← Chapters

အခန်း (၂၉၆)

Vol. 30 Ch. 296

အခန်း (၂၉၆)

Vol. 30 Ch. 296

စားသောက်ကုန်စက်ရုံကို အင်တာဗျူးပြီးနောက် စက်ရုံထဲမှ ထွက်လာပြီးသည့်အချိန်တွင် ကျန်းကျန်းက စက်ရုံအပြင်ဘက်ရှိ အစားအသောက်ဆိုင်သို့သွားခဲ့ပြန်သည်။

သူမက သူမ အခုလေးတင် မြည်းစမ်းခဲ့ရသည့် အရသာရှိသော မုန့်များကို တစ်ပေါင်ခန့်စီ ဝယ်ယူလိုက်သည်။

နာရီကိုကြည့်သည့်အခါ ၄ နာရီပင် မထိုးသေး။

သို့နှင့် ကျန်းကျန်းက ထျန်းတာ့ပရိဘောဂစက်ရုံဆီသို့ တိုက်ရိုက်သွားလိုက်သည်။ ပရိဘောဂစက်ရုံက စျေးကွက်ကို ဖွင့်လှစ်ပြီးသည့်အချိန်မှစ၍ ကျန်းကျန်းက နောက်ကွယ်မှသာနေ၍ ပရိဘောဂစက်ရုံသို့ သိပ်မလာတော့ပါချေ။

ဤသည်က စွမ်းရန်သယ်၏အပေါ် သူမ၏ယုံကြည်မှုကို ပြသခြင်းဖြစ်သကဲ့သို့ သူမကိုယ်တိုင် စက်ရုံသို့ မကြာခဏသွားလာနေလျှင် စွမ်းရန်သယ်က အရာရာကို သူမဆီမှ ညွှန်ကြားချက်တောင်း၍ အစီရင်ခံရမည်ဖြစ်ပေသည်။

ဤသို့ဆိုပါက စက်ရုံကို စီမံခန့်ခွဲရာ၌ အခက်တွေ့နိုင်သည်။

ယခုသည့်နေ့အချိန်အခါကာလအတွင်းရှိ ပရိဘောဂစက်ရုံသည်ကား သူ ပထမဆုံး တာဝန်ယူသည့်အချိန်တုန်းကထက် ဆယ်ဆကျော်ခန့် ပိုမိုကြီးမားလာခဲ့ပေပြီ။

အလုပ်ရုံတစ်ခုတည်း၌ ရှိနေသည့် လူဦးရေကလည်း ယခင်က စက်ရုံတစ်ခုလုံး၌ရှိသည့် လူဦးရေထက် ပိုများနေခဲ့သည်။

ဤသို့သော အခြေအနေမျိုး၌ပင် အလုပ်သမားများက နေ့တိုင်း ဒူးရားကဲ့သို့ အလုပ်ရှုပ်နေကြရပြီး မှာယူထားသည့် ပုံစံအမျိုးမျိုးသော ပရိဘောဂများကို အဆက်မပြတ် ထုတ်လုပ်နေကြသည်။

ထျန်းတာ့ပရိဘောဂစက်ရုံက တရုတ်ပြည်၌ နာမည်ကြီး ပရိဘောဂအမှတ်တံဆိပ်တစ်ခု ဖြစ်နေခဲ့ပေပြီ။

လက်ရှိတွင် လူငယ်စုံတွဲများ လက်ထပ်သည့်အခါမျိုး၌ ထျန်းတာ့ပရိဘောဂအစုံနှင့် ထျန်းတာ့အမှတ်တံဆိပ် မွေ့ယာတစ်လုံးစီကို ဝယ်ကြလေ့ရှိသည်။

ထိုပရိဘောဂပစ္စည်းများကို ပိုင်ဆိုင်ထားသူများဖြစ်ပါက ပထမတစ်ချက်ကြည့်လိုက်သည်နှင့် တခြားသူများက ထိုမိသားစုက ကောင်းမွန်စွာနေထိုင်၍ ချမ်းသာသည့်ဘဝကို ပိုင်ဆိုင်နေသည်ကို သိထားကြလိမ့်မည်ဟု မှတ်ယူထားခဲ့ကြသည်။

