အခန်း (၂၇၃)
Vol. 28 Ch. 273
ရှီကျွင့်ကျဲသည် ကျန်းကျန်း၏ အမေးစကားကို ကြားလျှင် သူ၏လက်ထဲမှ သခွားမွှေးကိုကိုင်မြှောက်၍ ပြောလိုက်သည်။
“ကိုယ် မင်းအတွက် အသီးယူလာတာ”
ကျန်းကျန်းသည်လည်း လက်ထဲမှ ဘောပင်ကိုချ၍ အခန်းထဲမှ ထွက်လာခဲ့သည်။
ဝမ်စုဖန်းမှ အပြင်ဘက်မှ လှုပ်ရှားသံများကိုကြားသောအခါ ကတ်ကြေးနှင့် ဇလုံတစ်လုံးယူကာ ရှီကျွင်းကျဲ စားရန် စပျစ်သီး အခိုင်များကို ဖြတ်ပေးရန် ထွက်လာခဲ့လေသည်။
အိမ်၌ စိုက်ထားသော စပျစ်သီးများသည်ကား ကျန်းကျန်း၏ စွမ်းရည်ကြောင့် မြေဩဇာမပါဘဲ ချိုမြန်၍ အလုံးကြီးကြီးများ ထွက်လာသည်ဟု ဆိုနိုင်သည်။
အသီးပေါ်တွင် ရှိနေသော အပေါ်ယံဖုန်များကို ရေတွင်းရေနှင့် ဆေးကြောလိုက်ရုံနှင့် စား၍ရပြီ ဖြစ်သည်။
ယခုအခါတွင် လီမူဝူသည်ကား ငါးမျှားသွားသည့်အချိန်တိုင်း စပျစ်သီးအနည်းငယ်ကို ယူသွားတတ်သည်။
သူက တခြားအပေါင်းအဖော်များနှင့် အတူ ငါးမျှားရင်းဖြင့် မကြာခဏ စပျစ်သီး နှစ်လုံး သုံးလုံး ကောက်စားတတ်လာသည်။
အကယ်၍ သူခြားလူများလည်း စပျစ်သီးစားခြင်းကို စွဲလန်းသွားပြီဆိုပါက မည်သူက ငါးအများဆုံး ဖမ်းမိသည်ဟု စိန်ခေါ်တတ်သည်။
လီမူဝူ ရှုံးပါက လူတိုင်းကို စပျစ်သီးများ ပေးစားလေ့ရှိသည်ဟု ဆိုသည်။
ထို့ကြောင့် သူတို့၏ အနီးအနားရှိ အိမ်နီးချင်းများသည်လည်း လီမိသားစု စိုက်သော စပျစ်သီးများ ထူးထူးခြားခြားပင် ချိုမြိန်သည်ကို သိထားခဲ့ကြသည်။
ဝမ်စုဖန်းသည် ဆေးကြောထားသော စပျစ်သီးများကို ရှီကျွင်းကျဲ၏အနီး ၌ ချထားပေး၍ပြောလိုက်သည်။
“ရေဆာပြေအောင် နှစ်လုံးလောက် စားလိုက်ပါဦး”
ရှီကျွင်းကျဲက သူမကို ကျေးဇူးတင်ကြောင်း ပြောကာ စပျစ်သီးအချို့ကို ယူစားရင်း မဒမ်လီနှင့် စကားပြောနေခဲ့သည်။ ထို့နောက် အဓိက အကြောင်းအရာကို စတင် ပြောလိုက်လေသည်။
“မနက်ဖြန်ကျရင် ကျွန်တော်တို့ အဘွားရှိတဲ့ မိသားစုအိမ်ဟောင်းကို ညစာစားဖို့ ပြန်ကြမှာလေ၊ အဲဒါ အဘွားက ကျန်းကျန်းကို မတွေ့တာကြာပြီဆိုတော့ အရမ်းသတိရနေတယ်။
ဒါကြောင့် ကျန်းကျန်းကို ခေါ်သွားလို့ အဆင်ပြေမလားဆိုတာ လာမေးတာပါ”
မဒမ်လီက အနည်းငယ် ပြုံး၍ ကျန်းကျန်းကို တစ်ချက် ကြည့်လိုက်သည်။
“ငါတို့တွေက ဘာကိုမှမတားဆီးပါဘူး။ မင်း ကျန်းကျန်းကိုပဲ မေးကြည့်လိုက်ပါ။ သူမက ဒီရက်ပိုင်း စကားပြောနေတာနဲ့ အလုပ်များနေတယ်ဆိုတာကိုပဲ ပြောနေတယ်၊ အားမအားတော့ မသိဘူး”
