← Chapters

အခန်း (၂၆၀)

Vol. 26 Ch. 260

အခန်း (၂၆၀)

Vol. 26 Ch. 260

ဤတောင်တန်းသည်ကား အတော်လေး ကျယ်၍ နက်လည်းနက်လှပေသည်။ လယ်ယာလုပ်ငန်းများ ရှုပ်ထွေးနေသည့် ရာသီဖြစ်သည့်အတွက် တောင်ပေါ်သို့ အမဲလိုက်ရန် မည်သူမျှ တက်သည်မှာ ကြာပြီဟု ခန့်မှန်းရသည်။

ကျန်းကျန်း၏ အသိစိတ်၌ ရစ်ငှက်များနှင့် ယုန်များ ဒါဇင်များစွာ ရှိနေသည်။ လျို့ချန်လင်းကတော့ လှည့်ပတ်ကြည့်၍ သစ်ကိုင်းပေါ်မှ ရစ်ငှက်တစ်ကောင်ကို တွေ့သော် ချက်ချင်း အသက်အောင့်ပြီး ကျောက်စရစ်ခဲတစ်လုံးထုတ်ကာ ချိန်လိုက်သည်။

ကျောင်းသားအနည်းငယ်ခန့်က သူ့ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေခဲ့ကြသည်။ အထူးသဖြင့် မိန်းကလေးများမှာ သူ့ကိုမှန်စေလိုသည်လော၊ မမှန်စေလိုသည်လောပသ် မပြောနိုင်ကြချေ။

သူသာ မှန်သည်ရှိသော် သူတို့က ရှုံးနိုင်သည်ဖြစ်၍ အတွေးများစွာက ရှုပ်ထွေးနေကြရပေသည်။

“ရွှီး...”

ကျောက်စရစ်ခဲသည်ကား ရစ်ငှက်ထံသို့ ပျံထွက်သွားသည်သော်လည်း ရစ်ငှက်မှာ အလွန် ဝေးကွာသည့်နေရာ၌ ရပ်နေသည့်အတွက် ကျောက်တုံး၏အရှိန်က နောက်ပိုင်း၌ အားကုန်သွားခဲ့ကာ သစ်ကိုင်းကို ညင်သာစွာသာ ထိမှန်သွားပြီး ရစ်ငှက်ကို ပျံသွားစေသည်။

“အား...”

ကောင်လေးများက စိတ်ပျက်အားငယ်စွာ သက်ပြင်းချလိုက်သည်။

လျိုချန်လင်းသည်လည်း ခေါင်းကုတ်၍ ပြောလိုက်လေသည်။

“နည်းနည်း ဝေးသွားတယ်၊ နောက်တစ်ခါ ပိုနီးအောင် သွားမယ်၊ အဲဒါဆို သေချာပေါက် မှန်ပြီ”

ခုန်းရှန်ဝူသည်လည်း အကွာအဝေးကို ကြည့်၍ ထောက်ခံလိုစွာ ခေါင်းညိတ်လိုက်သည်။

“တကယ်ကို နည်းနည်းတော့ ဝေးသွားတာပဲ”

သူက ဘေးနားရှိ မိန်းကလေးများကို လှည့်ကြည့်၍ ဆက်ပြောခဲ့သည်။

“အခု မင်းတို့အလှည့်ပဲ”

ကျန်းကျန်းအတွက်တော့ လိုက်လံ ရှာနေစရာမလိုဘဲ ဆယ်မီတာအကွာရှိ သစ်ပင်ပေါ်မှ ရစ်ငှက်တစ်ကောင်ကို ရှာတွေ့လိုက်သည်။

သူမက ကျောက်တုံးတစ်လုံးကို ကောက်၍ လောက်လေးပေါ်တွင် တင်လိုက်ကာ ချိန်စရာမလိုသလောက် နီးပါးပစ်လိုက်လေသည်။