ပရိဘောဂစက်ရုံ၏ တံခါးစောင့်ကို လူငယ်၊ ခွန်အားကြီးသူတစ်ဦးချင်းစီနှင့် အစားထိုးထားခဲ့သည်။

ထိုတံခါးစောင့်များသည်လည်း နောက်မှဝင်လာကြသည့် အလုပ်သမားများစွာကဲ့သို့ပင် နောက်ကွယ်တွင်ရှိနေသည့် ကျန်းကျန်းကို မသိကြပါချေ။

ထိုတံခါးစောင့်လူငယ်လေးက ကျန်းကျန်းတစ်ယောက် တံခါးဝ၌ တံခါးခေါင်းလောင်းတီး၍ ရပ်နေသည်ကိုတွေ့လျှင် အပြင်ထွက်၍ ယဥ်ကျေးစွာ မေးလိုက်သည်။

“မင်္ဂလာပါ၊ ဘယ်သူ့ကို ရှာနေတာများလဲ”

ကျန်းကျန်းက ပြုံးလိုက်ပြီး တစ်ဖက်လူဆီသို့ သူမ၏မှတ်ပုံတင်ကတ်ကို ထုတ်ပေးလိုက်သည်။

“ကျွန်မက ဟွားကော်သတင်းဌာနက သတင်းထောက်ပါ၊ အခု ဒါရိုက်တာ စွမ်းကို အင်တာဗျူးချင်လို့ပါ”

“ကောင်းပါပြီ၊ ခဏစောင့်ပါဦး”

လူငယ်လေးက သူမကို ခဏစောင့်ဆိုင်းစေကာ ဧည့်ခံခန်းသို့ ပြန်သွား၍ အတွင်းပိုင်းသို့ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်လိုက်သည်။ ခဏအကြာ၌ စက်ရုံတံခါးကို ဖွင့်ပေးလိုက်လေသည်။

“ကျွန်တော်တို့ရဲ့ စက်ရုံဒါရိုက်တာ စွမ်းက ခင်ဗျားကို ဖိတ်ခေါ်လိုက်ပါတယ်၊ ရုံးအဆောက်အအုံရဲ့ ပထမထပ်မှာရှိတဲ့ ဒါရိုက်တာရုံးခန်းကို သွားပြီး သူ့ကို ရှာလိုက်ပါ”

လူငယ်လေးက အစမှအဆုံးအထိ အလွန်ယဉ်ကျေးသည်ကို မြင်နိုင်ပေသည်။

ကျန်းကျန်းက တစ်ချက်ကြည့်လိုက်သည်နှင့် အခြေအနေကို အကုန်သိလိုက်နိုင်ခဲ့သည်။ ဤသည်မှာ တံခါးတွင်ရှိနေသည်သ အစောင့်၏ အရည်အသွေးမှ စတင်၍ စက်ရုံ၏ စီမံခန့်ခွဲမှုက အလွန်တင်းကျပ်သည်ကို သိလိုက်ရသည်မဟုတ်ပါလား။

စွမ်းရန်သယ်၏ ရုံးခန်းတံခါးဝဆီသို့ ရောက်လျှင် ကျန်းကျန်းက အခန်းတံခါးကို ခေါက်လိုက်သည်။ စွမ်းရန်သယ်က ဟွားကော်သတင်းဌာနမှ သတင်းထောက်တစ်ဦးက သူ့ထံသို့ လာရောက်အင်တာဗျူးမည်ကို သိထားခဲ့သောကြောင့် ထိုင်နေရာမှ လျှင်မြန်စွာထရပ်၍ ရုံးခန်းတံခါးကို ဖွင့်လိုက်လေသည်။

