← Chapters

အခန်း (၂၅၅)

Vol. 26 Ch. 255

အခန်း (၂၅၅)

Vol. 26 Ch. 255

ရှီကျွင့်ကျဲက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မည်သူမျှ မထွက်လာသည်ကို မြင်၍ ကျန်းကျန်း၏ နဖူးကို အမြန်နမ်းလိုက်လေသည်။

“ဒီလိုတော့ မဟုတ်ဘူး၊ ကိုယ်သာ ကျန်းကျန်းလိုမျိုး လှပတဲ့ ကောင်မလေးတစ်ယောက်ကိုသာ ခေါ်ပြေးလို့ရနိုင်မယ်ဆိုရင် ကိုယ့်ရဲ့အိမ်ကိုပဲခေါ်ပြေးမှာပေါ့”

“အို၊ ဒီနေ့ ရှင့်ရဲ့ ပါးစပ်ဖျားလေးက အတော်လေးချိုနေတာပဲ”

ကျန်းကျန်းတစ်ယောက် လက်လှမ်း၍ ရှီကျွင့်ကျဲ၏ မေးစေ့ကို လှမ်းညှစ်လိုက်သည်။

“ရှင် ဒီနေ့ အပြင်မထွက်ခင် ပျားရည်စားခဲ့သေးလားဆိုတာကို ကြည့်ရအောင်”

“ကိုယ် အိုးရဲ့ တစ်ဝက်လောက် စားခဲ့တယ်”

ရှီကျွင့်ကျဲက ကျန်းကျန်း၏ နားအနီးသို့ ကပ်ကာ အသံတိုးတိုးလေး ပြောဆိုလိုက်လေသည်။ သူက သူ၏ ပါးစပ်ကို သူမ၏ နှုတ်ခမ်းအနားကို တိုးကပ်၍ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

“မြည်းစမ်းကြည့်ချင်လား”

ကျန်းကျန်းတစ်ယောက် နောက်သို့ဆုတ်၍ သူ့အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

“ဒီနေ့ ရှင့်ရဲ့မျက်နှာက နည်းနည်းလောက် ထူလာသလိုပဲ၊ အရင်ကလို နားရွက်တွေ နီတာမျိုး မဖြစ်တော့ဘူး”

သူမ စကားမဆုံးမီ၌ပင် ကျန်းကျန်းတစ်ယောက် ရှီကျွင့်ကျဲ၏ နားရွက်များက မြင်သာသည့်နှုန်းဖြင့် နီရဲလာသည်ကို မြင်လိုက်ရကာ ရုတ်တရက် ရယ်မောလိုက်မိသည်။

ရှီကျွင့်ကျဲတစ်ယောက် ဒေါသထွက်လာခဲ့ပြီး ကျန်းကျန်းကို လမ်းကြားတစ်ခုအတွင်းသို့ ဆွဲခေါ်သွားပြီး သူ၏ ရင်ခွင်တွင်းသို့ ထွေးပွေ့ကာ နက်ရှိုင်းစွာ နမ်းလိုက်လေသည်။

လူငယ်လေး၏ နမ်းရှိုက်မှုသည်ကား ပူနွေး၍ အနည်းငယ် တောင့်တင်းနေခဲ့သည်။

သူ၏ စိတ်အားထက်သန်မှု၌ ရှက်ရွံ့မှုများ အနည်းငယ် ပါဝင်နေခဲ့ကာ သူက ကျန်းကျန်း၏ နှုတ်ခမ်းများကို ထပ်ခါတလဲလဲ နမ်းရှိုက်နေခဲ့သည်။

ကျန်းကျန်းသည်လည်း မထိန်းနိုင်တော့ဘဲ ရှီကျွင့်ကျဲ၏ လည်ပင်းကို သူမ၏ လက်များဖြင့် ဖက်တွယ်လိုက်ကာ တစ်ဖက်လူ၏ နမ်းရှိုက်မှုကို တုံ့ပြန်ရန်အတွက် ခြေဖျားထောက်ရန် ကြိုးစားလိုက်သည်။

