← Chapters

အခန်း (၂၈၈)

Vol. 29 Ch. 288

အခန်း (၂၈၈)

Vol. 29 Ch. 288

မဒမ်လီတစ်ယောက် ဖယောင်းတိုင်မီးညစာအကြောင်းကိုတွေးတောရင်းဖြင့် ၎င်း၏နှုတ်ခမ်းကို လျက်ပြီး ပြောလာပြန်သည်။

“သိပြီ၊ သူတို့က မင်္ဂလာရက် ရွေးဖို့ နတ်ဆရာတစ်ယောက် ဒါမှမဟုတ် တစ်ခုခုကို ရှာနေတာထင်တယ်၊ ငါတို့အိမ်က ကျန်းကျန်းက ဒီနေ့ အဆင်ပြေရင် မင်္ဂလာရက် ဆုံးဖြတ်နိုင်မယ်လို့ ပြောတယ်၊

နတ်ဆရာက နေတဲ့နေရာက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာမှာ ဖြစ်ပြီး ဝါယာကြိုးတွေ ဘာတွေ မရှိဘူးလို့ ထင်တာပဲ”

ဝမ်စုဖန်းသည်လည်း မဒမ်လီ၏ အကျဉ်းချုပ်ပြောဆိုနိုင်စွမ်းကို ချီးကျူးလိုက်သည်။

“အမေပြောတာ မှန်လောက်တယ်”

“အိုး၊ ဒီလို အရေးကြီးတဲ့ ကိစ္စမှာ ငါတို့ပါ လိုက်သွားသင့်တာ၊ ကလေးတွေက ဘာတွေများသိမှာလဲ ၊ သူတို့သွားတဲ့နေရာက ဒီလောက်ဝေးတာ၊ ညစာစားပြီး ဘယ်အချိန် ပြန်ရောက်မှာလဲမသွဘူး၊ သန်းခေါင်ကျော်သွားမှာတော့ မဟုတ်ဘူးမလား”

မဒမ်လီသည်ကား ပြောလေလေ၊ ပိုမိုပူပန်၍ ထိတ်လန့်လာလေလေ ဖြစ်လာလေသည်။

“မဖြစ်သေးပါဘူး၊ လင်းရှို့လန်ကို သူတို့တွေ ဘယ်ကိုသွားကြတာလဲလို့ မေးရမယ်”

အိမ်နှစ်လုံးသည်ကား ယခုအချိန်တွင် ဆက်သွယ်ထားသည့်အတွက် သွားလာရသည်က ပိုမိုအဆင်ပြေလာခဲ့သည်။

မဒမ်လီတစ်ယောက် ဖိနပ်စီး၍ စင်္ကြံပို ပတ်ကာ ဘေးဘက်ရှိ အိမ်ကြီးထဲသို့ လျှောက်သွားသည်။

လင်းရှို့လန်သည်ကား အိမ်ထဲတွင် ပန်းချီဆွဲနေစဉ် မဒမ်လီလာသည်ကို မြင်သောအခါ ၎င်း၏ပန်းချီကို လျင်မြန်စွာ ချလိုက်သည်။

“အန်တီ ရောက်လာတာလား၊ အထဲကိုဝင်ထိုင်ပါဦး။”

မဒမ်လီသည်လည်စ ကုလားထိုင်တွင် ထိုင်ပြီး လင်းရှို့လန်ကို လျင်မြန်စွာ မေးမြန်းသည်။

“ရှို့လန်၊ ရှီကျွင့်ကျဲနဲ့ ကျန်းကျန်း ဒီနေ့ နဆ်ဆရာဆီမှာ မင်္ဂလာရက် ရွေးဖို့ သွားကြတာလား”

“ဟမ်”

လင်းရှို့လန် အံ့သြသွားသည်။

“မဖြစ်နိုင်ပါဘူး၊ ရှီကျွင့်ကျဲက ဒါမျိုးကို မယုံဘူး၊ သူက ကျန်းကျန်းနဲ့ ဆွေးနွေးပြီးပြီ၊ လူတိုင်း အားတဲ့ တနင်္ဂနွေတစ်ရက် ရှာပြီး လုပ်မယ်လို့ ပြောခဲ့တာပဲ”