ပစ်လွှတ်သည့်အရှိန်က အားပါလွန်း၍ လူအနည်းငယ်က ကျောက်တုံး ထွက်သွားသောအခါ လေတိုက်သံကိုပါ ကြားနိုင်ခဲ့ကြသည်။

“ဘန်း”

ရစ်ငှက်သည်က ယိုင်သွားခဲ့ပြီး သစ်ကိုင်းပေါ်မှ ပြုတ်ကျလာခဲ့သည်။ ကောင်လေးအနည်းငယ်မှာ ဗလာဖြစ်နေသည့် သစ်ပင်ကို ကြောင်တောင်တောင် စိုက်ကြည့်နေကြဆဲဖြစ်၍ မည်သည်ကိုမျှ မတုံ့ပြန်နိုင်သေးသည့်ပုံပေါ်သည်။

ရှုကျားကျားက အရင်ဆုံး သတိပြန်ဝင်လာပြီး ဝမ်းသာအားရ အော်ဟစ်ကာ စိတ်လှုပ်ရှားစွာ ပြေးသွား၍ ခဏအကြာ၌ ရစ်ငှက်တစ်ကောင်နှင့် ပြန်လာခဲ့သည်။

မုန်ရန်ရှောင်နှင့် ကွားရှောင်ချင်းသည်လည်း ပျော်ရွှင်စွာဖြင့် ကျန်းကျန်းကို ပွေ့ဖက်၍ ရယ်မောခုန်ပေါက်ကြလေသည်။

ကောင်လေးများက အတော်လေး ကြာသည်အထိ ကြောင်နေခဲ့သည့်အတွက် ရှီကျွင့်ကျဲသည် အရင်ဆုံး လက်ခုပ်တီးကာ သူ၏ နှုတ်ခမ်းတို့က ကွေးညွတ်စွာ ပြုံးနေခဲ့သည်။

“ကိုယ့်ရဲ့ ကျန်းကျန်းက တကယ်ကိုတော်တာပဲ”

မုန်ရန်ရှောင်တစ်ယောက် သူ့ကို ကြည့်ကာ စကားမပြောနိုင်ဖြစ်သွားရပြီးမှ ပြောလာလေသည်။

“မဟုတ်သေးဘူးနော် အစ်ကိုကျဲ ၊ ရှင်က ရှင့်ရဲ့အဖွဲ့သားတွေကို အရမ်းမြန်မြန် ပုန်ကန်လိုက်တာပဲမဟုတ်ဘူးလား”

ရှီကျွင့်ကျဲသည် ဂရုမစိုက်သည့် ပုံစံနှင့် ပြောသည်။

“ငါမပုန်ကန်ပါဘူး၊ ငါက ကျန်းကျန်းဘက်မှာပဲ အမြဲရပ်တည်နေတာ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို ရေခပ်ဖို့ခိုင်းနေရင်တောင် ငါ့အတွက်ပါ ဘာမှထူးခြားသွားမှာမှမဟုတ်တာ”

မုန်ရန်ရှောင်တ်ယောက် ရှီကျွင်းကျဲကို လက်ညှိုးထိုး၍ အချိန်အတော်ကြာအောင် စကားမပြောနိုင်ဖြစ်နေခဲ့သည်။

ခုန်းရှန်ဝူကတော့ ခေါင်းကိုကုတ်၍ စိတ်မလုံမလဲဖြစ်သည့် လျိုချန်လင်းထံ နီးကပ်စွာ ရွှေ့သွားပြီး မေးလိုက်သည်။

“ဟေ့၊ အခန်းဖော်သူငယ်ချင်း၊ မင်းက မင်းတို့ရွာရဲ့ အမဲလိုက်ဘုရင် ဆိုတာ တကယ်ရော ဟုတ်ရဲ့လား”

လျိုချန်လင်းသည်ကား ဘုရားသခင်ကိုတောင် ကျိန်တွယ်တော့မည့် ပုံမျိုးရှိနေခဲ့ကာ ပြန်ပြောလိုက်လေသည်။

