← Chapters

အခန်း (၂၆၇)

Vol. 27 Ch. 267

အခန်း (၂၆၇)

Vol. 27 Ch. 267

ကျန်းကျန်းက နွားနို့တစ်ငုံသောက်လိုက်ပြီးနောက် သူမ၏ မျက်နှာကို ရှုံ့မဲ့၍ ဆက်ပြောလိုက်လေသည်။

“တော်စမ်းပါတော့၊ မင်းရဲ့ အန်တီလေးက ဂုဏ်သိက္ခာရှိတယ်။ ငါက အဲဒီလို ရွှေကြိုးကြီးတွေကို မကြိုက်ဘူး”

အသားမုန့်လုံးက နှစ်ချက်လောက်ရယ်မောပြီး ငွေစက္ကူကို ဆွဲယူကာ မေးလာခဲ့သည်။

“ဒါဆို ကျွန်တော် ပိုက်ဆံကိုယူသွားလို့ ရပြီလား”

ကျန်းကျန်းက လက်ဝှေ့ယမ်းပြီး ပြန်ဖြေလိုက်သည်။

“မင်းလုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်ပါ၊ ငါ မင်းဆီကနေ သတင်းကောင်းကို စောင့်နေမယ်”

သို့နှင့် အသားမုန့်လုံးက ငွေစက္ကူးများကို ရင်ခွင်ထဲသို့ ထည့်လိုက်၍ ကျန်းကျန်း၏ ပခုံးကို ပုတ်ကာ စိတ်အားထက်သွန်သွာဖြင့် ချီးကျူးလာခဲ့သည်။

“ကျွန်တော့်ရဲ့ အန်တီလေးဆိုတဲ့အတိုင်းပဲ၊ တကယ်ကို ကောင်းမွန်လွန်းပြီး ချစ်စရာကောင်းတယ်”

ထို့နောက်တွင် သူက မျက်ရည်များဝဲလျက် ပြေးထွက်သွားခဲ့လေ၏။

ကျန်းကျန်းက သူမ၏ တူဖြစ်သူ၏ နောက်ကျောပြင်ကို ကြည့်ပြီး ခေါင်းခါကာ ပြုံးလိုက်မိလေ၏။

ယခုအချိန်တွက် နိုင်ငံက ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်လှစ်ခြင်းကာလကို စတင်နေခဲ့၏။

ဤမူဝါဒကိုသာ ရှင်းလင်းစွာ နားလည်ပါက ချမ်းသာကြွယ်ဝခြင်းသည်က အိပ်မက်မဟုတ်တော့ချေ။

ကျန်းကျန်းဆိုလျှင်လည်း လက်ရှိတွင် တော်ဝင်မြို့တော်၊ မှော်မြို့တော်၊ ပင်းချန်နှင့် ရီတုန်စသည့် နေရာများ၌ အဝတ်အထည်ဆိုင်များ ဖွင့်လှစ်ထားသည်။

သူမက လမ်းဘေးတစ်လျှောက်တွင်ရှိသော အိမ်တစ်လုံးကိုဝယ်ယူ ပြီး ဆိုင်ပိုင်ရှင်အဖြစ်ဦးစီး ဆောင်ရွက်မည့် ယုံကြည်ရသူတစ်ဦးကို ငှားရုံသာ ဖြစ်ပေသည်။

ကျန်းကျန်းသည်က တောင်ပိုင်းနှင့် ဟောင်ကောင်ကျွန်းသို့ ပုံမှန်သွားရောက်တတ်ကာ လက်ရှိ ဒေသအတွင်းရှိ ခေတ်အမီဆုံး အဝတ်အထည်များနှင့် ပစ္စည်းများကို ဝယ်ယူလေ့ရှိသည်။

သူမအတွက်ကတော့ ထိုအဝတ်အထည်များကို သူမ၏နေရာလွတ်ထဲသို့ ထည့်ထားရုံသာဖြစ်ကာ သယ်ယူစရာအထူးတလည် မလိုအပ်ပါချေ။