“ဒါဆို ထူးဆန်းလိုက်တာ”

မဒမ်လီတစ်ယောကင ကလေးနှစ်ဦး ခုနက ပြောဆိုခဲ့သည်များကို ချက်ချင်း ပြန်ပြောပြပြီး လင်းရှို့လန်ကို စိတ်အားထက်သန်စွာ ကြည့်ရင်း မေးမြန်းလိုက်သည်။

“ဒါက မင်္ဂလာရက်ရွေးဖို့ မဟုတ်ဘူးလား”

လင်းရှို့လန်သည်လည်း မဒမ်လီပြောသည့်စကားကို စဉ်းစားပြီးမှ နားလည်သွား၍ ရယ်မောလိုက်သည်။

“အန်တီ ရှီကျွင့်ကျဲက ဒီနေ့ ကျန်းကျန်းကို လက်ထပ်ခွင့်တောင်းတော့မယ်လို့ ထင်တယ်”

“လက်ထပ်ခွင့်တောင်းတာလား ၊ ဘယ်လိုမျိုးလက်ထပ်ခွင့်တောင်းတာလဲ”

မဒမ်လီ ပို၍ နားမလည်နိုင်ဖြစ်လာရတော့သည်။

“အဲလိုမျိုးဆိုရင် မိဘတွေနဲ့အတူ မိန်းကလေးအိမ်ကို မင်္ဂလာတောင်းဖို့ လာရမှာ မဟုတ်ဘူးလား၊ နောက်ပြီး လူကြီးလူကောင်းတစ်ယောက်ယောက်ကို ခေါ်လာရမှာ မဟုတ်ဘူးလား”

လင်းရှို့လန်က ပြုံးလိုက်ပြီး မဒမ်လီဆီသို့ ကိုယ်ကိုင်းကာ တီးတိုးပြောဆိုလိုက်သည်။

“အဲ ဒါက ရှီကျွင့်ကျဲက အရမ်းလှပတဲ့ ပတ်ဝန်းကျင်ရှိတဲ့နေရာကို ရှာရမယ်၊ ပန်းတွေ၊ လက်စွပ်တွေ၊ ဝိုင်ကောင်းတွေ စတာတွေကို ပြင်ဆင်ရမယ်။

သူက ကျန်းကျန်းရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီး ‘ငါ့ကို လက်ထပ်ပေးပါ’ လို့ ပြောရမယ်၊

ကျန်းကျန်းက သူပြင်ဆင်ထားတာတွေကို စိတ်ကျေနပ်ရင် ကျွင့်ကျဲက သူမကို လက်စွပ်ဝတ်ပေးရမယ်၊ ဒါဆိုရင် အောင်မြင်တယ်လို့ သတ်မှတ်တယ်၊ ကျန်းကျန်းက မကျေနပ်ရင်တော့ ကျွင့်ကျဲ ထပ်ပြီးပြင်ဆင်ရလိမ့်မယ်။”

လင်းရှို့လန် ပိုပျော်ရွှင်စွာ ပြောဆိုလိုက်သည်။

“ကျွင့်ကျဲ ဒီရက်တွေထဲမှာ ဘာတွေဖြစ်တာလဲလို့ ထင်နေခဲ့တာ၊ သူက တစ်နေ့လုံး အိမ်မှာ မရှိဘူး၊ ခုမှ သိရတယ်၊ လက်ထပ်ခွင့်တောင်းဖို့ လုပ်နေတာကိုး၊ သူ ဘယ်လိုပုံစံမျိုး ပြင်ဆင်ထားလဲ မသိဘူး”

မဒမ်လီက လင်းရှို့လန်တစ်ယောကင စကားပြောရင်း ပျော်ရွှင်စွာ ရယ်မောနေသည်ကို ကြည့်ပြီး အံ့အားသင့်သွားသည်။

“မင်းက တကယ့်ကိုအမေပဲ၊ မင်းရဲ့ သားက ဒူးထောက်နေတာကိုတောင် မတားဘူးလား။”

