← Chapters

အခန်း (၂၆၃)

Vol. 27 Ch. 263

အခန်း (၂၆၃)

Vol. 27 Ch. 263

ကျန်းကျန်းတစ်ယောက် သူ၏ဖြူဖွေးနုဖတ်သော လက်ကလေးကို ဆန့်တန်း၍ ပြောလိုက်သည်။

“ကောင်းပြီ၊ တကယ်လို့ တောဝက်တွေနှင့် ရင်ဆိုင်လာခဲ့ရမယ်ဆိုရင်တော့ ကိုယ်ပိုင်လက်ရဲ့ခွန်အားကိုပဲ အားကိုးရတော့မယ်”

သူမက တစ်ဝက်ျစ်ပျက်လောက်မှန်ပြီး တစ်ဝက်လောက် စနောက်ပြီး ပြောလိုက်လေသည်။

ကျန်းကျန်း၏ ပရိသတ်တစ်ဦး ဖြစ်သွားသော လျို့ချန်လင်းသည်ကား မိမိကိုယ်ကို ရှုံးနိမ့်ခြင်းအား လုံးဝ ရှက်ရွံ့နေခြင်းမရှိတော့ဘဲ ကျန်းကျန်းကို ကြည့်၍ သူ၏အသံသည်က အလွန်နူးညံ့ပျော့ပျောင်းစွာဖြင့် ပြောလာခဲ့သည်။

“အစ်မကြီးရေ၊ အစ်မကတော့ တကယ်ကို ဆရာကြီးပါပဲ”

ရှီကျွင့်ကျဲ သူ့ကို သတိရှိစွာဖြင့် ဘေးသို့ ကန်ထုတ်၍ ကျန်းကျန်း၏လက်ကိုဆွဲပြီး အနောက်ဘက်သို့ လျှောက်သွားခဲ့သည်။

လျို့ချန်လင်းကတော့ ဒရွတ်ဆွဲ၍ ရစ်ငှက်အကောင်နည်းနည်းလောက်ဖြင့် ကျန်ရစ်ခဲ့ပြီး မကျေမနပ် သက်ပြင်းချလိုက်သည်။

“မင်းတို့ပြောစမ်းပါဦး၊ ရှီကျွင့်ကျဲလိုမျိုး မျက်နှာချောချောလေးရှိတာက ဘာများကောင်းလို့လဲ၊ မင်းတို့တွေ သူရဲ့မျက်နှာကြောင့် ဒီလောက်တောင် သဝန်တိုနေရဦးမှာ၊ ငါ့လိုလူမျိုးကို ရှာလို့မရဘူးလား”

“ရှင့်လိုလူမျိုးကို ရှာတော့ ဘာများကောင်းမှာတဲ့လဲ”

ရှုကျားကျားက ပြောလိုက်သည်။

“ရှီကျွင့်ကျဲက ရှင့်ထက် အစစအရာရာမှာ အများကြီးသာတယ်”

“မင်းတို့ မိန်းကလေးတွေက အပေါ်ယံပဲ ကြည့်တတ်ကြတယ်၊ ဒီတော့ ချောတာက စားလို့ကောင်းလို့လား”

လျို့ချန်လင်းသည် ရင်ဘတ်ကိုကော့၍ ပြောလိုက်သည်။

“အနည်းဆုံးတော့ ငါ့လိုလူမျိုးက အသုံးဝင်နိုင်တယ်”

“ဘာများ အသုံးဝင်မှာလဲ”

ရှုကျားကျားသည်က သူ့ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

“ရှင်က ကျွန်မတို့ ကျန်းကျန်းထက် ပိုကောင်းအောင် အမဲလိုက်နိုင်လို့လား၊ ဒါမှမဟုတ် ကျွန်မတို့ ကျန်းကျန်းထက် ပိုမြန်အောင် သစ်ပင်တက်နိုင်လား၊ ရှင်င်က သစ်ကိုင်းထူထူကြီးလို ဖြစ်နေတာတောင် ငါတို့ ကျန်းကျန်းလောက် မသန်ဘူး”

“မှန်တယ်”

မုန်ရန်ရှောင်ကလည်း သဘောတူလိုက်သည်။

“နင်တို့ ယောက်ျားတွေထဲက ဘယ်သူကမှ ကျန်းကျန်းနဲ့ မယှဉ်နိုင်တဲ့အတွက် ကျန်းကျန်းက ယောက်ျားတွေထဲမှာ အချောဆုံးလူကို ရှာတာ ဘာမှမမှားဘူး”

