အခန်း (၂၉၈)
Vol. 30 Ch. 298
ဝေ့ယွီကျင်းတစ်ယောက် သူမ၏ လက်ကို ဆန့်ထုတ်၍ ကျန်းကျန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
ကျန်းကျန်းအနေဖြင့် ဝေ့ယွီကျင်း ထပ်မံငိုတော့မလို ဖြစ်နေသည်ကို မြင်သည့်အခါ ပြုံး၍ အလျင်အမြန် ပြုံးကာ နှစ်သိမ့်စကားပြောလိုက်ရလေသည်။
“အစ်မယွီကျင်း၊ ဒီဒါရိုက်တာစွမ်းနဲ့ ကျွန်မရဲ့မိသားစုက ရင်းနှီးတဲ့သူငယ်ချင်းတွေပါ၊
ဒီလိုသာ မဟုတ်ရင် ကျွန်မ မနက်ကတည်းက အစ်မနှင့် ဒီလိုအကြောင်းအရာမျိုးကို ကစားရဲမှာ မဟုတ်ဘူး၊ အခု ကိစ္စတွေအားလုံးလည်း ပြီးသွားပြီဆိုတော့ အိမ်ကိုပြန်ပြီး မြန်မြန်ဖုန်းဆက်လိုက်လေ၊ အစ်မရဲ့ ခင်ပွန်းသည်ကို လာခိုင်းလိုက်ပါ”
စွမ်းရန်သယ်က အံဆွဲအတွင်းမှ သော့အစည်းတစ်စည်းကို ထုတ်ယူလိုက်သည်။
“မင်ကျန်း ခုနကပြောသွားတာက မင်းတို့မိသားစုထဲမှာ နေဖို့အတွက် နေရာမရှိဘူးဆို၊
အခု စက်ရုံကနေ ဝယ်ထားတဲ့ အိမ်အလွတ်တစ်လုံးရှိတယ်၊ အရင်ဆုံး မင်းတို့ကို ငှားပေးထားလို့ရတယ်၊ ဒါပေမဲ့ မင်းရဲ့ ခင်ပွန်းသည်ရောက်ရင် တခြားဝန်ထမ်းတွေနဲ့ မပြောပြဖို့ မမေ့ပါနဲ့၊
အခုက စက်ရုံဌာနအတွင်းပိုင်းမှာ သြဇာလွှမ်းမိုးမှုတွေက အတင်းအဖြင်းတွေထွက်လာရင် မကောင်းဘူး”
“စိတ်မပူပါနဲ့၊ ကျွန်မတို့တွေ ပါးစပ် လုံပါတယ်၊ ဒီလိုမျိုးပေးလာတာကကို ရှင့်ကို တော်တော်လေး ဒုက္ခပေးမိနေပါပြီ”
ဝေ့ယွီကျင်းက ထရပ်၍ စွမ်းရန်သယ်ကို ခါးညွတ်အရိုအသေပြုလိုက်သည်။ စွမ်းရန်သယ်က အလျင်အမြန် ပြောလိုက်လေသည်။
“ကြိုဆိုပါတယ်၊ ပြောရရင် မင်းက အပြင်လူမဟုတ်ပါဘူး၊ ဒါကြောင့် အရေးတယူပြောနေစရာမလိုဘူး၊ အခုက အချိန်လည်း သိပ်ပြီးစောတာ မဟုတ်တော့ဘူး။ အခု အချိန်ရတုန်းလေး အိမ်ကို ခပ်စောစောသွားကြည့်ကြရအောင်”
ဤအိမ်သည်က စက်ရုံနှင့် လမ်းနှစ်သွယ်သာ ကွာဝေးသည်။ ခြံတံခါးမှာ လမ်းဘက်သို့ မျက်နှာမူထားပြီး ခြံတံခါးနှင့် မျက်နှာချင်းဆိုင်တွင် အိမ်ကြီးနှစ်လုံးရှိသည်။
ခြံတစ်ဖက်သည်က မီးဖိုချောင်ဖြစ်ပြီး တခြားတစ်ဖက်သည် ဂိုဒေါင် တစ်ခုဖြစ်ပေသည်။
