အခန်း (၂၇၇)
Vol. 28 Ch. 277
“မင်း ဘယ်သူ့ကို ရှာနေတာလဲ”
စွမ်းရန်သယ်က သူ့ရဲ့လက်ထဲမှာ ပေရေလျက်ရှိနေခဲ့တဲ့ သစ်သားမှုန်တွေကို ရှက်ရွံ့စွာနှင့် လက်တွေကို နောက်ကျောဘက်သို့ ဖွက်လိုက်ပြီး ကျန်းကျန်းဆီသို့ အနေရခက်သော အပြုံးဖြင့် ပြုံးပြလိုက်သည်။
“လူမှားနေတာများလား မသိဘူး”
ကျန်းကျန်းက ၎င်းအား ကြည့်၍ ပြုံးလျက် ပြန်ဖြေလိုက်လေ၏။
“ရှင်က စွမ်းရန်သယ်၊ အရင်က တာ့ဝေါ် သစ်လုပ်ငန်း စက်ရုံရဲ့ ဒါရိုက်တာမလား”
သူမ၏ မေးခွန်းကို စွမ်းရန်သယ်က ခေါင်းငြိမ့်ပြလာသည်ကို မြင်သော် ကျန်းကျန်းက ပြုံးလျက် ပြန်ပြောလိုက်ပြန်သည်။
“ဒါဆိုရင် မမှားပါဘူး၊ ကျွန်မ ရှင့်ကိုပဲ ရှာနေတာ၊ ကျွန်မကို အထဲကို မဖိတ်တော့ဘူးလား။”
စွမ်းရန်သယ်သသည်လည်း ချက်ချင်းဆိုသလိုပင် ဘေးသို့ ဆုတ်၍ ကျန်းကျန်းအား အခန်းတွင်းသို့ ဖိတ်ခေါ်လိုက်သည်။
သူက သူမ၏ လက်တွင်း၌ အစားအစာများ ပါလာခြင်းကို မြင်သော် အခန်းတွင်းမှ စားပွဲတစ်လုံးနှင့် ကုလားထိုင် နှစ်လုံးကို ချက်ချင်း ထုတ်ယူပြီး အဝတ်ဖြင့် သေသေချာချာ သုတ်ပေးကာ ကျန်းကျန်းအား ထိုင်စေလိုက်သည်။
ကျန်းကျန်းက သူမ၏ လက်တွင်းရှိသော ကြက်နှင့် ဘဲများကို မြှောက်ပြ၍ ပုံမှန်အတိုင်း ပြောဆိုသည်။
“အခုက ညစာစားချိန်ကို ရောက်ပြီ၊ ကျွန်မလည်း ချက်ပြီးသား အစားအစာလေးတွေ ယူလာတယ်၊ ဒီတော့ ကျွန်မတို့ စားရင်း သောက်ရင်း စကားပြောကြမလား”
ဤလှပသော အမျိုးသမီးငယ်က အဘယ်ကြောင့် ၎င်း၏အိမ်သို့ ရောက်လာကြောင်းကို စွမ်းရန်သယ် မသိသော်လည်း၊ ၎င်းက ယခု မည်သည်ကိုမှ ဂရုစိုက်စရာ မရှိဟု ခံစားရသည်။
သူမက ရောက်ရှိလာပြီ ဖြစ်သောကြောင့် ကောင်းမွန်စွာ ဧည့်ခံရမည်။ အသုံးမဝင်သော ကိစ္စများကို အများအပြား စဉ်းစားမနေတော့ဟု ဆုံးဖြတ်လိုက်လေသည်။
ထို့ကြောင့် မီးဖိုချောင်အတွင်းသို့ သွား၍ ပန်းကန် အနည်းငယ်ကို ဆေးကြောလိုက်ပြီး ကြက်နှင့် ဘဲများကို တုံးဖဲ့၍ ပန်းကန်အတွင်းသို့ ထည့်ကာ ခင်းကျင်းလိုက်သည်။
ပြီးနောက်တွင် စွမ်းရန်သယ်က နောက်ဖေးခြံတွင်းသို့ သွား၍ လတ်ဆတ်သော ဟင်းသီးဟင်းရွက် အနည်းငယ်ကို ခူးလိုက်ပြီး၊ ကြက်သွန်ဖြူ ပါးပါးလှီးထားသော ဟင်းပွဲ နှစ်ပွဲကို အလျှင်အမြန် ကြော်ကာ ချပေးလိုက်ပြန်သည်။
ကျန်းကျန်းက အစားအစာ စားပြီးမှ ဤနေရာသို့ ရောက်လာခြင်း ဖြစ်သော်လည်း တူကို မသုံးဘဲ မနေခဲ့ပါချေ။
