← Chapters

အခန်း (၂၉၁)

Vol. 30 Ch. 291

အခန်း (၂၉၁)

Vol. 30 Ch. 291

စားပွဲထိုးသည့်ကောင်လေးက လက်၌ ဆန်ပြုတ်နှင့် ဟင်းချိုအဖြစ် ပေါင်းထားသည့် ငါးမန်းတောင်ဟင်းပွဲ တစ်ပန်းကန်ကို ကိုင်၍ အရောက်လာခဲ့သည်။ ထိုသူနှစ်ဦးအား ချစ့ခြင်းသံယောဇဉ်အပြည့်ဖြင့် ကြည့်နေသည်ကို မြင်သောအခါ ရုတ်တရက် အတွင်းသို့လည်း မဝင်ဝံ့၊ အပြင်သို့လည်း မထွက်ဝံ့ ဖြစ်သွားရလေသည်။

ကျန်းကျန်းသည်လည်း ဤသည်ကို မြင်သည့်အခါ သူမ၏လက်ကို ရှီကျွင့်ကျဲဆီမှ အမြန်ဆွဲ၍ ပြေလိုက်မိသည်။

“ကျွန်မ အရင်ဆုံး သန့်စင်ခန်းသွားလိုက်ဦးမယ်”

ဆန်ပြုတ်နှင့် ပေါင်းထားသည့် ငါးမန်းတောင်ဟင်းချိုပွဲသည်ကား တော်ဝင်ဟိုတယ်၏ ထန်မိသားစုဟင်းလျာများထဲမှ နာမည်ကျော် ဟင်းပွဲတစ်ပွဲ ဖြစ်သည်။

ငါးမန်းတောင်ပံ၊ ကြက်တစ်ကောင်လုံး၊ ဘဲ ၊ ကျင်းဟွားဝက်ပေါင်ခြောက်နှင့် ပုစွန်ခြောက် စသည့် အရည်အသွေးမြင့် ပါဝင်ပစ္စည်းများကို အသုံးပြုထားသည့် ဟင်းပွဲတစ်ပွဲဖြစ်သည်။

ကျန်းကျန်း လက်ဆေးပြီး ပြန်လာသည့်အခါတွင် သူမ မှာထားသည့် အခြားဟင်းပွဲများလည်း တစ်ပွဲပြီးတစ်ပွဲ ရောက်လာများ ဖြစ်ပေသည်။

နှစ်ရောင်စပ်ပုစွန်ကြား၊ ကောက်ရိုးမှိုကြက်ပေါင်း၊ နေကြာ ဘဲ၊ ပဲငံပြာရည်ဆမ်း ငါးအစိမ်း၊ ကင်ထားသည့် ဂျင်ဆင်းနက်၊ ပိုးသားကဲ့သို့ နူးညံ့သည့်ဟင်းချိုနှင့် စတူးချက်ထားသည့် ရေဘဝဲများက စားပွဲအပြည့် တိုးဝှေ့နေရာယူထားကြသည်။

အရောင်အသွေးစုံလင်၍ အရသာရှိသည့် ဟင်းပွဲများကို ကြည့်ရင်း ကျန်းကျန်း တစ်ယောက် တံတွေးများ မြိုချနေမိကာ မျက်လုံးများ ပြူးကျယ်လာရသည်။

“ကျွန်မတို့ နည်းနည်းလောက် အများကြီးမှာလိုက်မိပြီလား မသိဘူး”

ရှီကျွင့်ကျဲသည် ငါးမန်းတောင်ပံဟင်းပွဲတစ်ပန်းကန်ကို ခပ်ယဖု၍ သူမအား ကမ်းပေးရင်း ပြောလိုက်သည်။

“မများပါဘူး၊ မင်းရဲ့ စားနိုင်တဲ့စွမ်းရည်ကို ကိုယ်ယုံတယ်”

ကျန်းကျန်းလည်း ဇွန်းတစ်ချောင်းကိုယူ၍ ငါးမန်းတောင်ဟင်းပွဲတစ်ဇွန်းကို ပါးစပ်၌ ထည့်လိုက်သည့်အခါ နူးညံ့သည့်ငါးမန်းတောင်ရနံ့က ပါးစပ်၌ ချောမွေ့စွာ ရောက်သွား၍ အရသာက အလွန် ပြည့်စုံနေသည်ကို ခံစားရသည်။