သူတံခါးကိုဖွင့်လိုက်သည်နှင့် ကျန်းကျန်းတစ်ယောက် အပြင်ဘက်၌ ရပ်နေသည်ကို မြင်လျှင် စွမ်းရန်သယ်က ရုတ်တရက် ပြုံးလိုက်လေသည်။

“ဒါရိုက်တာ ဘာဖြစ်လို့ ရုတ်တရက်ရောက်လာတာလဲ။ ဝင်လာပါဦး၊ အထဲမှာ ထိုင်လေ၊ ခဏလောက်နေရင် ဟွားကော်ရဲ့သတင်းဌာနက သတင်းထောက်တစ်ယောက်က အင်တာဗျူးဖို့ ရောက်လာလိမ့်မယ်၊

အချိန်ကိုက်လောက်ပဲ၊ သူရောက်လာတဲ့အချိန်ကျရင် ခင်ဗျား သတင်းထောက်နဲ့ စကားကောင်းကောင်းပြောလို့ရပြီ”

ကျန်းကျန်းက ပြုံး၍ သူမ၏ အလုပ်မှတ်ပုံတင်ကတ်ကို စားပွဲပေါ်တွင်တင်လိုက်သည်။

“သတင်းထောက်ကို မစောင့်ပါနဲ့တော့၊ ဟွားကော်သတင်းဌာနက ရောက်လာတယ်ဆိုတဲ့ သတင်းထောက်က ကျွန်မပဲ၊ ဒီနေ့ ကျွန်မ ရှင့်ကို အင်တာဗျူးဖို့လာခဲ့တာ”

“ဒါရိုက်တာ ၊မနောက်ပါနဲ့”

စွမ်းရန်သယ်က လက်ဖက်ရည်တစ်ခွက် ဖျော်၍ ကျန်းကျန်း၏ အရှေ့၌ ချပေးလိုက်သည်။

“ကိုယ့်ဘာသာကိုယ် တိုက်ရိုက်အင်တာဗျူးလိုက်လို့ ရနေတာပဲ မဟုတ်ဘူးလား”

ကျန်းကျန်းက လက်ဖက်ရည်တစ်ငုံသောက်၍ တစ်ဖက်လူ၏စကားကိုကြားလျှင် အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

“ရှင်က စက်ရုံမန်နေဂျာလေ၊ ကျွန်မက ဘယ်သူ့ကို အင်တာဗျူးရမှာလဲ၊ အခု ကျွန်မက သတင်းထောက်တစ်ယောက် အဖြစ်နှင့်လာခဲ့တာ၊ ဒါကြောင့် ရှင် ကျွန်မကို ပူးပေါင်းဆောင်ရွက်ပေးရမယ်”

စွမ်းရန်သယ်က ကျန်းကျန်းကို အဲ့သြမင်သက်စွာ ကြည့်လိုက်မိသည်။

“ဒါပေမဲ့ ကျွန်တော်က ခင်ဗျားလောက် ၀က်ရုံရဲ့ အခြေအနေတစ်ခုလုံးကို မထိန်းချုပ်နိုင်ဘူးလေ၊ ဒါရိုက်တာကြောင့်သာ မဟုတ်ဘူးဆိုရင် အခုလိုမျိုး ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊

အခုဆိုရင် တစ်နိုင်ငံလုံးမှာ ပရိဘောဂစက်ရုံတွေ အများကြီးရှိနေပြီ၊ ဒါရိုက်တာကြောင့်သာ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလောက်တိုတောင်းတဲ့အချိန်အတွင်းမှာ စက်ရုံက ထင်ပေါ်လာနိုင်မှာလဲ၊ နောက်ပြီး တစ်နိုင်ငံလုံးမှာရှိနေတဲ့ ပရိဘောဂလုပ်ငန်းတွေရဲ့ ခေါင်းဆောင်ဖြစ်လာနိုင်မှာလဲ”

“ဒါတွေက ရှင် ကောင်းကောင်းလုပ်ခဲ့လို့ပဲလေ”