ကွားရှောင်ချင်းသည်လည်း ခေါင်းညိတ်လိုက်လေသည်။

“ပြဿနာမရှိပါဘူး၊ ရုပ်ချောချော လူနှစ်ယောက် အတူတူရပ်နေတာက မျက်စိပသာဒ ဖြစ်တယ်၊ အနည်းဆုံးတော့ အလှပဂေးလေးက သားရဲကြီးနဲ့တွဲနေတာထက်တော့ ပိုကောင်းတယ်”

လျို့ချန်လင်းသည် ချက်ချင်း သတိလစ်ချင်သွားသကဲ့သို့ ဖြစ်သွားခဲ့ကာ ခုန်းရှန်ဝူသည်လည်း ခေါင်းကိုငုံ့လိုက်လေသည်။

မုန်ယောင်ရှန်တစ်ယောက် ကွားရှောင်ချင်း၏ နားရွက်များ နည်းနည်းနီနေသည်ကို ကြည့်၍ ပြောလိုက်သည်။

“ဒီတော့ မင်းတို့လည်း စာကြည့်တိုက်မှာ ပုံပြင်စာအုပ်တွေ ငှားဖတ်တာပေါ့၊ မင်းတို့လည်း အလှလေး နဲ့သားရဲကောင် လူကြမ်းကြီးအကြောင်းကို သိတာပဲ”

ကွားရှောင်ချင်းတစ်ယောက် ချက်ချင်း မျက်နှာနီမြန်းသွား၍ သူမ၏အိတ်ကပ်အတွင်းမှ မသုံးရသေးသော ကျောက်တုံးတစ်တုံးကို ထုတ်ပြီး သူ့ကို ပစ်ပေါက်လိုက်သည်။

“အဓိပ္ပာယ်မရှိတာ၊ ငါမကြည့်ဘူး”

မုန်ယောင်ရှန်သည်ကား နာကျင်သကဲ့သို့ ခံစားရပြီး နောက်သို့ဆုတ်သွားခဲ့သည်။

“ငါဆိုလိုတာက ငါလည်း ဖတ်ဖူးတယ်”

လူအုပ်စုသည်ကား ပျော်ပျော်ပါးပါးဖြင့် တောင်ပေါ်မှ ဆင်းလာကြ၍ ယောက်ျားလေးအနည်းငယ်ကတောသ နောက်ဆုံး၌ သူတို့၏အခန်းကဏ္ဍကို ထမ်းဆောင်ကြသည်။

သူတို့က မီးဖို၍ ရစ်ငှက်၏အမွေးများကို နုတ်ကာ နာရီဝက်အတွင်း သားကောင်များကို သပ်သပ်ရပ်ရပ် သန့်ရှင်းရေးလုပ်ကြသည်။

ထို့နောက် သစ်သားဖြင့် ဘာဘီကျူးစင်တစ်ခု ပြင်ဆင်ပြီးသည်နောက် ကျန်းကျန်းသည် ရစ်ငှက်ရှစ်ကောင်နှင့် ယုန်လေးကောင်ကို စင်ပေါ်တင်၍ ပထမဦးဆုံးအကြိမ် ဆီမွှေးဖြင့် သုတ်လိုက်သည်။

အမဲလိုက်နိုင်ခြင်းတွင် နောက်ကောက်ကျကျန်ခဲ့သော်လည်း လျို့ချန်လင်းသည်ကား ရစ်ငှက်ကိုလည်းကင်တတ်သေးသည်။

ကျန်းကျန်းသည်ကား သူမ ယူလာသော ပျားရည်နှင့် အမွှေးအကြိုင်များကို မြေပြင်ပေါ်တင်၍ အကြိမ်ကြိမ်သုတ်လိမ်းရန် ပြောလိုက်သည်။

ထို့နောက် ကျန်းကျန်းက ကျန်ရှိသေးသော ရစ်ငှက်သုံးကောင်ကိုယူ၍ ရှီကျွင့်ကျဲကို ပေးလိုက်သည်။

“ဒီသုံးကောင်ကို ဟင်းချိုလုပ်ရအောင်၊ စွပ်ပြုတ်သောက်ရင် အစားများပြီး ဗိုက်မကောင်းဖြစ်မှာကို သက်သာစေမယ်”