ထို့အတွက် သူမက သူမ၏ လက်အောက်မှ ဆိုင်များစွာ၏ ကုန်ပစ္စည်းများကို တစ်ရက်တည်း၌ပင် ပြင်ဆင်နိုင်ပေ၏။

စီမံခန့်ခွဲမှုအပိုင်း၌ ကျန်းကျန်းက အဝတ်အထည် မည်မျှရှိသည်၊ ကုန်စျေးနှုန်းက မည်မျှကုန်ကျသည်၊ အဝတ်တစ်ထည်ချင်းစီအတွက် အနိမ့်ဆုံးဈေး မည်မျှရှိသည်ဟူသည့်အချက်ကိုသာ မှတ်ပုံတင် စာရင်းသွင်းထား၍ ကျန်သည်များကိုတော့ အရောင်းဆိုင်၏ ကိုယ်စားလှည် ဦးစီးသူများကသာ ကိုင်တွယ်၏။

ရိုးသားသူများက အမြတ်ငွေနည်းနည်းလောက်ကိုသာတင်ရောင်း၍ ကုန်ပစ္စည်းများကို ပိုမိုရောင်းချကာ ငွေကြေးအမြတ်ငွေရရှိတတ်ကြသည်။

ဥာဏ်ရည်ထက်မြက်သူများကကမူ အနိမ့်ဆုံးဈေးထက်ပိုတောင်းကြပြီး စျေးကွက်နှင့် အလိုက်ချိန်ညှိကာ ရောင်းချကြသည်။

သို့သော်လည်း ကျန်းကျန်းအတွက်ကတော့ အမြတ်ငွေသည်ကား အလွန် ကောင်းမွန်နေသည်ပင်။ အနိမ့်ဆုံးဈေးကပင် သူမအတွက် ကုန်ကျစရိတ်ထက် အဆများစွာ ပိုများသေး၏။

သူမက ဆိုင်များစွာကို တစ်နှစ်တည်းသာ ဖွင့်လှစ်ထားသေးသည်ဖြစ် သော်လည်း အမြတ်အစွန်းကတော့ ယွမ် ၁၀,၀၀၀ ကျော်ခန့် ရရှိခဲ့ပြီး ဖြစ်သည်။

ဤတစ်ကြိမ်တွင် အသားမုန့်လုံးသည်လည်စ စီးပွားရေးကို စတင်လုပ်ရန် ကြိုးစားလိုလာသောကြောင့် ကျန်းကျန်းက သဘာဝကျစွာဖြင့် သူကို မတားဆီးခဲ့ပါချေ။

တခြားသော ကျောင်းသားများက ခေတ်ကာလ၏ရေစီးကြောင်းကို လိုက်၍ ခေတ်ဆန်သည့် အဝတ်အထည်များကို ဝယ်ယူချင်နေကြသည့်အချိန်၌ ဤကလေးသည်ကား အချိန်ကာလကိုအခွင့်ကောင်းယူကာ ငွေရှာရန် စဉ်းစားပြီး ဖြစ်သည်။

ဆိုလိုသည်မှာ သူသည်ကား အမှန်တကယ်ပင် ဥာဏ်ရည်ထကငမြက်ကာ အလွန်ထူးချွန်လှပေသည်။

အသားမုန့်လုံးသည်က သူ၏ ကျောင်းကို မည်သည်ပြောလိုက်သည်ကို မသိသော်လည်း၊ မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် ကျောင်းမှ တစ်လတာ ခွင့်ရခဲ့လေ၏။

သူက ထိုနေ့၌ပင် တောင်ဘက်သို့ ရထားစီးကာ ထွက်ခွာသွားခဲ့၏။

လဝက်ကြာပြီး ပြန်လာသည့်အချိမ်၌ သူက အိတ်ကြီးအနည်းငယ်ကို သယ်လာ၏။ သူ၏ပုံစံကတော့ သဲကန္တာရမှ ထွက်ပြေးလာသည့်ပုံစံပင် ဖြစ်နေခဲ့ချေပြီ။