ကျန်းကျန်းက ပြုံးလိုက်သည်။

“ကောင်းပြီ၊ အင်တာဗျူးအကြောင်းကို နောက်မှ ပြောကြတာပေါ့၊ အခုလောလောဆယ် ရှောင်ဝမ်ကို အရင်ဆုံး ခေါ်လိုက်ပါ၊ ကျွန်မမှာ ကိုယ်ပိုင်ကိစ္စတစ်ခုရှိလို့ သူ့ကို အကူအညီတောင်းချင်လို့”

ရှောင်ဝမ်၏ နာမည်ရင်းသည်က ဝမ်ရှင်းဝမ့်ဖြစ်ချေသည်။

သူ၏အသက်ငယ်ရွယ်သေးသည်ကိုသာ မကြည့်သင့်ပါချေ။ သူသည်က ဝေါတန်တက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှု ဘာသာရပ်ကို အလေးအနက်ထား သင်ယူခဲ့သည့် ကျောင်းသားတစ်ဦးသာဖြစ်ပေသည်။

သူ ကောလိပ်ပြီးသည့်အချိန်တွင် သူ၏ဖခင်က သူ၏ဘိုးဘွားစဉ်ဆက်ကို အသိအမှတ်ပြုသည့်အနေဖြင့် ပြည်ပတွင် နေထိုင်ခြင်းမရှိဘဲ တော်ဝင်မြို့တော်သို့ ပြန်ခေါ်ခဲ့သည်။

ရှီကျွင့်ကျဲမှ သူ၏ဖခင်က ဤသည့်လူတစ်ဦးအကြောင်း ပြောသည်ကို ကြားလျှင် ချက်ချင်းပင် ကျန်းကျန်းထံတွင် သူ့ကို အကြံပြုခဲ့သည်။

ကျန်းကျန်း၌ ဤသောသို့ စီမံခန့်ခွဲမှုအရည်အချင်းရှိသူများ နည်းပါးနေသည့်အတွက် ဝမ်ရှင်းဝမ့်ကို စွမ်းရန်သယ်၏ လက်ထောက်အဖြစ် မြင့်မားသည့်လစာများကို ပေးအပ်ကာ ဖိတ်ခေါ်ခဲ့ချေသည်။

သူသည်က စက်ရုံအတွင်း၌ တစ်နှစ်တာအချိန်မျှ အဆင်ပြေစွာ လုပ်ဆောင်ပြီးနောက်တွင် စွမ်းရန်သယ်အတွက် များစွာ သက်သာလာခဲ့သည်။

သူရှိနေသည့်အတွက် စွမ်းရန်သယ်က အခြေအနေတစ်ခုလုံးကို ထိန်းချုပ်သည့်အပြင် နည်းပညာပိုင်းဆိုင်ရာ ထိန်းချုပ်မှု၏ အပေါ် ပိုမို အာရုံစိုက်လာနိုင်ခဲ့သည်။

ထို့ကြောင့် ပြင်ပညှိနှိုင်းမှုနှင့် အတွင်းပိုင်းစီမံခန့်ခွဲမှုကမူ အခြေခံအားဖြင့် ဝမ်ရှင်းဝမ့် တာဝန်ယူနိုင်ရန်အတွက် လွှဲအပ်ထားခဲ့သည်။

ဝမ်ရှင်းဝမ့်၏ ရုံးခန်းက ဘေးခန်း၌သာ ရှိနေခဲ့သည်။

ထို့ကြောင့် စွမ်းရန်သယ်က သူအား အတွင်းဖုန်းလိုင်းနှင့် ခေါ်ဆိုလိုက်သည့်အချိန်တွင် ကျန်းကျန်းက တစ်ဖက်လူကို ချက်ချင်းပင် တန်းမတ်စွာပြောလိုက်သည်။

