← Chapters

အခန်း (၂၆၈)

Vol. 27 Ch. 268

အခန်း (၂၆၈)

Vol. 27 Ch. 268

အသားမုန့်လုံးတစ်ယောက် ရပ်ရန်ပင် မဝံ့ရဲခဲ့ဘဲ မျက်စိတစ်မှိတ်အတွင်း ကျောင်းဝန်းအပြင်ဘက်သို့ ပြေးထွက်သွား၏။

ထို့နောက် ဟုန်ရန်ဂိတ်ဘက်သို့ သွားသည့် ဘတ်စ်ကားတစ်စီးကို မြင်သည်တွင် ချက်ချင်း ကားပေါ် သို့ တက်လိုက်လေ၏။

လီမင်တုန်က အနည်းငယ် နောက်ကျပြီးမှသာ ပြေးလာသောကြောင့် ဘတ်စ်ကားမှတ်တိုင်၌ မီးခိုးနက်များကိုသာ မြင်ရတော့၏။

သူ ဒေါသတကြီးဖြင့် သစ်ပင်ကို မှီပြီး အသက်ကိုမောဟိုက်စွာ ရှူရှိက်နေခဲ့ရ၏။ ဘတ်စ်ကားပေါ်တွင် ပါသွားသော အသားမုန့်လုံးကို လက်ညှိုးထိုးလျှက်ရှိနေသေးသော်လည်း စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပါချေ။

“ငါ သေပြီ၊ ငါတော့ သေပြီ”

အသားမုန့်လုံးတစ်ယောက် ဘတ်စ်ကား၏ နောက်ဆုံးတန်း၌ ထိုင်နေပြီး သူ၏ဖခင်ဖြစ်သူ၏ မတိုင်ခင်က ကြမ်းတမ်းသည့် မျက်နှာပုံစံကို ကြည့်ကာ သူ၏စိတ်ထဲ၌ ဆုတောင်းနေ၏။

“အန်တီလေး၊ အိမ်မှာ ရှိပါစေလို့ ဆုတောင်းပါတယ်။ အန်တီလေး အိမ်မှာ ရှိပါစေလို့ ဆုတောင်းပါတယ်၊ အန်တီလေးသာ အိမ်မှာရှိနေတာမဟုတ်ရင် အိမ်ကိုပြန်ရောက်တဲ့အချိန် အန်တီလေးရဲ့တူ အသားမုန့်လုံးကို မြင်ရတော့မှာ မဟုတ်ဘူး၊ အသားမုန့်လုံးကို မြင်ရတဲ့အချိန်မှာ ပျက်စီးနေတဲ့ မုန့်လုံးအခွံကိုပဲ မြင်ရတော့မယ်လို့ ခန့်မှန်းရတယ်”

ဤနေ့သည်ကား စနေနေ့ဖြစ်သောကြောင့် ကျောင်းသားများစွာက လမ်းတစ်လျှောက် ဘတ်စ်ကားပေါ်သို့ တက်လာကြ၏။

သူတို့အားလုံးသည်ကား ဒေသခံများဖြစ်ပြီး အိမ်သို့ပြန်၍ အစားအသောက်နှင့် နေထိုင်ရာဘဝကို ခဏတာလောက် ကောင်းမွန်စွာ ရရှိနိုင်ရန် လုပ်ကြမည့်သူများသာ ဖြစ်ပျသည်။

အသားမုန့်လုံးသည်ကား အနည်းငယ် မခံမရပ်နိုင်ဖြစ်နေပြီး သူ၏စိတ်များသည် ရှုပ်ထွေးနေခဲ့၏။

သူ၏ဖခင်က အဘယ်ကြောင့် ကျောင်းသို့ ရောက်လာသည်ကို သူ အမှန်တကယ် နားမလည်နိုင်ခဲ့ပါချေ။

ဘတ်စ်ကားက ဟုန်ရန်သို့ ရောက်သည်နှင့် အသားမုန့်လုံးလည်း မျက်စိတစ်မှိတ်စာသော အချိန်အတွင်း ခြံဝင်းထဲသို့ ပြေးသွားပြီး တံခါးထဲသို့ဝင်ဝင်ချင်း အော်ဟစ်ငိုယိုလေတော့၏။

“အန်တီလေး!”

