← Chapters

အခန်း (၂၅၈)

Vol. 26 Ch. 258

အခန်း (၂၅၈)

Vol. 26 Ch. 258

ကျန်းကျန်း လက်ကိုဆန့်လိုက်သည်နှင့် လီမင်ကျုံးသည်က မင်ပေကို ခြေထောက်တစ်ဖက်နှင့် ချက်ချင်း ကန်ထုတ်လိုက်ကာ ကျန်းကျန်း၏ နံဘေးသို့ ပြေးလာခဲ့ပြီး သူမ၏ခြေရင်း၌ အလွန်လိမ်မာသိတတ်စွာနှင့် လှဲအိပ်လိုက်လေသည်။

လီမင်ပေသည်လည်း ထိုင်နေရာမှ ထလိုက်ပြီး သူ၏ တင်ပါးမှာ ကပ်ပါလာသည့် မြေကြီးနှင့် ပြာများကို ပုတ်ထုတ်၍ ခါလိုက်သည်။

ပြီးသည့်နောက်တွင် ရှီကျွင့်ကျဲအား အလွန်သိချင်နေသော မျက်နှာနှင့် ပြောလိုက်လေသည်။

“ငါတို့ရဲ့ တော်ဝင်မြို့တော်အနီးအနားမှာ တောလိုက်ဖို့အဆင်ပြေလောက်တဲ့ တောင်တွေ ရှိသေးလား၊ ဆောင်းဦးရာသီဆိုတော့ ဒီလိုမျိုးရာသီဥတု အေးတဲ့အချိန်မှာ တောရိုင်းတိရစ္ဆာန်တွေ လိုက်ဖမ်းလို့ရတယ်၊ ငါ့တို့ရဲ့ ကျန်းကျန်းနဲ့ ဟုန်ကျုံးတို့က တောလိုက်ရတာကို အရမ်းကျွမ်းကျင်တာနော်”

ရှီကျွင့်ကျဲသည်ကား ကျန်းကျန်း၏ တောလိုက်တတ်ခြင်းအကြောင်းကို မကြားဖူးသည့်အတွက် တစ်ဖက်သူအား သိချင်စိတ်အပြည့်နှင့် မေးလိုက်လေသည်။

“ပိုက်တွေ ထောင်ချောက်တွေနှင့် ထောင်ဖမ်းဖို့အတွက် ပြောင်းဖူးလိုမျိုးအရာတွေကို ယူသွားမှာလား၊ ပြီးသွားရင် ငှက်ဝမ်းဘဲတွေ ပြောင်းဆံကို စားဖို့လာတဲ့အခါ ပိုက်ကွန်ကိုချလိုက်တာမျိုးလား”

ကျန်းကျန်းတစ်ယောက် သူမ၏ ခြေရင်းရှိ ကျောက်တုံးများကို ကန်၍ ချိုမြိန်စွာ ပြုံးလိုက်သည်။

“အဲဒီလောက် မရှုပ်ထွေးပါဘူး”

တော်ဝင်မြို့တော်၏ အနောက်တောင်ဘက်၌ နက်ရှိုင်းသော တောင်တန်းကြီးတစ်တောင်နှင့် နှစ်ထောင်ပေါင်းများစွာ စီးဆင်းနေခဲ့သော မြစ်တစ်စင်းရှိသည်။

ဤကဲ့သို့ ရှုခင်းသည်ကား ဆောင်းဦးရာသီ ခရီးထွက်ရန် အသင့်တော်ဆုံးပင် ဖြစ်ပေသည်။ ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့ အချိန်ခဏတာလောက် ဆွေးနွေးပြီးနောက် အခန်းဖော်ကျောင်းသူနှစ်ယောက်ကိုပါ အတူတူ သွားရန် ခေါ်လိုက်ကြသည်။

သူတို့က အနောက်တောင်ဘက်ရှိ တောင်တန်းဒေသသို့ တောလိုက်ထွက်၍ ပျော်ပွဲ၀ားထွက်သကဲ့သို့ စားသောက်ရန်စီစဥ်လိုက်ကြခြင်းဖြစ်ပေသည်။

အကွာအဝေးသည်ကား အတော်အတန် ဝေးကွာလွန်းသည့်အတွက် ကျန်းကျန်းက အဆောင်သို့ ပြန်၍ သူတို့ကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပေသည်။

