← Chapters

အခန်း (၂၅၉)

Vol. 26 Ch. 259

အခန်း (၂၅၉)

Vol. 26 Ch. 259

ခုန်းရှန်ဝူသည်ကတော့ ခဏမျှ လှုပ်ရှားပြီးနောက် သူ၏ ထောင်ချောက်ကို တပ်ဆင်လိုက်လေသည်။ သူက ကြိုးတစ်ချောင်းကို ဆွဲကာ မြေကြီးပေါ်၌ သေချာစွာ လှဲလျောင်းချထားခဲ့သည်။

သို့သော် မိနစ်အနည်းငယ်ခန့် စောင့်ဆိုင်းပြီးနောက်တွင်ပင် ရစ်ငှက်တစ်ကောင်မျှ ရောက်မလာသည်ကို မြင်သော် လျို့ချန်လင်းသည် ချက်ချင်း ပျော်ရွှင်သွားပြီး ပြောလာခဲ့လေသည်။

“ဟေ့ကောင်၊ မင်းလုပ်ရော လုပ်တတ်ရဲ့လား၊ မလုပ်တတ်ရင် ဒီအသုံးမဝင်တာတွေကို မပြောနဲ့တော့၊ ငါ့ရဲ့သူငယ်ချင်းလေးတွေ၊ ရစ်ငှက်တွေကို ဘယ်လိုပစ်လဲဆိုတာ လာကြည့်၊ ငါပစ်ရင် အကုန်မှန်စေရလိမ့်မယ်”

လျို့ချန်လင်းသည်ကား လောက်လေးကို ဆွဲယူ၍ မလှမ်းမကမ်းရှိ သစ်ကိုင်းပေါ်မှ ရစ်ငှက်တစ်ကောင်ကို ပစ်မှတ်ထားလေသည်။

သူက ပရော်ဖက်ရှင်နယ်ဆန်ဆန် မျက်လုံးတစ်ဖက်မှိတ်၍ ကြည့်နေဟန်ကို မြင်သော် လူအများစုသည် အသက်အောင့်မိသွားကြသည်သော်လည်း ကျန်းကျန်းတစ်ယောက်တည်းသာလျှင် နောက်မှ အသာလေး ပြုံး၍ ခေါင်းကိုခါရမ်းမိလိုက်လေသည်။

“ဘာဖြစ်တာလဲ”

ရှီကျွင့်ကျဲသည် ကျန်းကျန်း၏အမူအရာကို မြင်လိုက်ရသဖြင့် လေသံဖြင့် မေးလိုက်သည်။

“ညာဘက်ကိုချော်သွားမှာ”

အသံဆုံးသည်နှင့် ကျောက်တုံးလေးက ပျံထွက်သွားခဲ့ပြီး ရစ်ငှက်၏ ညာဘက်နားရှိ အရွက်ကို ထိမှန်သွားလေသည်။

ရစ်ငှက်သည်လည်း လန့်သွားကာ အတောင်ပံများကို ခတ်၍ လျင်မြန်စွာ ပျံပြေးသွားလေသည်။

“အိုး၊ ရှင်တို့တွေ တစ်ယာက်မှ မရနိုင်ဘူးလား”

ရှုကျားကျား သက်ပြင်းချလိုက်ပြီးပြောလေသည်။

“ရှင်င် လောက်လေးရောပစ်တတ်ရဲ့လား”

“ဘာလို့ မတတ်ရမှာလဲ၊ ငါ ငယ်ငယ်က ဒါမျိုးပစ်နေကျပဲ”

လျို့ချန်လင်း၏ နဖူးမှ ချွေးများ ထွက်လာပြီးပြောလေသည်။

“ဒါပေမဲ့ ဒါက အမြဲတမ်း တိကျနေဖို့ကတော့ မဖြစ်နိုင်ဘူးလေ၊ သေသေချာချာ မချိန်နိုင်ခဲ့တဲ့ နေရာမျိုးမှာတော့ မဖြစ်နိုင်ဘူး၊ ဒီလောက်နီးနီးလေးကို ပစ်တာကိုတောင် အခုလိုမျိုး အနီးစပ်ဆုံးထိနိုင်တယ်လေ၊ တခြားလူတွေဆို အကြိမ်တစ်ရာလုံးပစ်ရင်တောင် ဒီလောက်ရောက်မှာမဟုတ်ဘူး”