ပြီးသည့်နောက် ဟင်းချက်နည်းနှစ်မျိုးဖြင့်ချက်ထားသည့် ပုစွန်ကို မြည်းကြည့်လိုက်သည့်အခါတွင် လတ်ဆတ်၍ နူးညံ့ကာ အရသာရှိလှသည်။

ကောက်ရိုးမှိုကြက်ပေါင်းသည်ကား နူးညံ့၍ အရသာရှိရုံသာမက ကောက်ရိုးမှို၏မွှေးရနံ့သည်လည်း ကြက်သားထဲတွင် စိမ့်ဝင်နေသည့်အတွက် လူများကို လက်ညှိုးတောင် ထိုးမိသွားလောက်အောင် ဆွဲဆောင်နေခါ့သည်။

အရသာရှိသည့် ဟင်းပွဲများကို တစ်ပွဲပြီးတစ်ပွဲ စားပြီးသည့်နောက် ကျန်းကျန်း၏ စိတ်က အလွန် ကျေနပ်ပျော်ရွှင်နေခဲ့သည်။

သေသေချာချာပြင်ဆင်ထားသည့် ဟင်းပွဲများကို ကြည့်လိုက်သည့်အခါ ဟင်းပွဲတိုင်း၏ အရသာကို သေချာခံစားကြည့်ရန် စဉ်းစားမိသည်။

မူလတုန်းက သူအနေဖြင့် ရှီကျွင့်ကျဲနှင့် စကားပြောရင်း ဤလှပသည့်ဝန်းကျင်နှင့် ရိုမန်တစ်ဆန်သည့် အငွေ့အသက်ကို မပျက်စေလိုဟူ၍ တွေးမိသည်။

သို့သော်လည်း တစ်ကိုက်စားပြီးသည့်အခါတွင်မူ ကျန်းကျန်းသည်ကား မည်သည်ကို လုပ်နေမှန်းကိုပင် မသိတော့ဘဲ စားသောက်ခြင်းတွင်သာ နှစ်မြောသွားရကာ အဆက်မပြတ် စားနေမိသည်။

အစားအသောက်များက သူမ၏ပါးစပ်ထဲ၌ အပြည့်ဖြစ်နေခဲ့ကာ စကားပြောရန်နေနေသာသာ အသက်ရှူရန်တောင် အချိန်ဖြုန်းနေသကဲ့သို့ တွေးမိလာရမိသည်။

အားပါးတရဖြင့် စားသောက်ပြီးသည့်နောက်တွင် ထိုသူနှစ်ဦးသည်ကား ဟင်းရှစ်ပွဲစလုံးကို ကုန်စင်သည်အထိ စားသောက်လိုက်ပြီးဖြစ်သည်။

သူမ၏ ဗိုက်ပူပူလေးကို ပွတ်သပ်ရင်း ကျန်းကျန်းသည်ကား ကုလားထိုင်နောက်မှီပေါ် မှီ၍ လုံးဝလှုပ်၍ မရတော့ဟု ခံစားရသည်။

“ဒီလောက်ဈေးကြီးတာ အံ့သြစရာမဟုတ်ပါဘူး၊ အရမ်းအရသာရှိလို့ကိုး”

ရှီကျွင့်ကျဲသည်က ကျန်းကျန်းအတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးရင်း သူ၏မျက်လုံးများ၌ အပြုံးများစွာဖြင့်ပြောလိုက်သည်။

“မင်းစားနေတာကို ကြည့်ရတာက အနုပညာတစ်မျိုးပဲလို့ ကိုယ်ထင်တယ်။ မင်းအရသာရှိတာတွေကို စားတဲ့အချိန်တိုင်း မင်းရဲ့အမူအရာက အရမ်းချစ်စရာကောင်းပြီး အရမ်းစိတ်ကျေနပ်စရာကောင်းတယ်”

“တကယ်လား”

ကျန်းကျန်းက သူမ၏ပါးစပ်၌ပေနေသည့် ဆီများကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်ကာ ရှီကျွင်းကျဲအား မယုံကြည်နိုင်စွာ ကြည့်ရင်းမေးလိုက်သည်။

