အခန်း (၂၅၇)
Vol. 26 Ch. 257
ရှီကျွင့်ကျဲသည် ပန်းကန်နှစ်လုံးကို လှမ်းယူလိုက်ပြီး ဆီချက်ခေါက်ဆွဲနှင့် ဆန်းကျီခေါက်ဆွဲများကို တစ်ဝက်စီ ခွဲလိုက်သည်။
ဤသို့ပြုခြင်းအားဖြင့် အရသာမျိုးစုံကို ပိုမိုမြည်းစမ်းရနိုင်ပေလိမ့်မည်။
ကျန်းကျန်းသည်ကား အစဉ်သဖြင့် အရသာရှိသော အစားအသောက်များကို နှစ်သက်သူဖြစ်သည်သာမက ဤဆိုင်၏ အရသာသည်လည်း မူလအတိုင်း ကောင်းမွန်လှသည့်အတွက် နှစ်ဦးသားသည် စားပွဲပေါ်ရှိ အစားအသောက်များကို နာရီဝက်အတွင်း ကုန်အောင် စားသောက်ခဲ့ကြသည်။
ကျန်းကျန်းတစ်ယောက် သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း စိတ်ကျေနပ်စွာဖြင့် သက်ပြင်းချလိုက်သည်။
“ကျွန်မထင်တာတော့ ကျွန်မရဲ့ ဘဝမှာ အပျော်ဆုံးအရာက အရသာရှိတဲ့ အစားအသောက်မျိုးစုံကို စားရတာပဲ”
ရှီကျွင့်ကျဲသည် ပြုံးလိုကမိပြီး သူမဆီသို့ ဆောင်းတွင်းဝတ်အင်္ကျီအထူကို ကမ်းပေးလိုက်သည်။
“ဒီနဲ့ သိပ်မဝေးတဲ့နေရာမှာ ခရိုင်စားသောက်ဆိုင်အသစ်ရှိတယ်၊ အဲ့ဒီက သိုးသားကင်နဲ့ ကြက်သားစွပ်ပြုတ်ပန်းကန်ကလည်း အရမ်းအရသာရှိတယ်”
ကျန်းကျန်းသည်ကား သူမ၏ လက်ကိုင်ပုဝါကို ကိုင်ထားရင်းဖြင့် ခဏရပ်လောက်၍ သူ့အား တွန့်ဆုတ်စွာ ကြည့်လိုက်သည်။
“ဒါဆို ကျွန်မတို့တွေ သိုးသားကင်သွားစားရအောင်လား”
ဘေးနား၌ ပန်းကန်ဆေးနေသော စားပွဲထိုးမလေးသည်ကား အံ့သြသင့်မှုကြောင်း သူမ၏ လက်ထဲမှ ပန်းကန်ကို လွှတ်ချတော့မတတ် ဖြစ်သွားခဲ့ရသည်။ သူမက ကျန်းကျန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိလေသည်။
ဤကဲ့သို့ ပိန်ပိန်ပါးပါး မိန်းကလေးတစ်ဦးသည်က ဤမျှလောက်သော အစားအသောက်များကို များစွာ စားပြီးသည့်နောက်တွင်ပင် ဆက်လက်၍ စားသောက်ရန် အစာစားချင်စိတ် ရှိနေသည်ကို သူမ မယုံကြည်နိုင်ပုံရသည်။
ရှီကျွင့်ကျဲ၏ ထိန်းမရနိာင်လောက်အောင် အံ့သြသင့်သွားသော မျက်နှာအမူအရာကို မြင်သော် ကျန်းကျန်းသည် မရယ်ဘဲ မနေနိုင်တော့ပါချေ။
“ကျွန်မ ရှင့်ကို စနောက်နေတာပါ၊ နောက်တစ်ခါမှ သွားစားကြတာပေါ့”