ကျန်းကျန်းသည်ကား ရှီချန်ရှန်း နှင့် မည်သို့ စကားပြောရမည်ကို စဉ်းစားနေခဲ့သည်။ အကယ်၍ သူမ
သည်သာ မိသားစုအိမ်ဟောင်းသို့ တိုက်ရိုက်သွားပါက ရှီကျွင်ကျဲကို တစ်ဦးတည်း ခေါ်သွားကာ ထိုကိစ္စအတွက် အထူးတလည် သွားပြေုရန် မလိုတော့ပေ။
ထို့ကြောင့် သူမသည်ကား အလျင်အမြန် ပြုံးလိုက်ရင်းပြောလိုက်သည်။
“မနက်ဖြန်ကျရင် ကျွန်မ အားပါတယ်။ ကျွန်မလည်း အဘွားရှီကိုလည်း သတိရနေတာကြာပြီ”
ဤသို့ စဉ်းစားပြီးသောအခါ သူမအနေနဲ့ အကူအညီတောင်းခံလိုသောကိစ္စရပ်အပေါ် ရှီကျွင့်ကျဲကို ဦးစွာ ၀ကာ့ပြောရမည်ဟုတွေးတောမိကာ သူဘက်ကို လှည့်ကြည့်ရင်း မေးခးမြန်းခဲ့လေသည်။
“အကြီးဆုံးဦးလေးက မနက်ဖြန် မိသားစုအိမ်ကိာ သွားမလားမသိဘူး၊ ကျွန်မ ဦးလေးဆီက အကူအညီတောင်းချင်တာလေး ရှိသေးတယ်”
ရှီကျွင့်ကျဲလည်း ဤစကားကို ကြားသောအခါ အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်လာရသည်။
“ဘာကိစ္စများရှိနေလို့လဲ၊ ကိုယ် မကူညီနိုင်ဘူးလား”
မဒမ်လီသည်ကား သူမ၏မြေးဖြစ်သူ ပြောလာသော စကားကို ကြားသောအခါ အလျင်အမြန် ပြောလိုက်သည်။
“ကျန်းကျန်း၊ အရာရာတိုင်းကို သူများကို အလုပ်ရှုပ်ခံပြီး ကူညီခိုင်းလို့ မရဘူးလေ။ အိမ်မှာ မင်းမလုပ်နိုင်တာ ဘာပဲရှိရှိ မင်းရဲ့အကြီးဆုံးဦးလေး(လီမူဝမ်း)ကို ပြောပြလိုက်၊ သူက မင်းအတွက် နည်းလမ်းရှာပေးလိမ့်မယ်”
“ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။ ဒါက ဦးလေးရှီချန်ရှန် တာဝန်ယူထားတဲ့ ကိစ္စနဲ့ပဲ တိုက်ဆိုင်နေလို့ပါ”
ကျန်းကျန်းသည် ပြုံး၍ တိုက်ရိုက်ပြောလိုက်သည်။
“မြို့ထဲက ရပ်ကွက်ဘေးနားမှာ ပရိဘောဂစက်ရုံကြီးတစ်ရုံ ပိတ်တော့မယ်လို့ ကြားတယ်။ အခု အစိုးရက လွှဲပြောင်းယူဖို့ လူရှာနေတယ် ၊ ဟုတ်တယ်မလား”
ရှီကျွင့်ကျဲလည်း သူ့အနေဖြင့် သူ၏ မိသားစုအိမ်သို့ပြန်သောအချိန်များတွင် ရှီချန်ရှန်းမှ စိုးရိမ်တကြီးဖြင့် ဤကိစ္စကို ပြောနေသည်ကို တွေ့မြင်ခဲ့ရသည်။
သူ့အနေဖြင့် ရိုးသားစွာ ပြောရပါက မည်သူမျှသာ လွှဲပြောင်းမယူပါက ဦးလေးဖြစ်သူမှာ ဤအလုပ်သမားများကို တခြားစက်ရုံများသို့ ပို့ဆောင်ပေးရမည် ဖြစ်သည်။
ဤသို့ဖြစ်လာမှသာ သူတို့သည်က မတည်ငြိမ်သော အကြောင်းအရာများ ဖြစ်ပေါ်မလာအောင် ကာကွယ်နိုင်လိမ့်မည်ဖြစ်သည်။
