← Chapters

အခန်း (၂၆၉)

Vol. 27 Ch. 269

အခန်း (၂၆၉)

Vol. 27 Ch. 269

လက်ရှိအချိန်တွင် လီမင်တုန်က ကျန်းကျန်းအား ပြန်လည်ရှင်းပြနေရန်အတွက် စိတ်မပါနိုင်သေးချေ။

“ပြောလိုက်ရင် မင်းလည်စစိတ်ဆိုးသွားမှာပဲ”

သူက ညည်းညူပြောဆိုရင်းဖြင့် လက်ကာပြကာ အသားမုန့်လုံးကို ရှာဖွေနေသည်ကို တွေ့ရသည့်အျွက်၊ကျန်းကျန်းက သက်ပြင်းအသာ လိုက်မိလေသည်။

“အခု ဒီကိစ္စကို အချိန်မဖြုန်းနိုင်သေးဘူး၊ ငါ အဲဒီကောင်ကို အရင်ဆုံး သေအောင်ရိုက်ပစ်မယ်”

လီမင်တုန် ထရပာရန်ပြင်သည်ကို မြင်သည်နှင့် ကျန်းကျန်းက ၎င်းအား ကုလားထိုင်ပေါ်သို့ ပြန်ထိုင်စေကာ ပြောလိုက်လေ၏။

“အစ်ကိုကြီး၊ အသားမုန့်လုံးက အရွယ်ရောက်နေပြီလေ၊ အစ်ကိုကြီး သူ့ကို ကြီးပြင်းခွင့် ပေးသင့်တယ်”

ကျန်းကျန်း ပြောဆိုနေရင်းဖြင့်ပင် လီမင်တုန်၏လက်ထဲသို့ ရေခွက်တစ်ခွက် ထည့်ပေးရင်း ဆက်ပြောခဲ့သည်။

“အစ်ကိုကြီး၊ ခဏလောက်ထိုင်ပြီးတော့ ဘာဖြစ်တာလဲဆိုတာကို အရင်ဆုံးပြောပါဦး”

“ကျန်းကျန်းပြောတာ မှန်တယ်”

မဒမ်လီသည်လည်း မင်တုန်ကို ကြည့်ကာ ဝင်ပြောခဲ့လေ၏။

“မင်းရဲ့ အသက်က အခုဆိုရင် လေးဆယ်တါင်ကျော်နေပြီကို၊ ပြသနာလေးတစ်ခုခုလောက် ဖြစ်လာတာနဲ့ မင်းက စိတ်မတည်ငြိမ်နိုင်တော့ဘူးလား။ အသားမုန့်လုံးကို ရိုက်ဖို့ မလုပ်ပါနဲ့ဦး၊

သူဘာလုပ်ခဲ့လို့လဲဆိုတာ မင်း ငါ့ကို အရင်ဆုံးပြောပြ၊ သူတကယ်ပဲ အမှားလုပ်ခဲ့တယ်ဆိုရင် မင်း သူ့ကို ထပ်ရိုက်မယ်ဆိုလည်း ငါမတားဘူးလို့ ကတိပေးတယ်”

လီမင်တုန်သည် ရေထွက်ထဲမှ ရေကို တစ်ကျိုက်တည်း မော့သောက်ချ၍ သက်ပြင်းချလိုက်သည် ။

“ဒီနေ့ သူ ဘာလို့အိမ်ကို ဖက်ထုပ်လုပ်ဖို့အတွက် မပြန်လာတာလဲ ဆိုတာ အဖွားသိလား။ ခုနတုန်းက ကွေ့ဟွားက ကျွန်တော့်ကို ကျောင်းကို သွားပြီး အသားမုန့်လုံးကို သွား ခေါ်ခိုင်းတယ်။

ကျွန်တော် ကျောင်းထဲကို ရောက်တာနဲ့ သူ့ရဲ့အတန်းဖော်အချို့နဲ့ တွေ့ပြီး မေးကြည့်တော့ သူတို့ကပြောတယ်လေ၊ အသားမုန့်လုံးက အဝတ်အစားတွေ ရောင်းနေတယ်တဲ့။

အဲဒီတုန်းက ကျွန်တော် အရမ်း အံ့သြသွားတာ၊ သူက ဘယ်လိုအဝတ်အစားတွေကိုရောင်းနေတာလဲလို့ မေးကြည့်လိုက်မိတယ်၊

