အခန်း (၂၈၅)
Vol. 29 Ch. 285
မဒမ်လီက လင်းရှို့လန်၏စကားကိုကြားလျှင် ပြုံးလျှက် ခေါင်းငြိမ့်လိုက်သည်။
“သေချာတာပေါ့။ တကယ်တမ်ပြောရရင် ငါတို့ရဲ့ ကျန်းကျန်းက အပင်စိုက်တဲ့နေရာမှာ အရမ်းတော်တယ၊
သူမက သစ်သီးပင်တွေကိုလည်း စိုက်တတ်တယ်၊ သူမ ဘယ်လိုမျိုးဂရုစိုက်မှန်း မသိပေမဲ့ သူမ စိုက်တဲ့အပင်က တခြားသူတွေစိုက်တာထက် ပိုကောင်းတယ်”
လင်းရှို့လန်သည်လည်း ပြုံးလျှက်ပြောလိုက်သည်။
“ကျန်းကျန်း စိုက်တဲ့ ပန်းတွေကလည်း အတော်ကောင်းတယ် အပင်းတိုင့်က သန်စွမ်းပြီး လှလှပပတွေ ပွင့်”
“ကျွန်မမှာလည်း ပန်းပင်တွေ အများကြီးရှိပေမဲ့ ကျန်းကျန်း ရေလာလောင်းတဲ့အချိန်တိုင်း နောက်နေ့တွေမှာ အဲဒီပန်းတွေက ပိုပြီး ကြီးလာ၊ ရေဓာဆ်တွေပြည့်ဝပြီး ရွှမ်းလဲ့လာကြတယ်၊ သူက ပန်းဝတ်ရည် ဒါမှမဟုတ် နတ်ဆေးရည်ကို လောင်းပေးလိုက်သလိုပါပဲ”
မဒမ်လီက သဘောကျစွာဖြင့်ကျယ်လောင်စွာ ရယ်မောလျှက် ပြောလိုက်သည်။
“ကျန်းကျန်း လက်ထပ်တဲ့အခြိန်ကျရင် မင်းတို့ရဲ့ပန်းတွေက တစ်နှစ်ပတ်လုံး၊ တစ်ဆယ့်နှစ်လလုံး မညှိုးဘဲ ပွင့်နေလိမ့်မယ်လို့ ငါ အာမခံတယ်”
“အဲဒါဆိုရင် ကျွန်မကတော့ ပျော်လို့သေတော့မှာပဲ”
လင်းရှို့လန်တစ်ယောက် စိတ်ပျော်ရွှင်စွာဖြင့် လက်ခုပ်တီးလျှက် ပြုံးလိုက်သည်။
“ဒါနဲ့ စကားပြောရင်းနဲ့ အရေးကြီးကိစ္စကို မေ့သွားတယ်၊ အခု ကျွင့်ကျဲ နဲ့ ကျန်းကျန်းတို့ရဲ့ အိမ်သစ်ကို ကျွန်မ ပြင်ဆင်ပြီးသွားပြီ၊ အဲဒါကို လာကြည့်ဖို့ ဖိတ်ချင်တာ”
ဤစကားကို ကြားသောအခါတွင် မဒမ်လီသည်က ချက်ချင်း ပြန်လည်ထရပ်လိုက်သည်။ သူမက ခဏမျှ စဉ်းစားပြီးသည့်နောက် သူတစ်ပါးများကို မယုံကြည်သကဲ့သို့ ဖြစ်နေသည်ကို သတိရလျှက် ရုတ်တရက် အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်သည်။
“ငါတို့ လိုက်မကြည့်လို့လည်း ရတာပဲ မဟုတ်ဘူးလား။ မင်းတို့ပဲ သန့်ရှင်းရေးလုပ်လိုက်ပါလား”
လင်းရှို့လန်သည် ရယ်မောလျှက် မဒမ်လီ၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။
“အိုး အန်တီရယ်၊ ကျွန်မတို့က ဘယ်သူတွေလဲ၊ စိမ်းသက်နေစရာမလိုပါဘူး၊ လာကြည့်ပါဦး”
မဒမ်လီသည်လည်း ပျော်ရွှင်မှုကို မထိန်းနိုင်ပဲမေးလိုက်သည်။
