← Chapters

အခန်း (၂၇၀)

Vol. 27 Ch. 270

အခန်း (၂၇၀)

Vol. 27 Ch. 270

“ပြီးတော့ အသားမုန့်လုံး တစ်သက်လုံး ဆိုင်ခန်းအသေးလေးပဲ ဖွင့်နေမှာ မဟုတ်ဘူးလို့ ကျွန်မယုံကြည်တယ်၊

သူက ရင်းနှီးငွေတွေကို စုဆောင်းပြီးသားပဲ။ ဘွဲ့ရပြီးရင် အလုပ်ဌာနဝင်မလား ဒါမှမဟုတ် ကိုယ်တိုင် စီးပွားရေးလုပ်မလားဆိုတာ သူ့ဆုံးဖြတ်ချက်ပဲ”

လီမင်တုန် တဖြည်းဖြည်း ငြိမ်သက်လာသည်ကို မြင်သည့်အခါ ကျန်းကျန်းက တည်ကြည်စွာ ပြောဆိုသည်။

“အစ်ကိုကြီး၊ သူ့ရဲ့ဘဝကို သူကိုယ်တိုင် ဆုံးဖြတ်ရမယ်။ အစ်ကိုကြီး တက္ကသိုလ်တက်ပြီး ဆရာလုပ်တုန်းကလည်း ကျွန်မတို့ အဖေက အစ်ကို့ကို လိုက်ပြီးမချုပ်ချယ်ခဲ့ဘူးမလား”

“သူသာ ကောင်းကောင်းမွန်မွန်တွေကိုပဲ ရွေးချယ်မယ်ဆိုရင် သူကြိုက်တာကို လုပ်နိုင်တယ်”

ဝမ်စုဖန်းသည်က ၎င်း၏ခင်ပွန်းသည်ကြောင်းအား နာကျင်စွာ စောဒကတက်ပြီးမှ ဝင်ပြောလိုက်သည်။

“မင်တုန်၊ မင်းညီမ ပြောတာက ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ငါထင်တယ်။ သူက ငါတို့မိသားစုထဲမှာ ဉာဏ်အကောင်းဆုံးပဲ၊

ဒါမှမဟုတ် မင်းညီမပြောတဲ့စကား နားထောင်ပြီး အသားမုန့်လုံးနဲ့ သကား ကောင်းကောင်းပြောလိုက်ပါ၊ တစ်ချိန်လုံး ရိုက်နှက်နေတာမျိုး မလုပ်ပါနဲ့၊ မင်းကလည်း အသိပညာအတတ်ပညာရှိတဲ့ လူယဉ်ကျေးတစ်ယောက်ပဲလေ”

ကွေ့ဟွားသည်ကား အချိန်အကြာကြီး နားထောင်ပြီးမှ အမှန်တကယ်ပင် စိတ်ငြိမ်သွားသည်။ ၎င်းသည် ကျန်းကျန်းကို ကြည့်၍ မေးသည်။

“သူ တကယ်ပဲ ပြီးခဲ့တဲ့ စာသင်နှစ်က စတင်လုပ်ခဲ့တာလား။ စာသင်တာ မနှောင့်နှေးဘူးလား”

“စာသင်တာ နှောင့်နှေးရင် အဆင့် ငါးနေရာကို ရနိုင်ပါ့မလား။ ဒါက သူ့စာသင်တာကိုပါ တိုးတက်စေတယ်လို့ ကျွန်မထင်တယ်။

အစ်မ၊ ကျွန်မတို့ရဲ့ အသားမုန့်လုံးက စီးပွားရေးပညာကို စတင် သင်နေတာ၊ သူ့ရဲ့စီးပွားရေးလုပ်ငန်းကလည်း စီးပွားရေးပုံစံတစ်မျိုးပဲ။

ဒါက သူ့ကို စာအုပ်တွေကို ပိုနားလည်အောင် ကူညီနိုင်တယ်လို့ ကျွန်မထင်တယ်။

စာအုပ်ထဲက အသိပညာတွေက ပြင်ပမီာအသုံးဝင်ပြီး လက်တွေ့မှာသင်ကြားခဲ့ရတာတွေကလည်း သူ့ကိာ အတွေးအခေါ်တွေပိုပြီးမြင့်မာစလာအောင် လုပ်ဆောင်ပေးလိမ့်မယ်၊ ဒါက သူ့ကို ဈေးကွက်စီးပွားရေးမှာ ပိုမိုဝေးဝေးသွားနိုင်အောင် ကူညီနိုင်မယ်”