“ကျွန်မ ဒီလောက်အများကြီးစားပြီးတာတောင် ကျွန်မကို ချစ်စရာကောင်းသေးတယ်လို့ ထင်သေးလား။ ရှင့်ရဲ့မျက်လုံးတွေက အသုံးမကျတော့ဘူး”

ရှီကျွင့်ကျဲက ပျော်ရွှင်စွာ ပြုံးလိုက်၍ ပြောလာလေ၏

“အဲဒါကြောင့် ကိုယ့်ရဲ့မျက်စိထဲမှာ မင်းတစ်ယောက် ရှိတယ်လို့ ကိုယ်ပြောတာပေါ့”

ထိုသူနှစ်ဦး ခဏထိုင်ပြီးသည့်နောက် တော်ဝင်ဟိုတယ်မှ ထွက်လာခဲ့ကြသည်။ မူလက ကျန်းကျန်းသည်ကား ရှီကျွင်းကျဲနှင့် ညစာစား၍ ရုပ်ရှင်ကြည့်ရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ဗိုက်အလွန်ပြည့်နေသည့်အတွက် ရုပ်ရှင်ရုံ၌ ထိုင်ရသည်ကို ကျန်းကျန်းတစ်ယောက် တကယ်မလိုလားတော့ဘဲ အနီးအနားရှိ ကုန်တိုက်သို့သာ လှည့်ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဤဘက်ခေတ်ကာလ၌ အိမ်ထောင်ပြုပြီးသား အမျိုးသား၊ အမျိုးသမီးများသည်က ဝတ်စုံပြည့်ဝတ်သည်ကို ပို၍ခေတ်စားသော်လည်း ကျန်းကျန်းသည်ကား စကတ်နှင့်မှ ပို၍ကြည့်ကောင်းသည်ဟု ထင်နေဆဲပင်။

သူသူနှစ်ဦး တစ်နေ့လည်လုံး လှည့်ပတ်၍ ကြည့်နေခဲ့ကြကာ နောက်ဆုံး၌ နီရဲသည့်ဝတ်စုံတစ်ထည်နှင့် အရောင်နုသည့် ပဝါလေးတစ်ခုကို ရွေးလိုက်ကြသည်။ ၎င်းသည်ကား ပွဲလမ်းသဘင်ဆန်၍ တက်ကြွမှုများအပြည့်နှင့် လှပနေခဲ့သည်။

ရိုမန်တစ်ဆန်သည့် ဖယောင်းတိုင်မီးညစာစား၍ အိမ်ပြန်ရောက်သည့်အခါတွင် ည ၉ နာရီ ရှိနေပြီ ဖြစ်သည်။

ကားသည်က လီမိသားစုအိမ်အပြင်၌ ရပ်သွားခဲ့ကာ ရှီကျွင့်ကျဲက ကားထဲမှ ဆင်း၍ ကျန်းကျန်းအတွက် ကားတံခါးဖွင့်ပေးရင်း သူမအား မချင့်မရဲ ကြည့်နေသည်။

“ရုတ်တရက်တော့ စက်တင်ဘာလကုန်ကျမှ လက်ထပ်ရတာက နည်းနည်းလောက် နောက်ကျလွန်းသေးတယ်လို့ ခံစားရတယ်၊ မနက်ဖြန်သာ လက်ထပ်လိုက်ရရင် ကောင်းမှာပဲ”

ကျန်းကျန်းက ခြေဖျားထောက်၍ ရှီကျွင့်ကျဲ၏ ပါးကို နမ်းလိုက်သည်။ ပြီးသည့်နောက် သူအား ပြုံးပြလိုက်ကာ ကားထဲသို့ ပြန်တွန်းပို့လိုက်ရင်း ပြောလိုက်သည်ဝ

“ဒီအချိန်က ရှင့်ကို ကျွန်မ ထိန်းချုပ်လို့မရသေးဘူးဆိုတော့ ဒီအချိန်မှာ နောက်ဆုံးတစ်ကြိမ်အနေနဲ့ လူပျိုလူလွတ်ဘဝရဲ့ ပျော်ရွှင်မှုကို ခံစားခွင့်ပြုထားဦးမယ်”