သူက အိမ်သို့ပြန်ရောက်သည်နှင့် ရေချိုးခန်းသို့သွား၍ ရေချိုးကို အချှင်အမြန်ချိုးကာ ခေါင်းပေါ်မှ ဆံပင်ကိုလည်း ညှပ်လိုက်လေ၏။

ထို့နောက်တွင် အသားမုန့်လုံးတစ်ယောက် နောက်ဆုံးပေါ်ခေတ်ဆန်လှသည့် ဂျင်းဘောင်းဘီကို ဝတ်ဆင်လိုက်ပြီး သူ၏ ဈေးသည်ဘဝကို စတင်လိုက်တော့သည်။

အသားမုန့်လုံးက ပြန်လာပြီးနောက် နေ့ခင်းပိုင်း၌ စာသင်ခန်းသို့ သွားခဲ့လေသည်။

ညနေဘက်ကိုရောက်လျှင်တော့ သူက ကျောင်း၏ထမင်းစားဆောင်အပြင်ဘက်၌ အဝတ်အထည်များ ရောင်းရန်အတွက် ဆိုင်ခန်းဖွင့်လှစ်တတ်သည်။

စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်များ၌ဆိုလျှင် သူက လူစည်ကားသည့် လမ်းများ၌ပင် သွားရောက်ကာ ရောင်းချတတ်သေးသည်။

သူ ယူဆောင်လာသည့် အဝတ်အထည်များက နောက်ဆုံးပေါ် ဖက်ရှင်များဖြစ်ပြီး သူ၏စကားပြောဆိုမှုသည်လည်း အလွန်ပင် ကောင်းမွန်နေသောကြောင့် လဝက်အတွင်း၌ပင် သူ၏ ကုန်ပစ္စည်းများအားလုံးက ရောင်းကုန်သွားတော့၏။

ကျန်းကျန်းဆီသို့ ယွမ် ၁,၀၀၀ ပြန်ပေးပြီးနောက်၌ အသားမုန့်လုံးတစ်ယောက် သူကိုယ်တိုင်အတွက် အသားတင်အမြတ်အစွန်း ယွမ် ၂,၆၀၀ ကျော် ရရှိခဲ့သည်။

အသားမုန့်လုံး၏ ပျော်ရွှင်နေသည့်ပုံစံကို မြင်သည်တွင် ကျန်းကျန်းက သူကို သတိပေး၏။

“မင်းက ကျောင်းသားတစ်ယောက်ပဲရှိသေးတယ်ဆိုတာကိုလည်း မမေ့နဲ့ဦး၊ မင်း အရင်ဆုံ ကျောင်းကို သွားသင့်သေးတယ်။ ဆောင်းရာသီနဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာဆိုရင်တော့ မင်းကြိုက်တာကို လုပ်နိုင်တယ်၊ ဒါပေမဲ့ စာသင်ချိန်တွေမှာ အရမ်းအလုပ်မများစေနဲ့”

ကျန်းကျန်း၏ စကားများကို အသားမုန့်လုံးက အမြဲတမ်း အမှန်တရားဟု မှတ်ယူတတ်လေ့ရှိ၏။

ဤလုပ်ငန်းသည်ကာ့ ကျန်းကျန်းထံမှ ချေးယူထားသည့် မူလအရင်းအနှီးများချည်းသာ ဖြစ်သည်ပင်။

ထို့ကြောင့် အသားမုန့်လုံးက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်၏။

“စိတ်မပူပါနဲ့ အန်တီလေး၊ ကျွန်တော် ကျောင်းမှာလည်း အတန်စာမပျက်အောင် သေချာပေါက် ဂရုစိုက်ပါ့မယ်”

ဤကလေးသည်က အမှန်တကယ်ပင် ထိုးထွင်းဉာဏ်ရှိသည်ကို သက်သေပြခဲ့၏။

သူက နွေဦးရာသီ၌ ဂျင်းဘောင်းဘီများ ရောင်း၏။ နွေရာသီ၌ ခြေအိတ်၊ စကတ်နှင့် ဒေါက်ဖိနပ်များကို ပြောင်းလဲ၍ ရောင်းချ၏။

