← Chapters

အခန်း (၂၅၆)

Vol. 26 Ch. 256

အခန်း (၂၅၆)

Vol. 26 Ch. 256

ကျန်းကျန်း၏ မျက်နှာလေးမှာ နန်းတော်နံရံနှင့် နီ့ကပ်စွာရှိနေခဲ့ပြီး အတော်လေး နီရဲနေခဲ့သည်။

မျက်နှာကျက်အောက်၌ ရေခဲလွှာလေးတစ်တန်းစီ တွဲလောင်းကျနေပြီး နေရောင်အောက်၌ ပိုမို၍ တောက်ပနေလေသည်။

ကျန်းကျန်းက မြေကြီးပေါ်တွင် ထိုင်လိုက်ပြီး ခြေတစ်ဖက်ကို ဆန့်ထုတ်ကာ နောက်တစ်ဖက်ကို ကွေးထားခဲ့သည်။ ဝေးကွာသည့်နေရာမှ နန်းတော်ကို ကြည့်ရင်း သူမ မျက်လုံးတို့က အနည်းငယ် မှောင်မှိတ်နေပြီး မည်သည့်အရာကို တွေးနေမှန်း မသိချေ။

ရှီကျွင့်ကျဲ ကင်မရာကို ကောက်ယူ၍ ကျန်းကျန်း၏ ဘေးဘက်ပုံနှင့် ဖြူဖွေးနေသည့် တားမြစ်နန်းတော်အား ဓာတ်ပုံရိုက်ရန် သင့်လျော်သည့်ထောင့်ကို ရွေးချယ်လိုက်သည်။

“ကလပ်”

ရှပ်တာကို နှိပ်သည့် အသံသည်က ကျန်းကျန်းအား သတိပြန်လည် နိုးလာစေခဲ့သည်။ ကျန်းကျန်း ခုန်ထလိုက်ပြီး သူမတင်ပါးပေါ်ရှိ နှင်းများအား ပုတ်ခါလိုက်သည်။

“ဒီမှာ ရှေးဟောင်းရတနာပြခန်းရှိလား၊ ကျွန်မ သွားကြည့်ချင်တယ်။”

“ရှိတယ်”

ရှီကျွင့်ကျဲ ချက်ချင်းပြောလိုက်သည်။

“မင်းက ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်ကို ရွေးချယ်ဘာသာရပ်အဖြစ် ယူခဲ့တာကို ကိုယ် မှတ်မိတယ်၊ အခု မင်း သင်ယူခဲ့တာတွေကို လက်တွေ့ ပြန်လေ့ကျင့်ဖို့ လုပ်နိုင်လိမ့်မယ်”

ကျန်းကျန်း ရှီကျွင့်ကျဲ၏ အနောက်သို့ လိုက်၍ အရှေ့ဘက်ရှိ နန်းတော်သို့ လျှောက်သွားခဲ့သည်။

“တကယ်တော့ ကျွန်မဆီမှာ ရှေးဟောင်းပစ္စည်းတွေ အများကြီး စုဆောင်းထားတာ ရှိတယ်၊ ဒါကြောင့် ကျွန်မဆီမှာ မရှိတဲ့ပစ္စည်းတွေကိုပဲ ကြည့်ချင်တာ”

နှစ်ဦးသားသည်ကား ပါးစပ်နှင့်အပြည့် ပြောင်ချော်ချော် စကားပြောရင်း မကြာခဏ အတူတူ လျှောက်သွားနေကြသည်။

ထို့အတွက် ကျန်းကျန်းမှ ထိုသို့ပြောလာသော်လည်း ရှီကျွင့်ကျဲကမူ ဤစကားအား အလေးအနက် မထားချေ။ သူက ကျန်းကျန်းအား ရှေးဟောင်းပစ္စည်းပြသထားသည့် နန်းတော်သို့ ခေါ်ဆောင်သွားခဲ့သည်။

