အခန်း (၂၆၅)
Vol. 27 Ch. 265
လူအုပ်စုတစ်ခုက မြစ်စပ်နားသို့ မျက်နှာသစ်ရန်၊ လက်ဆေးရန် ထွက်လာခဲ့ကြသည်။
ကျန်းကျန်သည်းကား မြေပြင်ပေါ်ရှိ အရိုးများအား ချန်ထားခဲ့၍ သိပ်ပြီးအဆင်မပြေလောက်ဟု ထင်မြင်သဖြင့် ကောင်လေးတစ်ဦးအား မီးတးစေလျက် ကျန်ရှိသည့် ရစ်ငှက်၊ယုန် အရိုးများနှင့် ငါးအရိုးများ အားလုံးအား မီးရှို့ဖျက်ဆီးစေခဲ့သည်။
ထို့နောက်တွင် မီးငြိမ်း၍ မီးဖိုထားရာနေရာကို ရေဖြန်းပြီးနောက်တွင်ဆေား သူတို့အားလုံး ရထားဘူတာဘက်သို့ ထွက်ခွာသွားခဲ့ကြသည်။
သူတို့ ကျောင်းသို့ ပြန်ရောက်သောအချိန်တွင်တော့ အဆောင်၌ရှိသော တခြားသူများက သူတို့နှင့်အတူပါလာသော ရစ်ငှက်နှင့် အသားကင်များအား မြင်သည့်အခါတွင် မျက်လုံးများ ပြူးကျယ်သွားခဲ့ကြတော့သည်။
ရှုကျားကျားက ထိုအသားကင်များကို စားနေစဉ် သူမတို့ အမဲလိုက်ထွက်ခဲ့သည့်အကြောင်းကို လက်ဟန်ခြေဟန်ဖြင့် ပြောပြနေခဲ့ကာ ကျန်ရှိသောသူများလည်း နားထောင်နေခဲ့သည်။
သူတို့၏ အိပ်ဆောင်တစ်ခုလုံးကား စိတ်ကြည်လင် ပျော်ရွှင်နေခဲ့ကြကာ မွှေးကြိုင်သော အသားဟင်းအနံ့များလည်း လွင့်ပျံနေခဲ့သည်။
ဘေးအခန်းမှ လီရှန်းမေ့ အမည်ရှိသော အမျိုးသမီးတစ်ဦးသည်လည်း ကျန်းကျန်း၏ အခန်းဖော် စူးရှို့ထောင်၏ ရွာဘက်မှ တစ်ရွာတည်းသာချင်းဖြစ်နေသည့်အားလျော်စွာ ဤပျော်စရာမြင်ကွင်းအား လာရောက်ကြည့်ရှုဖို့အတွက် အခန်းထဲသို့ ရောကငလာခဲ့လေသည်။
တခြားလူများလည်း ရောက်လာသည်ကို မြင်သည်နှင့် အဆောင်ထဲမှ မိန်းကလေးတို့က ကျန်ရှိနေသည့် ရစ်ငှက်သားများအား အလျှင်မြန်ခွဲဝေပေးခဲ့ကြသည်။
လီရှန်းမေ့မှာကား ခွဲဝေပေးပြီးသည့်နောက် အချိန် နောက်ကျမှသာ ရောက်လာခဲ့သည့်အတွက် သူတို့၏ ပါးစပ်များ ဆီပြန်နေသည်ကိုသာ ကြည့်၍ တံတွေးများ မျိုချနေမိခဲ့ရသည်။
“အသားက ဘယ်ကနေ ရခဲ့ကြတာလဲ”
ရေသောက်နေသည့် ရှုကျားကျားက သူမအား ကြည့်လျက် ပြောလိုက်သည်။
“ဒီနေ့ ငါတို့တွေ အနောက်တောင်ဘက်တောင်တွေမှာ အမဲလိုက်သွားခဲ့ကြတာလေ။ ကျန်းကျန်းက လောက်လေးနဲ့ ရစ်ငှက်တွေကို တစ်ကောင်ပြီးတစ်ကောင်ကို ပစ်မိခဲ့တာလေ”