စီးပွားရေးသည်က ပိုကောင်းလာပြီး သူ ယူလာသည့် အဝတ်အထည်များသည်လည်း တစ်ပတ်မပြည့်မီပင် ရောင်းကုန်သွားတတ်၏။

အသားမုန့်လုံးတစ်ယောက် သူ ချမ်းသာကြွယ်ဝလာရန် မည်မျှကြာမည်ဟူသည်ကို ဂုဏ်ယူစွာ တွက်ချက်နေသည့်အချိန်၌ ကျောင်းသို့လာသည့် လီမင်တုန်က သူကို ပိတ်ဆို့လာတော့၏။

ဤတစ်ကြိမ်၌ ရောင်းစရာ အဝတ်အထည်အနည်းငယ်သာ ကျန်ရှိနေတော့သည်။

မြေပြင်ပေါ်တွင် ခင်းထားသည့် ပိတ်စပေါ်၌ ခြေအိတ်တစ်ထုပ်၊ စကတ်အနည်းငယ်နှင့် ဂျင်းဘောင်းဘီနှစ်ထည် ရှိနေခဲ့၏။

အသားမုန့်လုံးက သူ၏ခါးပေါ်တွင်ရှိနေသော ဘောင်းဘီကို ပုတ်ကာ အားမာန်အပြည့်နှင့် လူစိတ်ဝင်စားစေရန် အော်ဟစ်နေခဲ့သည်။

“ကျောင်းသားတို့၊ ကွမ်းတုန်ပြည်နယ်က နောက်ဆုံးပေါ် ဖက်ရှင်တွေကို လာကြည့်ကြပါဦး၊ အခေတ်အမီဆုံး အဝတ်အထည်တွေနော်၊ ခေတ်အမီဆုံး ခြေအိတ်တွေလည်းရမယ်၊

ဒါတွေက ရုပ်ရှင်ထဲက မင်းသမီးတွေ ဝတ်တာနဲ့ အတူတူပဲ၊ မင်းတို့တွေ ကုန်တိုက်ကိုသွားမယ်ဆိုရင်တောင် ဒီလိုမျိုးကောင်းမွန်တာတွေကို ဝယ်လို့မရဘူးနော်”

မိန်းကလေးအနည်းငယ်က ဝိုင်းအုံလာခဲ့ပြီး ပိတ်စကြီးပေါ်က စကတ်ကို ကောက်ယူကာ သူမ၏ကိုယ်နှင့် တိုက်ကြည့်၏။

“ဒီစကတ်က ဆိုက်ကြီး မရှိဘူးလား”

အသားမုန့်လုံးက နောင်တရစွာ သက်ပြင်းချ၏။

“မင်း နောက်ကျသွားပြီ၊ ဆိုက်ကြီးကို ခုနတုန်းက အစ်မတစ်ယောက်က ယခုပဲ ယူသွားခဲ့တာ၊ ဒါမှမဟုတ် မင်း ဂျင်းဘောင်းဘီကို ဝတ်ကြည့်ပါလား၊ ဒီဆိုဒ်နှင့်ဆိုရင်လည်း မင်းနှင့် အနေတော်လောက်ပဲ၊ ပိုလို့တောင် လှနေလိမ့်မယ်”

ကောင်မလေးက ဒေါသတကြီး အော်ဟစ်ပြီး အသားမုန့်လုံးကို စိတ်မရှည်စွာ ကြည့်၏။

“ဒီထက်ကြီးတာ မရှိဘူးလား ၊ နင် နောက်တစ်ခါ ဘယ်တော့မှ ပြန်လာမလဲဆိုတာ မသိဘူး၊ နင် ဒီကိုရောက်ပြီဆိုတာတောင် ငါ အခုမှ ကြားခဲ့တာလေ၊ ဘာလို့ ကုန်သွားတာလဲ”