သူ၏အမေ ရှိနေသည်ကို မြငလိုက်ရလျှင် အသားမုန့်လုံး၏ ခြေထောက်များသည်ကား ချက်ချင်းပင် ပျော့ခွေသွားခဲ့ရပြီး သစ်ပင်နောက်မှ ခေါင်းလေးသာ ထွက်လာတော့၏ ။

“အမေ၊ အမေ၊ ကျွန်တော့်ရဲ့ အန်တီလေး ဘယ်မှာလဲ”

ကွေ့ဟွားက ပြုံးလိုက်ပြီး သူကို မျက်စောင်းထိုးကာ ဆိုလာ၏။

“ဒီကလေးကတော့ အခုထိ အရမ်းကလေးဆန်နေတုန်းပဲ၊ အမေဆိုပြီး ဒီလောက်တောင် အများကြီး ခေါ်နေသေးတယ်။ တကယ်ပါပဲ”

အသားမုန့်လုံးတစ်ယောက် သူ၏အမေကြောင့် ငိုတော့မလို ဖြစ်သွားခဲ့ရချေ၏။။

“အမေ၊ မစနောက်ပါနဲ့တော့၊ ကျွန်တော့်ရဲ့အန်တီလေး ဘယ်မှာလဲ”

ကွေ့ဟွားက အနောက်ဘက်သို့ လက်ညှိုးထိုးပြ၏။

“မင်းရဲ့ အန်တီလေးက ဥယျာဉ်ထဲမှာ”

အသားမုန့်လုံးသည်လည်း ချက်ချင်းပင် သစ်ပင်နောက်မှ ထွက်လာပြီး သူ့၏ အန်တီလေးကို အကူအညီတောင်းရန်အတွက် ဥယျာဉ်ထဲ သွားရှာရန် ပြင်ဆင်လိုက်၏။

“စောင့်ပါဦး”

ကွေ့ဟွားက ခြံဝင်းတံခါးကို တစ်ချက်ကြည့်ပြီး အသားမုန့်လုံးကို အနည်းငယ် ထူးဆန်းစွာ မေး၏။

“မင်းအဖေရော၊ ငါ မင်းအဖေကို ကျောင်းကိုသွားပြီး မင်းကို အဘွားအိမ်မှာ ညစာသွားစားဖို့ ပြောခိုင်းတာ မဟုတ်ဘူးလား။ သူ ဘယ်သွားလဲ”

အသားမုန့်လုံးတစ်ယောက်ကွေ့ဟွား၏ အရှေ့၌ ဒူးထောက်ကျတော့မတတ် ဖြစ်နေပြီး မျက်ရည်မကျဘဲ ငိုချင်စိတ်နှင့် ခေါင်းခါရမ်းကာ ပြောလာလေ၏။

“အမေက တကယ်ပဲ ကျွန်တော့်အမေပဲ”

စင်္ကြံပေါ်သို့ ပြေးတက်သွားလျက်နှင့်ပသ် အသားမုန့်လုံးက ခေါင်းကို ပြန်လှည်ထုတ်ပြီး အော်ဟစ်လိုက်ပြန်၏။

“အမေ၊ အဖေ ပြန်လာရင် သူ့ကို ကောင်းကောင်းပြောပြရမယ် နော်။ ကျွန်တော်က သူ့ရဲ့ ကိုယ်ပိုင်သားပဲ၊ ကျွန်တော်ကို သေအောင်မရိုက်မိအောင်သတိပေးထားဦးနော်”

အသားမုန့်လုံး ပြောပြီးသည်တွင် ပြန်လည်ပြေးထွက်သွားခဲ့လေ၏။ ကွေ့ဟွားတစ်ယောက် ရှုပ်ထွေးစွာနှင့် ကန့်လန့်ကာကို ပြန်ချလိုက်မိ၏။

အိမ်ထဲ၌ ဖက်ထုပ်လုပ်နေသည့် ဝမ်စုဖန်းက သူမကို မော့ကြည့်ပြီး လှမ်းမေးလာသည်။

“အသားမုန့်လုံးက ဘာဖြစ်တာလဲ”

“မသိဘူး”