ရှီကျွင့်ကျဲလည်း သဘောတူလိုက်၍ ရစ်ငှက်ကို ယူလိုက်လေ၏။ သူတို့ကို ညွှန်ကြားပြီးသည်နှင့် ကျန်းကျန်းသည်ကား တောင်းငယ်လေးတစ်လုံးနှင့် မြစ်ထဲဆင်းသွားခဲ့ပြန်သည်။

၎င်းကို တွေ့သောအခါ ရှီကျွင့်ကျဲက အမြန်အော်လိုက်သည်။

“ဘယ်ကိုသွားမလို့လဲ”

ကျန်းကျန်းက တောင်းငယ်လေးကို မြှောက်ပြလိုက်သည်။

“ငါးဖမ်းမလို့”

လျို့ချန်လင်းသည်လည်း ခေါင်းလှည့်၍ အော်လိုက်လေသည်။

“အစ်မကြီး! အဲဒီမှာ ငါးတွေအများကြီး ရှိတယ်ဆိုတာကိုပဲ မကြည့်နဲ့နော်၊ တကယ်တော့ သူတို့တွေက ဥာဏ်များပြီး လှည့်စားတတ်တဲ့ ငါးတွေပဲ၊ အကောင်ကြီးတွေက ဘေးနားကို မကပ်ဘူး၊ ပင်ပန်းမခံပါနဲ့၊ ဘောင်းဘီတွေ စိုမှာစိုးလို့”

ကျန်းကျန်းက မြစ်နားသို့ ရောက်ရှိနေခဲ့ပြီ။ သူမကဖိနပ်များကိုချွတ်၍ ဘောင်းဘီကို အတိုဖြစ်အောင် ခေါက်ပြီး တောင်းငယ်လေးဖြင့် မြစ်ထဲသို့ ဆင်းလိုက်သည်။

မြစ်ထဲ၌ မိနစ်အနည်းငယ်ကြာအောင် နေပြီးနောက် ကျန်းကျန်းတစ်ယောကင ပြန်လှည့်လာသည်ကို မြင်သောအခါ လျို့ချန်လင်းက သူမကို ပျော်ပျော်ရွှင်ရွှင် မေးလိုက်လေသည်။

“ငါ မင်းကို လိမ်မပြောဘူး ဟုတ်တယ်မလား၊ အဲဒီငါးတွေက ဖမ်းရခက်လတယ်မား”

“ဟုတ်တယ်”

ကျန်းကျန်းက စိုစွတ်နေသော တောင်းငယ်လေးကို မြေပြင်ပေါ်တွင် ချလိုက်သည်။

“တောင်းက သေးလွန်းတယ်၊ ဒါကြောင့် ငါးတွေက အမြဲတမ်း ပြေးထွက်သွားတာ၊ ဖမ်းရတာ သိပ်မလွယ်ဘူး”

တောင်းလေးထဲမှ ငါးကြီးများ အုပ်စု လိုက် ခုန်ထွက်လာသည်ကို မြင်လျှင် လျို့ချန်လင်း၏ အပြုံးသည်က ရုတ်တရက် ရပ်တန့်သွားတော့သည်။

ခုန်းရှန်ဝူသည်လည်း မြေပြင်ပေါ်၌ ရုန်းကန်နေသော ငါးများကို မခံမရပ်နိုင်သောပုံစံဖြင့် ကြည့်၍ ကျန်းကျန်းကို မေးလိုက်သည်။

“အစ်မကြီး၊ မင်းဆီမှာ တခြား မလုပ်တတ်သေးတာ ဘာတွေရှိလဲဆိုတာ မေးလို့ရမလား”

ကျန်းကျန်း ခဏမျှ စဉ်းစားပြီး လေးလေးနက်နက် ပြန်ဖြေလိုက်သည်။

“ငါ မိုးပေါ်ကိုတော့ မတက်တတ်သေးဘူး”

ကောင်မလေးများက ရုတ်တရက် ရယ်မောလိုက်ကြလေသည်။

ရှီကျွင့်ကျဲသည်လည်း ပြုံး၍ ခေါင်းခါလိုက်သည်။ ခုန်းရှန်ဝူကတော့ စိတ်ပျက်အားငယ်စွာဖြင့် သူ၏မျက်နှာကို လက်ဖြင့်အုပ်လိုက်သည်။

