← Chapters

အခန်း (၂၈၇)

Vol. 29 Ch. 287

အခန်း (၂၈၇)

Vol. 29 Ch. 287

ကျန်းကျန်းသည်ကား ဘွဲ့မရမီအချိန်၌ ၎င်း၏ကိုယ်ရေးအချက်အလက်များကို တင်ပြခဲ့စဉ်က သူမ၏နာမည်ဖြင့် ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ထားသည့်အချက်ကိုပါ ဖော်ပြခဲ့သည်။

သို့သော်လည်း ဟွားကော် သတင်းအေဂျင်စီသည်ကား ထိုအချက်အလက်များကို သိပ်ပြီးအလေးအနက်မထားဘဲ လုပ်ငန်းခွင်သို့ဝင်ရန် ဖိတ်ခေါ်စာကို ဆက်လက်ပို့ပေးခဲ့လေသည်။

ကျန်းကျန်းကိုယ်တိုင်လည်း ဟွားကော် သတင်းအေဂျင်စီ၌ သတင်းထောက်အဖြစ် နှစ်အနည်းငယ် လုပ်ကိုင်လိုခဲ့သည်။

အကြောင်းပြချက်သည်က သူမအနေဖြင့် အတွေ့အကြုံများ ရရှိရန်အတွက်လည်းတစ်ကြောင်းဖြစ်ကာ မျက်စိပွင့်နားပွင့်ဖြစ်စေရန်အတွက် တစ်ချက်၊ နောက်ဆုံးကတော့ သူမ၏အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် လူမှုဆက်ဆံရေးကွန်ရက်ကို ချဲ့ထွင်ရန်အတွက်တို့ကြောင့် ဖြစ်သည်။

၎င်းတို့နှစ်ဦးသည်ကား အထုပ်အပိုးများဖြင့် အိမ်သို့ ပြန်ရောက်လာကြပြီး တစ်ပတ်ခန့် နားပြီးနောက်တွသ် လုပ်ငန်းခွင်ဝင်ရမည်ဖြစ်သည်။

ဤအကြောင်းများကို မဒမ်လီ သိသွားသောအခါတွင် စိတ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။

“ဘာလို့ ဒီလောက်တောင် အလျင်လိုနေရတာလဲ၊ အရင်ဆုံး မင်္ဂလာဆောင်ပြီးမှ အလုပ်မလုပ်နိုင်ဘူးလား”

ကျန်းကျန်းသည် ပြန်လည်ပြုံးပြ၍ အဖွားဖြစ်သူ၏ လက်မောင်းကို လှုပ်ယမ်းရင်း ပြောလိုက်လေ၏။

“စိတ်မပူပါနဲ့ အဖွား၊ ရှီကျွင့်ကျဲက သမီးကို လက်ထပ်ခွင့်တောင်းမှာကို သမီး စောင့်နေတုန်းပဲ”

“လက်ထပ်ခွင့်တောင်းတာက ဘာလဲ”

မဒမ်လီ အနည်းငယ် ရှုပ်ထွေးသွားပြီးပြောသည်။

“သူက မင်္ဂလာတောင်းရမ်းဖို့ လာရမယ်လို့ ပြောတာလား အိုး... ဒီခေတ်ကြီးထဲမှာ ဒါကို ဘာလို့ အလေးထားနေသေးတာလဲ”

ဝမ်စုဖန်းသည်လည်း လိုက်ပါပြောဆိုသည်။

“ငါတို့ရဲ့အိမ်ကလည်း အဖွင့်အဟ အကုန်လုံး ပြီးနေပြီပဲ၊ ဘာလို့ မင်္ဂလာပွဲအတွက် တောင်းဖို့ လာရဦးမှာလဲ ဘယ်နေ့ကျရင် လက်ထပ်မယ်ဆိုတာကိုပဲ အမြန်ဆုံးပြောလိုက်၊ မင်းရဲ့ ဦးလေးသုံးယောက်၊ အဒေါ်လေးယောက်က ဟေးခရိုင် ပေရှားဒေသ ကနေ လာရမှာဆိုတော့ စောစော ဖုန်းဆက်ရလိမ့်မယ်”

ကျန်းကျန်းသည်က နှုတ်ခမ်းစူ၍ ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။