ဒါနဲ့ သူက အခုလို အဝတ်အစားတွေကို လက်ကားဝယ်ပြီး ပြန်ရောင်းတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးတဲ့လေ၊ နွေရာသီမှာဆိုရင် သူက အိမ်ကိုပြန်မလာပဲ အမြဲတမ်း အဝေးမှာနေတယ်လို့ ကျွန်တော် ခဏခဏပြောခဲ့တယ်၊

ကျွန်တော်က သူ ကျောင်းကို သွားပြီး စာသင်တယ်လို့ထင်နေခဲ့တာ။ အခုတော့ သူက အဝတ်အစားတွေ သွားရောင်းနေတာပဲ”

အိမ်ရှိ လူအများစုသည်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြပြီး မဒမ်လီပင်လျှင် အံ့ဩသွားသည်။

ဤသည်မှာ သူမ အနည်းငယ်မျှ မျှော်လင့်မထားသည့်အရာ ဖြစ်သည်။

လူအချို့သည်က မည်သည် ပြုလုပ်ရမည်ကို မသိတော့။ အခန်းတွင် အလွန်တိတ်ဆိတ်နေစဉ် ရုတ်တရက် ကွေ့ဟွားက လက်ထဲမှ ဒလိမ့်တုံးနှင့် ခုံပေါ်သို့ ရိုက်ချလိုက်သည်။

“အဲဒီကောင်လေး ဘယ်မှာပုန်းနေတာလဲ၊ ကျွန်မ သူ့ကို မသတ်ဘဲနေမလား ကြည့်လိုက်ရအောင်”

ဝမ်စုဖန်းတစ်ယောက် အံ့အားသင့်သွားခဲ့ကာ ကွေ့ဟွား၏ လက်ထဲမှ ဒလိမ့်တုံးကို အမြန်ဆွဲယူလိုက်သည် ။

“လမင်တုန် တစ်ယောက် ရူးသွပ်နေလို့ ထိန်းသိန်းနေရမှာကို ၊ မင်းကပါ ဘာလို့ ကလေးကို ရိုက်ဖို့ပါ လုပ်နေရတာလဲ၊ မင်း သူ့ကုရိုက်ရင် မနာကျင်ဘူးလား”

ကျန်းကျန်းသည်လည်း ကွေ့ဟွားကို ခုံပေါ်သို့ ပြန်ဖိချ၍ စိုစွတ်အောင် ရေစွတ်ထားသည့် မျက်နှာသုတ်ပုဝါနှင့် ၎င်း၏လက်များကို သုတ်ပြီး ဘေး၌ ထိုင်လိုက်သည်။

“အစ်ကိုကြီးနဲ့ အစ်မ၊ ညီမလေး အသားမုန့်လုံးဘက်ကနေ ပြောချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီတစ်ခါ သူ့ရှင်းပြချက်ကို နားမထောင်ဘဲ သူ့ကို မရိုက်သင့်ဘူးလို့ ကျွန်မထင်တယ်”

မင်တုန်က လှောင်ပြောင်လိုက်သည်။

“ကောင်းပြီ၊ သူ့ရှင်းပြချက်ကို ငါနားထောင်မယ်၊ မင်း သူ့ကို ခေါ်ထုတ်လိုက်”

ကျန်းကျန်းက ခေါင်းကို အမြန်ခါလိုက်သည် ။

“သူ ထွက်လာတဲ့အချိန်မှာ အစ်ကိုကြီး ရှင်းပြချက်ကို နားထောင်နိုင်မှာ မဟုတ်မှာကို ကျွန်မစိုးရိမ်တယ်၊ အစ်ကိုက သူ့ကို ရိုက်ချင်နေတာပဲ”

“မင်းက ကာကွယ်နေတာပဲ”

လီမင်တုန်သည်က ကျန်းကျန်းကို လက်ညှိုးထိုး၍ စားပွဲပေါ်မှ တူကိုကောက်ကိုင်ကာ ဒေါသတကြီး ခေါက်ချလိုက်သည်။

ကျန်းကျန်းက နှာခေါင်းကို တို့ထိ၍ လီမင်တုန်နှင့် ကွေ့ဟွားကို ကြည့်လိုက်သည် ။

“အစ်ကိုကြီးနဲ့ အစ်မ၊ ကျွန်မ မေးခွန်းတစ်ခု အရင်မေးပါရစေ၊ ဒီတစ်ခါ အသားမုန့်လုံးရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး အစ်ကိုတို့ရဲ့စိတ်ထဲမှာ ဘယ်အရာက အဆိုးဆုံးလဲ”

