အခန်း (၂၆၂)
Vol. 27 Ch. 262
ကျန်းကျန်းက သစ်ကိုင်းကို လက်ထဲမှကိုင်ထားပါက အပင်ပေါ်မှ ဆင်းသည့်အချိန်တွင် အဆင်မပြေလောက်ဟု အမြဲခံစားရသည်။ သူမ ခေါင်းကို လှည့်၍ အောက်ကို ငုံ့ကြည့်လိုက်သောအခါတွင် အလွန် ထိတ်လန့်နေပုံရသော ရှီကျွင့်ကျဲ၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
“အောက်မကြည့်နဲ့၊ သစ်ပင်ကိုပဲ မြဲမြဲကိုင်ထား”
ကျန်းကျန်းက ကိုယ်ကိုလှည့်၍ လက်ထဲမှ သစ်ကိုင်းကို အခြားဘက်သို့ ပစ်ချလိုက်သည်။ သူမက လူရှိရာဘက်သို့ လှည့်ကာ ၎င်းတို့ထံသို့ မထိအောင် ပစ်ချခဲ့ခြင်း ဖြစ်လေသည်။
သစ်ကိုင်း မြေပြင်ပေါ်သို့ ချောချောမွေ့မွေ့ ကျသွားသည်ကို မြင်ရသောအချိန်ကျမှသာ ကျန်းကျန်းက သစ်ပင်ပင်စည်အတိုင်း ပြန်လည် လျောဆင်းလာခဲ့သည်။
သူမက သစ်ပင်ပေါ်မှ ရိုးရှင်းစွာ ဆင်းဝသော ကိုယ်ဟန်ကို မကြိုက်ပုံရသည်။
ကျန်းကျန်းက မြေပြင်မှ နှစ်မီတာကျော် အမြင့်၌ ရပ်တန့်လိုက်ပြီး အောက်ကို ငုံ့ကြည့်လိုက်ပြန်သည်။ ထို့နောက်တွင်မူ ကျန်းကျန်း သစ်ပင်ပေါ်မှ ဆင်းသည့် နည်းလမ်းကို အကြိမ်များစွာ မြင်ဖူးသော ရှီကျွင့်ကျဲတစ်ယောက် သူမ မည်သည့်အရာကို ပြုလုပ်တော့မည်ကို ချက်ချင်း ခန့်မှန်းမိပြီး ချက်ချင်းပင် မျက်နှာက နောက်တစ်ဆင်သအထိ ဖြူဖတ်ဖြူရော် ဖြစ်သွားရပြန်သည်။
“မခုန်ချပါနဲ့”
ရှီကျွင့်ကျဲ၏ အသံနှင့်နောက်ဘက်မှ တစ်ဆက်တည်းပင် ကျန်းကျန်းက မြက်ခင်းပေါ် ညင်ညင်သာသာ ဆင်းသက်လိုက်လေပြီ။
ရှီကျွင့်ကျဲ သက်ပြင်းချလိုက်မိပြီး ဤအချိန်ကိုရောက်သောအခါမှသာ သူ၏အဝတ်များမှာ ချွေးများဖြင့် ရွှဲနေသည်ကို သတိထားမိလိုက်သည်။
“မင်း ကိုယ့်ကို သေလောက်အောင် ကြောက်သွားအောင် လုပ်လိုက်တာပဲ”
ရှီကျွင့်ကျဲက အနောက်ဘက်သို့ နှစ်လှမ်းဆုတ်၍ သစ်ပင်ကို မှီလိုက်သည်။ လက်ရှိတွင် သူ၏ခြေထောက်များက မြေပြင်ပေါ်တွင် ဖြောင့်ဖြောင့် မရနိုင်တော့ဘဲ အားနည်းလွန်းနေသကဲ့သို့ ခံစားလာရသည်။