ကျန်းကျန်း အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် မိသားစုသည်ကား စားသောက်၍ ပြီးစီးခဲ့ပြီ။ အသားမုန့်လုံးတစ်ယောက် ကျန်းကျန်းအတွက် ပြင်ဆင်ထားသော ဘန်းမုန့်လိပ်များကို ကျန်းကျန်း၏ အိမ်သို့ ပို့ပေး၍ နောက်ပြောင်ရယ်မောကာလိုက်လေသည်။
“ကိစ္စတွေက တကယ်ပဲ အနာဂတ်မှာ ကွဲပြားသွားခဲ့ကြတာပဲ၊ နောက်ဆိုရင် လူတွေက အိမ်ကိုတောင်ပြန်မလာလောက်တော့ဘူး”
“အသားမုန့်လုံး၊ ခိုးကြောင်ခိုးဝှက် အပြုံးနဲ့ ငါ့ကို လာမကြည့်စမ်းနဲ့”
ကျန်းကျန်းသည်ကား ခေါင်းကို မော့ကြည့်လာခြင်းမရှိဘဲ စာရွက်ပေါ်တွင် မင်နီနှင့် အမှတ်အသားကြီးတစ်ခုကို လုပ်လိုက်သည်။
ထိုစာရွက်ထဲမှအရာများက သင်္ချာပုစ္ဆာ ဖြစ်နေသည်ကို မြင်သော် အသားမုန့်လုံးတစ်ယောက် ခြေထောက်များပင် အနည်းငယ် အားပျော့သွားသကဲ့သို့ ဖြစ်သွားခဲ့ရလေသည်။
“ အန်တီလေး၊ ဒီတစ်ခုက ကျွန်တော်ဘယ်လိုဖြေရမလဲဆိုတာကို တကယ်မသိတာ၊ ကျွန်တော် ပေါ့ပေါ့ဆဆနှင့် မှားယွင်းသွာတာ မဟုတ်ဘူး”
“ငါ မြင်တယ်”
ကျန်းကျန်းက အဖြေလွှာစာရွက်ကို လှန်လိုက်သည်။
“မင်းတွက်ထားတဲ့ အဖြေရှာတဲ့ နည်းလမ်းတွေ အားလုံးက မှားနေတယ်လေ”
ကျန်းကျန်းကြီးက အသားမုန့်လုံးကို သစ်ပင်ပေါ်သို့ ခဏခဏခေါ်၍ ထိုင်ထလုပ်ခိုင်းခဲ့သည့်အတွက် အသားမုန့်လုံး၏ စာလုပ်ရာ၌ အသေးစိတ်ကျမှုသည် အရှိန်အဟုန်နှင့် တိုးတက်လာခဲ့ပြီး စာမေးပွဲနှစ်ခုဆက်တိုက် ပေါ့ဆမှုကြောင့် အမှားမလုပ်မိတော့ပေ။
အဖြေလွှာစာရွက်များကို ဖတ်ပြီးသည့်အခါတွင် ဤတစ်ကြိမ် အသားမုန့်လုံး၏ စာမေးပွဲရမှတ်များက အားလပ်ရက်မှ ရမှတ်များထက် များစွာ တိုးတက်လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
ကျန်းကျန်း အသားမုန့်လုံးကို တစ်ချက်ကြည့်၍ စက္ကူအလွတ်တစ်ရွက်ကို လှမ်းယူလိုက်သည်။
ထို့နောက်တွင် အသားမုန့်လုံး နားမလည်သော မေးခွန်းများကို ရှင်းပြခဲ့ပြီး အလားတူ မေးခွန်းအနည်းငယ်ကို တွက်ပြလိုက်လေသည်။
မေးခွန်းများကို ဖြေဆိုပြီးသည့်နောက် သူမက စားပွဲအံဆွဲကို ဖွင့်၍ စာရွက်ပုံအသစ်တစ်ခုကို ထပာမံ၍ ထုတ်ယူလိုက်သည်။