ဘေး၌ ထိုင်နေသည့် ဝန်ထမ်းက သူမအား သတိထား၍ အကြာကြီး စိုက်ကြည့်နေခဲ့ပြီး သူမက ယဉ်ကျေးမှု အမွေအနှစ်အတွက်သာ အမှန်တကယ် စိတ်လှုပ်ရှားနေခြင်းဖြစ်ကာ အခြားအတွေး မရှိသည်ကို မြင်သောအခါမှ သူတို့၏ သတိကြီးမှုကို လျှော့ချလိုက်ကြသည်။

ရှီကျွင့်ကျဲက ယဉ်ကျေးမှု အမွေအနှစ်များကို လုံးဝမလေ့လာခဲ့ဖူးချေ။ သူက ကျန်းကျန်း၏ မျက်လုံးများ တောက်ပနေသည်ကို မြင်နေခဲ့ရပြီး တံတွေးများစီးကျတော့မလို ဖြစ်နေသည့်အတွက် ဖန်သားပြင်ဆီသို့ ကိုင်းညွတ်၍မေးလိုက်သည်။

“ဒီလောက်တောင် လှလို့လား”

“လှတာပေါ့၊ ရှင့်ထက်တောင် ပိုလှသေးတယ်”

ကျန်းကျန်းက ဖန်ပြားပေါ်၌ မှီ၍ မျက်တောင်တစ်ချက် မခတ်နိုင်ဘဲ ကြည့်နေခဲ့သည်။

“ဒါက ကန်ရှီဘုရင်ခေတ် အပြာနဲ့အဖြူ မြေထည်တွေရဲ့ ထူးခြားတဲ့ ‘အပြာရောင် ချွေ့မော်’ ပဲ၊ အပြာနဲ့အဖြူ အနုပညာရဲ့ သရဖူတစ်ခုပဲ”

ရှီကျွင့်ကျဲမှာ ကျန်းကျန်းပြောလာသည့် နောက်ဆုံးစကားလုံးအား လုံးဝနားမထောင်ခဲ့ဘဲ သူ့စိတ်အတွင်း၌ အမှရှေ့စကားလုံးကိုသာ ဆက်တွေးနေခဲ့သည်။

သူ့၏ အနာဂတ် ပြိုင်ဘက်သည်ကား ချောမောသည့် အမျိုးသားတစ်ယောက် မဟုတ်ဘဲ “သူ့ထက်ပိုလှတဲ့” ဤရှေးဟောင်းပစ္စည်း ဖြစ်နိုင်သည်လား။

ယဉ်ကျေးမှု အမွေအနှစ်၏ ဆက်စပ်မှုကို ကာကွယ်ရန်အတွက် ပြသထားသည့် ယဉ်ကျေးမှု အမွေအနှစ်များက များစွာ မရှိချေ။ ကျန်းကျန်းအနေဖြင့် ပြသထားသည့် ပစ္စည်းအားလုံးအား ကြည့်ရှုရန် တစ်နာရီသာ အချိန်ယူခဲ့သည်။

ရတနာပြတိုက်၏ အလှနှင့် စိတ်ကူးများကိုကြည့်ပြီးနောက် ကျန်းကျန်းက သူမ၏အသိစိတ်ကို တားမြစ်နန်းတော်တစ်ခုလုံးအား လွှမ်းခြုံထားလိုက်သည်။

ထို့နောက် ပြတိုက်၌ စုဆောင်းထားသည့် ပစ္စည်းများကို ကြည့်ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။

“ကျွန်မ မှားယွင်းတဲ့ ဘာသာရပ်ကို ရွေးခဲ့တာပဲ၊ ကျွန်မ ယဉ်ကျေးမှု အမွေအနှစ်ကို ပြန်လည် ထိန်းသိမ်းရေး ဒါမှမဟုတ် ရှေးဟောင်းသုတေသန ပညာကို သင်ယူသင့်တယ်၊

