အခန်း (၂၇၉)
Vol. 28 Ch. 279
ဝမ်ရွှယ်လင်းသည်လည်း ထိုအကြောင်းကို တွေးတောမိသည်နှင့် ခေါင်းကိုကုတ်ခြ၀ာလိုက်မိကာ ကျန်ကျန့်ကျုံးကို ဒေါသထွက်ဖြင့် ကြည့်လိုက်သည်။
“ငါမှာလည်း အလုပ်မရှိတော့တာပဲလေ!”
သူ တွေးကြည့်လေလေ ပို၍ စိတ်ဆိုးဒေါသထွက်လာရလေလေ ဖြစ်နေခဲ့သည်။ သို့နှင့် မြေပြင်ပေါ်မှ ကျောက်တုံးတစ်တုံးကို ကောက်ယူကာ ဂိတ်တံခါးဆီသို့ ပစ်ပေါက်လိုက်ရင်း ဆဲဆိုကြိမ်းမောင်းလာခဲ့သည်။
“ငါ အချိန်တစ်လခွဲလောက် တွေးတောစဥ်းစားပြီးမှ ဒီလို အခွင့်အရေးကောင်းကို ဖမ်းမိသွားခဲ့တာ၊ အခုတော့ ငါ ဘာမှမလုပ်ရသေးခင်မှာပဲ ပျက်စီးသွားပြီ၊
အဲဒီ တစ်ယောက်က ငါ့ရဲသအိမ်ကို ဘယ်လိုလုပပြီးရှာတွေ့သွားခဲ့တာလဲ၊ စွမ်းယွီဖုန်းနဲ့ လျို့ရှူးချန်ဆိုတဲ့ သစ္စာဖောက်နှစ်ယောက်က လုပ်ခဲ့တာလား၊ သူတို့နှစ်ယောက်လုံးကို သတ်ပစ်ရမယ်!”
“မင်းက ဘယ်သူ့ကို သတ်မှာလဲ! ငါကမှ မင်းကို သတ်မှာ!”
ကျန်ကျန့်ကျုံးသည်ကား မြေပြင်မှ ယိုင်ထိုးစွာဖြင့် ထရပ်လာပြီး ဝမ်ရွှယ်လင်း၏ ရင်ဘတ်ကို ကန်ကျောက်လိုက်သည်။
“မင်းသာ ဒီနေ့ ငါတို့ကို မင်းဆီကိုလာဖို့ မခေါ်ခဲ့ရင် ငါက ဘာလို့ ဒီမှာ ရောက်လာနေရမှာလဲ၊ အခုတော့ မင်းကြောင့် ငါ့ရဲ့ကျန်တဲ့ဘဝတစ်ခုလုံးက ပျက်စီးသွားရပြီ!”
ဝမ်ရွှယ်လင်းတစ်ယောက် မတော်တဆဖြင့် မျက်နှာကိုပါ အကန်ခံလိုက်ရသည်။
သူကိုယ်တိုင် ရာထူးတိုးပေးထားသောသူမှ သူ့ကို ရိုက်ရဲသည်ကို ကြုံတွေ့ရလျှင် ဝမ်ရွှယ်လင်းလည်းချက်ချင်းပင် မြေပြင်မှ ထရပ်ပြီး ကျန်ကျန့်ကျုံးနှင့် လုံးထွေးသတ်ပုတ်ကာ ရန်ဖြစ်တော့သည်။
“ငါက စက်ရုံရဲ့ ဒါရိုက်တာ! မင်းလို ဒုတိယမန်နေဂျာက ငါ့ကို ရိုက်ရဲတယ်ပေါ့လေ!”
“မင်းရဲ့ စက်ရုံမန်နေဂျာရာထူးက အလုပ်ထုတ်ခံရလို့ ဘာမှမဟုတ်တဲ့ကောင်အဖြစ်ပြောင်းသွားပြီ”
ကျန်ကျန့်ကျုံးသည်ကား တစ်ဖက်လူ၏စကားကို ကြားသည့်အချိန်တွင် ပို၍ပင် ဒေါသထွက်လာကာ ဆဲဆို ရိုက်နှက်တော့သည်။
“မင်းရဲ့ စက်ရုံမန်နေဂျာကို လူတွေက ကြောက်နေမယ်ထင်လို့လား! ငါအခုပဲ မင်းကို ရိုက်ပစ်မယ်!”