စွမ်းရန်သယ်က တံခါးကို ဖွင့်လိုက်သည့်အခါ ကျန်းကျန်းသည်လည်း ဝေ့ယွီကျင်းကို ခေါ်ဆောင်၍ အတွင်းသို့ ဝင်ရောက်လိုက်ရာ အပြင်ဘက်အခန်းသည် ဗလာနတ္တိဖြစ်နေပြီး ဆိုဖာများ၊ ကော်ဖီစားပွဲများနှင့် ထမင်းစားပွဲများသာ ရှိသည်ကို တွေ့ရသည်။
အတွင်းခန်းသည် Suite တစ်ခန်းဖြစ်ပြီး တစ်ယောက်အိပ်ကုတင်နှင့် ကုတင်ဘေးစားပွဲတစ်လုံး ပါဝင်ပြီး အပြင်ဘက်အခန်းတွင်မူ အဝတ်ဗီရိုကြီးတစ်လုံး၊ စာအုပ်စင်တစ်ခုနှင့် ပြတင်းပေါက်အနီး၌ စာရေးစားပွဲတစ်ခု ရှိသည်။
ဤအရာများသည်က စွမ်းရန်သယ်မှ ဝမ်ရှင်းကျယ်အတွက် ဤနေရာ၌ နေထိုင်စဉ်က စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
စွမ်းရန်သယ် ဝေ့ယွီကျင်းကို သော့ပေးလိုက်သည်။
“စက်ရုံရဲ့စည်းကမ်းချက်အရ အဆောင်ကိုတော့ သုံးနှစ်အရင်ဆုံး နေရပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာလည်း နေစရာအိမ်မရှိသေးဘူးဆိုရင်တော့ ထပ်တိုးသက်တမ်းတောင်းခံလို့ရပါတယ်၊ မင်းရဲ့ခင်ပွန်းသည်က အလုပ်ဝင်လာပြီးရင် ကျွန်တော့်နဲ့အတူ လုပ်ထုံးလုပ်နည်းတွေ သွားလုပ်လို့ရပါပြီ”
ဤကျယ်ဝန်းသည့် အိမ်ကို မြင်သည့်အခါ ဝေ့ယွီကျင်း၏ မျက်လုံးများ နီရဲလာပြီး ကျန်းကျန်းကို စိတ်လှုပ်ရှားစွာ ဆွဲကိုင်၍ မည်သို့ပြောရမည်ကို မသိဖြစ်နေသည်။
ကျန်းကျန်းက ပြုံး၍ သူဃမ၏လက်ကို ပုတ်ကာ ခေါင်းကိုလှည့်၍ စွမ်းရန်သယ်ကို မေးလိုက်သည်။
“ဒီအိမ်ထဲမှာ နှစ်ယောက်အိပ်ကုတင်တစ်လုံးလိုသေးတယ်လို့ ထင်တယ်နော်”
စွမ်းရန်သယ်က ခေါင်းညိတ်သည်။
“ကျွန်တော် ထွက်မခင်ကတည်းက ဂိုဒေါင်ကို ပြောထားပြီးပြီ၊ ခဏနေရင် လူလာပြီး သယ်သွားလိမ့်မယ်လို့ ထင်ပါတယ်”
ဝေ့ယွီကျင်းက အလျင်အမြန် ပြောသည်။
“ဒါက စက်ရုံအတွက် တော်တော်လေး ဒုက္ခများနေပါပြီ၊ ကျွန်မတို့လိုအပ်တာကို ဝယ်လို့ရပါတယ်. စက်ရုံက ကုတင်တွေကိုပါ ဘယ်လိုလုပ် တောင်းဆိုနိုင်မှာလဲ”
စွမ်းရန်သယ်က ပြုံး၍ ပြောသည်။
