← Chapters

အခန်း (၂၆၄)

Vol. 27 Ch. 264

အခန်း (၂၆၄)

Vol. 27 Ch. 264

ကျန်းကျန်းသည်ကား ရစ်ငှက်ကင်များနှင့် ယုန်ကင်များကို နှစ်ပေါင်းများစွာ ကင်ဖူးပြီး ဤသို့ကိစ္စအပေါ်၌ အတွေ့အကြုံကြွယ်ဝသည်။

သူမက သူတို့ကင်နေသည်ကို အလှည့်ကျလှန်ရန်၊ သို့မဟုတ် ပျားရည်သုတ်လိမ်းရန် အချိန်အခါအလိုက် ညွှန်ကြားပေးခဲ့သည်။

ငါးကင်များ စား၍ ပြီးခါနီးမှသာ ရစ်ငှက်ကင်များနှင့် ယုန်ကင်များလည်း ကျက်လာခဲ့သည်။

ဘာဘီကျူးမီးကို လျှော့ချပြီးသည်နှင့် ကျန်းကျန်းတစ်ယောက် သစ်ကိုင်းထူထူ၌ ထိုးထားသော ရစ်ငှက်များကို ယူ၍ ကျောင်းသားအနည်းငယ်ကို ဝေငှပေးလိုက်သည်။

ကွားရှောင်ချင်းသည်က သစ်ကိုင်းထူထူနှစ်ချောင်းကို ကိုင်ထားပြီး သူမ၏မျက်လုံးများက နည်းနည်းမျှ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

“”ဒါတွေ အကုန် ငါ့အတွက်လား”

ကျန်းကျန်းတစ်ယောက် ရစ်ငှက်တောင်ပံတစ်ခြမ်းကို မှုတ်ရင်း ဖဲ့၍ ပါးစပ်အတွင်းထည့်လိုက်သည်။

“အကုန် နင့်အတွက်ပဲ”

ကျန်းကျန်းသည် သူမကို ပြုံး၍ ကြည့်လိုက်သည်။

“မြည်းစမ်းကြည့်ပါဦး၊ ပူပူနွေးနွေးရှိတုန်း စားတာက အရမ်းစားလို့ကောင်းတယ်”

ကွားရှောင်ချင်းသည်လည်စ ကျန်းကျန်းကို အတုခိုး၍ ကြက်တောင်ပံများကို ဆွဲဖဲ့ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း အကြိမ်ပေါင်းများစွာ အပူလောင်သွားသည်ကြောင့် သစ်ကိုင်းတစ်ချောင်းကို ကိုင်၍သာ ကြက်ပေါင်သားကို ကိုက်လိုက်သည်။

“အရသာရှိလိုက်တာ၊ ဟွတ်...”

ကွားရှောင်ချင်း ပူလောင်ပြီး အသက်ရှူလိုက်သည်။

“ငါ စားလို့ မကုန်မှာကိုပဲ စိုးရိမ်တယ်”

သူက စင်ပေါ်၌ ကျန်ရှိနေသေးသော ယုန်ကို ကြည့်လိုက်သည်။

“ယုန်သားရဲ့ အရသာကိုလည်း မြည်းစမ်းရမယ်”

“မကုန်ရင် ညနေဘက်ကျမှ ပြန်စားပေါ့၊ ငါကတော့ နင့်ကို စောင့်နေမှာ မဟုတ်ဘူး”

ကျန်းကျန်းသည် သူ့ကို ပြုံး၍ ကြည့်လိုက်ပြီး ကြက်တောင်ပံတစ်ခြမ်းကို အမြန်ရှင်းပစ်လိုက်သည်။

လက်ရှိလူနေမှုဘဝသည်ကား နည်းနည်းလောက် ခက်ခဲနေသေးသည်။ ကွားရှောင်ချင်းနှင့် မုန်ယောင်ရှင်းသည်က တော်ဝင်မြို့တော်မှ ဖြစ်နေသည်သော်လည်း စနေ၊ တနင်္ဂနွေ အိမ်ပြန်လျှင် အသားစားရမည်ဟု မသေချာပါချေ။

တစ်နယ်တကျေးမှ လာရကာ ကျောင်း၌နေထိုင်သော ကျောင်းသားအနည်းငယ်အကြောင်းကိုမူ ပြောစရာမလိုတော့ပေ။