“မင်းက ငါတို့ လူကြီးလူကောင်းတွေရဲ့ ကိုယ့်ကိုယ်ကို လေးစားမှုတွေကို အရမ်းထိခိုက်အောင် လုပ်နေတာပဲ”

မုန်ယောင်ရှန်က ငါးများကို တောင်းထဲသို့ ပြန်ထည့်၍ မြစ်ထဲသို့သွားကာ ငါးများကို သန့်ရှင်းရေးလုပ်ရန် ပြင်ဆင်လိုက်သည်။

“ကျွင့်ကျဲတောင်မှ သူ့ရဲ့ချစ်သူကြောင်း သူ့ရဲ့ ကိုယ့်ကိုယ်ကို လေးစားမှုထိခိုက်မှာကို မစိုးရိမ်ဘူး၊ မင်းက ဘာကိုကြောက်နေတာလဲ”

“ကိုယ့်ကိုယ်ကို လေးစားမှုထိခိုက်ရင် ဘာဖြစ်လဲ”

ရှီကျွင့်ကျဲက ကျန်းကျန်းကို ပြုံး၍ ကြည့်လိုက်သည်။

“ငါ့တို့ မိသားစု ကျန်းကျန်းက ဒီလောက်တော်တာ၊ ငါက ဂုဏ်ယူရလို့တောင် မပြီးသေးဘူး”

လူအုပ်စုများ၏ မျက်နှာများသည်ကား နီရဲသွားကြပြီး နားရွက်များပင်နီရဲကာ ရင်ဘတ်ကို ဖုံးအုပ်ထားကြသည်။

သူတို့နှစ်ဦး ပြုံး၍ တစ်ဦးကိုတစ်ဦး ကြည့်ကာ အရှက်အကြောက်မရှိ စကားပြောနေသည်ကို ကြည့်ပြီး အလွန်မျက်စိစူးခံရသကဲ့သို့ ခံစားရသည်။

ဆယ်စုနှစ်အနည်းငယ် ကြာလျှင်တေား ၎င်းကို ခွေးစာဟု ခေါ်သည်ကို သူတို့သိလာကြပေလိမ့်မည်။

ကျန်းကျန်းသည်ကား ရှီကျွင့်ကျဲကို ချိုသာစွာ ပြုံးပြပြီး တောင်းအလွတ်တစ်လုံးဖြင့် မြစ်ထဲသို့ ဆင်းသွားခဲ့ပြန်သည်။

မုန်ယောင်ရှန်တစ်ယောက် ပထမ တောင်းအတွင်းရှိ ငါးများကို သန့်ရှင်းရေးလုပ်ပြီးသည်နှင့် ငါးအပြည့်ပါသော နောက်ထပ်တောင်းတစ်လုံးက သူ၏ဘေးနား၌ ရောက်ရှိနေပြန်သည်ကို တွေ့လိုက်ရလေ၏။

ကျန်းကျန်းကတေား လက်ဗလာဖြင့် ဟင်းချက်ရာနေရာသို့ ပြေးသွားခဲ့သည်။

“ငါ ငါးနှစ်တောင်း ဖမ်းလာတယ်၊ ဟင်းချိုချက်ဖို့ နည်းနည်းချန်ထားလိုက်မယ်၊ ကျန်တာကို ကင်စားမလား၊ ဟင်းချိုချက်စားမလား နင်တို့ ဆွေးနွေးကြ၊ ငါ ဘောင်းဘီလဲဖို့ နေရာရှာလိုက်ဦးမယ်”

ရှီကျွင့်ကျဲက ကျန်းကျန်း၏ ဘောင်းဘီကို တစ်ချက်ကြည့်လိုက်သည်။ ဘောင်းဘီက ပေါင်လယ်အထိ စိုစွတ်နေသည်ကို တွေ့သောကြောင်သ သူ အမြန်မေးလိုက်လေသည်။

“အဝတ်အစား ယူလာခဲ့လား၊ ကိုယ် မင်းကို လိုက်ပို့ပေးရမလား”

ကွားရှောင်ချင်းက ချက်ချင်း ပြုံးလိုက်၍ ဝင်ပြောလာသည်။

“ဒါက မကောင်းဘူး၊ ကျွန်မပဲ ကျန်းကျန်းကို လူရှင်းမရှင်း ကူညီကြည့်ပေးမယ်”

ကျန်းကျန်းက လက်ခါပြလိုက်သည်။

“နင်တို့ကို မလိုဘူး၊ ငါ တောင်အောက်ကိုဆင်းတုန်းက နေရာကောင်းကောင်း တစ်နေရာကို မြင်ထားတယ်”