လျို့ချန်လင်း၊ ခုံးရှန်ဝူ၊ မုန်ယောင်ရှင်းတို့ကလည်း သစ်ပင်ကို မော့ကြည့်လိုက်ကြကာ ကျန်းကျန်းကို နောက်တစ်ဖန် ပြန်လှည့်ကြည့်လိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးများသည်ကား အရောင်တလက်လက်တောက်ပနေခဲ့ကြသည်။
“ကျန်းကျန်းက ဝတ္ထုတွေထဲက သိုင်းပညာရှင်တစ်ယောက် ဖြစ်ရမယ်။”
ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းရေး လှုပ်ရှားမှု ပြီးဆုံးသွားပြီးနောက် ဤကျောင်းသားများအပေါ် အကြီးမားဆုံး သက်ရောက်မှုကား ၎င်းတို့ ဖတ်နိုင်သည့် စာအုပ်အရေအတွက် တိုးလာခြင်းပင်ဖြစ်သည်။
တော်ဝင်တက္ကသိုလ်၏ စာကြည့်တိုက်၌ ယခင်က တားမြစ်ထားခဲ့သော တရုတ်နှင့် နိုင်ငံခြားမှ နာမည်ကြီးစာအုပ်များအပြင် မတိုင်လင်က အထင်သေးခံခဲ့ရသော သိုင်းဝတ္ထုများအပါအဝင် အရာအားလုံးနီးပါး ရှိနေခဲ့သည်။
ဟောင်ကောင်ကျွန်း၏ ကျင်းတာ့ရှ နှင့်ကုတာ့ရှ ကဲ့သို့သော သိုင်းဝတ္ထုများသည်ကား ယောက်ျားလေးဆောင်များတွင် မရိုးနိုင်အောင် ဖတ်နေကျ ဂန္ထဝင်စာအုပ်များ ဖြစ်လာခဲ့လေ၏။
၎င်းစာအုပ်များမှာ စာကြည့်တိုက်၌လည်း လူကြိုက်များသော စာအုပ်များ ဖြစ်လာခဲ့သည်။
အခြေခံအားဖြင့် စာအုပ်ပြန်အပ်ပြီးသည်နှင့် ဘေး၌ စောင့်နေသူများက ချက်ချင်း ဆွဲယူရန် မစောင့်နိုင်ကြဆော့ပေ။
ရှီကျွင့်ကျဲ၏ အဆောင်၌ ချမ်းသာသော မိသားစုမှ လူများလည်းရှိသည်။ ထိုသူက ရှီကျွင့်ကျဲ၏ အဆက်အသွယ်မှတစ်ဆင့် ကျင်းတာ့ရှ၏ လက်ရာတစ်စုံလုံးကိုလည်း ဝယ်ခဲ့သည်။
ညတိုင်း စာကျက်ပြီး မီးမပိတ်မီတွင် ယောက်ျားလေးအနည်းငယ်က၎င်းကို အရသာခံ၍ ဖတ်ရှုကြလေ့ရှိသည်။
သူတို့သာသူရဲကောင်းတစ်ဦး ဖြစ်နိုင်လျှင် မည်မျှကောင်းလိုက်မည်နည်းဟူ၍ မကြာခဏ စိတ်ကူးယဉ်တတ်ကြသည်။
နောက်ပိုင်း၌ ကျောင်း၏ ပြသခန်းတွင် ရုပ်ရှင်အမျိုးအစားများကို ပိုမိုမိတ်ဆက်ပေးလာခဲ့သည်။ ထိုအခါမှ ဟောင်ကောင်ကျွန်းမှနေ၍ သိုင်းရုပ်ရှင်ကားများကို စတင် ရိုက်ထားပြီးစီးပြီဆိုသည့်အကြောင်းများကို ယောက်ျားလေးများက ပိုမို သိလာကြသည်