ရှုကျားကျားတစ်ယောက် ခဏမျှ စကားမပြောနိုင်ဖြစ်သွားခဲ့ရပြီး ပြန်ပြောလိုက်လေသည်။

“ရှင်က တကယ်ကို အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာပဲ”

“တကယ်ခက်တယ်နော်၊ မယုံရင် စမ်းကြည့်ပါလား”

လျိုချန်လင်းက လောက်လေးကို ရှုကျားကျားထံသို့ လှမ်းပေးလိုက်သည်။

ရှုကျားကျားသည်ကား ပေရှားဒေသ၌ ကြီးပြင်းလာသည်ဖြစ်သော်လည်း အမဲလိုက်သည့် အတွေ့အကြုံမျိုးကိုတော့ တစ်ခါမျှ မကြုံဖူးပေ။

သူမက လောက်လေးကို ယူလိုက်သည်သော်လည်း မည်သို့သုံးရမည်ကို မသိသည်နှင့် ချက်ချင်း ကျန်းကျန်းထံ ပြန်ပေးလိုက်ပြီးမေးလေသည်။

“ကျန်းကျန်း၊ နင်သိလား”

ကျန်းကျန်းက ပြုံးလိုက်ပြီး သူမ၏ကျောင်းအိတ်ကို ချွတ်ကာ အတော်လေး ဟောင်းနေပြီဖြစ်သည့် လောက်လေးတစ်ချောင်းကို ထုတ်လိုက်ပြီး ပြောဆိုလိုက်သည်။

“ငါက ကိုယ့်ဟာကိုယ် သုံးရတာ ပိုအဆင်ပြေတယ်”

ကျန်းကျန်း၏ လောက်လေးသည်ကား အကိုင်းများက ပျော့၍ ကြိုးများက ပိုမာသည့်အတွက် အတော်လေး ကြာကြာ သုံးထားသည့် ပုံပေါ်လေသည်။

ရှုကျားကျားသည်လည်း လျိုချန်လင်း၏ လောက်လေးကို ပြန်ပေးလိုက်ပြီး ပြုံးလိုက်ပြီး ကျန်းကျန်း၏ လောက်လေးကို လှမ်းကိုင်၍ပြောလေသည်။

“ဝိုး၊ ဒါက ကြာကြာ သုံးထားတာပဲ”

“ဟုတ်တယ်၊ နှစ်ပေါင်းများစွာ ကြာပြီ”

ကျန်းကျန်းအတွက်ကား တစ်ယောက်တည်း တောင်ပေါ်တက်သောအခါ လောက်လေးကို သုံးစရာမလိုချေ။

တောင်ပေါ်ရှိ ရစ်ငှက်များနှင့် ယုန်များကို လက်ပြလိုက်သည်နှင့် သူမ၏ခြင်းထဲသို့ ကိုယ်တိုင်ခုန်ဝင်လိုကြသည်။

သို့သော်လည်း တစ်ခါတစ်ရံ သူမ၏အစ်ကိုများက အားလပ်ရက်ရသောအခါ ထင်းဆွဲရန် တောင်ပေါ်တက်ကြပြီး တစ်ခါတစ်ရံ မိတ်ဆွေအနည်းငယ်ကိုပါ ခေါ်ဆောင်ကာ ကျန်းကျန်းကို တောင်ပေါ်ခေါ်သွား၍ အတူတူ အမဲလိုက်ကြသည်များစွာ ရှိဖူးသည်။

လူများစွာ ရှိသောအခါတွင် ကျန်းကျန်းသည်လည်း သူမ၏ စွမ်းရည်ကို ဖုံးကွယ်ရန်အတွက် လောက်လေးကို ယူဆောင်လာခဲ့ရလေသည်။

လျိုချန်လင်း ပြောဆိုသည်များက မှန်သည်။ မည်သည့်အရာပင် ဖြစ်သည်ဖြစ်စေ လောက်လေးသည်ကား ရိုးရှင်းသည့် ကိရိယာတစ်ခုဖြစ်၍ ၎၏တိကျမှုသည်ကား သေနတ်နှင့် နှိုင်းယှဉ်၍ မရချေ။

