အခန်း (၂၇၂)
Vol. 28 Ch. 272
ကွေ့ဟွားနှင့် အသားမုန့်လုံးတို့သားအမိနှစ်ယောက်သည်ကား အချိန်က မွန်းတည့် ၁၂ နာရီအထိ အလုပ်များခဲ့ပြီးမှသာ လူအုပ်ကြီးက ဖြည်းဖြည်းချင်း လူစုကွဲသွားခဲ့သည်။
အခန်းတွင်း နံရံ၌ ချိတ်ဆွဲထားသော အဝတ်အစားများက တစ်ဝက်ခန့် လွတ်နေသည်ကို ကြည့်၍ ကွေ့ဟွားတစ်ယောက် အလုပ်ပင်ပန်းခြင်းကြောင့် ခါးနာခြင်း၊ ခြေထောက်နာခြင်းများပင် ပျောက်သွားသလို ခံစားရသည်။
သူက အသားမုန့်လုံးကို တက်ကြွစွာပင် ပြောခဲ့သည်။
“အသားမုန့်လုံး၊ သွားပြီး ထမင်းဝယ်ပြီး ပြန်လာခဲ့လိုက်လေ၊ နေ့လယ်စာအတူ စားရအောင်”
သူတို့၏ အဝတ်အထည်ဆိုင်သည်က အသားမုန့်လုံး၏ ကျောင်းနှင့်လည်း သိပ်မဝေးပေ။
ထို့ကြောင့် သူသည်လည်း တံခါး၌ ရပ်ထားသည့် စက်ဘီးကိုစီး၍ ထွက်သွားခဲ့ကာ ခဏအကြာ၌ ထမင်းအပြည့်ထည့်ထားသည့် ဗူးကြီးနှစ်ဗူးကို သယ်ဆောင်၍ ပြန်ယူလာခဲ့သည်။
မိခင်နှင့်သားဖြစ်သူတို့က ထမင်းစားပြီးသော် ကွေ့ဟွားက လက်ဖက်ရည်တစ်ခွက်ကို ငဲ့ယူ၍ တစ်ငုံသောက်ခဲ့သည်။
“မနက်ဖြန်ကျရင် ကျောင်းတက်ရမယ့် ကျောင်းသားတွေ သိပ်မရှိဘူး၊ ပြီးတော့ မင်းလည်းအတန်း သွားဖြည့်တက်လို့ရတယ်၊ ဒီမှာလာကူနေစရာ မလိုတော့ဘူး၊
ပို့ထားတဲ့ အဝတ်တစ်ဝက်လောက် ရောင်းပြီးတာနဲ့ ငါတို့တွေ တောင်ဘက်ကို ပစ္စည်းသွားဝယ်ကြမယ်။”
“ကောင်းပါပြီ”
အသားမုန့်လုံးသည်လည်း ထမင်းဘူးများကို အမြန်သိမ်း၍ ငွေရှင်းကောင်တာကို အဝတ်စဖြင့် သုတ်ခဲ့သည်။
မိခင်နှင့်သားနှစ်ဦးမှာ အချိန် ခဏနားပြီးမှ ဂိုဒေါင်အသေးလေးထဲမှ အဝတ်များကို ထပ်မံထုတ်ယူ၍ ဗလာဖြစ်နေသည့် နံရံ၌ ပြန်ဖြည့်ခဲ့သည်။
မကြာခင်မှာပင် လူပေါင်းများသည်လည်း ဆိုင်ထဲသို့ ဝင်ရောက်လာပြန်လေပြီ။
ကွေ့ဟွားသည်ကား ငယ်စဥ်ကတည်းက စိတ်ဓာတ်ပြင်းပြသူတစ်ဦးဖြစ်ခဲ့သည်။
ဤတစ်ကြိမ် ကိုယ်ပိုင်လုပ်ငန်းစတင်သည့်အခါ သူ၏စိတ်ဓာတ်များက ပို၍ပင် တက်ကြွလာခဲ့သည်။
အသားမုန့်လုံးနှင့် သူ၏မိခင်က စီးပွားရေး၌ မိတ်ဖက်များဟုခေါ်ဆိုနိုင်သည့် အတူတွဲ၍ လုပ်ကိုင်သူများဖြစ်လာသည့်အတွက် သူသည်ကား စိတ်ပူစရာမလိုဘဲ ကျောင်းစာအတွက် အချိန်ပို၍ ပေးနိုင်ခဲ့သည်။
သူက စာဖတ်ခြင်း၊ ဗဟုသုတရှာမှီးခြင်းတို့ကို စိတ်လွတ်လက်လွတ် ပြုလုပ်နိုင်ခဲ့ကာ စနေ၊ တနင်္ဂနွေနေ့များတွင်မူ အဝတ်ဆိုင်ကို ကူညီရန် ဆိုင်သို့သွားခြင်းအပြင် ဈေးကွက်ကိုလေ့လာရေးလည်း ထွက်ခဲ့သေးသည်။