“သိပါပြီ၊ ဒါက ရက်အနည်းငယ်အတွင်း အပြီးသတ်ပါလိမ့်မယ်၊ အဖွားတို့ စိတ်မပူပါနဲ့”

အမှန်စင်စစ်တွင် ရှီကျွင့်ကျဲသည်လည်း ဤရက်ပိုင်းအတွင်း လက်ထပ်ခွင့်တောင်းရန် လျှို့ဝှက်ပြင်ဆင်နေခြင်းဖြစ်သည်။

အံ့အားသင့်စရာကောင်းစေရန်အတွက် ကျန်းကျန်းက ဤရက်ပိုင်း သူမ၏အသိစိတ်များကို တမင်တကာ ပြန်သိမ်းထားပြီး တစ်ဖက်လူကို ချောင်းမကြည့်ရန် ဆုံးဖြတ်ထားခဲ့သည်။

တစ်ပတ်တာ အားလပ်ရက် ကုန်ဆုံးတော့မည်ကို မြင်သောအခါ နောက်ဆုံး အားလပ်ရက်၏ နောက်ဆုံးနေ့ မနက်ပိုင်း၌ ရှီကျွင်းကျဲက ဥယျာဉ်တစ်ပတ် ပတ်ပြေးရင်း မျက်နှာနီမြန်းစွာဖြင့် ကျန်းကျန်း၏ တံခါးဝသို့ ပြေးသွား၍ တံခါးခေါက်လိုက်လေသည်။

ကျန်းကျန်းက သူမ၏အသိစိတ်များ အားလုံးကို ရုတ်သိမ်းထားသည့်အတွက် ရှီကျွင်းကျဲ ရောက်ရှိလာသည်ကို မသိလိုက်ဘဲ အံ့သြစွာ တံခါးဖွင့်ပေးရင်း သမ်းဝေလိုက်သည်။

“ဒီလောက်အစောကြီးကို ဘာကိစ္စရှိလဲ”

ရှီကျွင့်ကျဲက ကျန်းကျန်းတစ်ယောက် ညဝတ်အင်္ကျီဖြင့် ရှိနေသည်ကို မြင်သောအခါ ချက်ချင်း မျက်လုံးများက စူးရဲသွားခဲ့ရကာ သူ၏ မျက်လုံးများကို တခြားဘက်သို့ လှည့်ထားရန် ကြိုးစားလိုက်ရသည်။

ရှီကျွင့်ကျဲ လျင်မြန်စွာ မေးမြန်းလိုက်သည်။

“မင်း ဒီနေ့ ကိုယ်နဲ့အတူ အပြင်ကိုလိုက်ခဲ့မလား”

“ဘာလိုက်လုပ်မှာလဲ”

ကျန်းကျန်းက ရှီကျွင့်ကျဲ မျက်နှာပေါ်မှ အသားအရေက နီရဲနေသည်ကို မြင်သောအခါတွင် ချက်ချင်း မျက်လုံးပြူးကျယ်သွားပြီးမေးမြန်းလိုက်သည်။

“လက်ထပ်ခွင့်တောင်းဖို့အတွက် ပြင်ဆင်ထားပြီးပြီလား”

ရှီကျွင့်ကျဲတစ်ယောက် ကျန်းကျန်း၏ စိတ်လှုပ်ရှားနေသည့် အမူအရာကို ကြည့်ပြီး မရယ်မောဘဲ မနေနိုင်တော့ဘဲ ပြန်ဖြေလိုက်လေ၏။

“မင်း ဒီအချိန်မှာ ရှက်နေရမှာ မဟုတ်ဘူးလား”

“အိုး၊ ဟုတ်သားပဲ”

ကျန်းကျန်းက သူမ၏မျက်နှာကို လျင်မြန်စွာ ဖုံးအုပ်ပြီး ရှက်ရွံ့နေသည့် အမူအရာကို ဖော်ပြရန် အစွမ်းကုန် ကြိုးစားရင်း ပြောလိုက်လေ၏။

“ကျွန်မ နည်းနည်းလောက် ရှက်နေလို့ ရှင်နဲ့ မလိုက်ချင်ဘူး”

“ဒါတော့ မရဘူး၊ ဒါက ကိုယ် မင်းအတွက် အထူးတလည်ပြင်ဆင်ထားတာလေ”

