← Chapters

အခန်း (၂၈၁)

Vol. 29 Ch. 281

အခန်း (၂၈၁)

Vol. 29 Ch. 281

ကျန်းကျန်းတစ်ယောက် သူမ၏အတိတ်ဘဝကို ပြန်လည်တွေးမိနေရင်းဖြင့် သက်ပြင်းချလိုက်သည်။

သူမ၏အတိတ်ဘဝမှ နာကျင်ဖွယ်ရာ အမှတ်တရများက ဤဘဝတွင် စီးပွားရေးလုပ်ငန်းစတင်ရန်အတွက် ရွှေစိတ်ကူးများ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။

သူမ မှတ်မိနေသည့် မွေ့ယာထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် နည်းပညာဆိုင်ရာ အချက်အလက်များကို ကျန်းကျန်း စာရွက်ပေါ်တွင် ရေးဆွဲကာ ပုံကြမ်းနှစ်ခုကို အသေးစိတ် ဖော်ပြခဲ့သည်။

“ကျွန်မတို့ ထုတ်လုပ်ချင်တာက အိတ်ဆောင်သီးခြားစပရိန်မွေ့ယာ နဲ့ မျဉ်းဖြောင့်စပရိန်မွေ့ယာဆိုတဲ့ အမျိုးအစားမျိုးလို့ခေါ်ရလိမ့်မယ်၊

ပထမအမျိုးအစားကတော့ အိပ်ရေးဆတ်တတ်တဲ့ စုံတွဲတွေအတွက် သင့်တော်တယ်၊ ဒီလို မွေ့ရာနှင့်ဆိုရင် စုံတွဲတွေအနေနဲ့ တစ်ယောက်က လှိမ့်နေမယ်ဆိုရင်တောင် ကျန်တစ်ယောက်ကို အနှောင့်အယှက်မဖြစ်စေနိုင်ဘူး၊

ဒုတိယမွေ့ယာကတော့ လူတွေရဲသခန္ဓာကိုယ်နဲ့ ပိုပြီးလိုက်ဖက်ပြီး ပိုမိုသက်တောင့်သက်သာရှိရှိနှင့် အိပ်လို့ရနိုင်ပါတယ်”

ကျန်းကျန်းက အသေးစိတ် ဖော်ပြခဲ့သော်လည်း စပရိန်မွေ့ယာအပေါ် သူတို့၏နားလည်မှုများက လွဲမှားသွားမည်ကို စိုးရိမ်နေဆဲဖြစ်သည်။

ထို့ကြောင့် သူမအနေဖြင့် အစည်းအ၀ေးမတိုင်ခင် တစ်ရက်ကြိုတင်၍ ဟောင်ကောင်ကျွန်းသို့ သွားရောက်ကာ Simmons မွေ့ယာနှစ်လုံးကို ဝယ်ယူခဲ့သည်။

ထိုမွေ့ယာများကို ယနေ့နံနက်၌ သုံးဘီးဆိုင်ကယ်ဖြင့် ဆွဲယူလာခဲ့သည်။

“ကျွန်မ ဟောင်ကောင်ကျွန်းကနေ Simmons မွေ့ယာနှစ်လုံးယူလာဖို့ လူတစ်ယောက်ကို ခိုင်းထားတယ်၊ အခု အောက်ထပ်ရဲ့ဧည့်ခန်းထဲမှာ အဲဒါတွေရောက်နေပြီ၊ တစ်လုံးက ရှင့်တွက်ပဲ၊

ရှင့်အနေနဲ့ သက်တောင့်သက်သာရှိတဲ့အိပ်စက်ခြင်းကို ခံစားဖူးပြီးတဲ့အချိန်ကျမှ လူတွေအတွက် သက်တောင်းသက်သာရှိစေနိုင်မဲ့ကောင်းမွန်တဲ့မွေ့ယာကို ဖန်တီးနိုင်မှာလေ”

ကျန်းကျန်းက သူ့ကို ပြောလိုက်သည်။

“နောက်တစ်လုံးက ဘယ်အတွက်လဲ”

စွမ်းရန်သယ်က ဂရုတစိုက် ပြန်လည်မေးမြန်းခဲ့လေသည်။

ကျန်းကျန်းသည် ခေါင်းမော့၍ ရှင်းပြလိုက်သည်။

“အဲဒီတစ်လုံးကို အလုပ်ရုံကိုယူသွားပြီး ဖြုတ်ကြည့်ကြတာပေါ့? ဒါဆိုရင် တခြားလူတွေရဲ့မွေ့ယာဖွဲ့စည်းပုံကို ကြည့်လို့ရတယ်၊