“မနက်တုန်းက ကျွမ်မ ပြည်သူ့အဝတ်အထည်စက်ရုံကို အင်တာဗျူးဖို့အတွက် သွားခဲ့တယ်၊ လက်ရှိမှာ သူတို့ လုပ်ငန်းရဲ့ ကုန်ပစ္စည်းတွေက အမျာ့ကြီး ပုံအောနေပြီးတော့ စက်ရုံရဲ့အခြေအနေကလည်း အရမ်းဆိုးရွားနေတာကို တွေ့ခဲ့ရတယ်၊

ဒါက စက်ရုံရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်နေတယ် ၊ ဒါကြောင့် ကျွန်မ သူတို့ဆီမှာရှိတဲ့ အင်္ကျီတွေကို ပုံစံအသစ်တွေ ပြောင်းခိုင်းဖို့ စီစဉ်ထားတယ်၊

ရှင် သူတို့ဆီကိုသွားဖို့စီစဥ်လိုက်ကါ၊ ပြီးရင် သူတို့နှင့် စာချုပ်ညှိနှိုင်းပြီး စပေါ်ငွေ တိုက်ရိုက်ပေးချေဖို့အတွက် ကူညီပေးပါ”

ကျန်းကျန်းက သူ၏ကိုယ်ပိုင်ကိစ္စဟု ပြောသော်လည်း ဝမ်ရှင်းဝမ့်၏ ပညာရှင်ရောဂါကမူ စာချုပ်စာတမ်းများကို သတိလက်လွတ်နှင့် ပေါ့ပေါတန်တန် ချုပ်ဆိုရန် ခွင့်မပြုနိုင်ပါချေ။

သူက ကျန်းကျန်း၏ ရှေ့တွင် ထိုင်လိုက်ကာ မှတ်စုစာအုပ်ကို ထုတ်ယူလိုက်ပြီး အလေးအနက်ထား၍ မေးမြေးလိုက်သည်။

“ဥက္ကဋ္ဌက ဘယ်လိုပုံစံမျိုးကို ပြောင်းချင်တာလဲ၊ အဲဒီရှပ်အင်္ကျီတွေက စျေးကွက်ကို ဖမ်းဆုပ်နိုင်ဖို့အတွက် အဆင်ပြေလောက်မလား၊ ပို့ဆောင်ဖို့ ဘယ်လောက်ကြာမလဲ၊ ဘယ်လိုဈေးနှုန်းနဲ့ ပြောထားတာလဲ”

ကျန်းကျန်းက ဤလူငယ်၏ ယခုကဲ့သို့ပညာရှင်ဆန်သည့်အခြေအနေများကို နှစ်ခြိုက်သဘောကျသည်။

သို့နှင့် သူမက အခြေအနေများကို ရှင်းပြလိုက်သည်။

“ကျွန်မ ကျောင်းရဲ့ ရုပ်ရှင်ပြခန်းမှာ ဂျပန်ရုပာရီင်ဒရာမာဖြစ်တဲ့ ‘သွေးသံသယ’ ကို ကြည့်ဖူးတယ်၊

အရင်နှစ်တွေတုန်းက လူတွေက ရုပ်ရှင်နဲ့ တီဗီရှိုးတွေက ဇာတ်ဆောင်တွေရဲ့ ဝတ်စုံတွေကို အတုယူဝတ်ဆင်ကြတယ်၊

ဒါကြောင့် ကျွန်မတွေးထားတာ၊ အဲဒီဇာတ်ကားထဲက ဇာတ်လိုက်မလေးတွေရဲ့ အဝတ်အစားတွေက လူတွေရဲ့ အာရုံစိုက်မှုကို ခံရမှာ သေချာတယ်၊

ဒါကြောင့် သူမရဲ့ဝတ်စုံနှင့် ပုံစံတူ အဝတ်အစားတွေ အရင်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်၊ တီဗီစီးရီး ရေပန်းစားလာတဲ့အချိန်ကျရင် ကျွန်မက အရင်ဆုံး ဦးစီးပြီး နေရာယူထားမယ်ဆိုရင် ငွေအများကြီးရမှာ သေချာတယ်”