ဝက်သားအချပ်လေးများပါသော ဟင်းတစ်ခွက်ဝယ်ခြင်းသည်ကပင် သူတို့၏ထမင်းစာစသောက်မှုပုံစံကို အလွန် တိုးတက်စေသည်ဟုဆိုနိုင်သည်။

လျို့ချန်လင်းနှင့် ခုန်းရှန်ဝူကဲ့သို့သော အစားကြီးသူများအတွက်မူ ကျောင်းမှ ထုတ်ပေးသော ထမင်းဖိုးနှင့် ထောက်ပံ့ကြေးဖြင့်ဆိုလျှင် နည်းနည်းလောက်သာ စား၍ ရနိုင်ပေသည်။

သို့သော်လည်း ဤနေ့၌ ကျန်းကျန်းက သူတို့ကို ခေါ်ဆောင်လာခြင်းသည်ကား အိပ်မက်တစ်ခု အကောင်အထည်ဖော်သကဲ့သို့ပင်။

လျို့ချန်လင်းတစ်ယောက် ရစ်ငှက်ကင်ကို စားရင်း အလွန်ပျော်နေခဲ့ကာ မျက်ရည်များပင် ကျလုနီးပါး ဖြစ်သွားရသည်။

သူသည်ကား ဖဲ့ရန်ပင် မအားဆော့ဘဲ ကြက်တစ်ကောင်လုံးကို လက်ဖြင့်ကိုင်ထားခဲ့ပြီး အားရပါးရ စားနေသည့်အတွက် မျက်နှာတစ်ပြင်လုံးတွင်ပင် ဆီများပေကျံနေခဲ့ရသည်။

ကောင်မလေးများသည်က ရစ်ငှက်ပကိုတစ်ဝက်ခန့်သာ စားရသေးသည်။ ခုန်းရှန်ဝူနှင့် လျို့ချန်လင်းကမူ ရစ်ငှက်တစ်ကောင်စီကိုစားပြီးသွားခဲ့ပေပြီ။

သူတို့စား၍ကျန်ရစ်သော ရစ်ငှက်အရိုးများသည်ပင် တောက်ပနေလောက်သည်အထိ ပြောင်စင်နေခဲ့ကာ ခွေးများပင် ပို၍ လောဘတကြီး စားသောက်နေကြသကဲ့သို့ပင်။

ငါးစွပ်ပြုတ်ဟင်းချိုကို သောက်ပြီးသည်နှင့် လျို့ချန်လင်းသည်က မီးဖိုပေါ်မှ ယုန်တစ်ကောင်ကို ယူလိုက်သည်။

“ရှန်ဝူ၊ ငါတို့ တစ်ဝက်စီ”

ကျန်းကျန်းက သူမ၏ကျောပိုးအိတ်အတွင်းမှ အမဲလိုက်ဓားတစ်လက်ကို ထုတ်၍ သူ့ကို ပစ်ပေးလိုက်သည်။

“ကိုယ်တိုင် ခွဲလိုက်”

လျို့ချန်လင်းက အမဲလိုက်ဓား၏ လက်ကိုင်၌ မြှုပ်နှံထားသော ကျောက်မျက်ရတနာများအကြောင်းကို မသိသည်သော်လည်း ဓားအိမ်ကို ဆွဲထုတ်လိုက်သောအခါ အတွင်းမှ အေးစက်စက် အလင်းကို တွေ့လိုက်ရပြီး နောက်တွင် မအော်ဘဲ မနေနိုင်တော့ပေ။

“ကောင်းတဲ့ဓားပဲ”

“ဒါက ငယ်ငယ်က တောင်ပေါ်မှာ ကောက်ရခဲ့တာ၊ နှစ်တွေကြာလေ သုံးရတာ ပိုထက်လာလေပဲ”

ကျန်းကျန်းသည်လည်း သူ၏အမဲလိုက်ဓားကို အလွန်ကြိုက်သည်။

လျို့ချန်လင်း၏ ကြမ်းတမ်းသော လက်များကို မြင်သောအခါ မပြောဘဲ မနေနိုင်တော့ချေ။

“သတိထားနော်၊ ဓားကို မြေပေါ် မချမိစေနဲ့”

“စိတ်မပူပါနဲ့ အစ်မကြီး၊ ငါက သေချာပေါက် သတိထားဖို့ အမိန့်ကို နာခံမှာပါ၊ တကယ်လို့ ဒီဓားသာ ငါ့ခြေထောက်ပေါ် ကျသွားရင် အပေါက်ကြီးကြီး ဖြစ်သွားမှာ မဟုတ်ဘူးလား”

