← Chapters

အခန်း (၂၉၀)

Vol. 29 Ch. 290

အခန်း (၂၉၀)

Vol. 29 Ch. 290

ရှီကျွင့်ကျဲက နှင်းဆီပန်းများကို ကောက်ယူလိုက်ပြီး သူ၏ လက်ထဲရှိ အလေးချိန်ကို ခံစားလိုက်သည်။ ပြီးသည့်နောက် တောင်ပေါ်တက်သည့် လမ်းကို မော့ကြည့်လျက် သက်ပြင်းရှည်ကြီး ချလိုက်သည်။

“စောစောပြန်သွားကြရအောင်။ ဒီပန်းတွေဆိုရင် ဝင်လာတာထက် ပိုကြာလိမ့်မယ်။”

ဤအခါမှ ကျန်းကျန်းတစ်ယောက် ဤမိုက်မဲသည့် ကောင်လေးသည်ကား လွန်ခဲ့သည့် လအနည်းငယ်က ဤချိုင့်ဝှမ်းသို့ ရောက်ရှိရန်အတွက် တောင်တစ်တောင်လုံးကို တက်ခဲ့ရသည်ကို သိသွားပြီး ရုတ်တရက် ရယ်လည်းရယ်ချင်၊ စိတ်လည်းမကောင်း ဖြစ်သွားသည်။

“ရှင်က ဘာလို့ ဒီလောက်တောင် တုံးအ,ရတာလဲ”

“ဟမ်”

ရှီကျွင့်ကျဲ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

ကျန်းကျန်းက သူ့အား ရယ်မောလျက် ကြည့်လိုက်မိသည်။

“တကယ်တော့ ကျွန်မ အမဲလိုက်တုန်းက ဒီနေရာကို ရောက်ဖူးတယ်၊ ဟိုဘက်မှာ အပြင်ကို တိုက်ရိုက်သွားတဲ့ လိုဏ်ဂူတစ်ခု ရှိတယ်လေ”

ရှီကျွင့်ကျဲတစ်ယောက် နှင်းဆီပန်းများကို ကိုင်ထားလျှင် မယုံကြည်နိုင်စွာကြည့်လိုက်မိသည်။

“မဟုတ်ဘူး... မဟုတ်ဘူး... ကိုယ်လိုဏ်ဂူကို မတွေ့ခဲ့ဘူး”

ကျန်းကျန်းသည် ရှီကျွင့်ကျဲ၏ လက်ကို ဆွဲပြီး မြက်ရိုင်းများကို ဖယ်ရှားကာ လျှို့ဝှက်သည့် လိုဏ်ဂူဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

သူတို့နှစ်ဦး ငါးမိနစ်၊ ခြောက်မိနစ်ခန့်သာ ကြာပြီး အပြင်သို့ ရောက်လာခဲ့ကြလေ၏။

ရှီကျွင့်ကျဲသည်ကား အပြင်၌ ရပ်ထားသည့် သူ၏ ကားကို ကြည့်လျက် စိတ်ပျက်လက်ပျက်ဖြင့် နဖူးကို အုပ်လိုက်သည်။

“ကိုယ် ဒီတောင်ကို အကြိမ် ၃၀ ကျော်တောင် တက်ခဲ့ရတာ”

ရှီကျွင့်ကျဲ၏ သနားစရာကောင်းသည့် ပုံစံကို မြင်သည့်အခါ ကျန်းကျန်းတစ်ယောက် ဗိုက်ကို ဖိကိုင်လျက် မြေပေါ်၌ ထိုင်ချကာ အော်ရယ်မိလေတော့သည်မျ။ ရှီကျွင့်ကျဲသည်လည်း ပန်းစည်းကြီးကို ကိုင်လျက် သူမအား ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိသည်။

“ကိုယ်က တုံးအတယ်လို့ ထင်လား။”

ကျန်းကျန်းက ခေါင်းညိတ်လိုက်သည်။ သူမသည်ကား အလွန်အမင်း ရယ်မောနေသည့်အတွက် စကားပင် မပြောနိုင်တော့ချ။

“ရှင်က အကြိမ်သုံးဆယ်ကျော်... ရောက်ဖူးတာတောင်... လိုဏ်ဂူကို... ဟားဟား...”

