အခန်း (၂၈၀)
Vol. 28 Ch. 280
“ဝမ်ရွှယ်လင်းနဲ့ ကျန်ကျန့်ကျုံးတို့ကလည်း စက်ရုံမှာ အလုပ်သက်တမ်းရင့်သူတွေပါ၊ နိုင်ငံပိုင်စက်ရုံကြီးတစ်ခုက သူတို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ပိတ်သိမ်းသွားရလုနီးပါး ဖြစ်နေပြီး အလုပ်သမားတွေရဲ့ လုပ်ခလစာကိုတောင် မပေးနိုင်ဖြစ်နေခဲ့တယ်၊ ဒါက သူတို့ရဲ့ ရှောင်လွှဲလို့မရတဲ့ တာဝန်တစ်ခုပါပဲ၊
ဒါပေမဲ့ အခု ကျွန်မက ဒီစက်ရုံကို ဝယ်လိုက်ပြီ၊ ဒီအချိန်မှာလည်း သူတို့တွေက ပိုပြီး အကျိုးအမြတ်တွေ ထုတ်လုပ်နိုင်ဖို့၊ လူတိုင်းကို ပိုများတဲ့ လုပ်ခလစာတွေ ပေးနိုင်ဖို့၊ စက်ရုံကို ဘယ်လို ကောင်းကောင်း စီမံခန့်ခွဲရမလဲဆိုတာတွေကို လုံးဝမစဉ်းစားဘဲ အာဏာနဲ့ အမြတ်အစွန်းအတွက်ပဲ ရုန်းကန်နေကြတယ်၊
ရှင်တို့တွေအနေနဲ့ရော၊ ဒီလိုလူမျိုးကို စက်ရုံမှာ ဆက်ထားသင့်ပါသလား”
အလုပ်သမားများသည်ကား တစ်ပြားကို နှစ်ပိုင်းခွဲ၍ သုံးရသော ခက်ခဲသောနေ့ရက်များကို ပြန်လည်းသတိရသွားခဲ့ကြသည်။ သူတို့၏ ဇနီးသည်များက ငိုကြွေးနေခဲ့ကာ ကလေးများသည်လည်း ဆာလောင်မှုကြောင့် အော်ဟစ်နေရသည်ကို ပြန်လည်သတိရသော် ဒေါသတကြီး ဖြင့် တုံ့ပြန်လာခဲ့ကြလေသည်။
“မထားသင့်ဘူး၊ သူတို့ကို အလုပ်ထုတ်ပစ်!”
ကျန်းကျန်းလည် သူတို့အားလုံး အော်ဟစ်ပြီးသွားကာ လူတိုင်း တိတ်ဆိတ်သွားသည်အထိ စောင့်ဆိုင်းလိုက်ပြီးမှသာ လက်မြှောက်၍ လူတိုင်းကို တိတ်ဆိတ်နေရန် အချက်ပြလိုက်သည်။
“ကျွန်မက ဒီစက်ရုံကို ဝယ်ခဲ့ပေမဲ့ ဒီစက်ရုံပက လူတိုင်းနဲ့ သက်ဆိုင်ပါတယ်၊ စက်ရုံကို ကောင်းကောင်း တည်ဆောက်ပြီး လူတိုင်းကို အရင်ကထက် ပိုဝင်ငွေရအောင် လုပ်ပေးဖို့က ကျွန်မတို့အားလုံးရဲ့ ပူးပေါင်းကြိုးပမ်းရမဲ့ ပန်းတိုင်ပါပဲ၊
အခု အသံသွင်းထားတဲ့အထဲမှာ ဝမ်ရွှယ်လင်းပြောထားခဲ့တဲ့အထဲမှာ စက်ရုံမန်နေဂျာအသစ် ခေါ်လာတဲ့ လက်မှုပညာရှင်ဆရာတွေက ကျွန်မတို့ စက်ရုံက အလုပ်သမားဟောင်းတွေကို မောင်းထုတ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူတိုင်းကို ခွဲခြားဖို့ ကြိုးစားမယ်ဆိုတဲ့အကြောင်းတွေ ပါဝင်နေခဲ့တယ်၊
အခု ဒီနေရာကနေ အဲဒီလို ကိစ္စမျိုးကို ကျွန်မ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလို့ တရားဝင် ကြေညာပါရစေ၊ ကျွန်မက အဲလိုကိစ္စတွေကို ဖြစ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး၊