ရှီကျွင့်ကျဲသည် သူ၏လက်ကို ဆန့်တန်း၍ ကျန်းကျန်းကို ရင်ခွင်ထဲ ဆွဲသွင်းကာ သူမ၏ နဖူးကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။

“သွားရအောင်၊ သွားရမဲ့ အကွာအဝေးက နည်းနည်းလောက် ဝေးတော့ စောစောထွက်ရမယ်”

ကျန်းကျန်းက သူမ၏လက်ကို ရှီကျွင်းကျဲ၏ ခါးဆီသို့ လျှောချလိုက်ပြီး တစ်ဖက်လူ၏ခါးရှိ ကြွက်သားများကို နှစ်ချက်လောက် ညှစ်ရင်း ပြောလိုက်သည်။

“ဒါဆို ရှင် အရင်ထွက်သွားနှင့်လိုက်ဦး၊ ကျွန်မ အဝတ်အစားလဲချင်တယ်”

ရှီကျွင့်ကျဲတစ်ယောက် ကျန်းကျန်း ဝတ်ဆင်ထားသည့် အဖြူရောင်ဝတ်စုံကို ကြည့်ပြီး ၎င်း၏မျက်လုံးများက ချီးကျူးစိတ်များဖြင့် ပြည့်နှက်နေသည်။

“မင်း အခုဝတ်ထားတဲ့ ဝတ်စုံကတောင် အရမ်းလှနေပါပြီ”

ကျန်းကျန်းက တမင်တကာ လျှာထုတ်ပြောင်ရင်း ပြောလိုက်လေ၏။

“ကျွန်မ ဒီထက်ပိုလှနိုင်ဦးမယ်လို့ ထင်တယ်”

သူမက ရှီကျွင်းကျဲကို တံခါးဆီသို့ တွန်းပို့လိုက်သည်။

“အပြင်မှာ ခဏစောင့်နေဦး၊ ကျွန်မ ပိုလှလာပြီး ရှင် မျက်တောင်မခတ်နိုင်အောင် ဖြစ်စေရမယ်။”

“ကောင်းပါပြီ”

ရှီကျွင်းကျဲသည်လည်း သူမ၏ စကားကို နားထောင်ပြီး အပြင်ထွက်ကာ ဘေးရှိ ကုလားထိုင်တွင် ထိုင်နေလိုက်သည်။

မဒမ်လီတစ်ယောက် အခန်းထဲမှ ထွက်လာပြီးချိန်တွင် ရှီကျွင့်ကျဲမှ် နေပူထဲ အာရုံပျံ့လွင့်စွာရှိနေသည်ကို မြင်သောအခါ ၎င်းကို လျင်မြန်စွာ ခေါ်လိုက်သည်။

“အဲဒီမှာ ဘာလို့ အတွေးလွန်နေတာလဲ ၊ အထဲဝင်ပြီး အမြန်ဆုံး အေးအောင်လုပ်ဦး”

“ဘာမှမဟုတ်ပါဘူး၊ ကျွန်တော် အဆင်ပြေပါတယ် အဖွား”

ရှီကျွင့်ကျဲလည်း လျင်မြန်စွာ ထရပ်ပြီးပြောလိုက်လေသည်။

“ကျွန်တော် ကျန်းကျန်းနဲ့ အပြင်ကို ခဏလောက်ထွက်ချင်လို့၊ သူမ အဝတ်လဲပြီးရင် ထွက်လာပါလိမ့်မယ်”

“အဲဒါဆိုရင်လည်း မိနစ်နည်းနည်းလောက်ကြာမှာပေါ့”

မဒမ်လီသည်လည်း ၎င်း၏လက်မောင်းကို လာဆွဲပြီး ပြောလိုက်သည်။

“သွားရအောင်၊ အဖွား အခုလေးတင် ဖရဲသီးလှီးထားတာ၊ အရမ်းအရသာရှိတယ်”

ရှီကျွင်းကျဲတစ်ယောက် ရှက်ရွံ့တွေးတောဖြင့် ကျန်းကျန်း၏ ပြတင်းပေါက်ကို ပြန်လှည့်ကြည့်ပြီး ငြင်းဆန်ရန် ပြုနေစဉ် ကျန်းကျန်း အတွင်းမှအော်ပြောသည်ကို ကြားလိုက်ရသည်။