ရှီကျွင့်ကျဲက ကျန်းကျန်း၏ လက်ကို ဆွဲကိုင်ကာ သူ၏နှုတ်ခမ်းကို နည်းနည်းလောက် စူ၍ ပြောလာသည်။

“ဒီနေရာကို နမ်းလည်း ရပါတယ်”

သူက တတ်နိုင်သမျှ ချစ်စရာကောင်းအောင် လုပ်ပြနေခခဲ့သည်။ ကျန်းကျန်းလည်း ပြုံးလိုက်ပြီး သူ့ကို ငုံ့နမ်းလိုက်သည့်အခါ ရှီကျွင်းကျဲသည်လည်း စိတ်ကျေနပ်စွာဖြင့် ကျန်းကျန်း၏ လက်ကို လွှတ်ပေးလိုက်သည်။

ကျန်းကျန်း ရှီကျွင်းကျဲအား လက်ပြနှုတ်ဆက်၍ သီချင်းတအေးအေးဖြင့် အရှေ့ဘက်အိမ်ထဲသို့ ပြေးဝင်သွားခဲ့သည်။

မဒမ်လီ၊ ဝမ်စုဖန်းနှင့် အခြားသူများမွာ ပုံမှန်အားဖြင့် ည ၈ နာရီ၌ အိပ်ရာဝင်တတ်သူများဖြစ်သော်လည်း ကျန်းကျန်းတစ်ယေခက် အရှေ့ဘက်အိမ်ထဲသို့ ရောက်မှ မဒမ်လီ၏ အိမ်၌ မီးများဖွင့်ထားဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။

မဒမ်လီက ပြတင်းပေါက်အောက်၌ ထိုင်၍ ငိုက်မျဥ်းနေခဲ့ကာ ရုတ်တရက် ခေါင်းငုံ့ကျသွားသည့်အတွက် လန့်နိုးသွားသည်။

သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ကျန်းကျန်းက ခြံထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။ မဒမ်လီက အလျင်အမြန် တံခါးဖွင့်၍ အော်ခေါ်လိုက်သည်။

“ဘာလို့ ခုမှပြန်လာတာလဲ၊ မြန်မြန်လာပါဦး”

ကျန်းကျန်းသည် မဒမ်လီအား အပြုံးဖြင့်ကြည့်ရင်း ပြောလိုက်သည်။

“အဖွား မအိပ်သေးဘူးလား”

“မင်းက ညသန်းခေါင်ကြီးအထိ မပြန်လာသေးတာကို ငါက ဘယ်လိုအိပ်နိုင်မလဲ”

မဒမ်လီက သမ်းဝေရင်း ပြောလိုက်သည်။

“မင်း အခန်းထဲကို မြန်မြန်ဝင်ခဲ့၊ ငါ မင်းကို မေးစရာရှိတယ်”

“ကောင်းပြီ၊ ပစ္စည်းတွေကို အိမ်ထဲမှာ အရင်ထားလိုက်ဦးမယ်”

ကျန်းကျန်း၏ လက်၌ရှိသည့် နှင်းဆီပန်းများသည်ကား ကျန်းကျန်း အထဲကိုဝင်သွားကတည်းက ပျောက်ကွယ်သွားခဲ့သည်။ ကျန်းကျန်းသည်ကား အိမ်ထဲဝင်သည့်အခါတွင် နှင်းဆီပန်းများစွာကို ထားစရာမရှိသည့်အတွက် ယာယီအားဖြင့် နေရာလွတ်၌ အရင်ထားလိုက်ရသည်။

ကျန်းကျန်း ဧည့်ခန်းထဲဝင်သည့်အခါတွင် မဒမ်လီသည် ရေခွက်ကို ကိုင်၍ ရေငှဲ့နေခဲ့သည်။ ကျန်းကျန်းကို မြင်သည့်အခါ သူမ အိပ်သည့်အခန်းထဲသို့ အတင်းဆွဲခေါ်သွား၍ မစောင့်နိုင်တော့ဘဲ မေးလိုက်သည်။

“မင်းနဲ့ ရှီကျွင့်ကျဲ မင်္ဂလာဆောင်ရက် သတ်မှတ်ပြီးပြီလား”