ရှစ်ဆယ်၊ကိုးဆယ်ရာခိုင်နှုန်းခန့် မှန်အောင် ပစ်နိုင်သည်ဆိုပါက တော်တော်ကောင်းသည့် လေ့ကျင့်မှုသာတည်း။ သို့သော်လည်း ကျန်းကျန်းသည်ကား သူတို့နှင့် မတူပါချေ။

သူမ၏ အသိစိတ်သည်ကား ပစ်မှတ်၏ အကွာအဝေးနှင့် ဦးတည်ရာကို ၃၆၀ ဒီဂရီ အတိအကျ ဆုံးဖြတ်နိုင်ပေသည်။ သူမက ရစ်ငှက်၏ မျက်လုံးကို ပစ်လိုသည်ရှိသော် ၎င်း၏ဘေးရှိ အမွေးများကို ဘယ်တော့မျှ မထိမှန်ပါချေ။

အလုံးစုံ ထိမှန်သည်ဟူသော စကား၏ အဓိပ္ပာယ်အမှန်ကို သူမက သေချာပေါက် ရရှိနိုင်သည်ပင်။

မုန်ရန်ရှောင်သည်ကား ကျန်းကျန်း ခေါင်းငုံ့၍ သင့်တော်သည့် ကျောက်တုံးလေးများ ကောက်နေသည်ကို မြင်သော် စိတ်မရှည်နိုင်ဘဲ ပြောလိုက်သည်။

“ဂိမ်းတစ်ခု ကစားကြရအောင်၊ ယောကျ်ားလေးကျောင်းသားတွေက ပိုများများဖမ်းနိုင်မလား၊ ငါတို့ မိန်းကလေးကျောင်းသားတွေက ပိုများများဖမ်းနိုင်မလားဆိုတာ ကြည့်ရအောင်”

ခုန်းရှန်ဝူသည်ကား ချက်ချင်း ခေါင်းခါ၍ ပြောလာလေသည်။

“မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒါက မင်းတို့ မိန်းကလေးတွေကို အနိုင်ကျင့်နေတာပဲလေ။ ဘယ်လောက်ပဲ လောက်လေးပစ်တဲ့နေရာမှာ ကျွမ်းကျင်ပါစေ၊ လက်ရဲ့ခွန်အားနည်းရင် ဆယ်မီတာတောင် မရောက်ဘူး၊ခွန်အားမရှိရင် ဘယ်လိုလုပ်ပြီး သားကောင်ကို ပစ်နိုင်မှာလဲ”

“မှန်တယ်”

လျိုချန်လင်းသည်လည်း ထပ်မံဝင်ပြောခဲ့သည်။

“အမဲလိုက်တာက ငါတို့ လူကြီးလူကောင်းတွေ လုပ်ရမယ့်အလုပ်ပဲ၊ မင်းတို့ မိန်းကလေးကျောင်းသူတွေကတော့ မှိုကောက်ရုံလောက်ဆိုရင် ရပါပြီ”

ရှုကျားကျားတစ်ယောက် ဤစကားကို ကြားသည်နှင့် မျက်ခုံးပင့်သွားပြီး ဤလောင်းကြေးကို ပြန်ပြောတော့မည်ဖြစ်သော်လည်း သူတို့ပြောဆိုသည်အတိုင်း ကျန်းကျန်းမှ အဝေးကြီး ပစ်နိုင်မည် မဟုတ်မည်ကို စိုးရိမ်နေပြန်သည်။

“နင် ယှဉ်နိုင်ရဲ့လား”

သူမက ကျန်းကျန်း၏ လက်မောင်းကို ဆွဲ၍ တိုးတိုးလေး မေးလိုက်သည်။

“ယှဉ်နိုင်တာပေါ့”

ကျန်းကျန်းသည် သစ်ပင်ကို မှီလိုက်ပြီး ပျင်းရိစွာနှင့် ရှုကျားကျားကို မျက်စိတစ်ဖက် မှိတ်ပြပြီး ပြောလာလေသည်။

“လောင်းကြေးတစ်ခုလောက် လောင်းလိုက်လို့ရတယ်၊ နင် ဒီနေ့ အနိုင်ရစေရမယ်လို့ ငါအာမခံတယ်”

ကွားရှောင်ချင်းမှာ သူတို့နှစ်ယောက် တိုးတိုးတိတ်တိတ် ပြောဆိုနေသည့် အသံများကို ကြားသော် လှမ်းလာပြီး ပြောလေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဂိမ်းတစ်ခုပဲလေ၊ ရှုံးရင်လည်း အရေးမကြီးပါဘူး။ အနည်းဆုံးတော့ အရှိန်အဝါပိုင်းမှာ မရှုံးသင့်ဘူး”

