← Chapters

အခန်း (၂၈၆)

Vol. 29 Ch. 286

အခန်း (၂၈၆)

Vol. 29 Ch. 286

မဒမ်လီနှင့် ဝမ်စုဖန်းတို့က လင်းရှို့လန် စောင်ကို ဆန့်ထုတ်ရန်အတွက် ကူညီပေးခဲ့ကြသည်။ ထိုအပေါ်ရှိ အလွန်တောက်ပကာ လှပသည့် ပန်းထိုးပုံများကို ကြည့်လျှက် သူတို့အနေဖြင့် ကိုင်ရန်ပင် အနည်းငယ် ကြောက်နေခဲ့ကြလေသည်။

“ဒီလိုမျိုး လှပတဲ့ ပန်းထိုးပုံတွေကို ထိုးဖို့ ဘယ်လောက်ကြာခဲ့လဲ”

“တစ်နှစ်နီးပါးလောက်ပါပဲ”

လင်းရှို့လန် ပြန်လည်၍ ပြောလိုက်သည်။

“ကျွန်မ ပြီးခဲ့တဲ့နှစ်က ဒါကို ထိုးဖို့အပ်ထားခဲ့တာ၊ အခုမှ ဒါကို ပြန်ရတာ”

ဤစကားကို ကြားသောအခါတွင် ဝမ်စုဖန်းတစ်ယောက် ကျေးဇူးတင်စကား မပြောပဲ မနေနိုင်တော့ပေ။

“ရှင်က သူတို့အတွက် စဉ်းစားပေးတာလွန်းတာပဲ၊ အရမ်းကောင်းလွန်းတယ်။”

လင်းရှို့လန်သည်က သက်ပြင်းချလျှက် အသာပြောလာလေ၏။

“ကျွန်မမှာ ဒီကလေး တစ်ယောက်တည်းပဲရှိတာလေ ၊ လက်ထပ်တာကလည်း တစ်သက်မှာ တစ်ခါပဲဖြစ်ပြီး အရေးကြီးတဲ့ ကိစ္စပဲမလား၊ ဆိုတော့ သူတို့အတွက် ကောင်းကောင်း မလုပ်ပေးလို့ မဖြစ်ဘူး”

မဒမ်လီက ပျံ့ကျဲနေသည့် စောင်များကို ပြန်လည်ခေါက်ပေးလိုက်ပြီး လင်းရှို့လန်သည်လည်း စောင်များကို ပြန်ထည့်လိုက်သည်။

မဒမ်လီက ဘီဒို၏ အပေါ်ဆုံးအလွှာ၌ စောင်များ၊ တစ်ယောက်ခြုံ သီးသန့်စောင်များသာမက သိုးမွေးစောင်များ၊ နွေရာသီတွေ ခြုံသည့် အပါးထည်စောင်များ စသည်တို့လည်း ပါဝင်သည်ကို တွေ့လိုက်ရလေ၏။

အိပ်ရာခင်းနှင့် စောင်များကို ခုနစ်ရှစ်စုံခန့် ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသောအခါ ရုတ်တရက် အံ့သြစွာဖြင့် မေးလိုက်သည်။

“မင်းက သူတို့အတွက် အိပ်ရာခင်းတွေနဲ့ အိပ်ရာအသုံးအဆောင်တွေပါ ပြင်ဆင်ထားပြီဆိုတော့ ငါတို့က ဘာတွေ ပြင်ဆင်ပေးရမလဲ”

“လူတစ်ယောက်ကိုပဲ ပြင်ဆင်ပေးရင်ရပါပြီ”

လင်းရှို့လန်က ပြုံးလျှက်ပြောလာလေသည်။

“ရှင်တို့ရဲ့ သမီးကို ကျွန်မတို့ အိမ်ကို ခေါ်လာခဲ့ရင် ပြည့်စုံပြီ”

ဤစကားကို ကြားသောအခါ မဒမ်လီတစ်ယောက် ရင်ဘတ်ကို ဖိလိုက်မိသည်။

“အိုး၊ငါ့ရဲ့ နှလုံးသားထဲက နာလာပြီ၊ မတတ်နိုင်ဘူး၊ သည်းမခံနိုင်ဘူး။”

လင်းရှို့လန်သည်လည်း မဒမ်လီ၏ ဤစကားကို ကြားသောအခါ မတ်မတ်ပင်မရပ်နိုင်အောင် ရယ်မောလိုက်သည်။