“တကယ်ပြောတာ၊ ရွာထဲကလူငယ်တွေက ငါ့ထက် ဘယ်သူမှပိုမတော်နိုင်ဘူး”

ရှုကျားကျားသည်ကတော့ သူတို့ကိုကြည့်ကာ ခစ်ခစ်ရယ်၍ပြောသည်။

“ဒါဆို နင်တို့ရွာမှာ ကောင်းမွန်တဲ့သူ မရှိတော့ဘူးဆိုတဲ့သဘောပဲပေါ့”

“နည်းဗျူဟာချနေတာပဲ! ဒါက သူတို့ရဲ့ နည်းဗျူဟာပဲ! သူတို့က ငါတို့ရဲ့ ယုံကြည်မှု ကို ဖြိုချချင်တာ”

ခုန်းရှန်ဝူသည် ချက်ချင်း လျိုချန်လင်း၏ ပခုံးကို ပုတ်၍ ပြောလိုက်သည်။

“အားမလျှော့နဲ့၊ ဒီတစ်ကြိမ် သူတို့က မတော်တဆဖြစ်သွားတာ၊ နောက်တစ်ကြိမ် မင်း နည်းနည်းလောက် ချိန်ပြီး ပစ်လိုက်ရင် ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲပစ်နိုင်လိမ့်မယ်!”

“ဟုတ်တယ်”

လျိုချန်လင်းသည်လည်း ခေါင်းညိတ်လိုက်သည်။ သူတို့ ခဏမျှ လျှောက်ပြီးနောက်တွင် နောက်ဆုံးမှာတော့ည ရစ်ငှက်တစ်ကောင်ကို ထပ်မံရှာတွေ့ခဲ့ကြသည်။ ရစ်ငှက်တစ်ကောင်ကို သေချာပေါက် ဖမ်းနိုင်ရန်အတွက် လျိုချန်လင်းက သူတို့ အနားသို့ တိုးမလာအောင် ရည်ရွယ်ချက်ရှိရှိ လက်ဝှေ့ယမ်းပြခဲ့လဆသည်။

သူသည်ကား ငါးခြောက်မီတာအကွာအထိ တိတ်တဆိတ် ကပ်သွားပြီးမှ ရပ်တန့်၍ သုံးမိနစ်ခန့် ချိန်ပြီး ကျောက်စရစ်ခဲတစ်လုံးကို နောက်ဆုံးတွင် ပစ်လိုက်သည်။

“ဘုန်း!”

ကျောက်တုံးမှာ ရစ်ငှက်ကို ထိမှန်သွားခဲ့ပြီး ရစ်ငှက်က သစ်ကိုင်းပေါ်တွင် မတ်တပ်မရပ်နိုင်ဘဲ ပြုတ်ကျလာခဲ့သည်။ ကောင်လေးအနည်းငယ်က အော်ဟစ်လိုက်ကြပြီး ရစ်ငှက်ကို သွားရောက်ကောက်ယူရန် ပြေးတော့မည့်အချိန်၌ မြက်ခင်းထဲ ပြုတ်ကျနေသည့် ရစ်ငှက်က သူ၏အတောင်ပံများကို တဖြတ်ဖြတ်ခတ်၍ လေထဲသို့ ပျံတက်ကာ မြက်ခင်းထဲတွင် တိုးဝင်၍ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

မုန်ရန်ရှောင်မှာတော့ သူတို့ ရရှိခဲ့သည့် ရစ်ငှက်က ပျံပြေးနိုင်သည်ကို မယုံကြည်နိုင်ခဲ့ဘဲ ထိုနေရာ၌ ကြောင်တောင်တောင် ရပ်တန့်နေမိလေသည်။ သူမက မယုံနိုင်စွာ လှည့်ကြည့်၍ လျိုချန်လင်းကို မေးလေသည်။