လင်းရှို့လန်သည် ပျော်ရွှင်စရာပြဇာတ်ကို ကြည့်နေသကဲ့သို့သော အမူအရာအပြည့်ဖြင့် ပြန်ပြောလိုက်လေ၏။

“သူ အဲလိုမျိုးကြိုးစားမှ ဇနီးသည်ကို အိမ်ကို ပြန်ခေါ်နိုင်မှာပေါ့”

ရှီကျွင့်ကျဲ၏ လက်ထပ်ခွင့်တောင်းသည့်နေရာက ဝေးကွာသည့်နေရာတွင် ဖြစ်သည့်အတွက် သူက အဖေဖြစ်သူ ရှီချန်ပေါ်ကို ကားငှားရန် အထူးတလည်တောင်းဆိုခဲ့သည်။

ကျန်းကျန်းက ကား၏ ဘေးခုံတွင် ထိုင်ပြီး ရှီကျွင်းကျဲ၏ အာရုံစိုက်နေသည့် အမူအရာကို ကြည့်ရင်း စိတ်ဝင်တစား မေးမြန်းလိုက်သည်။

“ရှင် လက်ထပ်ခွင့်တောင်းတဲ့နေရာက မြို့နဲ့ဝေးလား”

“အင်း”

ရှီကျွင်းကျဲက မြေနီလမ်းပေါ်တွက် မောင်းနှင်နေစဉ် ၎င်း၏ရှေ့တွင် လူမရှိသည်ကို မြင်သောအခါ လက်လှမ်း၍ ကျန်းကျန်း၏ လက်ဖမိုးနောက်ဘက်ကို ပုတ်လိုက်သည်။

“မကြာခင် ရောက်တော့မယ်၊ စိတ်မပူပါနဲ့။”

“ကျွန်မ စိတ်မပူပါဘူး”

ကျန်းကျန်းတစ်ယောက် သူမ၏လက်မောင်းများကို သက်သောင့်သက်သာဖြစ်စွာ ရစ်ပတ်ထားရင်း ပြောလိုက်သည်။

“ကျွန်မက ရှင်ပေးလာမဲ့ အံ့အားသင့်စရာကို စောင့်နေတာလေ”

ရှီကျွင့်ကျဲသည်လည်း ကျန်းကျန်း၏စကားကြောင့် ပြုံးလိုက်မိပြီး အရှိန် အားကုန်နင်းကာ ဂီယာကို အမြင့်ဆုံးဂီယာသို့ တိုက်ရိုက်ပြောင်းပြီး လျှောချသွားခဲ့သည်။

တော်ဝင်မြို့မှ ထွက်ခွာတော့မည့်အချိန်သို့ရောက်ပြီးနောက် ကားသည်လည်း တောင်ခြေတစ်ခု၌ ရပ်တန့်သွားခဲ့သည်။ ကျန်းကျန်းလည်း ရင်းနှီးနေသည့် မြေမျက်နှာပြင်ကို မြင်လိုက်ရသောအခါ ရုတ်တရက် ရယ်မောလိုက်မိသည်။

ဤသည်ကား ဝမ်မင်၊ စုဝေ့ရန် နှင့် အခြားသူများ နေထိုင်ခဲ့သည့် တောင်ကုန်းပင်ဖြစ်ချေသည်။

နိုင်ငံအတွင်း၌ အရေးအခင်းများပြီးနောက်တွင် ကျန်းကျန်းတစ်ယောက် မြေမျက်နှာပြင်ကို ထိန်းချုပ်၍ အတွင်းပိုင်း၌ရှိသည့် အရာအားလုံးကို ပြောင်ရှင်းခဲ့သည်။

သူမ ယမန်နှစ်က တစ်ကြိမ် ဤနေရာသို့ လာခဲ့ဖူးသည်။ ထို့နောက် အပျက်အစီးများကို ရှင်းလင်းပြီးနောက် မြေပြင်ကို ထိန်းချုပ်၍ စိမ်းလန်းစိုပြေသည့် မြက်ရိုင်းများနှင့် တောပန်းများကို ပေါက်စေခဲ့သည်။