“ဒီလိုလုပ်ပေးတာက မင်းတို့အတွက်ချည်းပဲ မဟုတ်ပါဘူး။ ဌာနရဲ့ အဆောင်မှာနေတဲ့ ဝန်ထမ်းတိုင်းကို ကျွန်တော်တို့ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ ပရိဘောဂတွေ တပ်ဆင်ပေးထားပါတယ်”
ထိုသုံးဦးသည် စကားပြောဆိုနေကြစဉ် လူငယ်လေးဦးသည်က သုံးဘီးဆိုင်ကယ်ဖြင့် နှစ်ယောက်အိပ်ကုတင်နှင့် မွေ့ရာတစ်လုံးကို ဆွဲ၍ ရောက်ရှိလာကြသည်။ စွမ်းရန်သယ်က တပ်ဆင်ရန် ကူညီပေးပြီးမှ ဝေ့ယွီကျင်းကို ပြောလာ၏။
“ ဒါဆို ကျွန်တော် မင်းကို သော့ပေးလိုက်ပြီ ၊ အချိန်ကို လာမယ့်လ ၁ ရက်နေ့အထိ ပေးထားပါ့မယ်။ မင်းရဲ့အမျိုးသားကို စက်ရုံဆီကို တိုက်ရိုက်သွားပြီး အစီရင်ခံလို့ရပါပြီလို့ပြောလိုက်ပါ”
ဝေ့ယွီကျင်းသည်က တော်ဝင်တက္ကသိုလ်၏ သတင်းစာဌာနမှ ဘွဲ့ရခဲ့သည့် ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်သော်လည်း ဤအချိန်၌ သူ၏ကျေးဇူးတင်မှုကို စကားလုံးများဖြင့် မည်သို့ဖော်ပြရမည်ကို မသိရှိဘဲ အလွန်ပင် စိတ်လှုပ်ရှားလွန်း၍ စကားပင် မပြောနိုင်ဖြစ်နေခဲ့သည်။
ဤသို့မြင်သည့်အခါ စွမ်းရန်သယ်က ကျန်းကျန်းနှင့် သူမကို ခေါင်းညိတ်ပြ၍ ဦးစွာ ထွက်ခွာသွားခဲ့ကြသည်။
တံခါးပိတ်လိုက်သည်နှင့် စွမ်းရန်သယ်တစ်ယောက် အတွင်းမှ ကျယ်လောင်သည့် ငိုသံကို ကြားလိုက်ရပြီး မနေနိုင်ဘဲ ရပ်တန့်လိုက်သည်။
ဤအချိန်၌ သူ့အနေဖြင့် အလုပ်မရှိ၊ ဆွေမျိုးမရှိသည်ဖြစ်၍ သူ၏ဇာတိမြို့ရှိ ပျက်စီးနေသည့်အိမ်တစ်လုံး၌ တစ်ယောက်တည်း နေထိုင်ခဲ့ရခြင်းကို ပြန်လည်စဉ်းစားမိသည်။
ဗိုက်ပြည့်သည့်အခါလည်း ရှိသည်၊ ဗိုက်ဆာသည့်အခါလည်း ရှိခဲ့သည်။ လီမင်ကျန်းက သူ့ကို ရှာဖွေတွေ့ရှိ၍ တော်ဝင်တက္ကသိုလ်ရှိရာမြို့တော်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်း မရှိခဲ့လျှင် သူသည်ကား ယခုအချိန်၌ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက အခေါင်းတစ်လုံးဖြင့် သေဆုံးနေလောက်ပြီ ဖြစ်သည်။
ဝေ့ယွီကျင်း၏ ငိုသံကို ကြားသည့်အခါ စွမ်းရန်သယ်သည်လည်း ဝေ့ယွီကျင်း၏ ခံစားချက်များကို ကောင်းစွာ နားလည်ခဲ့သည်။