ရှီကျွင့်ကျဲတစ်ယောက် ကျန်းကျန်း၏ နှုတ်ခမ်းများကို ထပ်မံနမ်းရှိုက်လိုက်ပြီး စိတ်ကျေနပ်စွာဖြင့် သူမအား ရင်ခွင်ထဲတွင် ထွေးပွေ့ထားလိုက်သည်။

ကျန်းကျန်းလည်း ရှီကျွင့်ကျဲ၏ ရင်ခွင်ထဲ၌ လဲလျောင်းနေခဲ့ကာ သူမ၏ လက်ချောင်းများဖြင့် ရှီကျွင့်ကျဲ၏ လည်စလုပ်ကို ထပ်ခါတလဲလဲ ကုတ်ခြစ်နေခဲ့သည်။

“ဒီနေ့ ရှင် ကျွန်မကို အများကြီး လွမ်းနေတယ်လို့ ခံစားနေရတာပါလိမ့်”

“သေချာတာပေါ့၊ ကျန်းကျန်း ..မင်းကို တကယ် အများကြီးလွမ်းနေတာ “

ရှီကျွင့်ကျဲက ခေါင်းငုံ့ကာ သူမ၏နဖူးကို နမ်းရှိုက်လိုက်သည်။

“ကိုယ် မင်းနဲ့အတူ နှစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင် မကစားဖြစ်တာ ဘယ်လောက်တောင်ကြာနေပြီလဲ”

“ရှင်က ကျွန်မကို အပြင်ထွက်ဖို့ ဖိတ်ခေါ်နေတာလား”

ကျန်းကျန်း ခေါင်းထောင်လိုက်ပြီး သူ့အား သံသယမျက်လုံးများဖြင့် ကြည့်လာခဲ့သည်။

“ဒါဆို ကျွန်မ ဘာလို့ ဒီနေ့မွန်းလွဲပိုင်းတစ်ခုလုံးကို ရှင် ဒီလမ်းကျဉ်းလေးထဲမှာပဲ ကုန်ဆုံးချင်နေသလို ခံစားနေရတာလဲ”

“မင်း သိနေတာပဲမလား”

ရှီကျွင့်ကျဲ နောင်တရစွာဖြင့် သက်ပြင်းတစ်ချက်ချကာ ကျန်းကျန်း၏ ဆံပင်များအား ပွတ်သပ်၍ အပြုံးနှင့် ပြောလိုက်သည်။

“ကောင်းပြီ သွားရအောင်၊ ကိုယ် မင်းကို ပျော်စရာကောင်းတဲ့နေရာတစ်ခုကို ခေါ်သွားပေးမယ်”

ကျန်းကျန်းတစ်ယောက် သတိမထားမိခင်၌ပင် ရှီကျွင့်ကျဲ ဆွဲခေါ်ရာနောက်သို့ ပြေးလိုက်သွားခဲ့မိ၏။ သူတို့ နှစ်ဦးသား ဘတ်စ်ကားမှတ်တိုင်သို့ ပြေးသွားခဲ့ကြကာ ဘတ်စ်ကားတစ်စီး ကောင်းစွာမရပ်သေးမီ၌ပင် ရှီကျွင့်ကျဲက ကားခအတွက်ငွေကို ပစ်ထည့်လိုက်လေသည်။

ကျန်းကျန်းကမူ နောက်ဆုံးတန်း၌ နေရာတ်ခု ရှာယူထားလိုက်သည်။

ဘတ်စ်ကားသည်ကား တားမြစ်မြို့တော်၌ ရပ်တန့်သွားခဲ့သည်။ ရှီကျွင့်ကျဲက လက်မှတ်များဝယ်ယူခဲ့ပြီး ကျန်းကျန်းနှင့်အတူ တားမြစ်နန်းတော်အတွင်းသို့ လျှောက်ဝင်လာခဲ့ကြသည်။

