← Chapters

အခန်း (၂၉၄)

Vol. 30 Ch. 294

အခန်း (၂၉၄)

Vol. 30 Ch. 294

စက်ဘီးရပ်နားရာ အောက်ထပ်သို့ ရောက်သော် ကျန်းကျန်းက ကျောပိုးအိတ်ကို ချွတ်၍ ဒါရိုက်တာ ယွီ ပေးထားသည့် စာရွက်ကို ထုတ်လိုက်သည်။

ထိုစာရွက်ထဲတွင် အစိုးရပိုင်လုပ်ငန်းကြီးငါးခုနှင့် ပုဂ္ဂလိကလုပ်ငန်းငါးခုကို ရေးသားထားခဲ့လေသည်။ ကျိန်းသေပေါက် ထျန်းတာ့ ပရိဘောဂစက်ရုံသည်က ထိပ်ဆုံး၌ ထင်ထင်ရှားရှား ပါဝင်နေသည်ကို တွေ့မြင်နိုင်ပေသည်။

ကျန်းကျန်းက သူမ၏ အမည်အောက်မှ ပရိဘောဂစက်ရုံအမည်ကို မျက်နှာမသာယာစွာ ကြည့်၍ တခြားသောကုမ္ပဏီများဆီသို့ အရင်ဆုံးသွားကာ အင်တာဗျူးရန် ဆုံးဖြတ်လိုက်သည်။

သူမ၏ စိတ်နှင့် တော်ဝင်တက္ကသိုလ်ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော် ကုမ္ပဏီများစွာ၏ တည်နေရာများက သူမ၏စိတ်ထဲ၌ ပေါ်လာခဲ့လေသည်။

ကျန်းကျန်းက အစိုးရပိုင် အဝတ်အထည်စက်ရုံကို အရင်ဆုံးသွားပြီးမှ အစားအသောက်စက်ရုံသို့ သွားမည်၊ နောက်ဆုံးမှ ထျန်းတာ့ ပရိဘောဂစက်ရုံသို့ ဝင်၍ ပြန်လာမည်ဟု ဆုံးဖြတ်ချက်ချလိုက်လေ၏။

ကျန်းကျန်းက စာရွက်ကို အိတ်ထဲသို့ ပြန်ထည့်ထည့်လိုက်သည်။ ထို့နောက် သူမ၏ အသိစိတ်ဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ကာ တခြား မည်သူမှ သတိမထားမိသည်ကို မြင်လျှင် အေးမြစေသည့် ဦးထုပ်တစ်လုံးကို သူမ၏နေရာလွတ်အတွင်းမှ အမြန်ထုတ်လိုက်ပြီး ခေါင်းပေါ်တွင်ဆောင်းလိုက်သည်။

ထို့နောက်တွင် စက်ဘီးကို တွန်းထုတ်လိုက်ပြီး ကျန်းကျန်းက သူမ၏ ရှည်လျားသောခြေတံရှည်များနှင့် စက်ဘီးပေါ်သိုး တက်လိုက်ကာ တော်ဝင်တက္ကသိုလ်နယ်မြေအတွင်းမှ ရှေးဟောင်းအစိုးရပိုင်လုပ်ငန်းဖြစ်သည့် ပြည်သူ့အဝတ်အထည်စက်ရုံသို့ စိတ်လှုပ်ရှားစွာဖြင့် တိုက်ရိုက်သွားလိုက်လေတော့သည်။

ပြည်သူ့အဝတ်အထည်စက်ရုံကလည်း အချိန်ကြာမြင့်စွာကတည်းက တည်ထောင်ထားခဲ့သော အစိုးရပိုင်လုပ်ငန်းတစ်ခု ဖြစ်ပေသည်။

တော်ဝင်တက္ကသိုလ်မှ လူများ ဝတ်ဆင်ကြလေ့ရှိသည့် ပင်လယ်ရေကြောင်းဝတ်စုံနှင့် စိမ်းလန်းသည့် စစ်ဝတ်စုံများက ဤအဝတ်အထည်စက်ရုံမှ ထုတ်လုပ်သည့် အဝတ်အထည်များသာ ဖြစ်ကြသည်။

သို့သော်လည်း ပြုပြင်ပြောင်းလဲရေးခေတ်နှင့် ပွင့်လင်းလာပြီးနောက် လူများစွာ၏ အဝတ်အထည်များ ဝတ်စားဆင်ယင်သည့် ဒီဇိုင်းက များစွာ ပြောင်းလဲသွားခဲ့ပေပြီ။