ဝမ်ရွှယ်လင်း၏ ဇနီးသည်ဖြစ်သူသည်ကား သူ၏ ယောက္ခမနှင့် ယောက္ခမ(ထီး)တိို့အတွက် အစားအသောက်ပြင်ဆင်ရန် ဘေးဘက်အိမ်သို့ သွားခဲ့သည်။
သူမ အိမ်သို့ပြန်ရောက်သော် မတိုင်ခင်က ပျော်ရွှင်စွာ သောက်စားနေသော လူလေးဦးအနက် နှစ်ဦးက ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။
ကျန်ရှိနေသောနှစ်ဦးသည်လည်း မြေပြင်ပေါ်၌ သတ်ပုတ်နေကြပြီး သူတို့မျက်နှာများ၌ ဒဏ်ရာဒဏ်ချက်အနာအဆာများဖြင့် ပြည့်နေကာ ဆံပင်များစွာကလည်း ကျွတ်ထွက်နေပုံရသည်။
အဝတ်အစားများမှာလည်း အပေါက်ကြီးများ ပြဲနေသည်။
“ရန်ဖြစ်နေကြပြီ! လူတွေ ရန်ဖြစ်နေပြီ!”
ဝမ်ရွှယ်လင်း၏ ဇနီးသည်ဖြစ်သူက ကြောက်လန့်တကြားဖြင့် အော်ဟစ်ကာ ရန်ဖြစ်နေခြင်းကို ဖြန်ဖြေရန် ဝင်ရောက်လာခဲ့သည်။
သို့သော်လည်း အမျိုးသမီးတစ်ဦးအနေဖြင့် သူမထံ၌ အားအင်များက သိပ်ပြီးမရှိသဖြင့် ဆွဲမဖယ်နိုင်ဖြစ်နေသည့်အပြင် သူမကိုယ်တိုင်ပင် အကြိမ်များစွာ အရိုက်ခံလိုက်ရသေးသည်။
ဤအချိန်သည်ကား ညစာစားချိန်ဖြစ်၍ အိမ်နီးချင်းများသည် လည်း အိမ်တွင် လူစုံနေခဲ့ကြကာ ရန်ဖြစ်သည်ဟူသောအသံကိုကြားလျှင် ပတ်ဝန်းကျင်မှလူများက ပျော်စရာကြည့်ရန်အတွက် သူတို့၏ အိမ်သို့ ရောက်လာကြသည်။
နောက်ဆုံး၌ သူတို့နှစ်ဦး ရန်ဖြစ်၍ မပြီးသေးမီ၌ ရဲစခန်းသို့ မည်သူ ဖုန်းဆက်လိုက်သည်ကို မသိသော်လည်း ရဲနှစ်ဦး ရောက်ရှိလာပြီး နှစ်ယာက်လုံးကို ဖမ်းဆီးသွားကြတော့သည်။
ကျန်းကျန်းသည်ကား ကျောင်းဝင်းသို့ ပြန်ရောက်နေပြီဖြစ်သော်လည်း ဝမ်ရွှယ်လင်းထံ၌ ဖြစ်ပျက်ခဲ့သမျှ အရာများအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရသည်
သူတို့နှစ်ဦးက အချင်းချင်း ရန်ဖြစ်၍ ခုနစ်ရက်တိုင်တိုင် ထိန်းသိမ်းခံရသည်ကို မြင်သော် ကျန်းကျန်းတစ်ယောက် လှောင်ပြုံးပြုံးကာ ခေါင်းခါလိုက်မိသည်။
“ခွေးတွေအချင်းချင်း ကိုက်နေကြတာပဲ”
ဝမ်ရွှယ်လင်း၏ တုံးအကာ တချိန်ထဲတွင် ရက်စက်ကြမ်းတမ်းသော အစီအစဉ်သည်ကား ကျန်းကျန်း စကားအနည်းငယ် ပြောလိုက်သည်နှင့် ပျက်စီးသွားအောင် လုပ်ခဲ့နိုင်သည်။
သို့သော်လည်း ဝမ်ရွှယ်လင်းသည်ကား ဤအစီအစဉ်ကို အသုံးပြုကာ ကုမ္ပဏီ၏ အတွင်းပိုင်းဆက်ဆံရေးကို သွေးခွဲရန်အတွက် လှုပ်ရှားဖို့ အသုံးပြုနိုင်သည်ဆိုသည်ကပင် ဖုံးကွယ်ထားသော အန္တရာယ်တစ်ခု ရှိနေသည်ကို ပြသနေသည်။
စက်ရုံမန်နေဂျာ စွမ်းရန်သယ်သည်ကား ရုတ်တရက် ရောက်ရှိလာသူဖြစ်ပြီး စက်ရုံ၏ လူဟောင်းမဟုတ်သကဲ့သို့ ဒေသခံလည်းမဟုတ်ပါချေ။
