← Chapters

အခန်း (၂၇၁)

Vol. 28 Ch. 271

အခန်း (၂၇၁)

Vol. 28 Ch. 271

အန်းပေမြို့၌ နေထိုင်စဥ် ကွေ့ဟွားသည်ကား အန်းပေစိုက်ပျိုးရေး ကောလိပ်အတွင်းရှိ မိသားစု သူငယ်တန်းကျောင်းတွင် အလုပ်ဝင်လုပ်ခဲ့သည်။

လက်ရှိ လီမင်တုန်သည်လည်း တော်ဝင်တက္ကသိုလ်သို့ ပြောင်းရွှေ့လာခဲ့ပြီးနောက်တွင် ကွေ့ဟွားအတွက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။

သူမအနေဖြင့် အိမ်တွင် ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း စသည့် အိမ်မှုကိစ္စများကိုသာ လုပ်ဆောင်နေခဲ့ရကာ အချိန်က အလွန်အားလပာနေခဲ့ရသည်။

ဘေးဘက်မှအိမ်ရှိ မိဘများနှင့် မကြာခဏ စကားပြောလေ့ ရှိခဲ့ခြင်းကသာ တစ်ခုရှိနေခဲ့သည်။ ထို့ကြောင့် ဘက်ရှိတွင် သူမ၏ ဘဝသည်ကား ရွံ့အိုင်ထဲရှိ ရေကန်ကဲ့သို့ ငြီးငွေ့ဖွယ် ဖြစ်နေခဲ့ခဲ့သည်။

ကွေ့ဟွား၏ မိခင် လျို့ချွမ်ဟွားကမူ ပို၍ပင် အလုပ်မရှိဘဲ မနေနိုင်မထိုင်နိုင်ဖြစ်နေတတ်ဖြစ်သည်။ သမီးဖြစ်သူမှ မည်သည်ကိုမှမလုပ်ဘဲ ထိုင်နေသည်ကို မြင်ရသည့်အခါ ခေါင်းခါကာ ငယ်စဥ်ဘဝအရွယ်ရှိခိုက်တွင် အလုပ် တစ်ခုခု ရှာဖွေလုပ်ကိုင်ရန် အမြဲတိုက်တွန်းခဲ့သည်။

ကွေ့ဟွား၏ စိတ်ဓာတ်သည်က သူမ၏ မိခင်နှင့် တစ်ထေရာတည်းပင် တူညီမှုရှိလေသည်။ ဤသို့ အိမ်၌ ငြိမ်သက်စွာ ထိုင်နေရခြင်းကို သူမသည်လည်း မနှစ်သက်ခဲ့ချေ။

သူမက မူလကတည်းက တစ်ခုခု လုပ်ကိုင်ရန် စိတ်ကူးရှိခဲ့သည်။

ယခုအချိန်တွင် အသားမုန့်လုံးသည်င လျှို့ဝှက်စီးပွားရှာ၍ ငွေကြေးများစွာ ရှာဖွေနိုင်သည်ကို ကြားသိရသည်။

သူမ၏ ယောက်မငယ်ဖြစ်သူကလည်း ဤအလုပာအကိုင်မျိုးအား နိုင်ငံတော်မှပင် ထောက်ပံ့သည်ဟု ပြောလိုက်သည့်အချိန်တွင် သူမ၏စိတ်၌ အလုပ်လုပာကိုင်ချင်သည့် မီးတောက်များ တောက်လောင်လာခဲ့သည်။

သူမက ချက်ချင်းပင် လက်မောင်းကို လှန်ကာ ဈေးဆိုင်တစ်ခု ဖွင့်လှစ်လိုခဲ့သည်။

လီမင်တုန်သည်ကတော့ ဇနီးသည်ဖြစ်သူ ကွေ့ဟွား၏ တက်ကြွနေသည့် စိတ်ဓာတ်ကို မြင်သော် ချက်ချင်းပင် ခေါင်းကိုက်သွားခဲ့သည်။