ရှီကျွင့်ကျဲ ခေါင်းငြိမ့်ပြလာသည်ကို မြင်သောအခါ ကျန်းကျန်းကလည်း ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ကျွန်မ အဲဒီစက်ရုံကို လွှဲပြောင်းယူချင်တယ်”
ရှီကျွင်းကျဲတစ်ယောက် ခဏတာလောက် ကြောင်သွား၍ ကျန်းကျန်းကို အံ့သြစွာ ကြည့်လိုက်သည်။
“မင်း ဒီကိစ္စအတွက် သေသေချာချာ စဉ်းစားပြီးပြီလား၊ ဒီစက်ရုံမှာ ကုန်ကြမ်းပစ္စည်းတွေနဲ့ ပရိဘောဂတွေ အများကြီး ကျန်နေသေးတယ်၊
ဒါပေမဲ့ ရောင်းအားမရှိဘူးလို့ ကိုယ်ကြားထားတယ်။ ဒါ့အပြင် အလုပ်သမား ဒါဇင်နဲ့ချီပြီး လုပ်အားခကို စောင့်ဆိုင်းနေကြတယ်၊
မင်းမှာ ငွေကြေး ထောင်ချီ ဒါမှမဟုတ် သောင်းချီလောက်မရှိဘူးရင် လွှဲပြောင်းယူနိုင်မှာ မဟုတ်လောက်ဘူးလို့ ကိုယ်ထင်တယ်၊
ဒါ့အပြင် မင်းက အခုချိန်မှာ ကျောင်းတောင် မပြီးသေးဘူးလေ၊ စက်ရုံကို ဂရုစိုက်နေဖို့ အချိန်ရှိလား”
မဒမ်လီသည်ကား ငွေကြေး ထောင်ပေါင်းများစွာ ကျသင့်မည်ဟု ကြားသောအခါ သူမသည်လည်း အံ့သြသွားသည်။
“အိုး၊ အဲဒါက ပိုက်ဆံအများကြီးပဲ”
သူသည်ကား ကျန်းကျန်းထံ၌ ဤမျှ ငွေကြေးရှိသလောဟု မေးလိုခြင်း ဖြစ်သည်။
သို့သော်လည်း ရုတ်တရက် လွန်ခဲ့သောအချိန်အနည်းငယ်ခန့်က ကျန်းကျန်းမှ ရွှေလက်ဝတ်ရတနာများ အပြည့်အစုံပါသော သေတ္တာကို ထုတ်ပြသည်ကို သတိရသွားခဲ့ရသည်။
ကျန်းကျန်းသည် ထိုလက်ဝတ်ရတနာများကို ရောင်းချလိုခြင်းဖြစ်နိုင်လောက်သည်ဟု တွေးမိငွားခဲ့သည့်အတွက် သူမလည်း မည်သည့် စကားကိုမျှ ဆက်မပြောတော့ပေ။
ကျန်းကျန်းသည်လည်း ယုံကြည်မှုရှိသော မျက်နှာဖြင့် ပြုံးလိုက်သည်။
“ဒီစက်ရုံကို လွှဲပြောင်းယူမယ်လို့ ဆုံးဖြတ်ပြီးကတည်းက ဒါတွေအားလုံးကို ကျွန်မ စဉ်းစားပြီးသားပါ။
ဒါပေမဲ့ အသေးစိတ်ကိုတော့ ဦးလေးရှီချန်ရှန်နဲ့ ဆွေးနွေးရပါမယ်။ စက်ရုံစီမံခန့်ခွဲမှုအတွက်လည်း ကျွန်မမှာ ကောင်းမွန်တဲ့ ကိုယ်စားလှယ် ရှိပါတယ်”
ရှီကျွင်းကျဲကတော့ ကျန်းကျန်း၏ ခိုင်မာသောအမူအရာနဲ့ ဤစကားများကိုကြားသောအခါ များစွာ စကားမပြောတော့ပေ။ ဤသည်က ကျန်းကျန်း၏ အရေးကြီးသော ကိစ္စ ဖြစ်သည်။
သူလုပ်နိုင်သည့်အရာသည်ကား သူမ၏ နောက်ကွယ်မှ တိတ်တဆိတ် ထောက်ခံပေးခြင်းပင် ဖြစ်ပေသည်။ သူမထံတွင်အကူအညီ တစ်စုံတရာလိုအပလာခဲ့ပါက သူက အားကိန်စိုက်ထုတ်ကာ ကူညီပေးမည် ဖြစ်သည်။
