အခန်း (၂၈၄)
Vol. 29 Ch. 284
ဟွမ်ယင်း၏ အသံသည်က အလွန်ကျယ်လောင်သည့်အတွက် မူလက ဆူညံနေသည့် စာသင်ခန်းမှာ ချက်ချင်းဆိုသကဲ့သို့ တိတ်ဆိတ်သွားပြီး ဘေးနားမှ ကျောင်းသားများအားလုံးက ဟွမ်ယင်းကို အတင်းအဖြင်းပြောလိုမှုနဲ့ သိချင်စိတ်ပြည့်နေသောမျက်နှာများနှင့် မော့ကြည့်လိုက်ကြသည်။
ဟွမ်ယင်းအနေနှင့် ကျောင်းသားများစွာ၏ စိုက်ကြည့်ခြင်းကို ပထမဆုံးအကြိမ် ခံရခြင်းဖြစ်သည်။
ပထမတွင် ဟွမ်ယင်း အနည်းငယ်ရှက်သွားသော်လည်း ရှီကျွင့်ကျဲက သူတို့ဘက်ကို လှမ်းကြည့်နေသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းဆိုသကဲ့သို့ သွေးလှည့်ပတ်မှု ကောင်းလာသည်ဟု ခံစားလိုက်ရပြီး သူမ၏ခေါင်းက ရုတ်တရက် ပူလာလေ၏။ သို့နှင့် သူမ၏စိတ်ထဲမှ စကားလုံးများအားလုံးကို ထုတ်ပြောလိုက်သည်။
“နင်နဲ့ လီမင်ကျန်းတို့ နောက်ပိုင်း မင်္ဂလာဆောင်တဲ့အချိန်ကျရင် ကျောင်းသားတွေကို မင်္ဂလာပွဲကို ဖိတ်မလားလို့ မေးချင်လို့”
အခန်းထဲမှ လူများစွာ ရယ်မောလိုက်ကြပြီး ရှီကျွင်းကျဲ၏ အဆောင်မှ ကောင်လေးများအားလုံးကလည်း အော်ဟစ်လာခဲ့ကြသည်။
“အဲဒါကတော့ သေချာပေါက်လိုတယ်နော်!”
“ကျွင့်ကျဲ၊ မင်းတို့တွေ ဘယ်တော့ မင်္ဂလာဆောင်မှာလဲ”
“အို့း၊ ဖိတ်စာပေါ်က နာမည်ကို ညီအစ်ကို မောင်နှမအဖြစ် ထည့်သွင်းထားမှာလား”
ရှီကျွင့်ကျဲက ပြုံးလိုက်ပြီး ကျန်းကျန်း၏ လက်ကို လှည့်ဖမ်းကိုင်လိုက်ကာ သူ၏၏မျက်နှာပေါ်တွင်တော့ ပျော်ရွှင်ခြင်းများနှင့် ပြည့်လျှံနေခဲ့သည်။
“ကျောင်းသားတွေအားလုံးကို မင်္ဂလာပွဲကို သေချာပေါက် ဖိတ်မှာပါ၊ ကျန်းကျန်းနဲ့ ကျွန်တော်က ဒီအထိ ရောက်လာခဲ့ပြီး မင်းတို့အားလုံးက ဒီတစ်လျှော်လုံးမှာ ကျွန်တော်တို့အတွပ် သက်သေတွေပါပဲ”
“ံားဟားဟား”
စာသင်ခန်းထဲတွင် ရုတ်တရက် အော်ဟစ်သံများ ပေါ်လာခဲ့ပြီး ကျန်းကျန်း၏ ဖြူနုသောမျက်နှာလေးက ဆီးသီးကဲ့သို့ နီရဲသွားခဲ့လေ၏။
သူမက သူမ၏မျက်နှာကို လက်နှင့်ဖုံးအုပ်ကာ စားပွဲအောက်မှ အပေါက်ထဲသို့ ခေါင်းဝှက်ရန် လုပ်တော့သည်။
ရှီကျွင့်ကျဲက ကျန်းကျန်း၏ လက်ကို ဆွဲကိုင်လိုက်သည်။ သူက ကျန်းကျန်း အသက်ရှူကျပ်၍ သေဆုံးမည်ကို စိုးရိမ်သည့်အတွက် ဘေးနားမှ ကျောင်းသားများကို ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