စွမ်းရန်သယ်ကလည်း ဤနှစ်များအတွင်း အသားနှင့်ငါးများကို သိပ်မစားခဲ့ရငည့်အတွက် ကြက်နှင့် ဘဲ၏ ရနံ့ကို ရသော် လည်ချောင်းကို ဖြေလျော့ပြီး ကြက်ပေါင်တစ်ချောင်းနှင့် ဘဲကင်တစ်ဝက်ကို ခေါင်းမဖော်တမ်း စားလိုက်လေသည်။
ထို့နောက် ခေါင်းမော့၍ မေးလိုက်သည်။
“မင်း ကျွန်တော့်ကို ဘာကိစ္စနဲ့ ရှာတာလဲ။”
“ကျွန်မ နာမည်က လီမင်ကျန်းပါ၊ ကျွန်မမှာ တော်ဝင်မြို့တော်အတွင်းမီာ ပရိဘောဂ စက်ရုံတစ်ခု ရှိတယ်၊ ရှင့်ကို ကျွန်မအတွက် စက်ရုံ ဒါရိုက်တာ လုပ်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်”
ကျန်းကျန်းက ၎င်းအား ကြည့်၍ လေးလေးနက်နက် ပြောဆိုလိုက်သည်။
စွမ်းရန်သယ်က အနည်းငယ် ခါးသီးစွာဖြင့် ပြုံးလိုက်လေသည်။
“ကျွန်တော် စက်ရုံ ဒါရိုက်တာ လုပ်လိုက်တာ တစ်နှစ်ကျော်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ အဲဒီကိစ္စကြောင့်ညအခု ကျွန်တော့်ရဲ့မိသားစုက ပိုင်ဆိုင်မှုတစ်ပြားမှ မရှိတာ့ဘူး၊ ကျွန်တော့်ကို ခန့်ရင် ပိုက်ဆံဆုံးရှုံးမှာ မကြောက်ဘူးလား”
ကျန်းကျန်းက အသာအယာပြုံးလိုက်သည်။
“ရှင့်ကို စက်ရုံ ဒါရိုက်တာ လုပ်ခိုင်းတာက ရှင့်ရဲ့ သတ္တိနဲ့ စျေးကွက်ကို ထိုးထွင်းသိမြင်နိုင်စွမ်းကြောင့်ပါ၊
ကွမ်းတုန် ကုန်စည်ပြပွဲမှာ ရှင် ချမှတ်ခဲ့တဲ့ အမှာစာတွေက အခုချိန်အထိ ပြောစမှတ် ဖြစ်နေတုန်းပဲ။ ရှင့်ရဲ့ ဆင်းရဲတာ၊ချမ်းသာတာက
က ဘာမှ အရေးမကြီးပါဘူး။”
ထိုနှစ်များမှ ခမ်းနားမှုများကို ပြန်တွေးမိသော် စွမ်းရန်သယ်၏ မျက်နှာပေါ်၌ လွမ်းဆွတ်မှု အရိပ်အယောင်လေး ပေါ်လာပြီး တီးတိုးရေရွတ်မိသည်။
“ကံဆိုးတာက ကျွန်တော်က မှားယွင်းတဲ့ အချိန်ကာလမှာ မွေးခဲ့တာပဲ”
ထို့နောက် သူ့အနေဖြင့် မပြောသင့်သည့်စကားလုံးကို ပြောမိသွားကြောင်း သတိရ၍ သတိထားသော မျက်လုံးများဖြင့် ကျန်းကျန်းအား ကြည့်လိုက်သည်။
ကျန်းကျန်းကတော့ လျှပ်စစ်ပစ္စည်းနှင့်သက်ဆိုင်ရာဟူ၍ သစ်သားပုံတစ်ခုသာ ရှိသော အိမ်ကို ပြန်ကြည့်၍ ညင်သာစွာ သက်ပြင်းချလိုက်သည်။
“ဒါရိုက်တာစွမ်း၊ ရှင် သတင်းစာနဲ့ သတင်းတွေကို ဖတ်သင့်တယ်။ ဒါဆိုရင် ရှင် မှားယွင်းတဲ့ အချိန်ကာလအတွင်းမှာ မွေးခဲ့တာ မဟုတ်ဘဲ၊ ပြုပြင်ပြောင်းလဲရေးနဲ့ စွန့်ဦးတီထွင်မှုရဲ့ အကောင်းဆုံး ခေတ်မှာ မွေးခဲ့တာဆိုတာကို သိလိမ့်မယ်”
သုံးရက်အကြာတွင် ကျန်းကျန်းက စွမ်းရန်သယ်နှင့်အတူ လက်သမားနှင့် ပန်းပုထုဆရာများ အယောက်(၂၀) ကျော်ကို ခေါ်ယူပြီး ရထားဖြင့် ထွက်လာခဲ့သည်။