ကျန်းကျန်းသည် ဝေ့ယွီကျင်း လုံလောက်စွာ ငိုကြွေးပြီးမှ သူ၏အိတ်အတွင်းမှ လက်ကိုင်ပဝါကို ထုတ်၍ ပေးအပ်လိုက်သည်။
“မျက်နှာသွားသစ်လိုက်ဦး၊ အစ်မ ကျွန်မရါ့ရှေ့မှာ ငိုခဲ့တာကို ငတခြားသူတွေကို မပြောပြပါဘူး”
ဝေ့ယွီကျင်းသည်လည်း မျက်ရည်များဖြင့် ထပ်မံရယ်မောလိုက်ပြီး လက်ကိုင်ပဝါကို ယူ၍ မျက်ရည်များကို သုတ်လိုက်သည်။ ထို့နောက် လက်ဆန့်ထုတ်၍ ကျန်းကျန်းကို ဖက်ထားလိုက်ကာ ရှိုက်ကြီးတငင်ဖြင့် ပြောလိုက်ဘေ၏။
“ကျန်းကျန်း ကျေးဇူးတင်ပါတယ်”
“ကျေးဇူးတင်စရာမလိုပါဘူး”
ကျန်းကျန်းက သူ့၏ကျောကို ပုတ်၍ ပြောလိုက်သည်ဝ
“အစ်မတို့ မိသားစု ပြန်လည်ဆုံဆည်းတဲ့အခါ ကျွန်မကို ညစာကျွေးရင် ရပါပြီ”
“ဒါတော့ မဖြစ်မနေလုပ်ရမှာပေါ့”
ဝေ့ယွီကျင်းက ရှုကျားကျား၏ စကားကို လေ့လာသင်ယူ၍ပြောလိုက်ပြီး သူတို့နှစ်ဦးစလုံး ချက်ချင်း ရယ်မောလိုက်ကြသည်။
ဝေ့ယွီကျင်းက ရေပိုက်ခေါင်းကို ဖွင့်၍ မျက်နှာသစ်လိုက်ပြီး သူ၏လက်ကိုင်ပဝါကို ဆေးကြော၍ ခြံထဲ၌ ကလစ်ဖြင့် ချိတ်ဆွဲလိုက်သည်။
အိမ်အတွင်းသို့ ပြန်ရောက်သည့်အခါ ဝေ့ယွီကျင်းက ကျန်းကျန်း၏ လက်ကို ဆုတ်ကိုင်၍ ထွက်ခွာသွားဖို့လုပ်ခဲ့သည်။
“ဒီနေ့က ကောင်းမွန်ပြီးပျော်စရာကောင်းတဲ့နေ့ပဲ၊ သွားရအောင်၊ ငါ ညစာကျွေးမယ်။ ပျော်ပျော်ပါးပါး ဆင်နွှဲကြရအောင်”
“အစ်မယွီကျင်း... အစ်မယွီကျင်း...”
ကျန်းကျန်းတစ်ယောက် မီတာများစွာအထိ အဝေးသို့ ဆွဲခေါ်သွားခံရပြီးမှ သတိပြန်ဝင်လာသည့်အခါ ဝေ့ယွီကျင်းကို အလျင်အမြန် ဆွဲထားလိုက်သည်။
“ဒီနေ့ အလုပ်များနေသေးလို့ မသွားကြရအောင်။ အစ်မလည်း ဒီမှာ သန့်ရှင်းရေးလုပ် ဦးမှာမလား၊ ဒါမှမဟုတ် အဆောင်ကို အစောကြီးပြန်မလား၊ ဘာပဲဖြစ်ဖြစ် လုပ်ငန်းခွင်နဲ့ မနီးဘူးဆိုတော့ အိမ်ကို အစောကြီးပြန်ရမယ်၊ ကျွန်မရဲ့အမေက ကျွမ်ကို ပထမဆုံးအလုပ်ရက်မှာ အိအ်မှာ ကောင်းကောင်းစာမဲ့အကြောင်း ပြောနေသေးတာကို သတိရနေသေးတယ်”
ကျန်းကျန်း တကယ်ပင် စိတ်ဆုံးဖြတ်ထားသည်ကို မြင်သည့်အခါ ဝေ့ယွီကျင်းသည် သူ့ကို ဆက်လက်မတွန်းအားပေးတော့ဘဲ သူမ၏လက်ကို ဆုပ်ကိုင်၍ ပြောလာသည်။