ဒါမှ ဘွဲ့ရပြီးရင် တားမြစ်နန်းတော်မှာ ယဉ်ကျေးမှု အမွေအနှစ်တွေကို လေ့လာနိုင်မယ်၊ ဒါမှမဟုတ် ဂူသင်္ချိုင်းတွေကို တူးဖော်နိုင်မယ်”

ကျန်းကျန်း မျက်ရည်မကျဘဲ ငိုတော့မလို ဖြစ်နေသည်ကို မြင်သောအခါ ရှီကျွင့်ကျဲ မည်သို့ နှစ်သိမ့်ရမည်ကိုမသိတော့ချေ။ ထို့ကြောင့် သူမအား တိတ်ဆိတ်စွာ ဆွဲထုတ်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။

“ဒါမှမဟုတ် မင်း ဘာသာရပ်ပြောင်းဖို့ လျှောက်ထားကြည့်မလား”

ကျန်းကျန်းက ထိုစကားကြားသောအခါ သတင်းစာပညာ ဘာသာရပ်အပေါ်သို့ အနည်းငယ် တွန့်ဆုတ်သွားခဲ့ပြန်သည်။

သူမ ရှီကျွင့်ကျဲ အား တုံ့ဆိုင်းစွာ ကြည့်၍ မေးလိုက်သည်။

“ကျွန်မ တခြားမေဂျာကို ထပ်ပြီးလျှောက်ထားမယ်ဆိုရင် သဘောတူလောက်မယ်လို့ ထင်လား”

“လုံးဝ မထင်ဘူး”

ရှီကျွင့်ကျဲ ခေါင်းခါလိုက်သည်။

“ဘာသာရပ်တွေ အများကြီးက မင်းကို ပင်ပန်းစေလိမ့်မယ်၊ မင်း ဘာသာရပ်အများကြီးကို ကြိုက်နိုင်တယ်ဆိုတာ ကိုယ်သိတယ်၊ ဒါပေမယ့် မင်းကြိုက်တဲ့ ဘာသာရပ်တိုင်းကို ယူစရာမလိုဘူး၊ မင်းအနေမဲ့ ရွေးချယ်တတ်ဖို့နဲ့ သင့်တော်တာကို စွန့်လွှတ်တတ်ဖို့ သင်ယူရမယ်”

“ကျွန်မ သိပါတယ်”

ကျန်းကျန်းက အနည်းငယ် စိတ်ပျက်အားငယ်စွာ ပြောလိုက်သည်။

“ကျွန်မက အစတုန်းကက ယဉ်ကျေးမှု အမွေအနှစ် သုတေသနကို ဝါသနာအဖြစ် သင်ယူချင်လဲ့တာ၊ ဒါပေမယ့် ဒီနေ့ ဒီလောက်များတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို မြင်ရတော့ နည်းနည်း စိတ်လှုပ်ရှားသွားတယ်”

ရှီကျွင့်ကျဲ၏ စိုးရိမ်တကြီး ကြည့်နေသည့် မျက်လုံးများကို ကြည့်ရင်း ကျန်းကျန်းက သူ့ပခုံးပေါ်သို့ ခေါင်းမှီလိုက်သည်။

“ရပါတယ်၊ အချိန်ရရင် ရှေးဟောင်းသုတေသန ပညာရပ်တချို့ကို သင်ယူလိုက်မယ်၊ ကျွန်မမှာ ရှေးဟောင်းဂူသင်္ချိုင်းတွေ တူးဖော်ရာမှာလည်း ထူးခြားတဲ့ အရည်အချင်းရှိတယ်လို့ ကျွန်မ ထင်တယ်”

ရှီကျွင့်ကျဲ ကျန်းကျန်းအား အပေါ်အောက် ကြည့်လိုက်သည်။

“မင်းမှာ အရမ်းလှပြီး ချစ်စရာကောင်းတာကလွဲလို့ ထူးခြားတာ ဘာမှမရှိဘူးမလား၊ အရည်အချင်းက ဘယ်မှာလဲ”