လျို့ချန်လင်းသည်က ခုန်းရှန်ဝူကို ယုန်ခန္ဓာကိုယ်ကို ဆွဲခိုင်းလိုက်ပြီး အမဲလိုက်ဓားကို ယူ၍ တစ်ချက်ဝှေ့လိုက်သည်နှင့် ယုန်ကို နှစ်ပိုင်း အဖြစ် အလွယ်တကူ ခွဲလိုက်သည်။

ခွဲဝေပိုင်းဖြတ်ပြီးသည့်နောက်တွင် သူက အမဲလိုက်ဓားကို ဓားအိမ်အတွင်းသို့ ပြန်ထည့်၍ ဘေး၌ ချထားလိုက်သည်။

ပြီးသည့်နောက်တွင် သူတို့နှစ်ဦးသည်ကား ယုန်များကို ထပ်မံ၍စားကြပြန်သည်။ ကျန်းကျန်း ဖမ်းထားသော ယုန်လေးကောင်သည် အကောင်ကြီးမားပြီး အဆီအသားပြည့်ဖိုး ယုန်များဖြစ်ကာ ကင်ထားသောအခါတွင် နူးညံ့နေခဲ့သည်။

ထို့အပြင် သေသေချာချာပြင်ဆင်ထားသော အမွှေးအကြိုင်များဖြင့် ဖြူးထားသည့်အတွက် စားလေလေ ပိုမိုစွဲမက်လေလေ ဖြစ်လာရလေသည်။

“အစ်မကြီး၊ မင်းသာ တက္ကသိုလ်ကို မတက်ဖြစ်ခဲ့ရင် မင်းက နိုင်ငံထဲမှာ အထင်ရှားဆုံး မုဆိုး ဖြစ်လိမ့်မယ်လို့ငါထင်တယ်”

လျို့ချန်လင်းသည်ကား ယုန်ပေါင်လုံးတစ်ဖက်ကို ပါးစပ်အတွင်းသို့ ထည့်ရင်း ကျန်းကျန်းကို ကြည့်ကာ ပြောလိုက်ပြန်သည်။

“ဒီလိုဆိုရင် နေ့တိုင်း အသားစားရမှာ သေချာတယ်၊ အိုး ဘဝက အရမ်း ကောင်းမွန်လွန်းနေမှာပဲ”

ကျန်းကျန်းသည် သူ့ကို မှင်သက်၍ ကြည့်လိုက်သည်။

“လျို့ချန်လင်း၊ ရှင်င် ဒီလောက်တောင် အသိဉာဏ်ပွင့်လင်းနေတာ၊ နောင်ကျရင် ပြင်သစ်ကို စေလွှတ်ခံရရင် ဘာလုပ်မလဲ”

“ဘာလို့ ပြင်သစ်ကို သွားရမှာလဲ”

လျို့ချန်လင်းက ပါးစပ်အတွင်း၌ အရိုးတစ်ချောင်းဖြင့် မျက်နှာပေါ်တွင်ပူပန်သည့်အမူအရာဖြင့် ကြည့်လာခဲ့သည်။

ကျန်းကျန်းသည်ကား သူ၏ပုံစံကြောင့် ပြုံး၍ မျက်လုံးကိုလှိမ့်လိုက်လေသည်။

ထို့နောက်ဘတ်စကတ်ဘောအရွယ် ပန်းကန်တစ်ခုပုံစံကို လက်ဖြင့်ဝိုင်းပြလိုက်သည်။

“ဒီလောက်ကြီးတဲ့ ပန်းကန်...”

သူမက လက်ချောင်းများဖြင့် ထပ်မံ၍ ဝိုင်းပြလိုက်သည်။

“ဒီလောက်ပဲ ကြီးတဲ့ ခရုကို ရှင့်အတွက် ထည့်ပေးလိုက်ရင် အဲဒါကို ဟင်းတစ်ခွက်လို့ သတ်မှတ်လိမ့်မယ်”

လျို့ချန်လင်းသည်ကား ထိုစကာစများကြောင့် ယုန်သားကြောင့် လည်ပင်းနင်၍ သေလုနီးပါး ဖြစ်သွားသည်။

သူသည်ကား ရှီကျွင့်ကျဲကို ကြောက်လန့်တကြား ကြည့်လိုက်လေသည်။

“ငါ့သူငယ်ချင်းလေး၊ သူမ ပြောတာ အမှန်ပဲလား”

