← Chapters

အခန်း (၂၇၅)

Vol. 28 Ch. 275

အခန်း (၂၇၅)

Vol. 28 Ch. 275

ရှန်ချင်းရန်၏ စိတ်အတွင်း၌ မည်သည့်အရာများကို တွေးနေသည်ကို ကျန်းကျန်း မသိသော်လည်း ဖြည်းညင်းစွာ ပြုံးလိုက်ကာ သူမ၏ ဘေးတွင်ရှိနေသော ရှီကျွင့်ကျဲနှင့် စကားပြောရန် လှည့်လိုက်သည်။

ရှန်ချင်းရန်သည်ကတော့ ကျန်းကျန်းမှ သူမ၏ဖော်ရွေမှုကို အရေးမစိုက်သည်ကို မြင်သောအခါ မျက်လုံးများ၌ စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင်များက စတင်စုဝေးလာသည်ကို တခြားသူများ မြင်လာရသည်။

သို့သော်လည်း လွန်ခဲ့သည့်တစ်ကြိမ်က ရှီစူးမေ့က မိသားစုအတွင်းရှိလူအများကို စိတ်ဆိုးအောင် လုပ်ခဲ့မိ၍ ဆိုးဆိုးရွားရွား ပြန်အပြစ်ပေးခံခဲ့ရသည်ကို သတိရကာ သူမ၏စိတ်အတွင်း အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့သည်။

သို့သော် သူမ၏လက်ရှိ အခြေအနေကို ပြန်လည်စဉ်းစားသောအခါ ရှန်ချင်းရန်သည်က ဤချမ်းသာကြွယ်ဝသည်သသူဌေးကြီးကိုမူ မြှောက်ပင့်၍ပြောရဦးမည်ဟု တွေးလိုက်သည်။

ယခု ရှီမိသားစုတွင် သက်ကြီးပိုင်းမှအစ ဦးလေးများအထိ သူမကို အဖတ်မလုပ်ကြပေ။

သူမသည်ကား မူလအစတွင် ထိုသူတို့ကို အားကိုး၍ ဆင်းရဲတွင်းမှ လွတ်မြောက်လိုခဲ့သည်။ သို့သော် အခြေအနေများအရ ဤအကြံသည်က လွယ်လွယ်ကူကူ အကောင်အထည် ပေါ်လာမည် မဟုတ်ဟု ထင်သည်။

သို့သော် ဤလီမင်ကျန်းကား မတူညီပါပေ။ သူမသည်က ငယ်ရွယ်သေးကာ တြေးတောစဥ်းစားတတ်မှုနည်းပါးလောက်သေးသည်။ မိန်းကလေးလည်း ဖြစ်သည်။

သူမကိုသာ ချိုသာစွာ မြှောက်ပင်းပြောပြီး သူမအပေါ်သို့ ယုံကြည်ကာ ဂရုထားလာတော့မည်ဆိုပါက စိတ်ပူစရာမလိုတော့ချေ။

လီမင်ကျန်းကိုဆိုလျှင် တခြားသူများကဲ့သို့ စကားများများ ပြောစရာပင်မလိုအပ်လောက်ဘဲ သူမကိုယ်တိုင်အတွက် စတင်၍ ငွေကြေးများစွာ အကုန်အကျခံလာပေမည်။

သူမ လွန်ခဲ့သည့်တစ်ကြိမ်က အဘွားရှီကို ပေးခဲ့သည့် မွေးနေ့လက်ဆောင်ကို ကြည့်ခြင်းအားဖြင့် လီမင်ကျန်းသည်က အလွန်ပင် လက်ဖွာကာ ရက်ရောသည့်သူတစ်ဦး ဖြစ်သည်ကို သိနိုင်သည်။

အဘွားအိုရှီက ထမင်းစားရန်အတွက် စတင် ကြေညာလိုက်သောအခါတွင် ရှန်ချင်းရန်သည်လည်း နူးညံ့ချိုသာသည့်အပြုံးတစ်ပွင့်ကို ထပ်မံပြုံးလျက် ကျန်းကျန်း၏ ပန်းကန်ထဲသို့ ငရုတ်သီးများဖြင့် အစပ်လေးကြော်ထားသည့် ဟင်းလျာများ ထည့်ပေးရင်းပြောလိုက်သည်။

“အစ်မကျန်းကျန်း၊ ဒီဟင်းပွဲလေးက အရမ်းအရသာရှိတယ်ထင်တယ်၊ မြည်းကြည့်ပါဦး”