“ဒါဆို တနင်္ဂနွေနေ့ကျရင် နင့်ကို ညစာစားဖို့ ဖိတ်ရမယ်”
ကျန်းကျန်းက ပြုံးလျက် ပြောလိုက်သည်။
“တစ်ပတ်အတွင်း အားတဲ့အချိန်ဆိုရင် အိမ်မှာ ချက်ပြုတ်ပြီး ကျွန်မကို စားဖို့ ဖိတ်လို့ရတယ်။ ကျွန်မလည်း အစ်မရဲ့ ပေရှားဒေသဟင်းလျာကို မြည်းစမ်းကြည့်ချင်တယ်”
“ကောင်းပြီ”
ဝေ့ယွီကျင်းက အားပါးတရပြုံးလိုက်လေ၏။
“ဒီလိုပဲလုပ်ကြတာပေါ့”
ကျန်းကျန်းက သူမ၏နာရီကို ကြည့်လိုက်သည့်အခါ ညနေစောင်းနေပြီဖြစ်သည်။ သူမ ဝေ့ယွီကျင်းကို နှုတ်ဆက်ပြီးနောက် အလျင်အမြန် စက်ဘီးစီး၍ အိမ်ပြန်ခဲ့သည်။
ဝေ့ယွီကျင်းသည်လည်း တော်ဝင်မြို့တော်၌ သူမ၏အိမ်အသစ်ကို နောက်ဆုံး၌ ရှာတွေ့ခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် အနီးအနားရှိ ဆိုင်ငယ်လေးသို့ သွားရောက်၍ နေ့စဉ်သုံးပစ္စည်းအချို့ကို ဝယ်ယူကာ ပြန်လာပြီး သန့်ရှင်းရေးလုပ်ရန် ပြင်ဆင်နေသည်။
ဆန်ဆိုင်ဘေးမှ ဖြတ်သန်းသွားစဉ် သူသည် အသားမုန့်လုံးနှစ်လုံးကို ဝယ်ယူ၍ ပျော်ပွဲရွှင်ပွဲဆင်နွှဲသည့်အနေဖြင့် ဝယ်ယူခဲ့သည်။
ကျန်းကျန်း အိမ်ပြန်ရောက်သည့်အခါ ဝမ်စုဖန်းသည်က ဟင်းပွဲများ များစွာကို ပြင်ဆင်ပြီး ကျန်းကျန်း အိမ်ပြန်လာသည်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့သည်။
လီမူဝူသည်လည်း နှစ်မိနစ် သုံးမိနစ်ခြားတစ်ခါ တံခါးဝ၌ လှည့်ပတ်နေခဲ့ပြီး ရှစ်ကြိမ်မြောက် ထွက်လာသည့်အခါ၌ နောက်ဆုံးတွင် ကျန်းကျန်း၏ ပုံရိပ်ကို တွေ့မြင်ခဲ့ရသည်။
လီမူဝူသည် ရုတ်တရက် အလွန်ပင် ပျော်ရွှင်သွားပြီး ခြံအတွင်းသို့ ပြေးဝင်၍ ပြောလိုက်လေဒ။
“ကျန်းကျန်း ပြန်လာပြီ”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ပြီးနောက် သူသည် အလျင်အမြန် တံခါးဝသို့ ပြေးသွားပြီး ကျန်းကျန်းကို စောင့်ဆိုင်းနေခဲ့သည်။
ကျန်းကျန်း စက်ဘီးစီး၍ တံခါးဝသို့ ရောက်သည်နှင့် လီမူဝူသည် ယပ်တောင်ကြီးတစ်ခုဖြင့် သူ့ကို ယပ်ခတ်ပေးရန် လာရောက်ကြိာဆိုခဲ့သည်။