ကွေ့ဟွားက ခေါင်းခါရမ်း၍ ပြန်ဖြေခဲ့၏။

“ဒီကလေးက တစ်ခုခု မှားနေပုံရတယ်။ သူ့အဖေက သူ့ကို ရိုက်မှာကို ကြောက်နေတဲ့ပုံပဲ”

မဒမ်လီက ပြတင်းပေါက်ဘေးတွင်ရှိနေသည့် စားပွဲ၌ ထိုင်ပြီး စပျစ်သီးစားနေခဲ့သည်။ သူမက ကွေ့ဟွားကို မော့ကြည့်ကာ သူမ၏ မြေးကြီးအကြောင်း ပြောရန် မနေနိုင်တော့ ပေ။

“သူက ဒီလောက်တောင်ကြီးနေပြီလေ၊ ကောလိပ်ကျောင်းသားလည်း ဖြစ်နေပြီ၊ ဘာလို့ စကာနှင့် မပြောနိုင်သေးဘဲရိုက်နှက်နေဦးမှာလဲ!

မင်တုန်လာရင် မင်း သူ့ကို ဝင်ခိုင်းလိုက်၊ ငါ သူ့ကို ပြောစရာတွေ ရှိတယ်။ သူသာ အသားမုန့်လုံးကို ရိုက်ရဲရင် ငါ သူ့ကို အရင် ပြန်ရိုက်လိုက်မယ်”

ကွေ့ဟွားက ပြုံးပြီး ဦးစွာ တုံ့ပြန်၏။

“ကောင်းပါပြီ အဖွား၊ မင်တုန်ကို ကျွန်မ ပြောပြလိုက်ပါ့မယ်”

ခဏအကြာ၌ သူမ၏မျက်နှာ၌ သံသယနှင့် ရှုပ်ထွေးမှုများ ပေါ်လာ၏။

“တကယ်တော့ မင်တုန်က ကလေးတွေကို ရိုက်ရတာကို ကြိုက်တဲ့လူ မဟုတ်ပါဘူး။ ဒီလောက်နှစ်တွေကြာအောင် ရှိလာခဲ့ပြီ၊ သူက ကလေးတွေကို လက်ဖျားကိုတောင် မထိဖူးဘူး။ ဒီတစ်ခါ ဘာဖြစ်တာလဲမသိဘူး”

လူအုပ်စုလေးက အချိန်ခဏလောက်ကြာအောင် စကားပြောနေကြပြီး အဘယ်ကြောင့် ယခုကဲ့သို့ ဖြစ်လာသည်ကို ရှာမတွေ့နိုင်ကြချေ။

ထို့ကြောင့် သူတို့က အသားမုန့်လုံးကို လျစ်လျူရှုလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ လီမင်တုန်ရောက်လာသည်နှင့် သူတို့သိရှိသွားမည်ပင်။

အသားမုန့်လုံးက အိမ်အပြင်မှ စင်္ကြံတစ်လျှောက် အပြေးဝင်သွားခဲ့ပြီး ခြေလှမ်း အနည်းငယ် လှမ်းပြီးသည့်နောက်၌ ကျန်းကျန်းရှိနေသည့်နေရာကို တွေ့လိုက်ရ၏။

“အန်တီလေး၊ ကျွန်တော့်ကို ကူညီပါဦး”

ကျန်းကျန်းက သူကို တစ်ချက်ကြည့်သည်။

“ဘာဖြစ်လာတာလဲ၊ ပြောပါဦး”

အသားမုန့်လုံးက ဘေးဘက် ပတ်ပတ်လည်ကို ဦးစွာကြည့်လိုက်ပြီးမှ မျက်နှာပေါ်၌ စိတ်ပျက်အားငယ်မှုများနှင့် ကျန်းကျန်းကို ပြောလိုက်လေသည်။

“အန်တီလေး၊ ကျွန်တော့်ကို အရင် ဆုံး ပုန်းစရာနေရာလေး ရှာပေးလို့ မရဘူးလား။ ခဏနေရင် ကျွန်တော့်အဖေ လာပြီး ကျွန်တော့်ကို သတ်မှာ ကြောက်တယ်”

ကျန်းကျန်းက ခြေလှမ်းကိုရပ်လိုက်ပြီး သူကို ကရုဏာသက်စွာ ကြည့်၏ ။

“မင်းအဖေက မင်းရဲ့ကိစ္စကို သိသွားပြီလား”