ဆောင်းရာသီ၏ မွန်းလွဲပိုင်းအချိန်၌ ကြီးမားလှသည့် နန်းတော်ကြီးတစ်ခုလုံးမှာ လူသူများ ကင်းရှင်းနေခဲ့သည်။

အချိန်တိုင်းလိုလို ကင်းလှည့်ရန် ထွက်လာသည့် ဝန်ထမ်းများပင် ဤအချိန်၌ အိမ်အတွင်း၌ပင် နေနေခဲ့ကြသည်။

ရှီကျွင့်ကျဲ နှင့် ကျန်းကျန်းမှလွဲ၍ တခြား ဘယ်သူကိုမျှ မမြင်ရပေ။

“တားမြစ်နန်းတော်၊ ဒါက အတိတ်က နန်းတော်ကြီးပဲ”

ရှီကျွင့်ကျဲ သူ့၏နောက်ကျောပေါ်မှ ကျောင်းလွယ်အိတ်အား ချွတ်လိုက်ပြီး ကင်မရာတစ်လုံးကို ထုတ်ယူလိုက်သည်။

ထို့နောက် မှန်ဘီလူးအဖုံးကို အမြန်ဖွင့်လိုက်ပြီး ကျန်းကျန်း သတိမထားမိခင်၌ပင် ရှပ်တာခလုပ်ကို ချက်ချင်းနှိပ်လိုက်လေသည်။

ပြာလဲ့လဲ့ကောင်းကင်၊ ဖြူဖွေးနေသည့် တိမ်များ ၊ ထူထဲသည့် နှင်းများ၊ မြင့်မားသည့် နန်းတော်ကြီးနှင့်အတူ လှပသည့် မိန်းကလေးတစ်ယောက်၏ ပြုံးနေသည့် ပုံရိပ်သည်လည်း ဖလင်အတွင်း၌ ရပ်တန့်သွားခဲ့လေသည်။

“အိုး၊ ကျွန်မ ဘာတစ်ခုမှ မပြင်ဆင်ရသေးဘူး၊ ရုပ်ဆိုးတဲ့ပုံကြီး ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

ကျန်းကျန်း ဖလင်အား ကြည့်လိုသော်လည်း သူမ အနီးသို့ လျှောက်သွားမှသာ ဤကင်မရာသည်ကာစ

ဓာတ်ပုံများအား ချက်ချင်းကြည့်၍ မရသည့် ရှေးခေတ်ဖလင်ကင်မရာတစ်ခု ဖြစ်သည်ကို သတိရလိုက်သည်။

“အိုး၊ ကိုယ်တို့ရဲ့ ကျန်းကျန်းလိုမျိုး လှပတဲ့ မိန်းကလေးတစ်ယောက်က ရုပ်ဆိုးမှာကို စိတ်ပူစရာလိုနေသေးလို့လား”

ရှီကျွင့်ကျဲက ကျန်းကျန်း၏ ထိန်းမရအောင် ပြုံးနေသည့် မျက်နှာအား ကြည့်၍ တမင်သက်သက် စနောက်ကျီစယ်လိုက်ပြန်သည်။

“ကိုယ်ကတော့ ဒီပြဿနာကို ဘယ်တော့မှ စိတ်မပူခဲ့ရဘူး၊ ကိုယ့်ရဲ့ဘဝမှာ ရုပ်ဆိုးတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလေ”

ကျန်းကျန်း၏ အပြုံးသည်ကား ရုတ်တရက် တောင့်ခဲသွားခဲ့သည်။ သူမ ရှီကျွင့်ကျဲ အား လှည့်ကြည့်၍ ဒေါသထွက်ချင်စွာ ပြောလိုက်လေ၏။