ကျန်းကျန်းက ပြုံး၍ ဆက်ပြောလိုက်သည်

“အသားမုန့်လုံးမှာ ရှင်းလင်းပြတ်သားတဲ့ စိတ်ရှိတယ်၊ သူက သူလုပ်တဲ့အရာကို ကောင်းကောင်းနားလည်တယ်လို့ ကျွန်မထင်တယ်”

“ဒါဆိုလည်း ကောင်းပါပြီ၊ ငါတို့တွေ သူပြောမဲ့စကားကို နားထောင်လိုက်ကြအောင်”

ကွေ့ဟွားသည်က လီမင်တုန်၏ လက်ကို တွန်း၍ ဆက်ပြောလိုက်သည်။

“အရင်ဆုံး စိတ်အေးအေးထားရအောင်၊ ရှင် စကားပြောနိုင်ပြီလို့ ခံစားရရင် အသားမုန့်လုံးကို ခေါ်လိုက်မယ်”

“အခုခေါ်လိုက်ပါ၊ ကိုယ် သူ့ကို မရိုက်တော့ဘူး”

လီမင်တုန်က မျက်နှာကို သုတ်ပြီး ကျန်းကျန်းအား ထပ်မေးလေသည်။

“မင်းကို အသားမုန့်လုံးက တကယ်ရောပိုက်ဆံအကြွေးတွေ ပြန်ဆပ်ရဲ့လား။ သူ့ကို မကာကွယ်နဲ့နော်။ သူ တကယ်ပဲ မင်စကိုပြန်ဆပ်ထားတာလား”

“တကယ်ပြန်ဆပာထားတာပါ”

ကျန်းကျန်းက ပြုံး၍ မျက်လုံးလှန်လိုက်သည်။

“စိတ်ချပါ၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အနစ်နာခံမယ့်သူလို့ ထင်နေတာလား”

“ဒါဆို သူ မင်းဆီက ဘယ်လောက်ချေးခဲ့လဲ”

ကွေ့ဟွားသည်ကား ထိုမျှလောက်အထိ ခရီး ဝေးဝေး မသွားဖူးသော်လည်း အသားမုန့်လုံးသွားသည့် ခရီစတွင် ဘတ်စ်ကားလက်မှတ်ဝယ်ရမည်၊ စားသောက်နေထိုင်ရမည်၊ အဝတ်အစားဝတ်ရမည်ဟု ခံစားခဲ့ရသည်။

“အသားမုန့်လုံးက ကျွန်မဆီကနေ ယွမ်နှစ်ရာလောက် ချေးဖို့တောင်းခဲ့တယ်၊ ဒါပေမဲ့ ကျွန်မ သူ့ကို ယွမ်တစ်ထောင် ပေးခဲ့တယ်”

ကျန်းကျန်းက ထရပ်၍ အသားမုန့်လုံးကို ခေါ်ရန် ပြင်နေစဉ် ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် အော်သံတစ်သံက သူမ၏ ခြေထောက်များအား ရပ်တမ့်စေလိုက်သည်။

“မင်း သူ့ကို ဘယ်လောက်ပေးခဲ့တာလဲ။ ယွမ်တစ်ထောင်?!”

ကွေ့ဟွား၏ လက်များ တုန်ယင်လာသည်။

“အာ၊ သူ ဒီလောက်များတဲ့ ပိုက်ဆံကို ပြန်ဆပ်နိုင်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဘာမှ မပြောနဲ့တော့၊ သူ့ကို ဒလိမ့်တုံးနဲ့ ရိုက်မှဖြစ်မယ်”

“တကယ်ပဲ ပြန်ဆပ်ပြီးပါပြီ”