မူလတုန်းက အလွန်ထုတ်လုပ်မှုမြင့်မားခဲ့သည့် ရိုးရှင်းသောအပြာရောင်နှင့် မီးခိုးရောင် အဝတ်အထည်များက လူများ၏ ဝယ်လိုအားကို မဆွဲဆောင်နိုင်တော့ပါချေ။

လူငယ်များက အရောင်အသွေးပိုစုံလင်သည့် အဝတ်အထည်များကို ပိုမို၍ နှစ်သက်သဘောကျလာကြသည်။

ထို့အပြင် ခေတ်ပေါ် ရုပ်ရှင်များထဲမှ ဇာတ်လိုက်၊ ဇာတ်လိုက်မတိုးနှင့် ဆင်တူသည့် အဝတ်အ၀ားများကို ဝတ်ဆင်၍ အပြင်သို့ထွက်သွားမည်ဆိုပါက ပိုမို၍ လှပသည့် မြင်ကွင်းတစ်ခု ဖြစ်လာမည်မှာ ကျိန်းသေသည်မဟုတ်ပါလား။

မိနစ် ၂၀ ခန့်အကြာ၌ ကျန်းကျန်းက ပြည်သူ့အဝတ်အထည်စက်ရုံသို့ ရောက်ရှိလာခဲ့သည်။

တံခါး ဂိတ်မှ ဦးလေးကြီးက သူမ၏ကိုယ်ပေါ်မှ ဆန်းသစ်သော အဝတ်အစားများကို မြင်သောအခါ မေးစရာ မေးခွန်းများစွာ ပေါ်လာသည့်ပုံရသည်။

“ဘာလာလုပ်တာလဲ၊ ဘယ်သူ့ကို ရှာတာလဲ”

“မင်္ဂလာပါ ဦးလေး”

ကျန်းကျန်းက သူမ၏ ယာယီအလုပ်လုပ်ကိုင်ခွင့်ကတ်ကို ထုတ်ပြသည်။

“ကျွန်မက ဟွားကော်သတင်းဌာနက သတင်းထောက် လီမင်ကျန်း ပါ၊ အခု ကျွန်မက ဒီစက်ရုံရဲ့မန်နေဂျာကို အင်တာဗျူးချင်လို့ ရောက်လာတာဖြစ်ပါတယ်။ အဆင်ပြေနိုင်လောက်မလား”

တံခါးစောင့်သည့် ဂိတ်မှ ဦးလေးသည်ကား စက်ရုံမန်နေဂျာမှ အင်တာဗျူးရန်အတွက် အဆင်ပြေ၊မပြေသည်ကို မသိသော်လည်း ဟွားကော်သတင်းဌာနမှ သတင်းထောက်များကို လျစ်လျူရှု၍ မရသည်ကိုတော့ သေချာပေါက် သိထားသည်။

ဤသည်က တရုတ်နိုင်ငံ၏ အရေးအကြီးဆုံးဆုံးသော သတင်းစာပင် ဖြစ်ချေသည်။

သို့နှင့် သူက တံခါးဖွင့်၍ ကျန်းကျန်းအား ဝင်ခွင့်ပြုလိုက်ကာ ပြောလာခဲ့လေ၏။

“မိမ်းကလေး၊ မင်းက ငယ်ငယ်လေးနဲ့ သတင်းထောက်တောင်ဖြစ်နေပြီလား ၊ တော်လိုက်တာ”

ကျန်းကျန်းက ပြုံး၍ ကျေးဇူးတင်စကားပြောကာ မန်နေဂျာဖြစ်သူ၏ ရုံးခန်းကို ရှာရန်အတွက် ရုံးအဆောက်အအုံထဲသို့ တိုက်ရိုက်ဝင်သွားခဲ့လေသည်။

ပြည်သူ့အဝတ်အထည်စက်ရုံ၏ ဒါရိုက်တာ စစ်ယန်ရန်က ယခုအချိန်တွင် သူ၏ကိုယ်ပိုင် စားပွဲပ၌ထိုင်နေခဲ့ကာ လစာစာရင်းကို မျက်မှောင်ကြုတ်၍ ကြည့်နေခဲ့သည်။

သူတို့၏ စက်ရုံအတွင်း၌ မရောင်းချရသေးသည့် အဝတ်အထည်များက ထောင်သောင်းများစွာ ပုံနေခဲ့ပြီး ဤသည်က ကြီးမားသော ပြဿနာတစ်ခုအဖြစ် ရှိနေခဲ့သည်။