“ပြောစရာ လိုသေးလား။ ဒါကျောင်းသားတစ်ယောက်လုပ်တဲ့ အလုပ်လား။ သူ့ရဲ့ ပညာရေး ဘယ်လောက်တောင် နှောင့်နှေးသွားလဲ”

လီမင်တုန်က ပြောရင်းနှင့် ထပ်မံဒေါသထွက်လာသည်။

“တော်ဝင်တက္ကသိုလ်က စာမေးပွဲဖြေဖို့ အရမ်းခက်တာ၊ သူ တက္ကသိုလ်ဝင်ခွင့်ရတာနဲ့ ပြီးပြီလို့ ထင်နေတာလား၊ စာကို ကြိုးကြိုးစားစား မသင်ဘူး။ ဒီလိုလုပာနေတာက အချိန်ဖြုန်းတာ မဟုတ်ဘူးလား”

ကျန်းကျန်း လီမင်တုန်အား နောက်ထက်ရေတစ်ခွက် ထပ်ဖြည့်ပေး၍ ဆက်ပြောခဲ့သည်

“ဒါဆို ကျွန်မမေးပါရစေ၊ ပြီးခဲ့တဲ့ စာသင်နှစ်ရဲ့ နောက်ဆုံးစာမေးပွဲရမှတ်တွေမှာ အသားမုန့်လုံးရဲ့ အဆင့်တွေက ဘယ်လိုလဲ”

လီမင်တုန်သည် ခဏမျှ အံ့အားသင့်သွားပြီးမှပြောလာသည် ။

“ကောင်းပါ တယ်၊ အဆင့်ငါးနေရာကို ရခဲ့တယ်၊ ပညာသင်ဆုတောင် ဆွတ်ခူးခဲ့သေးတယ်”

ကျန်းကျန်းက ပြုံးလိုက်သည်။

“ဒါလည်း စာသင်တာက နှောင့်နှေးတာမျိုး မရှိဘူးမလား”

လီမင်တုန်၏ ဇဝေဇဝါ ဖြစ်နေသည့် ပုံစံကို မြင်သည့်အခါ ကျန်းကျန်းက နောက်ထပ် မိုင်းကြီးတစ်လုံး ပစ်ချလိုက်သည်။

“တကယ်တော့၊ အသားမုန့်လုံးက အဝတ်အစားတွေ ရောင်းနေတာကို ကျွန်မ အစကတည်းက သိပါတယ်”

လူတိုင်း၏ အကြည့်များက သူမထံသို့ရောက်လာကာ ကျယ်လာသည်ကို မြင်သည့်အခါ ကျန်းကျန်းက ထပ်မံပြောဆိုသည်။

“နောက်ပြီး သူ့ရဲ့လုပ်ငန်းအတွက် ရင်းနှီးငွေကိုလည်း ကျွန်မကပဲ သူ်အတွက် ထုတ်ပေးခဲ့တာပါ”

“မဟုတ်သေးဘူး၊ ကျန်းကျန်း၊ မင်း သူ့ကို အရမ်းအားပေးနေတာပဲ”

လီမင်တုန်က စိတ်ပူသွားသည် ။

“ဒီလိုကိစ္စကြီးကို ဘာလို့ ငါ့ကို မပြောရတာလဲ၊ ဒီကောင်လေး မင်းဆီက ပိုက်ဆံလာတောင်းတာလား၊ မင်းကို ဘယ်လောက်အကြွေးရှိနေလဲ”

“သူ ပိုက်ဆံတွေအားလုံးကို ပြန်ဆပ်ပြီးပါပြီ”

ကျန်းကျန်းက ၎င်းကို ကုလားထိုင်ပေါ်သို့ ပြန်ထိုင်စေကာ ဆက်ပြောခဲ့သည်။

“အစ်ကိုကြီး၊ အစ်ကိုကြီး အခုချိန်ကျမှ ဘာလို့ ဒီလောက်တောင် လောလာရတာလဲ။ အစ်ကိုကြီး အသက်ကြီးလို့လား”

ကျန်းကျန်းတစ်ယောက် သူမ၏ခုံပေါ်၌ ပြန်ထိုင်၍ အားတက်သရော ပြောဆိုခါ့သည် ။

“စီးပွားရေးလုပ်တာက အသားမုန့်လုံး စာသင်တာကို နှောင့်နှေးမှာကို ကျွန်မလည်း စိုးရိမ်တယ်။ ဒါကြောင့် အရင်လအနည်းငယ်အတွင်းမှာ အသားမုန့်လုံးရဲ့ စာသင်ရမှတ်တွေကို ကျွန်မ စောင့်ကြည့်နေတာ။