“သတ်မှတ်ပြီးပါပြီ”

ကျန်းကျန်းသည် မဒမ်လီနှင့် ဝမ်စုဖန်းကို ကုတင်ပေါ်၌ ထိုင်ခိုင်း၍ သူမသည့် ဘေးက ကုလားထိုင်၌ ထိုင်လိုက်သည်။

“စက်တင်ဘာ ၂၆ ရက်၊ တရုတ်ပြက္ကဒိန်ကတော့ ရှစ်လပိုင်း ဆယ်ရက် တနင်္ဂနွေနေ့ပါ”

မဒမ်လီနှင့် ဝမ်စုဖန်းတို့သည်ကား ဤနေ့ကို ကြားလိုက်သည့်အခါ အမှတ်တကယ်ပင် ရယ်မောလိုက်မိကြသည်။

“ကောင်းတဲ့ရက်ပဲ၊ ဂဏန်းတွေကစုံတွေချည်းပဲ”

“ဟုတ်တယ်၊ ငါတို့ ဒါကိုကြားတော့ စိတ်အေးသွားပြီ၊ ကျန်းကျန်း အခန်းထဲပြန်ပြီး အိပ်တော့ဘေ”

ကျန်းကျန်းသည် ပြောရင်း ထရပ်၍ ထွက်သွားတော့မည်ကို မြင်လျှင် မဒမ်လီသည် အလျင်အမြန် ဆွဲထား၍ အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ရှီကျွင့်ကျဲ ဒီနေ့ မင်းကို လက်ထပ်ခွင့် တောင်းလိုက်တာလား”

ကျန်းကျန်းက မဒမ်လီအား ပြုံးပြုံးလေးကြည့်ရင်း လက်မထောင်ပြ၍ ပြောလိုက်သည်။

“အဘွား၊ အဘွား ရုပ်မြင်သံကြားကြည့်တာ အလကားမဖြစ်ဘူးပဲ၊ လက်ထပ်ခွင့်တောင်းတာကိုတောင် သိနေပြီ”

“တော်တော့၊ ဒါက ရုပ်မြင်သံကြားမှာ ပြတာမဟုတ်ဘူး”

မဒမ်လီသည် မျက်လုံးလှန်ကြည့်ရင်းမေးလိုက်သည်။

“မင်းရဲ့ယောက္ခမ ပြောတာ ငါကြားတယ်၊ ဘာလဲ၊ ရှီကျွင့်ကျဲ တကယ် ဒူးထောက်လိုက်တာလား”

နေ့ခင်းဘက်မှ မြင်ကွင်းကို စဉ်းစားမိသည့်အခါ ကျန်းကျန်း၏ မျက်နှာပေါ်မှ အပြုံးကို ဖုံးကွယ်၍မရတော့ပါချေ။ သူမ၏ရှေ့၌ သူမအား ကြည့်နေသည့် မျက်လုံးနှစ်စုံကို ကြည့်၍ ခဏတာ ရှက်ရွံ့သွားသည်။

“အဖွား၊ ဘာလို့ အကုန်မေးနေရတာလဲ၊ ရှက်ဖို့မကောင်းဘူးလား”

“ဒါဆို ဒူးထောက်တာပဲပေါ့”

မဒမ်လီသည် ခေါင်းကို ခိုင်ခိုင်မာမာ ငြိမ့်လိုက်၍ ဝမ်စုဖန်းအား လှည့်၍ တီးတိုးပြောလိုက်သည်။

“ဒီ တော်ဝင်မြို့တော်က လူတွေက ငါတို့နေရာလေးကလူတွေနဲ့ တကယ်မတူဘူး၊ မင်းပြောကြည့်၊ ငါတို့တွေဘက်မှာဆိုရင် ဒါမျိုးကို ထားလိုက်ဦး၊ လူကြီးတွေက သူတို့ချွေးမကို ဆိုးဆိုးရွားရွား ဆက်ဆံရင်တောင် အရှက်မရကြပါဘူး၊

ဒီမှာတော့ မင်္ဂလာမဆောင်ခင်တည်းက ဒူးထောက်နေပြီ၊ သူမရဲ့ ယောက္ခမကလည်း ဒါကို ပျော်နေပုံရတယ်”

*

All Chapters