“မင်းမသိဘူးနော်၊ ကျောင်းသူလေး၊ ဒီအဝတ်အထည်တွေကို သယ်ပြန်လာရတာ မလွယ်ဘူး။ ငါ့တစ်ယောက်တည့်ပဲ ကိုယ်တိုင် သယ်လာရတာလေ၊ အဝတ်အစာစတွေက ဘယ်လောက်များလဲ ကြည့်ပါဦး၊

ဒီလိုဘ အဝတ်အထည် အများကြီးက ငါသယ်လာနိုင်တဲ့ အတိုင်းအတာပဲ။ နောက်တစ်ခါကျရင် မင်း စောစောလာခဲ့လေ၊ ငါ မင်းအတွက် တစ်ခု ထားပေးမယ်”

အသားမုန့်လုံးသည်ကား အလွန်ထက်မြက်ပြီး စကားကိုလည်း ကောင်းကောင်းမွန်မွန် ပြောတတ်လေ၏။

ကောင်မလေးသည်က အဆုံးတွင် စကတ်ကို ချလိုက်ပြီး သူမနှင့်တော်သည့် ဂျင်းဘောင်းဘီတစ်ထည်ကို ယူတိုက်ကြည့်၏။

နောက်ဆုံး၌ ဘောင်းဘီတစ်ထည်၊ ခြေအိတ်နှစ်ရန် ဝယ်ပြီး ပျော်ပျော်ရွှင်ရွှင် ထွက်သွားခဲ့လေ၏။

အသားမုန့်လုံး ကျောင်း၌ အဝတ်အထည်ရောင်းခြင်းသည်က ဤအကြိမ်မှာပထမဆုံးအကြိမ် မဟုတ်ချေ။

သူသည်က အဝတ်အထည်များ၌ ရိုးသားပြီး စိတ်ရင်းမှန်၏။ ပုံစံကိုသာမက အရည်အသွေးကိုလည်း ရွေးချယ်တတ်၏။

ဥပမာ - စကတ်ကို ကြည့်ပါဦး၊ ဘောင်းဘီကိုကြည့်ပါဦး ၊ ဒါက သူ့ဆီကဝယ်လာခဲ့တာ..

စသည့် ပါးစပ်ပြောကြော်ငြာများကြောင့် ကျောင်းသားများသည်လည်း ဤကျောင်းဝန်းထဲတွင် အပြင်မှ ကုန်တိုက်များ၌ ဝယ်သည့်အရာထက် ပိုကောင်းသည့် အဝတ်အထည်များ ရောင်းသည့် ကျောင်းသားတစ်ဦး ရှိသည်ကို သိလာကြသည်။

နာရီဝက်ခန့်ကြာပြီးနောက်တွင် ကောင်မလေးတစ်ဦးက ဆိုင်ခန်းပေါ်မှ နောက်ဆုံးခြေအိတ်ရှည်တစ်ရန်ကို ဝယ်သွားခဲ့ကာ နောက်ကျမှ ရောက်လာသည့် ကျောင်းသားများစွာသည်လည်း နောင်တရစွာ သက်ပြင်းချရုံသာ တတ်နိုင်တော့၏။

ကောင်မလေးတစ်ဦးက ပိတ်စပေါ်တွင်ရပ်နေသည့် အသားမုန့်လုံးကို ကြည့်ပြီး လာမေး၏။

“ကျောင်းသား လီချန်ရန့် ၊ နောက်တစ်ခါ ကွမ်းတုန်ပြည်နယ်ကို ဘယ်အချိန်သွားပြီး အဝတ်အထည်တွေ ပြန်ယူလာမှာလဲ”

အသားမုန့်လုံးက ခေါင်းထောင်ပြီး ပြုံး၏။

“ဒီလ ကျောင်းစာပျက်တာတွေကို ပြန်ဖြည့်ရဦးမယ်လေ၊ ဒီတော့ နောက်ထပ် နှစ်လလောက် ထပ်စောင့်ရဦးမယ်”