သူ ဘွဲ့ရပြီးသည့်အချိန်တွင် အရင်နှစ်အနည်းငယ်က ရှာဖွေထားသည့် ငွေကြေးများဖြင့် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်ရန် စဥ်းစားထားခဲ့သည်။
ထိုအချိန်၌ အဝတ်အထည်ဆိုင်များအားလုံးကို ကွေ့ဟွားအား ပေးအပ်မည်ဖြစ်ပြီး သူကိုယ်တိုင်ကမူ ဝင်ရောက်စွက်ဖက်တော့မည် မဟုတ်ပေ။
ကွေ့ဟွား စီးပွားရေးလုပ်ကိုင်သည်မှာ တစ်နှစ်ခန့် ကြာလာသည့်အခါတွင် ဘေးဘက်ရှိ ၆၀ စတုရန်းမီတာကျော်ရှိသည့် ဆိုင်ကြီးကို ဝယ်ယူခဲ့သည်။
သူတို့က ကွမ်းတုန်သို့ ပစ္စည်းသွားဝယ်သည့်အချိန်မျိုးတွင် ဆိုင်ကို တစ်လခွဲခန့်ပိတ်ထားခဲ့တတ်သည်။
ထိုအချိန်ကိုအခွင့်ကောင်းယူ၍ အိမ်ဆောက်ရန် လက်သမားကို ရှာ၍ အိမ်နှစ်လုံးကို တစ်လုံးတည်း ဖြစ်အောင် ချိတ်ဆက်ရန် ပြုလုပ်ခဲ့သည်။
အဝတ်လဲခန်းများက အရေအတွက် ပို၍များလာရုံသာမက၊ အဝတ်အထည်များချည်းသာ ရောင်းချခြင်း မဟုတ်တော့ဘဲ၊ ကျောပိုးအိတ်၊ ဖိနပ်၊ ဆံပင်ပန်းပွင့်၊ ဆံပင်ညှပ် စသည့် ပစ္စည်းအသေးလေးများ ရောင်းချရန်အတွက်ပါဆိုင်ထဲ၌ နေရာတစ်ခု ထားရှိခဲ့သည်။
ဤပစ္စည်းအသေးများက ဈေးမကြီးသော်လည်း အမြတ်ကတော့ အံ့အားသင့်စရာ ကောင်းသည့်အထိ များစွာ ဖြစ်လာခဲ့သည်။
အနီးအနားရှိ ကျောင်းသူများနှင့် အလုပ်လုပ်ကိုင်သည့် အမျိုးသမီးများက အချိန်ရသည့်အခါတွင် လာရောက် လျှောက်လည်ရသည်ကို နှစ်သက်ကြသည်။
သူတို့က မဝယ်ဖြစ်ခဲ့သော်လည်း မျက်စိပသာဒ ဖြစ်အောင် ကြည့်ရှုပြခြင်းပင် ဖြစ်ပေသည်။
ကွေ့ဟွား၏ လုပ်ငန်း အရှိန်အဟုန် ကောင်းနေချိန်၌ ကျန်းကျန်းကလည်း သူမ၏ အနာဂတ်အကြောင်း စဥ်းစားလာခဲ့သည်။
လက်ရှိ၌ သူမက သူမ၏ လက်ထဲရှိ ပိုင်ဆိုင်မှုများကို သိရှိရန် စာရင်းစာအုပ်များကို ကြည့်နေခဲ့သည်။
နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒက ခွင့်ပြုသည့်အတိုင်းအတာအတွင်း၌ ကျန်းကျန်းက နောင်လာမည့် အဆင့်မြင့်မြို့များတွင် ဆိုင်များစွာကို ဝယ်ယူထားခဲ့သည်။
ဆိုင်အချို့ကိုမူ ဖွင့်လှစ်၍ လူငှားပြီး လုပ်ခိုင်းခဲ့သည်။ တချို့ကိုမူ အလုံး စုံငှားရမ်းခဲ့သည်။ အတော်အသင့် ကောင်းမွန်သည့် အိမ်များကိုလည်း လူများအား ငှားရမ်းနေထိုင်စေခဲ့သည်။
ဟောင်းနွမ်း စုတ်ပြတ်သပ်နေသည့် အိမ်များကမူ မကောင်းတော့သည့်အတွက် တိုက်ရိုက်ဖြိုဖျက်ရန်ပင် ထားရှိခဲ့သည်။