ထို့အပြင် သူသည်ကား လူများစွာပါဝင်သည့် လက်မှုပညာသည်အဖွဲ့တစ်ဖွဲ့ကိုလည်း ခေါ်ယူလာခဲ့သေးသည်။
ယခုအချိန်သည်က စက်ရုံတွင်းမှ အလုပ်သမားဟောင်းများအနေဖြင့် သူတို့ ရရှိသင့်သည့် လုပ်ခလစာများကို လက်ခံရရှိထားပြီး သူတို့၏ အလုပ်လုပ်လိုစိတ်သည်လည်း မြင့်မားနေချိန်ပင်ဖြစ်ပေသည်။
ဤသို့သော ရှုပ်ထွေးမှုများသည်ကား ဖြစ်လာခဲ့လျှင် အစောပိုင်းအချိန်ကတည်းက ရှင်းရှင်းလင်းလင်း လုပ်ဆောင်ထားခြင်းမှာ ပို၍ ကောင်းမွန်ပေလိမ့်မည်။
နောက်နေ့နံနက်စောစောအချိန်ကိုရောက်လျှင် ကျန်းကျန်းတစ်ယာက် ကျောင်းမှ ခွင့်ယူကာ စက်ရုံသို့ တိုက်ရိုက်သွားခဲ့သည်။
ထို့နောက် ရုံးမန်နေဂျာ စွမ်းယွီဖုန်းကို မိနစ် ၃၀ အတွင်း ဝန်ထမ်းအားလုံး အစည်းအဝေးခေါ်ပေးရန် အကြောင်းကြားခဲ့သည်။
သူမက သူမထံ သတင်းကောင်းတစ်ခု ကြေညာစရာရှိသည်ဟု ပြောခဲ့လေသည်။ သို့နှင့် စွမ်းယွီဖုန်းသည်လည်း သဘောတူ၍ ပြန်မေးလာခဲ့သည်။
“ဒါရိုက်တာ ဝမ်နဲ့ ဒုတိယ ဒါရိုက်တာ ကျန်ကျန့်ကျုံးတို့ ဒီနေ့ အလုပ်မလာကြဘူး၊ လူလွှတ်ပြီး သူတို့အိမ်ကို သွားကြည့်ခိုင်းရမလား”
“မလိုဘူး”
ကျန်းကျန်းက ခေါင်းကိုမော့၍ သူ့ကို ပြန်ကြည့်လိုက်သည်။
“သူတို့ကို အလုပ်ထုတ်ပြီးသွားပြီ၊ ဒါနဲ့ စာရင်းကိုင်ကို အကြောင်းကြားပြီး သူတို့ရဲ့ လုပ်ခလစာတွေကို တွက်ချက်ခိုင်းလိုက်၊ ပြီးသွားရင် သူတို့အိမ်ကို သွားပို့ပေးလိုက်ပါ၊ နောက်ဆိုရင် အလုပ်ကိုမလာဖို့လည်း ပြောလိုက်ပါ”
စွမ်းယွီဖုန်းသည်ကား အစပိုင်းက သူတို့နှစ်ဦးမှာ လီမင်ကျန်းကို ဆန့်ကျင်ရန်အတွက် တမင်တကာ အလုပ်မလာခြင်းဟု ထင်ခဲ့သည်။
ဤသည်ကိုကြားလိုက်ရချိန်မှသာ သူတို့ကို အလုပ်ထုတ်ပစ်လိုက်သည်ဖြစ်ကြောင်းကို သိလိုက်ရလေသည်။
စွမ်းယွီဖုန်း၏ အံ့အားတုန်လှုပ်နေသော မျက်နှာကို မြင်သော် ကျန်းကျန်းက ဖြည်းညှင်းစွာ ပြုံးလိုက်သည်။
“သူတို့က ကျွန်မတို့ရဲ့စက်ရုံက အလုပ်သမားတွေကို သွေးခွဲပြီး ပြဿနာရှာဖို့လုပ်ချင်ကြတယ်၊ ဒါကြောင့် ကျွန်မ သူတို့ကို အလုပ်ထုတ်လိုက်တာ”
ကျန်းကျန်း ပြောသည်ကား သာမန်လေသံဖြင့်ပင် ဖြစ်ပေသည်။ သို့သော်လည်း စွမ်းယွီဖုန်း၏နားထဲတွင် ထိုစကားကို ကြားလိုက်ရချိန်၌ မုန်တိုင်းကျသကဲ့သို့ ဖြစ်သည်။
သူ၏မျက်နှာသည်ကား ချက်ချင်း ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး အလျင်အမြန် ပြောလိုက်သည်။