“အိုး၊ အဲဒီလောက်တောင် လွယ်နေတသလား”
လီရှန်းမေ့က စိတ်လှုပ်ရှားသွားလျက်ပြောလိုက်သည်။
“ဒီလောက်ပျော်စရာကောင်းတဲ့ကိစ္စကို ဘာလို့ ငါ့ကို မခေါ်ခဲ့ကြတာလဲ၊ နောက်အပတ်ကျရင် အတူတူသွားကြမလား ၊ ငါလည်း ရစ်ငှက်ကင်စားချင်တယ်”
လီရှန်းမေ့မှာ သတင်းစာမေဂျာကို အထူးပြုခြင်း မဟုတ်သော်လည်း သူတို့နှင့် အနည်းငယ်နီးစပ်ခဲ့ပြီး စူးရှို့ထောင်၏ တစ်ရွာတည်းသူချင်းဖြစ်သည့်အတွက် မကြာခဏ လာရောက်စကားပြောလေ့ရှိသည်။
ထို့ကြောင့် ကျန်းကျန်းသည်လည်း သူမနှင့် အတော်အတန် ရင်းနှီးသည်။ ထိုသို့ ရင်းနှီးနေသည့်အတွက် သူမက အဆောင်အတွင်းမှ လူများကို အခွင့်အရေးယူတတ်သည်ကို သိရှိသည့်အခြိန်တွင် သာမန်ကိစ္စဟုသာ မှတ်ယူထားခဲ့သည်။
သို့သော်လည်း သူမ၏ အကျင့်အား သဘောမကျကြပေ။
ကျန်းကျန်းက သူမအား တစ်ချက်ကြည့်လျက် ညင်သာစွာ ပြုံးလိုက်သည်။
“မသွားတော့ဘူး၊ ငါ နောက်အပတ် အိမ်ပြန်မှာ”
လီရှန်းမေ့တစ်ယောကင ခဏတာ ကြောင်သွား၍ ပြန်ပြုံးကာ ပြောလိုက်ပြန်သည်။
“ရတယ်၊ နောက်အပတ် မသွားရင်လည်း ကိစ္စမရှိဘူး၊ စိတ်မပူနဲ့ နောကာထပ်လာမဲ့ တစ်ပတ်ကျရင် သွားကြမယ်”
ကျန်းကျန်းက ထရပ်လျက် မီးချောင်းအား ပိတ်၍ စားပွဲပေါ်ရှိ စာအုပ်များအား စီစဉ်လိုက်သည်။
“နှစ်ပတ်လောက်ရှိဆိုရင် ရာသီဥတုကလည်း အေးလာပြီ၊ သွားရတဲ့ နေရာကလည်း အရမ်းဝေးတယ်၊ တစ်ခါသွားဖူးတာနဲ့တင် တော်လောက်ပြီ။ ငါ ဒုတိယအကြိမ် ထပ်သွားဖို့ အစီအစဉ်မရှိဘူး”
လီရှန်းမေ့မှာ အနည်းငယ် မပျော်သည့်ဟန် ဖြစ်သွားခဲ့သည်။
“ဒါပေမဲ့ ငါက မရောက်သေးဘူးလေ”
“ဒါဆို နင် နင့်ရဲ့သူငယ်ချင်းတွေနဲ့အတူတူ သွားလို့ရတာပဲ”
ကျန်းကျန်းက အေးစက်သည်သအသံဖြင့် သူမအား ကြည့်လျက် ဆက်ပြောခဲ့သည်။
“အဲဒါက ငါ့ကိစ္စ မဟုတ်ဘူး၊ နင် ငါ့ကို အစီရင်ခံစရာ မလိုဘူး”
ကျန်းကျန်းမှာ ကျောင်း၌ အမြဲပြုံးနေတတ်သော်လည်း သူမ၏ မျက်နှာက အရှိန်အဝါရှိဆဲပင်။
သူမ၏ စကားမဆုံးသေးသည့် လီရှန်းမေ့၏ စကားလုံးများအား ချက်ချင်း အကြည့်လွှဲသွားစေခဲ့သည်။
ကျန်းကျန်းက စာအုပ်အား သိမ်း၍ ကျောင်းလွယ်အိတ်အား လွယ်ကာ ရှီကျွန့်ကျဲထံ၌ အိမ်စာများပြန်လေ့ကျင့်ရန် ပြင်ဆင်လိုက်သည်။