“ငါ့ရဲ့ဇနီးလေးက နည်းနည်းလောက်ရှက်တတ်တယ်”
ကျန်းကျန်းက ခေါင်းကို ရုတ်တရက် မတ်မတ်ပြန်မော့လိုက်သောအခါတွင် သူမ၏ နဖူးနှင့် ပါးပြင်များ၌ ဆံပင်များနှငာ့ အနည်းငယ် ရှုပ်ပွနေခဲ့သည်။
သူမက ရှီကျွင်းကျဲ၏ မျက်နှာတွင် ဝမ်းသာအားရမှုများကို ဖုံးကွယ်ထားသည်ကို မြင်လိုက်ရသောကြောင့် ရှက်ရွံ့မှုနှင့် ဒေါသအနည်းငယ်တို့စုပေါင်းကာ ၎င်း၏ခါးကို ဆွဲလိမ်လိုက်လေ၏။
“ရှင် မဟုတ်တဲ့စကားတွေကို လျှောက်မပြောနဲ့တော့”
“ကောင်းပါပြီ ကောင်းပါပြီ”
ရှီကျွင့်ကျဲက ချက်ချင်းဆိုသကဲ့သို့ ခပ်တိုးတိုး ချော့မောလိုက်သောအခါ ဘေးနားမှ ရယ်သံများက ပိုမိုကျယ်လာခဲ့သည်။ ကျန်းကျန်းက ၎င်း၏ မျက်နှာကို လက်နှင့်အုပ်ပြီး မည်သည်ကို ပြောရမှန်း မသိတော့ချေ။
ထိုအချိန်၌ပင် ပြင်သစ်ပါမောက္ခ မုန့်ဟွေးရှန်က စာသင်ခန်းထဲသို့ ဝင်လာခဲ့သည်။ သူမက နားများကို လက်ဖြင့်ဖိအုပ်ပြီး စင်ပေါ်သို့ အမြန်လျှောက်သွားရင်း အော်ပြောလာလေ၏။
“ဟေ့၊ ဟေ့၊ တိတ်ဆိတ်ကြစမ်း၊ ဘာဖြစ်နေကြတာလဲ”
သူမ၏နားများကို ပြန်ဖော်ပြီးနောက် မုန့်ဟွေ့ရှန်က စာသင်ခန်းထဲတွင် ထိုင်နေသည့် ကျောင်းသားတစ်ဦးကို စောင်းငဲ့ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
“ပျော်ရွှင်စရာပွဲတွေက ကျောင်းမပြီးဆုံးခင်ကတည်းက စနေပြီလား၊ ငါ့ကို စိတ်မကောင်းဖြစ်စေတယ်နော်”
“မဟုတ်ပါဘူး”
အမေးခံလိုက်ရသည့်ကောင်လေးတစ်ဦးက လက်ထောင်လိုက်ပြီး ပြမ်ဖြေလိုက်လေ၏
“ရှီကျွင့်ကျဲက အခုလေးတင် သူနဲ့ လီမင်ကျန်းတို့ မင်္ဂလာဆောင်တဲ့အချိန်ကျရင် ကျွန်တော်တို့ကို မင်္ဂလာပွဲ ဖိတ်မယ်လို့ပြောတယ်”
“ဟားဟား၊ အဲဒီလို ကောင်းတာမျိုးဆိုရင် ဘာဖြစ်လို့ ငါ့ကိုပါ မဖိတ်တာလဲ”
မုန့်ဟွေ့ရှန်က စင်ပေါ်မှနေ၍ အောက်မှ ရှီကျွင့်ကျဲနှင့် ကျန်းကျန်းကို တည့်တည့်ကြည့်ပြီး ရယ်မောလိုက်သည်။
“ရှီကျွင့်ကျဲ၊ မင်း ငါ့ကိုမေ့ထားလို့မရဘူး၊ ငါသာ မင်းနဲ့ လီမင်ကျန်းကို ပြဇာတ်လေးတစ်ခုမှာ သရုပ်ဆောင်ဖို့ မရွေးခဲ့ဘူးဆိုရင် လီမင်ကျန်းက မင်းကို သတိထားမိမှာတဲ့လား၊ မင်းက မြစ်ကိုဖြတ်ပြီး တံတားကို ဖျက်ချလိုက်ဖို့လုပ်နေတာလား”