ကျန်းကျန်းသည်ကား သူမဘက်ကို တစ်ချက်ကြည့်လိုက်သည်။

သူမ မည်သည်ကို စဉ်းစားနေသည်ကို မသိသော်လည်း အလွန်တက်ကြွနေသည့် အပြုံးမျက်နှာကိုကြည့်၍ ဤကောင်မလေး၏ စိတ်အတွင်း တခြားအကြံအစည်များ ပုန်းကွယ်နေသည်ကို သိသည့်အတွက် ခပ်လှမ်းလှမ်းမှ ပြုံးပြလျက်သာ ပြောလိုက်လေ၏။

“ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ငါ့ ဘာသာပဲ ယူထည့်လိုက်ပါ့မယ်”

ရှီရီနော့သည်ကား ရှန်ချင်းရန်ကို မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် တစ်ချက်ကြည့်လျက် လက်လှမ်း၍ ရေချိုဂဏန်းတစ်ကောင်ကို ယူကာ ကျန်းကျန်း၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

“အစ်မကျန်းကျန်း၊ အစ်မက ကျွန်မတို့ရဲ့ အနာဂတ် ယောက်မပဲ၊ ဆိုတော့ ကျွန်မတို့ ရှီမိသားစုရဲ့ ရင်းနှီးတဲ့လူပဲ၊ အိမ်လာရင် ဧည့်သည်ကြီးတစ်ယောက်လိုမျိုး ယဉ်ကျေးနေစရာ မလိုပါဘူး”

ကျန်းကျန်းသည်က ကျေးဇူးတင်စကား ပြောဆိုရန်ပင် အချိန်မရမီ သူမက နောက်ထပာ ဂဏန်းတစ်ကောင် ထပ်မံယူ၍ ရှန်ချင်းရန်အား ပေးလိုက်သည်။

“နင်ကတော့ ဧည့်သည်ပဲ၊ ဒါပေမဲ့ ငါတို့မိသားစုကို ဧည့်ခံဖို့ နင့်ကို အနှောင့်အယှက်မပေးရဲပါဘူး၊ ကိုယ့်ဘာသာပဲ စားပါတော့”

ရှန်ချင်းရန်သည်ကား ငယ်ရွယ်သေးသည့်အတွက် သူမ မည်မျှပင် ပရိယာယ်များစွာသုံးသော်လည်း အခြားသူများ၏ စကားများကိုကြားလိုက်ရချိန်တွင် သူမ၏ မျက်နှာပေါ်၌ အမူအရာများကို ထိန်းမထားနိုင်ခဲ့ပေ။

သူက သူမ၏ပန်းကန်ထဲက ဂဏန်းကို ကြည့်၍ ဒေါသထွက်စွာဖြင့်မျက်ရည်များ ကျတော့မလို ဖြစ်နေခဲ့သည်။

အဖွားအိုသည် ရှီရီနော့ကို တစ်ချက်ကြည့်လျက် စားပွဲကို ခေါက်၍ ပြောဆိုလိုက်သည်။

“စားစရာရှိတာကိုစားတော့”

“ကောင်းပါပြီ”

ရှီရီနော့သည်ကား ဂဏန်းတစ်ကောင်ကို ယူ၍ ချိုးလိုက်ကာ ဇွန်းဖြင့် ဂဏန်းဥများကို ဖဲ့ယူ၍ အဖွားအိုအား ပေးလိုက်သည်။

“အဘွား၊ အဘွား ဂဏန်းဥစားပါဦး”

အဘွားအိုသည်က သူမကို တစ်ချက်ကြည့်၍ ဂျင်းရှာလကာရည် အနည်းငယ်ကို ပန်းကန်ထဲသို့ ထည့်လိုက်သည်။

“စားစရာရှိတာကို များများစား၊ စကာစကို နည်းနည်းပြော”

ရှီရီနော့သည်လည်း သူမ၏လျှာကို ထုတ်၍ ကျန်းကျန်းကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ကာ ဂဏန်းများကို ဖြုတ်၍ စားတော့သည်။

ကျန်းကျန်းသည်က ကောင်မလေးများ၏ ပြိုင်ဆိုင်မှုများကို သိပ်စိတ်မဝင်စားခဲ့ပေ။

သူမက ရှီချန်ရှန်း အားလပ်နေသည့်အချိန်တွင် လုပ်ငန်းများနှင့် ပတ်သက်သည့် အစိုးရ၏ မူဝါဒများ၊ ပို့ကုန် ကန့်သတ်ချက်များ အကြောင်း မေးမြန်းရန် အခွင့်အရေးယူလိုက်သည်။