ကုန်ပစ္စည်းများကို ရောင်းချက် မရှင်းနိုင်ပါက ရန်ပုံငွေများလည် ပြန်မဝင်နိုင်ပါချေ။ တစ်နည်းအားဖြင့် စက်ရုံသည်လည်း ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ဖို့အတွက်မဖြစ်နိုင်တော့ပေ။

ရင်းနှီးမြှပ်နှံထားမှုများက ပြန်မပေါ်လာသည့်အချိန်တွင် အထည်စအသစ်များ ဝယ်ယူရန်အတွက်လည်း ပိုက်ဆံမရှိတော့ပေ။

ဤကဲ့သို့ ဆိုးဝါးလွန်းလှသည့် သံသရာလည်နေသည်ကို တွေ့မြင်သောအခါ စစ်ယန်ရန်တစ်ယောက် မျက်နှာညှိုးငယ်စွာဖြင့် သက်ပြင်းချလိုက်မိတော့သည်။

သူ့လက်ထဲ၌ စက်ရုံက ပိတ်တော့မည်လားဟု မတွေးဘဲ မနေနိုင်တော့ပါချေ

“ဒေါက်... ဒေါက်... ဒေါက်...”

ထိုအခိုက်တွင် တံခါးခေါက်သံကို ကြားရလေသည်။ စစ်ယန်ရန်က လစာစာရင်းကို ဘေးဘက်တွင်ရှိနေသောမှ စာရွက်ပုံပေါ်သို့ တင်လိုက်ပြီး လက်ဖက်ရည်ခွက်ထဲမှ ရေကို တစ်ငုံသောက်လိုက်သည်။

ထို့နောက်မှသာ အော်ပြောလိုက်လေသည်။

“ဝင်လာခဲ့ပါ”

ကျန်းကျန်းက ရုံးခန်းတံခါးကို တွန်းဖွင့်၍ ပြုံး၍ မေးသည်။

“မင်္ဂလာပါ၊ ရှင်က စက်ရုံဒါရိုက်တာများလား”

စစ်ယန်ရန်က ငယ်ရွယ်၍ လှပသည့်၊ ဖက်ရှင်ကျသည့် အမျိုးသမီးတစ်ဦးမှ သူ့အား ရှာနေသည်ကို တွေ့လိုက်ရသောအခါ ချက်ချင်းပင် မျှော်လင့်ချက်အပြည့်နှင့် ထရပ်လိုက်သည်။

“မင်္ဂလာပါ၊ အော်ဒါလာမှာတာလား”

ကျန်းကျန်းက ခဏတာ ကြောင်သွားပြီးမှ ခေါင်းခါလိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်မက ဟွားကော်သတင်းဌာနက သတင်းထောက် လီမင်ကျန်း ပါ၊

ကျွန်မတို့အေဂျင်စီက မကြာခင်မှာ သတင်းလွှာတစ်ခု ထုတ်ချင်တယ်၊ ဒါကြောင့် လုပ်ငန်းတွေရဲ့ လက်ရှိအခြေအနေတွေကို သုတေသနပြုပြီး ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းလာမှုရဲ့ လျင်မြန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအောက်မှာ ဘယ်လိုကုမ္ပဏီမျိုးကမှ ပိုကောင်းအောင် ဖွံ့ဖြိုးတိုးတက်နိုင်မလဲဆိုတာကို ကြည့်ချင်တာပါ”

ဤအဆိုပြုချက်ကို ကြားသော် စစ်ယန်ရန်က ချက်ချင်း မျက်နှာညှိုးသွားသည်ကိုတွေ့လိုက်ရလေသည်။

“ဒါဆို ကျွန်တော်တို့ စက်ရုံက ဆိုးရွားတဲ့ ဥပမာ၊ ဒေဝါလီခံလုနီးနီးအမျိုးအစား ဖြစ်နေပြီ”

ကျန်းကျန်းက ဘောပင်နှင့် စာရွက်ကို ထုတ်ပြီးသား ဖြစ်နေခဲ့ပြီ။

“ခွင့်ပြုပါ၊ အခု လုပ်ငန်းလုပ်ကိုင်တာနဲ့ အရင်က လုပ်ကိုင်တာ ဘာတွေ ကွာခြားတယ်လို့ ထင်ပါသလဲ”