သူမက သူမ၏ အခန်းဖော်များအား နှုတ်ဆက်၍ အမြန်ထွက်ခွာသွားခဲ့လေသည်။
“အိုး ကြည့်ပါဦး ၊ နင်တို့ရဲ့အတန်းက လီမင်ကျန်းကတော့ တော်တော်မာနကြီးတာပဲ”
ကျန်းကျန်း အဆောင်ထဲ၌ ရှိနေစဉ်အချိန်တုန်းက လီရှန်းမေ့မှ် တစ်လုံးမျှ မပြောရဲပေ။
သို့သော် ကျန်းကျန်း ထွက်ခွာသွားသည့်အချိန်တွင်မူ အနည်းငယ် ရှက်ရွံ့နေသဖြင့် အဓိပ္ပါယ်မရှိသည့်စကားများကို တီးတိုးရေရွတ်နေမိသည်။
အဆောင်တွင်းရှိ မိန်းကလေးအနည်းငယ် သူမအား ကြည့်နေသည်ကို မြင်သည့်အခါ အမြန်ပင်မေးလိုက်သည်။
“သူမက အဆောင်မှာ အမြဲတမ်း ဒီလိုပဲလား”
“မဟုတ်ဘူး”
ကွားရှောင်ချင်းက သူမအား မော့ကြည့်လျက် ဆက်ပြေလိုက်သည်။
“ကျန်းကျန်းက အရမ်းကောင်းမွန်တယ်”
“ဒါပေမဲ့ နင်တို့ပြောသလိုတော့ မဟုတ်ဘူးလို့ ငါထင်တယ်၊ ငါက အတူသွားဖို့ ပြောတာကိုတောင် သူမက မလိုက်ဘူး”
လီရှန်းမေ့က နှုတ်ခမ်းများကိုမဲ့ကာ အနည်းငယ် ပေါ့ပေါ့ဆဆ ပုံစံဖြင့် ဆက်ပြောခဲ့သည်။
“သူမက ဘာတွေများ အံ့သြစရာရှိနေလို့လဲ၊ သူမကပဲ ပိုပြီးကောင်းအောင် လေ့လာနိုင်တယ်လို့ ထင်နေတာလား၊
ငါပြောမယ်၊ တက္ကသိုလ်မှာ စာမတော်တဲ့ ကျောင်းသားမရှိဘူး၊ နင်တို့ကြည့်လိုက်ပါလား၊ သူမမှာ အရည်အချင်းရှိတယ်လို့ မြင်နိုင်ပေမဲ့ သူမက သူတပါးနဲ့တောင် ခေါ်ပြောဆက်ဆံလို့မရဘူး။
သူမကပဲ အမဲလိုက်နိုင်တယ်လို့ နင်တို့ ထင်နေတာလား၊ တကယ်တော့ အမဲလိုက်တယ်ဆိုတာက အဲဒီလောက်ထိမခက်ပါဘူး၊ ငါလည်း လောက်လေးနဲ့ အမဲလိုက်နိုင်တယ်”
ရှုကျားကျားမှာ ဤစကားအား ကြားသည့်အခါတွင် မပျော်ရွှင်တော့ဘဲ သူမ၏ မျက်ခုံးများက တွန့်ကွေးသွားခဲ့ကာ ချက်ချင်း ပေါက်ကွဲတော့သည်။
“နင့်ကို နင် ဘယ်သူလို့ ထင်နေတာလဲ၊ ငါတို့ရဲ့ ကျန်းကျန်းက နင်ခေါ်လိုက်တာနဲ့ပဲ လိုက်သွားရမှာတဲ့လား၊ နင့်ရဲ့မျက်နှာက နည်းနည်းလောက် ကြီးလွန်းနေတာလား”
သူမ၏ စကားဆုံးသည်နှင့် အဆောင်တွင်းမှ မိန်းကလေးများစွာက ရယ်ကြသည်။
“သူမရဲ့ မျက်နှာက တော်တော်ကြီးတယ်လို့ ငါထင်တယ်”
“မျက်နှာကြီးရုံသာမကဘူး အသားလည်း ထူသေးတယ်”