ဒါပေမဲ့ အဲဒါက အခြေခံပဲ ကြည့်လို့ရလိမ့်မယ်၊ လက်တွေ့ထုတ်လုပ်မှုကတော့ ကျွန်မပြောထားတဲ့အတိုင်းပဲ လုပ်ရမယ်”

“ကောင်းပါ ပြီ”

စွမ်းရန်သယ်က ကျန်းကျန်းရေးသားထားသည့် ပစ္စည်းများအားလုံးကို ယူဆောင်ကာ ကြည့်ရှုခဲ့ပြီးနောက် တုံ့ဆိုင်းစွာပြောလာလေသည်။

“ကျွန်တော်တို့ရဲ့ အလုပ်ရုံနှစ်ခုလုံး အလုပ်များနေတုန်းပဲ၊ မွေ့ယာတွေ ထပ်ပြီးထုတ်မယ်ဆိုရင် လူအင်အားမလုံလောက်နိုင်ဘူး၊

နောက်ပြီး စက်ရုံမှာရှိနေတဲ့ တချို့ပစ္စည်းတွေကလည်း ခေတ်မမီတော့ဘူး၊ စက်ပစ္စည်းအသစ်တွေလည်း လိုအပ်နေတယ်”

ကျန်းကျန်းက သူမ၏ နဖူးကို ပွတ်ရင်း ပြန်ဖြေလိုက်လေ၏။

“ရှင်မြင်တွေ့တဲ့အတိုင်း လိုအပ်တာကို လုပ်လို့ရတယ်”

ကျန်းကျန်း၏ ခွင့်ပြုချက်နှင့်အတူ စွမ်းရန်သယ်က ပရိဘောဂစက်ရုံ၏ ဝန်ထမ်းခေါ်ယူရေး ကြော်ငြာကို လျင်မြန်စွာ ရေးဆွဲခဲ့သည်။

သစ်သားပရိဘောဂထည်နှင့် ဆိုဖာထုတ်လုပ်မှု အတွေ့အကြုံရှိသည့် ကျွမ်းကျင်လုပ်သားများအတွက်မူ ပရိဘောဂစက်ရုံက ပုံမှန်လုပ်အားခထက် ပိုမိုများပြားသည့်လစာကို ပေးခဲ့သည်။

ငွေကြေးသာ အလုံအလောက်ရှိမည်ဆိုပါလျှင် လူမခေါ်နိုင်မည်ကို ကြောက်စရာမလိုအပ်ပါချေ။

ထို့ကြောင့် ဆယ်ရက်ကာလအတွင်း၌ စွမ်းရန်သယ်က စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်၍ လူငါးဆယ်ကို လက်ခံခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကုန်ပစ္စည်းအသစ်များ သုတေသနနှင့် ဖန်တီးမှုများကို အားတက်သရော စတင်ခဲ့သည်။

သူတို့က အရည်အသွေးမြင့် မဟော်ဂနီပရိဘောဂ အစုံ ၃၀ ကို ပေးပို့ခဲ့သည့်အပြင် ပုံစံသစ်, သစ်ဘုတ်ပြားပရိဘောဂနှင့် စပရိန်မွေ့ယာများကိုလည်း ထုတ်လုပ်ခဲ့သည်။

ကျန်းကျန်းက ထို စက်ရုံထုတ်ပစ္စည်းများထဲမှ အနည်းငယ်ကို ဆွဲယူကာ သူမ၏ ကိုယ်ပိုင်ခြံဝင်းသို့ ပြန်ပို့ခိုင်းခဲ့သည်။

သူမ၏ စက်ရုံ၌အသစ်ထုတ်လုပ်နိုင်ခဲ့သည့် မွေ့ယာသည်ကား Simmons မွေ့ယာထက်ပင် ပိုမိုသက်တောင့်သက်သာ ရှိနေခဲ့သည်။

စွမ်းရန်သယ်က ဤထုတ်ကုန်များကို ပြည်တွင်းရောင်းချရန်အတွက် ရည်ရွယ်ထားခဲ့သဖြင့် ပရိဘောဂပြပွဲတစ်ခုအတွက် သက်ဆိုင်ရာဌာနသို့ လျှောက်ထားခဲ့သည်။