“ဒီနေ့ အလုပ်သွားခဲ့လား၊ မွန်းတည့်ချိန်မှာ အိပ်ချင်နေသေးလား၊ ပဲနို့စိမ်းအနှစ် လုပ်ပေးထားတယ်၊ ပျားရည်လည်း လောင်းထားတယ်၊ အရမ်းကောင်းတယ် မြန်မြန်ဝင်သောက်လိုက်”
ကျန်းကျန်းသည်လည်း စက်ဘီးကို နောက်ပြန်ထားစဉ် ပြုံးလျက် ပြောလိုက်သည်။
“ကောင်းပါတယ်၊ အရာအားလုံး အဆင်ပြေပါတယ်။ သမီးအကြောင်းကို အဖေမသိဘူးလား၊ အဖေ့သမီးမှာ ကောင်းမွန်တဲ့ ဘဝရှိတယ်”
လီမူဝူသည် ရုတ်တရက် စိတ်သက်သာစွာ ပြုံးလိုက်သည်။
ကျန်းကျန်းလည်း လီမူဝူ၏နောက်ကို လိုက်၍ အိမ်အတွင်းသို့ ဝင်ရောက်ကာ ရေနွေးနွေးတစ်ဝက်ခန့်ဖြင့် မျက်နှာသစ်လိုက်သည်။
မော့ကြည့်လိုက်သည့်အခါ သူမဒပတ်ဝန်းကျင်တွင် လူသုံးဦးရှိနေသည်ကို တွေ့လိုက်ရသည်။
သူမနှင့် နှစ်ရှည်လများအတူနေခဲ့သည့် မိဘနှစ်ပါးစလုံးသည်က သူမကို သိချင်စိတ်ပြင်းစွာ ကြည့်ရှုနေသည်ကို တွေ့မြင်လိုက်ရသည်။
ကျန်းကျန်း ချက်ချင်းရယ်မောလိုက်သည်။
“ဘာတွေကြည့်နေကြတာလဲ တစ်ရက်လောက်ပဲ မတွေ့ရသေးတာကို နှစ်ပေါင်းငါးဆယ်လောက် ကြာသွားသလို ဘာလို့ကြည့်နေကြတာလဲ”
မဒမ်လီသည်က ပျော်ရွှင်စွာ မျက်လုံးများကို မှိတ်လိုက်သည်။
“ငါ့ရဲ့ အကြီးဆုံးမြေးမလေးနဲ့ ပတ်သက်တာ မဟုတ်ဘူးလား၊ ဒီရက်တွေက ဘယ်လောက်မြန်လဲဆိုတာ နင်သိလား၊ မျက်စိတစ်မှိတ်အတွင်းမှာ ကျန်းကျန်း အလုပ်သွားပြီ”
ကျန်းကျန်းသည် ရယ်မောရင်း ပြောလိုက်သည်။
“အဲဒီလိုပြောရင် သမီးမှာ အလုပ်သွားပြီးသားပဲလေ၊ သမီးမှ် ပရိဘောဂစက်ရုံ မရှိဘူးလား၊နောက်ပြီး စက်ရုံဒါရိုက်တာလည်း ဖြစ်နေသေးတယ်”
“ဒါက မတူဘူး၊ အဲဒါက ပေါ့ပေါ့ပါ့ပါးအလုပ်လေ ၊ အခု ဒါက တကယ်အလုပ်အကိုင်ပဲ”
မဒမ်လီ၏ နှလုံးသားတွင် နိုင်ငံတော်ဌာန၌ အလုပ်လုပ်ကိုင်ခြင်းကိုသာ အလုပ်အကိုင်ဟု ထင်မြင်နေဆဲ ဖြစ်သည်။
ကွေ့ဟွား၏ အဝတ်အထည်ဆိုင်သည်က များစွာတိုးတက်ကြီးပွားကည လုပ်ကိုင်တိုးချဲ့နိုင်ခဲ့သည်။ တစ်ရက်အတွင်း ရရှိသည့်ငွေသည် မင်တုန်၏ လစဉ်လစာထက်ပင် ပိုမိုများပြားသော်လည်း မဒမ်လီကမူ ၎င်းကို အလုပ်အကိုင်ဟု မထင်မြင်ဘဲရှိနေဆဲပင်။