စာအုပ်ထဲမှ သူရဲကောင်းများသည်ကား ဓားများ၊ အလင်းအမြန်နှုန်းများရှိနေတတ်ပြီး ဓားများကို ကိုင်ဆွဲကာ အရိပ်များနှယ် ဖန်သားပြင်၌ ပျံသန်းနေသည်ကို ကြည့်ပြီး ဤလူအုပ်စုသည်က ပို၍ပင် အိပ်မက်မက်လာခဲ့ကြသည်။
၎င်းတို့အနေဖြင့် ဇာတ်ကားထဲမှ ဇာတ်လိုက် သူရဲကောင်း၏ တစ်ဝက်ခန့် လုပ်နိုင်လျှင်ပင် အလွန်ကောင်းပေလိမ့်မည်ဟူ၍ မျှော်လင့်လာကြသည်။
မူလကမူ သူတို့က ပါးစပ်ကိုဖွင့်၍သာ အပျော်သဘောဖြင့် ပျော်ပျော်ပါးပါး ပြောနေကြခြင်း ဖြစ်ပေသည်။ သို့သော် ဤတစ်ကြိမ်၌ ကျန်းကျန်းမှ နှစ်နီတာ၊ သုံးမီတာမြင့်သော သစ်ပင်ပေါ်မှ ခုန်ဆင်းလာသည်ကို အမှန်တကယ် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါတွင် လူအနည်းငယ်သည်ကား ရုတ်တရက် သဘောပေါက်သွားခဲ့ကြသည်။
ထိုပေါ့ပါးသော ခြေလှမ်းသည်ငား ဒဏ္ဍာရီလာ သိုင်းပညာသာ မဟုတ်ပါလော။ သို့မဟုတ်ပါက အဘယ်ကြောင့် သူမ လောက်လေးဖြင့် အကြိမ်တစ်ရာ ပစ်လျှင် တစ်ရာလုံးမှန်ကန်နိုင်မည်နည်း။
သစ်ပင်ကိုလည်း အဘယ်ကြောင့် ဤမျှ လွယ်လွယ်ကူကူ တက်နိုင်မည်နည်း။ အဘယ်ကြောင့် သစ်ကိုင်းကြီးများကို သူမ၏လက်ဗလာဖြင့် ချိုးနိုင်သနည်း။ ဤအရာများအားလုံးသည်ကား ကွန်ဖူးပညာရပ်ပင် ဖြစ်ပေလိမ့်မည်။
လျို့ချန်လင်းက စိတ်လှုပ်ရှားစွာဖနင့် ဒူးထောက်လိုက်သည်။
“ရှစ်ဖူ!”
ကျန်းကျန်းတစ်ယောက် ကြောက်လန့်တကြား အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိကာ သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။
“ရှင် အဆင်ပြေလား”
ရှီကျွင့်ကျဲတစ်ယောက် သူ၏အခန်းဖော်ကြောင့် စကားပင် မပြောနိုင်တော့ဘဲ ခေါင်းခါလိုက်သည်။
“သူ့ကို ဂရုမစိုက်နဲ့၊ သူက ဝတ္ထုတွေဖတ်ပြီး ရူးနေတာ”
လျို့ချန်လင်းကမါ စိတ်လှုပ်ရှားနေဆဲပင်။
“မင်းရဲ့ လှုပ်ရှားမှုတွေကက အရမ်းမိုက်တယ်၊ ခုနတုန်းက ခုန်ချလိုက်တာက ပေါ့ပါးတဲ့ ကိုယ်ဖော့သိုင်းအစွမ်းလား”
“မဟုတ်ဘူး”
ကျန်းကျန်းက ထိုသူ၏ စိတ်ကူးယဉ်မှုကို အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်လေသည်။