ဤလက်သမားနှင့် ပန်းပုထုဆရာများ အားလုံးက ၎င်းတို့၏ ရာထူးကောင်းများကို စွန့်လွှတ်၍ စွမ်းရန်သယ်နှင့်အတူ စွန့်ဦးတီထွင်ရန် လုပ်ဆောင်ခဲ့ကြသည်။
စက်ရုံက အရေားအခင်းများကြောင်ပျက်စီးသွားပြီးနောက်တွင် ၎င်းတို့၌ အလုပ်အကိုင်ဟူ၍ မရှိတော့ဘဲ များစွာ ဒုက္ခရောက်ခဲ့ကြသည်။
စွမ်းရန်သယ်က ကျန်းကျန်းမှ ထိုလက်သမားများကို လိုချင်ကြောင်း ကြားသော် ရှေးယခင်က အတူအလုပ်လုပ်ကိုင်ခဲ့သည့် ဝန်ထမ်းများ၏ အိမ်များကို တစ်အိမ်တက်ဆင်း မေးမြန်းခဲ့သည်။
တချို့က ၎င်း၏နောက်သို့ လိုက်၍ တော်ဝင်မြို့တော်သို့ လိုက်ရန် ဆန္ဒရှိကြသော်လည်း တချို့က အိမ်မှ မခွဲနိုင်၍ စွမ်းရန်သယ်၏ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ကြသည်။
သို့သော် ကျန်းကျန်းက လက်သမား (၂၀) ကျော်ကို ပြန်ခေါ်နိုင်ခြင်းကိုပင် များစွာ ဝမ်းသာခဲ့သည်။
၎င်းတို့အားလုံး စက်ရုံသို့ ပြန်ရောက်သော် ကျန်းကျန်းက ရုံးဒါရိုက်တာအား ၎င်းတို့ကို ရေချိုးရန်၊ ဆံပင်ညှပ်ရန်နှင့် အိပ်ဆောင်များ စီစဉ်ပေးရန် ပြောဆိုခဲ့သည်။
နောက်တစ်နေ့တွင် အစည်းအဝေးများ ပြုလုပ်သောအခါတွင် ကျန်းကျန်းက စွမ်းရန်သယ်ကို ပရိဘောဂစက်ရုံ၏ ဒါရိုက်တာအဖြစ် တိုက်ရိုက် ခန့်အပ်လိုက်ပြီး ပရိဘောဂစက်ရုံ၏ အရာရာတိုင်းကို အပြည့်အဝ တာဝန်ယူစေခဲ့သည်။
လီမင်ကျန်းက စွမ်းရန်သယ်ကို ပြန်ခေါ်စဉ်က စက်ရုံဒါရိုက်တာ လုပ်ရန် ပြောခဲ့သော်လည်း စွမ်းရန်သယ်ကမူ လီမင်ကျင်းက ၎င်းအား နောက်တစ်နေ့၌ပင် ချက်ချင်း ခန့်အပ်မည်ဟု မထင်ခဲ့ပေ။
သူမက ၎င်းအား မည်မျှပင် ယုံကြည်မှု ရှိကြောင်းကို ပြသနေခဲ့သည်။ စွမ်းရန်သယ်၏ မျက်လုံးများ စိုစွတ်လာပြီး ရင်တွင်း၌ ဆူပွက်နေကာ သွေးများ ဆူပွက်လာသည်ဟုသာ ခံစားရသည်။
စွမ်းရန်သယ်ကို ခန့်အပ်ပြီးနောက်တွင် ချက်ချင်း အစည်းအဝေး မလုပ်ဘဲ အလုပ်ရုံတွင်းသို့ ဦးစွာ ဝင်၍ ဝန်ထမ်းတစ်ဦးချင်းစီနှင့် စကားပြောခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ၎င်းက လူတိုင်း၏ အမည်ကို ရင်းနှီးစွာ ခေါ်ဆိုနိုင်ပြီး ၎င်းတို့၏ အသီးသီး ကျွမ်းကျင်သော အမျိုးအစားများကို နားလည်ခဲ့သည်။
ထို့နောက်မှသာ စက်ရုံ၏ လုပ်ငန်းကိစ္စများကို စတင် လုပ်ဆောင်ခဲ့သည်။
ကျန်းကျန်းက ဤစက်ရုံကြောင့် တစ်လနီးပါး ကျောင်းမှ ခွင့်ယူထားခဲ့သည်။
သူမက စက်ရုံကို စွမ်းရန်သယ်ထံ လွှဲပြောင်းပေးပြီးနောက်တွင် ကျောင်းပြန်တက်၍ မမှီလိုက်သော စာများကိုလိုက်ဖြည့်ခဲ့သည်။
သူမ စိုးရိမ်နေသည်မှာ အလုပ်ရုံဒါရိုက်တာအသစ်ကို တစ်စုံတစ်ယောက်က အနိုင်ကျင့်မည်ကိုသာ ဖြစ်သည်။
