဲ့တာ”

လူတိုင်းအတွက် လက်ဖက်ရည်တစ်ခွက် ထပ်ဖြည့်ပေးပြီးနောက် ဆရာကျန်းသည် သက်ပြင်းချကာ သူ၏ ရင်တွင်းမှ စကားကို ပြောဆိုလိုက်သည်။

“ကျန်းကျန်းရဲ့ အသက်ကိုပဲ မကြည့်ပါနဲ့၊ သူက ကျွန်တော်တို့ လူအိုတွေရဲ့ ကယ်တင်ရှင်ပါ”

ကျန်းကျန်းသည် အသာပြုံးပြ၍ ပြောလိုက်သည်။

“မတော်တဆ ဖြစ်ခဲ့တာပါ၊ ဒါဆိုရင်တော့ ဆက်မပြောပါနဲ့တော့၊ ရှစ်ဖူတို့ ထပ်ပြောရင် ကျွန်မ ရှက်မိလိမ့်မယ်”

ကျန်းကျန်းက ဤကိစ္စကို အမှန်တကယ်ပင် ဆက်ပြောရန် ဝန်လေးနေပုံရသည်ကို မြင်သော် ရှီအဘွားကြီးနှင့် လင်းရှို့လန်တို့သလည်းည် ဆက်မမေးတော့ပေ။

သူတို့က နာရီကို ကြည့်လိုက်ပြီး ဤနေရာ၌ အချိန်အကြာကြီး ရှိနေခဲ့မိကြကြောင်းကို တွေ့လိုက်ရသည်။

သို့နှင့် သူတို့လည်း ထရပ်၍ သမားတော်ကျန်းအား နှုတ်ဆက်လိုက်ကြသည်။

“ဒီတစ်ခါ တကယ်ပဲ ဒုက္ခပေးမိသွားပြီ၊ ကျေးဇူးအများကြီးတင်ပါတယ်”

“ကျေးဇူးတင်စရာမလိုပါဘူး။ ကျေးဇူးတင်စရာမလိုပါဘူး။ ကျွန်တော်တို့အားလုံးက ဒီနေ့ကစပြီး မိသားစုလိုပါပဲ”

ကျန်းရန်ကျယ်က ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းပြလိုက်သည်။

“တစ်လနေရင် အစ်မရှီကို သွေးခုန်နှုန်းစမ်းဖို့ ကျွန်တော့်ဆီကို ခေါ်လာခဲ့ပါ၊ မိသားစုထဲက ဘယ်သူမဆို မသက်မသာခံစားရရင် တိုက်ရိုက်လာခဲ့လို့ရတယ်၊ သူစိမ်းတွေ မဟုတ်ပါဘူး”

နှစ်ဦးသား ထပ်မံကျေးဇူးတင်ပြီးနောက် သူတို့၏ အပေါ်ထပ် အင်္ကျီများကို ဝတ်ဆင်၍ ပြန်ရန် ပြင်ဆင်ကြသည်။ ကျန်းကျန်းကလည်း ကျန်းရန်ကျယ်အား ကြည့်၍ ပြောလိုက်လေသည်။

“ရှစ်ဖူ၊ ကျွန်မ ရှစ်ဖူနဲ့အတူ နေ့လယ်စာ စားဖို့ နေခဲ့ရမလား”

“မင်း သွားလို့ရပြီ”

သမားတော်ကျန်းက ချက်ချင်း ငြင်းဆန်လိုက်သည်။

“မင်းတစ်ယောက်တည်းနှင့် ‘ဗုဒ္ဓနံရံပေါ်က ခုန်ကျော်’ တစ်အိုးရဲ့ တစ်ဝက်ကို စားနိုင်လောက်တယ်၊ ငါ့အတွပ် ဒီလို မကောင်းတဲ့အလုပ်မျိုးကို မလုပ်ဘူး? မင်း မြန်မြန်သွားလိုက်တော့”