ရှီကျွင့်ကျဲသည်လည်း ဤကဲ့သို့ တုံးအမိုက်မဲသည့် အလုပ်မျိုးကို လုပ်ခဲ့သည်ကို ပြန်တွေးမိသည့်အခါ သူသည်လည်း မရယ်ဘဲ မနေနိုင်တော့ပေရ။

“ဒီလိုနဲ့.. လက်ထပ်ခွင့်တောင်းပြီးတာနဲ့ အရှက်ရစရာ ဖြစ်ခဲ့ရပြီ၊ မင်း နောင်ဆို ဒါကို တွေးပြီး ရယ်နေဦးမှာလား”

ကျန်းကျန်းတစ်ယောက် ဒူးထောက်နေရာမှ ထရပ်လျက် အားအင်အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ကျွန်မတို့ ကလေးတွေ ကြီးလာရင် သူတို့ကို ပြောပြရမယ်။”

ရှီကျွင့်ကျဲက ကားတံခါးကို ဖွင့်ပြီး နှင်းဆီပန်းများကို နောက်ခန်း၌ ထားလိုက်သည်။ ကားထဲမှ အပူများ ပြေသွားသည်ကို စောင့်ဆိုင်းပြီးမှ လက်ဖြင့် ကားတံခါးဘောင်ကို ပိတ်လိုက်လေသည်။

“ကောင်းပြီ၊ မရယ်တော့နဲ့တော့။ ကားထဲ မြန်မြန်ဝင်ရအောင်”

ကျန်းကျန်းသည်လည်း ခေါင်းငုံ့လျက် တွဲဖက်ယာဉ်မောင်းထိုင်ခုံ၌ ထိုင်လိုက်သည်။ သူမ၏ ခါးပတ်ကို ပတ်ပြီးနောက် ရှီကျွင့်ကျဲက တစ်ဖက်ဘက်မှ ယာဉ်မောင်းထိုင်ခုံ၌ ထိုင်သည်ကို ကြည့်လိုက်သည်။

“ရှင်က တော်တော်ခေး ယဉ်ကျေးလွန်တာပဲ။”

ရှီကျွင့်ကျဲက သူ၏ ခေါင်းကို ဆန့်ထုတ်လျက် ကျန်းကျန်း၏ မျက်နှာကို နမ်းလိုက်သည်။

“ဘယ်သူနဲ့လဲ ဆိုတဲ့အပေါ်မှာတော့ မူတည်တာပေါ့၊ မင်းနဲ့ဆိုရင် ကိုယ်ကလူကြီးလူကောင်း ဖြစ်ရမယ်၊ ကိုယ့်ရဲ့ဇနီးလေးကို ဂရုစိုက်ရမယ်လေ၊

တခြားကောင်မလေးတွေနဲ့ အပြင်သွားမယ်ဆိုရင် ဒီလောက်ထိ လူကြီးလူကောင်းမဖြစ်နိုင်ဘူး၊ ကိုယ့်လို ချောမောတဲ့လူဆိုတာက ပိုပြီး ဂရုစိုက်တတ်လေလေ၊ သူများတွေအတွက် တခြားအတွေးတွေ ဝင်လာဖို့ လွယ်ကူတယ်ဆိုတာ မင်း သိပါတယ်”

“အိုး”

ကျန်းကျန်းကပြုံးလျက် ရှီကျွင့်ကျဲ၏ ပခုံးကို ပုတ်လိုက်သည်။ ပြီးနောက် သူ့အား မျက်လုံးမှေးကျဥ်းလျက် ကြည့်လိုက်သည်။

“ဘာလို့ ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်နေရတာလဲ။”

ရှီကျွင့်ကျဲက ကားကို စတင်မောင်းနှင်ပြီး ကျန်းကျန်းကို ပြုံးလျက် ကြည့်လိုက်သည်။

“အဓိကက မင်းက ကိုယ့်ကို နေ့တိုင်း ဘယ်လောက် ချောတယ်ဆိုတာ ချီးမွမ်းနေလို့လေ၊ ကိုယ့်ကို ချီးမွမ်းတာတွေက အကုန်လုံး စုပေါင်းပြီးကြီးမားနေတာ”