“ရှင်က ကျွန်မထက် ပိုလှတယ်လို့ ပြောနေတာလား”

“မဟုတ်ဘူးလား”

ရှီကျွင့်ကျဲ သူမအား အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်။

“မင်းလည်း အဲဒီလိုမျိုး ပြောခဲ့တာပဲ မဟုတ်လား”

“ရှီကျွင့်ကျဲ! ရှင်ရဲ့အရေပြားက ယားနေပြီထင်တယ်”

ကျန်းကျန်း နှစ်ကြိမ်သုံးကြိမ်ခန့်လှမ်းက် ဆောင့်ကြောင့်ထိုင်၍ နှင်းလုံးလေးတစ်ခုကို ပြုလုပ်လိုက်ပြီး ရှီကျွင့်ကျဲ ထံသို့ ပစ်ပေါက်လိုက်လေသည်။ ရှီကျွင့်ကျဲက ၎င်းကိုမြင်လျှင် အမြန်ရှိမ်တိမ်းလိုက်သော်လည်း ကျန်းကျန်း၏ လက်၌ မျက်လုံးများပါသကဲ့သို့ ရှီကျွင့်ကျဲဒ နောက်စေ့ကို တိုက်ရိုက်ထိမှန်သွား၏။

ရှီကျွင့်ကျဲအား ထိသွားသည်ကို မြင်သောအခါ ကျန်းကျန်း ပြုံးနေရင်းကနေ ခါးကို ကိုင်းညွတ်ပြီး ရယ်မောလိုက်သည်။

“ကျွန်မ ကလေးဘဝကတည်းက နှင်းပုံထဲမှာ ကြီးပြင်းလာတာ၊ နှင်းလုံးပစ်တဲ့တိုက်ပွဲမှာ ဘယ်တော့မှ မရှုံးဖူးဘူး။”

ရှီကျွင့်ကျဲလည်း သူ့၏ ကင်မရာနှင့် ကျောပိုးအိတ်အား ချွတ်၍ ဘေး၌ ချထားလိုက်သည်။ ထို့နောက် သူ၏ လက်ကိုဆန့်၍ နှင်းလုံးတစ်ခု ပြုလုပ်ကာ ကျန်းကျန်းထံသို့ ပစ်လိုက်လေသည်။

သူတို့နှစ်ဦးသား ဗဟိုကွင်းပြင် တံခါးဝရှေ့ရှိ ရင်ပြင်၌ ပြေးလွှား ဆော့ကစားနေကြသည်။ နှင်းလုံးများက တစ်လုံးပြီးတစ်လုံး လှည့်ပတ်နေခဲ့သည်။ မကြာမီ၌ပင် ရှီကျွင့်ကျဲ၏ တစ်ကိုယ်လုံး၌ နှင်းများဖုံးလွှမ်းနေခဲ့ပြီ။

“မဆော့တော့ဘူး”

ရှီကျွင့်ကျဲ ခါးကိုကိုင်း၍ ဒူးကို လက်ဖြင့်ထောက်ထားရင်း အသက်ရှူမဝဖြစ်စွာဖြင့်ရယ်မေ်လာခဲ့သည်။

“ကိုယ့်ရဲ့ ဘုရင်မကြီးက ကမ္ဘာပေါ်မှာ နံပါတ်တစ်ပဲ၊ ကျွန်တော်မျိုး လက်လျှော့လိုက်ပါပြီ။”

ကျန်းကျန်း ပြုံးရယ်ရင်းဖြင့် ပြေးလာခဲ့ကာ ရှီကျွင့်ကျဲ၏ နောက်ကျောပေါ်သို့ ခုန်တက်လိုက်သည်။

ထို့နောက် သူ့၏လည်ပင်းအား ဖက်လိုက်သည်နှင့် ရှီကျွင့်ကျဲ၏ ခြေထောက်များက ပျော့ခွေသွားရပြီး နှစ်ဦးသား ထူထဲသည့် နှင်းများပေါ်သို့ လဲကျသွားရတော့သည်။

