အခန်း (၂၆၆)
Vol. 27 Ch. 266
အမဲလိုက်ရန် လူရှာသည့်အချိန်တုန်းက လီရှန်းမေ့၏ စကားများက လုံးဝလွန်ကဲနေခဲ့သည်။
အခြားသူများသည်ကား သူမပြောသည့်စကာစများကို နားထောင်၍ မြေပြင်ပေါ်မှ တောကြက်များနှင့် ယုန်များအား လက်ဗလာနှင့်ပင် ကောက်နိုင်ရသကဲ့သို့ ထင်နေခဲ့ကြသည်။
သို့နှင့် လူအများအပြားက ယုံကြည်မှုအပြည့်ဖြင့် လာခဲ့ကြကာ အိတ်အတွင်း၌ အခြောက်အခြမ်းစာများကို မည်သူကမှ ယူဆောင်လာခနင်းမရှိသည့်အတွက် အဆာပြေတစ်ခုတစ်လေတောင် မပါလာခဲ့ကြပေ။
သို့သော်လည်း သွားလုသည့်နေရာသိုးရောက်သည့်အချိန်တွင် နေရာအားလှည့်ပတ်ကြည့်၍ လူအများအပြား ကြောင်အသွားကြသည်။
သူတို့အနေဖြင့် ရစ်ငှက်နှင့် ယုန်များစွာ ရှိသည်ကို မြင်ရသော်လည်း တစ်ကောင်မျှ မဖမ်းမိခဲ့ကြပေ။
လီရှန်းမေ့က လောက်လေးတစ်လက်အား တစ်နေရာမှ ငှားလာ၍ ယူလာခဲ့သော်လည်း သူတို့လူအုပ်စုအတွင်းမှ မည်သူမျှ ကောင်းစွာ မကစားတတ်ပါချေ။
သူတို့ တစ်နေကုန် ပစ်နေသော်လည်း မည်သည်မျှ မထိခဲ့။ နေက မွန်းတည့်နေသည့်အတွက် မိန်းကလေးအနည်းငယ်က မှိုလိုက်ကောက်၍သာ ဗိုက်ဖြည့်ရန် လုပ်ရတော့သည်။
သို့သော်လည်း မကြာသေးမီကမှ ဘေးပတ်ဝန်းကျင်ရွာများမှ ကလေးများက တစ်ကြိမ်ရောက်လာကာ ကောက်သွားခဲ့ကြသည့်အတွက် ယခုမြင်ရသည့် မှိုများက မှိုတုံးများ မဟုတ်တော့ပေ။
တောင်ပေါ်၌ မှိုများရှိသော်လည်း သူတို့က တောင်ပေါ်သို့အထိ မသွားရဲကြပေ။ လူအများအပြားက ၆၀-၇၀ ကီလိုမီတာခန့် သွားလာနေခဲ့ကာ လောက်လေး ပစ်ခတ်ခဲ့ကြ၍ တစ်ရက်တာ၏ညနေစောင်းချိန်တွင် ဗိုက်ဆာဆာဖြင့် ပြန်လာခဲ့ကြသည်။
သူတို့ မည်မျှ ကံမကောင်းသည်ကို ပြောစရာမလိုတော့ပေ။
ဗိုက်ပြည့်ဝအောင် ပြန်လည်စားသောက်ပြီးသည့်အခါတွင်တော့ လီရှန်းမေ့နှင့်အတူလိုက်ခဲ့သည့် အတန်းဖော်အချို့က သူမအား အပြောကြီးသည်ဟု ကြိမ်းမောင်းကာ တိုင်တန်းကြသည်။
လီရှန်းမေ့ သူတို့နှင့် ငြင်းခုံ၍မရနိုင်သည့်အတွက် ကျန်းကျန်း၏ အဆောင်သို့ လာ၍ ပြဿနာရှာရန် လုပ်ခဲ့သော်လည်း သူမ အခန်းထဲသို့ ဝင်လာသည်နှင့် ကျန်းကျန်းအား နှာခေါင်းရင်းမှ မေးခွန်းထုတ်သည့်အချိန်တွင် ကျန်းကျန်းက သူမအား ကော်လာမှ ဆွဲကာ အပြင်စို့ ထုတ်ပစ်လိုက်ပြီး ချက်ချင်းပင် သူမ၏ အသံ ကိုတိတ်သွားစေခဲ့သည်။