“ဒါဆို ငါ တကယ်သွားလို့ရရဲ့လား”
“ရတာပေါ့၊ နေ့လည်စာကို ကျွန်မတို့အိမ်မှာ စားကွမယ်”
လင်းရှို့လန်က မဒမ်လီကို ဆွဲခေါ်လျှက် ကျန်လက်တစ်ဖက်ဖြင့် ဝမ်စုဖန်းကို ဆွဲလိုက်လေသည်။
“ကဲ သွားရအောင်၊ ဒီနေ့ ပေါ့ပေါ့ပါးပါးပဲ နေကြမယ်”
ဝမ်စုဖန်းတစ်ယောကာ သူမ ဝတ်ဆင်ထားသည့် အိမ်နေရင်းအင်္ကျီကို ငုံ့ကြည့်လျှက် အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။
“ကျွန်မ အဝတ်အစားလဲလိုက်ပါဦးမယ်၊ ဒါက ပေါ့ပေါ့ပါးပါး အရမ်းဖြစ်နေလွန်းတယ်။”
“ရပါတယ်၊ ကျွန်မတို့က သူစိမ်းတွေမှ မဟုတ်တာ၊ အိမ်မှာ ဘယ်လိုဝတ်လဲ၊ အဲဒီလိုပဲဝတ်ပါ၊ ဘာလို့ သက်တောင့်သက်သာမဖြစ်ဘဲ နေမှာလဲ၊ ပြီးတော့ ကျွန်မရဲ့ ရှီချန်ပေါ်လည်း ဒီနေ့ အိမ်မှာ မရှိဘူး၊ညဒီတော့ ကျွန်မတို့ သုံးယောက်တည်းပဲရှိမှာ၊ အမျိုးသမီးတွေ အေးအေးဆေးဆေးနေကြစို့”
လင်းရှို့လန်သည်က ထိုနှစ်ယောက်ကို အိမ်အတွင်းမှ အတင်းဆွဲထုတ်လိုက်သည်။
ခြံအတွင်း ရောက်သောအခါတွင် လီမူဝူနှင့် တည့်တည့်တိုးလေသည်။ ဝမ်စုဖန်းသည် ပြုံးလျှက်ပြောလိုက်သည်။
“နေ့လည်စာကို ကျွန်မတို့ ခမည်းခမက့အိမ်မှာ သွားစားလိုက်မယ်. ရှင် အပြင်မှာ ကိုယ့်ဘာသာ စားလိုက်နော်”
“ကောင်းပြီ”
လီမူဝူသည်လည်း အလွန်သဘောကျသည့်နှယ်ပြောလာလေ၏။
“ငါလည်း အသားစားဖို့ စိတ်ဆန္ဒရှိနေတာ၊ နေ့လည်စာ အသားကင်ဆိုင်မှာ သွားစားလိုက်မယ်”
“ရှင်က ပိုက်ဆံရှိနေတယ်ပေါ့လေ”
ဝမ်စုဖန်းက ရယ်မောလျက် ရန်တွေ့သည်။
“နွေရာသီမှာ အပူတွေများမှာ မကြောက်ဘူးလား”
လီမူဝူက လှည့်ကြည့်လိုက်ပြီး ထိုသုံးယောက်က ခြံအတွင်းမှ ထွက်သွားသည်ကို တွေ့မြင်လိုက်ရသည်။
သူက ချက်ချင်းပင် အိမ်အတွင်းသို့ ပြန်ဝင်သွားခဲ့ပြီး သေတ္တာဖွင့်ကာ ငွေကြေးအနည်းငယ်ယူပြီး ခြံအတွင်းမှ အပြင်သို့ ပြေးသွားခဲ့လေ၏။
သူက ခြံတံခါးကို ပိတ်ပြီးသည်နှင့် ငါးအတူမြားသည့်အဖော်များကို အော်ခေါ်လိုက်သည်။
“ငါ့မိန်းမက ဒီနေ့ အိမ်မှာမရှိဘူး၊ နေ့လည်စာ သွားစားရအောင်၊ အသားကင် ဆိုင်မှာ လိုက်ကျွေးမယ်”
“မင်းက မင်းမိန်းမ အိမ်မှာမရှိမှ အပြင်ထွက်စားရဲတာပဲ”
တစ်ယောက်သည် ရယ်လျှက်ပြောလိုက်သည်။
“ကောင်းပြီ၊ ဒီနေ့ အတူတူသွားရအောင်”