သို့သော် ဝေ့ယွီကျင်းသည်ကား နှစ်ပေါင်းများစွာ အဆောင်တွင်သာ နေထိုင်ခဲ့ပြီး အပြင်သို့ မသွားချင်တော့ပေ။ သူမသည်ကား ထိုအချိန်၌ အဆောင်၌ စာဖတ်ရသည်ကို ပိုနှစ်သက်ပေသည်။

ရှုကျားကျား၊ မုန်ရန်ရှောင်နှင့် ကွားရှောင်ချင်းတို့သည်ကား ကျန်းကျန်းနှင့် အသက်တူနီးပါးပင်ဖြစ်ကာ ဆော့ကစားဖို့ရန် ခုံမင်သည့်အရွယ်များဖြစ်ပေ၏။

မိန်းကလေးများသည်ကား ပျော်ပွဲစား ခရီးစဥ်အတွက် အလွန်တက်ကြွနေခဲ့ကြပြီး ကျောင်းအတွင်းရှိဆိုင်၌ပင် ဘီစကစ်နှင့် မုန့်ပဲသရေစာများပင် ဝယ်ယူခဲ့ကြသည်။

သူတို့က တောရိုင်းတိရစ္ဆာန်များ မဖမ်းနိုင်လျှင် အပြင်၌ ဆာလောင်မှုကြောင့် မူးမေ့လဲမည်ကို စိုးရိမ်နေခဲ့ကြသေးသည်ပင်။

ရှီကျွင့်ကျဲတို့ အဆောင်မှ ကောင်လေးများသည်လည်း ရှီကျွင့်ကျဲတစ်ယောက် သတင်းစာဌာနမှ မိန်းကလေးများနှင့်အတူ ပျော်ပွဲစားအတွက် တောစပ်ဘက်သို့ထွက်မည်ကို ကြားသော် မျက်လုံးများ ပြူးကုန်ကြပြီး အားလုံးက လိုက်ချင်နေခဲ့ကြသည်။

မထင်မှတ်ဘဲ ထွက်မလာမီ တစ်ရက်တွင်၊ ပြင်သစ်ဆရာမက စာသင်ချိန်မပြီးမီ အပြုံးတ၀်ခုဖြင့် သတင်းဆိုးတစ်ခု ပေးလိုက်လေသည်။ ၎င်းမှာကာ တနင်္လာနေ့ နံနက်၌ ကျပန်းစာမေးပွဲ စစ်မည်ဖြစ်၍ ထိုအမှတ်ကို အတန်ကြီး စာမေးပွဲရမှတ်ထဲ ထည့်သွင်းမည်ဟူ၍ပင်။

ရှီကျွင့်ကျဲတို့ အဆောင်မှ ကောင်လေးများသည်ကာစ စာမေးပွဲတွင် အမှတ်များ မဆိုးသော်လည်း ပြင်သစ်ဆရာမသည်က မကြာခဏဆိုသလို ထူးဆန်းသော အရာများကို စစ်လေ့ရှိသည်။

ထို့ကြောင့် ရှီကျွင့်ကျဲတစ်ယောကင အရှေ့မြောက်ပိုင်းမှ လျို့ချန်လင်း၊ တော်ဝင်မြို့တော်မှ မုန်ယောင်ရှန်နှင့် ရှန်တုန်းမှ ခုံးရှန်ဝူတို့ကိုသာ အနောက်တောင်ဘက် တောင်တန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ကျောင်းမှ တောလည်ထွက်မည့်နေရာသည်ကား အတော်လေး ဝေးသည့်အတွက် လူအနည်းငယ်က နံနက် ၅ နာရီ၌ အိပ်ယာမှ ထကြ၍ ရထားငယ်လေးပေါ်၌ တစ်နာရီကျော်ခန့် လှည့်ပတ်စီးနင်းပြီးသည့်နောက်တွင် နောက်ဆုံးအဆင့်ရောက်လာသော ရထားလုံးကို စီး၍ နောက်ဆုံး၌ ၈ နာရီ၌ ပန်းတိုင်သို့ ရောက်ရှိခဲ့ကြသည်။

တစ်နံနက်လုံး ပင်ပန်းပြီးသည့်နောက်တွင် လူရှစ်ယောက်သည်ကား မည်သည်ကိုမျှ မစားရသေးပေ။

လျို့ချန်လင်းသည်ကား ဝမ်းဗိုက်ဗိုက်ဆာလောင်မှုကြောင့် မနေနိုင်တော့သည့်အတွက် စမေးလာခဲ့သည်။