ကျွန်မတို့ရဲ့ စက်ရုံက ပရိဘောဂတွေကို အဓိက ထုတ်လုပ်တာပါ၊ နောင်အနာဂတ်မှာ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ကိုလည်း အဆင့်မြင့် သစ်သားပရိဘောဂတွေပေါ်မှာ သတ်မှတ်ထားပါတယ်၊
အလုပ်သမားနဲ့ ပညာရှင်ဆရာတိုင်းက ကျွန်မရဲ့မျက်လုံးထဲမှာ တန်ဖိုးမဖြတ်နိုင်ပါဘူး၊ လူတိုင်းက ကောင်းကောင်း အလုပ်လုပ်နေသရွေ့ ဒီလိုမျိုး အရှုပ်အထွေးတွေနှင့် ရန်ဖြစ်တာတွေ မရှိဘူးဆိုရင် လူတိုင်းရဲ့ ဝင်ငွေ တိုးလာမယ်၊ နေ့ရက်တွေက ပိုကောင်းလာမယ်လို့ ကျွန်မ အာမခံပါတယ်။
ဒီမှာ ကျွန်မ ကြေညာချင်တာက နောင်အနာဂတ်မှာ ကောင်းမွန်သေသပ်မှုအပြည့်နှင့် ထွင်းထုထားတဲ့ ပရိဘောဂ အုပ်စုတိုင်းအတွက် ပရိဘောဂထွင်းထုတာကို တာဝန်ယူတဲ့ အလုပ်သမားတွေက စျေးနှုန်းရဲ့ ၁၀ ရာခိုင်နှုန်း ဘောနပ်စ် ရရှိပါမယ်.
နှစ်ကုန်တဲ့အချိန်တွေတိုငားမှာ ကျွန်မတို့တွေက အမြတ်အစွန်း ကောင်းကောင်းရတဲ့သူတွေကိုလည်း ထပ်ဆောင်း ဘောနပ်စ်တွေလည်း ရှိပါတယ်”
အလုပ်သမားများ၏ စိတ်လှုပ်ရှားနေသော မျက်နှာများကို မြင်သော် ကျန်းကျန်းသည် နောက်ထပ် အလေးချိန်ကြီးသော စကားတစ်ခွန်းကို ချလိုက်သည်။
“ဒီတစ်ခါ ဒါရိုက်တာ စွမ်းရန်သယ်က ရှန်ဟိုင်းကို ယူလာတဲ့ ပရိဘောဂအတွက် ကျွန်မတို့ အခြေခံစျေးနှုန်းကို တစ်ထောင့်ရှစ်ရာ သတ်မှတ်ထားပါတယ်”
“တစ်ထောင့်ရှစ်ရာ ယွမ်ဆိုရင် ဘောနပ်စ်က တစ်ရာ့ရှစ်ဆယ် ယွမ်ပေါ့”
အောက်၌ရှိသော ပရိဘောဂပြုပြင်ရေး၌ ပါဝင်ခဲ့သော ဆရာများသည်ကား ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြလဆသည်။
“လီ.. ဒါရိုက်တာလီ၊ ဒါရိုက်တာ ပြောတာ အမှန်လား”
“ဟုတ်ပါတယ်၊ စက်ရုံမန်နေဂျာ စွမ်းရန်သယ် ပြန်လာတာနဲ့ အဖွဲ့ထဲကလူတွေကို ဘောနပ်စ်တွေ ပေးမှာပါ”
ကျန်းကျန်း ပြုံးပြလိုက်ချိန်တွင် ကွေးညွှတ်နေသော သူမ၏မျက်လုံးများသည် အထူးသလည် ချိုမြိန်၍ ချစ်စရာကောင်းနေခဲ့သည်။
သူမ၏ မျက်နှာသည်ကား အနည်းငယ် ရင့်ကျက်မှု မရှိသေးသည်ဟု ထင်ရသော်လည်း အောက်၌ ထိုင်နေသော ခေါင်းဆောင်များအနက် မည်သူမျှ သူမကို လျှော့မတွက်ရဲကြပါချေ။
ငယ်ရွယ်သောအရွယ်၌ပင် ဝန်ထမ်းများ၏ စိတ်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားနိုင်၍ ဝန်ထမ်းများကို လှုံ့ဆော်ရန် ငွေကြေးနှင့်ပတ်သက်၍ အထူးတလည် ရက်ရောနေခဲ့သည်။
သူတို့ လုံးဝ ယှဉ်လို့ မရနိုင်ပါချေ။