“ဟမ်း.. ကျွန်မရဲ့ အိမ်မှာလည်း ရှိပါတယ်”

ကျန်းကျန်း ဒေါသတကြီးနှင့် သူမ၏ အဝတ်အစားများကို ဝတ်လိုက်သည်။ သူမက တံခါးဝမှ ထွက်သွားပြီးနောက်မှသာ တစ်ခုခုကို သတိရသွားကာ သူမ၏ အိတ်ကပ်အတွင်းမှ သတင်းစာလိပ်တစ်စောင်ကို ထုတ်ယူ၍ ကျန်းရန်ကျယ်၏ လက်အတွင်းသို့ ထိုးထည့်လိုက်သည်။

“ကျွန်မ မေ့သွားတော့မလို့၊ ရှစ်ဖူရဲ့ဝိုင်က မပြီးသေးဘူးမလား၊ ဒါက ဝိုင်လုပ်ဖို့အတွက် ယူထားလိုက်ဦး”

“ဒါက ဘာလဲ”

ကျန်းရန်ကျယ်တစ်ယောက် တီးတိုးရေရွတ်၍ သတင်းစာကို ဖွင့်ကြည့်လိုက်သည်။ သတင်းစာလိပ်အတွင်းမှ တောဂျင်ဆင်းတစ်ပင် ပြုတ်ကျလာခဲ့လေသည်။

ကျိုးပဲ့နေပြီး ကောက်ကွေးနေသည့် အမြစ်များကို ကြည့်ရင်း ကျန်းရန်ကျယ်၏ မျက်နှာသည်ကား ဝမ်းနည်းမှုကြောင့် တွန့်သွားရသည်။

သူက တံခါးဆီ သွား၍ တံခါးကို ဖွင့်လိုက်သည်။ ထို့နောက် ခြံတံခါးမှ ထွက်ခွာတော့မည့် ကျန်းကျန်းအား အော်ဟစ်လိုက်လေသည်။

“ကျန်းကျန်း ၊ မင်းက ပစ္စည်းတွေကို ဖြုန်းတီးတဲ့ကလေးပဲ!”

ကျန်းကျန်းက အနောက်ကို လှည့်၍ လက်ဝှေ့ယမ်းပြကာ တံခါးကို ပြန်ပိတ်လိုက်ပေသည်။

*

ရှီအဘွားကြီးသည်ကား တစ်ခါတစ်ရံမှသာ အပြင်သို့ထွက်သည် ဖြစ်၍ လင်းရှို့လန်က သူမအား သူတို့ဒအိမ်၌ နှစ်ရက်လောက် ထားရှိခဲ့သည်။

ပထမအကြောင်းပြချက်သည်ကား ရှီကျွင့်ကျဲအား အဘွားကြီးရှီအတွက် ဆေးစာအတိုင်း ဆေးဘက်ဝင် အစားအစာများ ရက်အနည်းငယ် ချက်ခိုင်းရန်ဖြစ်ပြီး၊ နောက်တစ်ချက်သည်ကား သူမ၏ စိတ်ကို အပန်ဖြေ ပြေလျော့စေရန်ပင် ဖြစ်ချေသည်။

ရှီကျွင့်ကျဲသည် ဆေးစာကိုယူ၍ မီးဖိုချောင်သို့ သွားနေခဲ့သည်။ ထိုအချိန်တွင် ရှီအဘွားကြီးက ထိုင်ခုံပေါ်တွင် မှီ၍ လက်ဖက်ရည်တစ်ငုံ သောက်လိုက်ကာ ပြောလိုက်လေသည်။

“ကျန်းကျန်း၊ ဒီကလေးက အရမ်းကံကောင်းတယ်၊ နှစ်တိုင်း ရေထဲကို ပြုတ်ကျတဲ့သူတွေ အများကြီးရှိပေမယ့် သူမကတော့ အင်ပါယာမြို့တော်ကို ရောက်လာတာနဲ့ လူတွေ အများကြီးကို ကယ်တင်နိုင်တယ်၊