“ကျွန်မက ကလေးဘဝကတည်းက တောင်ပေါ်မှာ အချိန်အများကြီး ကုန်ဆုံးခဲ့တယ်၊ သစ်ပင်တက်တယ်ဆိုတာက ကျွန်မအတွက် မြေပြန့်မှာ လမ်းလျှောက်တာနဲ့ ဘာမှ မခြားနားဘူး။”
လျို့ချန်လင်း၏ အနည်းငယ် မယုံကြည်နိုင်သော အမူအရာကို မြင်သောအခါ ကျန်းကျန်းက စကားဆက်မပြောနိုင်တော့သည့်အလား ခေါင်းကိုခါရမ်းလိုက်သည်။
“ရှင်က သိုင်းဝတ္ထုတွေကိုဖတ်ရုံလောက်နှင့် ဒီလိုမျိုး ဂုဏ်ယူစရာသူရဲကောင်းဖြစ်ချင်နေပြီ၊ တကယ်လို့ ရှန်းရှဝတ္ထုတွေကိုသာ ဖတ်ရင် ရှင် ရှန်ရှီးဖြစ်ချင်လာတော့မှာ မဟုတ်ဘူးလား။”
“ရှန်ရှီး ဆိုတာ ဘာလဲ”
လျို့ချန်လင်းက ရှုပ်ထွေးစွာ မေးလိုက်သည်။
ကျန်းကျန်းက ခဏမျှ စဉ်းစားလိုက်သည် ။
“စာကြည့်တိုက်မှာဓားသမား ရှုရှန်ရဲ့ အတ္ထုပတ္တိဆိုပြီး စာအုပ်အစုံရှိတယ်၊ ရှင် အဲဒီစာအုပ်တွဲကို ငှားဖတ်ကြည့်လို့ရတယ်၊ ရှင် ဖတ်ကြည့်ပြီးသွားရင် ရှင့်ရဲ့ အိပ်မက်တွေက ပိုပြီးတော့ မြင့်မားလာလိမ့်မယ်။”
“ဘယ်လိုမြင့်မားလာမှာလဲ”
လျို့ချန်လင်းက တုံ့ဆိုင်းစွာ မေးလိုက်သည်၊
ကျန်းကျန်းက မျက်လုံးလှန်၍ ပြုံးလိုက်ကာ သူ့ကို ပြန်ကြည့်လိုက်လေသည်။
“နင် နတ်ဘုရားဖြစ်ချင်လာလိမ့်မယ်လို့ ပြောချင်တာပဲ။”
မိန်းကလေးအနည်းငယ်က ရယ်မောလိုက်ကြလေသည်၊။လျို့ချန်လင်းသည်လည်း ဤအချိန်မှသာ ကျန်းကျန်းက သူ့ကို စနောက်နေသည်ကို သိလိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် ထရပ်လိုက်သည်။
“ဒါဆို ဘာလဲ၊ အစ်မကြီး၊ မင်း သိုင်းပညာ တကယ်မသိဘူးလား”
သူက ဤနေရာ၌ပင် ရှစ်ဖူအဖြစ်မှ အစ်မကြီးအထိ ပြောင်းလဲသွားခြင်းဖြစ်သောကြောင့် ကျန်းကျန်းက သူ့ကို ပြုံး၍ ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
“တကယ်ကို မသိဘူး။”
သိုင်းပညာဟူသည်မှာ အစွမ်းထက်သော စွမ်းရည်များ ရှိသည့် စိတ်ကူးယဥ်ဝတ္ထုမျိုးဖြစ်ကာ ဤလူမိုက်နှစ်ဦးသည်ကား အနည်းငယ်သာ ဖတ်ရသေးသော်လည်း ဤမျှ စွဲလန်းနေခဲ့ကြသည်။
ကျန်းကျန်းက သူမ ချိုးချခဲ့သော သစ်ကိုင်းကို ဆွဲယူလိုက်ပြီး သူမလိုအပ်သော သစ်ကိုင်းနေရာနားကို လွယ်လွယ်ကူကူ ချိုးဖြတ်ပစ်လိုက်သည်။