ကျန်းကျန်းက မျက်ရည်များ ဝဲနေသည့်ယောက်မဖြစ်သူအား ဖိထားပြီး ဆက်ပြောလိုက်သည်။

“အစ်ကိုကြီးနှင့် အစ်မက အသားမုန့်လုံးကို အရမ်းလျှော့တွက်တာပဲ၊ သူ ကျွန်မရဲ့ ရင်းနှီးငွေကို ပြန်ဆပ်နိုင်တဲ့အပြင် ပထမဆုံး စီးပွားရေးစလုပ်တဲ့တစ်ခေါက်မှာပဲ ယွမ်နှစ်ထောင်ကျော် ရှာခဲ့တယ်။ ကျွန်မပြောပြမယ်၊ ဒီနှစ်ကုန်လောက်ဆို အစ်မရဲ့သားက ယွမ်တစ်သောင်းလောက် ရရှိနိုင်မယ့် သူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျွန်မပြောနိုင်တယ်”

ကွေ့ဟွားသည်ကား ထိုစကားကို ကြားသောအခါ ပို၍ တုန်ယင်လာသည်။ သူမ မူးလဲတော့မည်ကဲ့သို့ ခံစားရသည်။

ကျန်းကျန်း အိမ်ထဲသို့ ပြန်ဝင်ပြီး အသားမုန့်လုံးအား ကုတင်အောက်မှ ခေါ်ထုတ်လိုက်သည်။

“ထွက်ခဲ့၊ မင်းမိဘတွေနဲ့ ငါသဘောတူထားပြီးပြီ၊ အချိန်တန်ရင် မင်းစဉ်းစားထားတာတွေကို သူတို့ကို ပြောလိုက်ရုံပဲ”

အသားမုန့်လုံးက စပျစ်သီးအခွံနှင့် အစေ့များပါသည့် ပန်းကန်လုံးတစ်လုံးကို အရင်ဆုံးတွန်းထုတ်ပြီးမှ မိမိဘာသာ ကုတင်အောက်မှ ထွက်လာသည်။

အသားမုန့်လုံးတစ်ယောက် ထုံနေသည့် ခြေလက်အင်္ဂါများကို လှုပ်ရှားရင်း လည်ပင်းကို ဆန့်၍ ပြတင်းပေါက်မှ ဧည့်ခန်းကို ကြည့်လိုက်သည်။

“အန်တီလေး မလိမ်ဘူးမလား။ ကျွန်တော့်အဖေလို ရိုးသားတဲ့သူက စိတ်ဆိုးရင် တကယ်ပဲ လူကိုသတ်ပစ်နိုင်တယ်”

“စိတ်ချပါ။”

ကျန်းကျန်းက ခဏစဉ်းစားပြီး ထပ်ပြောလိုက်သည်။

“ဒါပေမယ့် ငါ မင်းအမေကို မင်းပိုက်ဆံအများကြီး ရှာထားတယ်လို့ ပြောပြလိုက်တော့ သူနည်းနည်း ကြောက်သွားတယ်”

“အဆင်ပြေပါတယ်၊ ကျွန်တော့်အမေရဲ့ လက်ခံနိုင်စွမ်းက ကျွန်တော့်အဖေထက် အများကြီး ပိုကောင်းပါတယ်”

အသားမုန့်လုံးက သက်ပြင်းချပြီး ကျန်းကျန်း၏ အနောက်မှ ဧည့်ခန်းထဲသို့ ပြန်လိုက်လာသည်။

လီမင်တုန် ပါးစပ်ကိုဖွင့်၍ မပြီးမီပင် အသားမုန့်လုံးသည်က စိတ်လှုပ်ရှားမှုမရှိအောင်ထိန်းချုပ်၍ ဆက်ပြောလာခဲ့သည်။

“အမေနဲ့ အဖေ၊ ကျွန်တော် မှားသွားပါပြီ၊ အ‌ဖေတို့ကို ဖုံးကွယ်ပြီး စီးပွားရေး မလုပ်သင့်ပါဘူး၊ နောက်တစ်ခါ အရာရာတိုင်းကို အဖေတို့နဲ့ ဆွေးနွေးမယ်လို့ ကတိပေးပါတယ်၊ ဒါမှ စာသင်တာကို နှောင့်နှေးမှာ မဟုတ်ဘူး”