ကျန်းကျန်းကိုယ်တိုင်သည်လည်း စီးပွားရေးဘာသာကို ရွေးချယ်သင်ယူထားသည့်အတွက် သူမ၏မေးခွန်းများလည်း အလွန်ပင် ပရော်ဖက်ရှင်နယ် ဆန်ခဲ့သည်။

ရှန်ချင်းရန်သည်ကား ကျန်းကျန်း၏ရှေ့တွင် သူမ၏တည်ရှိနေခြင်းကို ဖော်ပြရန် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း ကျန်းကျန်းပြောသည့် စကားများကိုပင် သူမနားမလည်တော့သည့်အတွက် စကားဝိုင်းကို ဖြတ်ပြောရန်ဆိုသည်က ဝေးကွာလွန်းလှပေသည်ပင်။

ထမင်းစားပြီးနောက် ရှန်ချင်းရန်သည်က ပို၍ စိတ်ပျက်လာခဲ့သည်။

သူမက ကျန်းကျန်းနှင့် နောက်ဆုံးထွက် ရုပ်ရှင်အကြောင်းကို စကားပြောလိုခဲ့သော်လည်း သူမ စကားမပြောရသေးမီ ရှီချန်ရှန်းသည်က စကားစလာခဲ့ပြန်သည် ။

“မင်ကျန်း၊ မင်းဆီမှာ တခြားဘာမှ မလုပ်စရာမရှိရင် စက်ရုံကို အရင်ဆုံးသွားကြည့်ရအောင်”

ကျန်းကျန်း၏ စိတ်အတွင်းတွင် မကြာသေးခင်ကတည့်က ဤစက်ရုံအကြောင်းကိုသာ ရှိနေသည့်အတွက် သူ့၏စကာ့ကို စကားကြားသည်နှင့် ချက်ချင်းပင်ထရပ်လျက် ပြောလိုက်သည်။

“ဒါဆို ဦးလေးကို အနှောင့်အယှက်ပေးမိပြီ”

ရှီကျွင့်ကျဲသည်လည်း ထရပ်လိုက်သည်။

“ကျန်းကျန်းနဲ့အတူ ကျွန်တော် လိုက်သွားပါ့မယ်၊ စက်ရုံကို ကြည့်ပြီးရင် သူမကို အိမ်ပြန်လိုက်ပို့ပေးလိုက်မယ်။ ဒါဆို ပိုလုံခြုံတာပေါ့။”

ကျန်းကျန်းသည်လည်း ခေါင်းညိတ်လျက် ရှီမိသားစုကို နှုတ်ဆက်ပြီးနောက် ရှီချန်ရှန်းနောက်သို့ လိုက်၍ ပရိဘောဂစက်ရုံသို့ သွားခဲ့သည်။

ကျန်းကျန်းသည်ကား ပရိဘောဂစက်ရုံ၏ ပုံရိပ်အပြည့်အစုံကို သူ၏မသိစိတ်ဖြင့် မြင်ခဲ့ပြီးသား ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် ပရိဘောဂစက်ရုံ၏ စီမံခန့်ခွဲမှုပုံစံ၊ စာရင်းအင်း၊ ကုန်ပစ္စည်းစာရင်းနှင့် ရောင်းချမှု လမ်းကြောင်းများကို အဓိက နားလည်အောင် လုပ်ဆောင်လိုခြင်း ဖြစ်သည်။

ထိုစဉ်က ကုန်ပစ္စည်း ရောင်းချမှု လမ်းကြောင်းများကို ဤနေရာတွင် အခြေခံအားဖြင့် မေ့ထား၍ ရနိုင်သည်။

အဘယ်ကြောင့်ဆိုသော် စက်ရုံမှာကား လက်ရှိ၌ ပရိဘောဂတစ်စုံကိုပင် ခြောက်လကျော်ကြာအောင် မရောင်းရသေးပေ။

သို့မဟုတ်ပါက ဤနေ့ ဤအခြေအနေသို့ ရောက်လာလိမ့်မည် မဟုတ်ပေ။

ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့သည်လည်း စက်ရုံ၌ ညနေ ၆ နာရီအထိနေခဲ့ကြ၍ နောက်ဆုံးစာရင်းစာမျက်နှာကို ဖတ်ပြီးမှသာ မျက်လုံးများကို ပွတ်သပ်လိုက်ကာ အနားယူနိုင်ခဲ့သည်။