“မင်းက ဈေးဆိုင် သွားဖွင့်နေရင် သားသမီးတွေကိုရော ဘယ်သူကြည့်မှာလဲ၊ “

“ကလေးတွေကို ဘယ်သူကကြည့်ရမှာလဲ “

ကွေ့ဟွားသည် မျက်မှောင်ကြုတ်၍ ပြောဆိုခဲ့သည်။

“ကလေးတွေရဲ့အသက်က ဘယ်လောက်တောင် ကြီးနေပြီလဲ၊ ပဲမုန့်လုံးကဆိုရင် တက္ကသိုလ်တောင် တက်ရတော့မယ်။ သူ့ရဲ့ ကျောင်းစာကို ကျွန်မ ဂရုစိုက်ဖို့မလိုဘူး။

သကြားမုန့်လုံးကလည်း ကျောင်းက အိမ်ရှေ့နားတင်ပဲ၊ ဆိုတော့ သူဘာသာသူ ကျောင်းတက်ကျောင်းဆင်း လုပ်နိုင်တယ်၊ နေ့လည်စာရော ညစာရော သူဘာသာသူ စားနိုင်တယ်။

သူက ချက်ပြုတ်ရတာကို ကြိုက်တယ်ဆို ကိုယ်တိုင်ချက်စားလိမ့်မယ်။ မကြိုက်ရင် ကျောင်းရန်ကန်တင်းမှာ စား၊ ဒါမှမဟုတ် ကျွန်မရဲ့မိဘအိမ်မှာ သွားစားလို့ရတယ်။ ဘယ်လိုမှ အငတ်နေရမှာမဟုတ်ဘူး။”

လီမင်တုန်တစ်ယောက် တော်ဝင်တက္ကသိုလ်သို့ ပြောင်းရွှေ့ပြီးနောက်တွင် သူ့အနေဖြင့် တစ်နေ့တာတွင် အတန်းချိန်က နေ့တစ်ဝက်သာ ရှိတော့သည်။

သူ့အနေဖြင့် အရင်ကဲ့သို့ လယ်များ၊ စမ်းသပ်စိုက်ခင်းများလည်း မရှိတော့သည့်အတွက် အချိန်များစွာ ပိုလျှံလာခဲ့သည်။

သူ့အနေဖြင့်လည်း ကွေ့ဟွား၏ အကျင့်စရိုက်ကိုလည်း သိထားခဲ့သည်။

သူမက အိမ်၌ တစ်နှစ်ပြည့်အောင်ပင် မနေရသေးသော်လည်း တစ်နေကုန် ရူးချင်နေသကဲ့သို့ ဖြစ်နေသည် သူခံစားနေရသည်။

ထို့အတွက် ဤတစ်ကြိမ်တွင် သူမက စီးပွားရေးလုပ်ရန် စိတ်ကူးရရှိသောအခါ သူ အမှန်တကယ်ပင် မတားဆီးနိုင်တော့ပေ။

“ကောင်းပြီ ကောင်းပြီ”

လီမင်တုန်သည် လက်လျှော့သည့်ဟန်ဖြင့် ခေါင်းညိတ်ခဲ့သည်။

“ဒါပေမဲ့ အသားမုန့်လုံး၊ မင်းက မင်းကျောင်းစာကို မနှောင့်နှေးစေရဘူး၊ တကယ်လို့ မင်းသာ ကျောင်းစာမေးပွဲမှာ အမှတ် နည်းနည်းလောက်ကျတာနဲ့ ဒီစီးပွားရေးကို အမြန်ဆုံး ရပ်တန့်လိုက်ရမယ်။”

“သိပါတယ်၊ သိပါတယ်”

အသားမုန့်လုံးသည် ခပ်ပြုံးပြုံး ပြောဆိုခဲ့သည်။ သူသည်ကား သူ လျှို့ဝှက်လုပ်နေသည့် အလုပ်ကို လီမင်တုန် သိရှိသွားသည့်နောက်ပိုင်း၌ ရိုက်နှက်ခံရရန် မပြောနှင့်၊ မဟာမိတ်ပင် ရရှိသွားလိမ့်မညာကို သူ တစ်ခါမျှ မတွေးဖူးခဲ့ပါချေ။

သူက ချက်ချင်းပင် ကျန်းကျန်းထံသို့ စိတ်လှုပ်ရှားစွာဖြင့် အရိုအသေပြု၍ ပြောဆိုခဲ့သည်။