ဒါ့အပြင် သူမ ကယ်တင်ခဲ့တဲ့သူတွေက ဒီနေ့မှာ နာမည်ကြီးတဲ့သူဖြစ်နေသေးတယ်၊ သူမဆီမှာ ကံကောင်းခြင်းတွေ ရှိနေတာပဲ၊ ပြောရရင် မွေးရာပါ ကံကောင်းခြင်းတွေ ရှိနေတယ်ဆိုတာကို ပြသနေတယ်”

လင်းရှို့လန်က ဝါးအပ်နှစ်ချောင်းဖြင့် ဆွယ်တာအင်္ကျီတစ်ထည်ကို ထိုးနေခါ်သည်။ ယောက္ခမဖြစ်သူ၏ စကားကိုကြားလျှင် သူမ၏လက်ဖြင့် သိုးမွှေးကို ပွတ်သပ်ရင်းပြောလိုက်လေသည်။

“သူမ ဒီလောက်လူများများနဲ့ ရင်းနှီးတာကို ကျွန်မလည်း အခုမှ သိခဲ့တာ၊ သူမက ကိစ္စတွေကို ဖုံးကွယ်ထားညတတ်တယ်၊ ဒီလိုကလေးက ကောင်းမွန်တယ်၊ ကြွားဝါလိုစိတ်မရှိသလို အလျင်စလို မလုပ်တတ်ဘူး”

“ကျွင့်ကျဲက အရင်တုန်းက တစ်နေကုန် စကားမပြော၊ မရယ်မောဘဲ လူတိုင်းကို လျစ်လျူရှုတဲ့ ကလေးတစ်ယောက်ပဲ၊ သူက ကျန်းကျန်း တွေ့ပြီးနောက်ပိုင်းမှာ သူ ပိုပြီး ပျော်ရွှင်လာတာကို မြင်နေနိုင်တယ်၊

မနက်က သူ့ကို တွေ့တုန်းက သူ့ရဲ့ မျက်နှာပေါ်က အပြုံးက မရပ်တော့ဘူး”

ရှီအဘွားကြီးက လက်ဖက်ရည်ခွက်ကို ဘေးချ၍ စောင်ကို သူမ၏ ကိုယ်ပေါ်သို့ ဆွဲတင်လိုက်သည်။

“သူ ကျန်းကျန်းကို တကယ်ပဲ သဘောကျတယ်ဆိုတာ မြင်နိုင်တယ်”

“အဲဒီကလေးမလေး ကျန်းကျန်းကလည်း ကျွင့်ကျဲအပေါ်ကို ရိုးသားတယ်၊ သူတို့နှစ်ယောက်လုံးက ကျောင်းတက်နေတုန်းမို့လို့သာပဲ၊ ကျွန်မက သူတို့ရဲ့ အိမ်ထောင်ရေးကို မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် လုပ်ချင်နေပြီ”

လင်းရှို့လန်က ပြောဆိုပြီးနောက် သူမ၏ လက်ထဲရှိ တစ်ဝက်ပြီးစီးနေသည့် ဆွယ်တာအင်္ကျီကို ရှီအဘွားကြီးအား ဖြန့်ပြလိုက်သည်။

“အမေ၊ ဒါက ကျန်းကျန်းအတွက် ကျွန်မထိုးထားတဲ့ ဆွယ်တာအင်္ကျီလေ? လှတယ်လို့ ထင်လား”

လင်းရှို့လန်သည်ကား ကျန်းကျန်းမှာ အဖြူရောင်အဝတ်အစားများကို ကြိုက်သည်ကို မြင်သည့်အတွက် နို့နှစ်ရောင် သိုးမွှေးချည်များကို အထူးဝယ်ခဲ့ပြီး ပုံစံများကိုလည်း ရိုးရိုးရှင်းရှင်း လျှော်ပန်းများအဖြစ် ထိုးထားခဲ့သည်။