“ဒါဆို မြန်မြန်လုပ်”
လီမူဝူသည် တိုက်တွန်းလိုက်သည်။
“အားလုံး အိမ်ပြန်ပြီး ငါးမျှားတံတွေ ထားခဲ့ကြ၊ နေ့လည်စာကွု ငါကျွေးမယ်။”
လင်းရှို့လန်သည်ကား မဒမ်လီနှင့် ဝမ်စုဖန်းကို ရှီကျွင့်ကျဲ၏ ခြံဝင်းသို့ ခေါ်သွားခဲ့လေသည်။ မဒမ်လီက ပြတင်းပေါက်ဘောင်များနှင့် တံခါးများကို အသစ်ဆေးထားသည်ကို တွေ့သောအခါ ပျော်ရွှင်လွန်း၍ မပြောဘဲ မနေနိုင်တော့ပေ။
“မင်းတို့တွေက အတော်လေးသေသေချာချာ လုပ်ထားတာပဲ၊ အပြင်ဘက်ကိုပါ အသစ်လိုမျိုး သန့်ရှင်းရေးလုပ်ထားကြတယ်”
“အပြင်ဘက်ကတော့ လွယ်ပါတယ်၊ အတွင်းဘက်ကို လှမ်းကြည့်ပါဦး”
လင်းရှို့လန်က တံခါးကို တွန်းဖွင့်လိုက်သောကြောင့် သူတို့ အထဲသို့ ဝင်လိုက်သည်နှင့် တောက်ပသည့် ဧည့်ခန်းကို တွေ့လိုက်ရသည်။
မဒမ်လီက အထဲကို ဝင်သွားလျှက် ကုလားထိုင်ကို ကိုင်ကြည့်ကာ နှုတ်ခမ်းကွေးညွတ်လျှက်ပြောလိုက်လေသည်။
“ဒီပရိဘောဂတွေက အတော်လေးကိုလှပလွန်းတာပဲ”
လင်းရှို့လန်သည် ပြုံးလျှက်ပြောလိုက်လေသည်။
“ဒါက မင်မင်းဆက်က ဟွားဟွမ်လီပုံစံလေ၊ ကျန်းကျန်းက ဒီလို ရှေးဟောင်းပစ္စည်းတွေကို ကြိုက်တယ်ထင်လို့ အထူးတလည် ရွေးထားတာ”
“မင်မင်းဆက်...”
မဒမ်လီသည် အနည်းငယ် မူးဝေသွားသည်။
“ဒါဆိုရင်နှစ်ပေါင်း တစ်ရာ၊ နှစ်ရာလောက်က ပစ္စည်းတွေလား”
လင်းရှို့လန်က သူမ၏ ပါးစပ်ကို လက်ဖြင့်ဖုံးအုပ်လျှက် ရယ်မောလိုစွာပြောလိုက်သည်။
“အနည်းဆုံး နှစ်ပေဠင်းသုံးလေးရာလောက်ပေါ့”
“နှစ်ပေါင်း သုံးလေးရာတောင်”
မဒမ်လီနှင့် ဝမ်စုဖန်းတို့က မျက်လုံးပြူးလျှက် ဟွားဟွမ်လီ ကုလားထိုင်ကို လှည့်ပတ်ကြည့်လိုက်သည်။
“ဘုရားရေ၊ နှစ်ပေါင်းများစွာကြာပြီးတာတောင်မှ ဒီလိုမျိုး အကောင်းလိုက်အတိုင်း ထိန်းသိမ်းထားနိုင်ခဲ့တယ်၊ တကယ်ကို ကောင်းမွန်တဲ့ပစ္စည်းတွေပဲ”
စာကြည့်ခန်းကို တစ်ချက်ကြည့်ပြီးသည့်နောက် မဒမ်လီနှင့် ဝမ်စုဖန်း နှစ်ယောက်စလုံး အိပ်ခန်းအတွင်းသို့ တစ်ပြိုင်နက်တည်း လျှောက်သွားကြသည်။
အခန်းအတွင်းရှိ ပရိဘောဂများမှာ လင်းရှို့လန်က ကျန်းကျန်း၏ ပရိဘောဂစက်ရုံမှ မှာယူထားသည့် ဖေးဟွမ်အမှတ်တံဆိပ် သစ်သားစစ်စစ် ပရိဘောဂများဖြစ်ပြီး အိပ်ရာပေါ်၌ နောက်ဆုံးပေါ်ထျန်းတာ့ အမှတ်တံဆိပ် မွေ့ရာကို တင်ထားသည်။