စာသင်ခန်းထဲတွင် ရယ်မောသံများ ပေါ်လာပြီး ရှီကျွင်းကျဲက နားရွက်များနီရဲနေသည့် ကျန်းကျန်းတစ်ယောက် စားပွဲပေါ်သို့မှောက်ချလိုက်သည်ကို ကြည့်လိုက်ပြီး စားပွဲအောက်တွင် ဝှက်ထားသည့် သူမ၏ လက်လေးကို ဆွဲကိုင်လိုက်သည်။
“လောင်ရှစ်ကို သေချာပေါက် မင်္ဂလာပွဲကို ဖိတ်မှာပါ”
“ဒါကမှ ဖြစ်သင့်တာပဲ”
မုန့်ဟွေ့ရှန်က စင်ပေါ်မှ ဆင်းလာပြီး ရှီကျွင့်ကျဲကို မျှော်လင့်တကြီးဟန်ဖြင့် ကြည့်ကာ မေးလိုက်သည်။
“မင်္ဂလာပွဲကို ဘယ်လမှာ လုပ်ဖို့ စီစဉ်ထားလဲ”
ရှီကျွင့်ကျဲက ရုတ်တရက် အံ့အားသင့်သွားပြီး စားပွဲပေါ်တွင် မှောက်ကာ ရယ်မောရင်း သီးနေသည့် ကျန်းကျန်းကို ကြည့်လိုက်ပြီး ရှက်ရွံ့စွာဖြင့် သူမ၏ဆံပင်ကို ပွတ်သပ်လိုက်သည်။
“အဲဒါ... ကျွန်တော် မသိသေးဘူး...”
မုန့်ဟွေ့ရှန်က ကျန်းကျန်းကို ငုံ့ကြည့်လိုက်ပြီး ရှီကျွင့်ကျဲ၏ အမူအရာကို ပြန်ကြည့်လိုက်သောအခါ ချက်ချင်း နားလည်သွားသည်။
“လီမင်ကျန်းက မင်းရဲ့ လက်ထပ်ခွင့်ပန်တာကို မသဘောတူသေးဘူး မလား”
ရှီကျွင့်ကျဲက ကျန်းကျန်း၏ လက်မောင်းအောက်မှ ထွက်ပေါ်လာသည့် ရယ်သံကို ကြားလိုက်ရသောကြောင့် သူမကို ကူကယ်ရာမဲ့စွာကြည့်လိုက်ပြီး ပြန်ပြောလိုက်ရလေ၏။
“ရက်သတ်မှတ်ပြီးတာနဲ့ လောက်ရှစ်ကို ပြောပြပါ့မယ်”
“အဟမ်း၊ မင်းက အတော်လေး အသုံးမကျတာပဲ”
မုန့်ဟွေ့ရှန်က သူမ၏နှုတ်ခမ်းကို ကွေးညွတ်လိုက်ပြီး ကျန်းကျန်းကို အော်ပြောလိုက်သည်။
“လီမင်ကျန်း၊ သူ့ကို လွယ်လွယ်ကူကူ မသဘောတူလိုက်နဲ့။ ဒီကောင်လေးကို ကောင်းကောင်း ဒုက္ခပေးလိုက်ဦး၊ သူ့ရဲ့ စေတနာ ၂၀၀ ရာခိုင်နှုန်းကို ပြပြီးမှ သူ့ကို လက်ထပ်ဖို့ သဘောတူလိုက်၊ ကောင်းပြီလား”
ကျန်းကျန်းက ခေါင်းမော့လိုက်ချိန်တွင် သူမ၏မျက်နှာလေးက ရယ်မောမှုကြောင့် နီရဲနေပြီး ၎င်း၏မျက်လုံးများက လှပစွာ ကွေးညွတ်နေခဲ့သည်။
“လောင်ရှစ်ရဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်( ကျွန်မ သေချာပေါက် မှတ်ထားပါ့မယ်”
ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့အနေဖြင့် လက်ထပ်ခွင့်ပန်သည့် ကိစ္စများကြောင့် မင်္ဂလာပွဲရက် မသတ်မှတ်ရသေးသော်လည်း လူကြီးနှစ်ဦးကတော့ ပြင်ဆင်မှုများကို အရှိန်အဟုန်ပြင်းပြင်းနှင့် စတင်နေကြပြီ။