နောက်တစ်နေ့ နံနက်စောစောတွင်တော့ ကျန်းကျန်းသည်ကား သူမ၏အိတ်ကို လွယ်၍ အိမ်ထဲမှ ထွက်သော သစ်သီးဝလံများနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို သယ်တောင်ကာ ရှီမိသားစု၏ကားထဲသို့ ရောက်ရှိလာခဲ့သည်။
အသက် ၈၀ နှစ်မြောက် မွေးနေ့ပွဲအပြီးတွင် ရှီအဘွားကြီးသည် ကျန်းရန်ကျယ်ထံသို့ တစ်လတစ်ကြိမ် သွား၍ သွေးခုန်နှုန်းစစ်ဆေးသည်ဟု ဆိုခဲ့သည်။
ကျန်းရန်ကျဲ၏ ဆေးဝါးအကူများနှင့် ပြုပြင်ပြောင်းလဲမှုများကြောင့် ယခုအခါတွင် အဘွားကြီးရှီသည်လည်း ကျန်းမာသန်စွမ်းလာခဲ့ကာ အလွန်အမင်း ခါးသက်၍ သိပ်သည်းသော တရုတ်တိုင်းရင်းဆေးရည်ကို နှုတ်ဆက်နိုင်ခဲ့ပြီ ဖြစ်သည်။
အတိုင်ခင်အချိန်များက ဖြစ်ပွားခဲ့သော ညဘက်တစ်ရေးနိုးပါက အိပ်မပျော်ခြင်း၊ အိပ်ချင်လျှက် မအိပ်နိုင်ဖြစ်ခြင်းများ သည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူမ လမ်းလျှောက်ပါက လေတိုက်သကဲ့သို့ပင် အရှိန်အဟုန်မြန်ဆန်လာပြီး ငွေဖြူရောင် ဆံပင်များ အထဲမှ မည်းနက်သော အမွေးအမျှင်များ များစွာလည်စ ပြန်ထွက်လာသည်ဟု ဆိုလာကြသည်။
ရှီအဘွားသည်ကား ကျန်းကျန်းမှ သူမကို ဆေးပညာရှင်ကြီးတစ်ဦးနှင့် သွေးခုန်နှုန်းစစ်ဆေးခိုင်းပေးခဲ့သည် အတွက် လွန်စွာပင် ကျေးဇူးတင်နေခဲ့သည်။
ထို့အပြင် ဤအချိန်ကာလ အတွင်း မိသားစုနှစ်စုသည်က ပို၍ပင် ရင်းနှီးလာကြသည်။ ကျန်းရန်ကျယ်ထံသို့ သွေးခုန်နှုန်းစစ်ရန် သွားတိုင်း သူမက လီမိသားစုအိမ်သို့ သွား၍ စကားပြောတတ်သည်။
ရှီအဘွား နှင့် လင်းရှို့လန် တို့ အကြိုက်ဆုံး သည်ကား လီမိသားစုအိမ်ရှိ ဥယျာဉ်ခြံပင် ဖြစ်လာခဲ့သည်။ ပန်းအမျိုးအစား မားစွာ နှင့် ဟင်းသီးဟင်းရွက်များသည်ကား တစ်ချက်ကြည့်လိုက်ရုံနှင့် အားအင်အပြည့်နှင့် ရှိနေပြီး စိတ်နှလုံးကို အလွန်ပင် သက်သောင့်သက်သာ ဖြစ်စေသည်ဟု ဆိုခဲ့ပြသည်။
ကျန်းကျန်း ရောက်လာသည်ကို မြင်သောအခါ ရှီအဘွားကြီးက ချက်ချင်းပင် ပြုံးလာခဲ့ပြီး မျက်လုံးများကို မှေးစင်းကာ ပြောလိုက်သည်။
“ကျန်းကျန်း ရောက်လာပြီလား၊ ဒါ က ဘာတွေလဲ”
“အဘွား မင်္ဂလာပါ။ ကျွန်မ အခုမှပဲ အားလို့ အဘွားဆီကို ရောက်လာနိုင်ခဲ့တယ်၊ ဒါတွေက အိမ်မှာ စိုက်ထားတဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကု ယူလာတာပါ။
တန်ဖိုးတော့ မကြီးပါဘူး၊ ဒါပေမဲ့ အပြင်က ဝယ်တာတွေထက် အများကြီး ပိုပြီးလတ်ဆတ်ပါတယ်”