ဘေး၌ မှန်တင်ခုံတစ်လုံး၊ ကြီးမားသည့် ဗီရိုတစ်လုံးနှင့် ဆိုဖာအသေးစားလေးတစ်လုံး ရှိသည်။
မဒမ်လီက နံရံကြီးမျှ ကြီးသည့် ဗီရိုအစုအဝေးကို ကြည့်လျှက် ရှေ့သို့တိုးလျှက် မထိမနေနိုင်အောင်ဖြစ်ကာ ကိုင်ကြည့်လိုက်သည်။
“ဒီလောက်ကြီးတဲ့ ဗီရိုမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ”
“အတွင်းမှာလည်း နေရာအများကြီးရှိတယ်”
လင်းရှို့လန်က ပြောပြလိုက်သည်။
“အပေါ်အလွှာမှာ စောင်တွေထားလို့ရတယ်၊ အလယ်အလွှာက အဝတ်တွေချိတ်ဖို့၊ အောက်ခြေက အံဆွဲကြီးတွေမှာလည်း အဝတ်တွေ ထည့်သိမ်းလို့ရတယ်”
ဤစကားကို ကြားသောအခါ မဒမ်လီတစ်ယောက် ဗီရိုတံခါးကို ဖွင့်မကြည့်ပဲ မနေနိုင်တော့ပေ။ အတွင်း၌ အဝတ်အစား နှစ်တန်းကို သပ်သပ်ရပ်ရပ် ခေါက်ထားသည်ကို တွေ့လိုက်ရသည်။
ညာဘက်တန်းသည် အမျိုးသားအဝတ်အစားများဖြစ်ပြီး ဆွယ်တာအင်္ကျီများနှင့် ရှပ်အင်္ကျီများကို ကောင်းမွန်စွာ ပြင်ဆင်ထားသည်။
ဘယ်ဘက်တန်းသည်ကား အမျိုးသမီးအဝတ်အစားများဖြစ်ပြီး စကတ်များ၊ သိုးမွေးကုတ်အင်္ကျီများနှင့် လေကာအင်္ကျီများ ပါဝင်သည်။
တစ်ချက်ကြည့်လိုက်သည်နှင့် ဈေးပေါသည့် အမှတ်တံဆိပ်များ မဟုတ်သည်ကို သိသာပေသည်။
“အိုး ဒီမှာ အဝတ်တွေ ချိတ်ထားသေးတာပဲ”
ဝမ်စုဖန်းနှင့် မဒမ်လီတို့က အချင်းချင်းကြည့်လျှက် အနည်းငယ် ကြောင်သွားကြသည်။
လင်းရှို့လန်သည် ချက်ချင်း ပြုံးလျှက် ပြောလိုက်သည်။
“ဒါတွေက ကျွန်မ ကျန်းကျန်းအတွက် ပြင်ဆင်ထားတာတွေလေ၊ ပြီးခဲ့တဲ့လက သူငယ်ချင်းဟောင်းတစ်ယောက်ရှိတဲ့ နိုင်ငံခြားကိုသွားရင်းနဲ့ အမှတ်တံဆိပ်အသစ်တွေဆီက အဝတ်အစားတွေက အရမ်းလှတာကို တွေ့ခဲ့တယ်၊
ကျွန်မက အသက်ကြီးပြီဆိုတော့ ဒီလိုခေတ်ဆန်တဲ့အဝတ်အစားတွေကို မဝတ်ရဲတော့ဘူး၊ ကျွန်မတို့ ကျန်းကျန်းကတော့ ဝတ်စားဖို့အတွက် အလှဆုံးအချိန်ဆိုတော့ မြင်မြင်သမျှ ပုံစံတွေ အကုန်ဝယ်ပြီး ကျန်းကျန်းကို ပေးချင်ခဲ့တာ”
မဒမ်လီက အဝတ်များ၏ လည်ပင်းရှိ နိုင်ငံခြားစာလုံးများကို ကြည့်လျှက် လင်းရှို့လန်၏ လက်ကို မထိမနေနိုင်စွာဖြင့် ဆုတ်ကိုင်လိုက်မိသည်။