သူမ၏ နေရာလွတ်ထဲ၌ ရွှေနန်းတော်အတွင်းဘက်မှ တူးဖော်ရရှိခဲ့သည့် ရွှေဘုံး ၃၀၀ ထဲမှ အနည်းငယ်ကိုသာ အသုံးပြုခဲ့ပြီး ရှေးဟောင်းပစ္စည်း အမျိုးမျိုးကိုမူ နေရာအနှံ့၌ ထားရှိခဲ့သည်။
နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ ရှေးဟောင်းပစ္စည်းများ၊ စာမူများ၊ ပန်းချီကားများကို ကျန်းကျန်းက ခွဲခြား၍ စာရင်းသွင်း၊ အမျိုးအစားခွဲခြားထားခဲ့သည်။
နိုင်ငံတော်၏ဘရတနာအဖြစ် သတ်မှတ်ထားသည့် ပစ္စည်းများအားလုံးကိုမူ စင်ပေါ်၌ သပ်သပ်ရပ်ရပ် တင်ထားခဲ့သည်။
သူမ၏ နေရာလွတ်အတွင်းတွင် အခန်းအပူချိန်နှင့်နေရာ၏ ထူးခြားသည့် ပတ်ဝန်းကျင်ကြောင့် ရှေးဟောင်းပစ္စည်းများ၊ စာမူများ၊ ပန်းချီကားများ ဓာတ်တိုး၍ ပျက်စီးမည်ကို ပူစရာ မလိုပေ။
ကျန်ရှိနေသည့် ပစ္စည်းများကိုလည်း သီးခြားအခန်းတစ်ခု၌ ထားရှိပြီး နောင်တစ်ချိန်၌ ဤပစ္စည်းများမှ ကိုယ်ပိုင်ပရိဘောဂများ ထုတ်လုပ်မည်ဟု ကြံရွယ်ထားခဲ့သည်။
ကျန်းကျန်း၏ လက်ရှိအခြေအနေက ရတနာတောင်ကြီးပေါ်၌ ရောက်ရှိနေသော်လည်း တည့်တည့်မတ်မတ်ဖြင့် ပွင့်လင်းစွာ ချပြ၍မရပေ။
သို့အတွက် သူမထံတွင် ပြပ၏လူမျာ့မျက်လုံးကို ကာရံနိုင်ရန်အတွက် ပွင့်လင်းသည့် လုပ်ငန်းတစ်ခု လိုအပ်သည်။
ကျန်းကျန်းသည်ကား တစ်ပတ်နား၍ တော်ဝင်တက္ကသိုလ်တစ်ခုကို ပတ်၍ လျှောက်သွားရင်း နောက်ဆုံး၌ ရှေးဟောင်း ပရိဘောဂစက်ရုံတစ်ခုပေါ်၌ မျက်စိကျသွားခဲ့သည်။
ဤပရိဘောဂစက်ရုံသည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ မတည်ထောင်ခင်ကတည်းက တည်ရှိခဲ့ခြင်စဖြစ်ပေသည်။
ထိုစဥ်က ဤသို့ အလုပ်လာလုပ်သည့် လက်သမားဆရာများအားလုံးမှာ တရုတ်သမ္မတနိုင်ငံခေတ်က တော်ဝင်တက္ကသိုလ်၌ နာမည်ကြီး လက်သမားဆရာများချည်းပင် ဖြစ်ခဲ့သည်။
လွတ်မြောက်ပြီးသည့်နောက်၌လည်း ရိုးရာအစဥ်အလာအတိုင်း လက်တွေ့ သင်ကြားပေးခဲ့သည်မှာ ဆယ်နှစ်ကျော်မှသာ တပည့်တစ်ဦး ရရှိခဲ့သည်။
နောက်ပိုင်း၌ နိုင်ငံအတွင်းမှ အရေးအခင်းနှင့် လှုပ်ရှားမှုများကြောင့် နိုင်ငံပိုင်စီးပွားရေးအဖြစ် ပြောင်းလဲခဲ့ရပြီး သေသေချာချာ လက်ရာမြောက်စွာ ပြုလုပ်ထားသည့် ပရိဘောဂများက “စတုတ္ထရှေးဟောင်းပစ္စည်း” ဖြစ်လာသည့်အတွက် စက်ရုံသည်က ပုံစံမရှိသည့် အလွယ်ကူဆုံးနှင့် အသုံးအများဆုံး လူသုံးကုန်ပရိဘောဂများကိုသာ ထုတ်လုပ်နိုင်ခဲ့သည်။