သူတို့နှစ်ယောက်လုံးက လုံလောက်အောင် ထူသည့် ဆောင်းတွင်းအင်္ကျီကို ဝတ်ထား၍ နှင်းပေါ်၌ လှဲနေသည်မှာ မအေးပါချေ။

ကျန်းကျန်းက လက်တစ်ဖက်ဖြင့် ခေါင်းကို မှီထားကာ ရှီကျွင့်ကျဲ၏ ပါးအား ဆွဲညှစ်လိုက်သည်။

“ဘာလို့ လဲကျသွားတာလဲ၊ ကျွန်မလေးတယ်လို့ ထင်လို့လား”

“အင်း၊ လေးနေတယ်၊ မင်း မကြာသေးခင်က အသားတွေ အရမ်းစားထားလို့များလား”

ရှီကျွင့်ကျဲ ရယ်မောရင်းနှင့် သူ့လက်ဖဝါးပေါ်တွင် ခေါင်းအုံးလိုက်ပြီး ကျန်းကျန်းမှ သူ့၏မျက်နှာပေါ်၌ မည်သည်ကိုပင် ပြုလုပ်သည်ဖြစ်စေ လွှတ်ပေးထားလိုက်သည်။

ကျန်းကျန်းက ကြောက်စရာကောင်းသည့် အမူအရာပြုလုပ်၍ ရှေ့သိုတိုးလိုက်သည်။

“နောက်ထပ် ပြောချင်သေးလား”

“ဟားဟားဟား၊ ကျန်းကျန်း မင်းရဲ့အမူအရာက အရမ်းချစ်စရာကောင်းတယ်ဆိုတာကို သိရဲ့လား”

ရှီကျွင့်ကျဲ သူ့၏လက်အား ပြန်ဆွဲထုတ်၍ ကျန်းကျန်း၏ ခါးအား ပွေ့ဖက်ကာ ဆွဲယူလိုက်လေသည်။ ကျန်းကျန်းသည်လည်း သတိမထားဘဲ ရှီကျွင့်ကျဲ၏ကိုယ်ပေါ်၌ လှဲချမိသွားရသည်။

သူတို့၏ မျက်လုံးချင်း ဆုံမိသောအခါတွင် ရှီကျွင့်ကျဲ၏ မျက်လုံးအတွင်းမှ ချစ်ခင်ကြင်နာမှုသည်က နွေဦးနေရောင်ခြည်သဖွယ် ကျန်းကျန်းအား ခေါင်းအစ ခြေအဆုံး ဖုံးအုပ်ထားသည့်အတွက် နွေးထွေးလုံခြုံသည့် ခံစားမှုကို ပေးသည်။

“မင်း ဘာလို့ ကိုယ့်ကိုကိုယ် ဝတယ်လို့ ထင်နေတာလဲ”

ရှီကျွင့်ကျဲ ကျန်းကျန်း၏ ခါးအား တင်းတင်းဖက်ထားခဲ့သည်။

“မင်းကို ဝလာအောင် လုပ်ပေးဖို့က ကိုယ်ဘဝရဲ့ ပန်းတိုင်ပဲ”

“ကျွန်မ မဝချင်ပါဘူး”

ကျန်းကျန်း သူမ၏ခါးအား ရစ်ပတ်ထားသည့် ရှီကျွင့်ကျဲ၏ လက်အား အသာပုတ်လိုက်ပြီး အနောက်လှဲချကာ နှင်းများပေါ် ပြန်လှဲလိုက်သည်။

အနည်းငယ်အရောင်မှိန်နေသည့် ကောင်းကင်ပြာကို ကြည့်ရင်း ကျန်းကျန်း၏ ပါးစပ်ထောင့်၌ ပျော်ရွှင်သည့် အပြုံးတစ်ခု ပေါ်လာသည်။