“ခဏနားဖို့ အခန်းထဲကို သွားနေလိုက်ဦး၊ ကျွန်မက ကြာဦးမယ်”

“ငါပြောတာ မှန်တယ်မလား”

မဒမ်လီက ပြုံး၍ ၎င်းတို့နှစ်ဦးကို စိတ်ဝင်တစား ကြည့်ရင်း ဆက်ပြောလာသည်။

“ဒီနေ့လိုမျိုး ပူပြင်းတဲ့နေ့တွေမှာ မင်းတို့နှစ်ယောက်က ဘယ်သွားကြမလို့လဲ၊ အပူမရှပ်စေနဲ့နော်”

ရှီကျွင့်ကျဲ၏ မျက်နှာက အနည်းငယ်နီရဲနေခဲ့ပြီး နှာခေါင်းကို ပွတ်သတ်ရင်း မည်သည် ပြောရမှန်းမသိဖြစ်နေစဉ် ရုတ်တရက် ကျန်းကျန်းက ပြတင်းပေါက်ဖွင့်၍ ခေါင်းထွက်ကာ မဒမ်လီကို ပြုံးပြရင်း ပြောလာလေ၏။

“အဖွား၊ ဒီနေ့ အဆင်ပြေရင် မင်္ဂလာရက် သတ်မှတ်လို့ရပြီ”

“အိုး! ဒါဆို ဒါက အရေးကြီးတဲ့ ကိစ္စပဲ”

မဒမ်လီက ကျန်းကျန်းတစ်ယောက် နံနက်ပိုင်း ဝတ်စုံဖြင့် ရှိနေသေးသည်ကို ကြည့်ပြီး ချက်ချင်း စိတ်ပူသွားသည်။

“ဘာလို့ အဝတ်မလဲသေးတာလဲ၊ အမြန်လဲဦး၊ အရေးကြီးတဲ့ ကိစ္စကို အချိန်မဆွဲနဲ့။”

ကျန်းကျန်းက ရှီကျွင့်ကျဲကို မကျေမနပ်ကြည့်ရင်း ပြန်ဖြေလိုက်သည်။

“ကြည့်ပါဦး၊ ကျွန်မက အိမ်ထောင်မပြုရသေးဘူး၊ ကျွန်မရဲ့အဖွားက ရှင့်ကို စပြီး ချစ်ခင်ပြီးမျက်နှာလိုက်နေပြီ”

“သွား၊ သွား”

မဒမ်လီက ကျန်းကျန်းကို မျက်စောင်းထိုးပြီး ပြောလိုက်၏။

“မင်းက ရှီကျွင့်ကျဲကို တစ်နေ့လုံး အနိုင်ကျင့်နေတာ မဟုတ်ဘူးလား”

ရှီကျွင်ကျဲ၏ မျက်နှာက နေပူ၍ နီရဲနေသည်ကို မြင်သောအခါ မဒမ်လီ ရုတ်တရက် စိတ်မကောင်းဖြစ်သွားရသည်။

“ကျွင့်ကျဲ မြန်မြန်လာခဲ့၊ အထဲဝင်ပြီး ဖရဲသီးလာစားလိုက်ဦး၊ ကျန်းကျန်းလည်း မြန်မြန်လုပ်”

“နားလည်ပါပြီ”

ကျန်းကျန်းလည်း အတွင်းပိုင်းဘက်မှ အော်ပြောလိုက်ပြီး မျက်နှာကို လျင်မြန်စွာ သုတ်သင်ရှင်းလင်းကာ ခန္ဓာကိုယ်လိမ်းဆေးနှင့် နေလောင်ကာကွယ်ဆေး လိမ်းပြီးနောက် မျက်ခုံးမွေးခဲတံကို ထုတ်၍ နှစ်ချက်ခန့် ပေါ့ပေါ့ပါးပါး ဆွဲလိုက်သည်။

ရှီကျွင့်ကျဲသည်လည်း မဒမ်လီနှင့်အတူ အိမ်၌ ဖရဲသီးတစ်ခြမ်းနှင့် စပျစ်သီးအနည်းငယ် စားပြီးနောက် ကျန်းကျန်း၏ တံခါးဖွင့်လာသည်ကို မြင်လိုက်ရသည်။