ဝန်ထမ်းများ၏ စိတ်ခံစားမှုများကို လှုံ့ဆော်ပြီးနောက် ကျန်းကျန်းက လျို့ရှူးချန်ကို စက်ရုံကို ဂရုစိုက်ရန် ပြောခဲ့ကာ ကျောင်းသို့ ပြန်သွားခဲ့သည်။
ဤဖြစ်ရပ်ပြီးနောက်တွင် လျို့ရှူးချန်သည်ကား ကျန်းကျန်းကို လုံးလုံးလျား အထင်ကြီးသွားပြီး မတိုင်ခင်က သူ၏ ဝမ်ရွှယ်လင်းစကားကို လိုက်နာကာအလုပ်လုပ်နေခဲ့သောပုံစံကို ပြောင်းလဲပစ်လိုက်သည်။
တစ်လခွဲအကြာတွင် ကွမ်းတုန် ကုန်စည်ပြပွဲ၌ စွမ်းရန်သယ်သည်ကား လက်ဖြင့် ထွင်းထုထားသော မဟော်ဂနီပရိဘောဂ အစုံအလင်ကို နမူနာအဖြစ် ယူဆောင်သွားခဲ့ပြီး တစ်စုံကို ၂၁၁၀ ယွမ်နှုန်းဖြင့် အစုံ ၃၀ မှာယူမှု အော်ဒါကို ရရှိခဲ့သည်။
ကျန်းကျန်းတစ်ယောက် ထိုသတင်းကိုကြားပြီးနောက်တွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး စွမ်းရန်သယ်သည်ကား သူမ မျှော်မှန်းထားသည့်အတိုင်း အမှတ်တကယ်ထက်မြက်လှကြောင်း တွေးတောလိုက်မိသည်။
အဆင့်မြင့်ပရိဘောဂများကို အဓိကအားဖြင့် ပြည်ပသို့ တင်ပို့သော်လည်း ပြည်တွင်း ပရိဘောဂဈေးကွက်ကိုလည်း ဖြေလျှော့၍ မရနိုင်ပါချေ။
ထို့ကြောင့် ရန်ပုံငွေများကို ထုတ်ပြီးနောက် စွမ်းရန်သယ်က ပေရှားဒေသသို့ သွားခဲ့ပြီး အလယ်အလတ်အဆင့် သိပ်သည်းဆရှိသော သစ်အခင်းပြားများအတွက် ရေရှည် ပေးသွင်းမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
ယနေ့ခေတ် တရုတ်နိုင်ငံ၌ သာမန်အိမ်သုံးပရိဘောဂများသည်ကား ရိုးရှင်းပြီး နောက်ပိုင်းခေတ်အမြင်အရ အနည်းငယ် ခေတ်နောက်ကျနေပေသည်။
ကျန်းကျန်းသည်ကား ဒီဇိုင်းပညာကို မသင်ဖူးသော်လည်း နောက်ပိုင်းခေတ်၌ နှစ် ၂၀ ကျော် နေထိုင်ခဲ့သူပင်။
ကျန်းကျန်း၏ တရုတ်ပန်းချီသည်က ဆရာသခင်တစ်ဦးအဆင့်သို့ ရောက်ရှိနေသော်လည်း ဒီဇိုင်းပုံဆွဲပညာနှင့်ပတ်သက်၍ကား စိမ်းသက်နေပေသေးသည်။
သို့နှင့် ကျန်းကျန်းတစ်ယာက် စုဝေရန်ထံသို့သွားကာ ဒီဇိုင်းပုံဆွဲဆရာတစ်ဦး ရှာပေးရန် တောင်းဆိုခဲ့ရသည်။
တစ်လခွဲကြာအောင် ဂရုတစိုက် သင်ယူမှုပြီးနောက်တွင် ကျန်းကျန်းတစ်ယောက် သူမဘာသာသူမ ပရိဘောဂဒီဇိုင်းများကို စတင်ရေးဆွဲလာနိုင်ခဲ့သည်။
မည်သည်ခေတ် မည်သည်အချိန်၌ပင်ဖြစ်စေ ပစ္စည်းများကို သိမ်းဆည်းမှုသည်ကား မိသားစုတိုင်းအတွက် ခေါင်းခဲစရာ ကိစ္စတစ်ခုပင်။
အထူးသဖြင့် ယခုခေတ်ကာလဆိုလျှင် လူများစွာသည်ကား အဘိုးအဘွားများနှင့်အတူ မျိုးဆက် သုံးဆက်တိုင်သည်အထိ အိမ်ခန်းတစ်ခန်း၌ စုပြုံနေထိုင်နေကြခြင်းများ ရှိနေကြဆဲပင်။