ကျန်းကျန်းသည်ကား အတိတ်ဘဝ၌ စျေးကွက်ပွဲများကို များစွာ ကြည့်ရှုထားသည့်အတွက် သူ၏ အစီအစဉ်ကို ကြည့်ရှုပြီးနောက် စာရွက်စာတမ်း ထောင်များစွာကို ရိုက်နှိပ်ခိုင်းခဲ့ပြီး စက်ရုံမှ လူများကို တစ်လကြိုတင်၍ လမ်းပေါ်၌ ဖြန့်ဝေခိုင်းခဲ့သည်။

ပြပွဲသို့ ရောက်ရှိသောအခါတွင် ပရိဘောဂများ မချမီတွင်ပင် အတွင်းအပြင်မှ လူများစွာ ရောက်ရှိနေခဲ့သည်။

ယနေ့ခေတ်ကာ၌ ဆိုင်ထဲမှ ပရိဘောဂဝယ်လိုလျှင် လမ်းပေါ်ထွက်၍ ပရိဘောဂလက်မှတ် ယူရသည်။ သို့သော်လည်း ပရိဘောဂပြပွဲ၌ ပရိဘောဂဝယ်ယူလျှင်မူ လက်မှတ်အတွက် ပူစရာ မလိုတော့ချေ။

ငွေကြေးရှိလျှင် တိုက်ရိုက်ပင့ဝယ်ယူနိုင်ခဲ့သည်။

သတ်မှတ်ထားသည့်အချိန်သို့ ရောက်ရှိသော် အလုပ်သမားများက အောက်ခြေ၌ အဝတ်အစားထည့်နိုင်သည့် ဒီဇိုင်းဆန်းခုတင်များ၊ ခိုင်ခံ့သည့် သစ်သားပရိဘောဂများ၊ အခန်းအကန့်များပါဝင်သည့် ဗီရိုကြီးများ၊ လှပ၍အသုံးဝင်သည့် အထည်စပရိန်ဆိုဖာများနှင့် ရှည်လျားသည့်ပုံစံရှိသည့် စပရိန်မွေ့ယာများကို ပြပွဲနေရာသို့ သယ်ယူလာကြသည်။

စွမ်းရန်သယ်သည်လည်း သူ ကိုယ်တိုင် ထွက်လာခဲ့ကာ လက်ကိုင်အသံချဲ့စက်ဖြင့် သူ၏စက်ရုံမှ ပရိဘောဂများကို တစ်ခုချင်းစီ မိတ်ဆက်ပေးခဲ့သည်။

တခြားပရိဘောဂများသည်ကား ၎င်းတို့၏ အားသာချက်များကို ချက်ချင်း မြင်နိုင်သော်လည်း မွေ့ယာဟူသည်ကမူ လူများကို ၎င်းအပေါ်တွင် လှဲလျောင်း၍ စမ်းသပ်ခိုင်းသည်က ပိုမိုကောင်းမွန်ပေသည်။

ထို့ကြောင့် ပြပွဲတွင် ထူးဆန်းသည့်မြင်ကွင်းတစ်ခု ရှိလာခဲ့သည်။ လူတစ်ဦးပြီးတစ်ဦးက ကုတင်ပေါ်၌ လှဲလျောင်း၍ ဘယ်ညာလှိမ့်နေခဲ့ကြသည်။

ထို့နောက် ပြန်လည် လှဲလျောင်း၍ စမ်းသပ်ကြသည်။

သူတို့ ပြန်ဆင်းလာသည့်အခါတွင်မူ အားလုံး ပြုံးရွှင်နေကြကာ စက်ရုံမှ အလုပ်သမားများကို ဝိုင်းဝန်း၍ ဈေးနှုန်းကို မေးမြန်းနေကြသည်။

မကြာခင်အချိန်၌ပင် ပြပွဲမှ ပရိဘောဂများအားလုံးက ရောင်းကုန်သွားခဲ့သည်။

မင်္ဂလာဆောင်တော့မည့် လူငယ်စုံတွဲတစ်တွဲက ဝယ်ယူမရနိုင်ခဲ့သည့်အတွက် ထိုစုံတွဲမှာ သူတို့၏ အနောက်သို့ လိုက်၍ စက်ရုံသို့ တန်းသွားကာ စက်ရုံအဝင်ဝကို ပိတ်ဆို့ခဲ့သည်။

သူတို့သည်ကား စက်ရုံတံခါးဝ၌ပင် ပရိဘောဂဆယ်စုံကို ရောင်းချခဲ့သည်။

နောက်တစ်နေ့တွင်လည်း ပထမနေ့က တန်းစီရာတွင် မမီခဲ့သည့်သူများ ပြန်လည်လာခဲ့ကြပြန်သည်။ ဤသို့ဖြင့် သတင်းကြားသိသူများ များပြားလာသည်နှင့်အမျှ တန်းစီရမည့်အချိန်က ပိုမိုစောစီးလာခဲ့သည်။