ကောင်မလေးက အနည်းငယ် စိတ်ပျက်သွား၏။

“ဒါဆို ကျွန်မ စကတ်အသစ် ဝတ်လို့ မရတော့ဘူးပေါ့”

အသားမုန့်လုံးက ချက်ချင်း ပြော၏။

“နောက်တစ်ခါ ငါ အဲဒီမှာရှိတဲ့ လေကာအင်္ကျီတွေ ယူလာမယ်၊ အဲဒီက လေကာအင်္ကျီတွေက ဟောင်ကောင်ကျွန်းစတိုင်တွေ ဖြစ်ပြီး ရုပ်ရှင်မင်းသမီးတွေဝတ်တဲ့အဝတ်အစားတွေလိုပဲ ၊အရမ်းမိုက်တယ်ဆိုတာ မင်းမြင်ရင်တွေ့လိမ့်မယ်”

မကြာသေးမီက ဟောင်ကောင်ကျွန်းရုပ်ရှင်များသည်က ကျောင်းဝန်းထဲသို့ လွှမ်းမိုးထားခဲ့၏။

ဟောင်ကောင်ကျွန်းမင်းသား မင်းသမီးများ ဝတ်သည့် လေကာအင်္ကျီနှင့် တူသည်ဟု ကြားသည်တွင် ကောင်မလေးက ခေါင်းတညိတ်ညိတ်နှင့် ပြောရန် မမေ့ခဲ့ချေ။

“နောက်တစ်ခါ ကျွန်မတို့ မိန်းကလေးအဆောင် သုံးလွှာကို အရင်ဆုံးလာရောင်းပေးနော်၊ အဆောင် ၈ ကိုချည်းပဲ အရင်ဦးဆုံး မသွားပါနဲ့”

အသားမုန့်လုံးက ခေါက်ထားသည့် ပိတ်စကို ဘေးနားက အိတ်ထဲသို့ ထည့်ပြီး မတ်တပ်ရပ်လိုက်၏။

“ဟုတ်ကဲ့၊ မှတ်ထားပါမယ်”

ကောင်မလေးအနည်းငယ်ကို နှုတ်ဆက်ပြီးနောက် အသားမုန့်လုံးတစ်ယောက် ပျော်ပျော်ရွှင်ရွှင်နှင့် အဆောင်သို့ပြန်၍ ငွေများကိုသိမ်းဆည်းမည်၊ ပြီးလျှင် အဆောင်မှ ကျောင်းသားများကို ညစာဖိတ်ကျွေးမည်၊ ပြီးသွားလျှင် စာကြိုးစားသည့် ပုံစံကို စတင်မည်ဟု စီစဉ်ထား၏။

သို့သော် သူ ခန္ဓာကိုယ်ကို လှည့်၍ နှစ်လှမ်းသာ လှမ်းလိုက်ရသေးသည်၊ အသားမုန့်လုံးက ခေါင်းမော့ကြည့်လိုက်သည်တွင် သူ၏ခေါင်းထဲမှ တွက်ချက်မှုများ အားလုံး ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားတော့၏။

မနီးမဝေး၌ ရပ်နေသည့် လီမင်တုန်ကိုမြင်လျှင် အသားမုန့်လုံးမှာ ဖြူဖျော့သည့် မျက်နှာဖြင့် ကြည့်ပြီး သူ၏ အိတ်ကို ဆွဲယူကာ ပြေးထွက်သွား၏။

လီမင်တုန်တစ်ယောက် အသားမုန့်လုံး သူ၏အမှားကို လာမဝန်မခံဘဲ ထွက်ပြေးရန်ပင် ရဲဝံ့သည်ကို မြင်သည်တွင် သူ၏အဆုတ်များက ဒေါသဖြင့် ပေါက်ကွဲမတတ်ဖြစ်ပြီး ပြေးရင်း ကြိမ်းမောင်းပြောဆို၏။

“ဒီခွေးကောင်ကတော့၊ ရပ်လိုက်စမ်း!”

All Chapters