ထို့ကြောင့်သူမက နေ့စဥ် နေ့တိုင်း၊ စာသင်ချိန်၌ပင် သူမ၏ စက်ရုံအတွင်းမှ အခြေအနေကို အသိိစိတ်ဖြင့် စောင့်ကြည့်နေခဲ့သည်။
တစ်လကျော်ခန့် ငြိမ်းချမ်းစွာ ကုန်လွန်သွားပြီးနောက် ပြုပြင်မွမ်းမံထားသော ပရိဘောဂများ၏ ပထမအသုတ် အဆင်သင့် ဖြစ်နေပြီ။
လှပသော ပုံစံများနှင့် လှပသော ထွင်းထုမှုများကို ကြည့်ရင်း စွမ်းရန်သယ်တစ်ယောက် သက်ပြင်းချလိုက်သည်။
အရည်အသွေးစစ်ဆေးမှုကို ကျော်ဖြတ်နိုင်သရွေ့တော့ ဤပရိဘောဂအသုတ်၏ ရောင်းအားလမ်းကြောင်းကို သတ်မှတ်ရာ၌ ပြဿနာ မရှိနိုင်ချေ။
၎င်းက ဤပရိဘောဂအစုံအလင်ကို ဤနှစ် ကွမ်းတုန်ကုန်စည်ပြပွဲသို့ ယူဆောင်သွားပြီး ဟောင်ကောင်ကျွန်းသို့ တိုက်ရိုက် တင်ပို့ရန် စီစဉ်ထားသည်။
ကျန်းကျန်းက စွမ်းရန်သယ်ကို ခေါ်ခဲ့ခြင်းသည်ကား ၎င်း၏ ဉာဏ်ကောင်းမှု၊ စျေးကွက်ကို ထိုးထွင်းသိမြင်နိုင်စွမ်း မြင့်မားမှု၊ တွေးခေါ်လုပ်ကိုင်ရဲသော သတ္တိများကြောင့် ဖြစ်သည်။
ဤသို့သော ပုဂ္ဂိုလ်မျိုးသာ လုပ်ငန်းတစ်ခုကို အောင်မြင်အောင် ဦးဆောင်နိုင်လိမ့်မည်။
စွမ်းရန်သယ်နှင့် ကျန်းကျန်းတို့ လုပ်ငန်းအခြေအနေကို ဆွေးနွေးပြီးနောက် ၎င်းက ဝန်ထမ်းနှစ်ဦးကို ခေါ်ယူပြီး မိုကျူးသို့ သွားကာ မိုကျူးသွင်းကုန်ထုတ်ကုန်ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ညှိနှိုင်းခဲ့သည်။
ထို့နောက် စက်ရုံတွင်းရှိ အဆင့်မြင့် လက်ရာမြောက်သော ပရိဘောဂများကို နမူနာပရိဘောဂအဖြစ် မိုကျူးသို့ စတင် ပို့ခဲ့သည်။
စွမ်းရန်သယ် စက်ရုံ၌ မရှိသောအချိန်နှင့် လီမင်ကျန်း တစ်လခွဲတစ်ခါသာ လာသောအချိန်ကိုအခွင့်ကောင်းယူ၍ ဝမ်ရွှယ်လင်းက ရှေးယခင် ခေါင်းဆောင်ဟောင်းဖြစ်သည့် လုပ်ဖော်ကိုင်ဖက်များ တချို့ ကို ၎င်း၏အိမ်၌ ညစာစားရန် ဖိတ်ခေါ်လိုက်သည်။
သူ၏ အခန်းသည်ကား မှောင်မည်းပြီး သေးငယ်သည်။ ဝမ်ရွှယ်လင်းက ၎င်း၏ဇနီးသည်ကို စားပွဲကို ခြံဝင်း၌ ထားခိုင်းလိုက်သည်။
သူတို့စားသောက်ရင်းဖြင်် ဝိုင်နှစ်ခွက် သောက်ပြီးနောက်တွင် ဝမ်ရွှယ်လင်းက စတင်ငိုတော့သည်။
“ကျွန်တော် စက်ရုံ ဒါရိုက်တာ လုပ်လာတာ ဒီလောက်နှစ်တွေ အကြာကြီးပဲ၊ ဘာမှ ဂုဏ်လည်း မရှိခဲ့ဘူး၊ ပင်ပန်းရကျိုးလည်း မနပ်ဘူး မဟုတ်လား။
ဘာလို့များ ကျွန်တော် ဒီလောက်တောင် မကျေမနပ် ဖြစ်ရတာလဲမသိပါဘူး၊ ဒါပေမဲ့လည်း သူမက တစ်နယ်ခြားမှာရှိနေတဲ့ သူစိမ်း တစ်ယောက်ကို စက်ရုံ ဒါရိုက်တာ အဖြစ် ခန့်အပ်လိုက်တာက..