“ဘာလို့လဲ၊ ခုနတုန်းက သူငှက်ကိုအကုန်လုံး မထိဘူးလား”

ကျန်းကျန်းတစ်ယောက် ရယ်ချင်စိတ်ကို ထိန်းချုပ်၍ ရှင်းပြပေးလိုက်သည်။

“ဘာလို့လဲဆိုတော့ သူ့ရဲ့ကျောက်တုံးက ရစ်ငှက်ရဲ့ အထူဆုံး အသားပိုင်းကို ထိသွားတာ၊ ဒါ့အပြင် ခွန်အားက မလုံလောက်တာကြောင့် ရစ်ငှက်က ဒဏ်ရာနည်းနည့်ပဲ ရသွားတာ၊ သေဖို့က အဝေးကြီး လိုနေသေးတယ်”

“သူငယ်ချင်း၊ ရှင် မနက်စာ ကြက်ဥဆယ်လုံး စားပြီးတာတောင် ဘာလို့ အားမရှိရတာလဲ”

မုန်ရန်ရှောင်တစ်ယောက် လျိုချန်လင်း၏ ဒူးထောက်တော့မည့်ပုံကိုကြည့်၍ ပြောလိုက်သည်။

“ရှင့်မှာ အားမလုံလောက်ရင် ရစ်ငှက်ရဲ့ခေါင်းကို ပစ်သင့်တာမဟုတ်ဘူးလား”

“ပြောရတာ လွယ်တယ်”

လျိုချန်လင်းသည် သူမကို ကြည့်၍ ပြန်ပြောခဲ့သည်။

“ရစ်ငှက်ရဲ့ ခေါင်းတစ်ခုလုံးက ဒီလောက်ပဲကြီးတာလေ၊ ခေါင်းကိုမှန်အောင် ပစ်ဖို့ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲလဲ”

သူ ခဏလောက်ရပ်ပြီး ချက်ချင်း ကတိပေးလိုက်သည်။

“နောက်တစ်ခါကျရင် ငါ အင်အားအပြည့်သုံးမယ်လို့ ကတိပေးပါတယ်”

ခုန်းရှန်ဝူသည် သူ၏ပခုံးကို ပုတ်လိုက်ပြီး ကျန်းကျန်းကို ကြည့်၍ ပြောလိုက်သည်။

“ကျောင်းသူလီ၊ အခုမင်းအလှည့်ပဲ”

ကျန်းကျန်းတစ်ယောက် မီတာသုံးဆယ်အကွာရှိ ရစ်ငှက်တစ်ကောင်ကို ကြည့်နေဆဲဖြစ်လေ၏။

လျို့ချန်လင်းသည်ကား သူမ ကျောက်တုံးထုတ်သည်ကို မြင်သော် ချက်ချင်း ပြောဆိုလိုက်သည်။

“အနားကို သွားလိုက်ဦးလေ၊ ဒီကနေဆိုရင် မင်း ငှက်ကို ထိရင်တောင် သေမှာ မဟုတ်ဘူး၊ ငါခုနက လုပ်ခဲ့သလိုပဲ ဖြစ်သွားမှာ”

ကျန်းကျန်းသည်ကား သူမ၏နှုတ်ခမ်းကို အနည်းငယ် ကော့ညွတ်လိုက်ပြီး လောက်လေးကို မြှောက်ကာ ကျောက်တုံးတစ်လုံးကို ချက်ချင်း ပစ်လိုက်လေ၏။ ထို့နောက်တွင် ရစ်ငှက်က ဖုတ်ခနဲ ပြုတ်ကျလာခဲ့သည်။

နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ပထမတစ်ကြိမ်က မတော်တဆထိမှန်သွားသည်ဟု ပြောဆိုနိုင်သည်သော်လည်း ဤတစ်ကြိမ်သည်ကား ကျန်းကျန်း၏ အစွမ်းအစကို သေချာပေါက် အတည်ပြုလိုက်ခြင်းသာတည်း။