“အန်တီ‌လေး ဒီတစ်ခါ ကျွန်တော် အန်တီလေးကို ကျေးဇူးတင်ရမယ်၊ အများကြီး ကျေးဇူးတင်ပါတယ်။”

ကျန်းကျန်းက သူ့ကို မျက်စောင်းထိုး၍ ပြုံးလိုက်ကာ သူမ၏ လက်မျာ့ကိုဆေးကြော၍ ဖက်ထုပ်လုပ်ရန် ကူညီခဲ့သည်။

“အခု ယောက်မကလည်း အသားမုန့်လုံးရဲ့ စီးပွားရေးကို ကူညီပေးတာဆိုတော့ နှစ်ယောက်ပေါင်းပြီး လုပ်ကြတာ မကောင်းဘူးလား။ အရင်လို ဈေးဆိုင်လေးဘဲ လမ်းဘေးထောင်နေဦးမလား၊ ဒါမှမဟုတ် ဆိုင်ခန်စအသေးလေးတစ်ဆိုင်လောက် ဖွင့်ကြည့်မလား။”

ကျန်းကျန်း၏စကားကိုကြားလျှင် ကွေ့ဟွား စဥ်းစားခဲ့သည်။

“ရေရှည်အတွက်ဆိုရင် ဆိုင်ခန်းအသေးလေး ဖွင့်တာက ပိုကောင်းတယ်။ ဒါပေမဲ့ ဆိုင်ငှားခ၊ ရေဖိုး၊ မီးဖိုး စတာတွေက ငွေအများကြီး ကုန်မယ်။

ဈေးဆိုင်ထောင်တာကတော့ ပုံမှန်ဖောက်သည်တွေတွေ ရနိုင်ချင်မှ ရမှာ၊ ဒါပေမဲ့ ကုန်ကျစရိတ်တော့ မရှိဘူး။ တစ်ခုစီမှာ သူ့ရဲသအားသာချက်၊ အားနည်းချက်တွေ ရှိတာပေါ့။ ကျန်းကျန်း.. မင်းက ဒါကို ကူညီပြီး စဥ်းစားပေးပါဦး”

ကျန်းကျန်းက ပြုံး၍ ပြောဆိုခဲ့သည်။

“ကျွန်မကတော့ ဆိုင်ခန်းအသေးလေး ဖွင့်ဖို့ အကြံပေးချင်တယ်။ လူသွားလူလာများတဲ့ နေရာကောင်းလေးကို ရှာပြီး ငှားရမ်းနေမယ့်အစား ဆိုင်ကို အပြတ်ဝယ်လိုက်တာ ပိုကောင်းတယ်။

နောက်လာမယ့် နှစ်အနည်းငယ်အတွင်းမှာပဲ အသားမုန့်လုံးက လုပ်ငန်းချဲ့တာပဲဖြစ်စေ၊ တခြားတစ်ခုခု လုပ်ျာပဲဖြစ်စေ၊ ဒီဆိုင်ကိုတော့ မရောင်းလိုက်နဲ့။

ကျွန်မတို့ရဲ့ တော်ဝင်တက္ကသိုလ်အနားက အိမ်တွေက နောင်ပိုင်းတွေဆိုရင် အဆပေါင်းများစွာ ပိုပြီး တန်ဖိုးတက်လာလိမ့်မယ်။”

ကွေ့ဟွားသည်ကား အသားမုန့်လုံးနှင့် ကြာရှည်စွာ တီးတိုးတိုင်ပင်ပြီးနောက် နေရာနှစ်ခုကို နှစ်သက်ကာ ရွေးချယ်ခဲ့သည်။

ပထမနေရာသည်ကား ကျောင်းနား၌ ဖြစ်ပေသည်။ တော်ဝင်တက္ကသိုလ်၊ အမျိုးသားတက္ကသိုလ်ကဲ့သို့ နာမည်ကြီး တက္ကသိုလ်များစွာ ရှိသည့်အတွက် လူသွားလူလာ များပြားသည်။