ရှီကျွင့်ကျဲ အနေနဲ့ဤနေရာကို မည်သို့ရှာတွေ့သည်ကိုမူ သူမ မသိပါချေ။

ရှီကျွင့်ကျဲတစ်ယောက် ကားကို သော့ခတ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ကျန်းကျန်း၏ လက်ကို ဆွဲကိုင်ရင်း ပြောလိုက်သည်။

“ဒီနေ့တော့ နည်းနည်းလောက် ပိုပင်ပန်းရလိမ့်မယ်၊ ကိုယ်တို့တွေ တောင်ထိပ်ကို တက်ရမယ်”

ကျန်းကျန်းက ဤသည်ကို ကြားသောအခါ ရယ်မောလိုက်မိလေသည်။

“တောင်တက်တာ ကျွန်မအတွက် လမ်းလျှောက်တာနဲ့ တူတူပဲ၊ ရှင့်မှာ ခွန်အားရှိနေရင် ရပြီ။”

ရှီကျွင့်ကျဲက နေကာထီးကို ဖွင့်၍ ကျန်းကျန်း ခေါင်းပေါ်၌ မိုးပေးရင်း

“ကိုယ် ဒီတောင်ကို အကြိမ်သုံးဆယ်ကြိမ်ကျော် တက်ခဲ့ပြီးပြီ”

ကျန်းကျန်းလည်း ခေါင်းမော့လိုက်ပြီး ကျဉ်းမြောင်းသည့်၊ လူလုပ်ထားသည့် လှေကားထစ်လမ်းကို ကြည့်လိုက်ပြီး လက်လှမ်းကာ ရှီကျွင့်ကျဲ၏လက်ထဲမှ ထီးကို ပိတ်ပြီး ရှီကျွင့်ကျဲ၏ ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။

“ထီးသုံးဖို့ မလိုပါဘူး၊ သစ်ပင်ရိပ်က အရမ်းအေးနေမှာ၊ တောင်ပေါ်ကို ထီးသယ်ရတာ ရှင့်အတွက် မလွယ်ဘူး။”

“နေရာအချို့မှာတော့ အရိပ်မရှိသေးဘူး၊အခုနေက အရမ်းပူတယ်၊ နေလောင်ရင် မျက်နှာက နာကျင်နေလိမ့်မယ်”

ရှီကျွင့်ကျဲက ကျန်းကျန်း နေလောင်မည်ကို ကြောက်သည်။ ထို့ကြောင့် တောင်ပေါ်တက်ရန် ထီးမိုးပေးရန်သာ စဉ်းစားနေသည်။

ထူးဆန်းသည်မှာ ရှီကျွင့်ကျဲအနေဖြင့် ယခင်က ဤနေရာသို့ အကြိမ်များစွာ လာခဲ့ဖူးပြီး အကြိမ်တိုင်းတွင် နေပူကျဲတောက်အောက်တွင် တောင်ပေါ်သို့ ရောက်ခဲ့သည့်။

ဤတစ်ကြိတွင်မ်မူ ၎င်းသည် အနည်းငယ် လမ်းလျှောက်ပြီးမှ လမ်းဘေးနှစ်ဖက်ရှိ သစ်ပင်များသည် အစွမ်းကုန် ထူထပ်နေသည်ကို တွေ့လိုက်ရသည်။

၎င်း၏ခေါင်းပေါ်ရှိ သစ်ပင်များသည်လည်း အလွန်ထူထပ်ပြီး နေရောင်ခြည် လုံးဝ မထိုးဖောက်နိုင်အောင် ကာထားသည်။

“ဒီသစ်ပင်က တကယ်ကို မြန်မြန်ကြီးထွားတာပဲ”

ရှီကျွင်းကျဲတစ်ယောက် မချီးကျူးဘဲ မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။

“လွန်ခဲ့တဲ့ရက်နည်းနည်းလောက်တုန်းက ကိုယ်ဒီကို လာတုန်းကတော့ သစ်ပင်တွေက ဒီထက် သေးငယ်သေးသလိုပဲ။”