ကွားရှောင်ချင်းလည်း အနားသို့ ပြေးသွားခဲ့ပြီး ခဏအကြာ၌ ရစ်ငှက်တစ်ကောင်နှင့် ပြန်လာခဲ့သည်။

လျိုးချန်လင်းက ၎င်း၏အနားသို့ ပြေးသွားကြည့်သော် ကျောက်တုံးတစ်လုံးက ရစ်ငှက်၏ ခေါင်း၌ အံဝင်ခွင်ကျ ရှိနေခဲ့သည်ကို တွေ့လိုက်ရသည်။

“ကောင်မလေး၊ မင်းရဲ့ မျက်လုံးတွေပ အရမ်းကောင်းတာပဲ၊ ဒီလောက်အကွာအဝေးကနေတောင် ဒီလောက်တိကျအောင် ချိန်နိုင်သေးတယ်”

လျို့ချန်လင်းသည်ကား သူမကို လေးစားစွာ ကြည့်၍ ပြောလေသည်။

“ဒီအဆင့်နဲ့ဆို ငါတို့တွေ နှိုင်းယှဉ်နိုင်စရာမရှိတော့ဘူး၊ သေချာပေါက် နောက်မှာ ဆိုးဆိုးရွားရွား ချန်ထားခံရမှာပဲ”

ကျန်းကျန်းကတော့ မာနမကြီးစွာ ပြုံး၍ ပြောလိုက်လေ၏။

“သာမန်လူတွေက ကျွန်မနဲ့ တကယ် နှိုင်းလို့မရပါဘူး”

လျို့ချန်လင်းတစ်ယောက် ချက်ချင်း စိတ်ဓာတ်ကျသွားသည်။ ကျန်းကျန်းက သူမ၏ အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်သော် မလှမ်းမကမ်းရှိ မြက်ပုံထဲ၌ ဒဏ်ရာရနေသည့် ရစ်ငှက်တစ်ကောင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သို့နှင့် သူမလည်း အနားကို လျှောက်သွား၍ လျိုချန်လင်းကို ခေါ်ကာ ပြလိုက်သည်။

လျိုချန်လင်းသည်လည်း သူမ၏အနားသို့ လျှောက်သွားခဲ့ပြီး ၎င်းကိုမြင်သော် မျက်လုံးများက လင်းလက်သွားပြီး သူ၏လောက်လေးကို ဆွဲယူကာ အချိန်အတော်ကြာအောင် ချိန်ပြီးနောက် နောက်ဆုံးတွင် ရစ်ငှက်ကို မေ့မြောအောင် ပစ်ချလိုက်နိုင်ခဲ့သည်။

လျို့ချန်လင်းတစ်ယောကင စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့ကာ ရစ်ငှက်ကို ကောက်ယူပြီး ပျော်ရွှင်စွာ ပွတ်သပ်လိုက်သည်။

“ကျောက်တုံးလေးလုံးနဲ့ ရစ်ငှက်တစ်ကောင်ကို မှန်အောင်ပစ်နိုင်ခဲ့ပြီ၊ ဒါက ငါတို့ရွာရဲ့ မှတ်တမ်းအသစ်ပဲ”

လူတိုင်းသည်ကား သူ့ကို စကားမပြောနိုင်စွာ ကြည့်လိုက်မိကြပြီးနောက် လောက်လေးကို ပွတ်သပ်နေသည့် ကျန်းကျန်းကို ပြန်ကြည့်ကာ ချက်ချင်းပင် လက်မြားကို တစ်ပြိုင်နက်တည်း ဝှေ့ယမ်းပြီးပြောသည်။

“အဲဒီစကားကို ချလိုက်တော့၊ မင်းတို့ရွာရဲ့ မှတ်တမ်းတွေကို ထပ်မပြောနဲ့တော့၊ ဒါက လုံလောက်အောင် ရှက်စရာမကောင်းသေးဘူးလို့ ထင်နေတာလား”