ရှီကျွင့်ကျဲတစ်ယောက် မစောင့်နိုင်တော့ဘဲ ထရပ်လိုက်ပြီး နှစ်လှမ်းလျှောက်ပြီးမှ မဒမ်လီကို နှုတ်ဆက်ရန် မေ့သွားသည်ကို သတိရသွားခဲ့လေသည်။

သူက ချက်ချင်း ပြန်လှည့်ပြီး ပြုံးရင်း ပြောလိုက်သည်။

“အဖွား၊ ဒါဆို ကျွန်တော်တို့ သွားတော့မယ်”

“သွား၊ သွား”

မဒမ်လီသည်လည်း ပြုံး၍ ပြောလိုက်သည်။

“အရေးကြီးတဲ့ ကိစ္စတွေကို စောစော ပြီးမြောက်အောင် လုပ်တာ ပိုအရေးကြီးတယ်၊ ဒါနဲ့ ညစာ ပြန်လာစားမှာလား”

ရှီကျွင်းကျဲ မျက်နှာအမူအရာက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

“ပြန်မလာတော့ပါဘူး၊ ညနေစာအတွက် စားသောက်ဆိုင်မှာ ကြိုတင်မှာထားပြီးပြီ၊ ကျန်းကျန်းနဲ့ ဖယောင်းတိုင်မီး ညစာစားချင်တယ်”

မဒမ်လီတစ်ယောက် ရှီကျွင့်ကျဲက ၎င်း၏ကျောပိုးအိတ်ထဲမှ နေကာထီးကို ထုတ်၍ ကျန်းကျန်းဘေးသို့ လျင်မြန်စွာ ပြေးကာ ထီးဖွင့်ပြီး မိုးပေးသည်ကို ကြည့်နေသည်။

၎င်းတို့နှစ်ဦးကအနောက်သို့ ပြန်လှည့်၍ မဒမ်လီကို လက်ပြနှုတ်ဆက်ရင်း ပြောလာလေ၏။

“အဖွား၊ ကျွန်တော်တို့ သွားတော့မယ်”

“ကောင်းပြီ”

မဒမ်လီသည်ဘည်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“လမ်းမှာ ဂရုစိုက်သွားကြဦး”

ရှီကျွင့်ကျဲနှင့် ကျန်းကျန်း ခြံထဲမှ ထွက်သွားသည်ကို ကြည့်ပြီး မဒမ်လီသည် အိမ်ထဲသို့ ပြန်ဝင်ရင်း တီးတိုးရေရွတ်နေခဲ့သည်။

ဝမ်စုဖန်းက ဟင်းသီးဟင်းရွက်များကို ခူးသင်နေရင်း ၎င်းကို ကြည့်ပြီး မေးမြန်းလိုက်လေသည်။

“အမေ၊ ဘာပြောနေတာလဲ”

မဒမ်လီက ဝမ်စုဖန်းဘေး၌ ရှုပ်ထွေးသည့် အမူအရာဖြင့် ထိုင်ရင်း ပြောလိုက်လေ၏။

“ရှီကျွင့်ကျဲက ကျန်းကျန်းနဲ့ ဖယောင်းတိုင်မီးညစာ စားချင်တယ်လို့ ခုနက ပြောသွားတယ်၊ မီး မပါဘဲ ဖယောင်းတိုင်မီးနဲ့ ညစာစားတာကိုပြောတာလို့ ထင်တာပဲ၊

အခုခေတ်က လျှပ်စစ်မီးတွေ ရှိနေပြီပဲ၊ ညဘက်တွေမှာ လင်းလင်းထင်းထင်းရှိတာ ဘယ်လောက်ကောင်းလဲ၊ ဖယောင်းတိုင်မီးက ဒီလောက် မှောင်နေတာ ဘာစားမှန်းလည်း မမြင်ရဘူး၊ ဘာကောင်းလို့လဲ မသိဘူး”

ဝမ်စုဖန်း ခဏခန့် စဉ်းစားပြီး တုံ့ဆိုင်းစွာ မေးမြန်းလိုက်သည်။

“သူတို့တွေ မီးမရှိတဲ့နေရာမှာ သွားစားကြတာများ ဖြစ်နိုင်လောက်လား”

*

All Chapters