အသားမုန့်လုံးက စိတ်ဆင်းရဲမှုကြီးစွာနှင့် ခေါင်းညိတ်လိုက်သည်။

“သူက ကျွန်တော် ရောင်းနေတာကိုတောင် ရှင်းရှင်းလင်းလင်း မြင်သွားပြီ”

ကျန်းကျန်းက ပြုံးပြီး ခေါင်းခါရမ်းလိုက်၏။

“အဆင်ပြေပါ တယ်၊ မင်း ငါ့အခန်းထဲမှာ အရင်နေလိုက်။ မင်းအဖေက ငါ့အခန်းထဲကို ဝင်လာမှာ မဟုတ်ဘူး”

ဤစကားကြားသည်နှင့် အသားမုန့်လုံးတစ်ယောက် လုံးဝ စိတ်အေးသွားခဲ့ရ၏။ သူက ကျန်းကျန်း၏ အိမ်ဝင်းထဲသို့ ရောက်သည်တွင် ဦးဆုံး ခေါင်းကိုထိုးထုတ်ကြည့်လိုက်၏။

ခြံဝင်းထဲ၌ မည်သူမျှ မရှိသည်ကို မြင်သည့်အချိန်မှသာ တိတ်တဆိတ်နှင့် ကျန်းကျန်း၏အခန်းထဲသို့ ဝင်သွားခဲ့ကာ တံခါးကို တင်းတင်းပိတ်လိုက်၏။

ကျန်းကျန်းက အသားမုန့်လုံးတစ်ယောက် အခန်းထဲ၌ နှစ်ပတ်ပတ်ကြည့်ပြီး နောက်ဆုံးတွင်တော့ ခုတင်အောက်သို့ ရောက်သွားသည်ကို သူမ၏အသိစိတ်နှင့် မြင်သည်တွင် မရယ်ဘဲ မနေနိုင်တော့ပါချေ။

ကံကောင်းထောက်မစွာဖြင့် ဝမ်စုဖန်းက ကြမ်းပြင်ကို တစ်နေ့လျှင် နှစ်ကြိမ် သန့်ရှင်းပေးသောကြောင့်သာပင်။ သို့မဟုတ်လျှင် အသားမုန့်လုံးတ၀်ယောက် ခန္ဓာကိုယ်အနှံ့ ဖုန်မှုန့်များနှင် ပေရေကုန်မည်ဖြစ်သည်။

ကျန်းကျန်းတစ်ယောက် အဓိကအခန်းထဲသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။ မဒမ်လီက ကျန်းကျန်းကိုမြင်လျှင် စပျစ်သီးခွက်ကို လက်ညှိုးထိုးပြလိုက်၏။

“ငါ ဒါတွေကို ခုနကပဲ စပျစ်သီးခြံကနေ ခူးလာတာ၊ ရေထဲမှာ ခဏထားလိုက်တော့ ချိုပြီး အေးမြနေတာပဲ၊ မြန်မြန်လာစားလိုက်တော့”

ကျန်းကျန်းက လက်ဆေးရန်အတွက် ထွက်သွားခဲ့၏။ ပြီးသည်နှင့် အခန်းထဲသို့ ပြန်လာပြီး စပျစ်သီးနှစ်လုံးကို ကောက်ယူကာ ဝမ်စုဖန်းနှင့် ကွေ့ဟွားတို့၏ ပါးစပ်ထဲ တစ်လုံးစီ ခွံ့ကျွေးပေးလိုက်၏။

ကွေ့ဟွားက ပါးစပ်ကိုဟကာစပျစ်သီးကို ကိုက်လိုက်သည်နှင့် အေးစိမ့်ချိုမြိန်သည့် ရေများ ပါးစပ်ထဲ စီးဆင်းလာ၏။

ကွေ့ဟွားတစ်ယောက် မျက်လုံးမှိတ်ပြီး ခေါင်းညိတ်၏။

“ဒီစပျစ်သီးတွေက တကယ်ကောင်းတာပဲ၊ ချိုလိုက်တာ”