လင်းရှို့လန်က အားလျှင် မဒမ်လီ၏အိမ်သို့ သွားရောက်လည်ပတ်ရခြင်းကို နှစ်သက်ပြီး ကျန်းကျန်းသည်လည်း အိမ်တွင်ရှိသောအခါ သူမ၏ အိမ်သို့ သွားရောက်ကာ ထိုင်လေ့ရှိသည်။
ကျန်းကျန်းက ရှေးဟောင်းပရိဘောဂများကို ပိုမိုနှစ်သက်သည်ကို မြင်သောအခါ သူမက လူတစ်ဦးကို အထူးမှာကြား၍ ဟွမ်ဟွာလီသစ်သားနှင့် ပြုလုပ်ထားသည့် မင်မင်းဆက်ခေတ် ပရိဘောဂအစုံကို ဝယ်ခိုင်းလိုက်သည်။
ထိုပရိဘောဂအတက်က အလွန်လှပပြီး ပရိဘောဂအစုံလိုက်၌ အဖုအထစ်တစ်ခုမျှ မတွေ့ရပေချေ။
မင်္ဂလာခန်းအတွက် နံရံများကိုလည်း ဆေးသုတ်ထားပြီး ငါးခန်းအကျယ် ရှိသည်။ စားပွဲနှင့် ကုလားထိုင်များကို ဧည့်ခန်းအဖြစ် အသုံးပြုရန် တောက်ပသည့် အခန်းတွင် ထားရှိထားသည်။
ဘယ်ဘက်နှင့် ညာဘက်တွင် ဒုတိယအခန်းနှင့် အခန်းငယ်လေးများ တစ်ခန်းစီ ရှိသည်။ လင်းရှို့လန်က ဘယ်ဘက်အခန်းနှင့် ညာဘက်အခန်းကို ဖွင့်၍ စာကြည့်ခန်းအဖြစ် အသုံးပြုရန် လူတစ်ဦးကို ခိုင်းစေခဲ့သည်။
ကျန်းကျန်းအတွက် ပန်းချီဆွဲရန် စားပွဲကြီးတစ်ခု၊ ဘောပင်၊ မှင်၊ စာရွက်၊ မှင်ထိုးခွက်နှင့် အခြားသေးငယ်သည့် ပစ္စည်းများကိုလည်း ပြင်ဆင်ပေးရန် မမေ့ပေ။
အရှေ့ဘက်အခန်းကတော့ သူတို့နှစ်ဦးအတွက် အိပ်ခန်းဖြစ်ပြီး ရေစုံးစွဲရန် ပိုက်ကို ထပ်ထည့်ကာ အခန်းသို့ရေမဝင်အောင်လည်း ပြုလုပ်ထားသည်။
အခန်း၏ အတွင်းဆုံးနေရာတွင် မှန်ရေချိုးခန်းတစ်ခုရှိပြီး ကြီးမားသည့် ရေချိုးကန်ကိုတော့ လင်းရှို့လန်၏ သူငယ်ချင်းတစ်ဦးက ပြည်ပမှ ပြန်ပို့ပေးထားခြင်းဖြစ်ကာ လူနှစ်ဦး တစ်ချိန်တည်း အသုံးပြုရန် လုံလောက်သည်။
မှန်တံခါးအပြင်ဘက်တွင် အိမ်သာနှင့် လက်ဆေးကန်ကို တပ်ဆင်ထားပြီး အပြင်ဆုံးတွင် စင်တစ်ခုနှင့် အဝတ်လျှော်စက် တစ်လုံးလည်းရှိနေခဲ့သည်။
ဘယ်ဘက်နှင့် ညာဘက်ဘေးအခန်းများကိုလည်း ပြန်လည်ပြင်ဆင်ထားပြီး လင်းရှို့လန်က သူမအရင်က အသုံးပြုခဲ့သည့် ပစ္စည်းများအားလုံးကို ပြောင်းရွှေ့ကာ အခန်းအလွတ်ထဲတွင် ထားလိုက်သည်။
ဘေးဘက်အခန်းကိုတော့ ဆေးပြန်သုတ်ပြီး အနာဂတ်မြေးငယ်များ သို့မဟုတ် မြေးမငယ်များအတွက် ကလေးအခန်းအဖြစ် ပြန်လည်ပြင်ဆင်ထားလေသည်။