ထို့နောက်တွင်ကျောင်းအိတ်၏ အဖုံးကို အသုံးပြု၍ နွားသားရေချောင်းအနည်းငယ်ကို ပိတ်ထားသောနေရာမှ ထုတ်လိုက်သည်၊ မိနစ်အနည်းငယ်အတွင်း လေးခွခြောက်ခုကို အလုံးစုံလုပ်ပြီးခဲ့ပေပြီ။
လူအနည်းငယ်က ကျေးဇူးတင်စကား ပြောကြား၍ တစ်ယောက်ကို တစ်ခုစီ ယူလိုက်ကြသည်။
ထို့နောက် ကျေနပ်ပျော်ရွှင်စွာဖြင့် ကျောက်တုံးကို ကောက်ယူ၍ ရစ်ငှက်များကို အမဲလိုက်ရန် ကြိုးစားကြသည်။
ရှီကျွင့်ကျဲမှလွဲ၍ ခုန်းရှန်ဝူနှင့် လျို့ခမ်ဝူ နှစ်ဦးစလုံး ကလေးဘဝကတည်းက လေးခွဖြင့် ကစားဖူးကြသည်။ ထိုစဉ်က ကစားစရာများ မရှိသဖြင့် လေးခွတစ်လက်ရရှိခြင်းမှ် အလွန်ပျော်စရာကောင်းခဲ့ပေသည်။
သို့သော်လည်း ပုံမှန်အားဖြင့် စည်းမျဉ်းမရှိဘဲ ဟိုပစ်ဒီပစ် ကစားကြခြင်းသာဖြစ်ကာ တစ်ခါတစ်ရံ မှန်ပြီး တစ်ခါတစ်ရံလည်း မမှန်နိုင်ကြပေ။
မည်သည့်အရာကို ပစ်သည်ဟု ပြောရန် မဖြစ်နိုင်ပေ။
မိန်းကလေးအနည်းငယ်သည်ကား လေးခွများကို မြင်ဖူးကြသော်လည်း အခြေခံအားဖြင့် မည်သည့်အခါမှ မကစားဖူးကြပေ။ ထို့ကြောင့် ကျန်းကျန်းက ၎င်းတို့ထံသို့ အဓိကအချက်များကို လက်တွေ့ သင်ပေးခဲ့သည်။
၎င်းတို့ ဟိုပစ်ဒီပစ် လုပ်နေသည်ကို မြင်သောအခါ ရစ်ငှက်မျာနှင့် ယုန်တစ်အုပ်လုံး လန့်သွားကြတော့သည်။ တစ်နာရီခန့် ကစားပြီးနောက် လျို့ချန်လင်းက ရစ်ငှက်နှစ်ကောင်ကို သတ်လိုက်သည်။
နေ မွန်းတည့်နီးပြီဖြစ်သည်ကို မြင်သောအခါတွင် လူတစ်အုပ်စုလုံးက ကြောင်အသွားကြသည်။ ရစ်ငှက်ခြောက်ကောင်တည်းဖြင့် ဤမျှများသော လူများအတွက် မလုံလောက်ပေ။
ခဏနားပြီးနောက်တွင် ကွားရှောင်ချင်းက အကူအညီတောင်းရန်အတွက် ကျန်းကျန်းကို လှည့်ကြည့်လိုက်သည်၊ ကျန်သောသူများလည်း တူညီစွာပင်ကြည့်လာခဲ့ကြလေ၏။
သူတို့က ကျန်းကျန်း၏ စွမ်းရည်များကို ထုတ်ပြရန် စောင့်ဆိုင်းနေခဲ့ကြသည်။
ကျန်းကျန်းက သူမ၏ လောက်လေးခွကို ထုတ်ယူလိုက်ပြီး လူအုပ်ကြီး၏ ချီးကျူးဂုဏ်ပြုသံများအောက်၌ မည်သည့်နေရာမှ ထွက်လာမှန်းမသိသော ရစ်ငှက်ငါးကောင်နှင့် ယုန်လေးကောင်ကို သတ်ပစ်လိုက်သည်။