လီရှန်းမေ့ ထိုင်မနေနိုင်တော့ချေ။ သူမက အရှက်ရသဖြင့် ခံစားရကာ ဘေးနားရှိ စိတ်ဆိုးနေသည့် တစ်ရွာတည်းသူချင်း စူးရှို့ထောင်အား ကြည့်လိုက်သည်။
“ငါက ငါ့ရဲ့တစ်ရွာတည်းသူနဲ့ လာကစားတာ၊ နင်တို့နဲ့ စကားပြောဖို့ လာတာ မဟုတ်ဘူး”
စူးရှို့ထောင်တစ်ယောကင ချက်ချင်း ထရပ်၍ သူမအား ဆွဲခေါ်ကာ အပြင်သို့ ထွက်သွားခဲ့သည်။
အစပိုင်း၌ ရှုကျားကျားက စူးရှို့ထောင်တစ်ယောက် သူတို့ကို စိတ်တိုနေသည်ဟု ထင်ခဲ့သော်လည်း သူမ လိုက်မီ၍ အော်ဟစ်ဖို့ လုပ်နေစဉ်တွင် စင်္ကြန်အပြင်ဘက်မှ ရန်ဖြစ်သံများ ကြားလိုက်ရသည်။
စူးရှို့ထောင်၏ မှန်သည်ကို မှားသည်ကို ခွဲခြားသိမြင်တတ်မှုအား မြင်သည့်အချိန်တွင် ရှုကျားကျား၏ မျက်နှာအမူအရာက ပြေလျော့သွား၍ မုန်ရန်ရှောင်၏ ကုတင်ပေါ်၌ ထိုင်လိုက်သည်။
“သူမက အသိစိတ်ရှိသေးတယ်။ ငါ့ရဲ့ ယုန်ကင်ကို အလကားမစားဘူး”
ဝေ့ယွီကျင်းက သူမအား ကြည့်၍ ခေါင်းခါကာ သက်ပြင်းချနေမိသည်။
“တစ်ယောက်က တစ်ယောက်ထက် ပိုဒေါသကြီးတယ်၊ အမြောက်ဆံပစ်သလိုပဲ”
ရှုကျားကျားက နှုတ်ခမ်းတွန့်၍ ပြုံးလိုက်သည်။
“သေနတ်ပစ်တာက အမြဲတမ်း လူအိုကြီးတွေလို ငြိမ်နေထက် ပိုကောင်းတာပေါ့၊ အဆောင်ထဲက ညီအစ်မတစ်ယောက်က ဘာလို့ ဘာကိုမှ မကာကွယ်တာလဲ”
ဝေ့ယွီကျင်းက သူမအား ဒေါသတကြီး ရယ်မောလိုက်သည်။
“ကြည့်စမ်း၊ နင်က မကျေနပ်သေးဘူး။ ငါစကားတစ်လုံးပြောလိုက်တာနဲ့ နင်ငါ့ကို ပြောတော့တာပဲ”
အပြင်ဘက်မှ ရန်ဖြစ်သံအား ကြားသည့်အခါ ဝေ့ယွီကျင်းက ခေါင်းအား စိတ်ပျက်စွာ ခါလိုက်သည်။
“တော်ပြီ၊ ငါစိတ်မပူတော့ဘူး။ စူးရှို့ထောင် က ဘာပဲဖြစ်ဖြစ် အရှုံးမပေးတတ်ဘူး။ ဒါပေမဲ့ သူမရဲ့ ရွာသူချင်းကတော့ အနိုင်ကျင့်တတ်ပြီး ဒုက္ခကို ကြောက်တတ်တယ်”
ဆယ်မိနစ်ခန့်အကြာတွင် စူးရှို့ထောင်တစ်ယောက် မျက်နှာတွင် ဒေါသများ မပြေနိုင်ဘဲ ပြန်ရောက်လာသည်။
“ရန်ဖြစ်တာ နိုင်ခဲ့ပြီလား”
ကွားရှောင်ချင်းက သူမအား ပြန်ကြည့်လိုက်သည်။
“နိုင်စရာလမ်းမရှိဘူး”
စူးရှို့ထောင်က ဆံပင်အား စိတ်မရှည်စွာ ကုတ်လျက်။
“သူမက အခွင့်အရေးကို လုံလုံလောက်လောက် မယူရသေးဘူးလို့တောင် ထင်နေသေးတယ်။ လူတိုင်းက သူမအတွက် လုပ်ပေးရမဲ့ပုံစံမျိုး လုပ်ချင်နေတာ၊ သူမရဲ့ ဂုဏ်သိက္ခာကိုလည်း ဂရုမစိုက်ဘူး”