လင်းရှို့လန်သည်ကား ဤကိစ္စကို တရုတ်နှစ်သစ်ကူးကာလတုန်းကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး လုံးဝသန့်ရှင်းရေးပြုလုပ်ပြီးစီးသောအခါ ဇွန်လသို့ ရောက်ရှိနေပြီ။
သူမက အိမ်တော်ထိန်းကို အိမ်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး သူမကိုယ်တိုင်ကတော့ လတ်ဆတ်သည့် သစ်သီးခြင်းတောင်းတစ်ခြင်းကို သယ်ကာ ဘေးအိမ်မှ မဒမ်လီနှင့် ဝမ်စုဖန်းတို့ကို အိမ်သစ်သို့ လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်လိုက်သည်။
မဒမ်လီနှင့် ဝမ်စုဖန်းတို့မှာ အိမ်တွင် တီဗီကြည့်နေကြသည်။ လီမူဝမ်း ပို့ပေးခဲ့သည့် အဖြူအမဲ တီဗီငယ်သည် ယခုအခါ အသုံးပြုတော့မည်မဟုတ်သည့်အတွက် ကျန်းကျန်းက မဒမ်လီအတွက် ရောင်စုံတီဗီတစ်လုံးကို ထပ်ဝယ်ပေးခဲ့သည်။
မဒမ်လီသည် ဤရောင်စုံတီဗီကို ရရှိသည့်အခါမှစ၍ မနက်အိပ်ရာနိုးသည်နှင့် တီဗီဖွင့်သည်။ မနက်ခင်း၌ ဥယျာဉ်ထဲ လှည့်ပတ်ပြီးသည်နှင့် တီဗီကို ကြည့်၍ မပြီးဆုံးနိုင်ပေ။
သို့သော် ဝမ်စုဖန်းကတော့ စိတ်ပူနေပြီး မဒမ်လီ တီဗီ အလွန်အမင်း ကြည့်လျှင် မျက်စိထိခိုက်မည်ကို စိုးရိမ်နေသည်။
လင်းရှို့လန်က အကျွမ်းတဝင်ရှိစွာဖြင့် သစ်သီးများကို သယ်အိမ်ထဲ ဝင်လာသည်။ သူမ တံခါးမှ ဝင်သည်နှင့် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“အန်တီ တီဗီ ထပ်ကြည့်နေပြန်ပြီလား”
မဒမ်လီက ဖရဲစေ့များကို ဘေးချထားလိုက်ပြီး ထရပ်ကာ မျက်လုံးများ မှေးစင်း၍ ပြုံးလိုက်သည်။
“ဒါက အတော်လေးကောင်းတယ်၊ အရင်တုန်းက ရုပ်ရှင်ဟောင်းတွေကို ကြည့်လို့ရတယ်၊ အော်ပရာတွေလည်း ပါသေးတယ်”
ဝမ်စုဖန်းက လင်းရှို့လန်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီး ချယ်ရီသီးတစ်ပန်းကန်ကို ဆေးကြောကာ လင်းရှို့လန်ဘေးမှ စားပွဲပေါ် တင်ပေးလိုက်သည်။
“ကျွန်မအိမ်က ချယ်ရီပင်တွေက ကြီးပြီး ချိုတယ်၊ မြည်းကြည့်ပါဦး”
လင်းရှို့လန်က ထိုင်လိုက်ပြီး ချယ်ရီသီးတစ်လုံးယူကာ ပါးစပ်ထဲထည့်လိုက်သည်။ ၎င်း၏သွားများသည်ကား ချယ်ရီသီးအသားအရေကို ထိလိုက်သည်နှင့် ချိုမြိန်သည့် အရည်တစ်စက်က ၎င်း၏ပါးစပ်ထဲသို့ ပန်းထွက်လာသည်။
လင်းရှို့လန်က မျက်လုံးများ မှေးစင်း၍ ချီးမွမ်းလိုက်သည်။
“အရမ်းချိုတာပဲ၊ အန်တီတို့အိမ်က ဘယ်လိုအသီးမျိုးစိုက်စိုက် အရသာရှိတယ်”
*