လင်းရှို့လန်က ပြင်သစ်၌ နှစ်ပေါင်းများစွာ နေခဲ့ပြီးနောက်တွင် ဖက်ရှင်အမြင်က အလွန်ပင် ကောင်းမွန်လှသည်။

“လှတယ်”

ရှီအဘွားကြီးလည်း ခေါင်းညိတ်၍ အတည်ပြုလိုက်သည်။

“မင်းရဲ့ အမြင်က ကောင်းမွန်ပြီး လက်ရာလည်းမြောက်တယ်၊ ကောင်းကောင်းထိုးနိုင်ပြီး အတော်ကြီးကို ကောင်းမွန်တယ်လို့ သတ်မှတ်နိုင်မယ်”

လင်းရှို့လန်သည်လည်း အပ်ထိုးနည်းအနည်းငယ်ကို ရေတွက်၍ ပြန်ထိုးရန် စတင်လိုက်ပြန်သည်။

“ဒါကို နှစ်သစ်မတိုင်ခင် သူမအတွက် အပြီးထိုးရမယ်၊ နွေဦးစလာတဲ့အချိန်ကိုရောက်ရင်တော့ အပေါ်ထပ်ကုတ်အင်္ကျီနဲ့ ထည့်ဝတ်ရင် အဆင်ပြေလိမ့်မယ်”

ရှီအဘွားကြီး၏ မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေ၍ ပြောလာသည်။

“အဲဒီကလေးမ ကျန်းကျန်းကလည်း နားလည်တတ်တယ်၊ မင်းကလည်း သူများအပေါ် ကြင်နာတတ်တယ်၊ နောင်ပိုင်းကျရင် မင်းတို့နှစ်ယောက် သဟဇာတဖြစ်ဖြစ် နေထိုင်သွားနိုင်ကြလိမ့်မယ်”

“ကျွန်မက အဲဒီကလေး ကျွင့်ကျဲကလေးရဲ့သဘောအတိုင်းပါပဲ၊ သူ့ရဲ့မျက်လုံးကို ယုံကြည်ထားတယ်။ သူကြိုက်တဲ့သူကို ကျွန်မ သဘောကျမှာ သေချာတယ်။ ကလေးမလေးကျန်းကျန်းကလည်း ဆိုးရွားနေတာ မဟုတ်ဘူးဆိုတော့ ပြောစရာတွေ မလိုတော့ပါဘူး”

လင်းရှို့လန် ရုတ်တရက် ရယ်မောလိုက်သည်။

“အမေ၊ ကျွင့်ကျဲက လူတိုင်းကို အမူအရာမရှိတဲ့ အကြည့်နဲ့ ကြည့်နေတတ်တာကိုပဲ ကျွန်မ အရင်က မြင်ဖူးနေရတယ်ဆိုတာ မသိလောက်ဘူး၊ ကျွန်မက နောင်ပိုင်းမှာ သူကြိုက်တဲ့ မိန်းကလေးကို ရှာမတွေ့မှာ၊ အချစ်ရေး မဖြစ်မြောက်လာမှာကို စိုးရိမ်မိတာ၊

ဒါပေမယ့် ကျန်းကျန်းနဲ့ တွေ့ပြီးတဲ့နောက်မှာ သူက တခြားသူတွေထက် ပိုပြီးတော့တောင် ရယ်မောလာခဲ့တယ်၊ ကျွန်မက သူ့အတွက် တကယ်ကို အပိုတွေလုပ်ပြီး စိုးရိမ်မိတာပဲ”

“ငါတို့ရဲ့ ကလေးတွေက နားလည်တတ်ပါတယ်”