“သည်းမခံနိုင်ဘူးဆိုရင်တောင် နောက်ကျနေပြီနော်၊ ကျွန်မက သူတို့ မင်္ဂလာဆောင်တဲ့နေ့ကို စောင့်နေတာ”

ထိုနှစ်ယောက်စလုံး ဝအောင်ရယ်ပြီးသည့်နောက် လင်းရှို့လန်သည် အိမ်ကို ဆက်လက်ဦးဆောင်ကာ ပြသခဲ့ပြီး ရေချိုးခန်းတံခါးကို တွန်းဖွင့်ကာ မဒမ်လီနှင့် ဝမ်စုဖန်းကို ဝင်ကြည့်ရန် ဖိတ်ခေါ်လိုက်သည်။

“သူတို့အတွက် အိမ်တွင်းရေချိုးခန်း လုပ်ပေးထားတယ်။ ရှင်တို့ ကြည့်လို့ရတယ်။”

“ရေချိုးခန်းလား”

မဒမ်လီသည်ကား ဤကဲ့သို့ နိုင်ငံခြားစကားကို တစ်ခါမျှ မကြားဖူးပေ။

သူတို့ ပထမဆုံးအကြိမ် ဝင်ရောက်သည်နှင့် အဝတ်လျှော်စက်ထံတွင် ဆွဲဆောင်ခံလိုက်ရသည်။

“ဒါက ဘာလဲ”

“အဝတ်လျှော်စက်လေ”

လင်းရှို့လန်က ပြန်လည်ပြောပြလိုက်သည်။

“ညစ်ပတ်နေတဲ့အဝတ်တွေကို ဒီစက်ထဲကို ထည့်လိုက်ရင် ခဏအတွင်း ရေတစ်စက်မှ မသုံးဘဲ လျှော်ပြီးသားဖြစ်သွားလိမ့်မယ်၊ ပြီးတော့ ခဏနေရင် အခြောက်အတိုင်း ရသွားပြီ။”

“အိုး၊ ဒါက အဝတ်လျှော်စက်ပဲ”

မဒမ်လီသည် အဝတ်လျှော်စက်အဖုံးကို မကြည့်တော့ပဲ အတွင်းသို့ ကြည့်လိုက်သည်။

“ပြီးခဲ့တဲ့တစ်ခါက ကျန်းကျန်းက မိသားစုအတွက် အဝတ်လျှော်စက် ဝယ်ပေးမယ်လို့ ပြောသေးတာ၊ ဒါပေမဲ့ သူ့အမေက မပေးဘူးလေ”

“အခုတော့ အဝတ်တွေ အများကြီးရှိနေတာမဟုတ်ဘူးလေ၊ နှစ်ရက်တစ်ခါလောက် ဝတ်ပြီးရင် အဝတ်တစ်ထည် လျှော်တာက သိပ်အားမစိုက်ရပါဘူး”

ဝမ်စုဖန်းသည် ရိုးသားစွာ ပြုံးလျှက် ပြန်ဖြေလေ၏။

“ဒါပေမဲ့ ဒီနေ့ခေတ်လူငယ်တွေက ကျွန်မတို့နဲ့ မတူဘူး၊ သူတို့က အလုပ်များပြီး အိပ်ရေးလည်း မဝကြဘူး၊ သူတို့အတွက်တော့ အဝတ်လျှော်ဖို့ စက်တစ်လုံးရှိရင် ပိုကောင်းမှာပဲ။”

မဒမ်လီက မှန်တံခါးကြီးကို ဖြတ်ကျော်လျှောက်လာလျှက် အတွင်းမှ ကြီးမားသည့် ရေချိုးကန်ကို ကြည့်လိုက်သည်။ သူမက မဒမ်လီကို ပြန်လှည့်ကြည့်လျှက် မေးလိုက်လေသည်။

“ဒီရေကန်ကြီးက ဘာအတွက်လဲ”

“ရေချိုးဖို့အတွက်”

လင်းရှို့လန်က ရေပိုက်ခေါင်းကို ဖွင့်လိုက်သောအခါ ရေနွေးများသည် စီးဆင်းလာသည်။

“ဒီကန်ထဲကို ရေနွေးတစ်ကန်ထည့်ပြီး အဲဒီထဲမှာ လဲလျောင်းလိုက်ရင် ပင်ပန်းမှုတွေ ပြေပျောက်သွားလိမ့်မယ်။ ဒီမှာ ရေချိုးဖို့ မလုပ်ချင်ရင် မတ်တပ်ရပ်ပြီး ဆေးကြောလို့ရအောင် အပေါ်က ပိုက်ခေါင်းကို သုံးလို့ရတယ်။”