ကျန်းကျန်းက ဤသို့သော ကိစ္စများအား မည်သည့်အခါမှ စိတ်ထဲထားလေ့မရှိပေ။
သူမတွင် ကျောင်း၌ လုပ်စရာများစွာရှိသည်။ အချိန်ရှိလျှင်ပင် ရှီကျွန့်ကျဲနှင့် အတူသွား၍ ချစ်ချင်နေသည်သာ။ မိန်းကလေးအတန်းဖော်တစ်ယောက်နှင့် ရန်ဖြစ်နေသည်က သူမအတွက် အချိန်ဖြုန်းခြင်းသာဖြစ်သည်။
နေ့ရက်များက ပုံမှန်အတိုင်း ဆက်လက်ဖြတ်သန်းသွား၍ မျက်တောင်တစ်ခတ်အတွင်း၌ပင် နွေဦးရာသီသို့ ပြန်ရောက်လာသည်။
ကျန်းကျန်း အိမ်၌ နောက်ကျမှ အိပ်ယာထ၍ သူမ၏ တံခါးအပြင်ဘက်၌ အသားမုန့်လုံး လှည့်ပတ်နေသည်ကို သတိထားမိလိုက်သည်။
သူက ထိုင်ခုံပေါ်၌ပင် မထိုင်နိုင်လောက်အောင် အရှိန်အဟုန်ပြင်းပြင်းဖြင့် အချင်စလိုဖြစ်နေပုံရသည်။
အဝတ်အစားလဲပြီးနောက် ကျန်းကျန်းက ပြတင်းပေါက်အား တွန်းဖွင့်လျက် ပျင်းရိစွာ အော်လိုက်သည်။
“ဝင်ခဲ့”
အသားမုန့်လုံးက သူ၏ တင်ပါးအား မီးစွဲနေသကဲ့သို့ တံခါးဘေးမှ ခုံပေါ်မှနေ ခုန်ချ၍ တံခါးအား တွန်းဖွင့်ကာ အထဲသို့ ပြေးဝင်လာသည်။
သူက ကျန်းကျန်းအတွက် မျက်နှာသစ်ရေအား အလွန်ကြိုးစားပမ်းစား ငှဲ့ပေးသည်။
“အန်တီလေး၊ မျက်နှာသစ်ပါ”
ကျန်းကျန်း သမ်းဝေလိုက်သည်။
“ဒီလောက်စောစောစီးစီး ဘာလို့ အိမ်မှာမနေဘဲ ငါ့အိမ်ကို လာတာလဲ”
အသားမုန့်လုံးက အရင်ခေတ်များက ဘုရင့်အပါးတော် မှူးမတ်များနှယ် လက်သုတ်ပဝါအား ကိုင်လျက် ဘေးနား၌ စောင့်နေသည်။
“ကျွန်တော် အန်တီလေးဆီက တောင်းစရာတစ်ခုခုလောက် ရနိုင်လား”
ကျန်းကျန်း မျက်နှာသစ်၍ သူ၏ လက်တွင်းမှ လက်သုတ်ပဝါအား ယူလိုက်သည်။ ခါးအား ကွေး၍ ရပ်နေသည့် အသားမုန့်လုံးအား တစ်ချက်ကြည့်လျက်။
“မင်းက ဒီလောက်ယဉ်ကျေးနေတော့ ငါ့ဆီက ပိုက်ဆံချေးချင်တာလား”
“ဟုတ်တယ်”
အသားမုန့်လုံး ချက်ချင်း ခေါင်းထောင်၍ မျက်လုံးများ လင်းလက်သွားသည်။
“ဘာလို့ ဒီလောက်တိကျအောင် မှန်းနိုင်တာလဲ”
“တကယ် ပိုက်ဆံချေးမှာလား”
ကျန်းကျန်း မျက်နှာသုတ်၍ လက်သုတ်ပဝါအား လက်သုတ်ပဝါချိတ်ပေါ်တင်လိုက်သည်။