စစ်ယန်ရန်က သူ့ခေါင်းကို ကုတ်လိုက်သည်။

“အရင်ကတော့ ကျွန်တော်တို့က အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း အစိမ်းရောင် စစ်ယူနီဖောင်းနဲ့ လီနင်ယူနီဖောင်းတွေ ထုတ်လုပ်ခဲ့တယ်၊

ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းတွေက တစ်နှစ်ပတ်လုံး ရနိုင်တာဆိုတော့ ရောင်းရမှာ မပူရဘူး၊ ဒါပေမဲ့ အခုတော့ ဘာတွေကို ထုတ်လုပ်ရမလဲဆိုတာကိုတောင် မသိတော့ဘူး၊

ကျွန်တော်တို့ရဲ့ ဂိုဒေါင်ထဲမှာ ပုံနေတဲ့ အဝတ်အထည်အများကြီးရှိနေပေမဲ့ အခုချိန်မှာ တစ်ထည်မှတောင် ရောင်းမထွက်တော့ဘူး၊

အရင်တုန်းက ပူးပေါင်းခဲ့တဲ့ ရောင်းဝယ်ရေးသမဝါယမနဲ့ ဆိုင်တွေတောင်မှ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေကို မဝယ်ချင်တော့ဘူး၊

ဒီအဝတ်အစားတွေရဲ့ အရောင်နဲ့ ပုံစံက ကျောက်နံရံလိုမျိုး ရိုးရှင်းလွန်းတယ်လို့ ပြောကြတယ်၊ ကျွန်တော် နားမလည်ဘူး၊ ဒီလိုအဝတ်တွေကို ဒီလောက်ကြာအောင် ဝတ်လာခဲ့တာပဲလေ၊

လူတိုင်းက ဒီလိုအဝတ်တွေ ဝတ်ရတာကို ဂုဏ်ယူခဲ့ကြတာပဲ၊ အခုကျမှ ဘာလို့ ရိုးရှင်းပြီး ခေတ်မမီတော့ဘူစလို့ ပြောလာကြတာလဲ”

ကျန်းကျန်း ဤကို ကြားလိုက်သည်နှင့် ဤလူ၏ ဦးနှောက်က သူအရင် လက်ခံခဲ့သည့် ပရိဘောဂစက်ရုံ မန်နေဂျာဟောင်းနှင့် ဆင်တူသည်ကို နားလည်လိုက်သည်။

ကြာရှည်စွာ ဖိနှိပ်ခံထားရပြီးနောက်တွင် တစ်စုံတစ်ဦးက သူ့အတွေးများကို နောက်ဆုံးတွင် ထုတ်ဖော်ပြောဆိုခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

ကုမ္ပဏီဒါရိုက်တာက စကားဝိုင်းကို ဖွင့်လိုက်၍ အတိတ်မှ ဂုဏ်ကျက်သရေများမှ ဤနေ့၏ ကျဆုံးခြင်းအထိ သုံးနာရီကြာ စကားပြောကြားပြီး နောက်ဆုံးတွင် ရေငါးခွက် သောက်ပြီးမှ စကားကို ရပ်တန့်လိုက်လေသည်။

ကျန်းကျန်းက ဤအချိန်၌ စာရွက်ဆယ်မျက်နှာကို မှတ်သားပြီးသားဖြစ်နေခဲ့ပြီ။ သူမက သိလိုသည်များနှင့် မသိလိုသည်များကို အခြေခံအားဖြင့် နားလည်သွားပြီဖြစ်သည်။ သို့နှင့် သူမ စာအုပ်ကို ပိတ်လိုက်၍ အပြုံးနှင့် မေးသည်။

“ကျွန်မ ရှင်တို့ရဲ့ ပုံနေတဲ့ အဝတ်အစားတွေကို ကြည့်ဖို့အတွက် အဆင်ပြေမလားမသိဘူး၊”

“ကောင်းပြီ၊ မကြည့်နုက်စရာ ဘာမှမရှိပါဘူး”

စစ်ယန်ရန်က ပျော်ရွှင်စွာ ထရပ်လိုက်သည်။

“ခင်ဗျားတို့ သတင်းထောက်တွေက အဆက်အသွယ်များတော့ ကျွန်တော့်ကို ရောင်းပေးဖို့ ကူညီပေးနိုင်လိမ့်မယ်”