ကျန်းကျန်းတစ်ယောက် စပျစ်သီးနှင့် ဟင်းသီးဟင်းရွက် အိတ်ကြီးတစ်လုံးကို အဘွားကြီးကို ပြသလိုက်သည်။
“အိုး၊ ဒီခံစားချက်က အရမ်း ကောင်းတယ်၊ မင်းတို့အိမ်မှာ စိုက်တာတွေကို ငါ တကယ်ကြိုက်တယ်၊ ဒါတွေက အပြင်မှာရှိနေတဲ့အသီးအရွက်တွေထက် အရသာ ပိုရှိတယ်”
ရှီအဘွားကြီးသည် အိမ်တွင်ရှိနေသည့် အိမ်ဖော်ကို ပစ္စည်းများအုး ယူခိုင်း၍ မှာလိုက်သည်။
“စပျစ်သီးတွေကို ဆေးကြောပြီး ယူခဲ့ဦး၊ ငါ ကျန်းကျန်းအိမ်က စပျစ်သီးတွေ စားပြီးပြီဆိုတော့ တခြားအသီးတွေကို မစားနိုင်တော့ဘူး”
ရှီစူးမေ့၏ အကြောင်းကိုပြောရလျှင် သူမက အဘွားရှီ မွေးနေ့ပွဲတုန်းက မိသားစုကို စိတ်ဆိုးအောင်လုပ်ခဲ့သည့အတွက် ရှီအဘွားကြီးသည်ကား သူမကို တစ်နှစ်လုံး အိမ်ထဲသို့ ဝင်ခွင့်မပြုတော့ပေ။
သူမ၏ မြေးဖြစ်သူ ရှန်ချင်းရန်ပင်လျှင် ခြွင်းချက်မရှိခဲ့ပေ။ ထိုမိခင်နှင့်သမီးသည် အဘွားရှီကို ဤမျှ ရက်စက်မည်ဟု မထင်မှတ်ခဲ့ကြပေ။
ထို့ကြောင့် ခဏတာလောက်အတွင်း သူတို့သည်က အတော်လေး ငြိမ်သက်သွားခဲ့ကြသည်။
ဤနှစ်သစ်ကူးနေ့ ၌သာ ထိုအမေနှင့်သမီးသည် ပစ္စည်းများကို ယူ၍ နှစ်သစ်ကူး နှုတ်ဆက်ရန် အိမ်ရှေ့သို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။
အဘွားရှီသည်လည်း တစ်နှစ်နီးပါး ခြောက်လှန့်ထားခဲ့သည့်အတွက် ထိုသူများက ဆိုးသွမ်းစွာပြုမူခြင်းကို ရပ်တန့်တော့မည်ဟု ခံစားရ၍ ခေါင်းငြိမ့်ကာ သူ တို့ကို အိမ်ထဲ ဝင်ခွင့်ပြုလိုက်သည်။
ရှီစူးမေ့တစ်ယောက် ကျန်းကျန်းက ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို သယ်လာ၍ သူမတို့၏အိမ်၌ စိုက်ပျိုးသည်ဟု ပြောသောအချိန်တွင် အဘွားရှီမှ ပျော်ရွှင်စွာ လက်ခံသည်ကို ကြည့်လိုက်သည်။
သူမသည်ကား ရှီအဘွားကြီး၏ အသက် ၈၀ ပြည့် မွေးနေ့ပွဲတွင် ဤ ကောင်မလေးသည်က ဤသို့ပင် သဘာဝကျကျ ပြုံးပြနေခဲ့သည်ကို ပြန်လည် သတိရသွားသည်။
မိသားစု၏ ဒေသထွက် ပစ္စည်းများ အကြောင်း ပြောပြရင်း သူမ ယူလာသော ဂုဏ်ပြုလက်ဆောင် သည် သူ့တို့ကို အထူးတလည် ရှက်ရွံ့စေခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ သူမယူလာသော ပစ္စည်းသည်က အမှန်တကယ်ပင် ရိုးစင်းသော်လည်း ရှီစူးမေ့သည်ကား အဘွားကြီးကို စိတ်ဆိုးအောင် လုပ်မိပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သတိရနေခြင်းကြောင့် မိမိပါးစပ်ကို ပိတ်ကာ မည်သည့်အရာကိုမှ မပြောရဲတော့ပေ။
*