“ ဒါရိုက်တာကျန်း ၊ ကျွန်တော် မနေ့က ဝမ်ရွှယ်လင်းအိမ်ကို သွားခဲ့ပေမဲ့ စားသောက်ပွဲရဲ့ တစ်ဝက်လောက်အထိပဲ စာ့သောက်ပြီး ပြန်လာခဲ့တာ၊ သူတို့ နောက်ပိုင်းပြောတဲ့ အစီအစဉ်တွေကို မကြားခဲ့ပါဘူး”
“ကျွန်မ သိတယ်၊ ဒီလိုသာ မဟုတ်ရင် ရှင် ဒီအချိန်မှာ ဒီနေရာမှာ ရပ်နေရမှာ မဟုတ်ဘူး”
ကျန်းကျန်း အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ကောင်းပြီ၊ အခု မြန်မြန်လေး အစည်းအဝေး ခေါ်လိုက်တော့၊ ကျွန်မ ကျောင်းကို ပြန်ရတော့မယ်။”
“ကောင်းပါပြီ”
စွမ်းယွီဖုန်းသည်လည်း မှတ်စုစာအုပ်ကို ကောက်ယူကာ ရုံးခန်းသို့ ပြန်သွား၍ အသံချဲ့စက်ဖြင့် အစည်းအဝေးသတင်းကို သုံးကြိမ်တိုင်တိုင် အော်ပြောခဲ့သည်။
အသံချဲ့စက်ကို ပိတ်ပြီးနောက်တွင် စွမ်းယွီဖုန်းတစ်ယောက် သူ၏နဖူးမှ ချွေးများကို သုတ်၍ ရုံးခန်းတံခါးကို ဖွင့်ကာ ဒါရိုက်တာ လျို့ရှူးချန်၏ ရုံးခန်းဘက်သို့ တိတ်တိတ်လေး ခိုးသွားခဲ့ပြန်သည်။
လျို့ရှူးချန်သည်ကား လက်ရှိတွင် အပေါ်မှ ထုတ်ပြန်ထားသော စာရွက်စာတမ်းများကို ကြည့်ရှုနေခဲ့သည်။ စွမ်းယွီဖုန်း၏ ခိုးကြောင်ခိုးဝှက် ပုံစံကို မြင်သော် သူက ပြုံး၍ မေးလိုက်သည်။
“သူခိုးလိုမျိုး ခိုးကြောင်ခိုးဝှက်နှင်သ ဘာဖြစ်လာတာလဲ။”
“ညတုန်းက ဖြစ်တာတွေကို ခင်ဗျား ဒါရိုက်တာလီကို ပြောပြလိုက်သေးလား”
စွမ်းယွီဖုန်းမှ အသံတိုးတိုးဖြင့် သူ့ကို မေးလာခဲ့သည့်စကားကို ကြားလျှင် လျို့ရှူးချန်တစ်ယောက် တအံ့တသြ ဖြစ်သွားခဲ့သည်။
“ကျွန်တော် မပြောပြဘူး၊ ဉက္ကဌဝမ်ရဲ့ စိတ်ဓာတ်က သိပ်မကောင်းပေမဲ့ ကျွန်တော်နှင့် နှစ်ပေါင်းများစွာကြာအောင် လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ခဲ့ကြတာဆိုတော့ သူ အသိစိတ်ပြန်ရလာရင် သူ့ကိုရှင်းပြပြီး စိတ်ဓာတ်ကို ပြန်လည်ပြင်ဆင်ခိုင်းရင် ရပါတယ်၊
ပြောရရင် စက်ရုံမန်နေဂျာ မဖြစ်ရင်လည်း ကိစ္စမရှိဘူးလေ၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကြိုးစားလုပ်ဆောင်ရင် သူ ထွန်းတောက်နိုင်သေးတယ်မလား”
စွမ်းယွီဖုန်း သက်ပြင်းအသာချလိုက်သည်။
“အခု ဒါကို မပြောပါနဲ့တော့၊ ဒါရိုက်တာလီက သူတို့တွေ ဝန်ထမ်းတွေကို ခေါင်းဆောင်ပြီး ပြဿနာရှာချင်နေတဲ့အတွက် အခု သူတို့နှစ်ယောက်လုံးကို အလုပ်ထုတ်လိုက်ပြီတဲ့၊
အခုက ဝန်ထမ်းအားလုံးကို အစည်းအဝေးခေါ်ထားတာ မဟုတ်ဘူးလား၊ သူမ အစည်းအဝေးမှာ ဒီအကြောင်းကို ပြောမှာ ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်”