ထို့နောက် သွားတိုက်၊ ပလုတ်ကျင်းပြီးနောက် စားပွဲပေါ်မှ ခန္ဓာကိုယ်လိမ်းလိုးရှင်စတစ်ဘူးအား ထုတ်ယူလိုက်သည်။
“မင်းမှာ နှစ်သစ်ကူးပိုက်ဆံတွေ အများကြီးရှိတယ်၊ မလုံလောက်ဘူးလား”
“နည်းနည်းပါးပါးလေးမှ မဟုတ်တာ”
အသားမုန့်လုံး လည်ပင်းဆန့်၍ အပြင်သို့ ကြည့်လိုက်သည်။ သူက ပြတင်းပေါက်အား လျှို့ဝှက်စွာ ပိတ်လျက် ကျန်းကျန်းဘေးနား၌ ပြန်ရပ်လိုက်သည်၊ မျက်နှာ၌မူ အနည်းငယ် စိတ်ရှုပ်ထွေးနေသည့် ပုံပေါက်နေသည်။
“အန်တီလေး၊ ကျွန်တော်တို့ အရင်စကားပြောရအောင်၊ ရရ မရရ ကျွန်တော့်အဖေကိုတော့ မပြောပါနဲ့”
ကျန်းကျန်း ဤစကားအား ကြားသည့်အခါ မျက်လုံးများ ပြူးသွား၍ သူမ၏ လက်က တုန်ယင်စွာနှင့်အသားမုန့်လုံးအားထောက်လိုက်မိသည်။
“မင်း မိန်းကလေးတစ်ယောက်ယောက်ကို ကိုယ်ဝန်ရအောင် လုပ်ခဲ့မိတာတော့ မဟုတ်ဘူးလား”
အသားမုန့်လုံးတစ်ယောက် ထိုစကားကြောင့် ကြောက်လန့်တကြားဖြင့် မြေပေါ်လဲကျလုနီးပါး ဖြစ်သွားရသည်။ သတိပြန်ဝင်လာသည့်အခါ သူမအား သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
“အန်တီလေး၊ အန်တီလေးက အပြင်လောကအကြောင်းကို အများကြီး သိနေတာပဲ”
ကျန်းကျန်း အသားမုန့်လုံးကို တစ်ချက်ကြည့်လိုက်သည်နှင့် သူမ မှားယွင်းစွာ ခန့်မှန်းမိမှန်း သိလိုက်သည်။ သူမက ကုလားထိုင်ပေါ်၌ ထိုင်လျက် စားပွဲပေါ်မှ နို့ဘူးတစ်ဘူးအား ယူကာ ရေနွေးတွင်း၌ စိမ်လိုက်သည်။
ပြီးသည့်အခါ သရေစာအိတ်တစ်အိတ်အား ဖွင့်၍ စတင်၍စားလိုက်သည်။
“ဒါဆို ခုနကအကြောင်းကို ငါ မမေးဘူးလို့ မှတ်ထားလိုက်၊ မင်းဆက်ပြောလိုက်လေ”
အသားမုန့်လုံးက နှစ်ခါလောက် ချောင်းဆိုးလျက် လက်ဖဝါးများအား စိတ်လှုပ်ရှားစွာ ပွတ်နေသည်။
“ကျွန်တော် ဒီတော်ဝင်တက္ကသိုလ်မှာ ဂျင်းဘောင်းဘီတွေနဲ့ သိုးမွေးဆွယ်တာအကြီးကြီးတွေ ဝတ်ဆင်တာ အရမ်းဖက်ရှင်ကျတာ တွေ့ရတယ်၊ ဈေးလည်းမပေါဘူး။
ပြီးခဲ့တဲ့လက ဂျင်းဘောင်းဘီဝယ်တုန်းက မေးကြည့်တော့ ကုန်ပစ္စည်းအရင်းအမြစ်က ကွမ်းတုန် ပြည်နယ်ကလို့ ပြောတယ်။ အဲဒါကျွန်တော်လည်း ကုန်ပစ္စည်းတချို့ဝယ်ပြီး ပြန်ရောင်းကြည့်ချင်တာ။