ကွားရှောင်ချင်းက သူ၏လက်အတွင်းရှိ ပစ္စည်းများကို ချမချမီပင် ကျန်းကျန်းသည်ကား တောင်ပေါ်သို့ ပြေးသွား၍ ကွေ့ပတ်သွားကာ ပျောက်ကွယ်သွားခဲ့တော့သည်။

ကျန်းကျန်း နေရာလတ်အတွင်းသို့ ပြန်ရောက်သောအခါ ရေချိုးခန်းကိုဖွင့်၍ ခန္ဓာကိုယ်ကို အမြန်ဆေးကြောလိုက်ကာ ဘောင်းဘီလဲပြီးနောက် နေရာလွတ်အတွင်း၌ အချိန်မဆွဲရဲဘဲ အမြန်ပြန်ထွက်လာသည်။

ရစ်ငှက်ကင်များနှင့် ယုန်ကင်များသည်ကား ချက်ပြုတ်ရန် နှေးကွေးသည်သော်လည်း ကျန်းကျန်း နောက်မှဖမ်းလာသော ငါးများကမူ အမြန်ကျက်လွယ်သည်။

တစ်ဦးစီက သစ်ကိုင်း၌ ထိုးထားသော ငါးကင်တစ်ကောင်စီကို ကိုင်ထားကြ၍ အချို့သည် ထိုင်လျက်၊ အချို့သည် ထိုင်၍၊ အချို့သည် မတ်တပ်ရပ်နေကြလျှက်ရှိသည်။

လူတိုင်းသည်က သူတို့လက်အတွင်းရှိ မွှေးကြိုင်နေသော ငါးကင်ကို ကိုက်ရန် မစောင့်နိုင်တော့ပါ။

ငါးကင်က နည်းနည်းမျှ မဲသွားသော်လည်း နူးညံ့ပြီး အသားပြည့်သည်။ ငါးနှင့် အသားစားရခြင်းအား ဇိမ်ခံပစ္စည်းအဖြစ် သတ်မှတ်သော ဤခေတ်၌ ဤငါးကင်သည် ရှားပါးသော အရသာရှိသည့် ဟင်းလျာတစ်ခု ဖြစ်နေပြီ။

ကွားရှောင်ချင်းသည်ကား တော်ဝင်မြို့တော်မှာ မွေးဖွားသည်သော်လည်း တောအတွင်း၌ အမဲလိုက်ခြင်းသည် ၎င်း၏ပထမဦးဆုံးအကြိမ် ဖြစ်ပြီး ငါးကင်၏အရသာကို မြည်းစမ်းရသောအခါ မျက်ရည်ကျလုနီးပါး ဖြစ်သွားသည်။

“ဒီငါးက အရမ်းအရသာရှိတယ်၊ ကျန်းကျန်း၊ နင်က အရမ်းတော်တာပဲ၊ ဘာလို့ ငါနဲ့တွဲပြီး နေဖို့ မစဉ်းစားတာလဲ”

ကွားရှောင်ချင်းကို လျှို့ဝှက်သဘောကျနေသော မုန်ယောင်ရှင်းသည်ကတော့ ရုတ်တရက် ငိုချင်လာခဲ့ရသည်။

“ကျောင်းသူ ကွား၊ ဒီငါးက ငါ ကင်ထားတာပါ”

“ဒါက ကျန်းကျန်း ဖမ်းထားတဲ့ ငါးလေ”

ကွားရှောင်ချင်းက ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်ပြီး မီးတောက်များနှင့် လောင်ကျွမ်းနေသော ကြက်ကင်နှင့် ယုန်ကင်ကို လက်ညှိုးထိုးပြလိုက်သည်။

“ဒီအမဲကောင်တွေ အကုန်လုံးက ကျန်းကျန်း ဖမ်းထားတာတွေပဲ၊ သူ့နဲ့အတူနေတာက ရှင်တို့ထက် အများကြီး ပိုစိတ်ချရမယ်လို့ ကျွန်မ ခံစားရတယ်”

ကောင်လေးအနည်းငယ်သည်က ကျန်းကျန်းကို ကြည့်လိုက်ကြမိသော်လည်း တကယ်တမ်းတွင် ငြင်းဆို၍ မရခဲ့ကြပါချေ။

All Chapters