မင်တုန်နှင့် ကွေ့ဟွားတို့က ထိုသူ၏ စကားများ မရပ်မနား ပြောနေသောကြောင့် အသက်ရှူရနီးပါး ခက်ခဲနေရသည်။ မင်တုန်က သူ၏ ရင်ဘတ်ကို ပုတ်ပြီး မျက်နှာချင်းဆိုင်ရှိ ခုံတန်းရှည်ကို လက်ညှိုးထိုးပြသည်။

“ထိုင်ပြီး အရင်ပြော”

ထိုစကားကို ကြားသည်နှင့် အသားမုန့်လုံးတစ်ယောက် ချက်ချင်းပင် ဝမ်းသာသွားပြီး တိုက်ရိုက် ထိုင်ချလိုက်သည်။

ရိုက်နှက်ခံရမည့် အပိုင်းကို အမှန်ပင် ကျော်လွှားသွားပုံရသည်။ သူက ကျန်းကျန်းဘက်သိာ့လှည့်ကာ ကျေးဇူးတင်သည့် အမူအရာ ပြလိုက်သေးသည်။

“လီချန်ရန့်၊ မင်းပြောပါဦး၊ ဘွဲ့ရပြီးရင် ဘာလုပ်ချင်လဲ”

လီမင်တုန်က ရေခွက်ထဲမှ ရေတစ်ငုံ သောက်လိုက်ပြီး လက်ရှိတွင် ထိုသူ၏ စကားသံက ပို၍ ငြိမ်သက်နေခဲ့သည်။

“အဖေ၊ အဖေက ကျွန်တော့်ကို ဘွဲ့ရပြီးရင် အစိုးရဌာနမှာ ဒါမှမဟုတ် လုပ်ငန်းဌာနမှာ အလုပ်ဝင်စေချင်တာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ဒါက ကျွန်တော်ကြိုက်တဲ့အရာ မဟုတ်ပါဘူး”

မိမိ၏ အနာဂတ်အကြောင်း ပြောသောအခါ အသားမုန့်လုံး၏ လေသံသည်လည်း ပို၍ တည်ငြိမ်လာခဲ့သည်။

“ကျွန်တော်က တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်း သွားနေရတဲ့ဘဝကို မကြိုက်ဘူး၊ ကျွန်တော့်ရဲ့ အနာဂတ်အလုပ်နဲ့ ဘဝကို ကျွန်တော်ကိုယ်တိုင် ထိန်းချုပ်နိုင်ဖို့ မျှော်လင့်တယ်၊

ပြီးတော့ မူဝါဒရဲ့ ခေတ်ရေစီးကြောင်းကို ဆုပ်ကိုင်ပြီး ခေတ်ရဲ့ ရှေ့ဆုံးမှာ ရပ်တည်နိုင်ဖို့ မျှော်လင့်ပါတယ်၊

အဖေ၊ ကျွန်တော်လည်း ကျွန်တော့်ရဲ့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကို တည်ဆောက်ချင်တယ်၊ စာအုပ်တွေထဲက နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိတွေ ကိုဖတ်ရသလိုပဲ၊

လုပ်ငန်းစဉ်ရဲ့တစ်လျှောက်မှာ အတက်အကျတွေလည်း ရှိနိုင်တယ်၊ အခက်အခဲတွေလည်း ရှိနိုင်တယ်၊ ကျရှုံးမှုတွေဆိုတာမျိုးလည်း ရှိနိုင်တယ်၊ ထူးချွန်တဲ့ အောင်မြင်မှုတွေလည်း ရှိနိုင်တယ်၊

ဒါပေမယ့် ဘယ်လိုရလဒ်ပဲ ထွက်လာပါစေ၊ ကျွန်တော် နောင်တရမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဒီလိုဘဝကမှ အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ကျွန်တော်ထင်လို့ပါပဲ”

အသားမုန့်လုံး၏ စကားများကို ကြားပြီးနောက်တွင် မင်တုန်နှင့် ကွေ့ဟွားတို့ နှစ်ယောက်လုံး တိတ်ဆိတ်သွားခဲ့ကြသည်။

လီမင်တုန်က မျက်လုံးများကို မှိတ်ထားပြီး မည်သည်ကို စဉ်းစားနေသည်ကို မသိနိုင်ပေ။ အချိန်အတော်ကြာမှ မျက်လုံးများ ဖွင့်၍ ကွေ့ဟွားကို လှည့်ကြည့်သည်။