ကျန်းကျန်းက သူ့ကြောင့် ရယ်မောမိသွားပြီး သူ့အား ဒေါသတကြီး ကြည့်လိုက်သည်။

“ရှင် ကျွန်မကို ချီးကျူးနေမှန်း သိတယ်၊ ဒါပေမယ့် ဒီလိုဆိုရင်တောင် ကျွန်မရဲ့ အံ့မခန်း အရည်အချင်းအကြောင်းကို ရှင့်ကို မပြောပြဘူး”

ရှီကျွင့်ကျဲ ကျန်းကျန်း၏ ထိန်းမရအောင် ပြုံးနေသည့် မျက်နှာအား ကြည့်၍ ပြုံးရင်း သူမပခုံးအား ပွေ့ဖက်လိုက်သည်။

“ကောင်းပြီ၊ မင်း တကယ် ရှေးဟောင်းသုတေသနကို သင်ယူချင်တယ်ဆိုရင် ပြင်သစ်ဘာသာရပ်ကို ရပ်လိုက်တော့။ ဘာပဲဖြစ်ဖြစ် မင်းက ဒီဘာသာစကားကို သိချင်ရုံပဲမလား ၊ ကိုယ် မင်းကို သင်ပေးမယ်ဆိုရင် လုံလောက်တယ်လေ”

ကျန်းကျန်း ထိုစကားကြားသည်နှင့် ချက်ချင်း ခေါင်းခါလိုက်သည်။ ရှီကျွင့်ကျဲက ပြုံး၍ သူမနားရွက်ဖျားအား ညှစ်လိုက်သည်။

“မင်း အရင်တုန်းက ပြင်သစ်ဘာသာစကားကို ဘာလို့ သင်ယူချင်ခဲ့တာလဲ၊ ကိုယ့်ကို သိကျွမ်းရဖို့အတွက်လား”

ကျန်းကျန်း ခြေထောက်ချော်၍ တစ်ချက်ယိုင်သွားခဲ့ရကာ လဲတော့မလို ဖြစ်သွားရသည်။ ရှီကျွင့်ကျဲက အမြန် သူမအား ထူပေး၍ ထိတ်လန့်မှုကြောင့် ချွေးစေးများပ၈် ထွက်လာရသည်။

“ကိုယ် ဒီလောက်လေးပြောတာကိုတောင် အဲလောက်ထိ စိတ်လှုပ်ရှားစရာ မလိုဘူးလေ”

ကျန်းကျန်းက အံ့သြသင့်စွာနှင့် သူ့အား ပုတ်လိုက်သည်။

“ရှင်ရဲ့ အရေပြားက ဒီလောက်တောင် ထူနေတာလား”

ဆောင်းရာသီ၏နေဝင်ချိန်သည်ကား အလွန်အမင်း မြန်ဆန်လှသည်။ လွန်ခဲ့သည့် ခဏလေးကမှ နေမင်းကြီးမှာ ကောင်းကင်၌ ချိတ်ဆွဲခံထားရသကဲ့သို့ ဖြစ်နေသေးသော်လည်း ခဏအကြာ၌ နေရောင်ခြည် အကြွင်းအကျန်သာ ကျန်တော့သည်။

နေဝင်ချိန်အောက်ရှိ နန်းတော်သည်ကား ခေတ်အဆက်ဆက်မှ အလှတရားများ ရှိနေခဲ့သည်။ ရှီကျွင့်ကျဲ ကင်မရာကို ထုတ်၍ မတူညီသည့် နေရာများနှင့် ထောင့်များမှ ကျန်းကျန်း၏ ဓာတ်ပုံများကို ရိုက်ကူးလိုက်သည်။

ဖလင်တစ်လိပ် ကုန်သောအခါမှသာ ကင်မရာကို အလျင်စလို သိမ်းလိုက်လေသည်။

“အရောင်ပါတဲ့ဓာတ်ပုံတွေ ထုတ်လို့ရလား”