“မနက်စာ ဘာစားကြမလဲ”

ကျန်းကျန်းက တောင်ခြေ၌ ပြန့်ပြန့်ပြူးပြူး နေရာတစ်ခုကို ရှာ၍ ကောင်လေးအနည်းငယ်ကို သူတို့ယူဆောင်လာသော အိုးနှစ်လုံးကို မီးဖိုကာ တည်ခိုင်းလိုက်သည်။

တောင်ခြေ၌ကား နာမည်ကျော် ကျိူးဝမ်မြစ် ရှိသည့်အတွက် တစ်ချက်ကြည့်လိုက်သည်နှင့် ကြည်လင်သော ငါးကြီးများသည် လူးလာခေါက်တုံ ကူးခတ်နေသည်ကို မြင်ရနိုင်ပေသည်။

ကောင်လေးများ၏ မျက်လုံးများသည်ကား ထိုငါးများဆီသို့သာ တည့်တည့်စိုက်နေသည်။

ရေများကိုခပ်ကာ၊ ထင်းချောင်းများကိုကောက်ယူပြီးနောက်၊ မီးမွှေးပြီးသော် ကျန်းကျန်းက မြစ်၏ဘေးရှိ မိုးမခပင်မှ မိုးမခနွယ်အချို့ကို ချိုးလိုက်သည်၊။

ထိာ့နောက် ခဏလေးအတွင်း၌ပင် အဝတ်လျှော်ဇလား အရွယ်အစားရှိသော ခြင်းတောင်းတစ်လုံးကို ယက်လုပ်လိုက်သည်။

မိန်းကလေးများစွာက ထိုမြင်ကွင်းကို ဝိုင်းကြည့်နေခဲ့ကြပြီး ကျန်းကျန်းအား ဝိုင်းရံ၍ မည်သို့ဖြစ်လာသည်၊ မည်သို့လုပ်ရမည်ကို မေးကြသည်။

ကျန်းကျန်းက သူမ၏လက်ထဲရှိ ခြင်းတောင်းကို ကွားရှောင်ချင်းအား ပေးလိုက်ပြီး မိုးမခနွယ်အချို့ကို ကောက်ယူလိုက်သည်။

သူမသည်ကား တမင်တကာ အရှိန်ကို နှေးကွေးကာ လုပ်ဆောင်သော်လည်း သူမ၏ လျင်မြန်သော လက်ချောင်းများသည်က မိုးမခခက်များကို ပတ်လည်ရစ်ပတ်ကာ ခြင်းကိုပြုလုပာနေသည်က တခြာ့သူတို့ကို မျက်စိကျိန်းစေဆဲပင်။

“ရပြီ”

ကျန်းကျန်းက မိုးမခခက်အပိုင်းအစ၏ နောက်ဆုံးတစ်ပိုင်းကို အတွင်းသို့ ထိုးထည့်လိုက်ပြီး ခြင်းတောင်းကို ကိုင်ရင်း ပြုံးလိုက်သည်။

“ဒီတောင်က တော်တော်လေးနက်တယ်၊ ဘေးပတ်ဝန်းကျင်မှာ လူလည်း မရှိဘူး၊ ဒီတော့ မှိုတွေ တောကြက်ဥတွေ ကောက်လို့ရမယ်ထင်တယ်၊ မြန်မြန်လုပ်ရအောင်၊ မနက်စာ စားပြီးရင် တောင်ပေါ်တက်လို့ရသေးတယ်”

မိန်းကလေးများသည်လည်း ဤစကားကို ကြားသော် ပျော်ပျော်ရွှင်ရွှင်နှင့် ကျန်းကျန်းနောက်မှ ပြေးလိုက်၍ တောင်ပေါ်သို့ ပြေးတက်သွားကြသည်။

ရှုကျားကျားသည်ကား မြက်ရိုင်းအချို့ကို တွန်းဖယ်လိုက်၍ စိုးရိမ်တကြီး မေးလိုက်သည်။

“တောကြက်ဥ ရှာလို့ရမှာလား။ ဘယ်လိုရှာရမှာလဲ”

ကျန်းကျန်းကခြေလှမ်းကိာ ရပ်လိုက်ကာ မလှမ်းမကမ်းရှိ တောမြက်ပင်တစ်ပင်ကို လက်ညှိုးထိုး၍ ရှုကျားကျားအား ပြောလိုက်သည်။

“အဲဒီကို သွားကြည့်ပါဦး”