ရှီကျွင့်ကျဲသည် သူ့ကို ပြုံး၍ ကြည့်လိုက်သည်။

“ပြင်သစ်အစားအစာက တကယ်ကို အရေအတွက်များမများထက် အရသာ ကောင်းမွန်မှုအတွက်နဲ့ပဲ နာမည်ကြီးတာပါ၊

ဒါပေမယ့် မင်းက အသားကြိုက်တယ်မဟုတ်ဘူးလား၊ ပြင်သစ်မှာ စတိတ်နဲ့ သိုးပေါင်သားကို အဓိကဟင်းအဖြစ် သုံးနိုင်တယ်၊

ဒါပေမယ့် သူတို့က တစ်ဝက်လောက်ပဲကျက်တဲ့အချိန် စားရတာကို ကြိုက်တယ်၊ ဓားနဲ့လှီးရင် အကုန် သွေးစိမ်းတွေ ထွက်လာနေတုန်းပဲ”

ကောင်မလေးအနည်းငယ်သည်က ကြောက်လန့်တကြား အမူအရာများကို ပြသကြ၍ လျို့ချန်လင်းသည်ကား မျက်ရည်မကျဘဲ ငိုချင်လာခဲ့သည်။

“ငါ အဲဒီတုန်းက မျက်လုံးမှိတ်ပြီး ဒီမေဂျာရွေးလိုက်တာ၊ အခုချိန်ပျမှ မေဂျာပြောင်းဖို့ နောက်ကျနေပြီလား၊ ငါ ပြောင်းလို့ရဦးမယ်လို့ မင်းထင်လား”

“နောက်ကျနေပြီ ထင်တယ်”

ကျန်းကျန်းက ၎င်း၏ စိတ်ပျက်အားငယ်စွာ ကြည့်လိုက်ပြီး သူ့ကို ရေအေးတစ်ခွက်လောင်းချလိုက်သည်။

“ရှင့်မှာ အဲဒီလို့အသုံးမဝင်တဲ့ အရာတွေကို စဉ်းစားဖို့ အချိန်ရှိနေတယ်ဆိုရင် မနက်ဖြန်မှာဖြေရမဲ့ စာမေးပွဲအကြောင်းကို ဘာလို့ မစဉ်းစားတာလဲ”

လျို့ချန်လင်း၊ ခုန်းရှန်ဝူနှင့် မုန်ယောင်ရှင်းတို့ သုံးဦးသည်ကား သူမကို တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြပြီး သူတို့၏ရင်တွင်းမှ ဝမ်းနည်းပူဆွေးသံများ ထွက်ပေါ်လာခဲ့သည်။

လျို့ချန်လင်းက သူ၏ ကြွက်သားအပြည့်ရှိနေသော လက်မောင်းတုတ်တုတ်များကို မြှောက်ကာ ငိုနေသော အမူအရာကို ပြသလိုက်သည်။

“အိုး.. ငါ ဒါကို တမင် မေ့ထားတာလေ၊ မင်း ဘာလို့ ပြန်ပြောရတာလဲ၊ အား.. စိတ်ညစ်လိုက်တာ၊ ငါ အခု စားတောင် မစားနိုင်တော့ဘူး”

သူက စကားပြောနေရင်း ယုန်သားတစ်တုံးကြီး တစ်တုံးကို ဆွဲဖဲ့လိုက်ပြီး အလုပ်ကြီးကိုက်လိုက်လေ၏။

သူ၏ ပါးစပ်တစ်ပြင်လုံးတွင် ဆီများပေကျံနေသည်အတွက် အစားအစာပင် မစားနိုင်ဟူသော လက္ခဏာ မရှိနေခဲ့ပါချေ။

မုန်ယောင်ရှင်းသည်က အသက်ပြင်းပြင်း ရှူလိုက်သည်။

“တကယ်တော့ ငါတို့က ပုံမှန်စာမေးပွဲတွေကို မကြောက်ပါဘူး၊ ဒါပေမယ့် ပါမောက္ခက ဘာတွေလုပ်လာမယ်ဆိုတာကို မသိဘူးဖြစ်နေတာလေ၊

ဒီတစ်ခါတော့ ပိုပြီး ပုံမှန်တွေးပြီး ငါတို့လို သာမန်လူတွေအတွက် အသက်ရှင်ဖို့ နည်းလမ်းလေး နည်းနည်းပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်”