သူတို့ ရောင်းချသည့် အဝတ်အစားများကလည်း လူငယ်များအတွက် အလွန်ပင် သင့်တော်ပေသည်။

နောက်တစ်ခုသည်ကား ပေရှားဒေသ၌ ဆိုင်အလွတ်များ ရှိခြင်းပင် ဖြစ်သည်။ ဝယ်ယူ၍လည်း ရသည်၊ ငှားရမ်း၍လည်း ရသည်။

ဤနေရာ၌ လူများက နည်းပါးသော်လည်း ဖောက်သည်များသည်ကား အနည်းငယ် အထက်တန်းကျသည်။

ဈေးကြီးသည့် အဝတ်အစားများကို ဝယ်ယူခဲ့သော် ထိုနေရာတွင် ဈေးများပိုတင်၍ ရောင်းချ၍ရနိုင်သည်။

ကျန်းကျန်းတစ်ယောကင သူတို့နှစ်ဦး တိုင်ပင်နေသည့် နေရာနှစ်ခုကို ကြားလိုက်ရသော် စိတ်ကျေနပ်စွာနှင့် ခေါင်းညိတ်မိသည်။

ကျန်းကျန်းသည်ကား သူတို့ရွေးချယ်ထားသည့် နေရာနှစ်ခုလုံးတွင် ဆိုင်များစွာ ဝယ်ယူထားခဲ့သည်။

အထူးသဖြင့် ပေရှားဒေသရှိ ဆိုင်များဆိုလျှင် ကျန်းကျန်းက အဆက်လိုက်ရှိသည့် ဆိုင်နေရာတော်တော်များများကို လျှို့ဝှက်ဝယ်ယူထားခဲ့သည်။

ထိုနေရာသည်ကား အနာဂတ်၌ အကောင်းဆုံးနှင့် လူသွားလူလာ အများဆုံးနေရာ ဖြစ်လာပေလိမ့်မည်။

နောက်ပိုင်း၌ ဤနေရာသည်က တစ်နိုင်ငံလုံးမှ လူများ လာရောက်လည်ပတ်သည့် ခရီးသွားဆွဲဆောင်ရာ နေရာ ဖြစ်လာလိမ့်မည်။

တစ်နှစ်တာ ဆိုင်ငှားခနှင့်ပင် မိသားစုတစ်စု တစ်သက်စာ စားဝတ်နေရေး ဖူလုံနိုင်ခဲ့သည်။

ဖက်ထုပ်များကို ထုပ်ပိုးပြီး ချက်ပြုတ်ပြီးသည့်နောက်၌ပင် အသားမုန့်လုံးနှင့် ကွေ့ဟွားက စာရွက်များကို ကိုင်ကာ တွက်ချက်နေခဲ့ကြပြန်လေသည်။

သူတို့အနေဖြင့် ဆိုင်ဝယ်ယူရန် မည်မျှ ကုန်ကျမည်နည်း၊ မတည်ရင်းနှီးငွေ မည်မျှ ထားရှိမည်နည်း၊ လည်ပတ်ရန်ပုံငွေ မည်မျှ ထားရှိမည်နည်းဟူ၍ တိုင်ပင်နေကြသည်က အင်တိုက်အားတိုက်ပင် စိတ်အားတက်ကြွစွာ ဆွေးနွေးလျက်ရှိနေခဲ့ကြသည်။

လီမင်တုန်သည်ကတော့ သူတို့သားအမိ၏ ဘေးနား၌ ထိုင်၍ ကြက်သွန်ဖြူခွာရင်း သက်ပြင်းချခဲ့သည်။

“ငါ ဒီနေ့ အသားမုန့်လုံးကို ကျောင်းသွားရှာသင့်ခဲ့တာ မဟုတ်ဘူးပဲ။ အခုတော့ ငါ့သားက မိန်းမကိုပါ ဆွဲဆောင်ယူသွားပြီး နှစ်ယောက်ပေါင်းပြီးလုပ်နေတော့ ငါ အကြီးအကျယ် ရှုံးနိမ့်နေရပြီ။”

သို့သော် လီမင်တုန်သည်က ကွေ့ဟွား၏ အရှင်သခင် မဟုတ်သည်မှာ ထင်ရှားသည်။ ကွေ့ဟွားသည်ကား ဤစကားကို ကြားသော်လည်း လှည့်ပင် မကြည့်ခဲ့ပေ။