“နင်ပြောတာ မှန်တယ်”

ရှုကျားကျားက ကွားရှောင်ချင်း၏ ပခုံးကို ပုတ်၍ မေးလေသည်။

“ငါတို့ ဘာလောင်းကြမလဲ”

မုန်ရန်ရှောင်က မျက်လုံးကို လှိမ့်၍ ပြောဆိုလိုက်သည်။

“ဘယ်သူရှုံးလဲဆိုတာ ကြည့်ပြီး ရှုံးတဲ့လူက တစ်လလုံး တစ်ဖက်လူအတွက် ရေနွေးခပ်ပေးရမယ်”

မိန်းကလေးအနည်းငယ်က ရယ်မောလိုက်ကြပြီး ရှုကျားကျားသည်ကတော့ ချက်ချင်းပင် သူမ၏လက်သီးကို လက်ဖဝါးသို့ ပုတ်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီ၊ ဒါကိုပဲ လောင်းကြမယ်”

မိန်းကလေးအနည်းငယ်က လူချင်းခွဲခွာသွားကြပြီး ရှုကျားကျားမှ လျိုချန်လင်းကို လက်ညှိုးထိုး၍ ပြောဆိုလိုက်သည်။

“အပိုတွေ မပြောနဲ့တော့၊ ကျွန်မတို့တွေ အခုလိုမျိုး ပျော်ပွဲစားအဖြစ်ထွက်လာပြီးမှတော့ ကောင်းကောင်းပျော်ရမယ်၊ ကျွန်မတို့တွေ ခုနက ဆွေးနွေးပြီးပြီ၊ မိန်းကလေးဘက်နှင့် ယောကျာ်းလေးဘက် ယှဉ်ကြမယ်၊ ဒါပေမဲ့ ရှုံးရင်တော့ အပြစ်ပေးခံရမယ်”

လျို့ချန်လင်းတစ်ယောက် ကြောက်ရွံ့နေသည့် ပုံစံဖြင့် ကြည့်၍ပြောလေသည်။

“မင်းတို့တွေ ပစ်ချင်သလိုသာ ပစ်လိုက်ပါလား၊ မပြိုင်ပါနဲ့တော့၊ ငါတို့သာ မင်းတို့ကို နိုင်ပြီး မင်းတို့ကို အလုပ်ခိုင်းလိုက်ရင် မင်းတို့ပဲ ငိုသွာမှာလေ၊ ငါက မိန်းကလေးတွေကို ချော့တတ်တဲ့သူ မဟုတ်ဘူး၊ အို ဘုရားရေ၊ စဉ်းစားလိုက်တာနဲ့ကို ခေါင်းကိုက်လာပြီ”

“ကျွန်မတို့ မငိုပါဘူး”

ရှုကျားကျားတစ်ယောက် မျက်လုံးကိုလှိမ့်၍ လောင်းကြေးကိုသာ တိုက်ရိုက်ပြောဆိုလိုက်သည်။

“ရှုံးတဲ့သူက အနိုင်ရတဲ့သူကို တစ်လစာ ရေနွေးပူ သွားယူပြီးထောက်ပံ့ပေးရမယ်”

ဤသည်ကား ယောကျ်ားလေးဆောင်များ၌ မကြာခဏ လုပ်ဆောင်တတ်သည့် ကိစ္စဖြစ်သည်။ ဥပမာအားဖြင့် လျို့ချန်လင်းသည်ကား တစ်နှစ်လျှင် ရှစ်လခန့် ရှီကျွင်းကျဲထံသို့ ရှုံးနေကျ ဖြစ်သည့်အတွက် ရေနွေးသွားခပ်၍ ယူပေးနေရသည်ပင်။

မိန်းကလေးများက အားမာန်အပြည့်ရှိနေသည်ကို တွေ့သော် ယောကျ်ားလေးလေးယောက်သည်လည်း သူတို့အချင်းချင်း ကြည့်၍ ခေါင်းညိတ်လိုက်ကြသည်။

“ကောင်းပြီ၊ ယှဉ်ပြိုင်ကြမယ်”