သူတို့စက်ရုံ တံဆိပ် ပရိဘောဂနှင့် မွေ့ယာများမှာ လူကြိုက်များ၍ ဝယ်ယူရခက်လာသည်နှင့်အမျှ မကြာခင်၌ တော်ဝင်တက္ကသိုလ်တွင်လည်း “ထန်တာ့” ရူးသွပ်မှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

တစ်စုံတစ်ဦးက အိမ်ထောင်ပြုမည်ဆိုပါက ထန်တာ့ပရိဘောဂတစ်စုံ ရရှိထားရှိမည်ဆိုလျှင် ပို၍ကောင်းသည်ဟု ယူဆကြသည်။

တန်တာ့မွေ့ယာ ဝယ်ယူသည့်သူတချို့မူ မွေ့ယာအပေါ်၌ အပ်ဖြင့်ချုပ်ထားခြင်းမဟုတ်သည့် အမှတ်တံဆိပ်စာရွက်တစ်ရွက်ကို မဖြစ်မနေ တင်ထားကြလိမ့်မမည်။

ထို့နောက်တွင် မွေ့ယာပတ်ပတ်လည်၌ ကုန်အမှတ်တံဆိပ်ကို ဖော်ပြထားရမည်။

ထိုမှသာ သူတို့သည်က အားကျသည့်အကြည့်များကို ခံစားရမည် ဖြစ်သည်။

တော်ဝင်တက္ကသိုလ်သည်ကား တစ်နိုင်ငံလုံး၏ ခေတ်ရေစီးကြောင်းကို မကြာခဏ ဦးဆောင်ခဲ့သည်။

မကြာခင်၌ပင် ထန်တာ့ပရိဘောဂစက်ရုံ၏ အဝင်ဝတွင် တစ်နိုင်ငံလုံးမှ ပေးသွင်းသူများဖြင့် ပြည့်နှက်လာခဲ့တော့သည်။

စွမ်းရန်သယ်သည်လည်း သဘောတူညီချက်စာချုပ်များကို အလွယ်တကူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

တံခါးဝ၌ ထန်တာ့စပရိဘောဂ ဆိုင်းဘုတ်သည်က ထင်ရှားသည့် အမျိုးသားအမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့သည်။

ဖေးဟွမ် တံဆိပ် သစ်သားပရိဘောဂကမူ အဆင့်မြင့်လမ်းကြောင်းကို ရွေးချယ်၍ နှစ်စဉ်ပို့ကုန်၏ အများစုကို ရယူထားရုံသာမက ပြည်တွင်းမှ ချမ်းသာကြွယ်ဝသည့် မိသားစုများစွာသည်လည်း စက်ရုံသို့ လာရောက်၍ သစ်သားရှေးဟောင်းပရိဘောဂများကို မှာယူကြသည်။

၎င်းသည်လည်း အလွန်အမင်း လူကြိုက်များသည့်အတွက် သစ်သားထွင်းထုထားသည့် ပရိဘောဂများ၏ ဈေးနှုန်းက တစ်နှစ်အတွင်း၌ သုံးဆကျော် တက်လာခဲ့ကာ ဟွမ်ဟွာလီကဲ့သို့ ရှေးဟောင်းပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ပရိဘောဂများက တစ်စုံကို ယွမ်တစ်သောင်းအထိ ပမာဏ ရောက်ရှိခဲ့သည်။

ထို့အပြင် ထန်တာ့ပရိဘောဂစက်ရုံမှ ဝါရင့်ထွင်းထုပညာရှင်များကလည်း ထွင်းထုထားသည့်သေတ္တာများ၊ လှောင်အိမ်များ၊ ဂျပန်ဗုဒ္ဓဘာသာယဇ်ပလ္လင်များနှင့် အခြားထုတ်ကုန်များကို ပြုလုပ်ခြင်းဖြင့် စက်ရုံအတွက် အမြတ်အစွန်းများစွာ ဖန်တီးပေးခဲ့သည်။

ကျန်းကျန်းတစ်ယောက် တက္ကသိုလ်မှ ဘွဲ့ရခါနီးအချိန်၌ ထန်တာ့ပရိဘောဂစက်ရုံတွင် ဝန်ထမ်းပေါင်း ၁,၀၀၀ကျော်ခန့်အထိ များပြာစွာ ရှိနေပြီဖြစ်၍ စက်ရုံဧရိယာကလည်း မူလကထက် ငါးဆအထိ ချဲ့ထွင်ထားပြီး ဖြစ်သည်။