ထို့ကြောင့် အဝတ်အစားများ၊ စောင်များ၊ သစ်သားပရိဘောဂအဟောင်းများအားလုံးကို အခန်းထောင့်၌ ပုံထားကြရသည်။
ဤပြဿနာများကို နောက်ပိုင်းခေတ်ကာလ၌မူ ကောင်းစွာ ဖြေရှင်းပြီးသားပင်။ ဥပမာ၊ ဆိုဖာနှင့် ကုတင်ခင်းများစွာအောက်၌ သိမ်းဆည်းနိုင်သော နေရာကျယ်များ ရှိပါသည်။
ကျန်းကျန်း ခဲတံကိုကိုင်ဆောင်ပြီး ကုတင်အောက်ခြေ၌ ပစ္စည်းသိမ်းဆည်းနိုင်သော လုပ်ဆောင်ချက်များပါသော ကုတင်အမျိုးအစားများစွာကို ရေးဆွဲခဲ့သည်။
နေရာမကျယ်သော ကုတင်ခေါင်းရင်း၌လည်း ဆွဲထုတ်နိုင်သော အံဆွဲများ ပါဝင်၍ အတွင်းခံများ၊ ဘောင်းဘီရှည်များကဲ့သို့ ပစ္စည်းအနည်းငယ်ကို သိမ်းဆည်းနိုင်သော အံဆွဲငယ်များလည်းပါရှိသည်။
သစ်သားဆိုဖာအပြင် စပရိန်ဆိုဖာများသည်လည်း ဤခေတတွင် စတင်ပေါ်နေပြီဖြစ်၍ ကျန်းကျန်းက ရှိနေပြီးသားပုံစံပေါ်၌ ဆိုဖာခုံအောက်၌ ဆွဲထုတ်နိုင်သော အံဆွဲတစ်တန်းကို ထပ်ထည့်ခဲ့သည်။
အလွန်မနက်သော်လည်း အကြွေများနှင့် တခြားအသေးအမွှားပစ္စည်းများကိုတော့ များစွာ ထည့်ထားနိုင်ပေသည်။
ယခုဆိုလျှင် ထုတ်လုပ်မှုဌာနကို သစ်သားလုံးပရိဘောဂနှင့် သစ်ပြားပရိဘောဂဟူ၍ နှစ်ပိုင်းခွဲထားပြီဖြစ်ပေသည်။
ကျန်းကျန်းက ဒီဇိုင်းပုံစံများကို စွမ်းရန်သယ်ဆီသို့ ယူသွားခဲ့ပြီး သစ်ပြားဌာန၏ ထုတ်လုပ်မှုဒါရိုက်တာကို ပုံစံအသစ်များ ချက်ချင်းစတင်ထုတ်လုပ်ရန် စီစဉ်ခိုင်းခဲ့သည်။
စွမ်းရန်သယ်သည်ကား ကျန်းကျန်းထံမှဒီဇိုင်းပုံစံများကို ကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့် လက်များကို ပွတ်သပ်လိုက်သည်။
“ဒီဇိုင်းတွေက လက်တွေ့ကျရုံတင်မကဘဲ လှလည်း လှပသေးတယ်၊ အထူးသဖြင့် ဒီအဝတ်ဗီဒိုကြီးဆို ပိုကောင်းတယ်၊ ဒါတွေကို စီစဉ်ပြီးသွားရင် အရင်ကထက် အဝတ်အစားထားဖို့ နေရာနှစ်ဆ ပိုများလာမှာဆိုတော့ သာမန်လူတွေ ကြိုက်ကြမှာ သေချာတယ်”
ကျန်းကျန်းသည်လည်း ခေါင်းညိတ်ပြလိုက်သည်။
“တကယ်တော့ ဒါက သိပ်မခက်ပါဘူး၊ တခြားပရိဘောဂစက်ရုံတွေက အတုယူမှာကိုပဲ ကြောက်တာ၊ နောက်ပိုင်းမှာ ဒါရိုက်တာလျိုကို ဒီပရိဘောဂဒီဇိုင်းပုံစံအတွက် မူပိုင်ခွင့် လျှောက်ထားလို့ရမလားဆိုတာ မေးခိုင်းလိုက်ပါ”
စွမ်းရန်သယ်လည်း လက်ထဲမှ မှတ်စုချပြီးနောက်တွင် စားပွဲဝိုင်း၌ ထိုင်နေသည့် ကျန်းကျန်းက ခေါင်းညိတ်လိုက်ရင်း ရုတ်တရက် ခေါင်းမော့၍ သူ့ကို မေးလာခဲ့သည်။