ကျန်းကျန်းပတော့ မတ်တပ် ထရပ်လျက် ဘေး၌ စောင့်နေသည့် ရှီချန်ရှန်းနှင့် စက်ရုံဒါရိုက်တာ ဝမ်ရွှယ်လင်းကို ယဉ်ကျေးစွာ ပြုံးပြရင်းပြောလိုက်သည်။

“ဒီနေ့ ရှီမြို့တော်ဝန်နဲ့ ဒါရိုက်တာဝမ်တို့တွေ တစ်နေကုန် ကျွန်မနဲ့အတူ လိုက်ပါပေးတာ ကျေးဇူးတင်ပါတယ်၊ အချိန်လည်း နောက်ကျနေပြီဆိုတော့ ကျွန်မပဲ ဧည့်ခံပြီး အားလုံးကို စားသောက်ဖို့ ဖိတ်ခေါ်ပါရစေ”

ရှီချန်ရှန်းသည်က ခေါင်းခါလိုက်သည်။

“ဒီနေ့ မင်းအနေနဲ့ နေ့လယ်ကတည်းက စာရင်းတွေဖတ်နေတာဆိုတော့ အိမ်ကိုပြန်ပြီး ကောင်းကောင်း အနားယူသင့်တယ်။ မနက်ဖြန် မနက် ၈ နာရီမှာ ဒီနေရာမှာပဲ စုဝေးပြီး လွှဲပြောင်းသဘောတူညီချက်ကို လက်မှတ်ထိုးရအောင်”

“ကောင်းပါပြီ”

ကျန်းကျန်းလည်း သဘောတူလိုက်လျက် ဝမ်ရွှယ်လင်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ဒါရိုက်တာဝမ်၊ မနက်ဖြန်မှတွေ့မယ်နော်”

ဝမ်ရွှယ်လင်း၏ လက်ဖဝါးများသည်ကား ချွေးများပြန်နေသည့်အတွက် အလျင်အမြန်သုတ်လိုက်ပြီးမှ လီမင်ကျန်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

သူက နူးညံ့သိမ်မွေ့သည့် မျက်နှာသွင်ပြင်နှင့် အနည်းငယ် ရင့်ကျက်မှုမရှိသေးသည့် ဤကောင်မလေးကို ကြည့်၍ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

ပြောရလျှင် သူ၏စီမံခန့်ခွဲမှု ညံ့ဖျင်းသည့်အတွက် ကြီးမားသည့် နိုင်ငံပိုင် ပရိဘောဂစက်ရုံကို တစ်ဦးချင်းပိုင်အဖြစ် ရောင်းချရသည်ကို သူသိသော်လည်း လီမင်ကျန်းသည်ကသူကိုသာ ဤစက်ရုံ၏ ဒါရိုက်တာအဖြစ် ဆက်လက်တာဝန်ယူစေလိုခဲ့သည်။

မဟုတ်ပါက သူ မည်သည့်အရာကို လုပ်ရမည်ကို အမှန်တကယ် မသိတော့ပေ။

သူ၏ရှေ့တွင် ယဉ်ကျေးစွာ ပြုံးနေသည့် လီမင်ကျန်းကို ကြည့်၍ ဝမ်ရွှယ်လင်းက အနည်းငယ်လောက် သတိချပ်ကာ စမ်းသပ်သဘောဖြင့်မေးလိုက်သည်။

“စက်ရုံကို လွှဲယူပြီးရင် စက်ရုံလည်ပတ်မှုနဲ့ ပတ်သက်ပြီး ဘာအကြံတွေရှိလဲ မသိဘူး”

ကျန်းကျန်းက ပြုံးလိုက်သည်။

“ဒါကတော့ အခုလောလောဆယ် ဆွေးနွေးဖို့ မလိုသေးပါဘူး။ စက်ရုံကို လွှဲယူပြီးရင် အလုပ်သမားတွေရဲ့ လစာတွေကို အရင်ပေးပါ့မယ်”