ကျန်းကျန်းက စူးစမ်းစွာ မေးလိုက်သည်။

ဤခေတ်ကာလ၌ ဓာတ်ပုံဆိုင်၌ ရိုက်ထားသည့် ဓာတ်ပုံအများစုသည် အဖြူအမည်းများသာ ဖြစ်ပြပေသည်။

သို့သော်လည်း ကျန်းကျန်းက ယနေ့ရှုခင်းသည် အလွန်လှသည်ဟု ခံစားရသည်။ အရောင်ဓာတ်ပုံများကို ထုတ်ယူ၍ ရပါလျှင် ပိုမိုလှပမည်မှာ သေချာသည်။

ရှီကျွင့်ကျဲ ပြုံး၍ ကျန်းကျန်းအား ကြည့်လိုက်သည်။

“အဖြူအမည်းပုံတွေနဲ့ အရောင်ပါတဲ့ပုံတွေက ဓာတ်ပုံရိုက်တဲ့ နည်းပညာပေါ်မှာ မူတည်တာ မဟုတ်ဘူး၊ ဖလင်အပေါ်မှာ မူတည်တာ။”

သူ၏ကျောပိုးအိတ်ကို လွယ်လိုက်ပြီးနောက် ရှီကျွင့်ကျဲက အပြုံးဖြင့် ပြောလိုက်ပြန်သည်။

“ကံကောင်းစွာပဲ၊ ဒီနေ့ အရောင်ပါတဲ့ဖလင် ယူလာခဲ့တယ်၊ မဟုတ်ရင် မင်း စိတ်ပျက်သွားရလိမ့်မယ်”

တားမြစ်နန်းတော်မှ ထွက်လာသောအခါတွင် ကောင်းကင်သည်က အနည်းငယ် မှောင်နေခဲ့ပြီ။ နှစ်ဦးသား ဘတ်စ်ကားမှတ်တိုင်သို့ ရောက်လာပြီးနောက် ရှီကျွင့်ကျဲက ကျန်းကျန်းအား ညင်သာစွာ မေးလိုက်သည်။

“အိမ်ကို ပြန်မလား ဒါမှမဟုတ် အပြင်မှာ စားမလား”

ကျန်းကျန်းက တုံ့ဆိုင်းနေခဲ့သည်။

“အပြင်မှာ ကောင်းကောင်းစားရမယ့်နေရာရှိလား”

“ကိုယ် သိတဲ့အတိုင်းဆိုရင် အိမ်နားမှာ ခေါက်ဆွဲဆိုင်လေးတစ်ဆိုင်ရှိတယ်၊ အဲဒါက ချင်ပြည်နယ်က စားဖိုမှူး ဖွင့်ထားတာလေ၊ အရသာ အရမ်းကောင်းတယ်”

ရှီကျွင့်ကျဲက ကျန်းကျန်း၏ စိတ်လှုပ်ရှားနေသည့် အမူအရာအား ကြည့်၍ ဆက်ပြောလိုက်သည်။

“ရိုကျားမိုကလည်း အရမ်းကောင်းတယ်၊ ဆီခေါက်ဆွဲကလည်း အရမ်းစစ်မှန်လွန်းတယ်၊ အိမ်နဲ့လည်း မဝေးဘူး၊ စားပြီးသွားရင် လမ်းလျှောက်ပြီး ပြန်လို့ရတယ်။”

“ဘာတွေ မဆိုင်တာတွေ ပြောနေသေးတာလဲ၊ သွားကို သွားရမှာပေါ့”

ကျန်းကျန်း သူမ၏ ဗိုက်အား စမ်းလိုက်သည်။ ဗိုက်အတွင်းမှ ဂလုဂလုမြည်သံများကိုပင် ကြားရသကဲ့သို့ခံစားမိနေပေပြီ။