“ရှင့်ရဲ့ အိပ်ဆောင်က ခုတင်ပေါ်မှာ ဘာတွေ တင်ထားလဲ”
စွမ်းရန်သယ်တစ်ယောက် ကျန်းကျန်းကို နားမလည်စွာ ကြည့်လိုက်မိလျှင် ကျန်းကျန်းမှ သူ့ကို စိာက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ကျွန်တော်တို့ လုပ်ထားတဲ့ မွေ့ရာပါ၊ မွေ့ရာနှစ်ထပ် ခင်းထားတာလေ”
“ဒါဆို ရှင် အဲဒီအပေါ်မှာ အိပ်ရတာ မာတယ်လို့ မခံစားရဘူးလား”
“ဒါကတော့ မာတာပေါ့”
စွမ်းရန်သယ်က ပြုံးလိုက်လေသည်။
“ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကလေးဘဝတည်းက ဒီလိုအိပ်ရတာကို ကျင့်သားရနေပြီလေ”
ကျန်းကျန်း ခေါင်းညိတ်ပြီး စာရွက်ပေါ်၌ မွေ့ရာပုံတစ်ပုံဆွဲကာ သူ့ကို ပေးလိုက်သည်။
“Simmons ဆိုတဲ့အမှတ်တံဆိပ်ကို ကြားဖူးလား။”
စွမ်းရန်သယ် ခေါင်းခါလိုက်သည်ပိုမြင်လျှင် ကျန်းကျန်းက စာရွက်တချို့ကို ကလစ်နှိပ်လိုက်ပြီး မိတ်ဆက်ပေးသည်။
“ဒါက အမေရိကန်ကမှာရှိတဲ့ည မွေ့ရာအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၈၀ ကျော် သက်တမ်းရှိနေပြီ၊ အတွင်းပိုင်းမှာ အထည်နဲ့ထုပ်ထားတဲ့ စပရိန်တွေနဲ့ ပြုလုပ်ထားတာ၊ သူ့ရဲ့မွေ့ရာတွေက အမေရိကန်တွေရဲ့ အိပ်စက်မှုကို ပြောင်းလဲပစ်ခဲ့တယ်။
၁၉၃၀ ပြည့်လွန်နှစ်တွေတုန်းက Simmons က ကျွန်မတို့နိုင်ငံရဲ့ မြို့တော်မှာ မွေ့ရာစက်ရုံတစ်ခုလည်း ရှိခဲ့ပေမဲ့ စစ်ဘေးကြောင့် ပိတ်လိုက်ရတယ်။
အခုချိန်မှာ ကျွန်မတို့ရဲ့ ပြည်တွင်းစပရိန်မွေ့ရာဈေးကွက်က ဗလာနတ္တိဖြစ်နေတုန်းပဲ၊ ဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်ရင် ကြီးမားတဲ့ဈေးကွက်ကြီး ဖြစ်လာလိမ့်မယ်”
အတိတ်ဘဝတုန်းက ကျန်းကျန်း၏ မိခင်ဖြစ်သူမှာ စပရိန်မွေ့ရာစက်ရုံ၌ အလုပ်လုပ်ခဲ့သည်။
ထိုစဉ်က အိမ်၌ ကလေးကို စောင့်ရှောက်ပေးမည့် အဘိုးအဘွားများလည်း မရှိခဲ့ချေ။ ထို့အတွက်ကျန်းကျန်း၏ မိခင်ဖြစ်သူမှာ စနေ၊ တနင်္ဂနွေတိုင်း ကျန်းကျန်းကို အလုပ်သို့ ခေါ်သွားခဲ့ရသည်။
နောက်ပိုင်း တက္ကသိုလ်တက်နေစဉ်အချိန်တွင်တော့ ကျန်းကျန်း၏ မိဘများက ကွာရှင်းခဲ့ကြပြီး နှစ်ဖက်လုံးက ကျန်းကျန်းမှာ အသက် ၁၈ နှစ် ပြည့်ပြီးပြီဟူသော အကြောင်းပြချက်ဖြင့် အုပ်ထိန်းခွင့်ကို စွန့်လွှတ်ခဲ့ကြသည်။
ထိုစဉ်က ကျန်းကျန်းတစ်ယောက် စက်ရုံသို့ သွားပြီး မိခင် အလုပ်ပြီးသည်အထိ ထုတ်လုပ်မှုဌာန၌ တစ်နေကုန် ထိုင်နေခဲ့ရဖူးသည်။
*