“အိုး၊ ဒါက အရမ်းသက်သာတာပဲ”

မဒမ်လီ၏ မျက်လုံးများသည် အနည်းငယ် ပူနွေးလာရသည်။

“ရေချိုးတဲ့နေရာမှာတောင် ဒီလိုလှည့်ကွက်တွေ အများကြီးရှိတယ်၊ အသက်ကြီးတဲ့သူတွေကတော့ အတော်လေး သက်တောင့်သက်သာရှိမှာပဲ”

လင်းရှို့လန်သည်လည်း ချက်ချင်း ပြောလိုက်သည်။

“အန်တီ လိုချင်ရင် ကျွန်မ အလုပ်သမားကို ခေါ်ပေးမယ်၊ အန်တီတို့အတွက်လည်း အခန်းတစ်ခန်း ပြောင်းပေးမယ်လေ”

မဒမ်လီ၏ သားလေးယောက်နှင့် မြေးများသည်က မဒမ်လီအား နှစ်စဉ် ထောက်ပံ့ငွေကြေးများစွာ ပေးကြပြီး သူတို့ပို့ပေးလေးရာသီအဝတ်အစားများသည်လည်း သူမကိုယ်တိုင် အဝတ်အစားဝယ်ခြင်းထက် ပိုမိုဈေးကြီးသည်။

ကျန်းကျန်းသည်ကား မဒမ်လီအပေါ် ပိုမို၍ ရက်ရောသည်။ မဒမ်လီ၏ ကိုယ်ပိုင်ငွေကြေးများက ပိုမို များစွာလာသော်လည်း သုံးစွဲနိုင်သည့်နေရာများသည်ကား အကန့်အသတ်ရှိနေလဲ့သည်။

သူမအနေဖြင့် ဟင်းသီးဟင်းရွက်များကိုလည်း အပြင်ဘက်သို့သွားကာ ဝယ်စရာ မလိုပေ။

နွေဦး၊ နွေရာသီ၊ ဆောင်းဦး၌ ခြံအတွင်းစိုက်သည့် ဟင်းသီးဟင်းရွက်များက စားသုံးရန် လုံလောက်သည်။ ဆောင်းရာသီ၌လည်း ဖန်လုံအိမ်ရှိပြီး ထိုအတွင်းမှ ဟင်းသီးဟင်းရွက်များသည် အပြင်၌ ရောင်းသည့်ဟင်းသီးဟင်းရွက်များထက် ပိုမို များစွာရှိသည်။

အိမ်၌ မွေးမြူထားသည့် ကြက်၊ ဘဲများသည် များစွာရှိပြီး ကန်အတွင်း၌လည်း ငါး၊ ပုစွန်၊ ကဏန်းများသည် များစွာရှိခြင်းကြောင့် တစ်ခါတစ်ရံ ဈေးသို့သွားလျှက် အသားနှင့် နံရိုးအနည်းငယ်ဝယ်ယူခြင်စမှအပ ကျန်သည့်အရာများသည်ကား အခြေခံအားဖြင့် ငွေကြေး မကုန်ကျပေ။

မဒမ်လီသည်ကား ငွေကြေးကို ထိန်းချုပ်လျှက် မသုံးချင်သည့်သူမျိုး မဟုတ်ပေ။ အထူးသဖြင့် ယခု အသက်ကြီးလာပြီဖြစ်သောကြောင့် ခံစားတတ်လာသည်။

ရေချိုးခန်းကို တစ်ပတ်ပတ်ကြည့်လျှက် အိမ်သာကို လက်ဖြင့်ဖိကြည့်ကာ ခေါင်းငြိမ့်လျှက် ပြောလိုက်သည်။

“ကောင်းပြီ၊ မနက်ဖြန် အလုပ်သမားခေါင်းနဲ့ ပြန်ပြောပြီး သူ့ကို ငါ့တို့ရဲ့အိမ်လာပြီး ဒီလိုရေချိုးခန်းမျိုး လုပ်ဖို့ပြောပေးပါဦး”