စစ်ယန်ရန်က ကျန်းကျန်းအား ဂိုဒေါင်သို့ ခေါ်သွားသည်။

အထည်အလိပ်များက အထပ်ထပ် ပုံနေသည်များ ရှိနေသည်။ စစ်ယန်ရန်က အထုပ်တစ်ထုပ်ကို ပေါ့ပေါ့ဆဆ ဖွင့်လိုက်၍ တစ်ထည်ကို ထုတ်လိုက်သည်။

“ကျွန်တော်တို့ရဲ့ အဖြူရောင်ရှပ်အင်္ကျီတွေရဲ့ အရည်အသွေးကို ကြည့်ပါဦး။ ဒီအထည်ရဲ့ အရည်အသွေးကို ကြည့်၊ နှစ်ပေါင်းများစွာ ဝတ်လာတာတောင် မပျက်စီးသေးဘူး”

ကျန်းကျန်းက ကြီးမား၍ ပုံစံအချိုးတကျမရှိသည့် ရှပ်အင်္ကျီကို ကြည့်၍ သူအား ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

“စစ်ဝတ်စုံကို ဝတ်တာက ခေတ်မမီတော့ဘူး၊ ရှပ်အင်္ကျီဝတ်တဲ့ မိန်းကလေးတွေတောင် ဒီပုံစံကို မကြိုက်တော့ဘူး”

စစ်ယန်ရန်က သူ့ခေါင်းကို ထပ်ကုတ်လိုက်သည်။ မည်သည်လုပ်ဆောင်ရမည် မသိသည်မှာ သိသာသည်။

ကျန်းကျန်းတစ်ယောက် တရုတ်ပြည်၌ မကြာမီ ထွက်ရှိတော့မည့် ဂျပန်တီဗီဇာတ်လမ်းတွဲ “သွေးသံသယ” ကို သတိရလိုက်သည်။

ထိုအချိန်က ထိုတီဗီဇာတ်လမ်းတွဲက အလွန်နာမည်ကြီး၍ ဆာချီကို ရှပ်အင်္ကျီက ခေတ်စားခဲ့သည်။

အခြေခံအားဖြင့် ငယ်ရွယ်သည့် မိန်းကလေးတိုင်း တစ်ထည်စီ ရှိသည်များ ရှိသည်။

ဆာချီကို ဆံပင်ရှည်များ ဖြတ်၍ ဆာချီကို ဆံပင်ပုံစံ လုပ်ပြီးမှ ကိုယ်တိုင် ခေတ်မီသည်ဟု ပြောဆိုနိုင်သည်များ ရှိလာလိမ့်မည်။

ကျန်းကျန်းက မျက်ခုံးပင့်၍ ပေါ့ပေါ့ဆဆ မေးသည်။

“ဒါရိုက်တာ၊ ရှင်တို့ ရှပ်အင်္ကျီ အသုတ်လိုက်ကို ဘယ်လောက်နဲ့ ရောင်းတာလဲ”

စစ်ယန်ရန်က သက်ပြင်းချလိုက်သည်။

“တစ်ထည် တစ်ယွမ်ပါ၊ တကယ်တော့ ဒီဈေးက သိပ်မများပါဘူး၊ ကျွန်တော်တို့ရဲ့ ရှပ်အင်္ကျီတွေရဲ့ အရည်အသွေးကို ကြည့်လိုက်လ ဒီအထည်ရဲ့ အရည်အသွေးကို ကြည့်၊ နှစ်ပေါင်းများစွာ ဝတ်လာတာတောင် မပျက်စီးသေးဘူး”

ကျန်းကျန်းက ခေါင်းညိတ်လိုက်သည်။ ဤဈေးက တကယ်ပင် မများချေ။ အပြင်၌ ရောင်းသည့် ရှပ်အင်္ကျီများက အနည်းငယ် ကောင်းသည်နှင့် သုံးယွမ်ခန့် ရောင်းချကြသည်များ ရှိသည်။

ရှပ်အင်္ကျီတစ်ထည်ကို ကောက်ကိုင်၍ ကျန်းကျန်းက ခပ်မြန်မြန် တွက်ချက်လိုက်သည်။

“ဒါရိုက်တာ၊ တစ်စုံတစ်ယောက်က ဒီအုပ်လိုက်ကို လိုချင်ပေမယ့် ပုံစံနည်းနည်း ပြောင်းချင်တယ်ဆိုရင် ဘယ်လောက်ထိ ကုန်ကျနိုင်မလဲ”

*

All Chapters