ကျန်းကျန်းလည်း ခေါင်းမော့၍ အေးအေးဆေးဆေး ပြောဆိုလိုက်သည်။။

“ဘယ်လိုလုပ် အဲဒီလောက် မြန်မြန်ကြီးထွားနိုင်မှာလဲ၊ ရှင် ဒီလမ်းကနေ လျှောက်မလာတာ ရက်နည်းနည်းလောက်ကြာလို့ မှားပြီး မှတ်မိနေတာလည်း ဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ် တခြားလမ်းကလာပြီး ဒီလမ်းလို့ထင်နေတာလည်းဖြစ်နိုင်တာပဲ”

ရှီကျွင့်ကျဲက နောက်ဘက်သို့လှည့်ကြည့်လိုက်သောအချိန်တွင် အမှန်ပင် ရှုပ်ထွေးသည့် လမ်းများစွာကို တွေ့လိုက်ရသည်။

ထိုလမ်းများ အားလုံးသည်ကား လူများ လျှောက်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။ ရှီကျွင့်ကျဲ အနည်းငယ် စိတ်ပူသွားရသည်။ ဤလမ်းများက မည်သည့်အချိန်က ပေါ်လာသည်ကို မသိချေ။

ရှီကျွင့်ကျဲတစ်ယောက် သူ သေသေချာချာ ပြင်ဆင်ထားသည်များ အားလုံးက ပျက်စီးသွားမည်ကို ကြောက်နေခဲ့ရသည်။

ရှီကျွင့်ကျဲ၏ အမူအရာက အနည်းငယ် မသက်မသာဖြစ်နေသည်ကို သတိထားမိသောအခါ ကျန်းကျန်းက သူ့၏လက်ကို ဖြစ်ညှစ်ပြီး တမင်တကာ ပြုံးလိုက်သည်။

“အခု နည်းနည်း စိတ်လှုပ်ရှားနေသလိုပဲ”

လူများက ဤသို့ ရောက်ရှိနေပြီဖြစ်၍ ရှီကျွင့်ကျဲလည်း မည်သည်ကိုမျှ ထပ်မစဉ်းစားတော့ဘဲ ကျန်းကျန်း၏လက်ကို ဆွဲပြီး တောင်ပေါ်သို့ ပြေးတက်လိုက်သည်။

ပျော်ရွှင်စရာ ကိစ္စတစ်ခုတွင် လူများက စိတ်ဓာတ်တက်ကြွနေသည့်အတွက် ဖြစ်နိုင်သည်။

ရှီကျွင့်ကျဲတစ်ယောက် တောင်ပေါ်သို့ တက်ရောက်ရောက်သည့် လမ်းသည်က အံ့သြစရာကောင်းလောက်အောင် ချောမွေ့နေသည်ဟု ခံစားရသည်။

မတိုင်ခင်က တုတ်ဖြင့် တွန်းထုတ်ရသည့် မြက်ရိုင်းများနှင့် ဆူးပင်များကလည်း ပျောက်ကွယ်သွားပြီး တောင်ထိပ်သို့ တိုက်ရိုက်ရောက်သည့် လမ်းဖြောင့်အတိုင်း ဖြစ်နေသကဲ့သို့ ခံစားနေရသည်။

တောင်ထိပ်ကို ကြည့်ရင်း ရှီကျွင့်ကျဲတစ်ယောက် စိတ်လှုပ်ရှားနေခဲ့ရကာ လက်ဖဝါးများတွင်ပင် ချွေးစေးများ ထွက်နေခဲ့သည်။ သူက တံတွေး မြိုချလိုက်ပြီး စကားစပြောတော့မည့် ဆဲဆဲတွင် ကျန်းကျန်းက ၎င်း၏အိတ်ထဲမှ ရေဘူးကို ရုတ်တရက် ထုတ်၍ ၎င်းကို ကမ်းပေးလိုက်သည်။

“ရေနည်းနည်း သောက်လိုက်ဦး၊ စိတ်ကို ဖြေလျှော့လိုက်”

ရှီကျွင်းကျဲသည်လည်း ရေနှစ်ငုံကိုအငုံကြီး မော့သောက်လိုက်ပြီး ကျန်းကျန်း၏ သက်သောင့်သက်သာရှိသည့် အမူအရာကို ကြည့်ရင်း မေးလိုက်သည်။

“မင်း မစိုးရိမ်ဘူးလား”

*

All Chapters