“မင်းက သူ့ကို အရမ်းအလိုလိုက်တာပဲ။ သူမက မင်းရဲ့အဝတ်အစားတစ်စုံစာလောက်အတွက် ကျေးဇူးတင်တယ်လို့တောင် မပြောရသေးဘူး၊ မငက သူ့ကို ဒီလောက်အများကြီး ဝယ်ပေးထားတယ်”
“ကိုယ့်ရဲ့ကလေးတွေအတွက် လုပ်ပေးတာကို ဒီလို စကားတွေ ပြောနေစရာ မလိုပါဘူး၊ ကျွန်မရဲ့ မျက်စိထဲမှာ သူမက ကျွန်မရဲ့သမီးလေးလိုပါပဲ”
လင်းရှို့လန်က သူမ၏ ပါးစပ်ကို လက်ဖြင့်ဖုံးအုပ်လျှက် ရယ်မောလိုက်သည်။
“ကျွန်မ ငယ်ငယ်တုန်းက နိုင်ငံခြားမှာ လှပတဲ့ အရုပ်လေးတွေကို မြင်ရတဲ့အချိန်တွေဆိုရင် စဉ်းစားမိတယ်၊ ကျွန်မသာ သမီးလေးတစ်ယောက်လောက်ရရင် သူမကို အရုပ်လေးတွေထက် ပိုလှအောင် ပြင်ဆင်ပေးမယ်လို့ စဉ်းစားခဲ့တာ
အဲဒီနောက် ရှီကျွင့်ကျဲကို မွေးပြီးတော့ ကျွန်မရဲ့ ဗိုက်က မလှုပ်တော့ဘူးလေ၊ နှစ်ပေါင်းများစွာကြာပြီးမှ ဒီလိုလှတဲ့ ချွေးမလေးတစ်ယောက်ကို ရရှိခဲ့တာ၊
အခုလိုအချိန်တွေမှာ ပိုပြီးမဝယ်ပေးရင် ကျွန်မရဲ့ အရင်တုန်းက အိပ်မက်တွေ ပြည့်ဝမှာမဟုတ်ဘူး”
မဒမ်လီနှင့် ဝမ်စုဖန်း နှစ်ယောက်စလုံး၏ မျက်နှာ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ကျန်းကျန်းသည်ကား သူတို့ မိသားစုအတွင်း ပထမဆုံး မိန်းကလေးဖြစ်ပြီး သူတို့နှစ်ယောက်စလုံးက သူမကို များစွာ ချစ်ကြသည်။
လက်ထပ်ပြီးသည့်နောက်တွင် သူမ နေမည့်နေရာက အိမ်နှင့် မည်မျှပင် နီးနေပါစေ၊ သူစိမ်းမျာ၏အိမ်တွင် နေထိုင်သွားရမည်ကို အနည်းငယ် စိုးရိမ်နေခဲ့ကြသည်။
ယခု လင်းရှို့လန်က ဤမျှအထိ ဂရုစိုက်လျှက် လက်ထပ်ပြီးနောက် လေးရာသီအဝတ်အစားများပါ ပြင်ဆင်ပေးထားသည်ကို တွေ့သောအခါ နှစ်ယောက်လုံး စိတ်အေးသွားကြရလေသည်။
လင်းရှို့လန်က ကုလားထိုင်တစ်လုံးကိုယူလျှက် ဗီရိုအတွင်းမှ အနီရောင်အိပ်ခန်းဝင် ပစ္စည်းလေးတွဲကို ချပေးလိုက်သည်။
မဒမ်လီကဲ့သို့ အသက်ကြီးသည့်သူများသည်ကား အနီရောင်အိပ်ရာခင်းများကို အတန်ဖိုးထားဆုံး ဖြစ်သောကြောင့် အန်းသို့ အမြန်ဆုံးလာကာ ကိုင်ကြည့်လိုက်သည်။
“ပုံစံက ဘာလဲ”
လင်းရှို့လန်သည် အိပ်ရာခင်းပေါ်တွင် တင်လျှက် နှစ်ယောက်စလုံး ကြည့်နိုင်အောင် ဖြန့်ပြလိုက်သည်။
“နဂါးနဲ့ ဖီးနစ်ငှက်တွေလေ၊ ကျွန်မ စူးကျိုးမြို့က ပန်းထိုးဆရာကြီးတစ်ဦးကို တစ်ချပ်ချင်းစီ ပန်းထိုးခိုင်းထားတာ”
*