လင်းရှို့လန်သည်လည်း ချက်ချင်း ပြောလိုက်လေ၏။

“စိတ်ချပါ၊ မနက်ဖြန် သူ့ကို အန်တီတို့အိမ်ကို လွှတ်လိုက်မယ်”

“ဒါနဲ့ ဒီရေချိုးခန်းကို သန့်ရှင်းရေးလုပ်တဲ့သူကလွဲလို့ နံရံရိုက်ချိုးတဲ့သူကိုရော သိလား”

မဒမ်လီသည် အလေးအနက် မေးလိုက်သည်။

လင်းရှို့လန်သည် အနည်းငယ် ရှုပ်ထွေးသွားလျှက်မေးလိုက်သည်။

“ဘယ်နံရံကို ရိုက်ချိုးမလို့လဲ”

“ငါတို့ရဲ့ ခြံနှစ်ခြံကြားကို နောက်ပိုင်းမှာ ထည့်ထားတဲ့ ခြံနံရံတချို့ကို ဖြိုဖျက်ဖို့လေ”

မဒမ်လီက လက်ညှိုးထိုးပြလျှက် ပြောလိုက်လေ၏။

“ငါတို့နေတဲ့အိမ်က ကျန်းကျန်းရဲ့ပိုင်ဆိုင်မှုအိမ်ပါ၊ သူနဲ့ ရှီကျွင့်ကျဲတို့က လက်ထပ်ပြီးရင် မိသားစုတွေဖြစ်မှာဆိုတော့ ဘာလို့ ခြံနှစ်ခုကို ဖွင့်မပစ်ရမှာာလဲ၊ ဒါဆို ငါတို့တွေလည်း စကားပြောရတာ ပိုလွယ်တာပေါ့။”

လင်းရှို့လန်တစ်ယောက် ကြောင်အသွားလျှက် ပြောလိုက်သည်။

“ဒါဆို ရှင်တို့ရဲ့ မြေးတွေက ဘယ်လိုလုပာပြီး ပျော်ရွှင်မှာလဲ”

“ငါ့ရဲ့ မြေးတွေက ဘာဖြစ်ရမှာလည်းလဲ၊ ဒီအိမ်က ဝယ်တုန်းကတည်းက ကျန်းကျန်းနာမည်နဲ့ ရေးထားတာ”

မဒမ်လီသည် ပြောလိုက်သည်။

“အခု ငါတို့နဲ့ အတူနေတာက ကျန်းကျန်းရဲ့ စတုတ္ထအစ်ကို လီမင်ပေနဲ့ သူ့အစ်ကိုနှစ်ယောက်ပဲ၊ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးက ငါတို့နဲ့အတူခဏလောက်ပဲ လာနေကြတာလေ”

“သူက သူ့အတွက်အိမ်ကို လိုက်ရှာကြည့်နေတာ၊ ခြံအသေးစားလေးတစ်ခြံ၊ အရှေ့မှာ အိမ်ငါးလုံး၊ အနောက်မှာ မြေတစ်ဧက ဥယျာဉ်ပါတဲ့ဟာကို တွေ့ထားတယ်လို့ ပြောတယ်။ သူတို့တွေက ကျောင်းပြီးတာနဲ့ အဲဒီကို ပြောင်းကြမှာတဲ့”

ဝမ်စုဖန်းသည်လည်း ရယ်မောလျှက် ဝင်ပြောလာခဲ့သည်။

“ကျွန်မတို့တွေက အကြီးဆုံးသားနဲ့ နေသင့်တယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ ကျွန်မတို့က ဒီမှာဘဲနေသားကျနေပြီလေ၊ ပြောင်းဖို့အတွက်တော့ စီစဉ်ထားတာ မရှိဘူး၊ဒါကြောင့် ကျွန်မတို့က ဆီပုလင်းလိုမျိုး ဆွဲခေါ်နေတာလို့ မထင်ပါနဲ့”

“ရှင်တို့တွေ ဘာတွေပြောတာလဲ၊ ရှင်တို့သာ ပြောင်းသွားရင် ကျွန်မတေား ငိုနေရတော့မှာပဲ”

လင်းရှို့လန်သည် ပြုံးလျှက် ပြောလာသည်။

“ကျွန်မတို့ရဲ့အိမ်က ကြီးတယ်၊ အခန်းတွေ အများကြီး လွတ်နေတယ်။ လူများများရှိရင် ပိုပြီး ဆူညံအသက်ဝင်တယ်၊ ပြီးတော့ ကျွန်မက အများအားဖြင့် တစ်ယောက်တည်းပဲ နေတာလေ၊ ရှင်တို့သာ အိမ်မှာ မရှိရင် ဘယ်လောက် စိတ်မပျော်မရွှင်ဖြစ်လဲ ရှင်တို့ မသိပါဘူး”