သူ အတန်းကပြန် ရောက်တိုင်း စာမေးပွဲစာရွက်တွေကို ကျွန်မကို ပြတယ်။ သူက သူ့ရဲ့အိမ်စာတွေကို မလစ်ဟင်းသေးဘူးဆိုတာကို သိရလို့ ကျွန်မ အစ်ကိုတို့ကို မပြောခဲ့တာပါ။

အစ်ကိုတို့လည်း မြင်မှာပေါ့၊ သူနွေဦးမှာ တောင်ပိုင်းကို စသွားခဲ့တာ။ ပြီးခဲ့တဲ့ စာသင်နှစ်က နှစ်ကြိမ် သွားခဲ့ပေမယ့် နောက်ဆုံးစာမေးပွဲမှာ အဆင့်ငါးနေရာကို ဆက်ရနိုင်ခဲ့တယ်။”

လီမင်တုန်တစ်ယောကင ချက်ချင်းပင် စကားများပိတ်ဆို့ခံလိုက်ရ၍ ဒေါသတကြီး ခေါင်းလှည့်သွားခဲ့သည်။

ကျန်းကျန်းက ရေတစ်ငုံသောက်၍ တည်ငြိမ်အေးဆေးစွာ ပြောဆိုသည်။

“နွေဦးရာသီမှာတုန်းက အသားမုန့်လုံး ကျွန်မဆီကိုလာပြီး ဂျင်းဘောင်းဘီတွေကို လမ်းဘေးမှာ ဝတ်စားသွားလာနေဖို့ အတော်လေးခေတ်စားနေပြီလို့ ပြောခဲ့တယ်။

ဈေးကြီးပေမယ့် ဈေးကွက်အတွက် စိတ်ပူစရာ မလိုဘူးတဲ့။ သူ စုံစမ်းကြည့်တော့ တောင်ပိုင်းကနေ ထုတ်တာတွေချည်းပဲတဲ့။

ဒါကြောင့် သူ ကျွန်မဆီက ရင်းနှီးငွေနည်းနည်းလောက် ချေးပြီး အဝတ်အစားတွေ ပြန်ဝယ်ရောင်းချင်တယ်လို့ပြောခဲ့တယ်။

ကျွန်မလည်း သူ့ရဲ့ပညာရေးနဲ့ သူတစ်ယောက်တည်း တောင်ပိုင်းကို သွားတာ အန္တရာယ်ကင်းရေးကို စဉ်းစားခဲ့တယ်။ ဒါပေမယ့် ဒီကိစ္စတွေကို အသားမုန့်လုံးကလည်း စဉ်းစားပြီးသားပဲ။

သူက ဦးနှောက်မရှိတဲ့ ကလေး မဟုတ်ဘူး၊ တခြားသူတွေထက် ပိုဉာဏ်ကောင်းတယ်။ သူက အခွင့်အရေးကို ဆုပ်ကိုင်ဖို့၊ ခေတ်အလြေအနေနှင့် မူဝါဒကို ဆုပ်ကိုင်ဖို့ သိတယ်။ ဒါကြောင့် ကျွန်မ သူ့ကို ထောက်ခံသင့်တယ်လို့ ထင်တယ်”

အခန်းထဲရှိ လူများ၏ မျက်နှာများသည်က ဗလာကျင်းနေသည်ကို မြင်သည့်အခါ ကျန်းကျန်းက ဆက်လက်ပြောဆိုသည်။

“အစ်ကိုကြီး၊ အခုချိန်မှာ ခေတ်တွေက ပြောင်းလဲသွားပြီ။ အစ်ကိုတို့ နေ့တိုင်း တီဗီကြည့်ပြီး ရေဒီယိုနားထောင်ရင်း ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းရေးအကြောင်း ပြောနေတာမလား၊

ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းရေးဆိုတာ ဘာလဲ၊ ရိုးရိုးရှင်းရှင်းပြောရရင် ပြည်တွင်းပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းရေးပဲ။