ကျန်းကျန်းသည် သူမ၏ မေးစေ့ကို ကိုင်လျက် ရှီကျွင့်ကျဲကို သေချာ ကြည့်လိုက်သည်။ သူမသည် မချီးမွမ်းဘဲ မနေနိုင်ပါခေ။

“တကယ် ချောတယ်။ ကောင်းပြီ၊ ရှင့်မျက်နှာကြောင့်ပဲ ကျွန်မရှေ့မှာ ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်ခွင့် ပေးလိုကမယ်။”

ရှီကျွင့်ကျဲက ရယ်မောလိုက်ပြီး သူ၏ လက်ကို ဆန့်ထုတ်ကာ ကျန်းကျန်း၏ နားရွက်ကို ဖျစ်ညှစ်လိုက်လျက် ချစ်မြတ်နိုးစွာ ပြောဆိုလိုက်သည်။

“အိုး၊မင်းဆီက ချီးမွမ်းလိုက်တာ အရမ်း ပျော်တာပဲ၊ ဒါကြောင့် မင်းကို အရသာရှိတဲ့ အစားအသောက်တွေ သွားကျွေးဖို့ ဆုံးဖြတ်လိုက်ပြီ”

ကျန်းကျန်းသည် နှာခေါင်းကို ရှုံ့လိုက်ပြီး တမင်တကာ ရက်စက်ကြမ်းတမ်းသည့် ပုံစံ ပြုလုပ်လိုက်သည်။

“အရသာ မရှိရင် ရှင့်ကို အဝတ်လျှော်ခုံပေါ် ဒူးထောက်ခိုင်းပြီး အပြစ်ပေးလိုက်မှာနော်”

“အခုကတည်းက ဇနီးမယားရဲ့ အခွင့်အရေးတွေ စတင် ကျင့်သုံးနေပြီလား။”

ရှီကျွင့်ကျဲသည် ဂီယာကို ပြောင်းလိုက်သည်။

“ဒါဆို ကိုယ် အဝတ်လျှော်ခုံ အများကြီး ဝယ်ပြီး အိမ်မှာ ထားရမယ်၊ တစ်ခု ကျိုးသွားရင် အစားထိုးလို့ရတာပေါ့။ ဒါမှ ကိုယ့်ရဲ့ဇနီးလေး စိတ်မဆိုးမှာလေ”

ကျန်းကျန်းသည် ပျော်ရွှင်စွာဖြင့်သူမ၏ ပါးစပ်ကို ဖုံးအုပ်ရယ်မောလိုက်သည်။

ရှီကျွင့်ကျဲက ဂီယာကို နင်းလိုက်ပြီး လမ်းအခြေအနေကို သတိထားရင်း ကျန်းကျန်းနှင့် ဆွေးနွေးလိုက်သည် ။

“နေ့လယ်စာနဲ့ ညစာအတွက် စားသောက်ဆိုင်တွေ ကြိုတင် ဘွတ်ကင်လုပ်ထားပြီးပြီ၊ နေ့လယ်စာ အရင်သွားစားရအောင်၊ နေ့လယ်ပိုင်း မင်း ဘာလုပ်စရာ ရှိလဲ၊ မရှိရင် ရုပ်ရှင်ကြည့်မလား ဒါမှမဟုတ် မင်္ဂလာဝတ်စုံ သွားဝယ်ကြမလား။”

ကားသက ဆင်ခြေဖုံးမှ မြို့ပြင်ဘက်သို့ သဲလမ်းအတိုင်း မောင်းနှင်ပြီး မြို့တွင်းဘက်သို့ ဝင်လာခဲ့သည်။ နောက်ဆုံး၌မူ တော်ဝင်မြို့တော်ဟိုတယ် ဝင်ပေါက်၌ ရပ်လိုက်လေသည်။ ရှီကျွင့်ကျဲက ကျန်းကျန်းအား ကားပေါ်မှ ဆင်းရန် ကူညီပေးပြီး သူမ၏ မျက်နှာကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