ပုံမှန်အားဖြင့် ကျန်းကျန်းဆိုသည်မှာ ကျောင်း၌ အလွန်ယုံကြည်စိတ်ချရသူဖြစ်ပြီး အဆောင်ရှိ အသက်တူ မိန်းကလေးတချို့သည်က သူမကို ယုံကြည်ကြသည်။ ထို့အတွက် ကျန်းကျန်း ပြောသည်ကိုကြားသည်နှင့် ရှုကျားကျားသည်လညား မတွန့်ဆုတ်ဘဲ ပြေးသွားခဲ့သည်။

သူမ မြက်ပင်ကို ဖွင့်လိုက်သော် အတွင်း၌ တောကြက် အသိုက်တစ်သိုက်ကို တွေ့လိုက်ရလေသည်။ အသိုက်ထဲတွင် အလုံး ၂၀ ကျော်ခန့် ရှိသည့် ကြက်ဥများလည်း ရှိနေခဲ့သည်။

“ဝိုး တကယ်ပဲ”

“ကျန်းကျန်း၊ မင်းက အရမ်းတော်တာပဲ၊ ဒါကို ဘယ်လိုမြင်တာလဲ”

ကွားရှောင်ချင်းနှင့် မုန်ရန်ရှောင်တို့သည်လည်း အံ့ဩစွာ ပြေးလာခဲ့ကြကာ တောကြက်ဥများကို ခြင်းတောင်းထဲသို့ ထည့်ရန် မစောင့်နိုင်တော့ပေ။

တောကြက်ဥများသည်ကား သေးငယ်သော်လည်း ကောင်လေးများကတော့ တစ်ချက်ကြည့်လိုက်သည်နှင့် များစွာ စားသောက်နိုင်သူများဖြစ်ကြကြောင်းကို သိရှိနိုင်ပေသည်။ ဤပမာဏလောက်နှင့် ၎င်းတို့၏ ဝမ်းဗိုက်ကိုမဖြည့်ပေးနိုင်ပါချေ။

ကျန်းကျန်းသည်ကား သူတို့ကို တောကြက်ဥသုံးသိုက်နှင့် မှိုခြင်းတောင်းတစ်လုံးကို ကောက်ယူခိုင်းပြီးမှ ပြန်လာခဲ့သည်။

တောင်ခြေ၌ကား အိုးထဲရှိ ရေများက ဆူပွတ်နေခဲ့ပြီ။ မိန်းကလေး ပြန်လာသည်ကို မြင်သော် လျို့ချန်လင်းသည်လည်း စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်ကာ ပြောလာလေသည်။

“ငါ ငါးတွေ အများကြီး ဖမ်းမိခဲ့တယ်”

ကွားရှောင်ချင်းလည်း ပြုံးရွှင်နေသည့်မျက်နှာနှင့် ချက်ချင်း ထိုနေရာသို့ ပြေးသွားကြည့်ခဲ့သည်။

“ဘယ်မှာလဲ ကြည့်ရအောင်”

“အိုးထဲမှာ ဟင်းချိုလုပ်နေတာ”

ကွားရှောင်ချင်းသည် အိုးထဲသို့ ကြည့်လိုက်သော် ငါးပေါက်စလေး ၁၀ ကောင်ကျော်ခန့်သည်က ရေနွေးထဲ၌ လူးလာခေါက်တုံ ဖြစ်နေကြပြီး အားလုံး သေနေပုံရသည်။

“ကျောင်းသူကွား.. မဟုတ်ဘူးလေ.. မင်း သိပ်ပြီး တောင်းဆိုလို့ မရဘူး၊ ငါတို့ ငါးမျှားတံ ဒါမှမဟုတ် ဘာမှ မယူလာဘူး၊ ငါ ကောက်ရိုးဦးထုပ်နဲ့ပဲ ဒီငါးတွေကို ဖမ်းနိုင်တာပဲ”

“ဒီလောက်သေးတဲ့ ငါးက သွားကြားညပ်ဖို့တောင် မလုံလောက်ဘူး”

ကွားရှောင်ချင်းတစ်ယောက် ပြောစရာစကားမဲ့စွာ ခေါင်းခါလိုက်ပြီး ရှုကျားကျား ပြန်ယူလာသော ခြင်းတောင်းကို လှမ်းယူလိုက်သည်။

“ကျွန်မတို့ဘက်ကို ကြည့်ပါဦး၊ တောကြက်ဥ ၅၂ လုံးနဲ့ မှိုခြင်းတောင်းတစ်လုံးက ရှင်တို့ထက် ပိုကောင်းတယ်”