ပြည်တွင်းပြုပြင်ပြောင်းလဲရေးဆိုတာ ဆိုရှယ်လစ်ဈေးကွက် စီးပွားရေးစနစ် ထူထောင်တာ၊ ကျေးလက်အိမ်ထောင်စုတွေက ထုတ်လုပ်မှုကို ကန်ထရိုက်ယူတာ၊ မိသားစုရဲ့ အရံလုပ်ငန်းတွေကို အားပေးတာပဲ၊

မြို့ပြတွေမှာဆိုရင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီက စားသောက်ဆိုင်တွေ ဖွင့်တာ၊ အဝတ်အထည်ဆိုင်တွေ ဖွင့်တာ၊ နောက်ပိုင်းမှာ စက်ရုံတွေ လုပ်ငန်းတွေတောင် ဖွင့်နိုင်တယ်။

အသားမုန့်လုံးက အခုချိန်မှာ အသေးစားလေးတွေ လုပ်နေတာကို မကြည့်နဲ့၊ သူသာ ငွေကြေးစုမိသွားရင် နောက်ပိုင်းမှာ ဘယ်လောက်ထိ သွားနိုင်မယ်ဆိုတာကို အစ်ကိုတို့ မသိနိုင်ဘူး”

မဒမ်လီက ကျန်းကျန်းကို ကြည့်၍ စပျစ်သီးတစ်လုံး သူမ၏ပါးစပ်ထဲ သို့ ထည့်လိုက်သည်။

“မင်းပြောချင် တာက အသားမုန့်လုံးက အရင်းရှင် ဖြစ်ချင်တယ်ဆိုတဲ့ သဘောလား”

ကျန်းကျန်းက ပြုံးလိုက်သည်။

“အဖွား၊ သမီးပြောမယ်၊ နောင်အနာဂတ်မှာ အရင်းရှင်ဆိုတာက အပုပ်ချတဲ့ စကားလုံး မဟုတ်တော့ဘူး။ နောက်ပိုင်းတွေမှာ နာမည်ကျော် အရင်းရှင်တစ်ယောက် ပေါ်ထွက်လာတာ အရမ်းကို ဂုဏ်ယူစရာ ကောင်းတဲ့ ကိစ္စဖြစ်လိမ့်မယ်”

ဝမ်စုဖန်းသည်က အနည်းငယ်ကြောက်သွား၍ ဝင်မေးလာသည်။

“နောက်ပိုင်းမှာ အရင်းရှင်တွေကို ရှုံးနိမ့်အောင်လုပ်ရင် ဘယ်လိုလုပ်မလဲ”

“အမေ၊ စိတ်မပူပါနဲ့၊ နောင်အနာဂတ်မှာ အဲဒီလိုကိစ္စမျိုး မရှိတော့ပါဘူး။ နိုင်ငံက အလျင်အမြန် တိုးတက်ဖို့ လိုအပ်တယ်၊ စီးပွားရေးက ပထမ ဦးစားပေးပဲ။

နောက်ပိုင်းမှာအရင်းရှင်တွေကို နှိမ်နှင်းတာမျိုး မလုပ်ဘဲ အပြင်းအထန် ထောက်ခံမှုတွေ ပေးလိမ့်မယ်။ အခုလည်း တီဗီမှာ နေ့တိုင်း ပြနေတာပဲလေ”

ကျန်းကျန်းက လီမင်တုန်ကို ထပ်မံလှည့်ကြည့်၍ ဆက်ပြောခဲ့သည်။

“ကျွန်မတို့ အမေက ဒါတွေကို နားမလည်ဘူး၊ အစ်ကိုကြီးကရော နားမလည်တော့ဘူးလား”

“စီးပွားရေးလုပ်တာက ဘာများကောင်းလို့လဲ”

မင်တုန်က ၎င်း၏ဆံပင်ကို ကုတ်ခြစ်၍ ပြောလာသည်။

“မင်း ပြောကြည့်လေ၊ သူက ဘယ်လိုပဲဖြစ်ဖြစ် နာမည်ကြီး တက္ကသိုလ်က တက်နေတာပဲ။ ဘွဲ့ရရင် အလုပ်ဌာနမှာ အလုပ်လုပ်နိုင်မှာပဲ၊ မိုးခေါင်မိုးရွာ ဝင်ငွေအာမခံထားတဲ့ သံထမင်းပန်းကန်က အပြင်မှာ ဆိုင်ထောင်တာထက် မသာဘူးလား”

“လူတိုင်းမှာ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိကြတာပဲလေ”

ကျန်းကျန်းက ပြုံး၍ ပြောလိုက်လေသည်။

*”*

All Chapters