“သူ့ရဲ့ စိတ်ကူးက ဖြစ်နိုင်တယ်လို့ မင်းထင်လား”

ကွေ့ဟွားက လီမင်တုန်ကို မကြည့်ဘဲ အသားမုန့်လုံးကို ပြန်မေးသည်။

“မင်း ဒီလတွေမှာ ဘယ်လောက်ထိဝင်ငွေ ရခဲ့လဲ”

အသားမုန့်လုံးက ပြုံးလိုက်ပြီး ဖောင်းပွနေသည့် ကျောပိုးအိတ်ကို တို့ထိလိုက်သည်။

“ဒီတစ်ခါ ရှာထားတဲ့ ပိုက်ဆံနဲ့ဆိုရင် စုစုပေါင်း ခြောက်ထောင်နှင့်ခုနစ်ရာ ရှိတယ်”

လီမင်တုန်က နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။ ထိုသူ ဤနှစ်ပေါင်းများစွာတွင် ရှာထားသည့် ငွေများ အားလုံး ပေါင်းပါက ခြောက်ထောင်ခုနစ်ရာခန့် ရှိနိုင်လောက်သည်လားဆိုသည်ကို မသိနိုင်ပေ။

သူက ခဏတာလောက် သူ၏သားကို ရှုပ်ထွေးသည့် အမူအရာနှင့် ကြည့်လိုက်မိသည်။

“ဒါဆို မင်း စိတ်ဆုံးဖြတ်ပြီးပြီလား၊ တကယ်လို့ မင်း စီးပွားရေးလုပ်မယ်ဆိုရင် နောင်ကျရင် မင်းရဲ့အတန်းဖော်တွေလောက် မကောင်းနိုင်တာတွေဖြစ်လာနိုင်တယ်၊

ဘာလို့လဲဆိုတော့ သူတို့က ဘွဲ့ရပြီးရင် တချို့ဌာနတွေ ဒါမှမဟုတ် တချို့ယူနစ်တွေမှာ အလုပ်လုပ်ကြလိမ့်မယ်၊ မင်းလိုမျိုး အသေးစားလုပ်ငန်းနဲ့ မနှိုင်းယှဉ်နိုင်ဘူးလေ”

ကွေ့ဟွားက အသားမုန့်လုံးကို အလွန်တည်ကြည်သည့် လေသံနှင့် ကြည့်၍ ပြောလိုက်လေသည်။

“ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ။”

အသားမုန့်လုံးက ပြုံးလိုက်သည်။

“ကျွန်တော်က ကျွန်တော် လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး”

“ကောင်းပြီ ဒါဆိုလည်း”

ကွေ့ဟွားက စားပွဲကို ရိုက်ပြီး

“အမေက မင်းကို ထောက်ခံပေးမယ်၊ နောက်တစ်ခါ ကွမ်းတုန်ပြည်နယ်ကို ကုန်ပစ္စည်းဝယ်ဖို့သွားရင် အမေ မင်းနဲ့အတူ လိုက်ခဲ့မယ်”

“မဟုတ်ဘူး၊ အမေ၊ အမေက ဘာလုပ်မလို့လဲ”

အသားမုန့်လုံးက ကွေ့ဟွားကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်မအသည်။

ထိုသူ၏စိတ် မည်မျှပင် ပြောင်းလွယ်ပြင်လွယ် ရှိပါစေ ကွေ့ဟွား မည်သည်ကို စဉ်းစားနေသည်ကို ထိုသူ နားမလည်ခဲ့ပေ။

“လူနှစ်ယောက်သာ အတူသွားမယ်ဆိုရငရ အများကြီး မဝယ်နိုင်ဘူးလာ့”

ကွေ့ဟွားက ထိုသူ့ကို မျက်စိစွေကြည့်ပြီး ဆက်ပြောလာလေ၏။

“အမေ မင်းနဲ့အတူ အလုပ်လုပ်တော့မှာ”

လီမင်တုန်က မျက်လုံးလှန်ပြီး ကုလားထိုင်ပေါ်သို့ ပုံကျသွားလေတော့သည်။

*

All Chapters