ခုန်းရှန်ဝူသည်လည်း ခေါင်းကို ပြင်းပြင်း ညိတ်လိုက်သည်။ သူ၏ယုန်ကင်က စား၍ ကုန်ခါနီးပြီကို မြင်သောအခါ မုန်ယောင်ရှင်းဘေးသို့ အသာ တိုးကပ်ပြီး တစ်ဖက်သူ၏ယုန်ပေါင်များကို ဖဲ့လိုက်လေသည်။

“အရင်တစ်ခေါက် စာမေးပွဲတုန်းက နောက်ဆုံးမေးခွန်းက ပြင်သစ်ဘာသာနဲ့ ရှေးကဗျာတွေကို ဘာသာပြန်ခိုင်းတာလေ၊

ငါတို့အနေနဲ့ စိတ်ဝင်စားစရာကောင်းရုံလောက်ပဲ ရေးလို့ မရဘူး၊ နားထောင်လို့ကောင်းပြီး ရွတ်ဖတ်တဲ့အချိန်မှာလည်း ရွက်ဖတ်လို့ကောင်းနေရမယ်၊

ငါ နောက်ဆုံးနာရီဝက်ကို အဲဒါကိုဖြေရင်းနဲ့ ကုန်သွားတော့ အရင်တုန်းက ဖြေထားတဲ့ မေးခွန်းတွေကိုတောင် စစ်ဖို့ အချိန်မရလိုက်ဘူး”

ကွားရှောင်ချင်းသည်က သူတို့၏စကားများကို ကြားရသောအချိန်တွင် အလွန် ရယ်မောခြင်သွားရသည်။

“ရှင်တို့ရဲ့ ပြင်သစ်ဆရာက ကျွန်မတို့ ဌာနကို လာသင်သင့်တယ်၊ ကဗျာအဖြစ် ဘာသာပြန်ရန် မလိုဘူး၊ သူ့အတွက် စကားပြေဝတ္ထုအဖြစ် ပြောင်းလဲပေးရင်တောင် ကျွန်မတို့ အဆင်ပြေပါတယ်၊ စကားလုံးသုံးထောင်ဆိုတဲ့ ပမာဏက အစပိုင်းသာရှိသေးတယ်နော်”

ရှုကျားကျားသည်လည်း အသံထွက်အောင် ရယ်လိုက်သည်။

“နင်တို့က ရေးတတ်သေးတယ်၊ ငါ နောက်ဆုံး အတန်းတွင်းစာမေးပွဲတုန်းက စာစီစာကုံးစာရွက်ကုန်သွားတာတောင် အဓိကအကြောင်းအရာထဲကို မရောက်နိုင်သေးဘူး၊ ဒါကြောင့် အကုန်လုံး ကျရှုံးခဲ့တာပဲ “

လူအနည်းငယ်သည်က စားရင်းသောက်ရင်းဖြင့် စကားတပြောပြောရှိနေခဲ့ကြကာ သောကြာနေ့ကို ပျော်ပျော်ပါးပါး ကုန်ဆုံးနေခဲ့ကြသည်။

အချိန် နှစ်နာရီခန့်ကြာအောင် ထမင်းစားပြီးသည်နောက် ကောင်မလေးများသည်ကား အစာစားချင်စိတ် နည်းပါးကြသည့်အတွက် သူတို့၏ ကျန်ရှိနေသော ရစ်ငှက်ကင်များ၊ ယုန်ကင်များနှင့် ငါးကင်များကို သူတို့ယူလာသော အိတ်အတွင်းသို့ထည့်လိုက်ကြလေ၏။

သူတို့အနေဖြင့် ညကျလျှင် အဆောင်၌ အတူတကွစားရန် ပြင်ဆင်ထားကြသည်။

ယောက်ျားလေးဘက်တွင်တော့ အစားကြီးသူ လျို့ချန်လင်းနှင့် ခုန်းရှန်ဝူတို့ကြောင့် ငါးဟင်းချိုပင်လည် တစ်စက်မျှပင် မကျန်ခဲ့ချေ။

သူတို့နှစ်ဦးကတော့ ဗိုက်များကို ဖုံးအုပ်ပြီး မြေပြင်ပေါ်၌ ခြေပစ်လက်ပစ် ထိုင်နေခဲ့ကြတော့သည်။

All Chapters