ဒါပေမဲ့ ငွေအရင်းအနှီးမလုံလောက်လို့အန်တီလေးဆီက ချေးချင်တာ။ ပြီးတော့ နှစ်ခါလောက် သွားပြန်ကြည့်ပြီး ပိုက်ဆံရနိုင်မလား ကြည့်ချင်လို့လေ”
ကျန်းကျန်း လက်တွင်းရှိ အဆာပြေမုန့်ထုတ်ကို စားသောက်နေခြင်းအား ရပ်တန့်လိုက်မိသည်။ သူမ မျက်လုံးများအား အနည်းငယ်ကျဉ်းလျက် အသားမုန့်လုံးအား ကြည့်လိုက်သည်။
သူအား ပထမဆုံးအကြိမ် သိဖူးသကဲ့သို့ပင်။
အသားမုန့်လုံးတ၀်ယောကာ ကျန်းကျန်း၏ မျက်လုံးများကြောင့် လုံးဝ တွန့်ဆုတ်မနေနိုင်တော့။ ထို့ကြောင့် ပြုံးဖြီးဖြီးလုပ်၍ ထရပ်လိုက်မိလေသည်။
“အမ်၊ မပေးဘူးဆိုရင်လည်း ကျွန်တော့်အဖေကိုတော့ ပြန်မပြောပါနဲ့၊ အန်တီလေး၊ ကျွန်တော်အရင်ပြန်လိုက်တော့မယ်”
“ခဏနေဦး”
ကျန်းကျန်းက သူအား တားလျက် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။
“မင်းက တော်တော်လေးဥာဏ်ကောင်းတာပဲ”
ထိုစကားအား ကြားသည့်အခါ အသားမုန့်လုံး စိတ်သက်သာရာရသွား၍ မျက်နှာ၌ ဝမ်းသာအားရ ဖြစ်နေသည်။
“အန်တီလေး၊ ကျွန်တော့်ကို ထောက်ခံတာလား”
“ထောက်ခံတာကတော့ လုံးဝပြဿနာမရှိပါဘူး၊ ဒါပေမဲ့ မင်းကျောင်းမှာရှိနေတဲ့ အတန်းတွေကို ဘယ်လိုစီစဉ်ထားလဲဆိုတာပဲ။
မင်းရဲ့စာမေးပွဲရမှတ်တွေ ကျသွားရင် မင်းချမ်းသာလာရင်တောင် မင်းရဲ့အဖေက မင်းကို သတ်ပစ်နိုင်တယ်လို့ ငါပြောရဲတယ်”
ကျန်းကျန်းက သူမ၏လက်တွင်းရှိ ရှာကီမာမုန့်အား စားလျက် နေ့လည်စာဘူ းတွင်း၌ ထည့်ထားသည့် နို့ဘူးအား ထုတ်လိုက်သည်။
ထို့နောက်ပုလင်းအဖုံးအား လှည့်ဖွင့်၍ တစ်ငုံသောက်လိုက်သည်။
“ကျွန်တော် ကျောင်း၀ာအတွက် သေချာပေါက် အာမခံပါတယ်၊ လုံးဝ မကျစေရပါဘူး”
အသားအုန့်လုံးက စိတ်လှုပ်ရှားစွာဖြင့် လက်များအား ပွတ်သပ်လိုက်သည်။
“ကျွန်တော့်အဆောင်က လူနည်းနည်းလောက်က စာ အရမ်းတော်တယ်၊ အချိန်တန်ရင် ကျွန်တော် သူတို့ရဲ့မှတ်စုတွေကို ကူးယူမယ်၊ မရရင်လည်း ထပ်မေးမယ်”
“အဲဒါဆိုလည်း ကောင်းပြီလေ”
ကျန်းကျန်းက သူအား ကြည့်လျက် စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
“အခုက ခေတ်ကာလကောင်းမွန်တဲ့အချိန်ပဲ၊ မင်းရဲ့ ဦးနှောက်သာ ဒုက္ခခံနိုင်ရင် ဘဝက သိပ်မဆိုးဘူးဆိုတာ သေချာတယ်”