ရိုကျားဘန်းမုန့် စားရန် စဉ်းစားလိုက်မိလျှင် သူမ၏ အရင်ဘဝက ကောလိပ်၌ ရှိစဉ်ကဲ့သို့ပင် ခံစားလာရသည်။

ဘတ်စ်ကားက ဆယ်မိနစ်ခန့် မောင်းပြီးလျှင် ဦးတည်ရာသို့ ရောက်သွားခဲ့သည်။ ထိုနေရာသည်ကား ခြံဝင်းငယ်လေးတစ်ခုနှင့် အလွန်ကြီးမားသည့် အခန်းတစ်ခုဖြစ်ပေသည်။

တံခါး၌ ချင်ပြည်နယ်၏ ဧည့်ကြို ဆိုင်းဘုတ်တစ်ခု ရှိနေခဲ့သည်။ ထူထဲသည့် ကန့်လန့်ကာအား တွန်းဖွင့်လိုက်သောအခါတွင် စားပွဲထိုးတစ်ဦးမှ ထွက်လာလေသည်။

သူက တံခါးဖွင့်ရန် ကူညီရင်း ချင်ပြည်နယ် စကားသံပြင်းပြင်းဖြင့် မေးလာခဲ့သည်။

“ဘာစားချင်လဲ”

အသားပါဘန်းမုန့်ပြား၊ ခေါက်ဆွဲအေး၊ ဆိတ်သားပေါင်းဘန်းမုန့်၊ ဆီချက်ခေါက်ဆွဲ... စသည့် မီနူးပေါ်ရှိ ရင်းနှီးသည့်နာမည်များကို ကြည့်ရင်း ကျန်းကျန်းတစ်ယောက် သွားရည်များပင် ကျလုနီးပါး ဖြစ်လာရသည်။

သူမက ဆိတ်သားစွပ်ပြုတ်ဟင်းရည် နှစ်ပန်းကန်၊ ရိုကျားဘန်းမုန့်နှစ်လုံး၊ ဆီချက်ခေါက်ဆွဲတစ်ပွဲနှင့် ချီရှန် ရှောင်ဇီ ခေါက်ဆွဲတစ်ပွဲ မှာလိုက်သည်။

အသားကို ကြိုတင်ချက်ပြုတ်ထားခြင်းဖြစ်ပြီး ပိုင်ကျီပေါင်မုန့်များသည်လည်း အသင့်လုပ်ပြီးသားများပင်။

ဆိုရလျှင် မီးဖိုအတွင်း၌ အပူပေးလိုက်ရုံသာ ဖြစ်ပေသည်။ စားဖိုမှူးကြီးက ဝက်သားပြုတ်ထားသည့် မီးဖိုကို ဖွင့်လိုက်ပြီး လက်ကို ဦးစွာဆေးကာ ခေါက်ဆွဲဖတ်လုပ်ခဲ့သည်။

ဆယ်မိနစ်အကြာ၌မူ ရေဇလုံအတွင်းမှ ပူပူနွေးနွေး ဆိတ်သားဟင်းရည်နှင့် အထူးမုန့်ပဲသရေစာများ အားလုံးက စားပွဲပေါ်သို့ ရောက်လာတော့သည်။

စားပွဲထိုးသည်လည်း အလွန်ပင်ကောင်းမွန်ပြူငှာလှသည်။ သူက ခြစ်ထားသည့် မုန်လာဥနီ၊ လှီးထားသည့် ကြက်သွန်နီ၊ အချဉ်စိမ်ဂေါ်ဖီထုပ်၊ ကြက်သွန်ဖြူချဥ်၊ ဆီပူငရုတ်သီး၊ ကြက်သွန်ဖြူအစိမ်းလေးများစသည့်ဖြင့် စဉ်းစားတတ်စွာနှင့် ပို့ပေးထားခဲ့သည်။

ထို့ကြောင့် အစားအစာများကို ထိုအချဥ်များနှင့်အတူ အရသာရှိစွာ တွဲဖက်စားသောက်နိုင်ခဲ့ပေသည်။

*

All Chapters