“အရင်က ဒီခြံဝင်းမှာ စပျစ်နွယ်ပင်တွေ ရှိခဲ့တယ်။ ငါတို့တွေ ဒီကို အရင်ဆုံး ပြောင်းလာတုန်းက အပင်တွေ သေပြီလို့ ထင်ခဲ့တာ၊မင်းအဖေကိုတောင် စပျစ်နွယ်ပင်တွေကို ဆွဲနုတ်ခိုင်းတော့မလို့။

ဒါပေမဲ့ ကျန်းကျန်းက အပင်ကို ပြန်ရှင်အောင် ဂရုစိုက်ပေးလိုက်တာလေ၊ စပျစ်သီးတွေက တကယ်ကို ချိုတယ်၊ မင်းဦးလေး ယူလာတာထက်တောင် ပိုကောင်းသေးတယ်”

ကျန်းကျန်းက စပျစ်သီးများကို ပါးစပ်ထဲတွင် ထည့်စားရင်း ဝမ်စုဖန်းနှင့် ကွေ့ဟွားကိုလည်း အခါအားလျော်စွာ နှစ်လုံးစီ ခွံ့ကျွေးနေ၏။

ထိုအခိုက်မှာ ရုတ်တရက် ကျန်းကျန်း၏ လက်က ရပ်သွားခဲ့၏။ သူမက လီမင်တုန်တစ်ယောက် ဘတ်စ်ကားပေါ်မှ ဆင်းလာပြီး အိမ်သို့ ဒေါသတကြီး ပြေးလာသည်ကို သူမ၏အသိစိတ်နှင့် မြင်လိုက်ရ၏။

ကျန်းကျန်းက စပျစ်သီးပန်းကန်ကို ကိုင်ပြီး အခန်းထဲ ပြန်ဝင်လာကာခုတင်အောက်သို့ ထိုးထည့်လိုက်၏။

“မင်းအဖေ ခဏနေရင် ပြန်လာတော့မယ်။ မင်း ဒီမှာ လှဲနေလိုက်ရင်း စပျစ်သီးလေး နည်းနည်းစားပြီး စိတ်လျှော့လိုက်ဦး။ ဒီည မင်း ညစာ စားနိုင်မယ် မထင်ဘူး”

အသားမုန့်လုံးက ပန်းကန်ကို ဆွဲယူသွားပြီး အထဲမှ တိုးတိုးလေးဖြင့် ပြောလာ၏။

“အန်တီလေး၊ ကျွန်တော့်အဖေကို ကူညီပြီး ပြောပေးပါဦး”

“စိတ်မပူပါနဲ့၊ မင်း မသေလောက်ပါဘူး”

ကျန်းကျန်းက မတ်တပ်ရပ်ပြီး ပြတင်းပေါက်များစွာကို ဖွင့်လိုက်၏။ အိမ်သည်ကား အလွန်ပူနေသောကြောင့် အသားမုန့်လုံးအနေဖွင့် ပိတ်လှောင်သကဲ့သို့ ခံစားနေရလိမ့်မည် ။

ကျန်းကျန်း အဓိကအခန်းကို ပြန်ရောက်ချိန်တွင် လီမင်တုန်လည်း ခြံဝင်းထဲ ဝင်လာခဲ့ပြီ။

သူက တစ်လှမ်းချင်းစီ အခန်းထဲသို့ ယိုင်လဲလုနီးပါးဖွင့် ဝင်လာခဲ့ကာ ရင်ဘတ်ကို ဖက်ကာ အသက်ကိုမောဟိုက်စွာ ရှူနေခဲ့၏။

“အဲဒီခွေးကောင် လီချန်ရန့် ဘယ်မှာလဲ၊ ထွက်လာစမ်းခဲ့”

ကျန်းကျန်းက ရေအေးတစ်ခွက်ယူပြီး ဘေးနားမှ စားပွဲပေါ်သို့ တင်လိုက်၏။ ပြီးသည်နှင့် ရေစိုပုဝါတစ်ထည်ကို ယူပြီး သူမ၏အစ်ကိုဖြစ်သူမျက်နှာကို သုတ်ရန်အတွက် ကမ်းပေးလိုက်၏။

“အစ်ကိုကြီး၊ အသားမုန့်လုံးကို ဘာလို့ ရှာနေတာလဲ။ ဘာဖြစ်တာလဲ အရင်ပြောပြပါဦး၊ ကျွန်မ အခြေအနေကို ကြည့်ပေးပါ့မယ်”

*

All Chapters