အသားမုန့်လုံးတစ်ယောက် သူမ၏စကားကြောင့် မြောက်အရပ် မည်သည့်အရပ်မှန်းပင် မသိတော့အောင် စိတ်လှုပ်ရှားနေသည်ကို မြင်သည့်အခါ ကျန်းကျန်းက မေးလိုက်သည်။
“မင်း ဘယ်လောက်ချေးချင်တာလဲ”
အသားမုန့်လုံးက အတော်ကြာအောင် ငြိမ်သက်စွာ စဉ်းစားနေခဲ့ကာ သူ၏ လက်နှစ်ချောင်းအား ဂရုတစိုက် ဆန့်တန်းလိုက်သည်။
“နှစ်ရာလောက်”
ကျန်းကျန်း ပြုံး၍ ခေါင်းခါလိုက်မိသည်။
အသားမုန့်လုံးက သူမ မပျော်မရွှင်ဖြစ်သွားဟု ထင်သည့်အတွက် သူက စကားကို ပြန်လည်ပြောင်းလဲကာ စျေးလျော့၍ မေးလိုက်သည်။
“တစ်ရာဆိုရင်ရော ရလား ၊ ဘယ်လိုပဲဖြစ် အဲဒီလောက်ဝေးတဲ့ ခရီးကိုသွားဖို့အတွပ်ဆိုရင် အနည်းအကျဥ်းလောက်နဲ့တော့ မရလောက်ဘူး”
ကျန်းကျန်း ထရပ်၍ သေတ္တာအား ဖွင့်လိုက်သည်။
ထို့နောက် အထဲမှနေ တစ်ထောင်တန်ယွမ်ငွေစက္ကူအား ထုတ်ယူ၍ သူအား ပေးလိုက်သည်။
“ဒီခေတ်မှာ ရဲရင့်သူက ကြီးပွားနိုင်ပြီး ကြောက်ရွံ့သူကတော့ အငတ်ဘေးနဲ့သေရမှာပဲ၊ မင်းပြောတဲ့ ယွမ်နှစ်ရာလောက်နဲ့တင်ဆိုရင် အရှုံးပေါ်မှာပဲ”
ကြီးကျယ်ခမ်းနားသည့် တစ်ထောင်တန်ငွေစက္ကူများအား ကြည့်လျက် အသားမုန့်လုံးတစ်ယောက် တံတွေးမျိုချ၍ စိတ်လှုပ်ရှားစွာဖြင်သ ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။
“အန်တီလေး၊ ဒါတွေအားလုံးကို ကျွန်တော့်ကို ချေးတာလား”
သူက စိတ်လှုပ်ရှား၍ ရုတ်တရက် ထိတ်လန့်သွားသည်။
“ကျွန်တော့်ကို မကြောက်ဘူးလား.. ကျွန်တော် ပြန်မပေးမှာကို မကြောက်ဘူးလား”
ကျန်းကျန်း နောက်ထပ် ရှာကီမာတစ်ချပ်အား ကောက်ယူ၍ တစ်ကိုက်ကိုက်လိုက်သည်။
“မင်းအနေနဲ့ အရက်မသောက်ဘူး၊ လောင်းကစားမလုပ်ဘူးဆိုရင် မင်းဘယ်တော့မှ မရှုံးနိမ့်နိုင်ဘူး”
အသားမုန့်လုံးတစ်ယောက် စားပွဲပေါ်ရှိ ငွေပုံအား ကြည့်လျက် နို့တစ်ငုံ၊ ရှာကီမာတစ်ကိုက် စားနေသည့် ကျန်းကျန်းအား ကြည့်လိုက်သည်။
ထို့နောက် မျက်ရည်များဝဲ၍ စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်မိလေသည်။
“အန်တီလေး၊ ကျွန်တော် အန်တီလေးရဲ့ ယုံကြည်မှုကို မပျက်စီးအောင် လုပ်ပါ့မယ်၊ ကျွန်တော့်မှ် ပိုက်ဆံရလာရင် အန်တီလေးကို ရွှေဆွဲကြိုးကြီးတစ်ကုံး ဝယ်ပေးပါ့မယ်!”
*