“ကံကောင်းလိုက်တာ”

ကောင်လေးများစွာသည်က တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ကြပြီး မိန်းကလေးများ၏လက်ထဲရှိ ခြင်းတောင်းကို ယူကာ တောကြက်ဥများကို အိုးလွတ်ထဲသို့ လောင်းထည့်လိုက်ကြသည်။

မှိုများကိုလည်း ဆေးကြော၍ အမျှင်လေးများ ဖြစ်အောင် ဆွဲဖြဲကာ ငါးဟင်းချိုထဲသို့ ထည့်လိုက်ကြသည်။

ရှစ်မိနစ်ခန့် စောင့်ဆိုင်းပြီးသည့်အခါ လူတိုင်းသည်က သူတို့၏ ကျောပိုးအိတ်ထဲမှ ထမင်းပန်းကန်များကို ထုတ်ယူ၍ တစ်ယောက်ချင်းစီအတွက် တစ်ပန်းကန်စီ ထည့်စားကြလေသည်။ ဟင်းချိုထဲရှိ ငါးသည်ကား အနည်းငယ် သေးငယ်သော်လည်း မှိုများ၏ လတ်ဆတ်မှုကြောင့် ဤထူးခြားသော ဟင်းချိုပေါင်းစပ်မှုသည် တော်တော်လေး လူကြိုက်များခဲ့သည်။

လူအုပ်စုက ကြက်ဥ ၅၀ ကျော် အားလုံးကို စားခဲ့ကြပြီး အိုးထဲရှိ ဟင်းချိုထဲ၌ ငါးအကြွင်းအကျန် တစ်ခုမျှပင် မကျန်ခဲ့ပေ။

စားသောက်ပြီး ဆာလောင်မှု တင်းတိမ်သွားသောအခါတွင် မိန်းကလေးများက နေ့လယ်စာဘူးများကို ဆေးကြောရန် မြစ်ဆီသို့ သွားခဲ့ကြသည်။

ကောင်လေးများသည်လည်း မီးကို ငြှိမ်းသတ်၍ အိုးနှစ်လုံးကိုမူ မြက်ရိုင်းများ ထူထပ်သောနေရာ၌ ဖွက်ထားလိုက်ကြသည်။ ထို့အတွက် တောရိုင်းတိရစ္ဆာန်များ ဖမ်းမိပြီးသည့်နောက်တွင် အောက်သို့ဆင်းလာ၍ ချက်ပြုတ်နိုင်မည်ဖြစ်သည်။

အိုးများကို ကျောပိုး၍ တောင်ပေါ်တက်ရခြင်းသည်ကတော့ အမှန်ပင် အဆင်မပြေနိုင်ပေ။

နံနက်စာကို မိန်းကလေးများ ယူလာသော ပစ္စည်းများဖြင့်သာ စားရသောကြောင့် လျို့ချန်လင်းနှင့် ခုန်းရှန်ဝူတို့သည်ကား ကျောင်းသူများကို သူတို့၏ သတ္တိကို ပြသရန် ရစ်ငှက်နှစ်ကောင်ခန့် ဖမ်းပြရမည်ဟု မရှက်မကြောက်ဖြင့် အော်ဟစ်ကာပြောဆိုလာကြသည်။

လျိုချန်လင်းသည်ကား သူ၏ ကျောင်းကျောပိုးအိတ်ထဲမှ လောက်လေးတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ခုန်းရှန်ဝူသည်လည်း ပိုက်တစ်အုပ်ကို ယူဆောင်လာကာ ထောင်ချောက်ဆင်ရန် အလေးအနက် ပြင်ဆင်လေသည်

တောင်အလယ်ပိုင်းသို့ ရောက်ရှိပြီးနောက် ရစ်ငှက်များ၏ တဒုတ်ဒုတ်အသံကို ကြားရသည်သော်လည်း သူတို့ အနားသို့ညဖြတ်လျှောက်လိုက်သည်နှင့် ရစ်ငှက်များက သတိနှင့် ပျံပြေးသွားကြကာ ထိုနည်းအတိုင်း ပတ်ချာလည်နေခဲ့ကြသည်။

“မပူပါနဲ့၊ ဒါက ငါ စာထဲကနေ လေ့လာထားတဲ့ နည်းလမ်းပဲ သေချာပေါက် အောင်မြင်မှာပါ”

*

All Chapters