ရှီအဘွားကြီးသည်လည်း ပြောဆိုလာသည်။

“ဘယ်ယောက်ကျ်ားသားလေးတွေက မိဘတွေနဲ့ အဘွားအတွက် ချက်ပြုတ်ပေးနိုင်လို့လဲ။ သူ့လိုကလေးမျိုးက ရှာရခက်တယ်”

ယောက္ခမနှင့် ချွေးမတို့သည်ကား ရှီကျွင့်ကျဲနှင့် ကျန်းကျန်းကို အခန်းတွင်း၌ ချီးကျူးနေကြပြီး တစ်နာရီခန့် အနားယူပြီးနောက်တွင် ရှီကျွင့်ကျဲသည်လည်း နေ့လယ်စာ ချက်ပြီးသွားခဲ့သည်။

သူက မနက်က ချက်ထားသည့် ‘ဗုဒ္ဓနံရံပေါ်က ခုန်ဆင်း’ တစ်အိုးကို နေ့လယ်စာအတွက် ပြန်နွှေးကာ ပြင်ဆင်ထားသည်။

ထိာ့အပြင် ဆေးစာအတိုင်း အထူးချက်ထားသည့် အားဖြည့်ဟင်းချိုတစ်ပွဲ၊ ကြက်သားဟင်းရည်နှင့် ဂျုံနှင့်ပြုတ်ထားသည့် ဟင်းတစ်ပွဲ၊ နှင့် ဟင်းရည်ချက်ထားသည့် ဟင်းသီးဟင်းရွက်ဟင်းတစ်ပွဲလည်း ရှိနေခဲ့သည်။

အသား၊ ဟင်းသီးဟင်းရွက်၊ ဟင်းရည် အစုံအလင်ပါဝင်၍ လူသုံးဦးအတွက် အဆင်ပြေပြေ သုံးဆောင်နိုင်သည်။

နေ့လယ်စာ သုံးဆောင်ပြီးနောက်တွင် ရှီအဘွားကြီးနှင့် လင်းရှို့လန် နှစ်ဦးလုံးက နေ့ခင်းဘက် တရေးအိပ်စက်ကြလေသည်။

ထိုအချိန်တွင် ရှီကျွင့်ကျဲက တိတ်တိတ်ဆိတ်ဆိတ်ဖြင့် သူ၏ အဝတ်အစားများကို လဲလှယ်ဝတ်ဆင်၍ အိမ်တွင်းမှ ပြေးထွက်လာခဲ့သည်။

သူ မြစ်ဘေး၌ ငါးမိနစ်ခန့် စောင့်ပြီးနောက် ထူထဲသည့်အနွေးထည်ကို ဝတ်ထားသည့် ကျန်းကျန်းတစ်ယောက် ဂိတ်ပေါက်မှ ခေါင်းပြူထွက်လာသည်ကို သူ မြင်လိုက်ရသည်။

ရှီကျွင့်ကျဲ ပြုံး၍ ကျန်းကျန်းထံသို့ လက်လှမ်းပေးလိုက်သော် ကျန်းကျန်းသည်လည်း သူမ၏ လက်လေးကို ရှီကျွင့်ကျဲ၏ လက်ထဲသို့ ထည့်လိုက်သည်။

ရှီကျွင့်ကျဲက သူမလက်ကို ချက်ချင်း ဆုပ်ကိုင်၍ သူမအား ဆွဲခေါ်ကာ မည်သူမျှ မရှိသည့်နေရာသို့ ပြေးသွားပြီးမှ ရပ်လိုက်သည်။

“ဒီခံစားချက်က ကျွန်မတို့ တိတ်တိတ်လေး ထွက်ပြေးလာတာနဲ့ တူတယ်”

ကျန်းကျန်းက သူမ၏ ပါးစပ်ကို ဖုံး၍ ပြုံးလိုက်ကာ မျက်လုံးများကလည်း ကွေးညွတ်နေခဲ့သည်။

All Chapters