ဤစကားကြားသောအခါ ဝမ်ရွှယ်လင်း၏ မျက်နှာ၌ ရှက်ရွံ့မှုများ ပြည့်နှက်သွားသည်။

“ကျွန်တော်က အသုံးမကျပါဘူး၊ ကျွန်တော့်ရဲ့နောက်ကို လိုက်လာတဲ့ အလုပ်သမားတွေအတွက်တောင် အစားအစာ ဝလင်အောင် မပေးနိုင်ခဲ့ပါဘူး”

ကျန်းကျန်းသည်ကား ယဉ်ကျေးစွာ ပြုံးသော်လည်း သူ့ကို နှစ်သိမ့်ခြင်း မလုပ်ခဲ့ပေ ။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အမှန်တရားဖြစ်သည့်အတွက် ဖြစ်သည်။

နောက်တစ်နေ့မနက် စောစောစီးစီး မြို့နှင့် ခရိုင်မှ သက်ဆိုင်ရာ ခေါင်းဆောင်များသည် ပရိဘောဂစက်ရုံသို့ ရောက်လာကြသည်။

ကျန်းကျန်းသည် အစိုးရနှင့် သဘောတူညီချက်များ လက်မှတ်ထိုးပြီး သဘောတူထားသည့် ပမာဏအတိုင်း လွှဲပြောင်းခကို ပေးချေလိုက်သည်။

ဤအချိန်မှစတင်၍ ပရိဘောဂစက်ရုံသည် ကျန်းကျန်း၏ ပိုင်ဆိုင်မှု ဖြစ်လာခဲ့သည်။

အစိုးရရုံး၏လူများကို ပြန်လည်လိုက်ပို့ပြီးသော် ကျန်းကျန်းက တံခါးဝရှိ ကျန်းဟွာပရိဘောဂစက်ရုံ၏ ဟောင်းနွမ်းနေသည့် ဆိုင်းဘုတ်ကို ကြည့်လျက် ပထမဆုံး အမိန့်ကို ထုတ်ပြန်လိုက်သည်။

“လုပ်အားခပေးမယ်”

ဤစကားကို ကြားသည်နှင့် အလုပ်ရုံ၌ သတင်းစောင့်နေသည့် ဝန်ထမ်းများ ချက်ချင်း အားပေးကြသည်။

သူတို့၏ မူလတုန်းက ရှိနေခဲ့သေု စိုးရိမ်ပူပန်မှုများ တစ်ခဏချင်း ပျောက်ကွယ်သွားပြီး ဝမ်းသာအားရဖြစ်သည့် စိတ်ခံစားမှုနှင့် စက်ရုံဒါရိုက်တာအသစ်ကို အသိအမှတ်ပြုခြင်းများကလည်း ထိုစိတ်များ၏နောက်တွင် လိုက်ပါလာခဲ့သည်။

လုပ်ထုံးလုပ်နည်းအချို့ကို ဆက်လက်လုပ်ဆောင်ရဦးမည် ဖြစ်သော်လည်း ဝန်ထမ်းများ၏ သဘောတူညီမှုကို ရယူခြင်းသည် ပထမဆုံး ဦးစားပေးဖြစ်သည်ဟု ကျန်းကျန်းက ခံစားရသည်။

ထို့ကြောင့် စက်ရုံဝန်ထမ်း တစ်စုလုံးကို ခန်းမထဲသို့ ခေါ်လိုက်သည်။

ကျန်းကျန်းသည်ကား ခန်းမ၏ စင်မြင့်ရှေ့၌ မတ်တပ်ရပ်လျက် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

“အားလုံးမင်္ဂလာပါ၊ ကျွန်မရဲ့ နာမည်က လီမင်ကျန်းပါ။ ကျွန်မက အခုကစတင်ပြီးတော့ ကျွန်မတို့ ပရိဘောဂစက်ရုံရဲ့ တာဝန်ခံ ဖြစ်လာပါလိမ့်မယ်၊

ပြီးခဲ့တဲ့ အချိန်ကာလတစ်လျှောက်လုံး စက်ရုံရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် အားလုံး အခက်အခဲတွေ ကြုံခဲ့ရတယ်ဆိုတာကို ကျွန်မ သိထားပါတယ်။

ဒါပေမယ့် ဒီအခြေအနေမျိုး နောက်ထပ်ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်မယုံကြည်ပါတယ်။

ကဲ၊ အချိန်မဆွဲဘဲ စာရင်းကိုင်ကို အားလုံးရဲ့ လုပ်ခကို အရင်ပေးခိုင်းရအောင်။ ဘယ်လိုလဲ”

“ကောင်းပါပြီ!”

*

All Chapters