လျို့ချန်လင်းကဦးဆောင်ကာ ကျောက်တုံးအနည်းငယ်ကို ကောက်လိုက်ပြီးပြောလိုက်သည်။

“လောက်လေးနဲ့ ပြိုင်တူပစ်လိုက်ရင် ဘယ်သူပစ်လဲဆိုတာကို ခွဲခြားလို့မရဘူး၊ ဒါကြောင့် တစ်ယောက်ကို တစ်လှည့်စီ ကျောက်တုံးတစ်လုံးစီ ယူပြီး ပစ်မယ်။ ပြီးသွားရင် ဘယ်သူမှန်လဲဆိုတာ စာရင်းမှတ်ထားမယ်။ နောက်ဆုံးကျမှ စစ်ဆေးမယ်”

ရှီကျွင့်ကျဲသည်ကား ခေါင်းခါ၍ ပြုံးလိုက်ပြီး အသာပြောလာခဲ့သည်။

“မင်းပြောနေတဲ့ပုံက မင်းတို့တွေ အကုန်လုံး ပစ်ချနိုင်မယ့်ပုံလိုပဲ၊ ဒါပေမဲ့ မနက်ကနေ နေ့လည်ခင်းထိ ဘာကိုမှ မထိနိုင်တာမျိုးတော့ မဖြစ်စေနဲ့ဦး”

“အဲဒါတော့ သေချာပေါက် မဖြစ်နိုင်ဘူး”

လျိုချန်လင်းသည်ကား မယုံနိုင်စွာ ပြောဆိုလိုက်လေသည်။

“ငါပြောခဲ့တယ်လေ၊ ငါ့ရဲ့ အကောင်းဆုံး မှတ်တမ်းက လောက်လေး ဆယ်လုံးဆိုရင် ရစ်ငှက်တစ်ကောင်ကို ပစ်နိုင်တယ်၊ဒါက ငါတို့ရွာရဲ့ ထိပ်တန်းမှတ်တမ်းပဲ”

“ကြားရတဲ့စကားကတော့ အံ့သြစရာပဲ”

ကွားရှောင်ချင်းက ကျန်းကျန်း၏ အဝတ်ကို ဆွဲ၍ပြောသည်။

“ကျန်းကျန်း၊ ငါတို့ ဘာလုပ်ကြမလဲ။ နိုင်နိုင်ပါ့မလား”

ကျန်းကျန်းတစ်ယောက် ကွားရှောင်ချင်း၏ ခပ်ဖောင်းဖောင်းလေးဖြစ်နေသည့် မျက်နှာကို ညှစ်၍ ပြောသည်။

“ကြည့်ရုံနဲ့ သိနိုင်ပါတယ်၊ ငါ နင်တိာ့တွေ သူတို့အတွက် ရေသွားခပ်စရာ မလိုအောင် လုပ်ပေးမယ်လို့ အာမခံတယ်”

နှစ်ယောက်သား စကားပြောဆိုနေသည်ကို ကြားသော် ရှုကျားကျားသည်လည်း ချက်ချင်းပင် ယုံကြည်မှု ပို၍ ရှိလာပြီး စကားစလိုက်စည်။

“ကောင်းပြီ၊ သဘောတူပြီးပြီဆိုတော့ အချိန်မဖြုန်းကြနဲ့တော့၊ စကြရအောင်”

သူမက ကျန်းကျန်းကို ကြည့်၍ မေးလေသည်။

“မင်းတို့နှစ်ယောက်ထဲက ဘယ်သူ အရင်ပစ်မလဲ”

“သူ့ကို အရင်ပစ်ခိုင်းလိုက်”

ကျန်းကျန်းက လျို့ချန်လင်းကို လက်ညှိုးထိုး၍ပြောသည်။

“ယောကျ်ားလေးတွေကို အရင်ဦးစားပေးမယ်”

လျို့ချန်လင်းသည်ကား ကျန်းကျန်းက သူ ပစ်လိုက်သည့်ပစ်ချက်ကြောင့် ရစ်ငှက်ကို ဒဏ်ရာရသွားမည့်အချိန်ကို အခွင့်အရေးယူလိုသည်ဟု ထင်သည့်အတွက် မိန်းကလေးများကို ခွင့်လွှတ်ပေးကာ သူကိုယ်တိုင် အရင်ထရပ်လိုက်သည်။

*

All Chapters