မဒမ်လီသည်လည်း ပြုံးလျှက် ပြောလိုက်သည်။

“ဒါဆို ဒီအတိုင်းပဲ သဘောတူလိုက်ပြီနော်၊ မနက်ဖြန်ကျရင် လူခေါ်ပြီး နံရံ ဖြိုခွဲချိုးဖျက်လိုက်ကြမယ်”

အိမ်၌မူ ပြောဆိုဆွေးနွေးမှုများသည် ပျော်ရွှင်ဖွယ်ကောင်းသော်လည်း ကျောင်း၌ရှိသည့် ရှီကျွန့်ကျဲနှင့် ကျန်းကျန်းတို့သည်ကား ဤအချိန်၌ သူတို့၏ မင်္ဂလာဆောင်အကြောင်းကို သိပ်အာရုံမစိုက်ကြသေးပေ။

ဘွဲ့နှင်းသဘင်စာမေးပွဲပြီးသည့်နောက်တွင် အဆင်သင့်ဖြစ်စေရန် ထိုနှစ်ယောက်စလုံးက သူတို့၏ ကိုယ်ပိုင်အလုပ်အတွက် ပြင်ဆင်လာခဲ့ကြသည်။

ရှီကျွန့်ကျဲနှင့် ကျန်းကျန်းတို့သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြန်လည်စတင်ပြီးနောက် ပထမဆုံးသော ဘွဲ့ရကျောင်းသားများ ဖြစ်ကြသည်။

သူတို့၏ ရွှေရောင်တန်ဖိုးသည်က အရင်က အလုပ်သမား၊ လယ်သမား၊ စစ်သားများနှင့် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။

သူတို့ ကျောင်းတက်နေစဉ်ကတည်းက နိုင်ငံ၏ ဌာနအသီးသီးမှ ကြိုတင်စာရင်းသွင်းထားလျှက်ဖြစ်နေခဲ့သည်။

ရှီကျွန့်ကျဲသည်က နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဥရောပဌာန၌ အလုပ်လုပ်ရန် သွားရမည်ဖြစ်ပြီး ကျန်းကျန်းသည်ကား ဟွားကော် သတင်းအေဂျင်စီမှ အစီရင်ခံစာတစ်စောင် လက်ခံရရှိခဲ့သည်။

ကျန်းကျန်း၏ ပရိဘောဂစက်ရုံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ပရိဘောဂ အမှတ်တံဆိပ် ဖြစ်လာပြီးဖြစ်သည်။ သို့သော်လည်း ပရိဘောဂစက်ရုံသည် စနစ်တကျ လည်ပတ်လာသည့်နောက်ပိုင်း၌ သူမသည် စက်ရုံကိစ္စများ၌ ပါဝင်ခြင်းသည် နည်းပါးလာသည်။

ပရိဘောဂဒီဇိုင်းအတွက်ကိုပင် သီးခြား ဒီဇိုင်းဌာနတစ်ခု ရှိလာခဲ့သည်။ စက်ရုံဝန်ထမ်းများကို အားပေးရန်အတွက် ကျန်းကျန်းသည် ဝန်ထမ်းများအား နှစ်စဉ် အမြတ်ငွေ၏ 10% ကို ဘောနပ်စ်အဖြစ် ပေးလေ့ရှိသည်။ အမြတ်ငွေ၏ 40% ကို စွမ်းရန်သယ်၏ လစာအဖြစ် အသုံးပြုသည်။

စွမ်းရန်သယ်သည်ကား ကျန်းကျန်း၏ အရင်တုန်းက ကူညီမှုများကို ကျေးဇူးတင်လျှက် ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲခြင်း၌လည်း စိတ်ဝင်စားမှု များစွာရှိခြင်းကြောင့် တစ်နေ့ကို 24 နာရီခန် စက်ရုံ၌ အလုပာလုပာချင်နေခဲ့ပြီး သူ့၏အသက်သွေးကြော အလုပ်တစ်ခုနှယ် လုပ်ကိုင်ရန် စောင့်မျှော်နေတတ်သည်။

*

All Chapters