မူလက နိုင်ငံအတွင်း လှုပ်ရှားမှုများဖြစ်စဥ်က ပရိဘောဂစက်ရုံသည် ရပ်တည်နိုင်စွမ်း မရှိခဲ့ပေ။ နောက်ပိုင်း အရေးအခင်းလှုပ်ရှားမှုပြီးသွားသော်လည်း ထူးခြားချက်မရှိသည့် ပရိဘောဂများက ရောင်းမထွက်ခဲ့တော့ပေ။
စက်ရုံခေါင်းဆောင်များသည်ကား ပြုပြင်ပြောင်းလဲရန်နှင့် ဆန်းသစ်တီထွင်မှုမျာကို လုပ်ဆောင်ရန် သတ္တိမရှိခဲ့။
“ပြည်သူများကို ဝန်ဆောင်မှုပေးသည်” ဟူသည့် ခေါင်းစဉ်ဖြင့် ငွေကြေးရှာသည့်နည်းလမ်းကို မရှာဖွေခဲ့ကြပေ။
ထိုကြောင့် နှစ်အနည်းငယ်ကြာအောင် ရေစက်လက်စွန်းတွင်သာ ဆက်ရှင်သန်နေခဲ့ပြီး နောက်ဆုံး၌ ဤနှစ်အတွင်း စက်ရုံသည်ကညး ဆက်လက် ရပ်တည်နိုင်စွမ်း မရှိတော့ဘဲ ပိတ်သိမ်းလိုက်ရတော့မည်။
စက်ရုံရှိ အလုပ်သမား ဒါဇင်များစွာ အလုပ်လက်မဲ့ ဖြစ်တော့မည်ကို မြင်နေခဲ့ရသည်။
ထိုအတွင်းမှ အသက်အကြီးဆုံးများသည်ကား အသက် ၅၀ ကျော်ခန့်ပင် ရှိနေခဲ့ပြီး၊ အငယ်ဆုံးများသည်ကား ၃၀ နှင့် ၄၀ ကြားများသာ ဖြစ်ကြသည်။
အလုပ်သမားများမှာ ဤသတင်းများကို ကြားသော် နေ့တိုင်း စက်ရုံညွှန်ကြားရေးမှူးရုံး အပြင်၌ ပိတ်ဆို့၍ ယူနစ်မှ သူတို့အတွက် ရှင်းပြချက်ပေးရန် အတင်းအကျပ် တောင်းဆိုကြရရသည်။
ဤအလုပ်သမားများအတွက် အလုပ်အကိုင်ပြဿနာကို ဖြေရှင်းပေးရန်က လက်ရှိအချိန်ကာလတွင် ခရိုင်အတွင်း၌ အရေးကြီးဆုံး ကိစ္စပင် ဖြစ်လာခဲ့ရသည်။
ဤကိစ္စက မြို့တော်အကြီးအကဲများထံသို့ပင် သတင်းရောက်ပြီး တစ်လအတွင်း စက်ရုံကို လွှဲယူရန် ဆန္ဒရှိသည့်သူကို ရှာဖွေရန် အမိန့်ပေးခဲ့သည်။
ဤသို့ စက်ရုံကြီးတစ်ခု၌ အလုပ်သမားများ များစွာရှိသည့်အတွက် သတ်မှတ်ထားသည့်ဈေးနှုန်းသည်လည်း ရာဂဏန်း၊ ထောင်ဂဏန်းဖြင့်သာ ပြီးမည်မဟုတ်ပေ။
ဤအလုပ်သမားများအတွက်လည်း အရင်ဆုံး စက်ရုံကို လွှဲယူ၍ ရနိုင်သော်လည်း သူတို့သည်ကား တစ်သက်လုံး လက်သမားအဖြစ်သာလုပ်လာသည့်သူများဖြစ်၍ စွမ်းရည်ရှိနေခဲ့လျင်ပင် ထိုစက်ရုံကိုလက်လွှဲရန် သဥ်းသားနိုင်လောက်သော သတ္တိရှိသည့်သူများက ပို၍ပင် ရှားပါးလွန်းနေခဲ့သည်။
ကျန်းကျန်းသည်ကား လမ်းမကြီး နှစ်ခုဆုံရာ နေရာရှိ ထိုစက်ရုံဧရိယာကြီးကို အလွန်အမင်းပင် နှစ်သက်ခဲ့သည်။
ဤဝါရင့် လက်သမားဆရာကြီးများ၏ ထူးခြားသည့် လက်မှုပညာများကိုလည်း သူမ အလွန်နှစ်သက်သည်။