“ဒီနေ့ ကားစီးတာ အရမ်းကြာသွားပြီ။ ခေါင်းမူးတာ ဒါမှမဟုတ် ပျို့အန်ချင်တာမျိုး ဖြစ်သေးလား။”

“ခေါင်းမမူးဘူး”

ကျန်းကျန်းသည် သူ၏ မျက်တောင်ရှည်များစွာကို ရိုးသားစွာ ခတ်လိုက်သည်။

“လမ်းတစ်လျှောက်လုံး ဗိုက်ဆာနေတာ၊အခု နွားတစ်ကောင်တောင် စားနိုင်မယ် ထင်တယ်။”

ရှီကျွင့်ကျဲသည် သူ၏ လက်ကို အိတ်ကတ်ထဲ ထည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“ကံကောင်းစွာနှင့် ဒီနေ့ ပိုက်ဆံ အလုံအလောက် ယူလာခဲ့တယ်. မဟုတ်ရင် မင်းစားပုံနဲ့ဆို စားသောက်ဆိုင်မှာပန်းကန်တွေကို ဝင်ဆေးရတာမျိုး ဖြစ်သွားနိုင်တယ်။”

ကျန်းကျန်းသည် တော်ဝင်ဟိုတယ်သို့ တစ်ခါမျှ မရောက်ဖူးသော်လည်း ဤနေရာရှိ အလွန်အမင်းဈေးကြီးသော အစားအစာများ၏ ဈေးနှုန်းကို သိရှိသည်။ သူမသည် လက်ကို ဆန့်ထုတ်လျက် ရှီကျွင့်ကျဲ၏ လက်မောင်းကို ကိုင်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။

“ရှင် တကယ် ပိုက်ဆံ အလုံအလောက် ရှိရဲ့လား”

ရှီကျွင့်ကျဲက သူမအား အံ့အားသင့်စွာ ကြည့်လိုက်သည်။

“မင်းစိတ်ထဲမှာ ကိုယ်က ဘယ်လောက်တောင် ဆင်းရဲနေလို့လဲ”

သူက လက်ကို ဆန့်ထုတ်လျက် ကျန်းကျန်း၏ ပါးကို ညှစ်လိုက်သည်။

ရှီကျွင့်ကျဲက သူမ၏ နားနား ကပ်လျက် တိုးတိုးလေး ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ပြင်သစ်မှာ ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှု ဝင်ငွေက လုံလောက်အောင် မြင့်ပါတယ်၊ ဒီမှာ မင်းကို ဝဝလင်လင် လာကျွေးနိုင်ပါသေးတယ်။”

သူသည်က နံပါတ်တစ်ခုကို ကျန်းကျန်း၏ နားနား ကပ်ပြောလိုက်သည့်အခါ ကျန်းကျန်းသည် သူ့အား အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ဒါက စီးပွားရေး စတင်တာထက် အများကြီး ပိုမြန်တာပဲ၊ ဒါဆို ကျွန်မလည်း ပြင်သစ်မှာ ရင်းနှီးမြှုပ်နှံလိုက်ရတော့မလား။”

သူတို့ကစောစောရောက်ရှိသည့်အတွက် စားသောက်ဆိုင်၌ ဧည့်သည်များ သိပ်မများလှသေးချေ။ သူတို့နှစ်ဦးသည် တိတ်ဆိတ်၍ သီးသန့်ဆန်သည့် နေရာတစ်ခုကို ရှာတွေ့ခဲ့ကြသည်။

အော်ဒါ မှာပြီးသည့်အခါ တစ်ဦးကိုတစ်ဦး ကြည့်လျက် ရုတ်တရက် အတူတူ ရယ်မောလိုက်မိကြပြန်သည်။

ရှီကျွင့်ကျဲက သူ၏ လက်ကို ဆန့်ထုတ်လျက် ကျန်းကျန်း၏ လက်ချောင်းကို ကုတ်လိုက်သည်။

“ကိုယ်တို့ ဘယ်အချိန်လောက်ကို မင်္ဂလာဆောင်ကြမလဲ။”