အလုပ်သမားများအားလုံး နေရာယူပြီးနောက်၌ ကျန်းကျန်းသည်လည်း စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။
“အားလုံးပဲမင်္ဂလာပါ၊ ကျွန်မ ဒီနေ့ လူတိုင်းကို ဒီမှာ ခေါ်ယူစုဝေးရတာက ပြောစရာတစ်ခုခုရှိနေလို့ပါ၊ ကျွန်မတို့ စက်ရုံရဲ့ အရင် ဒါရိုက်တာဝမ်ရွှယ်လင်းနဲ့ စက်ရုံရဲ့ ဒါရိုက်တာ ကျန်ကျန့်ကျုံးတို့ မနေ့ညတုန်းက အစည်းအဝေးကို တက်ရောက်ခဲ့ပြီး အလုပ်ထုတ်ခံလိုက်ရပါပြီ”
သူမ စကားဆုံးသည်နှင့် အောက်၌ တီးတိုးပြောဆိုသံများ ဆူညံသွားသည်။ ကျန်းကျန်း မကြားချင်ယောင် ဆောင်၍ ဆက်ပြောသည်။
“သူတို့နှစ်ယောက်ကို အလုပ်ထုတ်လိုက်ရတာကို ကျွန်မလည်း အရမ်းဝမ်းနည်းပါတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ဒီစက်ရုံကို လက်ခံယူတုန်းက မြို့တော်ဝန် ရှီချင်းရန်ကိုကျွန်မ ဒီစက်ရုံမှာ ရှိနေသမျှ ကာလပတ်လုံး ဘယ်အလုပ်သမားကိုမှ အလုပ်အကိုင် မဆုံးရှုံးစေရဘူးလို့ ကတိပေးခဲ့ပါတယ်၊
ဒါပေမဲ့ မနေ့ညကတော့ ကျွန်မ ကတိဖျက်ခဲ့ရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်က ကျွန်မကို အရမ်းစိတ်ပျက်စေခဲ့လို့ပါပဲ”
ကျန်းကျန်းသည်ကား သူမ၏ခြေရင်းမှ တိပ်ရီကော်ဒါကို ကောက်ယူကာ စားပွဲပေါ် တင်လိုက်၍ play ခလုတ်ကို နှိပ်လိုက်သည်။
ထို့နောက်တွင် ဝမ်ရွှယ်လင်း၏ အသံက ထွက်ပေါ်လာခဲ့သည်။
“အဲဒီကောင်မလေး အာဏာမသိမ်းစေရဘူး၊ သူမ ဒီမှာမရှိတုန်း မင်း ငါနဲ့အတူတူ အာဏာသိမ်းရဲလား”
“အဲဒီတုန်းက စွမ်းရန်သယ်က လက်မှုပညာသည်တွေ အများကြီး ခေါ်လာခဲ့တယ်၊ သူ့က အဲဒီလူတွေကို ဒီမှာရှိနေတဲ့အလုပ်သမားဟောင်းတွေနေရာမှာ အစားထိုးပြီး အလုပာသမားဟောင်းတွေကို စက်ရုံကနေ မောင်းထုတ်ဖို့ လုပ်နေတယ်လို့ ပြောလိုက်မယ်၊ သူတို့တွေ မကြောက်ဘဲနေလိမ့်မယ်လို့ ငါ မယုံဘူး။”
စကားလုံးတစ်ကြောင်းစီ၏ အသံသွင်းမှု ထွက်ပေါ်လာပြီးနောက် ပရိသတ်သည်ကား ရုတ်တရက် တိတ်ဆိတ်သွားသည်။
စွမ်းယွီဖုန်းနှင့် လျို့ရှူးချန်တို့သည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးသည်ကား လက်ရှိတွင် ယမန်နေ့ညက စောစီးစွာပြန်ခဲ့သည်က ကံကောင်းသည်ဟုပင် တွေးမိခဲ့ကြလေသည်။
တိပ်ရီကော်ဒါကို ပိတ်လိုက်ပြီးနောက် ကျန်းကျန်းက အလွန်လေးနက်သောမျက်နှာဖြင့် စကားစလိုက်သည်။
“မနေ့က ကျွန်မ ဒါရိုက်တာဝမ်နဲ့ စက်ရုံအကြောင်းကို ပြောဖို့ စီစဉ်ထားပြီး သူ့ဆီကိုသွားခဲ့တာပါ၊ ဒါပေမဲ့ မထင်မှတ်ဘဲ ဒီလို စကားပြောဆိုမှုမျိုးကို ကြားလိုက်ရတယ်လေ”
*