“ဒါကို မနက်ဖြန်ညဘက်မှ အပြီးတွက်ပြီး ပြီးသွားရင် ငါ့ကိုလာပေးလိုက်၊ ဒီအထဲမှာ မေးခွန်းပုံစံအသစ်တွေ အများကြီးပါတယ်၊ မင်း အများကြီး မှားလာတာကိုတော့ မမြင်ချင်ဘူး”
အသားမုန့်လုံးသည်ကား ထိုမေးခွန်းလွှာများကို မြင်သည်နှင့် ခြေထောက်များပင် ပျော့ခွေသွားလုမတတ်ဖြစ်သွားရသည်။
“အန်တီလေး ၊ ဘယ်တုန်းက ဒီလောက်များတဲ့ မေးခွန်းတွေကို ပြင်ဆင်ထားတာလဲ၊ အန်တီလေးက လူရောဟုတ်သေးရဲ့လား”
“ဒါတော့ ငါလည်း မသေချာဘူး၊ နတ်သမီးလည်း ဖြစ်ချင်ဖြစ်နိုင်တာပေါ့”
အသားမုန့်လုံးတစ်ယောကင မျက်လုံးလှန်သည်ကို မြင်သော် ကျန်းကျန်းက ထင်းရှူးစေ့အနည်းငယ်ကို ဆွဲယူ၍ သူ့အား ထပ်မံပြောလိုက်သည်။
“မင်း ဒီမေးခွန်းတွေကို ညစာမစားခင် မပြီးဘူးဆိုရင် ထိုင်ထ အခါ(၁၀၀) ထပ်တိုးမယ်”
မျက်စိတစ်မှိတ်အတွင်း တက်ကြွသော နွေဦးပွဲတော်သည်လည်း ပြီးဆုံးသွားခဲ့ပေပြီ။ ကျန်းကျန်း၏ နှိပ်စက်မှုအောက်တွင် အသားမုန့်လုံးသည်ကား လေ့ကျင့်ခန်းစာအုပ်ထူထူတစ်အုပ်ကို လုပ်ဆောင်ခဲ့ပြီး စမ်းသပ်မှုစာမေးပွဲများစွာ၌ အမှတ်ပြည့် ရရှိခဲ့သည်။
ဤစကားကို ကြားလိုက်ရလျှင် ကျန်းကျန်းတစ်ယောက် လီမင်ကျုံး၏ ခေါင်းကို ပွတ်သပ်ပေစနေရင်းမှ နှုတ်ခမ်းကိုတွန့်ကွေးကာ ပြုံးလိုက်မိလေသည်။
“စိတ်မပူပါနဲ့၊ နောက်ပိုင်မှာ အဲဒီအိမ်တွေက အသုံးဝင်လာမှာပါ၊ အလကားဖြစ်သွားမှာမဟုတ်ပါဘူး”
ကျန်းကျန်းသည်ကား ပေရှားဒေသသို့ အချိန်အတိုင်းအတာတစ်ခုအထိ ပြန်သွားတတာပြီး လီမင်ကျုံးကို သွားရောက်ကြည့်ရှုနိုင်သော်လည်း မဒမ်လီ၊ လီမင်ရှီနှင့် လီမင်ပေတို့သည်ကာစ လီမင်ကျုံးကို မတွေ့ရသေးသည်မှာ ကာလများ ကြာမြင့်စွာရှိနေခဲ့ပေပြီ။
လီမင်ပေက လီမင်ကျုံး၏ တောက်ပသော အမွေးများကို ပွတ်သပ်၍ ပျော်ရွှင်စွာ ခေါင်းကို ပွတ်ပေးလိုက်သည်။
“ငါက မင်း လမ်းတောင် မလျှောက်နိုင်လောက်အောင် အသက်ကြီးနေလောက်ပြီလို့ ထင်ခဲ့တာ၊ ဘာလို့ ငယ်ငယ်တုန်းကအတိုင်း ရှိနေသေးတာလဲ၊ အခုရော မင်း ငါနဲ့အတူ တောလိုက်ထွက်ရဲသေးလား”
လီမင်ကျုံးက မင်ပေကို မထီမဲ့မြင် ပြုသကဲ့သို့ အထင်သေးစွာကြည့်လိုက်သည်။ သူ့အား ဤကဲ့သို့ပြောနေသကဲ့သို့ပင်:
“မင်းကပဲ တောကောင်တွေကို တကယ်ပဲ ထိနိုင်သလိုမျိုးနဲ့”
**