ရှုကျားကျားက သူမက စကားပြောသည့်အချိန်တွင် ဒေါသများပြန်ထွက်နေသည်ကို မြင်၍ ရယ်လိုက်သည်။
“ကိစ္စမရှိပါဘူး၊ နင်စိတ်မဆိုးပါနဲ့တော့၊ နောင်ကျရင် သူ့ကို အထဲမဝင်စေနဲ့တော့”
ရှုကျားကျားက စာအုပ်နှစ်အုပ်အား ဆွဲကိုင်လျက် အော်လိုက်သည်။
“စာကြည့်တိုက်က ညနှောင်းပိုင်းအထိ ဖွင့်ထားတာဆိုတော့ ငါအဲဒီမှာ စာသွားဖတ်တော့မယ်၊ ဘယ်သူလိုက်ဦးမလဲ”
သူမက အဆောင်ထဲမှ လူအနည်းငယ်အား မေးလိုက်သည့်အချိန်တွင် လူတိုင်းင ထရပ်၍ အိမ်စာ စာအုပ်များနှင့် ရေဘူးများ ကိုယ်စီယူကာ တံခါးကိုပိတ်၍ စာကြည့်တိုက်သို့ သွားခဲ့ကြသည်။
လီရှန်းမေ့အတွက်ကတော့ အဆောင်သို့ ပြန်ရောက်သည့်အချိန်တွင် စဉ်းစားလေလေ စိတ်မချမ်းသာလေလေ ဖြစ်လာသည်။
ရှုကျားကျားနှင့် အခြားသူများက အဆောင်၌ ကျန်းကျန်းမှ ရစ်ငှက်တစ်ကောင် ပစ်မိခဲ့သည်ဟု ပြောခဲ့ကြသော်လည်း အသေးစိတ်အချက်အလက်များက သိပ်မပါဝင်ပေ။
လီရှန်းမေ့က နူးညံ့သိမ်မွေ့သော ပုံစံရှိသည့် ကျန်းကျန်းပင် ပစ်နိုင်သေးသည်ဆိုသည့်အချက်အား တွေးတောကာ သူမကတော့ ငယ်စဉ်ကပင် လယ်အလုပ်များ လုပ်ခဲ့ဖူးသည့်အတွက် သူမထက် ပိုမကောင်းနိုင်လောက်ဟု ထင်ခဲ့သည်။
ထို့ကြောင့် အဆောင်သို့ ပြန်ရောက်သည်နှင့် စိတ်ဝင်စားသည့်သူ အနည်းငယ်အား ရှာ၍ တစ်ရွာတည်းသူချင်းအနည်းငယ်အားပါ ခေါ်ကာ တနင်္ဂနွေနေ့၌ ဆင်ခြေဖုံး၌ အမဲလိုက်၍ အသားကင်လုပ်စားရန် ချိန်းလိုက်ကြသည်။
အိပ်မက်က လှပသော်လည်း လက်တွေ့သည်ကား အလွန်ခက်ခဲသည်။
လူ ဆယ်ကျော်ခန့်က စိတ်အားထက်သန်စွာ ထွက်ခွာသွားခဲ့ကြသော်လည်း သူတို့က အစားအစာ ငတ်ပြတ်လာရသကဲ့သို့ ပါးစပ်တွင်းသို့လည်း အဆက်မပြတ် ထိုးထည့်နေခဲ့ကြသည်။
*
ပိုင်း၌မူ စိတ်ပျက်အားငယ်စွာ ပြန်ရောက်လာခဲ့ကြသည်။
သူတို့က အိတ်များအား အဆောင်၌ ပြန်ထားရန်ပင် အချိန်မရဘဲ ထမင်းစားဆောင်တွင်းသို့ ဝင်၍ အစားအသောက်များကို နှစ်ဆစာများ ဝယ်စားခဲ့ကြလေသည်။
သူတို့က အစားအစာ ငတ်ပြတ်လာရသကဲ့သို့ ပါးစပ်တွင်းသို့လည်း အဆက်မပြတ် ထိုးထည့်နေခဲ့ကြသည်။
*