သားကောင်များကို ကောက်ယူပြီးနောက် ရှုကျားကျားမှာ ပါးစပ်များပင် မပိတ်နိုင်လောက်အောင် ပျော်ရွင်ခဲ့နေသည်။
“နင်တို့က ငါတို့ ကျန်းကျန်းနဲ့ လေးခွပစ်တာချင်း ယှဉ်ပြိုင်ချင်သေးတယ်၊ ကောင်းကင် ဘယ်လောက် မြင့်တယ်ဆိုတာ မသိကြဘူးမလား”
ခုံးရှန်ဝူ၏ အတွေးက ပို၍ ရှုပ်ထွေးလာခဲ့သည်။
“ကျန်းကျန်း၊ မင်းတို့ရဲ့ အိမ်ဘေးက တောင်ပေါ်မှာ ယုန်နဲ့ ရစ်ငှက်ကောင်တွေရော ရှိသေးလား၊ မင်း အကုန်လုံးကို မျိုးတုံးလောက်အောင် ပစ်ချခဲ့တာတော့ မဟုတ်ပါဘူးနော်”
ကျန်းကျန်းက လေးခွကို သူမ၏ ကျောင်းအိတ်ထဲ ထည့်လိုက်ပြီး ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့၊ ကျွန်မတို့ရဲ့တောင်တန်းတြေဆီမှာ မျိုးစိတ်တွေ ပေါကြွယ်ဝရုံသာမက အရေအတွက်လည်း အများကြီးရှိတယ်၊ ကျားတွေတောင် ရှိနေသေးတယ်”
“တကယ်လား”
ရှုကျားကျားက ချက်ချင်းအနားသိာ့ ကပ်လာခဲ့သည်။
“နင်ရော ကျားကိုမြင်ဖူးလား ကျန်းကျန်း”
ကျန်းကျန်း တာ့ဟွမ်ကို သတိရသောကြောင့် သူမ ပြုံးလိုက်မိသည်။
“နင်တို့ ငါ့ရဲ့ဇာတိကို လာလည်ဖို့ အချိန်ရရင် ကျားတွေရဲ့ တကယ့်မျက်နှာကို ပြပေးမယ်။”
လူတစ်အုပ်လုံးက ဤသည်ကို နောက်ပြောင်သည်ဟုသာ ထင်ခဲ့ကြ၍ ရယ်မောခဲ့ကြသည် ။
“ထားလိုက်ပါတော့၊ ငါတို့က ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အစာအဖြစ် သွားပို့နိုင်မှာလဲ။”
ကျန်းကျန်းက ပြုံး၍ ခေါင်းခါလိုက်သည်။
“ငါတို့ရဲ့ဒေသက ကျားတွေမှာ အစ်းအစာတွေ အများကြီးရှိတယ်၊ ဒါကြောင့် လူကိုစားဖို့ စိတ်မပါကြဘူး”
မုန်ရန်ရှောင်က ကျန်းကျန်းကို အံ့ဩကြည့်၍ ကြည့်လိုက်သည်။
“ဒါဆို နင်အကြီးဆုံး ပစ်နိုင်ခဲ့တဲ့သားကောင်က ဘယ်သားကောင်လဲ ကျန်းကျန်း”
ကျန်းကျန်းက ခဏမျှ စဉ်းစားလိုက်သည်။
“လေးခွနဲ့ဆိုရင် သမင်ကို ပစ်မယ်၊ တောဝက်ကိုတော့ လေးခွနဲ့ မရနိုင်ဘူး။”
“ဘာအဓိပ္ပာယ်လဲ”
မုန်ရန်ရှောင် နားမလည်နိုင်စွာ မေးမိသည်။
*