ဒုတိယဒါရိုက်တာ ကျန်းကျန့်ကျုံးသည်လည်း ၎င်း၏စကားများကို ကြားသော် သူသည်လည်း ခေါင်းညိတ် ထောက်ခံသည်။
“ဟုတ်တကျွန်တော်လလည်းအတော်လေး ခဏတာ မပျော်ဘူး။ ပြီးတော့ ဒါရိုက်တာ စွမ်းက ဘာပဲလုပ်လုပ် ကျွန်တော်တို့ကိုရော ဒုတိယ ဒါရိုက်တာ လျို့ချန်လင်းကိုပါ ဘာမှ မပြောဘူး။
သူက ဘယ်သူလဲမှန်းလည်း မသိဘူး။ သူက သူ့လူတွေကို အပေါ်တင်ပြီး ကျွန်တော်တို့ကို ဖယ်ထုတ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား”
လျို့ချန်လင်း ၎င်းကို ကြားသော် ၎င်း၏မျက်နှာပေါ်မှ အပြုံး ပျောက်ကွယ်သွားသည်။
“ကျန်ကျန့်ကျုံး၊ မင်း ဒီလို အဓိပ္ပာယ်မရှိတာတွေ မပြောရဘူး၊ ငါတို့ စက်ရုံက အခုတော့ ပုဂ္ဂလိက စက်ရုံပဲ၊ သူတို့က ပိုက်ဆံ ပိုရဖို့ ဒီစက်ရုံကို ဝယ်တာပဲလေ၊ ငါတို့တွေ ကိုယ့်အလုပ်ကို ကောင်းကောင်း လုပ်ပြီး ဒီလို အသုံးမဝင်တဲ့ ကိစ္စတွေကို မတွေးသင့်ဘူး။”
“ငါက အလုပ်ကို ကောင်းကောင်းမလုပ်နေဘူးလား”
ဝမ်ရွှယ်လင်း ၎င်းကို ကြားသည်နှင့် ချက်ချင်း မပျော်မရွှင် ဖြစ်သွားသည်။
“အရင်တုန်းက ပရိဘောဂတွေက အဲ့လိုပဲ မဟုတ်လား၊ အခု သူတို့ နှစ်ယောက်က ပရိဘောဂတွေ ထုတ်လုပ်ပြီး ပို့ကုန်လုပ်ရမယ်ဆိုပဲ၊ ကျွန်တော်ကတော့ သူမ လုပ်နိုင်မယ်လို့ မယုံဘူး၊
ဒါရိုက်တာ စွမ်းက အရင်တုန်းက ပရိဘောဂ တင်ပို့တာကြောင့်ပဲ နွားတင်းကုပ်လိုနေရာမျိုးမှာတောင် ဝင်နေရဖူးတယ်လို့ ကြားတယ်၊
ဒါကြောင့် စောင့်ကြည့်၊ သူ မကြာခင် ထပ်ဝင်ရလိမ့်မယ်။”
“မဟုတ်သေးဘူး၊ ဝမ်ရွှယ်လင်း၊ မင်းဒီတစ်ခါ ငါတို့ကို ခေါ်ထုတ်တာ ဘာပြောချင်တာလဲ”
ရုံးဒါရိုက်တာ စွမ်းယွီဖုန်းက ဝမ်ရွှယ်လင်းကို ကြည့်လိုက်သည်။
“မင်းက အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်ရတာကို မပျော်ဘူးထင်တယ်နော်။”
“ငါက ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာလဲ!”
*