ကျန်းကျန်းသည်ကား လွန်ခဲ့သည့်နှစ်နှစ်အတွင်း ပရိဘောဂစက်ရုံတစ်ခုတည်းမှပင် သန်းဆယ်ဂဏန်းများစွာ ဝင်ငွေရရှိခဲ့သည်။

ကျန်းကျန်းတစ်ယောက် ဘဏ်အကောင့်အတွင်းမှ ငွေများကို ကြည့်၍ မျက်လုံးများကွေးညွတ်အောင် ပြုံးလိုက်သည်။

“နောက်ဆုံးတော့ ငါ ကြိုက်တဲ့အရာတစ်ခုခုလုပ်ဖို့အတွက် လုံလောက်တဲ့ ပိုက်ဆံတွေရှိလာပြီပဲ”

နေရောင်ခြည်ဦးက မှန်ပြတင်းပေါက်မှတစ်ဆင့် ဖြတ်ဝင်၍ ကျန်းကျန်း၏မျက်နှာပေါ်သို့ ကျရောက်လာခဲ့သည်။

ကျန်းကျန်းသည်ကား မျက်လုံးကိုဖွင့်၍ ခေါင်းအုံးဘေးရှိ နာရီကို ကြည့်လိုက်သော် နံနက် ၆ နာရီ နီးပါး ရှိနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။

ဤအချိန်၌ အဆောင်အတွင်းမှလူများက တစ်ဝက်ခန့် နိုးနေပြီဖြစ်သော်လည်း အိပ်နေသည့် အခန်းဖော်များကို နှိုးမိမည်စိုး၍ အဝတ်လဲခြင်းဖြစ်စေ၊ စောင်ခေါက်ခြင်းဖြစ်စေ မည်သူမျှ ဆူညံအောင် မပြုလုပ်ကြပေ။

မျက်နှာသစ်၊ သွားတိုက်ပြီးနောက် ကျန်းကျန်းတစ်ယောက် အဆောင်သို့ ပြန်လာခဲ့ကာ ရေနွေးတစ်ခွက်သောက်လိုက်ပြီး အားကစားဝတ်စုံကို ဝတ်ဆင်၍ ထွက်ခွာသွားခဲ့သည်။

ရှီကျွင့်ကျဲသည်ကား မိန်းကလေးအဆောင်အောက်ရှိ ခုံတန်းလျားတွင် ထိုင်နေခဲ့ကာ အင်္ဂလိပ်စာကို တိတ်ဆိတ်စွာ ဖတ်နေခဲ့လေသည်။

ထိုသည်က သူ၏ဒုတိယနှစ်မှစ၍ ဒုတိယဘာသာစကားအဖြစ် ရွေးချယ်ထားခြင်း ဖြစ်ပေသည်။

ကျန်းကျန်းသည်ကား အရင်ဘဝ၌ အင်္ဂလိပ်စာကို သင်ယူခဲ့ပြီးဖြစ်ကာ ဤဘဝတွင်မူ မစ္စတာဝမ်မင် နှင့် ပြန်လည်သင်ယူခဲ့သည်။

ယခုနောက်ပိုင်းတွင် သူမနှင့် ရှီကျွင့်ကျဲတို့ နှစ်ဦးတည်းရှိနေချိန်တွင် အင်္ဂလိပ် သို့မဟုတ် ပြင်သစ်ဘာသာဖြင့် စကားပြောဆိုကြသည်။

ထိုသည်က သူတို့၏စကားပြောစွမ်းရည်ကို ပိုမိုကောင်းမွန်အောင် လေ့ကျင့်နိုင်ပေလိမ့်မည်။

ကျန်းကျန်းတစ်ယောက် အောက်ထပ်ဆင်းလာပြီးနောက်တွင် ရှီကျွင့်ကျဲက ခုံတန်းလျားတွင် ထိုင်ကာ စာဖတ်နေသည်ကို မြင်လိုက်ရသော် ချက်ချင်းပင် ပြုံးရွှင်စွာ ပြေးသွား၍ မေးလိုက်လေ၏။

“ရောက်နေတာ ကြာနေပြီလား၊ ဒီနေ့ နည်းနည်းလောက်နောက်ကျမှ နိုးလာခဲ့လို့”

“ဘာမှမဖြစ်ပါဘူး၊ မင်း ဒီရက်ပိုင်း အရမ်းပင်ပန်းနေတာ၊ အတတ်နိုင်ဆုံး အိပ်တာက အကောင်းဆုံးပဲ”

*

All Chapters