သို့သော် ကျောင်းပင် မပြီးသေးသည့် မိန်းကလေးတစ်ဦးက စက်ရုံတစ်ရုံကို ဝယ်ယူမည်ဟု သွားရလာက်ကာ တည့်တိုး ပြောဆိုခဲ့သော် အနည်းငယ် ပြဿနာရှိနိုင်မည်။
သူမ တွေးတောနေရရင်းဖြင့်ပင် သူမသည်ကား ရှီကျွင့်ကျဲ၏ ဦးလေးဖြစ်သူ၊ လက်ရှိ တော်ဝင်တက္ကသိုလ် မြို့တော်ဝန် ချန်ရှန်းကို သတိရသွားခဲ့သည်။
လက်ရှိ၌ ဤစီမံကိန်းသည်ကား ခရိုင်အတွက်ရော၊ မြို့တော်အတွင််း၌ပါ အရေးကြီးဆုံး ကိစ္စအဖြစ် သတ်မှတ်ထားသည်။
မြို့တော်ဝန်နှင့် သူမ ဆက်သွယ်နိုင်ခဲ့မည်ဆိုပါက တခြားသော ကိစ္စများကို အစိုးရမှ အလွယ်တကူ ဖြေရှင်းပေးနိုင်မည်။
လက်ရှိတွင် မည်သို့ စကားစရမည်နည်းဟူသည့် မေးခွန်းသာ ကျန်ရှိတော့သည်။
ကျန်းကျန်း ဤတစ်ပတ်လုံး ခွင့်ယူထားသည့်အတွက် ရှီကျွင့်ကျဲသည်က သူမကို ရက်တော်တော်ကြာအောင် မတွေ့ရပေ။
နောက်ဆုံး၌ တနင်္ဂနွေနေ့တွင် ပြန်ရောက်လာသော် ရှီကျွင့်ကျဲ၏ မူလအတွေးက ကျန်းကျန်းနှင့်အတူ ရုပ်ရှင်သွားကြည့်ရန် စဥ်းစားထားခဲ့ခြင်းဖြစ်ပေသည်။
သို့သော် သူ အိမ်သို့ရောက်မှသာလျှင် မိသားစုအိမ်တွင်ရှိနေသောအဘွားဖြစ်သူက သူ့ကို ပြန်လာပြီး အတူတူ တွေ့ဆုံစားသောက်ရန် ပြောထားသည်ကို သိရှိလိုက်ရသည်။
မိသားစုအိမ်၌ (၁၀) ရက်တစ်ခါ၊ တစ်လတစ်ခါခန့် တွေ့ဆုံပွဲများ ပြုလုပ်လေ့ရှိသည်။
အကြောင်းပြချက် တစ်ခုမှာ အဖိုး၊အဖွား နှစ်ဦးသည်က သူတို့၏ သားသမီး မြေးမြစ်များနှင့် ဆူဆူညံညံ ပျော်ပျော်ရွှင်ရွှင် နေထိုင်လိုသည်။
နောက်တစ်ခုမှာမူ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်လိုသည့်အတွက် ဖြစ်ပေသည်။
လင်းရှို့လန်သည်ကာစ မနက်ဖြန် အိမ်ကြီးသို့ မည်သည့်ပစ္စည်းတို့ကို ယူဆောင်သွားရမည်နည်းဟူသည်ကို ပြင်ဆင်နေရင်း ရှီကျွင်းကျဲကို မော့ကြည့်ခဲ့သည်။
“ကျန်းကျန်းလည်း အတူလိုက်မလိုက် သွားမေးကြည့်ပါလား။ မင်း အဘွား ဖုန်းဆက်တုန်းက သူမကို မတွေ့ရတာ ကြာပြီ၊ တကယ် လွမ်းနေပြီလို့ ပြောနေတယ်”
ရှီကျွင့်ကျဲသည်က ရုတ်တရက် ရယ်မောလိုက်ပြီး သခွားမွှေးသီးနှစ်လုံး ထုပ်၍ ဘေးအိမ်သို့ လည်ပတ်သွားခဲ့သည်။
ကျန်းကျန်းသည်က စာရွက်ပေါ်၌ စက်ရုံအကြောင်း ရေးခြစ်ရင်း စဥ်းစားနေစဥ်အချိန်တွင် ရှီကျွင််ကျဲ လာသည်ကို မြင်သော် ချက်ချင်း ရယ်မောလိုက်ပြီး ထရပ်ကာ ပြတင်းပေါက်မှ သူ့ကို မေးခဲ့သည်။
“ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
**