ဝမ်ရှင်းဝမ့်က ပြန်မေးသည်။

“တီဗီစီးရီး ထွက်လာပြီးမှ ဆိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမှာလား”

“ဒီလောက်ထိ မရှုပ်ထွေးပါနဲ့”

ကျန်းကျန်းက ပြန်ဖြေသည်။

“ကျွန်မဆီမှာ အဝတ်အထည်ဆိုင်တွေ အများကြီးရှိတယ်၊ အထည် ၁၀,၀၀၀ လောက်ရမယ်ဆိုရင်တောင် ကျွန်မအတွက်တော့ ရောင်းဖို့ မလောက်ဘူးလို့ ခန့်မှန်းတယ်၊ ဒီအထည်တွေက တခြားအဝတ်အစားတွေရဲ့ ရောင်းအားကိုလည်း မြှင့်တင်ပေးနိုင်တယ်”

ဝမ်ရှင်းဝမ့်သည်ကား ပြည်တွင်း အဝတ်အထည်လုပ်ငန်းအကြောင်းများကို သိပ်ပြီး မသိသော်လည်း သူက တစ်ခုမှ တစ်ခုကို ခန့်မှန်းနိုင်သည်။

“ပြည်တွင်းမှာရီိနေတဲ့ လူတွေက နာမည်ကြီးတွေရဲ့ အရှိန်အဝါကို လိုက်လံအားပေးတာဆိုရင်၊ ကျွန်တော်တို့တွေက အဲဒီစက်ရုံကို တိုက်ရိုက် ဝယ်လိုက်တာ ပိုကောင်းတာမဟုတ်ဘူးလား၊

နောင်ဆိုရင် ခေတ်ရေစီးကြောင်းကို လိုက်မိရင် အမြတ်အစွန်းရမှာ သေချာတယ်၊ ဘာလို့ အခုလိုမျိုး စာချုပ်ချုပ်ထားပြီး သူတို့ကို တစ်စိတ်တစ်ပိုင်း ခွဲပေးရမှာလဲ”

ကျန်းကျန်းက ပြုံး၍ မျက်လုံးလှန်လိုက်လေသည်။

“မင်းက အတော်လေးကြမ်းတမ်းတဲ့ နိုင်လိုမင်းထက်CEOတစ်ယောက် ဖြစ်လာနိုင်ခြေရှိနေတာပဲ၊ စက်ရုံကို ဝယ်ပစ်မယ်တဲ့လား”

ဝမ်ရှင်းဝမ့်၏ မျက်နှာက ရှုပ်ထွေးနေသည်ကို မြင်လျှင် ကျန်းကျန်းက လျှင်မြန်စွာ ပြောလိုက်သည်။

“ကျွန်မ ရှင့်ကို နောက်တာပါ၊ အဓိကကတော့ အဲဒီစက်ရုံက နိုင်ငံပိုင်လုပ်ငန်းလေ၊ အစိုးရနဲ့ ညှိနှိုင်းပြီး ဝယ်ယူတဲ့ လုပ်ငန်းစဉ်တွေ ဖြတ်သန်းရရင် တခြားသူတွေက အရင်ဦးစီးသွားလိမ့်မယ်၊

ဒီတစ်ခါတော့ သူတို့ကို ပစ္စည်းဖြည့်ဆည်းပေးဖို့ စာချုပ်ချုပ်မယ်၊ မင်းအနေနဲ့ နောင်အနာဂတ်မှာ သင့်တော်တဲ့စက်ရုံရှိရင် ဝယ်ယူဖို့ စဉ်းစားလို့ရအောင် ကျွန်မကို ကူညီပြီး စောင့်ကြည့်ပေးပါ”

ဝမ်ရှင်းဝမ့်က ချက်ချင်းထရပ်၍ ပြောလိုက်သည်။

“ဥက္ကဋ္ဌ၊ စိတ်မပူပါနဲ့၊ ကျွန်တော် တာဝန်ကျေအောင် လုပ်ပါ့မယ်”

*

All Chapters