လျိုချန်လင်းကတော့ ရစ်ငှက်ကို သယ်၍ သူ့အနေဖြင့် လောက်လေးဖြင့် ရစ်ငှက်ကို ပစ်ရန် မည်မျှခက်ခဲသည်ကို သူတို့ကို ပြောပြရန် ကြိုးစားနေခဲ့သည်။

ရှုကျားကျားက သူတို့ကို ကြည့်၍ ပြောခဲ့သည်။

“ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကျွန်မတို့တွေ လောက်လေးကို တစ်ယောက် တစ်ချက်စီပဲ ပစ်မယ်”

“မှန်တယ်”

ကွားရှောင်ချင်းသည်လည်း ကျန်းကျန်း၏ လက်မောင်းကို ပွေ့ဖက်၍ ပြောဆိုလိုက်သည်။

“လာခဲ့၊ ကျန်းကျန်း၊ နင်ဘယ်လောက် တော်လဲဆိုတာ သူ့တို့ကို ပြလိုက်၊ သူတို့တွေကို သေလောက်အောင် လန့်သွားဖို့ လုပာကြရအောင်”

ကွားရှောင်ချင်းက ကျန်းကျန်း၏ လက်မောင်းကို ပွေ့ဖက်ထားသည့်အတွက် ကျန်းကျန်းလည်း လက်မအားတော့ဘဲ သူမ၏ခြေချောင်းများဖြင့် ကျောက်ခဲကို ထိန်းယူလိုက်လေသည်။

ထို့နောက် လူတိုင်း သတိပြန်မဝင်မီ ကျောက်စရစ်ခဲတစ်လုံးကို ကန်ထုတ်၍ ပစ်လိုက်ချေသည်။ လူအနည်းငယ်က ပါးစပ်ကို ဖွင့်ဟလိုက်ကြပြီး မေးရန် အချိန်မရမီ၌ပင် ကျောက်တုံးသည်က ရစ်ငှက်၏ ခေါင်းကို တိကျစွာ ထိမှန်သွားသည်ကို တွေ့လိုက်ရသည်။

“ကျန်းကျန်း...”

ကွားရှောင်ချင်း၏ အသံက တုန်ရီနေခဲ့ပြီး ပြောလိုက်မိသည်။

“ငါ နင့်ကို သေလောက်အောင် လန့်သွားအောင်လုပ်ဖို့ ပြောခဲ့တယ်ဆိုပေမဲ့ ငါ့ကို လန့်ပြီးသေသွားအောင်လုပ်ဖို့တော့ မဆိုလိုဘူးလေ၊ နင် ငါ့ကို စိတ်ပြင်ဆင်မှုလုပ်လို့ရအောင်တော့ အချိန်လေး ပေးနိုင်မလား”

ကျန်းကျန်းကတော့ အပြစ်ကင်းသည့် မျက်နှာနှင့် ပြောလိုက်သည်။

“နင်က လက်မောင်းတွေကို ပွေ့ဖက်ထားတာလေ၊ ဒီတော့ ငါ လောက်လေး မသုံးနိုင်တော့ဘူး”

လျိုချန်လင်းကတော့ အပြေးအလွားသွားကာ ရစ်ငှက်ကို ကောက်ယူလိုက်ကြည့်လိုက်လေ၏။

ထို့နောက်တွင် ကျောက်တုံးသည်ကား ရစ်ငှက်၏ ခေါင်း၌ မြဲမြံစွာ စိုက်ဝင်လျှက်ရှိနေသည်ကို တွေ့လိုက်ရသည်။

မတိုင်ခင်က ရစ်ငှက်နှစ်ကောင်နှင့် ယှဉ်လိုက်လျှင် ပစ်မှတ်နေရာသည်ကား အနည်းငယ်မျှပင် မဆိုးရွားလှပါချေ။

All Chapters