အသားမုန့်လုံးတစ်ယောက် ကျောင်းကိုပြန်ရောက်သည်နှင့် သူကျန်ခဲ့သည့် အိမ်စာများကို အလျော်ပြန်လေ့ကျင့်ရန် တစ်လခွဲခန့် အချိန်ယူခဲ့ရပြီး ဆရာ၏ စာမေးပွဲကို အမှတ်ကောင်းစွာဖြင့် အောင်မြင်ခဲ့သည်။

ကွေ့ဟွားကတော့ နောက်ဆုံး၌ ကျောင်းများစွာ၏ လမ်းဆုံတွင် ဆိုင်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့သည်။

သူတို့က ကျန်းကျန်း၏ အကြံပြုချက်အတိုင်း ၅၀ စတုရန်းမီတာရှိသည့် ဆိုင်တစ်ဆိုင်ကို ဝယ်ယူခဲ့ကြသည်။

အလှဆင်ရန်အတွက် ငွေကြေးများစွာ မသုံးစွဲဘဲ နံရံများကို အဖြူရောင်သုတ်၍ ကြမ်းပြင်၌ သားရေအခင်းခင်းခဲ့သည်။

ထို့နောက် ကုလားကာတစ်ခုနှင့် အဝတ်လဲခန်းတစ်ခုကို ခွဲခြားခဲ့ပြီး ကိုယ်လုံးပေါ်မှန်ကြီး နှစ်ချပ်ထားရှိလိုက်သည်နှင့် ဆိုင်သည်ကား ပြင်ဆင်မှု ပြီးစီးသွားခဲ့သည်။

ဆိုင်ကိုတော့ ရရှိခဲ့ပြီဖြစ်ကာရောင်းချရန် ပစ္စည်းများကမူ တောင်ဘက်သို့ သွားရပေမည်။

သို့နှင့် ကွေ့ဟွားက တောင်ဘက်သို့သွားသည့် လက်မှတ်ဝယ်ယူ၍ ကွမ်းတုန်ပြည်နယ်သို့ သွားရောက်ခဲ့သည်။ တစ်လခွဲကြာပြီးသော် သူမက အဝတ်အိတ် ၁၀ လုံးကျော် ပြန်ယူလာနိုင်ခဲ့ရုံသာမက၊ နောက်ဆက်တွဲ ရထားဖြင့် အိတ်အလုံး ၂၀ ကိုပါ ပို့ပေးရန် မှာယူခဲ့သေးသည်။

ထိုပစ္စည်းများသည်က အနည်းဆုံး တစ်လခွဲမှ ရောက်ရှိမည်ဟု ဆိုသည်။ ကျန်းကျန်းက အဝတ်များကို ချိတ်ရန် ကြိုးကွန်များနှင့် လှမ်းသည့် တန်းရှည်များကို ကူညီမှာပေးခဲ့သည်။

ကွေ့ဟွားနှင့် အသားမုန့်လုံးသည်ကား နှစ်ရက်လုံး မအားမလပ်လောက်သည်အထိ အဝတ်များကို ချိတ်ခဲ့ကြသည်။

သူတို့က ရက်များကိုပင် ကောင်းမွန်မည်းရက်စွဲအဖြစ် မတွက်ချက်တော့ပေ။ တနင်္ဂနွေနေ့တစ်ရက်ကို ရှာ၍ ဆိုင်နာမည်ပြားချိတ်၊ မီးရှူးမီးပန်းလေးများ ပစ်ဖောက်လိုက်သည်နှင့် ကွေ့ဟွားလန်ရှန် အထူးဒီဇိုင်း အဝတ်အထည်ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့တော့သည်။

ယနေ့သည်ကား တနင်္ဂနွေနေ့ ဖြစ်၍ ရာသီဥတုလည်း သာယာသည်။

ကျောင်းသားများသည်က ကျောင်းပိတ်ရက်ကို အခွင့်ကောင်းယူ၍ ကျောင်းအပြင်ဘက်၌ ဆိုင်အသစ်များ မည်သည်တို့ ဖွင့်လှစ်သည်ကို ကြည့်ရှုရန် ထွက်သွားရသည်ကို နှစ်သက်ကြလေသည်။

All Chapters