ကျန်းကျန်းသည် ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။

“မနက်ဖြန် ရုံးတက်ရတော့မယ်၊ အစပိုင်းတော့ အလုပ်တွေ ရှုပ်နေလိမ့်မယ် ထင်တယ်၊ အောက်တိုဘာလမှာ မင်္ဂလာဆောင်တာ ပိုကောင်းမလား၊

အဲဒီအချိန်ဆို အလုပ်တွေလည်း စနေလောက်ပြီဆိုတော့ အချိန်တွေမလောက်တာ ဖြစ်နေမှာ မဟုတ်ဘူး၊ ရာသီဥတုကလည်း သာယာနေပြီ၊

ဆောင်းဦးက သာယာပြီး လေကောင်းလေသန့် ရတယ်၊ မင်္ဂလာဆောင်ဖို့ အကောင်းဆုံးပဲ။”

ရှီကျွင့်ကျဲက ချက်ချင်းပင် ပြက္ခဒိန် အဝါရောင်ကို ထုတ်ယူလျက် ကျန်းကျန်းအား ပြသလိုက်သည်။

“ဒါဆို ရက်ချိန်းယူတာ ပိုသင့်တော်လိမ့်မယ်၊ စက်တင်ဘာ ၂၆ ရက်နေ့ကရော ဘယ်လိုလဲ၊ တရုတ်ပြက္ခဒိန်အရ ရှစ်လပိုင်းရဲ့ ဆယ်ရက်နေ့က မင်္ဂလာဆောင်ဖို့ ကောင်းတဲ့နေ့ပဲ၊ တနင်္ဂနွေနေ့နဲ့လည်း တိုက်ဆိုင်တယ်။”

ကျန်းကျန်းသည် ဤပြက္ခဒိန်ကို သြဂုတ်လမှ အောက်တိုဘာလအထိ ကြည့်လိုက်သည်။ လတိုင်း၌ ရက်များစွာ ရှိသည်။ သူသည် ရှီကျွင့်ကျဲအား အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ရှင်က အများကြီး ပြင်ဆင်ထားတာပဲ၊ ရှင့်ကို ဘယ်လိုပဲ ကြည့်ကြည့် ပြက္ခဒိန်အဝါရောင်ကို ယုံကြည်တဲ့သူလို့ ကျွန်မ မပြောနိုင်ဘူး”

“လူကြီးတွေက ယုံကြည်တယ်လေ”

ရှီကျွင့်ကျဲသည် လေးနက်သည့် မျက်နှာဖြင့် ပြောလိုက်သည်။

“ဘာပဲ ဖြစ်ဖြစ်၊ မိသားစုနှစ်ခုအတွက် အရေးကြီးတဲ့ ကိစ္စပဲ၊ အားလုံး ကျေနပ်မှ ဖြစ်မှာ”

ကျန်းကျန်းသည် သူ၏ လက်ကို ဆန့်ထုတ်လျက် ရှီကျွင့်ကျဲ၏ လက်ကို ကိုင်လိုက်သည်။ သူန၏ ရင်ထဲ၌ နွေးထွေးမှုကို ခံစားရသည်။

“ရှင်က တကယ်ကို ဂရုတစိုက် ရှိတာပဲ။ ကျွန်မ ဘာတစ်ခုမှ မကူညီခဲ့ရဘူးလို့ ခံစားရတယ်။”

ရှီကျွင့်ကျဲက ကျန်ရှိနေသည့် လက်တစ်ဖက်ကို ကျန်းကျန်း၏ လက်ဖမိုးပေါ် တင်လိုက်သည်။

သူ၏ မျက်နှာ၌ နွေးထွေးသည့် အပြုံးတစ်ပွင့်ရှိနေခဲ့ကာ ညင်သာစွာ ပြောလာလေသည်။

“မင်းက ကိုယ်အတွက်လှပတဲ့ သတို့သမီး ဖြစ်ဖို့ပဲ လိုတာ”

*

All Chapters