“ရှီကျွင့်ကျဲ၊ ရှင် ကျွန်မကို အရမ်းကြိုက်တာလား”

ရှီကျွင့်ကျဲ ကျန်းကျန်း၏ လက်အား ဆုတ်ကိုင်၍ ကျန်းကျန်းအား လှည့်ကြည့်လိုက်သည်။

“မဟုတ်ဘူး”

ကျန်းကျန်း ခုန်ထတော့မည့်အချိန်၌ ရှီကျွင့်ကျဲက အေးဆေးတည်ငြိမ်စွာ ထပ်ဖြည့်လိုက်သည်။

“ကိုယ် မင်းကို အရမ်းချစ်တာ”

ဤဝါကျသည်ကား မှော်ပညာသဖွယ် ကျန်းကျန်း၏တစ်ကိုယ်လုံးအား ချက်ချင်းပျော့ပြောင်းသွားစေ၏။

ရှီကျွင့်ကျဲ ၏ လေသံသည် အလွန်ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း ကျန်းကျန်းအနေဖြင့် သူ့၏မျက်လုံးအတွင်း၌ သူ အမှန်တကယ်လေးနက်စွာပြောဆိုနေသည်၊ ခိုင်မာလှပြီး သူကတိပေးစကားကဲ့သို့ဆိုလာသည်ကို တွေ့လိုက်ရသည်။

ရှီကျွင့်ကျဲ၏ အကြည့်အောက်၌ ကျန်းကျန်းတစ်ယောက်ရှက်ရွံ့မှုများက တဖြည်းဖြည်း ပေါ်လာခဲ့ပြီး ပါးပြင်နှစ်ဖက်သည်လည်း နီမြန်းလာခဲ့သည်။ ရှီကျွင့်ကျဲ စကားပြောတော့မည့်အချိန်၌ ကျန်းကျန်း ရုတ်တရက် သူမ၏မျက်နှာအား ဖုံးလိုက်ပြီး လက်ချောင်းများကြားမှ စကားတစ်ခွန်းကို ပြောလာခဲ့သည်။

“အခု ဒီလိုတွေ မပြောနဲ့ ကျွန်မ ရှက်လာပြီ”

“ဟားဟားဟား...”

ရှီကျွင့်ကျဲ ရယ်မောလိုက်မိပြီး ဆက်လက်၍ လှဲမနေနိုင်တော့ချေ။ သူ ထထိုင်လိုက်ပြဏး ကိုယ့်ကိုယ်ကို ကွေးညွတ်ကာ မျက်နှာအား ဖုံးကာထားသည့် ကျန်းကျန်းအား ကြည့်လိုက်သည်။

“ မင်း ဘာလို့ဒီလောက်ထိ ချစ်စရာကောင်းနေရတာလဲ”

သူ့၏ စကားဆုံးသည်နှင့် တံခါးမှ တစ်ဦးဦး ဝင်လာသည်ကို တွေ့လိုက်သည်။

“တစ်ယောက်ယောက် လာနေတယ်၊ မြန်မြန်ထရအောင်”

ကျန်းကျန်းလည်း ထိုစကားကိုကြားသည့်အချိန်တွင် ရှက်နေ၍ မရနိုင်တော့ချေ။ သူမ နှင်းပေါ်မှ ခုန်ထ၍ ပြေးထွက်သွားခဲသည်။

ရှီကျွင့်ကျဲက သူ မြေပြင်တွင်ချထားခဲ့သည့်ပစ္စည်းများကို ပြန်ယူရန် ပြန်ပြေးသွားခဲ့ပြီး ရယ်မောရင်းနှင့် ကျန်းကျန်း၏နောက်သို့ ပြေးလိုက်သွားခဲ့ကာ မည်သူမျှ မမြင်ရသည့်နေရာ၌ ရပ်တန့်လိုက်လေသည်။

All Chapters